23
Sep

အိန္ဒိယနိုင်ငံသို့ ဆေးသွားကုသူ တစ်နေ့ ၃၀ ထက်မနည်းရှိနေ

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးဒေသမှ HIV ရောဂါခံစားနေရသည့် ဝေဒနာရှင်များသည် အိန္ဒိယနိုင်ငံသို့ တစ်နေ့လျှင် ၃၀ ဦးထက်မနည်း သွားရောက်ဆေးကုသနေဆဲဖြစ်ကြ ကြောင်း သတင်းရရှိသည်။

ကလေးမြို့ ပြည်သူ့ဆေးရုံ တွင် HIV ရောဂါဝေဒနာခံစားနေ ရသည့် ဝေဒနာရှင်များအတွက် ဆေးဝါးအခက်အခဲနှင့် ရောဂါရှာ ဖွေစမ်းသပ်သည့် စက်ပစ္စည်း အားနည်းချက်များကြောင့် အိန္ဒိယနိုင်ငံဘက် မိုရေး၊ အင်ဖာမြို့သို့ သွားရောက်ဆေးကုသခံနေရ ခြင်းဖြစ်ကြောင်း ကလေးမြို့ HIV ဝေဒနာရှင်များအား ကူညီစောင့် ရှောက်ပေးနေသည့်အဖွဲ့မှ တာ ၀န်ခံကိုတွယ်ဒိုးက   ပြောကြားသည်။

‘‘အရင်ကတော့ CD4 Countစက်မရှိဘူး။ အခုတော့ရှိလာပြီ။ အရင်က ARV သောက်ဆေးစား တဲ့သူတွေ နှစ်ရာလောက်ပဲ ရှိတာ။ အခုနောက်ပိုင်းတော့ သုံး ရာလောက်ထိတော့ ရှိလာပြီ။ ဒါပေမဲ့လည်း စက်ရဲ့ရောဂါရှာဖွေမှု အားနည်းချက်တွေကြောင့် ဝေဒနာရှင်တွေက အိန္ဒိယဘက်ကိုအားကိုးပြီး သွားနေကြတုန်းပဲ။ တစ်ရက်ကို ၃၀ နဲ့ ၅၀ ကြား လောက်ရှိတယ်’’ဟု ကိုတွယ်ဒိုးကပြောသည်။

ကလေးမြို့ပြည်သူ့ဆေးရုံ တွင် HIV ရောဂါဝေဒနာရှင်များ အတွင်းလူနာအဖြစ် ဆေးကုသ နေသည့် ဝေဒနာရှင်နည်းပါးသော်လည်း ပြင်ပ လူနာဝေဒနာရှင်အ ဖြစ် အပတ်စဉ် လာရောက်ကုသ သူ တစ်ပတ်လျှင် ၁၂၀ ဦးကျော် ရှိသည်။

ထို့အပြင် HIV ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် တားဆီးရေး အသိပညာပေးလုပ် ငန်းများနှင့် ဝေဒနာရှင်များနှင့် ထိတွေ့ဆက်ဆံမှု၊  ကူညီစောင့် ရှောက်ပေးမှု လုပ်ငန်းများအထူး လိုအပ်လျက်ရှိနေသည်။

‘‘ကျွန်တော်တို့ လက်လှမ်းမီ တဲ့နေရာတွေမှာတော့ HIV ရောဂါဝေဒနာရှင်တွေနဲ့ ထိတွေ့ဆက် ဆံမှုအပိုင်းတွေ တိုးတက်လာပေမယ့် လက်လှမ်းမမီတဲ့ ချင်းပြည် တောင်ပိုင်း၊ မြောက်ပိုင်းတွေ အတွက် ကာကွယ်တားဆီးရေး အသိပညာပေးမှု အပိုင်းတွေ လို အပ်နေတယ်’’ ဟု ကိုတွယ်ဒိုးက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်း အပါအ၀င် ကလေးဒေသတွင် HIV ရောဂါဝေဒနာ ခံစားနေရသည့် ဦးရေမှာ ၂၀၀၃ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ဦးရေ တစ်ထောင်ကျော် ရှိခဲ့သော်လည်း ဆေးဝါးကုသမှု  လက်လှမ်းမမီခြင်းနှင့် ဝေဒနာရှင်များ စိတ်ဓာတ်ကျဆင်းမှုကြောင့်  အသက်ဆုံးရှုံးသွားပြီး လက်ရှိတွင် ဝေဒနာရှင် ၇၀၀ နီးပါး ကျန်ရှိနေသေးသည်။

ချင်းပြည်နယ်နှင့် ကလေးဒေသတွင် HIV ရောဂါများဖြစ် ပွားလာရခြင်းမှာ   ဒေသတွင်း အခက်အခဲများနှင့် ဆင်းရဲမှုကြောင့်  ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ကြရာမှ ကူးစက်ဖြစ်ပွားလာခြင်းဖြစ်သည်။

7 Day Daily - အိန္ဒိယနိုင်ငံသို့ ဆေးသွားကုသူ တစ်နေ့ ၃၀ ထက်မနည်းရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top