အိန်္ဒိယနိုင်ငံဟာ HIV ရောဂါပိုးကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကြောင့် ယခုအခါမှာ HIV ရောဂါကူးစက်မှုဟာ ၅၆ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရပါတယ်။ အိန်္ဒိယနိုင်ငံဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း လူပေါင်း ၁ သိန်းကျော် HIV ကူးစက်ခံရမှုကနေ လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အိန်္ဒိယနိုင်ငံဟာ ရောဂါကူးစက်ခံရ နိုင်ခြေအများဆုံးရှိတဲ့ လူတွေကိုလည်း ထပ်မံလျော့ကျသွားအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နယူးဒေလီမြို့မှာပြုလုပ်တဲ့ HIV ကာကွယ်ဆေး မိတ်ဆက်ပွဲအခမ်းအနားမှာ အိနိ္ဒယကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အိန်္ဒိယအမျိုးသား AIDS ထိန်းချုပ်ရေး စီမံကိန်းရဲ့ စာရင်းဇယားများအရ ရောဂါကူးစက်ခံရ သူတွေထဲမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ၈၁ ရာခိုင်နှုန်း၊ မူးယစ်ဆေးဝါး ထိုးသွင်းသူ ၈၀ ရာခိုင်နှုန်းနဲ့ လိင်တူဆက်ဆံသူ ၆၄ ရာခိုင်နှုန်း ရှိကြောင်းသိရပါတယ်။ အခုလက်ရှိမှာ အိန်္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဈေးသက်သာပြီး ထိရောက်မှု ရှိတဲ့ ARV ဆေး ၈၀ ရာခိုင်နှုန်းကို AIDS ဝေဒနာသည်တွေအတွက် ထောက်ပံ့ပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
အိန်္ဒိယနိုင်ငံဟာ ၀င်ငွေနည်းတဲ့ နိုင်ငံတွေနဲ့ပူးပေါင်းပြီး HIV တိုက်ဖျက်နိုင်တဲ့ နည်းလမ်းသစ်တွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလို ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် အိနိ္ဒယနိုင်ငံဟာ HIV ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် မျှော်လင့် ကြောင်းလည်း သိရပါတယ်။
MRTV-4 - အိန်္ဒိယနိုင်ငံတွင် HIV ရောဂါပိုးကူးစက်မှု လျော့ကျသွားခဲ့




