21
Jul

အမေရိကန်တွင် အိတ်ခ်ျအိုင်ဗီကူးစက်မှု သုံးပုံတစ်ပုံ ကျဆင်း

ဝါရှင်တန်−အမေရိကန်နိုင်ငံအ တွင်း စစ်ဆေးအဖြေထုတ်ထား သည့် HIV ပိုး ကူးစက်မှုနှုန်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း သုံးပုံတစ်ပုံ ကျဆင်းသွား ကြောင်း သုတေသီများက ပြောသည်။

ပြည်နယ် ၅၀ တွင် စစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီးနောက် HIV ပိုး ကူးစက်မှုမှာ ၂၀၀၂ အတွင်း ၂၄ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၁ အတွင်း လူတစ်သိန်းလျှင် ၁၆ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျ ဆင်းသွားကြောင်း သုတေသီများ က စစ်ဆေးတွေ့ရှိခဲ့သည်။

သို့သော် အသက် (၂၄) နှစ် အောက်နှင့် (၄၅) နှစ်အထက် လိင်တူဆက်ဆံသူ အမျိုးသားများ ကြား HIV ပိုး ကူးစက်မှုများ မြင့် တက်လာကြောင်း သိရသည်။ HIV ပိုးမှာ ကိုယ်ခံအားစနစ်ကို ပျက်စီးစေသော အေအိုင်ဒီအက်စ် ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် HIV ပိုး ကူးစက်ခံထားရသူ ၃၅ သန်းရှိ မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ အမေရိကန်နိုင်ငံတွင် လူတစ်သန်းကျော် HIV ပိုး ကူးစက်ခံထားရသည်ဟု ထင်မှတ်ရပြီး ၎င်းတို့အနက် ၁၈ ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက် ခံထားရကြောင်း သတိမမူမိကြ ပေ။

အမေရိကန်နိုင်ငံအတွင်း HIV ပိုးရှိသည်ဟု စစ်ဆေးတွေ့ရှိ သူ အရေအတွက်မှာ ၂၀၀၂ မှ ၂၀၁၁ အတွင်း ၄၉၃,၃၇၂ ဦးရှိ ခဲ့ကြောင်း သုတေသီများက ပြောသည်။

အမျိုးသားများ၊ အမျိုးသမီး များ၊ လူဖြူများ၊ လူမည်းများ၊ စပိန်မျိုးနွယ်များ၊ လိင်တူလိင်ကွဲ ဆက်ဆံသူများ၊ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူများနှင့် အသက်အရွယ်အုပ်စုအများစု ကြား ကူးစက်မှုနှုန်း ကျဆင်းသွား ပြီး လိင်တူဆက်ဆံသူများ ကြား ရောဂါကူးစက်မှု ပိုများလာသည် ဟု သုတေသီများက ပြောသည်။

HIV ပိုးရှိ၊ မရှိ စစ်ဆေးခံခဲ့ သော အရွယ်ရောက်ပြီးသူအရေ အတွက်မှာ ၂၀၀၀ ပြည့်နှစ်က ၃၇ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့် နှစ်တွင် ၄၅ ရာခိုင်နှုန်းရှိခဲ့သည် ဟု အမေရိကန်ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဌာန၏ ဖော်ပြချက် အရ သိရသည်။

Ref: AFP

Royal Hero Media - အမေရိကန်တွင် အိတ်ခ်ျအိုင်ဗီကူးစက်မှု သုံးပုံတစ်ပုံ ကျဆင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top