အမေရိကန်နိုင်ငံရှိ အာဖရိကနွယ်ဖွား
အမေရိကန်နိုင်ငံသားတွေအကြား အေအိုင်ဒီအက်စ် ရောဂါပြန့်ပွားမှုနှုန်းဟာ
အာဖရိကတိုက်ရှိ တချို့နေရာများနည်းတူ နင်လား ငါလား ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေတယ်လို့
နောက်ဆုံးထုတ်ပြန်တဲ့ လေ့လာချက် စာတမ်းတွေအရ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ
လူ၈-ဦးမှာ တစ်ဦးဟာ လူမည်းတွေဖြစ်ပေမယ့် HIV-AIDS ရောဂါပိုးရှိသူ လူဦးရေ ၁-သန်းကျော် အနက် ထက်ဝက်ကျော်ဟာ
လူမည်းတွေ ဖြစ်နေတယ်။ အမေရိကန်မှာ AIDS ရောဂါဟာ လူမည်းရောဂါတစ်ခု ဖြစ်နေပါတယ်။
ကမ္ဘာတစ်ဝှမ်း AIDS တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေမှာ လူမည်းတွေကို
နောက်ချန်ထားခဲ့ပြီး ဥပက္ခာပြု လျစ်လျူရှုခံနေရတယ်။ အမေရိကန်နိုင်ငံမှာ AIDS ရောဂါပြန့်ပွားနေတာတွေ မကုန်သေးဘူးဆိုတာ ပြည်သူတွေ သတိထား
အလေးထားလာဖို့ အခုလို တွေ့ရှိလေ့လာချက်တွေကို ထုတ်ပြန်ရတာဖြစ်ကြောင်း လူမည်း AIDS
(Black AIDS Institute) အဖွဲ့က Phill
Wilson က ပြောပါတယ်။
ဝါရှင်တန်မြို့တော်အတွင်းမှာ AIDS
- ရောဂါဖြစ်သူ
၈၀-ရာခိုင်နှုန်းကျော်ဟာ လူမည်းတွေအကြားမှာ ဖြစ်နေပြီး မိသားစု ၂၀-ဦးမှာ
လူတစ်ဦးနှုန်းလောက် AIDS ရောဂါရှိနေသလို ဖြစ်ပါတယ်။ ၀ါရှင်တန်မြို့၏ စုစုပေါင်း
လူဦးရေရဲ့ ၅-ရာခိုင်နှုန်းဟာ - AIDS ရောဂါ ရှိနေတာမို့ ဒါဟာ တောင်အာဖရိကနိုင်ငံနှင့် ယူဂန်တာ နိုင်ငံတို့နဲ့
နှိုင်းလောက်တဲ့အဆင့်ကို ရောက်သွားပါတယ်။ အသက် ၂၅ နှစ်နှင့် ၃၄ နှစ်
အရွယ်အတွင်းရှိ လူမည်း
အမျိုးသမီးတွေအကြား အသက်သေစေတဲ့ AIDS ရောဂါဟာ ဖြစ်တည်ပါတယ်။ အသက် ၃၅-နှစ်နှင့် ၄၄-နှစ်အရွယ်
အတွင်းရှိ လူမည်းအမျိုးသားတွေ အကြားမှာတော့ AIDS ရောဂါဟာ ဒုတိယမြောက် အသက်အန္တရာယ်ပေးတဲ့ ရောဂါအဖြစ်
ဆက်လက်တည်ရှိနေပါတယ်။
ဗဟိုအစိုးရက ဝေဖန်ချင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်
ဆင်းရဲတဲ့ နိုင်ငံတွေက AIDS - ရောဂါတိုက်ဖျက်ရေး
လုပ်ငန်းတွေအပေါ် အလေးထား ဆောင်ရွက်ပေးသလိုမျိုး အမေရိကန်နိုင်ငံအတွင်းရှိ
လူမည်းတွေအကြား ဖြစ်ပွားနေတဲ့ AIDS ရောဂါတိုက်ဖျက်ရေး ကာကွယ်ရေး လုပ်ငန်းတွေကို အလေးထားမှု
သိပ်မရှိဘူးလို့ လူမည်း AIDS အဖွဲ့က ဆိုပါတယ်။ တချို့ AIDS ရောဂါသည် လူမည်းတချို့ကတော့ အမေရိကန်အစိုးရဟာ အခု
လူမည်းတွေဖြစ်သလိုမျိုး လူဖြူတွေဟာ ဒီလောက် တော်တော်များများ ဖြစ်ပွားနေရင်
အခုလိုပစ်ထားမှာ မဟုတ်ဘူး။ အခုတော့ လူဖြူတွေမဟုတ်လို့ လူမည်းတွေကို လူမျိုးရေးအရ
ခွဲခြားဆက်ဆံနေလို့ အခုလောက်အထိ AIDS ရောဂါတွေ ဆိုးဆိုးဝါးဝါး ကူးဆက်ပြန့်ပွား နေတာဖြစ်ကြောင်း
ပြောဆိုဝေဖန်နေပါတယ်။
ပင်လုံသစ္စာ လူမှုစီးပွား သတင်းဂျာနယ်
(အတွဲ (၁) အမှတ် (၁) )




