1. ပုံမှန်တားဆေးတွေက ရာသီစလာတဲ့ရက်မှာ စသောက်ရပြီးတော့
2. ကျွန်တော် အကူအညီလေးတောင်းချင်လို့ပါ။
3. ဆရာရှင့် ကျေးဇူးတင်မေးပို့အပြီး patch အကြောင်းမေးပို့ထားတာ
4. ကျွန်တော့မိန်းမ ပေါင်ရင်းမှာ အကျိတ်ရှိနေပါတယ်၊ ၂ ဖက်လုံးပါ။
5. ဆရာကျွန်တော်တုတ်အရန်မြန်နေပါတယ်ဆရာ
6. ကျွန်တော် ကောင်မလေးနဲ့ သူမ ရာသီလာပြီး ၂ ရက်အတွင်းမှာ
7. ဒေါက်တာခင်ဗျ ကျွန်တော်ပွင့်ပွင့်လင်းလင်း မေးပါရစေ။
8. I would like to request you to see the attachment.
9. ကျနော်နဲ့ ကောင်မလေးနဲ့ ဆက်ဆံခဲ့တာ တလကျော် ဒီဇင်ဘာလလယ်
10. ဆရာရှင့် သမီးရဲ့မေးခွန်းကို ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
11. ဆရာရှင့် သမီးကအသက်၂၄ ပါ။ ၂၇-၁၂-၂ဝ၁၂ မှာရာသီသွေးစဆင်းပါတယ်။
12. ဆရာ ကျွန်တော်ကအသက် ၃၁နှစ်ပါ ။
13. ဆရာရှင့် အချိန် ၁ လအတွင်းစစ်လို့ ရနိုင်ပါသလားဆရာ
14. သမီးအရမ်းကြောက်လို့ပါဆရာ။
15. သမီးတကယ်လို့ ပုံမှန်တားဆေး သောက်ချင်တယ်ဆိုရင်
Thu, Jan 10, 2013 at 8:29 PM
ပုံမှန်တားဆေးတွေက ရာသီစလာတဲ့ရက်မှာ စသောက်ရပြီးတော့ ဘယ်အချိန်ထိ သောက်သင့်တာပါလဲ ဆရာ။ သမီးက ရာသီလတိုင်း ပုံမှန်လာပေမဲ့ ရက်က မမှန်တက်သူဆိုတော့ ပုံမှန်တားဆေးသောက်ရင် ဘယ်လလောက်ထိ သောက်သင့်ပါသလဲ ဆရာ။ သမီး အမျိုးသားနဲ့ကလည်း တစ်လနှစ်ခါလောက်သာ တူတူနေဖြစ်တဲ့အတွက် ကွန်ဒုံးသုံးရင်ရော ကလေးမရနိုင်သေးအောင် ကာကွယ်နိုင်ပါသလဲ ဆရာ။ တားဆေးတွေက ဆိုးကျိုးရှိလို့ပါ။ သမီးအရေးပေါ်တားဆေး သောက်တာ ဘာဆိုးကျိုးမှမဖြစ်ပေမဲ့ ဆံပင်တွေကျွတ်လို့ပါဆရာ။ သမီးရဲ့ တားဆေးမေးခွန်းရော၊ ကွန်ဒုံးအကြောင်းလေးရော ဖြေပေးစေချင် ပါတယ် ဆရာ။ သမီးနားမလည်လို့ပါ။ ဆရာဆိုဒ်ထဲမှာ အမျိုးသမီးပြီးခြင်းဆိုတာတွေ ဖွင့်လို့မရပါဘူးဆရာ။
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Female Orgasm (1) အမျိုးသမီး ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-1.html
Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-2.html
Thu, Jan 10, 2013 at 7:23 PM
ကျွန်တော် အကူအညီလေးတောင်းချင်လို့ပါ။ ယောကျာ်းလေးရဲ့ လိမ်တံအရေးပြားရှည်နေတာ ဖြတ်ချင်ပါတယ်။ ဆေးခန်းတွေမှာ မိန်းကလေးတွေ အထိုင်များတော့ မပြောရဲဘူးဖြစ်နေပါတယ်။ ကုသပေးမဲ့ ဆရာဝန်ကြီးနဲ့ တိုက်ရိုက်တိုင်ပြင်ပြီး ကုချင်ပါတယ်။ ရန်ကုန်က ဆေးခန်း လိပ်စာလေးတွေများ သိခဲ့ရင် ညွှန်ကြားပေးပါ။
ဟုတ်တယ်ဗျာ။ ယောက်ျားလေးတွေလဲ ရှက်စရာရှိရင် ရှက်တတ်ကြတယ်။ ဆေးခန်း-ဆေးရုံတွေမှာတော့ သူနာပြုဆရာမတွေကတော့ ဧည့်ကြို မိန်းကလေးတွေထက် နားလည်မှုရော တတ်ကျွမ်းမှု ပါရှိပါတယ်။ အကြံတခုပေးနိုင်တာက ပြင်ပ ဆရာဝန်တဦးကနေ ခွဲစိတ်ဆရာဝန်ဆီ ထပ်ဆင့် လွဲစာယူလာနိုင်တယ်။ ဆေးစာထဲမှာ ရေးပေးပါလိမ့်မယ်။ နောက် အကြံတခုကတော့ ကိုယ်တိုင် စာရွက်ပေါ်မှာ ရေးသွာနိုင်တယ်။ Long foreskin လို့ရေးနိုင်ပါတယ်။ နောက်တချက်က ဒီလိုခွဲစိတ်ပြုပြင်တာကို သာမန်ခွဲစိတ်မှုသာဖြစ်လို့ အထူးကုမဟုတ်တဲ့ ဆရာဝန်တိုင်းကနေ ခွဲပေးနိုင်ပါတယ်။ ဆရာက မြန်မာပြည်ထဲမှာ နေရသေးတာ မဟုတ်လို့ နေရာလိပ်စာတွေ အကြံမပေးနိုင်ပါ။
Fri, Jan 11, 2013 at 4:08 AM
ဆရာရှင့် ကျေးဇူးတင်မေးပို့အပြီး patch အကြောင်းမေးပို့ထားတာ အမှားပြင်ချင်လို့နဲ့မေးခွန်းအချို့ ထပ်မေးချင်လို့ပါ။ ဆရာပြောတာမှန်ပါတယ်။ ကျွန်မပြောထားတာမှားသွားတယ်။ နိုင်ဝင်ဘာလ ရာသီကို၂၄ ရက်မှာစဖြစ်တော့ patch ကို ရာသီစလာပြီး (၅) ရက်မြောက်နေ့ဖြစ်တဲ့ ၂၈ ရက်နေ့မှာ ပထမကပ်ခွာကို ကပ်ခဲ့ပါတယ်။ အစဉ်လိုက်ကပ်လာရင်း နောက်ဆုံးကပ်ခွာကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာခွာခဲ့တာပါ။ အဲလိုတစ်လဘဲ ကပ်ခွာသုံးပြီးနောက် ရာသီလာပြီး ကပ်လျက်လမှာ ကပ်ခွာရဲ့အာနိသင်ကျန်ပြီး အကျိုးသက်ရောက်မှု ရှိပါသေးသလားရှင်။ စိတ်ပူလို့လားတော့ မသိဘူး ဒီရက်ပိုင်းမှာအခုအချိန်အထိ ရင်ဘတ် နှစ်ဖက်လုံး (တစ်အုံလုံး) နာနေလို့ပါ (နာပုံကကပ်ခွာသုံးထားစဉ်အချိန်နာတာနဲ့ တစ်ပုံစံတည်းတူပါတယ်) ဒါပေမယ့် ကိုယ်ဝန်ရှိရင်လည်း ဘယ်အချိန်မှာ စနာတတ်တယ်မသိပေမယ့် ရင်ဘတ်နာတတ်တယ် ဖတ်ထားရလို့ပါ။
နောက်တစ်ခုက ကျွန်မဦးခေါင်းပါ။ ဦးခေါင်းထိပ် နေရာတွေက နည်းနည်းစီ ဖျင်းဖျင်း ဖျင်းဖျင်းနဲ့ တစ်ချက်တစ်ချက် နာတတ်ပါတယ်။ ကျွန်မခေါင်းထဲမှာ ရံဖန်ရံခါလည်း ဝက်ခြံပေါက်တတ် ပါတယ်။ အရင်တုန်းက အဲလိုနာတိုင်း ဝက်ခြံတွေ့တော့ ဝက်ခြံကြောင့် ဖြစ်တယ်ယူဆပြီး အေးဆေးနေခဲ့ပါတယ်။ ခုရက်ပိုင်းနာတာတော့ ဝက်ခြံမတွေ့ ရပါဘူး။ ကျွန်မ ကုန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က ဆံပင်ကို ဖြောင့်လိုက် ၃ ကြိမ်၊ ကောက်တာ ၁ ကြိမ် လုပ်ခဲ့ပါတယ်။ ဒီနိုင်ငံကိုရောက်တာ နှစ်နှစ်ခွဲရှိပါပြီ။ ရောက်ပြီး ၁ နှစ်အတောအတွင်းမှာ ဆံပင်စကျွတ်လို့ ပါးလာတာနဲ့ ခု အတိုဘဲ ညှပ်ထားပါတယ်။ ဒီနိုင်ငံရောက်ပြီးနောက်ပိုင်း မှာလည်း နောက်ကျော တစ်ပြင်လုံးနဲ့ ခန္ဓာကိုယ်အနှံမှာလည်း ဝက်ခြံ ပေါက်လာပါတယ်။ နောက်ကျောမှာ ပိုဆိုးပါတယ်။ ကျွန်မခေါင်းကို အကြံဥာဏ်ပေးလို့ရရင် ပေးပါရှင်။ ဒီလို ဝက်ခြံပေါက်တာကိုလည်း ဘာဆေးကောင်းများ မှီဝဲလို့ရနိုင် အဆင်ပြေရင် အဖြေပေးပါရှင်။ ဆရာလည်း စမ်းသပ်ကြည့်မရတော့ မေးရတာ အားနာလှပါတယ်။ အဆင်ပြေတယ်ဆိုမှပါရှင်။
ဝက်ခြံဟာ ဟော်မုန်းအပြောင်းအလဲနဲ့ အများကြီးဆိုင်တယ်။ မိန်းကလေးတွေမျာ ဟော်မုန်းဆိုတာက သဘာဝ ထွက်နေတယ်။ တလအတွင်းမျာလဲ အနည်း-အများပြောင်းနေတယ်။ တားဆေး (ဟော်မုန်းပါတာ) သုံးရင် ပိုပြီး အပြောင်းအလဲဖြစ်စေတယ်။ ဝက်ခြံကနေ ပိုးဝင်တတ်သေးတယ်။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။
• Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း http://dts-medicaleducation.blogspot.com/2011/06/laser-treatment-of-acne.html
• Acne ဝက်ခြံ ရောင်စုံ http://dts-medicaleducation.blogspot.com/2010/10/acne.html
Fri, Jan 11, 2013 at 4:31 PM
ကျွန်တော့မိန်းမ ပေါင်ရင်းမှာ အကျိတ်ရှိနေပါတယ်၊ ၂ ဖက်လုံးပါ။ ကျွန်တော်တို့ လက်မထပ်ခင်ထဲက ရှိနေတယ်လို့ ဇနီးကပြောပါတယ်။ ဆေးခန်းသွားပြတော့လဲ ဘာမှမဖြစ်ပါဘူးလို့ပြောပါတယ်။ အခုတလော လင်မယား ဆက်ဆံပြီး နောက်ရက်တွေမှာ အဲဒီအြိတိတ်ကနာတယ်ပြောပါတယ်။ ကျွန်တော့ဇနီးက စက်ချုပ်ပါတယ်။
ပေါင်ရင်း၊ ပေါင်ခြံမှာ လူတိုင်းလိုလို အကျိတ် ရှိလာတတ်ပါတယ်။ ချိုင်းမှာလဲ ရှိလာတတ်တယ်။ မေးစေ့အောက်၊ လည်ပင်း၊ နောက်စေ့မှာလဲ အဲလိုဘဲ။ ဒါတွေက သူနဲ့ဆိုင်တဲ့နေရာတွေမှာ ပိုးဝင်လို့ တက်စေ့ရောင်တာ ဖြစ်လာတာမျိုးက များတယ်။ ပိုးသေသွား၊ အနာပျောက်သွားလဲ အစေ့ရောင်တာက ကျန်နေနိုင်တယ်။ နာလာရင် ရင်းလာတာဖြစ်နိုင်တယ်။ အများအားဖြင့်က ဗက်တီးရီးယားကနေဖြစ်တယ်။ ဗက်တီးရီးယားကို ပိုးသေဆေးတွေက နိုင်တယ်။
အသေအချာ မစစ်ဘဲ ခန့်မှန်းချေနဲ့ ဆေးရွေးပေးတာက အများအားဖြင့် မှန်တယ်။ Ampicillin, Doxycycline, Ciprofloxin တွေကို အသုံးများတယ် ပိုးသေဆေးနဲ့ အတူ အနာသက်သာဆေး Paracetamol, Ibuprofen တခုခုနဲ့ တွဲသောက်ရမယ်။ ဆေးကို ပိုးကနိုင်ရင်တော့ ပြည်တည်လာနိုင်တယ်။ တီဘီ ပိုးနဲ့ လိင်ကတဆင့် ကူးစက်တာဆိုရင်တော့ ဆေးမတူဘူး။
Abscess ခူနာ ခေါ်သော ပြည်တည်နာ
Fri, Jan 11, 2013 at 5:03 PM
ဆရာ ကျွန်တော် တုတ်အရန်မြန်နေပါတယ် ဆရာ ဘယ်လိုမှာလည် လုပ်လိုမရဘူး အိမ်ထောင်ကျဒါလည် ၈နှစ်လောက်ရှိပါပြီး ဆရာ ကျွန်တော်အသက်က ၃၆နှစ် ထဲယောက်နေပါပြီး ဆရာ ကလေးလည် မရသေးပါဘူးဖြစ်နိုင်ရင် ကူညီးပါအုံ ဆရာ
မေးခွန်းက မရှင်းပါ။ သတ်ပုံမှန်မှန်နဲ့ ပြန်ရေးပေးပါ။
Fri, Jan 11, 2013 at 5:57 PM
ကျွန်တော် ကောင်မလေးနဲ့ သူမ ရာသီလာပြီး ၂ ရက်အတွင်းမှာဆက်ဆံခဲပါတယ်။ ၂ ခါ ဆက်ဆံခဲ့ပါတယ်။ စိတ်မချလို့ ecee2 ကို တိုက်ပါတယ။် ပြီးပြီးချင်းတစ်လုံး ၆ နာရီအကြာတစ်လုံး သောက်ပါတယ်။ အဲဆေးသောက်ပြီး ၅ရက်အကြာ ရာသီသွေးပြန်ဆင်းပါတယ်။ ပုံမှန် အတိုင်းဘဲ အနံ့အရောင်ပြောင်းလဲမှုမရှိပါဘူး။ ရာသီလာပြီး ၇ ရက်အတွင်း နောက်တစ်ကြိမ်ထပ်လာတာ အန္တာရာယ်ရှိပါလား။ လာခြင်းဟာ ecee2 ကြောင့်လား။ ဆက်ဆံတာကြောင့်လား။ ကိုယ်ဝန်ကြောင့်လားဆိုတာ သိချင်ပါတယ် ဆရာ။ ကျွန်တော်စိုးရိမ်လို့ပါ။
အရေးပေါ်တားဆေးကြောင့် ရာသီလာရက် ပြောင်းသွားမယ်။ အဲလို ထပ်ဆင်းတာလဲဖြစ်တတ်တယ်။ စိုးရိမ်စရာတော့ မဟုတ်ပါ။ သွေးဆင်းများရင် ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် သွေးအားကောင်းဘို့ သံဓါတ်ဆေးသောက်သင့်ပါတယ်။ အရေးပေါ်တားဆေး သောက်နည်း မမှန်ပါ။
Fri, Jan 11, 2013 at 10:22 PM
ဒေါက်တာခင်ဗျ ကျွန်တော် ပွင့်ပွင့်လင်းလင်းမေးပါရစေ။ ကျွန်တော့်ပြဿနာလေးကိုဖြေပေး ပါနော်။ ယောက်ျားလေးတွေ မှာဖြစ်တတ်တဲ့ပြသနာလေးပါ။ ကိုယ်တိုင်ပါဘဲ။ လိင်မှုကိစ္စမှာ တစ်ယောက်တည်း ကျူးလွန်ရင် ရောဂါဖြစ်နိုင်လား။ ကျွန်နော်ကအဲဒီကိစ္စကို လေးရက်တစ်ခါလောက်လုပ်ဖြစ်နေတယ်။ မလုပ်ဖို့ ကြိုးစားပေမဲ့ မရဘူးဆရာ ဆေးစွဲသလိုဆွဲနေတယ်။ မေးချင်တာကကြာလာရင်ဘာတွေဖြစ်လာနိုင်လဲ ဘယ်လိုရှောင်ရှားရမလဲ အရပ်မရှည်တော့ဘူးလား ကျန်းမာရေးနဲ့ညီညွတ်လား ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ။
Masturbation (မာစတာဘေးရှင်း)
Sat, Jan 12, 2013 at 5:50 AM
I would like to request you to see the attachment. This letter is my second time. I apologize you because I cannot type Myanmar language.
Andriol Testocaps
တက်စတိုစတီရုန်း ကျားဟော်မုန်းအစားထိုးပေးတာအတွက်သုံးတယ်။
ဘေးထွက်-ဆိုးကျိုး = ဝမ်းထဲမှာ အဆီပါမယ်၊ ဝမ်းအရောင်ပြောင်းမယ်၊ ပျို့-အန်ချင်၊ အရေပြားအနေရခက်၊ အနီပြင်ထွက်၊ အိပ်ရေးပျက်၊ စိုးရိမ်စိတ်ဖြစ်၊ မောပန်း၊ ခေါင်းကိုက်၊ စိတ်ဓါတ်ကျ၊ စိတ်ရှုတ်ထွေး ခေါင်းမူး၊ ကျားအင်္ဂါသန်မာ၊ လိင်ဆက်ဆံရာ တမျိုးဖြစ်၊ သုက်ပိုးဖြစ်ပေါ်မှုပြောင်း၊ ကိုလက်စထောတက်၊ျခြထောက်ရောင်၊ ရင်သားကြီး။
Magrilan = Fluoxetine
(SSRI) အမျိုးအား စိတ်မကျဆေးဖြစ်တယ်။
ဘေးထွက်-ဆိုးကျိုး = မတည့်သူ အလာဂျီရ၊ ပျို့-အန်၊ ခေါင်းကိုက်၊ ချွေးထွက်၊ လက်တုံ၊ နှလုံးခုန်မမှန်၊ တက်၊ အသက်ရှုမမှန်၊ ဝမ်းပျက်၊ အစာပျက်။ အာရုံစိုက်ရခက်၊ မှတ်ဥာဏ်ခက်၊ စိတ်ရှုတ်၊ သတိမေ့ချင်သလိုဖြစ်၊ အရေပြားအနီပြင်ထွက်၊ အိပ်ရေးပျက်၊ လိင်စိတ်နည်း၊ အာခေါင်ခြောက်။
ဆရာ့အမြင်ပြောရရင် စိတ်ပိုင်းပြုပြင်မှုကို စတနစ်တကျလုပ်သင့်တယ်။ ဟော်မုန်း နည်း-မနည်းကတော့ သွေးကိုစစ်မှ သိမယ်။ စိတ်ကိုပြုပြင်တာက အချိန်ယူတယ်။ ဖြစ်လာတုံးကလဲ မသိမသာဖြစ်နေတာ ကြာနေခဲ့လို့ဖြစ်တယ်။ ကုသမှုခံယူရင် သက်သာပျောက်ကင်းပါတယ်။ အခုလိုအချိန်မျိုးမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုး မချသင့်ပါ။ ဥပမာ သမားတော်ကပေးတဲ့ဆေးကို ဆရာဝန်ကို မတိုင်ပင်ဘဲ ဆေးဖြတ် မယ်၊ လျှော့မယ် စတာမျိုး။ လူမှုရေးဆုံးဖြတ်ချက်မျိုး။ (SSRI) အမျိုးအား စိတ်မကျဆေးမျိုးသုံးရပါမယ်။ တချို့အခြေအနေမှာ လိင်အရေးသက်ရောက်တာ မတူတတ်ဘူး။ ဆေးကြောင့် ပန်းညှိုးတာဖြစ်တတ်သလို ပန်းညှိုးတာ ကောင်စေတာလဲဖြစ်တယ်။
Sat, Jan 12, 2013 at 5:58 PM
ကျနော်နဲ့ ကောင်မလေးနဲ့ ဆက်ဆံခဲ့တာ တလကျော် ဒီဇင်ဘာ လလယ် ပတ်ဝန်းကျင်တုန်းကပါ။ ဒါပေမဲ့ ကျနော် အပြင်မှာပဲ သုတ်ကိုလွှတ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက် ဒီဇင်ဘာ ၂ဝ၁၂ က သူ ရာသီလာထားပေမဲ့ ခု ဇန်နဝါရီ ဒုတိယပါတ်အထိ မလာသေးပါဘူး။ ပထမပါတ်မှာ တစက် ၂ စက်လောက်ပဲလာပြီး အဖြူနဲနဲ ဆင်းတယ်ပြောပါတယ်။ ကိုယ်ဝန် ရနေမလားလို့ tester နဲ့ ဆီးစစ်ကြည့်တော့လည်း ၂ ကြိမ် တိတိ Negative ပဲပြပါတယ်။ ခုထိတော့ ရာသီမလာ သေးပါဘူး။ ဘာလုပ်သင့်လဲ ဘာ့ကြောင်.ဖြစ်နိုင်လဲ ဆိုတာလေး မျှဝေပေးပါဆရာ။ ကိုယ်ဝန် ရှိခဲ့မယ်ဆိုရင် လွယ်ကူစွာဘယ်လိုရှင်းလို့ ရနိုင်မယ် ဆိုတာလေး သိပါရစေဆရာ။ တမျိုးတော့ မထင်ပါနဲ့ဆရာ ကျနော်က အဝေးမှာ ရောက်နေတာဆိုတော့ ချက်ချင်းပြန်ပြီး လက်ထက်ဖို့ ဆိုတာမဖြစ်နိုင်သေးတာကြောင့် မေးထားရတာပါ။ ကျနော် အနေနဲ့ နောက်တနှစ်ကျော် လောက် မှ ပြန်လို့ရမဲ့ အခြေအနေမို့ နားလည်ပါဆရာ။
ဆီးစစ်ထားလို့ အနုတ်ပြရင် ကိုယ်ဝန်အတွက် စိုးရိမ်စရာမရှိပါ။ မိန်းကလေးက တခြားဘာဆေးသောက်သလဲ မသိပါ။ သူ့ရာသီကကော အရင်က မှန်သလား မသိပါ။ ကိုယ်ဝန်ကို တမင်တကာ ပျက်အောင် ဆရာက ဆေးမညွှန်းနိုင်ပါ။ လုပ်လဲမပေးပါ။ ဆေးစာတွေတော့ စုံအောင်ရေးထားတာရှိပါတယ်။
Sat, Jan 12, 2013 at 5:06 PM
ဆရာရှင့် သမီးရဲ့မေးခွန်းကို ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ။် သမီးက Ecee2 ကို ပထမတစ်လုံး သောက်အပြီး ၂၄ နာရီအကြာမှ သောက်မိတဲ့အတွက်ဆေး အာနိသင် ထိရောက်မှု ရှိနိုင်ပါ့ မလားဆရာ။ ဗဟုသုတအနေဖြင့် သိပါရစေ။ နောက်ပြီး သမီးက ရာသီသွေးပေါ်မယ့်ရက်ကို Ok ဆေးကဒ်စားပြီး သမီးဆင်းလိုတဲ့ ရက်ရောက်မှ ဆေးကို ရပ်လိုက်တာပါ။ သမီးသိချင်တာက ပုံမှန်မဟုတ်တဲ့ ရာသီသွေး ဆင်းပြီးခါစမှာလည်း အတူတူနေမယ်ဆိုရင် ကိုယ်ဝန်ရနိုင် မရနိုင်သိချင်ပါတယ်ဆရာ။ ဥပမာ သမီးက ပုံမှန် ၃ဝ ရက်နေ့ ရာသီလာနေကြ ဆိုပေမယ့် ၂၇ရက်နေ့မှာ လာစေချင်တယ် ဆိုရင် Ok ဆေးကဒ်ကိုရာသီမလာခင် ၂ ရက်ကြိုသောက်ပါတယ်။ အဲ့ဒီဆေး စသောက်တဲ့ရက်မှစပြီး နောက်လ ၂၆ ရက်နေ့မှ ဆေးကဒ်ကိုဖြတ် လိုက်ပါတယ် ၂၇ ရက်နေ့မှာ ရာသီစဆင်းပါတယ်။ အဲ့လို ပုံမှန်မဟုတ်တဲ့ ရာသီသွေး ဆင်းပြီးချိန်မှာ အတူတူနေမိရင်ရော ကိုယ်ဝန်ရနိုင်ပါသလားဆရာ။ သမီးကအဲ့လို ရက်ကျော်အောင် ဆေးသောက်ပြီး နေခဲ့မိလို့ပါ။ သမီးစာမှာအမှားပါရင်ခွင့်လွှတ်ပါဆရာ။
ရာသီရက်ကို ဟော်မုန်း ၂ မျိုးတွဲပါ၊ တနေ့ ၁ လုံး၊ တလ ၂၈ လုံးသောက်ရတဲ့ တားဆေးနဲ့ လုပ်လို့ရပါမယ်။ ပဌမသောက်ရတဲ့ ၂၁ လုံးကိုရပ်လိုက်ရင် သွေးဆင်းမယ်။ ရက်တိုဘို့သုံးကြတာထက် တလတခါ မဟုတ်ဘဲ၊ ၂ လ၊ ၃ လ တခါရာသီလာအောင် သုံးကြတာများတယ်။ တချို့ မိန်းကလေးတွေက ရာသီလာချိန်မှာ အနေရခက်လောက်အောင် ခံစားရတယ်။ စိတ်မူပြောင်းတာက အဆိုးဆုံး။ သူတို့ကို ၂၁ လုံးဆေးချည်း ၂ ကပ်၊ ၃ ကပ်ဆက်သောက်စေတယ်။
ရာသီဆင်းကာနီး ၃-၄-၅-၆-၇ ရက် နဲ့ ဆင်းတဲ့ရက်ကနေ နောက် ၄-၅-၆-၇ ရက်အတွင်း အတူနေပေမဲ့ ကိုယ်ဝန်မရတတ်ပါ။ ဒါပေမဲ့ % အနည်းအများရှိတယ်။ ပိုအရေးကြီး တာက ရာသီရက်ဆိုတာထက် မျိုးဥထွက်တာဖြစ်တယ်။ မျိုးဥနဲ့ ကျားသုက်ပိုးတွေ့ရင် ကိုယ်ဝန်ရမယ်။ ခန့်မှန်းချေ လလယ်ရက်မှာ မျိုးဥထွက်တယ်။ ဒါပေမဲ့ မတူာတွေရှိလို့ အပြောရခက်တယ်။ အရေးပေါ်တားဆေး ၂ လုံးတွဲကို ပဌမတ ကြိမ်နောက် ၁၂ နာရီမှာသောက်ရတယ်။ တခါတည်း ၂ လုံး သောက်သူလဲ ရှိတယ်။ အချိန်ကွာခြားရင် ကာကွယ်နိုင်စွမ်း % နည်းစေမယ်။
Sat, Jan 12, 2013 at 12:59 PM
ဆရာရှင့် သမီးကအသက်၂၄ ပါ။ ၂၇-၁၂-၂ဝ၁၂ မှာရာသီသွေးစဆင်းပါတယ်။ ရာသီသွေးဆင်းတဲ့ရက်ကို ၂၇ ရက်နေ့ လိုချင်လို့ သမီး ၁၁ လပိုင်းတည်းက Ok ဆေးကဒ်ကိုစားပြီးရက်ကျော်ခဲ့ပါတယ်။ သမီးက ရာသီဆင်းသည့်ရက် ၇ ရက်ခန့် ကြာပါတယ်။ သမီးမေးချင်တာက သမီးချစ်သူနဲ့ ၃.၁.၂ဝ၁၃ ညမှာအတူတူနေဖြစ်ခဲ့ပါတယ်။ သုတ်ကို အပြင်ကို စွန့်တဲ့နည်းကို သဲုးခဲ့ပါတယ်။ သမီး Ecee2 ကို ၄၈ နာရီကြာမှ ပထမတစ်လုံးကိုသောက်ခဲ့ပါတယ်။ နောက်တစ်လုံးကိုတော့ ၂၄ နာရီကြာမှ သောက်မိပါတယ်ဆရာ။ သမီး ကိုယ်ဝန်ရနိုင်မလား ဆရာ။ သုတ်ကို အပြင်မှာစွန့်တဲ့ နည်းအပြင် ဆေးပါသောက်ခဲ့ပေမယ့် ရာသီရက် အပြောင်းလဲကြောင့် ကိုယ်ဝန်ရမှာ ကြောက်မိပါတယ်။ သမီးက ရန်ကုန်ကပါ။
နည်းနည်းမရှင်းတာလေးတွေရှိတယ်။ ၂၇-၁၂-၁၂ ကနေ ရာသီလာပြီး ၇ ရက်ကြာတယ်ဆိုရင် ၂-၁-၁၃ အထိဖြစ်မယ်။ ၃-၁-၁၃ မှာ အတူနေတယ်ပေါ့။ သုက်ရည်လဲ အပြင်မှာထုတ်တယ်။ အရေးပေါ်တားဆေးလဲ ၄၈ နာရီအတွင်းမှာ ပဌမတလုံးကောက်တယ်။ ဒုတိယတလုံးက နောက်ထပ် ၂၄ နာရီကြာမှ သောက်တယ်။ ဟုတ်ပါသလား။ ပြောတဲ့အတိုင်းဆိုရင် ကိုယ်ဝန်မရလောက်ပါ။ ရက်ရှောင်နည်းရော သုက်ရည် အပြင် ထုတ်တာရောကြောင့်ဖြစ်တယ်။ အရေးပေါ် တားဆေးကို ဒုတိယတလုံးက ပဌမတလုံးနဲ့ ၁၂ နာရီသာခြာသင့်တယ်။ တားဆေးကြောင့် ရာသီရက်ပြောင်းပါမယ်။ တားဆေး-တားနည်းတွေကို သိချင်သေးရင် ဆရာ့ ဆိုက်မှ ရှာဖတ်နိုင်ပါတယ်။
Sat, Jan 12, 2013 at 12:03 PM
ဆရာ ကျွန်တော်ကအသက် ၃၁နှစ်ပါ။ ကျွန်တော်ဖြစ်တာက ခြေထောက် ကျင်တာပါ။ တရားပွဲ သွားထိုင်ရက် ကြာကြာ မထိုင်နိုင်ဘူး။ ၂ မိနစ် တခါလောက် ပြောင်းထိုင်ရတယ်။ နောက်ပြီး စက်ဘီးတို့ ဆိုင်ကယ်တို့စီးရင်လဲ ၁ဝ မိနစ် ၁၅ မိနစ် လောက် ဆိုရင် ဆီးခုံ တခုလုံးရော တင်ပါးတွေကော့ ထုံကျင်တယ်။ အဲဒါ ဘာကြောင့်ဖြစ်တာလဲ၊ စိုးရိမ်ရလားဆရာ။ လိင်တံလည်းကျင်တယ်ဆရာ။ ထိုင်ခုံမှာ ထိုင်ရင်လဲ အခန့်မသင့်ရင်ဖြစ်တယ်။ ဆရာဝန်ပြ သင့်သလား၊
ဆရာဝန်ပြသင့်ပါတယ်။ ထုံတာက အာရုံကြောနဲ့ဆိုင်တယ်။ ပြောတဲ့နေရာတွေဆီလာတဲ့ အာရုံကြောဟာ ခါးကနေစလာတယ်။ ခါးမှာ တခုခုဖြစ်နေလား စစ်သင့်တယ်။ ခါးကို အနေ-အထိုင်-အအိပ် ဂရုစိုက်ပေးပါ။ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပါ။ ထိုင်တာ၊ အလုပ်လုပ်တာ၊ လှဲတာ၊ အိပ်တာ အားလုံးကိုပြောတာဖြစ်တယ်။ ခေါင်းအုံး နိမ့်နိမ့်နဲ့သာအိပ်ပါ။ အထူးသဖြင့် ဆောင့်ကြောင့်ထိုင်တာ မကောင်းပါ။ မျက်နှာသစ်။ လက်ဆေးတာမှာလဲ ခါးကို နည်းနည်းကုန်းရတာကိုက မကောင်းလှဘူး။ ပက်လက်ကုလားထိုင် မသင့်ပါ။ မွေ့ယာမသင့်ပါ။ စပရင်ကုတင် မသင့်ပါ။ ဒီကြားထဲမှာ Paracetamol နဲ့ Neurobion ဆေး ၂ မျိုးကို တခါသောက် ၁ ပြားစီ၊ တနေ့ ၂ ကြိမ်သောက်နိုင်ပါတယ်။
Sat, Jan 12, 2013 at 8:18 PM
ဆရာရှင့် အချိန် ၁ လအတွင်းစစ်လို့ ရနိုင်ပါသလားဆရာ
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Sun, Jan 13, 2013 at 7:26 AM
သမီးအရမ်းကြောက်လို့ပါဆရာ။ သမီးကဒီလ 1.1.2013 မှာ ရာသီစလာပြီးတော့ 6.1.2013 မှာ အမျိုးသားနဲ့ အတူတူနေမိပါတယ်။ သမီးစိတ်မချလို့ 24 နာရီအတွင်း Ecee2 ကို 12 နာရီခြား တစ်လုံးစီသောက်ခဲ့ပါတယ်။ အဲံဒါ ဒီနေ့ 13.1.2013 မှာ ရာသီနောက်တစ်ကြိမ်ပြန်လာနေပါတယ်ဆရာ။ ဆေးတွေသောက်ရင်ရာသီရက်မမှန်ဖြစ်တက်ပေမဲ့ ဒီလောက်မြန်အောင်လာလို့ စိုးရိမ်နေပါတယ်ဆရာ။
မသောက်မဖြစ်သောက်ပြီးထားပြီမို့ သိပ်အစိုးရိမ်မကြီးပါနဲ့။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးခံစားရမယ်။ သွေးဆင်းများရင် သွေးအားနည်းမယ်။ ရာသီရက်ပြောင်းသွားမယ်။ နောင်မှာ ပုံမှန်တားဆေး-တားနည်းကို ကိုယ့်လိုအပ်ချက်နဲ့ ကိုယ်လက်လှမ်းမီတာ အသေအချာရွေးချယ်ပါ။ ကြိုတင်ကာကွယ်မှုဟာ အကောင်းဆိုးဆိုတာ ဒီလိုအရေးအရာမှာ သိပ်မှန်တယ်။
Sun, Jan 13, 2013 at 1:36 PM
သမီးတကယ်လို့ ပုံမှန်တားဆေး သောက်ချင်တယ်ဆိုရင် ဒီနေ့က ရာသီစလာသလိုဘဲဆိုတော့ ဒီနေ့ သောက်လို့ ရပါသလားဆရာ။ သမီးဒီလိုတစ်ပတ်လောက်ဘဲ ခြားပြီးရာသီပြန်လာတာက ဆေးရဲ့ ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါသလားဆရာ။ ကိုယ်ဝန်ကြောင့်ရော ဖြစ်နိုင်ချေရှိပါသလားဆရာ။
သွေးဆင်းတာက ဆေးကြောင့်ဖြစ်ဘို့များတယ်။ ဒီဆေးမျိုးက ကိုယ်ဝန်ကပျက်စေတာတော့ မဟုတ်ပါ။
တကယ်လို့ ကိုယ်ဝန်လဲမလိုချင်သေး၊ အတူနေဘို့လဲရှိတယ်ဆိုရင် ရာသီပုံမှန်လာသလိုမှတ်ယူပြီး သွေးဆင်းတဲ့နေ့ကစပြီး ပုံမှန်တားဆေး သောက်ရမယ်။ ဆေး ပဌမတပြားနောက် ၇ ရက်ရောက်မှသာ % ပြည့်ကာကွယ်မှုပေးတယ်။ တချို့ကလဲ သွေးဆင်းရပ်မှသောက်ကြတယ်။ % မပြည့်နိုင်ဘူး။ သွေးစဆင်းပြီးနောက် ၅-၆-၇ ရက်အထိကတော့ အတူနေလဲ အကာအကွယ်မပါတာတောင် ကိုယ်ဝန်မရဘို့ % များပါတယ်။ ဆေးသောက်တာနောက်ကျသွားရင် ဆေး ပဌမတလုံးသောက်ပြီး ၇ ရက်အတွင်းမှာ အတူနေချင်ရင် (ကွန်ဒွမ်) သုံးရမယ်။
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၁၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




