1. သမီးအသက်က ၂၅ နှစ်ပါ။ ရန်ကုန်မှာနေပါတယ်။
2. ကျွန်တော့်နာမည် ဦး (့) ပါ။
3. I already had D&C on November 21.
4. ကျွန်တော် အသက် ၃၂၊ အမည် (့)၊ ရန်ကုန်မှာနေပါတယ်။
5. ကျွန်တော့နာမည် (့) ပါ။ အရေးပေါ်ကိုယ်ဝန်တားသောက်ဆေးကို
6. ကျနော့်အမျိုးသမီးကလည်း အကယ်လို့ဘာမှမဝင်ခဲ့ဘဲနဲ့ဆိုရင်
7. ဆရာရှင့် ကျမ အသက် ၃၉ နှစ်ကျော်ပါရှင်
8. ဆရာရှင့် ဆရာ အကြံပေးမှုကို လက်ခံပါတယ်။
9. သုံးလခံတားဆေးကို မထိုးခင် တရက်ကနေလိုက်မိပါတယ်
10. ဆရာ ec-2 က တခြားဆေးတွေနဲ့ကော တွဲသောက်လို့ရပါသလား။
11. ဆရာ ec-2 ကိုသောက်ထားပြီး 2 နာရီအတွင်း ပြန်အန်ရင် ထပ်သောက်ရပါသလား။
12. သမီးနဲ့သမီးချစ်သူနဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က အတူနေခဲ့ကြတယ်။
13. ကိုယ်ဝန်တားဆေးနဲ့ပတ်သက်တဲ့ မရှင်းတာလေး သိချင်လို့ပါ။
14. လိင်ဆက်ဆံပြီး ဘယ်အချိန်လောက်ဆို
15. ကျနော် ကိုယ်ဝန်တားဆေးနဲ့ပတ်သက်တဲ့ မရှင်းတာလေး သိချင်လို့ပါ။
Thu, Dec 27, 2012 at 12:02 PM
ကျွန်တော် အသက် ၃၂၊ အမည် (့)၊ ရန်ကုန်မှာနေပါတယ်။ ကျွန်တော့် ကောင်မလေးနဲ့ ၁ လတစ်ခါ ဆက်ဆံဖြစ်ပါတယ်။
၁။ ဆက်ဆံပြီးတဲ့ နောက် ၂ ရက်လောက်ကြာရင် ကောင်မလေးက အဖြူတွေဆင်းပြီး ဆီးအောင့်တတ်ပါတယ်။ အဖြူဆင်းတာအရောင် အနံ့တော့မရှိပါဘူး။ ၁ ပါတ်လောက်နေရင်တော့ ပြန်ပျောက် သွားတတ် ပါတယ်။
၂။ ကျွန်တော့်မှာတော့ တစ်ခါတစ်လေ ပေါင်ခြံမှာ ၂ လ တစ်ခါ ၃ လတစ်ခါ ပြည်တည်နာပေါက်တတ်ပါတယ်။
၃။ ဝှေးဆေ့မှာ ဝက်ခြံလို အဖြူကြိတ်တွေပေါက်ဖူးပါတယ်။ နာတော့မနာပါဘူး။ မပေါက်တော့တာ ၅ လလောက်တော့ကြာပါပြီ။ ဆေးသွားစစ်ဖို့လိုပါသလား။ ဘယ်လိုပြောပြီးစစ်ရပါမလဲဆရာ။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
Wed, Dec 26, 2012 at 11:32 PM
ကျွန်တော့နာမည် (့) ပါ။ အရေးပေါ်ကိုယ်ဝန်တားသောက်ဆေးကို လိင်ဆက်ဆံပြီး တစ်ပတ်လောက်ကြာမှ တိုက်လို့ ရပါသလာ။ တစ်ပတ်လောက် ဆက်တိုက်လိင်ဆက်ဆံပြီး နောက်ဆုံးအကြိမ်မှာ အရေးပေါ်ကိုယ်ဝန်တား သောက်ဆေးကိုတိုက်လို့ ရပါသလားဆရာ။
၇၂ နာရီအတွင်းက စိတ်အချရဆုံးဖြစ်တယ်။
Wed, Dec 26, 2012 at 9:52 PM
ကျနော့်အမျိုးသမီးကလည်း အကယ်လို့ ဘာမှမဝင်ခဲ့ဘဲနဲ့ဆိုရင် ဆေးသောက်လိုက်တာ သားအိမ်မှာ သွားထိခိုက်မှာစိုးရိမ်သဗျ။ ဒီတော့ ၉၂%ထဲမှာပါဖို့ ဆုတောင်းရုံပေါ့ဗျာ။ ဆရာ့ရဲ့ သားအိမ်ထဲ ကောပါးတီ ထည့်နည်းတော့ မသိဘူးဗျ။ လွယ်ရင်တော့ ကာကွယ်တဲ့ အနေနဲ့ လုပ်ကြည့်ချင်ပါတယ်။ မကျွမ်းမကျင်နဲ့ ကိုယ်တိုင်သာလုပ်ရရင်တော့ မလုပ်တော့ပါဘူးဗျာ။ နောက် ၆ လလောက်နေမှ ကလေးယူဖို့အစီအစဉ်ဆွဲထားတော့ စောတုန်း အချိန်တားချင်ရုံ သက်သက်ပါ။ တနယ်စီလည်းဝေးနေတော့ အဆင်မပြေဘူးဆရာရေ့။
Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့် ပစ္စည်း
သားအိမ်ထဲမှာ Plastic (ပလပ်စတစ်) ဒါမှမဟုတ် Copper (ကောပါး) ကြေးနီ နဲ့ လုပ်ထားတဲ့ ပစ္စည်းငယ်လေးတခု ထည့်ထားပေးခြင်း ဖြစ်တယ်။ ကျားသုက်ပိုးဟာ မ-မျိုးဥနဲ့ ထိတွေ့ခြင်း မဖြစ်အောင် လုပ်ပေးတယ်။ ၉၉% ထိရောက်တယ်။ တာရှည် (၃-၅-၁ဝ နှစ်) ကာကွယ်နည်းလဲ ဖြစ်တယ်။
ကြေးနီဓါတ်ပါတဲ့ (IUD) အသစ်တွေက ပိုပြီး ထိရောက်တယ်။ တတ်ကြွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေက ထည့်ပေးရတယ်။ သားအိမ်ထဲကို ပစ္စည်းထည့်လိုက်ပြီး အောက်ခြေ ကြိုးစလေးနှစ်ခုကို တိုအောင်ဖြတ်ပေးမယ်။ (IUD) ရှိနေဆဲ ဖြစ်တာကို စစ်ဆေး ကြည့်နိုင်သည်။ ထည့်ပြီးတာနဲ့ အကျိုးသက်ရောက်တယ်။ ဟော်မုန်းမပါလို့ ဟောမုန်းဘေးထွက်ကျိုး မရှိပါ။ ၃ နှစ်ခံ၊ ၅ နှစ်ခံ၊ ၁ဝ နှစ်ခံ၊ ရှိတယ်။ ParaGard (Copper T), Mirena (LNG-IUS), Multiload CU375 နာမည် အမျိုးမျိုးရှိတယ်။ ရာသီများတတ်တယ်။ စစ်ဆေးနေသင့်သည်။ ထွက်ကျတာ၊ နေရာပြောင်းတာလည်း တခါတရံ ဖြစ်တတ်တယ်။
WHO Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်တဲ့နှုန်း တနှစ်တာ သုတေသန
• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမယ်။
• သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရမယ်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရမယ်။
• ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရမယ်။
• ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅% ကိုယ်ဝန်ရမယ်။
• နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမယ်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမယ်။
Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
• Birth Control shot ထိုးဆေး၊ = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%
Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
- Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
- Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
- Birth Control pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
- Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html
- Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
- Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
- Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
- Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
- Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html
Sun, Dec 23, 2012 at 12:37 AM
ဆရာရှင့် ကျမ အသက် ၃၉ နှစ်ကျော်ပါရှင်။ ကျမဧ။်ညာဘက်သားဥအိမ်တွင် သွေးလုံးတည်နေတာ ၄.၅ cm ရှိနေပါတယ်။ ဆီးစပ်နှင့်ခါးလည်း အရမ်းကိုက်ပါတယ်။ ခွဲစိပ်ရင်ကောင်းမလား ဆေးသောက်ရင်ကောင်းမလား ဆိုတာ ဆရာအကြံပေးပါလားရှင်။ ဆရာကိုတစ်ခါမှမမေးဘူးတဲ့အတွက် အမှားရှိရင် ခွင်လွှတ်ပေးပါ။
Ovarian cyst ဆိုတာ ဆေးနဲ့တော့ မပျောက်ပါ။ ကြီးလာနိုင်တယ်။ တဖက်တည်းဖြစ်တာ တော်ပါသေးတယ်။ ကင်ဆာ မဟုတ်တာလဲ ကံကောင်းတယ်။ သွေးဖြစ်နေရင် များလာတဲ့အခါ ဖိအား သက်ရောက် တာ၊ ပေါက်တာ ဖြစ်ချင်ဖြစ်လာတတ်တယ်။ ခွဲစိတ်ထုတ်ပြစ်တာက အပန်းမကြီးပါ။ အိမ်ထောင်ရေး၊ ကလေး အခြေအနေပေါ်မူတည်ပြီး အကျိတ်သပ်သပ်ကိုသာ ထုတ်တာနဲ့ မျိုးဥအိမ် တခုလုံး ထုတ်တာ ရွေးချယ်လေ့ ရှိပါတယ်။
(ဆောရီး)၊ (အီမေးလ်) လိပ်စာ အစစာလုံးက မတူလို့ အရှာရ ခက်ခဲ့တာဖြစ်တယ်။ အခုမေးတာမှာ ngenge. t43 လို့ပေါ်ပြီး နောက်တခုကြ t43 လို့သာမြင်ရလို့ ရှာမရာပါ။ (အိုဂျီ) က အကောင်းဆုံး အကြံပေး တာ ဖြစ်ပါမယ်။ အိမ်ထောင်ပြုလို့ ရောဂါပိုဆိုးမယ် မဟုတ်ပါ။ သား-သမီ ရဘို့တော့ ခက်နိုင်တယ်။ ဒါလဲ ရာနှုန်းပြည့် မရဘူးမဟုတ်ပါ။ ညာဘက်မှာသာဖြစ်ပြီး ဘယ်ဘက်က အကောင်းရှိနေရင် ဟော်မုန်း ထွက်တာ၊ မျိုးဥထွက်လာ လုပ်ပေးနေပါလိမ့်မယ်။ အိမ်ထောင်ပြုလို့ ပိုသက်သာလာတာလဲ ဖြစ်နိုင်ပါသေးတယ်။
Wed, Dec 26, 2012 at 9:01 AM
ဆရာရှင့် ဆရာ အကြံပေးမှုကို လက်ခံပါတယ်။ သမီးရဲ့ CA 125 သွေး result ကို ပို့ပေးလိုက်ပါတယ်။ သမီးရဲ့ OG ကတော့ မခွဲစိပ်နဲ့လို့ ပြောပါတယ်။ ၈ လပိုင်းကတည်းကစပြီး အောင့်တာ ultersound ရိုက်တော့ ဘာမှမတွေ့တော့ OG က Mervalon 3 month on ပါတယ်။ ဒီလ ၁၂ ပိုင်း နည်းနည်းပြန်အောင့တာနဲ့ ulersound ပြန်ရိုက်တာ အခုမှ သွေးလုံးရှိမှန်းသိတော့ အရမ်းကြောက်သွားပါတယ်ဆရာ။ ဒါကြောင့် ဆရာ့ဆီ အကြံတောင်းလိုက်တာပါ။
53.53 <=35 U/ ml High
အိမ်ထောင်ပြလို့ ရ၊ မရ သိချင်ပါတယ်ဆရာ။ နောက်ပြုသင့် မပြုသင့် သိချင်ပါတယ်။
အရင်မေးဘူတာ (မေးလ်) ၁ဝဝ အတွင်းမှာ ပြန်ရှာမရသေးပါ။ အရင်မေးတာကို ပြန်ပို့ပေးစေချင်ပါတယ်။
Tue, Dec 25, 2012 at 1:46 PM
သုံးလခံတားဆေးကို မထိုးခင် တ၇က်ကနေလိုက်မိပါတယ်။ အဲဒါကိုယ်ဝန်ရှိနိုင်ပါသလား esse2 သောက်ပြီး တာဆေးထိုးလို့ရပါသလား။
အတူနေတဲ့အချိန်မှာ မိန်းကလေးက ရာသီရက်ဘယ်လောက်မှာရောက်နေတာ သိမှ ကိုယ်ဝန်ရ-မရ ပြောနိုင်တယ်။ အရေးပေါ်တားဆေး သောက်ပြီး ထိုးလို့တော့ရပါတယ်။ ကောင်းတာက ရာသီလာ (သွေးဆင်းတာ) သိရမှ ထိုးသင့်တယ်။ ဒါတောင် ၃ လခံဆေးထိုးပြီး ၅-၇ ရက်အထိ စိတ်မချရသေးပါ။ အကာကွယ်သုံးသင့်တယ်။
Mon, Dec 24, 2012 at 8:11 PM
ဆရာ ec-2 က တခြားဆေးတွေနဲ့ကောတွဲသောက်လို့ရပါသလား။ ပြီးတော့ ခရီးက ပြန်ရောက်ရောက်ခြင်းကော
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Mon, Dec 24, 2012 at 6:01 PM
ဆရာ ec-2 ကိုသောက်ထားပြီး 2 နာရီအတွင်း ပြန်အန်ရင် ထပ်သောက်ရပါသလား။ သုတ်ဦးရည်ကကော ကိုယ်ဝန်ရနိုင်ပါသလား။ သုတ်ရည်က အပြင်မှာဘဲ ထုတ်လိုက်တာပါ။
ဆေးပြန်သောက်သင့်ပါတယ်။ သုက်ရည်မထွက်ခင် အချွဲရည်ထဲမှာ သုက်ပိုးမပါပါ။ သုက်ရည်ကို အပြင်မှာထုတ်တာကလဲ မရစေနိုင်ပါ။ ဒါပေမဲ့ ရာနှုန်းပြည့်တော့ ပြောမရပါ။ ၁၅-၂၈% ရနိုင်တာသိထားရတယ်။
Mon, Dec 24, 2012 at 2:35 PM
သမီးနဲ့ သမီးချစ်သူနဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က အတူနေခဲ့ကြတယ်။ ၁ ရက်နေ့ကနေပေါ့။ အခု သမီး ရာသီလာတဲ့ ရက်က ပုံမှန် ၁၃-၁၄ ရက်လောက်ဆိုလာတာ အခုမလာလို့ သမီးစိတ်ပူနေတယ်။ ဘယ်လိုလုပ်ရမလဲ။ သမီးကိုကူညီပေးပါနော်။
ကိုယ်ဝန်ရှိ-မရှိ၊ ဆီးစစ်ပါ။ ရှိရင် ဆရာဝန်ပြပါ။ ကျန်းမာရေးသုတ သိချင်ရင် ဒီထဲမှာ ရှာဖတ်ပါ။
http://dts-medicaleducation-adult.blogspot.in/
Mon, Dec 31, 2012 at 1:21 AM
ကိုယ်ဝန်တားဆေးနဲ့ပတ်သက်တဲ့ မရှင်းတာလေး သိချင်လို့ပါ။ ကျနော့် အမျိုးသမီးက ၂၈ လုံးပါ တားဆေးကိုသောက်ပါတယ် ကျနော်သိချင်တာက ဆေးကုန်သွားချိန်မှာ ရာသီမလာသေးရင် ဆေးကဒ် အသစ် ဆက်မသောက်ရင် စိတ်ချလို့ရပါသလား တကယ်လို့ ဆေးကဒ် အသစ်ဆက်သောက်ရမယ် ဆိုရင် ရာသီလာတဲ့အခါ နောက်ဆေးကဒ် အသစ်ကို ဘယ်ရက်မှာ ပြန်စသောက်ရပါသလဲ။
တားဆေး ၂၈ လုံးပါတာကို နေ့စဉ် တရက် ၁ လုံး၊ ဆက်တိုက် ရက်မပျက်ဘဲ သောက်ရင် နောက်ဆုံး အတန်းသောက်နေချိန်မှာ ရာသီလာမယ်။ ဆေးကပ်ကုန်လို့ မလာရင် တခုခုဆန်း စစ်ရမယ်။ ဆေး မသောက်ဘဲ မေ့ဘူးသလား။ ဆေးကပ် ရက်စွဲကောင်းပါ သလား။ ဆေးကပ်မသောက်ခင်က ရာသီမှန်ခဲ့သလား။ ပုံမှန်ဆိုရင် တကပ်ပြီး နောက်တကပ် ဆက်တိုက်သောက်ရပါတယ်။ ကိုယ်ဝန်အတွက် ဆီးစစ်ကြည့်နိုင်တယ်။ OG ပြနိုင်ပါတယ်။
Mon, Dec 31, 2012 at 10:57 AM
လိင်ဆက်ဆံပြီး ဘယ်အချိန်လောက်ဆို ကိုယ်ဝန်ရနိုင်ပါသလဲ။ ကိုယ်ဝန်ကို ဘယ်အချိန်လောက်စစ်ကြည့်လို့ရပါသလဲ။ တားဆေး များများ စားမိရင်ဘာဖြစ်နိုင်ပါသလဲ ဖြေပေးပါ ခင်ဗျာ။
တားဆေးက အမျိုးမျိုးရှိတယ်။ ဘယ်ဟာကိုမေးချင်တာလဲ။ ဆေတမျိုးတည်းအကြာကြီးသောက်တာကိုသိချင်တာလား။ တခိတည်းအများကြီးသောက်တာကိုလား။
Conception and Pregnancy သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/conception.html
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၀၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




