19
Dec

အမေးအဖြေ (၁၀၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ဆရာ သမီးက ဆရာ့ကို မရှက်မကြောက်ပဲ တိုင်ပင်ပါရစေရှင့်။
2. ဆရာရှင့်။ ကျမရဲ့ အသက်ပာာ ၁၇ နှစ် ဖြစ်ပါတယ်။
3. ကလေး အလေးချိန်က (အာလ်ထွာဆောင်း) မှာ ရေးထားတာကို ပြောတာဟုတ်ပါတယ်။
4. ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ အရင်လ ၉ ရက်နေ့ကနေလိုက်ပါတယ်။
5. ကျွန်တော့်အသက်က ၃ဝ ပါ
6. ကျန်မအသက်က ၂၅ နှစ်ရှိပါပြီ။
7. Ecee2 ကိုပထမအကြိမ်သောက်ဖူးပါတယ်။
8. အရင်နေ့က ဆရာကိုမေးဖူးတယ်ရှင့်။
9. HIV ပိုးရှိမရှိကို အဆင့်ဘယ်နှစ်ဆင့်လောက် စစ်ဆေးပေးရပါသလဲဆရာ။
10. ကျွန်တော့ ချစ်သူကနောက် 6 လနေရင်ယူတော့မှာပါ။
11. သမီးချစ်သူကဆရာ့ကိုမေးလို့ ပြောလို့ပါ။
12. ဆရာတင်ထားတဲ့ site တွေထဲမှာ ကလေးယောက်ျားလေးလိုချင်ရင်ဆိုတာ
13 (A) သမီးက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနေပါတယ်။
13 (B) သမီးရဲ့ကောင်လေးကို HIV ပိုးဆေးစစ်ခိုင်းပြီးပါပြီ။
13 (C) သမီးကတော့ B ပိုးရော C ပိုးရော စစ်ထားပါတယ်။
13 (D) လိင်ဆက်ဆံတဲ့အခါမှာ HIV ပိုး၊ သားအိမ်ခေါင်းကင်ဆာ၊ အပြင် ဘာရောဂါတွေများ
13 (E) တစ်ခုလောက်အကြံပြုချက်ကလေး ပြောပါရစေ ဆရာ။

Tue, Dec 11, 2012 at 9:27 AM
ဆရာ သမီးက ဆရာ့ကို မရှက်မကြောက်ပဲ တိုင်ပင်ပါရစေရှင့်။ သမီးသမီးချစ်သူနဲ့ ဆက်ဆံမိပါတယ်။ ဆက်ဆံပြီးတိုင်း Ecee2 ကို သောက်ခဲ့ပါတယ်။ ဒါပေမဲ့ ခုသမီးခု ရာသီမလာတာ တလကျော်သွားပါပြီဆရာ။ သမီးမှာကိုယ်ဝန်ရှိနေလားဆိုတာကို သိချင်လို့ပါဆရာ။

ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်ရှိစခံစားရတာတွေကော ရှိပါသလား။ လိုမယ်ထင်ရင် ဆရာ့ (ဘလော့ခ်) http://dts-medicaleducation-adult.blogspot.in/ မှာ ရှာဖတ်နိုင်ပါတယ်။

Tue, Dec 11, 2012 at 9:38 AM
(့) မောင့်ကို အရမ်းချစ်ပါတယ်မောင်။

အလိုလိုစာပြန်တာလုပ်ထားတာက နှစ်ယောက်တည်း ဆက်သွယ်ရသူအတွက်သာ ကောင်းတယ်။ ဆရာ့အတွက်တော့ နောက်မေးခွန်း တခုလာသလား ထင်နေမိတယ်။

Tue, Dec 11, 2012 at 10:52 AM
ဆရာရှင့်။ ကျမရဲ့ အသက်ပာာ ၁၇ နှစ် ဖြစ်ပါတယ်။ လစဉ်လည်း ရာသီသွေး ပုံမှန်ဆင်းပါတယ်။ ဒီလ ရာသီသွေး ဆင်း၍ ၂ ရက်မြောက်နေ့မှာ ချစ်သူနဲ့ ပထမဆုံးအကြိမ် အကာကွယ်မဲ့ လိင်ဆက်ဆံမိပါတယ်။ လိင်မ ဆက်ဆံခင်အထိ ရာသီ သွေးမှာ ပုံမှန်ဖြစ်၍ လိင်ဆက်ဆံပြီးသော အချိန်မှာစပြီး ရာသီသွေး မဆင်းတော့ပါ။ ဆက်ဆံပြီး၍ ၂၄ နာရီအတွင်း Postinor (တားဆေး) သောက်ရာ သောက်ပြီးပြီးချင်းနေ့မှာတင် အမည်းရောင် (Dark) များ ဆင်းလာပါသည်။ ထိုမှ တစ်ဆင့် မည်းညိုရောင် (Dark brown) များဆင်းနေပါတယ်။ စိုးရိမ် ရပါသလား။ ဒီလိုဖြစ်ရခြင်းမှာ ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာရပ်များဖြစ်ပါသလား။ Vomitting (အန်ခြင်း) လည်းအလွန်းအမင်း ဖြစ်ပါသည်။

ရက်အရရော အရေးပေါ်တားဆေးသောက်လို့ပါ ကိုယ်ဝန်ဖြစ်မယ် မထင်ပါ။
အန်တာက ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးဖြစ်ပါတယ်။
ဆင်းတာက အရောင်အတွက် စိုးရိမ်စရာမလိုပါ။
အရေးပေါ်တားဆေးကို ခဏခဏသောက်တာ မကောင်းပါ။ ဒီအသက်မှာ ကိုယ်ဝန်ရရင်လဲ မကောင်းလှပါ။

Wed, Dec 12, 2012 at 8:26 AM
ကလေး အလေးချိန်က (အာလ်ထွာဆောင်း) မှာ ရေးထားတာကို ပြောတာ ဟုတ်ပါတယ်။ အချင်းက (စာရွက်မှာ ဖတ်ကြည့်တော့) Middle လို့ ရေးထားတာတော့ တွေ့တယ် ဆရာ။ OG ကတော့ အချင်းအကြောင်း ဘာမှ ထပ်မပြောပဲ ရိုးရိုးမွေးနိုင်တယ်လို့ပဲ ပြောတာ။ သမီးလည်း OG က အချိန်မပေးနိုင်တော့ သိချင်တာတွေများလို့ ဆရာ့ကိုပဲ အားကိုးပါတယ်ဆရာ။ ဆရာ့ဆေးခန်း (ယမုံနာ) က မန္တလေးမှာနော်။ နီးများနီးရင် ဆရာ့ဆီမှာသာ ရိုးရိုးလာမွေးချင်ပါတယ်။ အခု (့ မှာ မွေးဖို့ လုပ်ထားပါတယ်။ မွေးတဲ့အချိန်မှာ OG မရှိခဲ့ရင် သမီး အားငယ်မိမှာ သေချာတယ် ဆရာ။ သက်ဦးဆိုတော့ စိုးရိမ်စိတ်တွေ သိပ်များပြီး ရိုးရိုးမွေးရမှာ ကြောက်မိတယ် ဆရာ။ ဆရာမကြီး လာမမွေးပေးရင် တာဝန်ကျ ဆရာဝန်တွေက စိတ်ရှည်ကြပါ့မလား။ ခွဲမွေးတာကများ ပိုကောင်းလို့ တော်တော်များများ ခွဲမွေးနေကြတာလားဆရာ။

အချင်းကို Middle လို့ရေးတာက မရေရာဘူး။ Not low lying, Away from internal Os ဆိုရင် အချင်းက သားအိမ်ဝနဲ့ မနီးလို့ ရိုးရိုးမွေးနိုင်တယ်။ ဆရာဝန်က ရတယ်ပြောတာဆိုရင် ရမှာမို့ဖြစ်တယ်။ ဆရာက နယူးဒေလီမှာနေရတယ်။ မပူပါနဲ့ ကလေးမီးဖွါးတာကို ရိုးရိုးဆရာဝန်မပြောနဲ့ သားဖွါးဆရာမတွေကတောင် လုပ်ပေးနိုင်တယ်။

Tue, Dec 11, 2012 at 8:31 PM
ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ အရင်လ ၉ ရက်နေ့ကနေ လိုက်ပါတယ်။ အရင်ကလဲ နေနေကြပါ။ ကွန်ဒွမ်သုံးတော့ သုံးပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်သူက ရာသီမလာတော့ပါဘူး။ ကျွန်တော် လွန်ခဲ့တဲ့ Penorit နှစ်ရက် တိုက်ထားပါတယ်။ ခုထိတော့ မထူးသေးပါဘူး။ တကယ်လို့ မလာတော့ဘူး ကိုယ်ဝန်ရှိနေပြီဆို ဘယ်မှာ စိတ်ချလက်ချ ဖျက်ချလို့ရပါမလဲ ခင်ဗျာ။ ကျွန်တော်က ဒီလကုန်နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်ထားလို့ အချိန်သိပ်ဆွဲလို့မရပါဘူး ခင်ဗျာ။ ခုမှ ကျွန်တော်နဲ့ သူက ၂၃ နှစ်ရှိပါသေးတယ်။ လက်ထပ်လို့လဲ မဖြစ်နိုင်သေးသလို ကလေးယူလို့လဲ မဖြစ်နိုင်သေးလို့ပါ။ ကျွန်တော်တို့ အနေအထားကို စာနာသောအားဖြင့် ကျန်းမာရေးလဲ စိတ်ချရမယ့် ဖျက်ချလို့ရတဲ့ နေရာတစ်ခုလောက်ပြောပြပေးပါခင်ဗျာ။ ကျွန်တော် အရေးကြီးနေလို့ပါ။

ဆရာတော့ မသိပါခင်ဗျား။

Tue, Dec 11, 2012 at 8:23 PM
ဆရာခင်ဗျာ့ ကျွန်တော့်အသက်က ၃ဝ ပါ။ ဝှေးစေ့ညာဘယ် တလုံးဟာ တခါတလေ မာပြီးနေတယ်။ တခါခါ ကျတော့လည်း လုံးဝကိုမရှိဖြစ်နေတယ်။ တခါခါ အရမ်းအောင့်တယ်။ အဲဒါ ဘယ်လိုဆေးကုသမှု့ နှင့် ဘယ်လိုရောဂါ ဖြစ်နိုင်တယ် ဆိုတာကို ကျေးဇူးပြု ၍ ဖြေကြားပေးပါ ခင်ဗျာ။

မရှိဘဲဖြစ်နေတာ နဲ့ မနာဘဲနေတာ လုံးဝမတူပါ။ ရောဂါအရပြောတာပါ။ မရှိဘူးဆိုရင် အထက်တက်နေတာဖြစ်နိုင်တယ်။ လိုက်စမ်းရင်တွေ့ရမယ်။ တချို့က ခွဲစိတ်ပြီး နေရာတကျဖြစ်အောင် လုပ်ပေးရတယ်။ တခါတလနာ၊ တခါတလေ မနာတာက ရောင်ရမ်းခြင်းကြောင့်ဖြစ်မယ်။ ကျားအစိရောင်ခြင်း အတိုင်းကုသရင် ပျောက်တယ်။ ဘယ်ဟာဖြစ်နေသလဲ ပြောရင် စာတွေ ပို့ပေးနိုင်ပါတယ်။

Wed, Dec 12, 2012 at 2:17 PM
a ကျန်မအသက်က ၂၅ နှစ်ရှိပါပြီ။ ကျန်မ ပြီးခဲတဲ့အပတ် 05/12/12 က ရာသီး လားပါတယ်။ နှစ်ရက်လောက်ပဲလားပါတယ်။ အရမ်းနည်းပါတယ်။ အခု ကျန်မ ဒီညနေ တာဆေး ထိုးချင်လို့ပါ။ ထိုးလို့ရော အဆင်ပြေလား မသိဘူး။ ညတုံးကတော့ ဘာအကာအကွယ်မှ မပါပဲအတူတူနေ မိပါတယ်။ ရာသီးလားထားတာလဲ တစ်ပတ်အတွင်းမှာပဲ ရှိနေသေးလိုဆိုပြီးတော့ပါ။

တပတ်ဆိုာတာ ကိုယ်ဝန်ရ-မရ သိပ်မသခြာပါ။ တားဆေးထိုးတာကို စောင့်သင့်ဆေးတယ်။ အမှန်က ရာသီစလာတဲ့နေမှာ ထိုးရမယ်။ ထိုးပြီး တပါတ်အတွင်းနေရင် အကာအကွယ်သုံးရတယ်။ အရေးပေါ် တားဆေးကို အရင်သောက်သင့်တယ်။ ရာသီဆင်းတော့မှ ဆေးထိုးတာ၊ ဆေးသောက်တာ၊ တခြားတားနည်းတခုခုရွေးသင့်တယ်။

Wed, Dec 12, 2012 at 9:15 PM
Ecee2 ကို ပထမ အကြိမ်သောက်ဖူးပါတယ်။ ၇၂ နာရီ ပြည့် ပြီးတော့ရာသီလာပါတယ်။ နေဆေးခန်းကို မေးမြန်ရမှာ ထိုသို့ဖြစ်တတ်ကြောင်းပြောပြပါတယ်။ ယခု Ecee2 သောက်ပြီး ၇၂ နာရီ ပြည့် သော်လည်း ရာသီမလာသေးသဖြင့် ကိုယ်ဝန်ရနိုင်ပါသလား။

ဆေးမသောက်မီ အခြေအနေမသိပါ။ မိန်းကလေးက အရင်လမှာ ရာသီမှန်ပါသလား။ အရေးပေါ်တားဆေးကို အတူနေပြီး ဘယ်လောက်အကြာမှာသောက်ပါသလဲ။ သေခြာချင်ရင် ဆီးစစ်နိုင်ပါတယ်။ ကိုယ်ဝန်အတွက် ဆီးစစ်နည်း ရေးထားကို အရင်ဖတ်ပြီးမှ ဆီးစစ်ပါ။

Thu, Dec 13, 2012 at 1:44 PM
အရင်နေ့က ဆရာကိုမေးဖူးတယ်ရှင့်။ ကျွန်မ ယားတာ မသက်သာတာနဲ့ ဆေးခန်းထပ်သွားပြတာ ဆရာဝန်က vaginal tablet နဲ့ cream ပေးလိုက်တယ်ရှင့်။ အဲဒါ tablet က သုံးဖူးတော့ သိပေမယ့် cream က အထဲကို လိမ်းရမှာလား ၊ အပြင်ဘက်တင် လိမ်းရမှာလား မသိဘူး ဖြစ်နေလို့ ? အပြင်ဘက်လိမ်းရမယ့် ဆိုရင်ရော vagina တစ်ခုလုံးလိမ်းရမှာလား။ မွေးလမ်းကြောင်း အနီးတဝိုက်တင် လိမ်းရမှာလား ဆရာ ...

ဆေးပြားထည့်သလိုနေရာထဲ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲကို ထည့်ပေးရတယ်။ ဆေးညှစ်ထည့်စရာ အတံလေးတခုပါမလားမသိဘူး။ လိုသလောက်ဆေး ညှစ်ယူဘို့ အမှတ်အသားလေးလဲ ပြထားမယ်။ အဲဒီနေရာအထိ ဆေးညှစ်ယူပါ။ ပြီးရင် မွေးလမ်းထဲကို အတံလေးသွင်းပါ။ အထဲကိုရောက်နိုင်သလောက်ထည့်ပြီး ဆေးကို ဆေးထိုးပိုက် ဆေးသွင်းသလိုအတွင်းက အတံလေးနဲ့ သွင်းပေးရမယ်။ တကယ်လို့ ကရိယာ မပါလဲ ဆေးကို မွေးလမ်းအတွင်းထဲကို ကိုယ့်လက်ချောင်းလေး ရောက်သလောက်နဲ့ ဆေးထည့်လိုက်ရင် ဖြစ်ပါတယ်။

Fri, Dec 14, 2012 at 9:04 AM
HIV ပိုးရှိမရှိကို အဆင့် ဘယ်နှစ်ဆင့်လောက် စစ်ဆေးပေးရပါသလဲ ဆရာ။ သမီးက (့) ကပါ။ ဘယ်နေရာမှာစစ်ရင် အဖြေမှန်မှန်ကန်ကန်ရနိုင်ပါသလဲ သမီးကို လမ်းညွှန်ပေးပါဦးနော်။ နောက်တစ်ခုက လိင်ဆက်ဆံတဲ့အခါ ဝင်ရောက်နိုင်တဲ့ တစ်ခြားရောဂါအကြောင်းတွေပါ။ အဲဒီရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ စသည်ဖြင့်ပေါ့။

HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/warning-over-hiv-home-test-kits.html
HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducation.blogspot.com/2011/11/hiv-tests_27.html
HIV Tests (2) အမေး-အဖြေ http://dts-medicaleducation.blogspot.com/2011/11/hiv-tests.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html

Fri, Dec 14, 2012 at 10:30 AM
ကျွန်တော့ ချစ်သူကနောက် 6 လနေရင်ယူတော့မှာပါ။ ပွင့်ပွင့်လင်းလင်းပြောပါရစေ။ သူနဲံ့ ကျွန်တော်က 2 ရက်လောက်တုန်းက တူတူနေခဲ့ကြပါတယ်။ သူနဲ့ ကျွန်တော်နေစဉ်မှာ သူကနာတယ်ဆိုလို့ သူ့ရဲ့ အမြှေးပါးတောင် မပေါက်ဘဲ ခဏဘဲနေခဲ့ကြပါတယ်။ သေချာတာက သူ့ရဲ့အမြှေးပါး လုံးဝမပေါက်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တော့ရဲ့သုတ်ရည်တွေကိုလည်း အပြင်မှာဘဲ ထုတ်ခဲ့ပါတယ်။ သူက ခုအရမ်းစိုးရိမ်နေ ပါတယ်။ သူဆေးသောက်ဖို့ လိုသလားဆရာ။ သူက ကျွန်တော်တို့ လက်မထပ်သေးခင် ကလေးရလာမှာ အရမ်း စိုးရိမ်နေပါတယ်။ ကျွန်တော်ကတော့ သူရဲ့အပျိုအမြှေးပါးတောင် မပေါက်သလို့ သုတ်ရည်တွေ ကိုလည်း အပြင်မှာဘဲ ထုတ်ခဲ့တဲ့အတွက် ကလေး မရလာနိုင်လောက်ဘူး ထင်ပါတယ်။ စိတ်ထဲမှာ သူကခုဆို အရမ်းစိုးရိမ်နေပါတယ်။

ကိုယ်ဝန်ရ-မရ ဆိုတာ သုက်ရည်အပြင်ထုတ်ရင် မရနိုင်လောက်ပါ။ မိန်းကလေးရဲ့ ရာသီရက်ကိုလဲ သိသင့်သေးပါတယ်
http://dts-medicaleducation-adult.blogspot.in/

ကျွန်တော့ ကောင်မလေးနဲ့ အတူနေတဲ့ အချိန်က သူရာသီလာပြီးတစ်ရက်လောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်သိချင်တာက သူ့ရဲ့အပျိုအမြှေးပါးမပေါက်တော့ သူ့ရဲ့သားအိမ်ထဲကို မရောက်သွားလောက်ဘူး ထင်လို့ပါ။ ဒါဆိုရင် ခုဘာဆက်လုပ်သင့်ပါသလဲဆရာ။ နေပြီးတာက 2 ရက်လောက်ရှိပြီဆိုတော့ 24 နာရီကျော်ပြီဖြစ်လို့ ဒီချိန်မှာ ဘာဆေးသုံးသင့်ပါလဲဆရာ။

ပြောထားပြီးတဲ့အတိုင်း သေချာချင်ရင် ဆီးစစ်ပါ။ လိုတာကို http://dts-medicaleducation-adult.blogspot.in/ မှာဖတ်ပါ။

Fri, Dec 14, 2012 at 12:43 PM
သမီးချစ်သူက ဆရာ့ကိုမေးလို့ ပြောလို့ပါ။ သမီးနဲ့ သမီးချစ်သူက အတူတူနေလိုက်ပါတယ်ဆရာ။ ဒါပမဲ့ သမီးက ရမ်းနာတာကြောင့် အမြှေးပါးတောင် မပေါက်ဘဲရပ်ခဲ့ပါတယ်။ သူရဲ့ ရည်တွေကိုလည်း အပြင်ကို ထုတ်ပစ်ပါတယ်။ ဒါပေမဲ့ သမီးထင်တာက ယောင်္ကျားနဲ့မိန်းမ သမီးတို့လိုမျိုး ဆက်ဆံရုံနဲ့ ကိုယ်ဝန်ရနိုင် မရနိုင်ပါဆရာ။ နားနဲ့မနာ ဖ၀ါးနဲ့နာပေးပါ။ မီးအရမ်းကြောက်လို့ပါ။ နောက်တစ်ခါ အဲလိုမဖြစ်အောင် ဆင်ခြင် ပါတော့မယ်။ သမီး သေချာအောင် ဆီးလည်း စစ်ကြည့်ပါ့မယ်။ ဒါပေမဲ့ 1. အမြှေးပါး ပေါက်ဘူး။ 2. သုတ်ရည်တွေ အပြင်ထုတ်ပစ်တယ်။ ဒါဆိုရင် ကိုယ်ဝန်ရနိုင်မရနိုင် သမီးရင်ထဲရှင်း သွားအောင် ပြာပြပေးပါ ဆရာ။ အရမ်း စိုးရိမ်လို့ပါ။ ပြီးတော့ သမီးခုချိန်မှာ ဘာဆေးသောက်သင့်လဲ ဆရာ။

ဖြစ်ခဲ့တာ အသေအချာတော့ မသိပါ။ အပျိုမြှေးဟာ ဆက်ဆံမှုကြောင့် ပေါက်ချင်မျာ ပေါက်တာ ဖြစ်နိုင်ပေမဲ့ မိန်းကလေး ရာသီဆင်းလောက်အောင် အပေါက်ရှိနေတယ်။ အလားတူ အထဲကို စီးဝင်နိုင်တယ်။ ကိုယ်ဝန်ဆိုတာ ရချင်လွန်းသူတွေ အတွက် အတော်ခက်ပေမဲ့ မရချင်သူတွေအတွက် လွယ်နေပြန်ရော။ သုက်ကို အပြင်ထုတ်တာကလဲ ၁၈% ရနိုင်တယ်လို့ လေ့လာမှု တခုက ဆိုထားတယ်။ ဒီအချက်ထဲမျာ မိန်းကလေးရဲ့ ရာသီရက်။ မျိုးဥထွက်-မထွက် စတာတွေ မတူကြလို့ ကံသေကံမ ပြောမရတာဖြစ်တယ်။ ဆရာ့ (ဆိုက်) ထဲမှာ အားလုံးလိုလို ရေးထားတာတွေ ရှိတာကို လိုရင်ဖတ်နိုင်ကြပါတယ်။

Fri, Dec 14, 2012 at 11:05 PM
ဆရာတင်ထားတဲ့ site တွေထဲမှာ ကလေးယောက်ျားလေးလိုချင်ရင်ဆိုတာ တွေ့လိုက်ရပါတယ်။ အဲဒါ ဖတ်မရလို့ဆရာ။ ဘယ်မှာ ဖတ်ရင်များရနိုင်မလဲ သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်ရှင်။

Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား http://dts-medicaleducation-adult.blogspot.in/2012/03/baby-boy.html
Baby Girl or Boy ဘာလေးမွေးမှာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/baby-girl-or-boy.html

Sat, Dec 15, 2012 at 11:28 AM
(1) သမီးက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနေပါတယ်။ သုံးလုံးထိုးမှစိတ်ချရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သမီး နှစ်လုံးမြောက်ထိုးပြီး မကြာခင်မှာပဲ လိင်ဆက်ဆံမှု ပထမဆုံးပြုလုပ်မိပါတယ်။ ပထမဆုံးအကြိမ် မှာတော့ ကွန်ဒုံး မသုံးမိဘူးပေါ့ ဆရာရယ်။ နောက်ပိုင်းဆက်ဆံမှုပြုတိုင်းတော့ အကာအကွယ် အမြဲသုံးပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါက အကာအကွယ်သုံးလဲ ဝင်ရောက်တက်ပါသလား။ ပထမဆုံး တစ်ကြိမ်မှာ မသုံးမိတဲ့အတွက် တစ်ခါထဲနဲ့ရော ရောဂါဝင်တတ်ပါသလား။

ဆေးပညာအရတော့ ပြောမရပါ။ တဘက်လူမှာ ပိုးရှိနေပြီး ကိုယ့်သွေးထဲကိုဝင်ရင်တော့ မပြောနိုင်ပါ။

(2) သမီးရဲ့ကောင်လေးကို HIV ပိုးဆေးစစ်ခိုင်းပြီးပါပြီ။ (သူသွားစစ်တဲ့နေရာက ကြည့်မြင်တိုင်ထဲက HIV သီးသန့် စစ်တဲ့နေရာပါဆရာ၊ သမီးနံမည် မမှတ်မိတာကိုတော့ ခွင့်လွှတ်ပေးပါ၊ အဲဒီနေရာက အသိ အမှတ်ပြု ခံထားရတဲ့ နေရာပါ။ သူဆေးစစ်တာက စိတ်ချရတဲ့ အခြေအနေ (6 လ နောက်ပိုင်း 7 လ၊ 8 လ လောက်) မှစစ်တာပါ။ အဲဒီမှာ စစ်လိုက်တော့ Non-reactive တဲ့ ဆရာ။ ပထမ အဆင့် စစ်ဆေးတာ မှာတင် Non-reactive ဆိုတဲ့ အတွက်ကြောင့် ထပ်မစစ်ဆေးတော့ပါဘူး။ အဲဒါ စိတ်ချရပြီလား ဆရာ။ (အပျော်အပါးတွေဆီ ဆေးစစ်ပြီးတဲ့ နောက်ပိုင်း လုံးဝမသွားတော့ပါဘူး) ထပ်ပြီး ဆေးစစ် သင့်သေးလား ဆိုတာ အကြံပြုပေးပါဦးနော်။

အနုတ်ပြတိုင်းလဲ လုံးဝကင်းတယ်လို့ ပြောမရသေးပြန်ပါ။ ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်အဖေါ်မှာဖြစ်ဖြစ် ပိုးမရှိနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ HIV ပိုးက လိင်ဆက်ဆံမှုတိုင်းကနေ ကူးချင်မှ ကူးပါမယ်။ Negative HIV test အနုတ်ပြထားသူဟာ ဘာလို့ ၃ လနေရင် ထပ်စစ်သင့်သလဲ။ Antibody tests ခေါ်တဲ့ ရောဂါပိုးကိုခံနိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ) ကို စမ်းသပ်တာဖြစ်ရင် လူတချို့မှာ အဲလိုဓါတ်တွေ ထွက်လာဘို့ သူများထက် အချိန်ပိုယူတတ်တယ်။ ဒါ့ကြောင့် HIV ပိုးရှိသူနဲ့ အတူနေရာမိတဲ့ရက်ရဲ့နောက် ၂၈ ရက် အကြာမှာ HIV စစ်ဆေးတဲ့အခါ၊ အနုတ်သာပြနေနိုင်လို့ နောက်ထပ် ၃ လ နေရင်တခါ ထပ်စစ်သင့်တယ်။

(3) သမီးကတော့ B ပိုးရော C ပိုးရော စစ်ထားပါတယ်။ နှစ်ခုလုံးမရှိပါဘူး။ B ပိုးကာကွယ်ဆေးလဲထိုးထားပါတယ်။ ဆေးလဲအောင်ထားပါတယ်။ အခုသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုလဲ ထိုးနေပါတယ်။ သမီးက HIV ဖြစ်လောက်တဲ့ အခြေအနေမျိုးကိုလဲ တစ်ခါဆိုတစ်ခါမှ မနေဖူးပါဘူး။ သမီးကသွေးတော့ လှူဖူးတယ်ဆရာ။ (အလှုခံတာမဟုတ်ပါဘူး သမီးကလှုထားတာပါ) ။ ပြီးတော့ သမီးက ဝပါတယ်ဆရာ။ HIV ပိုးရှိသူတွေက ပိန်တက်တယ်လို့ပြောတဲ့အတွက်ကြောင့် သမီးမှာတော့ HIV ပိုးမရှိလောက်ဖူးလို့ သမီးယုံပါတယ်။ ဒါပေမယ့် ပိုပြီး စိတ်ချရအောင် စစ်ဆေးသင့်ပါသလား ဆရာ။

ဆေးစစ်တယ်ဆိုတာတော့ မမှားပါ။

(4) လိင်ဆက်ဆံတဲ့အခါမှာ HIV ပိုး၊ သားအိမ်ခေါင်းကင်ဆာ၊ အပြင် ဘာရောဂါတွေများ ဝင်ရောက်နိုင်ပါသလဲ။ (ယောက်ျားလေးဆီကိုရော မိန်းကလေးဆီကိုရော ဝင်တက်တဲ့ရောဂါ) အကုန်သိချင်တာပါ။

လိင်ကတဆင့် ကူးစက်ရောဂါတွေ တယောက်မှာရှိနေရင် အကာအကွယ်လဲ မသုံးရင် ဝင်နိုင်တယ်။ (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တာလဲရှိတယ်။ ရေးထားတာတွေရှိပါတယ်။

(5) တစ်ခုလောက်အကြံပြုချက်ကလေး ပြောပါရစေ ဆရာ။ ဆရာက ဖြေကြားတဲ့အခါမှာ Post တွေ တင်ပေးတတ်ပါတယ်။ အရမ်းပြည့်စုံပါတယ်။ ဒါပေမယ့် ဆရာ့ဆီက အကြံပြုချက်ကလေးကိုလဲ သမီးဘက်က နားထောင်ချင်ပါသေးတယ်ဆရာ။ (ပြောရရင် ဆရာတင်ပေးတဲ့ Post တွေက ဆေးပညာအရရော၊ နိုင်ငံတကာဆိုင်ရာ ဆေးပညာအပြောအဆိုတွေနဲ့ဆိုတော့ သိပ်နားမလည်လို့ပါ) ဆရာ့ရဲ့အမြင်၊ ဆရာ့ရဲ့ အကြံပြုချက်ကလေးလေးတွေပါ ထည့်သွင်းဖြေကြားစေလိုပါတယ်ဆရာ။

ဆရာက တယောက်ချင်းဆီလဲ ပြန်ပါတယ်။ (ဘလော့ခ်) မှာ တင်သင့်တာကိုသာ ရွေးတင်တယ်။ ဒါပေမဲ့ လူနာကို ဆေးကုသလိုတော့ မလုပ်သင့်လို့ မလုပ်ပါ။ ဆေးစာသဘောသာ အကူအညီရစေဘို့ အများအတွက် ရည်ရွယ်ရေးတယ်။ နောက်ပြီး ဆေးစာတွေ စရေးဖြစ်တာက ဆရာ့ဆေးခန်းမှာ အလုပ်လာကူတဲ့ ဆရာမတွေကို စာသင်ဘို့ ရေးရာကနေ ရေးဖြစ်သွားလို့ ဆေးပညာစာလုံးတွေပါ တည့်ရတယ်။ မလိုသူတွေက ချန်-ကျော်ပြီး ဖတ်နိုင်ကြပါတယ်။ သုတေသနတွေလဲ ထည့်ပါမှ စာကခိုင်မာတယ် မဟုတ်လား။ သုတေသနတွေက သူများနိုင်ငံတွေသာရတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် နှိုင်ပြီး ယူနိုင်တာတွေက များပါတယ်။ ကိုယ်ပိုင်အမြင်တွေလဲ တင်နိုင်တာ တင်ပါသေးတယ်။

ယမုန်နာဆေးခန်း - အမေးအဖြေ (၁၀၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top