နွေညနေခင်းဖြစ်၍ ရာသီဥတုက ပူပြင်းနေ၏။
စိမ်းလန်းသော ဗာဒံရွက်များ၏ အကာအကွယ်ကြောင့် နေပူဒဏ် သက်သာနေ၏။
ရွှေဘုံသာလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေးကွာလှသောအရပ်တွင် လေညိုကုန်း လက်ဖက်ရည် ဆိုင်ကလေး တည်ရှိ၏။
ညနေစောင်းတွင် ထိုဆိုင်ကလေး၌ လူစည်ကားလေ့ရှိ၏။
ဘာသာပြန်ဆရာ မောင်သိန်း ငှက်(ကယားပြည်)၊ ကဗျာဆရာ မောင်တိုင်ပြာ၊ အယ်ဒီတာ ကိုထူးကျော်၊ အက်ဆေးဆရာ မောင်ကြိုင် မြတ်(ကဒုံကနိ)၊ စာအုပ်ဆိုင်ပိုင်ရှင် ကိုလွင်ဆင့်တို့ ရောက်ရှိနေကြ၏။
စာပေလောကတွင် ဝါစဉ်ကြီး သော မောင်သိန်းငှက်ကို အဖျားဆွတ်ကာ ကယားကြီးဟု ခေါ်ကြ၏။ ထိုသို့ခေါ်သည်ကို မောင်သိန်းငှက်ကလည်း သဘောကျနေ၏။
''ကယားကြီး၊ ဦးဥာဏ်အုန်း မလာသေးပါလား''
ကဗျာဆရာ မောင်တိုင်ပြာက မေးလိုက်၏။ မောင်တိုင်ပြာသည် ဆီး ချိုရောဂါရှိသဖြင့် ဦးဥာဏ်အုန်းထံ တွင် မကြာခဏ သွေးဖောက်စစ်ဆေး ရ၏။
''လာတော့မယ်။ ဒေါက်တာ ကျော်ဆွေသိန်းလဲ ရောက်နေပြီ။ သွေး ဖောက်တာ မပြတ်သေးလို့ဗျ။ လာခါနီးပါပြီ''
မကြာမီ ဓာတ်ခွဲခန်းမှူး ဦးဥာဏ် အုန်းနှင့် ဒေါက်တာ ကျော်ဆွေသိန်း တို့ ရောက်ရှိလာကြ၏။
''ကြွပါဆရာ။ မောင်ဒေါန တော့ မရောက်သေးဘူး''
''မောင်ဒေါန မလာနိုင်ဘူး ကယားကြီး။ နှလုံးရောဂါ ပြန်ထ နေတယ်''
''ဟုတ်လား၊ ဒါဆို ကျွန်တော် တို့စုပြီး လူနာသတင်းမေးသွားကြရ အောင်''
''သွားမယ်လေ။ လူမစုံသေး ဘူး။ ခဏစောင့်ဗျာ''
''ဟုတ်ကဲ့ဆရာ''
''မစံပယ်တို့ အုပ်စုမလာခင် ဆရာကျော်ကို မေးရဦးမယ်။ ပန်းသေ ပန်းညှိုးကို သတိထားရမယ်ဆို''
''ဟုတ်တယ် ကိုထူးကျော်ရေ။ ဂျာမန် သုတေသီတွေ ပြောတာ က ပန်းသေ ပန်းညှိုးရောဂါဟာ နှလုံး ရောဂါရဲ့ ရှေ့ပြေးပဲတဲ့။ ပန်းသေ ပန်းညှိုးရောဂါရှိရင် နှလုံးသွေးကြောပိတ် ရောဂါရတတ်တယ်တဲ့။ သေနိုင်တယ် ဆိုပဲ''
''အဲဒီ သုတေသန အကြောင်း ရှင်းပြပါလားဆရာကျော်ရယ်''
''ဒီလိုဗျ။ Circulation ဆိုတဲ့ ဆေးပညာဂျာနယ်မှာ အဲဒီ သုတေ သနအကြောင်း ပါလာတယ်။ ခု သုတေသနမှာ လူပေါင်း ၁၅၁၉ ဦးကို လေ့လာစမ်းသပ်ခဲ့တယ်။ သူတို့က နှလုံးရောဂါရှိတယ်။ အကယ်၍ ပန်းသေ ပန်းညှိုးပါရှိရင် နှလုံးသွေး ကြောပိတ်ရောဂါဖြစ်ပြီး သေဖို့ အခွင့် အရေးက နှစ်ဆတိုးလာတယ်တဲ့ဗျ''
''သေဖို့ ပိုနီးစပ်တဲ့ သဘော ပေါ့နော်''
''ဟုတ်တယ်ဗျ။ ဒီသုတေသန ကို University of Saarland က သုတေသီတွေလုပ်ခဲ့တာဗျ။ သူတို့ အကြံပေးထားတာက ပန်းသေ ပန်း ညှိုးရှိရင် နှလုံးရောဂါအတွက် ကြို တင်စစ်ဆေးပါတဲ့။ ရောဂါလက္ခဏာ မရှိသေးလဲ စစ်ဆေးပါတဲ့''
''ကြိုတင်ကာကွယ်ရေး သဘောပေါ့ဆရာ''
''ဟုတ်တယ်ဗျ။ ပါရဂူတွေ အကြံပေးထားတာက အသက် ၄ဝ ကျော် ယောက်ျားကြီးတွေ ကျန်းမာရေး လာစစ်ဆေးရင် ပန်းသေ ပန်းညှိုးလဲ ထည့်ပြီးစစ်ဆေးသင့်တယ်တဲ့''
''ဟုတ်ကဲ့ဆရာ''
''လိင်အင်္ဂါမှာရှိတဲ့ သွေးကြော မှာ သွေးစီးဆင်းမှု မလုံလောက်လို့ ပန်းသေ ပန်းညှိုးဖြစ်တာဗျ။ သဘော က သွေးကြောရောဂါပဲ။ နှလုံးရောဂါ ကလဲ သွေးကြောရောဂါပဲ။
21
May




