1. ကျွန်တော်က အခုလထဲမှာ မင်္ဂလာဆောင်ထားတာပါ။
2. ကျွန်တော့်လိင်အင်္ဂါထိပ်ဖူးမှာအနီပြောက်လေးတွေဖြစ်တတ်ပါတယ်ဆရာ။
3. ကျွန်မ ကော့ပါးတီ ထည့်ထားတာ နှစ်နှစ်ရှိပါပြီ။
4. ကျွန်တော်နဲ့ ကျွန်တော်မိန်းမ ညားတာ ၉ လပိုင်းလောက်ကပါ။
5. ကျွန်တော်အင်္ဂါက အရမ်းသေးပါတယ်။
6. သမီးသိချင်တာကလေ ရာသီလာနေစဉ်မှာရော ရာသီလာပြီးပြီးချင်းနေ့မှာရော
7. နားနဲ့မနာ ဖဝါးနဲ့နာပြီး ဖြေကြားပေးစေလိုပါတယ်။
8. မိန်းမတွေဘ်ာအချိန်မှလိပ်စိတ်ကြွတတ်လဲ ဆရာ။
9. Masturbation လုပ်တာများရင်ဘာဖြစ်တတ်လဲဆရာ။
10. သမီးတော့ အဖြူထပ်ဆင်းနေပြန်ပြီ။
11. သမီးမှာရာသီမလာဘဲရက်ကျော်နေလို့ပါ။
12. STD အကြောင်းသိချင်လို့ ရှင်းပြပေးစေချင်ပါတယ်။
13. သမီးမှာရာသီမလာဘဲရက်ကျော်နေလို့ပါ။
14. ဆရာ ကျနော်ကအိမ်ထောင်သည်ပါ
15. ကျွန်တော်က Foot Fetish သမားပါ။
Wed, Dec 19, 2012 at 3:03 PM
ကျွန်တော်က အခုလထဲမှာ မင်္ဂလာဆောင်ထားတာပါ။ လင်မယား နှစ်ယောက်လုံး ကလေးယူဖို့ အစီအစဉ်မရှိသေးတော့ ဆက်ဆံတဲ့ အချိန်ကွန်ဒုံးကိုသုံးပြီး ဆက်ဆံပါတယ်။ ကျွန်တော့်ဇနှီးက အရမ်းနာတယ် လို့ ပြောပါတယ်ဆရာ။ ကွန်ဒုံးသုံးရင် နာတတ်သလားဆိုတာ သိလိုပါတယ်။ ကွန်ဒုံးမသုံးဘဲ ဒီတိုင်းဆက်ဆံပြီးမှ အရေးပေါ်တားဆေးသောက်ရင်ရော အဆင်ပြေနိုင်မလားခင်ဗျာ။ ဆရာ့ Post တွေမှာ ဖတ်ရတာ အရေးပေါ်တားဆေးတွေက ခဏခဏသုံးတာမကောင်းဘူးလို့ ဖတ်ရပါတယ်။ ရေရှည်ဆက်ဆံဖို့ ဘယ်လိုအကာအကွယ် ယူသင့်ပါလဲ။ ဆေးသောက်ရမယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက် မယ့်ဆေးမျိုးကို ညွှန်ပြပေးစေလိုပါတယ်။ ကျွန်တော့်အမျိုးသမီးက ဝလွယ်တဲ့ အတွက်ကြောင့် မေးရတာပါ။ ပတ်ဝန်းကျင်မှာ တားဆေးတွေသောက်ပြီးရင် ဝသွားတဲ့သူတွေ တွေ့နေရလို့ပါခင်ဗျာ။ သူနဲ့ဆက်ဆံတဲ့ အချိန် သူနာတယ်ဆိုတာ သိတာနဲ့ ကျွန်တော့် လိင်အင်္ဂါက ပြန်ကျသွားတယ်။ စိတ် Pressure ကြောင့်ဖြစ်တာလားဆိုတာ သိလိုပါတယ်။ တကယ်လို့ လိင်အင်္ဂါသန်မာဆေးတွေကို သုံးမယ်ဆိုရင်ရော ရေရှည်မှာ ဆိုးကျိုးတွေရှိလာနိုင် မလားဆိုတာ သိလိုပါတယ်။ သုံးလို့ရမယ်ဆိုရင် ဘယ်လိုဆေးမျိုး သုံးသင့်တယ်ဆိုတာ ညွှန်ပြပေးစေလိုပါတယ်။ ကျွန်တော့် အသက်က (၂၇) နှစ်ထဲ ရောက်ပါပြီ။ ကျွန်တော့်ဇနီးကတော့ (၂၉) နှစ်ထဲရောက်ပါပြီ။ မြန်မာနိုင်ငံမှာနေတာပါ။ နောက် (၂) နှစ်လောက်မှ ကလေးယူမယ်ဆိုရင်ရော အဆင်ပြေနိုင်မလားသိလိုပါတယ်။
(ကွန်ဒွမ်) ကြောင့် ပိုနာတာမဖြစ်တတ်ပါ။ ချောဆီပါမယ်ထင်ပါတယ်။ မပါရင် ပါတာရှာဝယ်ပါ။ အစမှာ အဲလိုဘဲ နာတတ်ပါတယ်။ စိုစွပ်မှုများအောင်စောင့်ပါ။
• Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-how-decidehtml
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml
• Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adultblogspotin/2012/05/birth-control-pills-faqshtml
• Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adultblogspotin/2012/09/birth-control-pills-for-emergencyhtml
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adultblogspotin/2012/03/birth-control-riskhtml
• Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adultblogspotin/2012/03/contraception-and-fertilityhtml
• Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adultblogspotin/2012/03/contraception-and-nonmedical-viewhtml
• Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adultblogspotin/2012/04/contraceptive-implant-1html
• Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adultblogspotin/2012/03/contraceptive-implant-2html
• Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adultblogspotin/2012/03/contraceptive-injectionshtml
• Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adultblogspotin/2012/07/contraceptive-patchhtml
• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adultblogspotin/2012/04/contraceptive-pillshtml
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/contraceptives-and-breastfeedinghtml
• Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adultblogspotin/2012/06/contraceptives-for-women-with-stihivhtml
• Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adultblogspotin/2012/04/depo-proverahtml
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://dts-medicaleducation-adultblogspotin/2012/03/different-methods-of-contraceptionhtml
• Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adultblogspotin/2012/04/emergency-contraception-1html
• Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adultblogspotin/2012/04/emergency-contraception-2html
• Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adultblogspotin/2012/03/emergency-contraception-3html
• Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adultblogspotin/2012/03/emergency-2html
• Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adultblogspotin/2012/03/emergencyhtml
• Emergency pills အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adultblogspotin/2012/11/emergency-pillshtml
• IUCD ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း http://dts-medicaleducation-adultblogspotin/2012/06/iud-for-birth-controlhtml
• Noristerat ကိုယ်ဝန်တား ထိုးဆေး တမျိုး http://dts-medicaleducation-adultblogspotin/2012/03/noristerathtml
• Vaginal rings သန္ဓေတား သားရေကွင်း http://dts-medicaleducation-adultblogspotin/2012/04/vaginal-ringshtml
Wed, Dec 19, 2012 at 3:32 PM
ကျွန်တော့် လိင်အင်္ဂါထိပ်ဖူးမှာ အနီပြောက်လေးတွေ ဖြစ်တတ်ပါတယ်ဆရာ။ သူ့ဘာသာပဲ ပြန်ပျောက်သွားတတ် ပါတယ်။ တစ်ခါတလေ ပြန်ဖြစ်ပါတယ်။ အစ်ကိုတွေပြောဖူးတာက မသန့်လို့ဖြစ်တာ လို့ပြောဖူး ပါတယ်။ ဟုတ်မဟုတ် သိလိုပါတယ်။ ကျွန်တော်လည်းေ၇ချိုးရင်းအမြဲသန့်ရှင်းရေး လုပ်ဖြစ်ပါတယ်၊ ဘာကြောင့်ဖြစ်တတ်တယ်ဆိုတာ သိလိုပါတယ်ဆရာ။ တကယ်လို့ လိမ်းဆေးလိုတယ် ဆိုရင်လည်း ဘယ်လို လိမ်းဆေးမျိုး သုံးသင့် တယ်ဆိုတာ ညွှန်ပြပေးစေလို ပါတယ်။ အခုလိုမျိုး အနီပြောက်တွေဖြစ်နေချိန်မှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင် အမျိုးသမီးကို ကူးစက်နိုင်သလား သိလိုပါတယ်။ တစ်ခါ တလေ နေ့လည်နေ့ခင်းဖက် ကျွန်တော်ခဏ အိပ်တတ်တယ်ဆရာ။ နိုးလာရင် လက်တွေထုံနေ တတ်တယ်၊ အမြဲတော့မဟုတ်ဘူး။ ဘာဖြစ်လို့လဲ သိချင်လို့ပါ။ ကျွန်တော့်အသက်(၂၇)နှစ်ပါ၊ မြန်မာနိုင်ငံမှာနေ ပါတယ်။
Lesions on penis (1) ကျားအင်္ဂါ အနာများ (၁)
Lesions on penis (၂) ကျားအင်္ဂါ အနာများ (၂)
Wed, Dec 19, 2012 at 11:41 PM
ကျွန်မ ကော့ပါးတီ ထည့်ထားတာ နှစ်နှစ်ရှိပါပြီ။ ကျွန်မအသက်က ၃၃ နှစ်ရှိပါပြီ။ ကလေးကတော့ လာမယ့်နှစ်မှာမှ ယူနိုင်မယ့်အခြေအနေမှာပဲ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်မထုတ်လည်းထုတ်ချင်တယ်။ မထုတ်ဘဲ လည်းထားချင်တယ်။ သူက သုံးနှစ်ထိအထားခံတယ်ဆိုလို့ပါ။ တစ်နှစ်တစ်ခါပြန်လာစစ်လို့ ဆေးခန်းကပြောလိုက်ပေမယ့် ကျွန်မငွေရေးကြေးရေး အခြေအနေကြောင့် သွားမစစ်နိုင်ပါ။ အဲလိုသွားမစစ်နိုင်လို့ ကလေးမရမှာလည်းတွေးပူပါတယ်။ အခုဒီစာကိုရေးတဲ့ အကြောင်းကတော့ ကော့ပါးတီကြောင့် သားအိမ်ကင်ဆာဖြစ်မှာလားလို့လည်း စိုးရိမ်မိလို့ပါ။ ကျွန်မ ထုတ်ပစ်သင့်ပြီလား။ ကျွန်မအခုနေတာ (့) မှာပါ။ ထည့်တုံးကလည်း ပိုက်ဆံတော်တော်ပေးရပါတယ်။ ထုတ်ရင်လည်း တော်တော်များများပေးရဦးမယ်လို့ သိရပါတယ်။ ကျွန်မသဘောအရဆိုရင်တော့ နောက်နှစ်သင်္ကြန်ပြီးလောက်မှ ထုတ်ချင်ပါတယ်။ ဆရာ့အမြင်နဲ့ အကြံဥာဏ် သိချင်ပါတယ်ရှင့်။ လိုအပ်တယ်ဆိုရင်တော့ ကျွန်မ မတတ်နိုင်လည်း သွားထုတ်ရမှာပါပဲ။ Copper T ကို များသေားအားဖြင့် ၃ နှစ်အထိထားနိုင်တယ်။ နောက်ပိုင်း ၅ နှစ်ခံသုံးတယ်။ အမေရိကားမှာ ၁ဝ နှစ်အထိဟာ ရောင်းနေပြီ။ သုံးတဲ့တံဆိပ်-မော်ဒယ်အပေါ်မူတည်တယ်။ အစစ်ခိုင်းတာ ထုံးစံပါ။ ပိုက်ဆံပေးရရင် စဉ်းစားနိုင်ပါတယ်။ တချို့ဆို ထုတ်တော့မှ ပြန်လာကြတယ်။ ၃ နှစ်အထိ စိတ်ချလက်ချ ထားနိုင်တယ်လို့သာ မှတ်ပါ။ မြန်မာပြည်မျာတော့ ဈေးမကြီးဘူးထင်တယ်။ ဆရာလဲ မသိဘူး။ ဆရာ့ဆေးခန်းမျာ ရုးပီး ၅ဝဝ အလှူငွေထည့်ခိုင်းတယ်။ ဝယ်ရတာက ၃၅ဝ ကျတယ်။ ပြန်စစ်တာလဲ အလာကားဘဲ။ အဖြူဆင်းနေတာတွေ့ရင် ဆေးအလကားကုပေးရသေးတာ။
Thu, Dec 20, 2012 at 2:25 AM
ကျွန်တော်နဲ့ ကျွန်တော်မိန်းမ ညားတာ ၉ လပိုင်းလောက်ကပါ။ သူ့အသက်က ၂၆ နှစ်ပါ၊ ကျွန်တော်ကတော ၃ဝ နှစ်ပါ။ ဆရာဝန်ဆီမှာ တားဆေးထိုး ပြီးပြီ။ ၂၆ -၉-၂ဝ၁၂ နေ့ထိုးတာပါ။ ရာသီလည်း ၂ လလာပြီးပါပြီ။ အခု လထိ ရာသီလာတာ မဆုံးတောပဲ ၂၅-၆ ရက်ဖြစ်နေပါပြီ။ မနက်စောစော နဲနဲလေးလာပြီး ညနေတောမလာဘူး။ ဘာဆေးသောက်ရင်ပျောက်မလဲ ဆရာ။
ထိုးဆေးရက်မလွန်သေးရင် စိုးရိမ်စရာမရှိပါ။ ရက်အတိအကျလောက်မှာ ကိုယ်ဝန်မယူချင်သေးရင် တားဆေးထပ်ထိုးနိုင်ပါတယ်။ သွေးရပ်အောင်ဆေးရယ်လို့ အတိအကျပြောမရသေးပါ။ ဘာလို့ဆင်းသလဲ စစ်မျာပြောရတာကောင်းတယ်။ တားဆေးအမျိုးမျိုးကနေ ဖြစ်လာတာ အမျိုးမျိုးရှိတယ်။ တယောက်နဲ့ တယောက်လဲ မတူဘူး။ တယောက်တည်းမှာလဲ အခုနဲ့နောက် မတူပြန်ဘူး။ တားဆေးရည်ရွယ်ချက်က အဓိကကျတယ်။ ထိရောက်ဘို့ဘဲ။ အရင် ၂ လ မှန်ထားတာဟာ ကောင်းတယ်လို့ပြောနိုင်တယ်။ လောလောဆယ် ဗီတာမင် စီ ၅ဝဝ အားသောက်နိုင်တယ်။ သံဓါတ်ဆေးလဲသောက်ပါ။ တားဆေး - တားနည်းတွေ အဆိုး-အကောင်းသိချင်ရင် အချိန်ရတော့ ဆရာရေးထားတာတွေ ဖတ်နိုင်ပါတယ်။
http://dts-medicaleducation-adult.blogspot.in/
Thu, Dec 20, 2012 at 9:15 AM
ကျွန်တော်အင်္ဂါက အရမ်းသေးပါတယ်။ ဒါကြောင့် ကြီးဆေးထိုးချင်ပါတယ်။ ကြီးဆေးထိုးလို့ နောက်ဆက်တွဲပြသနာတွေကိုလဲ သိချင်ပါတယ်။ ကြီးဆေးထိုးလို့ မကောင်းဘူးဆိုရင် အဂ်ါကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။ သောက်ဆေး သို့မဟုတ် လိမ်းဆေးလေး လမ်းညွှန်ပေးပါဆရာ။
ဆေးမထိုးခင် စာတွေဖတ်ပါ။ ဆေးထိုးတာကိုတော့ အားမပေးပါ။ ပြန်ပြင်မရလို့ မေးလာသူတွေမနည်းလှပါ။
Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/life-cycle-of-penis.html
Thu, Dec 20, 2012 at 5:39 PM
သမီးသိချင်တာကလေ ရာသီလာနေစဉ်မှာရော ရာသီလာပြီးပြီးချင်းနေ့မှာရော လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်သလားရှင့်။ ကိုယ်ဝန်ရှိတယ်ဆိုရင် ဆက်ဆံပြီးဘယ်လောက်ကြာမှာသိနိုင်ပါသလဲရှင့်။ ဥပမာ ခေါင်းမူးတာ အန်ချင်တာဖြစ်တာတို့လေ ကျေးဇူးပြု၍နော်ဆရာ သမီးကဘယ်သူ့ကိုမှ မတိုင်ပင်ရဲလို့ပါ။
ရာသီလာနေစဉ်ရက်တွေမှာ ဆက်ဆံပေမဲ့ ကိုယ်ဝန်မရပါ။ မလာခင်နဲ့ လာအပြီး ၃-၅-၇ ရက်အတွင်းရက်တွေမှာ အတူနေလဲ မရပါ။ ကိုယ်ဝန်ဆီးစစ်နည်းစာကိုဖတ်ပါ။ ရက်ရွေးနည်းကိုလဲဖတ်ပါ။ ဆက်ရှာရင် သိသင့်တာတွေလဲ တွေ့ပါလိမ့်မယ်။ ဖတ်ပါ။ လိုက်နာပါ။
Calendar method ပြက္ခဒိန်နည်း
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
Thu, Dec 20, 2012 at 6:18 PM
နားနဲ့မနာ ဖဝါးနဲ့နာပြီး ဖြေကြားပေးစေလိုပါတယ်။ ကျွန့်တော့ အသက် 24 နှစ်ရှိပါပြီ။ ကျွန်တော့ ဝှေးစေ့နှစ်လုံးက ရောင်ရမ်းနေပါတယ်။ 6 နှစ်လောက်ရှိပါပြီ။ ကျွန်တော် လိင်ဆက်ဆံခြင်း တစ်ခါမှာမပြုဘူးပါ။ ဒါပေမယ့် Masturbation အဲဒီမကောင်းတဲ့အကျင့်ကိုတော့ အသက်ငယ်ငယ် (13 နှစ်) နဲ့ပြုတတ်နေပါတယ်။ ကျွန်တော့ငယ်ပါ စရောင်တော့ ဆရာဝန်သွားပြပါတယ်၊ အူကျတယ်ဆိုပြီး ဆေးထိုးတယ်။ 15 ရက်လောက်ပေါ့့။ ကျွန်တော်လည်း မသက်သာတာနဲ့ တစ်ခြားကိုပြောင်းပြတော့ ဂွေးတုတ်ကွေးဖြစ်တာတဲ့ ဘာလည်းတော့ ကျွန်တောလည်းမသိဘူး။ ဆရာဝန်ပြောတဲ့အတိုင်း သူနဲ့ကနည်းနည်းသက်သာတယ်။ ဒါပေမယ့် ပျောက်မသွားဘူး။ အဲဒီဆရာနဲ့လည်း တွေ့ခွင့်မရတော့ဘူးပေါ့။ ဒါနဲ့နောက်တစ်ယောက်ပြောင်းပြတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ Masturbation လုပ်လို့ဖြစ်တာတဲ့။ အသက်နဲ့ဝေးတယ်ဆိုပြီးတော့ စားဆေးပေးပြီး ပြန်လွှတ်လို့က်တယ်။ ဒါပေမယ့် မသက်သာဘူး။ ရှက်တာနဲ့ ဆက်မပြဖြစ်တော့ဘူး အခုအချိန်ထိရောင်နေတယ် အသက်နဲ့ဝေးတယ် ဆိုပေမယ့် နေရထိုင်ရတာ တော်တော်ခက်တယ်။ ဟိုစိတ် နည်းနည်းလေး လာလိုက်တာနဲ့ အောင့်တော့တာပဲ။ ဆီးစပ်တွေလည်း အောင့်တယ်။ ဝှေးစေ့နှစ်လုံးလည်း အောင့်တယ်။ ကျွန်တော် ဘယ်ဆေးမှီဝဲသင့်သလည်း၊ ဘယ်လိုနေထိုင်သင့်သလည်း၊ ဘယ်အစား အစာတွေ စားသင့်သလည်း ဖြေကြားပေးစေလိုပါတယ်ဆရာ။။
ဘာမှ စိတ်မပူးပါနဲ့။ မမြင်ရ မစမ်းရဘဲ ရေးပြတာဖတ်တာနဲ့ (မာစတာဘေးရှင်း) ကြောင့်မဟုတ်သလို အူကျတာလို့လဲ မထင်သေးပါ။ ကျားအစိတုပ်ကွေးလဲ မဖြစ်နိုင်ပါ။ အများဆုံးဖြစ်နိုင်တာက ကျားအကြော + အစေ့ရောင်ခြင်း ဖြစ်မယ်လို့ ဆရာထင်တယ်။ အူကျတာက မနာဘူး ကြာလေ ကျလေဖြစ်မယ်။ လှဲလိုက်၊ အိပ်လိုက်ရင် အထဲပြန်ဝင်မယ်။ နောက် ဒုတိယဖြစ်နိုင်တာက သွေးကြောထုံးတာ။ ဒါပေမဲ့ မနာဘူး။ ရှာပါးတာတခုက အကြောလိမ်တာ။ ချက်ချင်းဖြစ် ချက်ချင်းကုရတာ။ ဆရာရေးထားတာဖတ်ပါ။ ဘာဖြစ်နိုင်လဲတွက်ဆပါ။ လိုသေးတာမေးပါ။
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း
Varicocele (ဗေရီကိုဆီးလ်)
Thu, Dec 20, 2012 at 6:46 PM
မိန်းမတွေဘ်ာအချိန်မှလိပ်စိတ်ကြွတတ်လဲ ဆရာ။
လိင်စိတ်ဆိုတာ ယောက်ျားတွေမှယုဖစ်သလိုဘဲ မိန်းမတွေမှာလဲ ဖြစ်ပါတယ်။ ဟော်မုန်းအဖြေအနေ။ စိကစားမှု၊ ဆွဲဆောင်မှု၊ ကိုယ့်စိတ်ကိုလွှတ်ထားမှုတွေကနေ ဖြစ်ပါတယ်။ ဆေးဝါး၊ အစားအသောက်တွေကနေလဲ သက်ရောက်နိုင်တယ်။
Fri, Dec 21, 2012 at 8:01 AM
Masturbation လုပ်တာများရင်ဘာဖြစ်တတ်လဲဆရာ။ ကျနော်က ခုမိန်းမယူခါနီးပြီ။ ကလေးချက်ချင်း ယူမှာပါ။ ကိုယ်စိတ်အကုန်ကောင်းမွန်တဲ့ ကလေး လိုချင်ပါတယ်။ သုက်ပိုးကောင်းမကောင်း Masturbation နဲ့ဆိုင်ပါသလား။ မလုပ်ဘဲအကြာကြီးသုက်တွေ သိမ်းထားတာကောင်းလား ဆရာ။ ကလေးအတွက်ပါ။ ယောက်ျားလေးလိုချင်ရင် ဘယ်လိုနေရပါသလဲ။ နည်းလမ်းရှိပါသလား။ ကျနော် အသက်က ၃၈ ပါ။ အမျိုးသမီးက ၂၉ ပါဆရာ။
Masturbation (မာစတာဘေးရှင်း)
http://dts-medicaleducation-adult.blogspot.in/2012/04/masturbation.html
Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adult.blogspot.in/2012/04/sperm-and-semen.html
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
Sperm comes from သုက်ရည် ဘယ်ကလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/06/sperm-comes-from.html
Sperm Count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html
Fri, Dec 21, 2012 at 1:47 PM
သမီးတော့ အဖြူထပ်ဆင်းနေပြန်ပြီ။ အဲဒါနဲ့ Fungicip ပဲထပ်ထဲ့နေတယ်ဆရာ။ အနံ့ လုံးဝမရှိဘူး။ ဝါနှစ်နှစ်တွေပဲ ဆင်းတယ်။ Fungicip မှာရော side Effect တွေရှိပါသလားဆရာ။ သမီးဆေးခန်း ထပ်ပြရမလား။
Fungicip ဆေးက ဖန်းဂတ်စ် ဆိုရင် ကောင်းသွားပါမယ်။ တခြားပိုးရှိနေရင် တခြားဆေးတွေလဲလိုမယ်။ စာထဲမှာ ဆေးတွေပါပြီးဖြစ်ပါတယ်။
Metronidazole နဲ့ Doxycline ဆေးတွေပါတွဲရတတ်တယ်။ ဆရာက အဝေကနေ ဆေးကုလိုတော့ ဆေးမညွှန်းလိုပါ။
Sat, Dec 22, 2012 at 6:57 AM
သမီးမှာရာသီမလာဘဲရက်ကျော်နေလို့ပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၉ ရက်နေ့က နောက်ဆုံးလာခဲ့ပါတယ်။ ရာသီရက်ပြီးခါနီးမှာ သမီးနဲ့အမျိုးသား ဆက်ဆံခဲ့မိတယ်။ သူကလည်း သုက်ကိုအပြင်စွန့်တယ်။ သမီးကလည်း ဆေးသောက်တယ်။ ဒါပေမဲ့ခုချိန်ထိ ရာသီမလာသေးလို့ စိုးရိမ်နေမိတာပါ။ သမီးတို့အခြေအနေနဲ့ ကိုယ်ဝန်ယူဖို့ မဖြစ်နိုင်သေးလို့ပါဆရာ။ ကူညီပါနော်။
ဆက်ဆံအပြီး သောက်တဲ့ဆေးနာမည်နဲ့ သောက်နည်း မသိရပါ။ ဘယ်လောက်အကြာမှာ သောက်ပါသလဲ။
သောက်တဲ့ဆေးကြောင့် မလာတာလဲ ဖြစ်နိုင်တယ်။ သေချာချင်ရင် ကိုယ်ဝန်အတွက် စစ်တဲ့ ဆီးစစ်နည်း လုပ်ပါ။ နောင်မှာ မဆိုကောင်းစကား မေးစရာများရှိရင် အသက် စတဲ့အချက်တွေ ပါသင့်ပါတယ်။
Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
Sat, Dec 22, 2012 at 12:23 PM
STD အကြောင်းသိချင်လို့ ရှင်းပြပေးစေချင်ပါတယ်။ ကျွန်မက အသက်၂၉ နှစ်ပါ။ အမျိုးသားက ၃၇ နှစ်ပါ။ ၁ လပိုင်း၊ ၉ ရက်၊ ၂ဝ၁၂ မှာ လက်ထပ်ပါတယ်။ ၁ လကြာ အတူနေပြီး အမျိုးသားက သူ့နေရပ်ကို ပြန် သွားပါတယ်။ အခုအမျိုးသားက ကျွန်မကို STD သွားစစ်ကြည့်လို့ ပြောပါတယ်။ သူ့မှာ STD ပိုးရှိလို့ ဆရာဝန်က ပိုးသတ်ဆေး (Dosyclycline) ၁၈ ရက်စာ သောက်ခိုင်းထားပါတယ်။ ဆီးကိုစစ်ပြီး ၃ရက်ကြာမှ ဆီးထဲမှာ အဲ့ဒီပိုးတွေ့တယ်လို့ ပြောပါတယ်။ ကျွန်မလဲ ဆေးခန်းသွားပြီး STD ပိုးရှိမရှိ ဆီးထဲက စစ်ပေးပါလို့ပြောတော့ ဆေးခန်းက ဆီးထဲကနေ စစ်ပေးတာမျိုးမရှိဘူး သွေးကနေပဲ စစ်ပေးတယ်လို့ပြော ပါတယ်။ သွေးဖောက်ပြီး ဆေးခန်းက (Retro Ab နဲ့ VDRL) နှစ်မျိုးစစ်ပေးပါတယ် Result ကတော့ Non reactive လို့ရေးထားပါတယ်။ ကျွန်မဆေးစစ်ပြီးတော့ အမျိုးသားကို အကြောင်းကြားပါတယ်။ အမျိုးသားက (Retro Ab နဲ့ VDRL) ကိုစစ်ခိုင်းတာမဟုတ်ဘူး ဆီးထဲကနေ STD ပိုးရှိမရှိ စစ်ခိုင်းတာလို့ ပြောတယ်။ ကျွန်မဘယ်ကိုသွားပြီး ဘယ်မှာစစ်ရမလဲ ဆိုတာမသိလို့ လမ်းညွှန်ပေးပါဆရာ။ အဲ့ဒီပိုးက ဘာကြောင့် ဖြစ်တာလဲဆိုတာကိုပါ ရှင်းပြပေးပါဆရာ။
STDs တွေက များတယ်။ သွေးကိုစစ်တာက မှန်ပါတယ်။ ဆီးစစ်ရင် တချို့တော့ တွေ့မယ် မတိကျဘူး။ တခြားပိုးနဲ့ အနည် (ပရိုတင်း)၊ ပြည်ဘဲတွေ့တယ်။ HIV ကို သွေးသာမကာ အရည်တခုခုကိုလဲ စစ်လို့ရတယ်။ VDRL ဆိုတာ Syphilis အတွက်ဖြစ်တယ်။ အမျိုးသမီးတွေကို ဆီးစစ်ရင် ယေဘုယျ ပိုးမျိုးရှိတတ်တာများတယ် STD မဟုတ်တာ ဆီးအောင့်စေတဲ့ပိုးဘဲ တွေ့တာများတယ်။
HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation.blogspot.com/2011/11/warning-over-hiv-home-test-kits.html
HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducation.blogspot.com/2011/11/hiv-tests_27.html
HIV Tests (2) အမေး-အဖြေ http://dts-medicaleducation.blogspot.com/2011/11/hiv-tests.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html
Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html
Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://dts-medicaleducation-adult.blogspot.in/2012/03/chlamydia-std.html
ဆရာပေးသော STDs နှင့်ပတ်သတ်သော Links များ Access Denied ဖြစ်ပြီး ဖတ်လို့မရပါ။ ဘယ်လိုဝင်ဖတ်လို့ ရနိုင်ပါသလဲ။
STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁)
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂)
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) တွေကို ပို့လိုက်ပါတယ်။
Sat, Dec 22, 2012 at 2:49 PM
အရင်တစ်နေ့က ဒေါက်တာကို ဆီးသွားရင်းအလွန်နာကာ ပြည်များထွက်နေသည့်ကိုမေး ထားတဲ့ တစ်ယောက်ပါ။ ဒေါက်ပေးတဲ့ဆေးတွေထဲက Doxycycline 100 mg /Antacid/Buscopan ကိုသောက်တာ (၅) ရက်ရှိပါပြီ ဆီးသွားရင်စပ်တာ နာတာ တော်တော်သက်သာပြီး ပျောက်သလောက်ဖြစ်နေပါပြီ သို့သော် ဆီးလမ်းကြောင်းမှ တစ်ခါတစ်လေ ပြည်အနည်းငယ် စိမ့်ထွက်နေပါသည် သောက်ရမည့်ဆေးကို လည်းပြောပြပေးပါ ခင်ဗျာ...
Online ကနေ ဆေးကုသလို မကုသင့်လို့ ဆေးကို တယောက်ချင်း မညွှန်းနိုင်ပါ။ စာတွေသာရေးပါတယ်။
Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်
Sat, Dec 22, 2012 at 6:57 AM
သမီးမှာရာသီမလာဘဲရက်ကျော်နေလို့ပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁၉ရက်နေ့ကနောက်ဆုံးလာခဲ့ပါတယ်။ရာသီရက်ပီးခါနီးမှာ သမီးနဲ့အမျိုးသား ဆက်ဆံခဲ့မိတယ်။ သူကလည်း သုက်ကိုအပြင်စွန့်တယ်။ သမီးကလည်း ဆေးသောက်တယ်။ ဒါပေမဲ့ ခုချိန်ထိ ရာသီမလာသေးလို့ စိုးရိမ်နေမိတာပါ။ သမီးတို့အခြေအနေနဲ့ ကိုယ်ဝန်ယူဖို့ မဖြစ်နိုင်သေးလို့ပါဆရာ။
ဆက်ဆံအပြီး သောက်တဲ့ဆေးနာမည်နဲ့ သောက်နည်း မသိရပါ။ ဘယ်လောက်အကြာမှာ သောက်ပါသလဲ။ သောက်တဲ့ဆေးကြောင့် မလာတာလဲ ဖြစ်နိုင်တယ်။ သေချာချင်ရင် ကိုယ်ဝန်အတွက် စစ်တဲ့ ဆီးစစ်နည်း လုပ်ပါ။ နောင်မှာ မဆိုကောင်းစကား မေးစရာများရှိရင် အသက် စတဲ့အချက်တွေ ပါသင့်ပါတယ်။
Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
အရင်က ecee2 သောက်ပါတယ်ဆရာ။ အဲဆေးသောက်ရင်ခေါင်းမူးလို့ သမီးအမျိုးသားဆေးပြောင်းဝယ်ပေးခဲ့တယ် နာမည်က 100cc လို့ဘဲ မှတ်မိတော့တယ်ဆရာ။ တစ်လုံးနဲတစ်လုံးကို ၅ နာရီခြား သမီးအသက်က ၂၄ ပါဆရာ။ အကယ်လို့ တားဆေးကြောင့်ဆိုရင် ဘယ်လိုလုပ်သင့်ပါသလဲရှင့်။ သမီးဒီရက်ပိုင်းမှာ penorit သောက်ဖြစ်ပါတယ်ဆရာ
ကိုယ်ဝန်မရှိတာ သေချာရင် ဘာမှ လုပ်စရာမလိုပါ။ Penorit ဆေးအကြောင်းရေးထားတာ ပို့ပါတယ်။ ကိုယ်ဝန်တားဆေး၊ တားနည်းတွေ သုံးတတ်အောင် ရေးထားတာတွေဖတ်ပါ၊ လိုက်နာပါ။ မဖြစ်မှ လိုက်ရှင်းရတာ မကောင်းပါ။
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ ဖတ်ပါ။
Sun, Dec 23, 2012 at 12:00 AM
ဆရာ ကျနော်ကအိမ်ထောင်သည်ပါ။ ကျနော်တို့ ဆက်ဆံတဲ့အခါမှာ ကြာကြာဆက်ဆံလို့ ရအောင် ဘယ်လိုလုပ်ရမလဲ ခင်ဗျာ တစ်ကယ်တမ်း ဆက်ဆံနိုင်တာ ၁ဝ မိနစ်မပြည့်ခင် ပြီးသွားပါတယ် ကျနော်ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။ ပြီးတော့ လိင်ဆန္ဒကလည်း တစ်ရက်ဆက်ဆံပြီးရင် သုံးလေးရက်နဲ့ စိတ်မပါဘူးဖြစ်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရအောင်ကူညီပေးပါ ခင်ဗျာ။
http://dts-medicaleducation-adult.blogspot.in/ ထဲမှာ မာတိကာထဲက လိုတာရှာဖတ်နိုင်ပါတယ်။ နည်းတွေ၊ ဆေးတွေပါတယ်။
Sun, Dec 23, 2012 at 12:36 AM
ကျွန်တော်က Foot Fetish သမားပါ။ လူမှန်းသိတတ်စကတည်းက မိမိကိုယ်မိမိ သတိထားမိချိန်မှာ ကျွန်တော်ဟာ ဆန့်ကျင်ဘက် မိန်းကလေးတွေရဲ့ ခြေထောက်ပိုင်းကို အရမ်းနှစ်သက်မက်မောပါတယ်။ မိန်းကလေးတွေရဲ့ ဖိနပ်တွေကိုလည်း ကြိုက်ပါတယ်။ ကြိုက်တယ်ဆိုတာ စီးချင်တာမဟုတ်ပါဘူး။ နမ်းချင်တာ။ ယက်ချင်တာပါ။ ကျွန်တော် မိန်းကလေး ဖိနပ်တွေကို မြင်ရင် ခိုးခိုးပြီး နမ်းပါတယ်။ ယက်ပါတယ်။ ကိုက်ပါတယ်။ ဒီလိုပဲ မိန်းကလေးတွေရဲ့ ခြေမလေးတွေ၊ ခြေချောင်းလေးတွေကို စုပ်ချင်ပါတယ်။ ခြေထောက်လေးတွေကို ယက်ပေးချင်ပါတယ်။ အဲဒီလို ဖြစ်တာမျိုးကို Foot slave လို့ နိုင်ငံခြား Porn site တွေမှာ တွေ့ဖူးပါတယ်။ အဲဒီအကြောင်းကိုလည်း ရှင်းပြပေးစေလိုပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံနဲ့ အနီးဆုံး ဘန်ကောက်မှာတော့ အဲဒါမျိုးအတွက် ဖျော်ဖြေခန်းတွေရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဘယ်မှာ ရနိုင်မလဲဆိုတာ သိချင်ပါတယ်။ ရှင်းပြပေးကြပါခင်ဗျာ။
Fetish ဖြစ်နေသူဟာ ကိုယ်လိုချင်တာ ဘယ်မှာ ရှာဘို့ကြိုးစားတာထက် ငါ သူများတွေနဲ့ မတူဘူး။ ပုံမှန်နဲ့ မတူဖြစ်နေတာ မသင့်ဘူး။ ဒါကိုသက်သာပျောက်ကင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာအတွက် ကြိုးစားသင့်ပါတယ်။ စိတ်အခြေခံဖြစ်လို့ နားလည်တတ်ကျွမ်းတဲ့ စိတ်အထူးကုဆရာဝန်နဲ့ ပြသ-ကုသမှုကို စနစ်တကျ လုပ်သင့်ပါတယ်။ စိတ်အထူကုဆီ သွားရတယ်ဆိုတာ အစဉ်အလာယူဆကြ ပြောကြသလို အရူးမို့သွားရတာ မဟုတ်ဘူးလို့ အမှန်အတိုင်း မြင်သင့်ကြပါပြီ။ လူတိုင်းဟာအရူးပါ ဆိုတာ မြန်မာဆိုရိုးမှန်တခု မဟုတ်ပါလား။ အမေရိကားမှာဆိုရင် စိတ်တိုတာနဲ့၊ စိတ်ဓါတ်ကျစရာလေး ကြုံတာနဲ့ သွားကြတယ်။ ခေတ်မီ ကုသနည်းတခုသာ ဖြစ်ပါတယ်။ မပျေညက်သေးခင်မျာ လွန်တာကျွံတာမဖြစ်အောင် သတိထားပါ။ သူများမသိအောင် ပစ္စည်းတခုခုရယူခြင်းဟာ ခိုးတာဘဲဖြစ်တယ်။ အထင်လွဲရာကနေ အမှုအခင်း ဖြစ်သွားတတ်တယ်။ ကာမပိုင်ဇနီးမယားဆိုရင် နားလည်မှုရမှာပါ။ တခြားမိန်းကလေးဆိုရင်တော့ ဘယ်နည်းနဲ့မှ မသင့်တော်တာ ကိုယ်တိုင်အသိဘဲ မဟုတ်လား။ ဒီလိုဖြစ်နေတာအတွက် ကိုယ့်ကိုယ်ကို သိပ်အပြစ်လို့တော့ မမြင်ဘဲ ကုစာဘို့အတွက် အာရုံထားသင့်ပါတယ်။
ယမုန်နာဆေးခန်း - အမေးအဖြေ (၁၀၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




