11
Jun

အမေအဖြေ (၄၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. Clomid ဆေးကို ဆရာဝန် ညွန်ကြားချက် မပါပဲ သောက်လို့ရပါသလား။
2. ကျွန်တော့် အမျိုးသမီးက လွန်ခဲ့တဲ့ ၆ ပတ်က C-Section နဲ့ မီးဖွားပါတယ်။
3. လိင်တံ အရေပြားဖြတ်ရင် ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကောင်းတယ်လို့ ကြားဖူးပါတယ်။
4. ကျနော် မိန်းမ မယူရဲအောင် ဖြစ်နေပါတယ်။
5. Vigora 50 သောက်တာ ခေါင်းနဲနဲ နောက်ချင်ပါတယ်။
6. ကာလသားရောဂါ ကူးစက်ခံရပြီး HIV ရောဂါ ကူးစက်မခံရတဲ့လူရော ရှိပါသလား။

Thu, Jun 7, 2012 at 1:06 PM
Clomid ဆေးကို ဆရာဝန်ညွန်ကြားချက်မပါပဲ သောက်လို့ရပါသလား။ ကလေးအမြွာရချင်တာရယ်၊ မျိုးဥထွက်တာ သေချာချင်တာရယ်ကြောင့်ပါ။ သောက်လို့ရတယ်ဆိုရင် ဘယ်အချိန်မှစသောက်ရမယ်။ ဘယ်လောက် သောက်ရမယ် ဆိုတာ ညွန်ပေးစေချင်ပါတယ်။

• Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး
• Twins အမွှာကလေး လိုချင်ပါတယ်
• Ovulation Test မျိုးဥထွက်တာ သေခြာချင်တယ်

Thu, Jun 7, 2012 at 3:29 PM
ကျွန်တော့် အမျိုးသမီးက လွန်ခဲ့တဲ့ ၆ ပတ်က C-Section နဲ့ မီးဖွားပါတယ်။ မီးဖွားပြီးစက သွေးပေါင်ချိန် ၁၇ဝ-၁ဝဝ လောက်ထိ ရက်အနည်းငယ် သွေးပေါင်တက်တာကလွဲလို့ တခြား ဘာမှတော့မဖြစ်ပါဘူး။ ခုတော့ သွေးပေါင်လဲ မတက်တော့ပါဘူး။ နောက် သူ့ ပေါင်ရင်း ဒူးခေါင်း ပုခုံး လက်ကောက်ဝတ်အစရှိတဲ့ joint တွေ အတော်နာတယ်လို့ ပြောပါတယ်။ လက်ချောင်းလက်ဆစ်လေးတွေပါ နာပါတယ်။ ခုက ဒီအဆစ်တွေကိုက်တဲ့ ဝေဒနာပဲ ကျန်ပါတယ်။ အဲဝေဒနာကြောင့် ကြာကြာထိုင်နို့မတိုက်နိုင်ပါဘူး။ ကလေးလဲကောင်းကောင်းမချီနိုင်ပါဘူး။ နာရင် သောက်ဘို့ပေးတဲ့ paracetamol တွေသောက်ပေမဲ့ မသက်သာပါဘူး။ Bruston ဆိုတဲ့ ဆေးလဲသောက်ကြည့်ပါတယ်။ အဲဒါသောက်ရင်တော့ နောက်နေ့ မနက် နိုးလာရင်အနာ နဲနဲသက်သာတယ်ပြောပါတယ်။ ခုတော့ ၆ ပတ်ကျော်တဲ့အထိ မသက်သာပဲ အမြဲနာနေတာမို့ တိုင်ပင်တာပါ။ ဆရာဝန်ကတော့ ချုပ်ရိုးအစရှိတာတွေ တလအကြာမှာ ပြန်စစ်ပြီး နောက် တလခွာ ချိန်းလိုက်ပါတယ် pep-smear test တွေဘာတွေ စစ်မယ်ပြောပါတယ်ခင်ဗျ အဲဒါ ဆရာ့အနေနဲ့ ဘာကြောင့် ဖြစ်ရတယ်ထင်ပါသလဲ။ မီးဖွားပြီးစ အနေအထိုင် မှားတာများလား ဘာဆေးသောက်ရမလဲ။

အဆစ်နာရောဂါ စာတွေ ပို့လိုက်ပါတယ်။ ဆေးနည်းတွေပါတယ်။ ဒါပေမဲ့ ဖြစ်နေသူ တယောက်ချင်းအလိုက် ဆေးရွေးပေးရတယ်။ သွေးတိုးရှိသူ-မရှိသူ။ ကိုယ်ဝန်-ကလေးနို့တိုက်၊ အခံရောဂါ စတာတွေကြည့်ရသေးတယ်။ ဖြစ်တဲ့သူ ဘယ်မှာနေလဲ မသိပါ။ ဆိုလိုတာက ဆရာဝန်နဲ့ လက်လှမ်းဘယ်လောက်မီသလဲ မသေခြာလို့ ပြောတာပါ။ လက်လှမ်းမီရင် OG ဆက်ပြသင့်တယ်။ သူကနေ သမားတော်ကိုညွှန်နိုင်တယ်။ အဲလို လက်လှမ်းမမီသူတွေကိုသာ အဖြစ်နိုင်ဆုံးဆေးနည်း အဝေးကနေပြောရတာကောင်းတယ်။
• Arthritis အဆစ်နာ
• ASO ဆိုတာ
• Rheumatism လေးဘက်နာ (၁)
• Rheumatoid arthritis လေးဘက်နာ (၂)

Thu, Jun 7, 2012 at 4:54 PM
လိင်တံ အရေပြားဖြတ်ရင် ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကောင်းတယ်လို့ ကြားဖူးပါတယ်။ ကျတော် ပြုလုပ်ကြည့် မလို့ပါ။ သာမာန် ဆေးခန်းတွေမှာ ပြုလုပ်လို့ ရပါသလား။ ကုန်ကျစရိတ် ဘယ်လောက်လောက် ရှိနိုင်ပါသလဲ။ ကျတော့ အသက် ၂၁ ပါ။

ယောက်ျား ပန်းအဖျားဖြတ်တာကို သူများနိုင်ငံ (အထူးသဖြင့် အာဖရိကား) မျာ HIV ကူးတာ သက်သာစေလို့ ဆိုပြီး ပန်းမငုံသူတွေကိုပါ ဖြတ်ဘို့ အားပေးတယ်။ တခြားနိုင်ငံတွေမှာတော့ အဲလို မသတ်မှတ်ပါ။ ကုန်ကျစရိတ် ဆရာမသိပါ။ ဆရာတို့အလုပ်လုပ်နေရတုံးက ပြည်သူ့ဆေးရုံတွေမှာ အခမဲ့ လုပ်ပေးခဲ့ရတာ အများကြီးဘဲ။ ဘယ်ဆရာဝန်မဆို လုပ်နိုင်တယ်။ ကောင်းတာက ခွဲစိတ်ဆရာဝန်၊ ခွဲစိတ်ပေးနကျ ဆရာဝန်ကို ပြသင့်တယ်။ ဘယ်အရာမဆို အတွေ့အကြုံများသူတွေကို ပိုအားကိုးထိုက်တယ်။

Fri, Jun 8, 2012 at 12:00 AM
ကျနော် အမည် (့)၊ အသက် ၃၇ နှစ်ရှိပါပြီ။ မိန်းမ မရှိပါဘူး။ ကျနော် မိန်းမ မယူရဲအောင် ဖြစ်နေပါတယ်။ ပြောပြမှာ ရှက်တာနဲ့ ဘယ်သူ့မှလဲ မပြောပြရဲခဲ့ဘူး။ ကျနော်ရဲ့ ယောက်ကျား တန်ဆာက အရမ်းသေးငယ်လွန်းတော့ မယူရဲဘူး ဖြစ်နေတယ်။ ဆေးကုသရအောင်လဲ ငွေကြေးမတတ်နိုင်လို့ပါ။ တန်ဆာကို ကြီးစေချင်ပါတယ်။ ယောင်္ကျား တစ်ယောက် ပီသချင်ပါတယ်။

အားငယ်စိတ်၊ စိုးရိမ်မှုကို ချက်ချင်းဖယ်လိုက်ပါ။ အားငယ်နေတာနဲ့၊ အစိုးရိမ်ကြီးနေတာနဲ့ သေးတာကနေ ကြီးမလာနိုင်ပါ။ တကယ်ဘဲ သေးသလားဆိုတာ ဆရာရေးတာထဲက ဖတ်ပြီး ဆန်းစစ်ပါ။ သေးတယ်ဘဲ ထားလိုက်ပါအုံး၊ ပန်းသေနေသူတွေထက် အများကြီးကောင်းတယ်လို့ သိလိုက်ပါ။ နည်းလမ်းတွေ သုတအဖြစ် ရေးထားတွေ တွေ့မှာပါ။ တကယ်တန်း အသုံးကျတာ နည်းတာလဲ တွေ့ပါလိမ့်မယ်။ နည်းလမ်း  ကနေဖြစ်လာနိုင်တဲ့ သတိထားစရာတွေကို မဆင်ခြင်ဘဲ လိုက်မလုပ်ဘို့ သတိပေးပါရစေ။ ကြော်ညာကောင်းတိုင်း လူလိမ်မခံပါနဲ့။ ငွေမတတ်နိုင်တာလဲ ကံဆိုး-ကံကောင်းမှတ်ပါ။ ကြော်ညာကောင်းတာဖတ်ပြီး လိုက်လုပ်လို့ အဆိုးတွေ့တာတွေ ရှိတယ်။

• Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
• Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
• Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
• Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
• Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html

Fri, Jun 8, 2012 at 1:49 AM
Vigora 50 သောက်တာ ခေါင်းနဲနဲ နောက်ချင်ပါတယ်။ အန္တရာယ် ဖြစ်နိုင်-မဖြစ်နိုင် သိချင်ပါတယ်။ နောက်ပြီး ဆက်ဆံနေတုံး လိင်အင်္ဂါ မိနစ် ၂ဝ လောက် သိပ်သန်မာနေအောင် လိမ်ဆေးနှင့် သုံးစွဲပုံကိုလဲ သိလိုပါတယ်ခင်ဗျာ။

Viagra, Levitra and Cialis ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုး မဆိုးလှပါ။
• Headache ခေါင်းကိုက်၊
• Flushing (Viagra and Levitra) မျက်နှာနီမြန်း၊
• Indigestion အစာမကျေ၊
• Stuffy or runny nose နှာခေါင်းမွှန်၊
• Back pain and muscle aches (Cialis) ခါးနာ၊ ကြွက်သားနာ၊
• Temporary vision changes (Viagra and Levitra) ခဏတာ မျက်စိကြည့်မကောင်း၊
• Dizziness or fainting ရှားရှားပါးပါး ခေါင်းမူး၊ မူးဝေဝေဖြစ်။
သိပ်အဖြစ်နည်းတဲ့ ဘေးထွက်-ဆိုးကျိုးတွေ
• Hearing loss or vision loss အမြင်-အကြားပျက်စီး၊
• An erection that doesn't go away on its own လိင်အင်္ဂါသန်မာမှု ပြန်မကျခြင်း။

ကျား လိင်အင်္ဂါလိမ်းဆေးကို ကြော်ညာတွေ အများကြီးရှိပေမဲ့ ဆေးပညာအရ သက်သေအထောက်အထား မပြည့်စုံသလို ခွင့်ပြုချက် ပေးထားတာမျိုး မရှိသေးပါ။

Fri, Jun 8, 2012 at 12:12 PM
ကာလသားရောဂါ ကူးစက်ခံရပြီး HIV ရောဂါ ကူးစက်မခံရတဲ့လူရော ရှိပါသလား။

ကာလသားရောဂါလို့ အခုမခေါ်တော့ပါ။ လိင်ကတဆင့် ကူးစက်ရောဂါများလို့ ခေါ်တယ်။ ကာလသား၊ ကာလသမီး၊ အပျိုပေါက်၊ လူပျိုပေါက်၊ အိမ်ထောင်သည် အရွယ်မရွေး၊ ကျား-မ မရွေးဖြစ်တယ်။ ရောဂါ အမျိုးလဲ များတယ်။ အရင်က (ဆစ်ဖလစ်) တခုထဲကို ကာလသားရောဂါလို့ ထင်ခဲ့တာ။ နောက် ဂနို၊ ရှန်ကာ စတာတွေ တိုးလာတယ်။ နောက် မိန်းမတွေမှာ ဖြစ်နေတာတွေ ထည့်လာရတယ်။ နောက် HIV နဲ့ Hepatitis B တွေ တိုးလာပြန်တယ်။ ကြွက်နို့လဲပါလာတယ်။ လိင်လမ်း ရေယုံလဲပါတယ်။

ဒါကြောင့် အားလုံးခြုံမိအောင် ရောဂါလက္ခဏာတွေကိုသာ ခေါင်းစဉ်တပ်ရတော့တယ်။
- Urethral discharge ဆီးသွားလမ်းက တခုခုဆင်းခြင်း၊
- Persistent urethral discharge ဆီးသွားလမ်းက တခုခု တောက်လျှောက်ဆင်းနေခြင်း
- Vaginal discharge ဗဂျိုင်းနာက တခုခုဆင်းခြင်း၊
- Genital ulcer လိင်အင်္ဂါအနာများ၊
- Anorectal discharge စအိုကနေ တခုခုဆင်းခြင်း၊
- Lower abdominal pain ဗိုက်အောက်ပိုင်းနာခြင်း၊
- Scrotal swelling ကပ်ပယ်အိတ်နာခြင်း၊
- Inguinal bubo ပေါင်ခြံအကျိတ်ထွက်ခြင်း၊
- Neonatal conjunctivitis မွေးစကလေး မျက်စိနာခြင်း၊
- Genital warts လိင်လမ်း ကြွက်နို့များ၊

လိင်ကတဆင့် ကူးစက်ရောဂါတွေက တခုဖြစ်ဘူးရင် HIV အပါအဝင် နောက်တခုလဲ ဖြစ်ဘို့ လမ်းများတယ်။ တခုမကလဲ တွဲဖြစ်နိုင်တယ်။ တခါဖြစ်ပြီး ထပ်လဲ ဖြစ်နိုင်သေးတယ်။ ကူးစက်မဲ့လမ်းကို အသုံးပြုတဲ့ အလေ့အထက ဆက်ရှိနေရင် အဲလိုဖြစ်မယ်။ အဖေါ် သတ်သတ်မှတ်မှတ် မဟုတ်ရင် ဖြစ်မယ်။

လူတိုင်းတော့ HIV အထိမဖြစ်ပါ။ ဆက်ဆံခဲ့တဲ့ အဖေါ်မှာ HIV ရှိနေမယ်၊ ကိုယ်ကလဲ အကာအကွယ် မသုံးဘူး၊ ပိုးဝင်စရာ ကိုယ့်မှာလဲ အနာ-အဆာရှိနေမှသာ ကူးစက်တယ်။ ဒါလဲဘဲ ကိုယ်ခံအားကနေ တိုက်နိုင်သလောက် တိုက်ထုတ်အုံးမယ်။ ဒါကြောင့် ကံတရားဆိုတာ မယုံရင် မှားမယ်။သိချင်ရင် သွေးစစ်ရမယ်။ မဖြစ်ချင်ရင် နောင် ဆင်ခြင်ရမယ်။ အကာအကွယ် သုံးရမယ်။

ယမုန်နာဆေးခန်း - အမေအဖြေ (၄၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top