'အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ ခွဲခြားမှုကို ရှောင်ကြဉ်လို့
အားလုံးပူးပေါင်းဆောင်ရွက်စို့' "Stop AIDS Keep the
Promise", "Avoid Stigma & Discriminatoin: Access to Services for
Everyone" ဆိုတဲ့ ဆောင်ပုဒ်ကို
ဆွဲကိုင်လျက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊
အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့ တွေကလည်း တစ်ချိန်တည်း ကျင်းပခဲ့ကြပါတယ်။
"ကမ္ဘာပေါ်မှာ HIV ပိုးကူးစက်ခံနေရသူ ၆၄ သန်းမျှရှိနေပြီး အသက် ၁၀ နှစ်ကနေ ၂၄
နှစ် အတွင်းရှိတဲ့ လူငယ်လေးတွေမှာ အများဆုံးဖြစ်နေကြပါတယ်"လို့ ရန်ကုန်တိုင်း
MANA
ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး စိုင်းအောင်မင်းက နိုဝင်ဘာလ ၂ ရက်နေ့က
တောင်ဥက္ကလာပမြို့နယ် မူးယစ်ဆန့် ကျင်ရေးအသင်းက ကျင်းပတဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှု
ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောပါတယ်။
"ဒီနိုင်ငံရဲ့ ကူးစက်မှုဦးရေကလည်း ၄၀ ရာခိုင် နှုန်းလောက်
ရှိနေပါပြီ။ နိုင်ငံပေါင်း ၁၃၀ မှာ လည်း ၁၁၄ နိုင်ငံက HIV ဖြစ်ပွားသူတွေက မူးယစ် ဆေးဝါးကနေ ဖြစ်ကြပါတယ်။ ကျန်တဲ့
နိုင်ငံ ၂၀ ကျော်ကလည်း တခြားနည်းလမ်းနဲ့ ကူးစက်တာ ဖြစ်ကြပါတယ်။ ဒါကြောင့်
အိပ်ခ်ျအိုင်ဗီက အိမ်တံခါးကို လာခေါက်နေပါပြီ။ သတိထားဖို့ လိုပါတယ်"လို့
ဦးစိုင်းအောင်မင်းက ပြောပါတယ်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့လည်း HIV
ပိုးကူးစက်မှု ကာကွယ်ရေးနဲ့ အေအိုင်ဒီ အက်စ်ရောဂါ
ဖြစ်ပွားသူတွေကို ပြုစုစောင့်ရှောက် မှုလုပ်ငန်းတွေ ပိုမိုထိရောက်ဖို့
ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲမှာ ပြုလုပ်တဲ့
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက် ရေးနေ့ အခမ်းအနားမှာ အကျိုးဆောင်
ဘဏ္ဍာထိန်း ဦးကြည်က "အသက် ၁၅ နှစ်မှ ၂၄ နှစ် လူငယ်တွေကို ဦးတည်
ပညာပေးဆောင်ရွက်နေပါတယ်။ အခုဆို Youth Centre လူငယ်တို့ အတွက် လူငယ်တို့ကမ္ဘာဆိုပြီး စာကြည့်တိုက် ၁၁
ခုကို ဖွင့်ပေးထားတယ်။ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်တို့မှာ
လုပ်ပေးပါတယ်"လို့ ပြော ပါတယ်။
မြို့နယ်ခုနစ်ခုမှာရှိတဲ့ အဝေးပြေး ယာဉ်ရပ်နား စခန်း ၁၀
ခုမှာ အဝေးပြေးယာဉ်လုပ်သားများ ဆိုင်ရာ HIV/AIDS ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ၊ ရန်ကုန်တိုင်းအတွင်း
မြို့နယ်ကိုးမြို့နယ်မှာလည်း လူငယ်မှလူငယ်သို့ မျိုးဆက်ပွား
ကျန်းမာရေး ဆောင်ရွက်ချက်တွေကိုလည်း တိုးမြှင့်ဆောင်ရွက် ပေးနေတယ်လို့ ဦးကြည်က
ပြောပါတယ်။
တနင်္ဂနွေမိသားစု (SEG) အဖွဲ့နဲ့ FXB (မြန်မာ)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုအစီစဉ်နဲ့ အောက်တိုဘာ
၂၉ ရက်နေ့မှာ ကျင်းပတဲ့ ၂၀၀၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
တိုက်ဖျက်ရေးနေ့ အခမ်းအနား မှာလည်း လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက စိတ်ဝင်တစားနဲ့
လာခဲ့ကြတဲ့ HIV ပိုး
ကူးစက်ခံဝေဒနာသည်တွေကို ပြန်လည်တွေ့ဆုံရလို့ ၀မ်းသာမိသလို နောင်နှစ်တွေမှာလည်း
ပြန်လည်ဆုံနိုင်အောင် ကျန်းမာဖို့လိုတယ်လို့ FXB Myanmar မှ ညွှန်ကြားရေးမှူး ဒေါ်ကေသီရှိန်က ပြောပါတယ်။
အခမ်းအနားအစမှာ တက်ရောက်လာသူ အားလုံးနဲ့ ဝေဒနာရှင်အားလုံး
ပျော်ပျော်ပါးပါးနဲ့ သီချင်းတွေ ဆိုကြရင်း ဝေဒနာသည် အချင်းချင်း
နှုတ်ဆက်သတင်းမေးရင်း အားပေးကြပါတယ်။
"သီချင်းဆိုရတဲ့ ရည်ရွယ်ချက်က အားလုံးတစ်သားတည်း ပါစေချင်လို့ပါ။
သီချင်းလိုက်ဆိုတဲ့ လူတွေအားလုံး ဆိုတဲ့အထဲမှာ စီးမျောပြီး ပါသွားစေချင်လို့ပါ။
ဒီလိုစီးမျောရင်း လက်ခုပ်သံတွေ ကြားရရင် ဘယ်လောက် အင်အားတက်တယ်ဆိုတာ
စီးမျောသီဆိုတဲ့သူတိုင်း သိကြမှာပါ။ လူတိုင်း အားလုံးမှာ ဒုက္ခကိုယ်စီ ရှိကြမှာပဲ။
ဒီဒုက္ခတွေ အားလုံး နေရာတိုင်းကို အမြဲသယ်လို့မရပါဘူး။ ဒါပေမယ့် မေ့ထားလို့မရတာပါ။
ဒီလိုသီချင်းဆိုတဲ့ ကာလလေးမှာ ဒီမှာရှိတဲ့သူအားလုံးဟာ ညီအစ်ကို မောင်နှမအသွင်နဲ့
ကိုယ်ရေးကိုယ်တာအားလုံး၊ ဒုက္ခသုခ တွေအားလုံး၊ အဆင်မပြေမှုတွေအားလုံး ခဏမေ့ထားလို့ရတယ်"လို့
ဒေါ်ကေသီရှိန်က ပြောပါတယ်။
တနင်္ဂနွေမိသားစု(SEG) ရုံးခန်းမှာ နှစ်သိမ့် ဆွေးနွေးတာတွေ လုပ်ပေးပြီး
သွေးစစ်ချင်တဲ့သူတွေ အနေ နဲ့လည်း လာရောက်စစ်နိုင်တယ်လို့ တနင်္ဂနွေမိသားစုမှ
ဦးချစ်ကိုကိုက ပြောပါတယ်။
"ရောဂါရှိသူ တွေ့လာရင်လည်း အက်စ်အီးဂျီနဲ့ ဆက်သွယ်နိုင်အောင်
စီစဉ်ပေးတယ်။ ဆေးရုံ ဆေးပေး ခန်းကို စနစ်တကျကုသနိုင်အောင် ကူညီ ဆောင်ရွက်ပေးတယ်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တွေ့ဆုံပွဲ တွေလုပ်ပေးပါတယ်။ တတိယပတ်နဲ့
နောက်ဆုံးပတ်တွေမှာ မြို့နယ်ခွဲ ၁၀ ခုမှာ တွေ့ဆုံပွဲ ပုံမှန်ပြုလုပ်
ပေးပါတယ်"လို့ ဦးချစ် ကိုကိုက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ ၂၀၀၈ ခုနှစ်အကုန် လူပေါင်း
လေးသန်းကျော်မှာ ART ဆေးဝါးတွေ စားသုံးခွင့် ရရှိကြပြီး တစ်နှစ်အတွင်း ၃၆
ရာခိုင်နှုန်းတိုးတက် မှုရှိတယ်လို့ သိရပါတယ်။
မြန်မာတိုင်းမ် -
အိမ်တံခါးကို လာခေါက်နေတဲ့ အိပ်ခ်ျအိုင်ဗီ




