7
Jul

အိမ်ထောင်ရှင်အမျိုးသမီး ၄၀% HIV ပိုးကူးစက်

8/Jul/2007<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />

 

ခင်ပွန်းသည်များမှ တဆင့်HIV/AIDS  ရောဂါကူးစက်ခံနေရသူ အိမ်ထောင်ရှင်အမျိုးသမီးဦးရေ တိုးပွားလာနေခြင်းသည် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု မကြာမီကပြုလုပ်သောဆွေးနွေးပွဲတစ်ခုတွင် ကျန်းမာရေးဌာန၀န်ကြီး မွန်ကောနာဆောင်ခလာက ပြောကြားသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်းအိမ်ထောင်သည်များ အကြားရောဂါကူးစက်မှု တိုးပွားလာသည်ကို စိုးရိမ်ကြောင်းပြောသည်။

 

နှစ်စဉ်ပြုလုပ်နေကျအတိုင်း စစ်ဆေးမှု ပြုခဲ့ရာ ရောဂါရှိသူ ၁၈၀၀၀တွင် ၄၀%သည်အိမ်ထောင်သည် အမျိုးသမီးများဖြစ်နေသည်။ လိင်လုပ်သားများတွင် တွေ့ရသော ၁၀% ထက်ပင် ပိုနေသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့ ရသည်။တစ်လင်တစ်မယားစနစ်ကို လိုက်နာကျင့်သုံးရန်နှင့် လင်နှင့်မယားဆက်ဆံရာတွင် ကွန်ဒုံးသုံးရေးနှိုးဆော်မည်ဟု ဆိုသည်။

 

ကွန်ဒုံးသုံးခြင်းသည် တစ်ဦးကိုတစ်ဦး လေးစားမှုပြခြင်းဖြစ်သည်။ ဇနီးများသည်ခင်ပွန်းသည်တို့က ၎င်းတို့အားအလေးထား ဆက်ဆံကြရန်တောင်းဆိုကြရမည် ဖြစ်ကြောင်းပြောဆိုသည်။ ဟိုတယ်ပိုင်ရှင်များကလည်း အခန်းတိုင်းတွင် ကွန်ဒုံများမေတ္တာလက်ဆောင်အဖြစ် ထားပေးကြရန်လိုကြောင်းပြောကြားသည်။ လေ့လာမှုတစ်ရပ်အရ အသက် ၁၈- ၁၉ နှစ်အရွယ် လူငယ် ၆၀၀၀ အားမေးမြန်းခဲ့ရာ ၆၇ %သည် လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံးစွဲခြင်းမရှိကြောင်းတွေ့ရှိရ၍ စိုးရိမ်ဖွယ်အခြေအနေဖြစ်သည်။ ကွန်ဒုံးဘုရင် မဲချိုင်ဗီရဗေဒယက AIDS ဆေးကိုအတင်းအကြပ် လိုင်စင်ပေးထုတ်ခိုင်းရုံဖြင့် မလုံလောက်ကြောင်း၊ AIDS ကာကွယ်ရေးကို လူထုအတွင်းထိရောက်စွာ လှုံဆော်ခြင်းမရှိသည်ကို ပြကြောင်းပြောကြားသွားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top