21
Jan

အမေးအဖြေ (၁၁၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. နားနဲ့မနာဖဝါးနဲ့နာပါ။
2. မိန်းကလေးတွေမှာ ရာသီမမှန်တာ ဖြစ်တတ်ပါသလားခင်ဗျ။
3. ကျွန်မ အသက်က 30 ပါ။
4. ကလေးပျက်တာ ၄ လလောက်ရှိပြီ။ ယခုချိန်ထိတခါတခါ ထိုးထိုးအောင့်နေတယ်။
5. ကျွန်တော့ အသက်(၂၇)ပါ။ မကြာမီအိမ်ထောင်ပြုဖို့ ရှိပါတယ်။
6. I’m 24 years old and 4 month married.
7. သမီးအသက် (၂ဝ) နှစ်ပါ။ သမီးနိုဝင်ဘာ (၁၄)မှာ ရာသီလာပါတယ်။
8. HIV ရှိမရှိသွေးစစ်တာ အဖြေက negative ထွက်တာနဲ့ non rectative ထွက်တာ ဘာကွာခြားပါသလဲ။
9. ကျွန်မရဲ့ သားအိမ်မှာ ovarian cyst ဖြစ်လို့
10. သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာများကိုသိပါရစေ။
11. ကျမ အသက် ၂၄ နှစ် လာမယ့် ၇ လပိုင်းမှာ ပြည့်မှာပါဆရာ။
12. I haven't taken an abortion pill but
13. အသက်က ၁၉ နှစ်ပါ။ ပျက်တုန်းကတော့ သားအိမ်ခြစ်ပါတယ်။
14. ကျွန်တော်က ကျောင်းသားတစ်ယောက်ပါခင်ဗျာ။
15. ကျွန်တော့် ကောင်မလေးက ဒီလ 1 ရက်နေ့က

Sun, Jan 13, 2013 at 8:41 PM
နားနဲ့ မနာဖဝါးနဲ့ နာပါ။ ကျွန်တော်က နယ်ရောက်နေတော့ အမျိုးသမီးနဲ့က တစ်လကို နှစ်ရက်လောက်ဘဲ အတူတူနေဖြစ် ပါတယ်။ အတူတူနေတဲ့အခါမှာလဲ တစ်ကြိမ်ကို နှစ်မိနစ်လောက် အကြာဆုံးဘဲ နေလို့ ရပါတယ်။ အချိန်အကြာကြီး နေချင်ပေမဲ့နေလို့ မရဘူး ဖြစ်နေပါတယ်။ ကျွန်တော့် အမျိုးသမီးလည်း စိတ်ကျေနပ်မှု မရမှာလည်း စိုးရိမ်မိပါတယ်။ ဆရာရေးထားတဲ့ သုတ်လွတ်စောခြင်း စတာတွေကိုလည်း ဖတ်ပါတယ်။ အကြာကြီးခံတဲ့ ဆေးတွေကိုလည်း မသောက်ချင်လို့ပါ။ ကျွန်တော် အချိန်ကြာကြာနေနိုင်အောင် ကျွန်တော့် အမျိုးသမီး စိတ်ကျေနပ်မှုရအောင် ဘယ်လိုနေပြီး ဘာကိုသောက်ရမလဲ ဆိုတာကို ကူညီပြီး အမြန်ဆုံးဖြေရှင်ပေးပါ။

လိင်ဆက်ဆံဘူးစ ယောက်ျားတွေမှာ သုက်လွှတ်မြန်တာ လူတိုင်း လိုလိုဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ တိုးတက်လာကြတယ်။ ဆေးမလိုဘဲ တိုးတက်လာတာဖြစ်ပါတယ်။ ဆရာရေးထားတဲ့ စာတွေထဲမှာလဲ နည်းယူစရာတွေ ပါထားလို့ ထပ်မရေးတော့ပါ။

Sun, Jan 13, 2013 at 7:59 PM
မိန်းကလေးတွေမှာ ရာသီမမှန်တာ ဖြစ်တတ်ပါသလားခင်ဗျ။ ကျွန်တော့် ချစ်သူ မလာတာ ပထမဆုံးအကြိမ်မို့လို့ စိတ်ပူနေလို့ပါ။ ရက်ကတော့ ၄ ရက်လောက်ရှိပါပြီ။ အဲ့တာ အစားအသောက်၊ အနေအထိုင် နဲ့ ဘာဆေးသောက်ဖို့လိုမလဲ ဆိုတာ အကြံတောင်းပါတယ်ခင်ဗျာ။

ဒီလောက်နဲ့ တိတိကျကျဖြေမရသေးပါ။ မိန်းကလေးတွေ ရာသီမမှန်ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ်။ ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ လိင်ဆက်ဆံရေး၊ တားဆေး စတာသောက်နေ-မနေ၊ ရာသီမမှန်တာ ဘယ်လောက်ကြာ၊ ဘယ်လိုဖြစ်။

ဟုတ် ဆောရီးဆရာ ကျန်ခဲ့လို့ခင်ဗျ။ အသက်ကတော့ ၁၉နှစ်ပါ။ အိမ်ထောင်မရှိ၊ လိင်ဆက်ဆံမှုမရှိ၊ တားဆေးမသောက်။ မမှန်တာကတော့ ဒီနေ့နဲ့ဆို ၅ရက်ပဲရှိပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတော့ရှိပါတယ်။

Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Mon, Jan 14, 2013 at 11:30 AM
ကျွန်မ အသက်က 30 ပါ။ တစ်နှစ်အရွယ် ကလေးတယောက် မိခင်ပါ။ အလုပ် တဖက်နဲ့မို့ ကလေးကို နို့ဖြတ်နေပါတယ်။ ဒီအတော့အတွင်းမှာ ကလေးကိုနို့မတိုက်တော့ နို့ကနာပါတယ်။ ကလေးနို့ဖြတ်တဲ့အခါ နို့ကို မညစ်ရဘူးဆိုတာ ဟုတ်ပါသလား။ brassier ကို တင်းတင်းဝတ်ဆိုလို့ ဝတ်တော့ လည်းနာပါတယ်။ ကျွန်မ နို့တင်းလာလို့ မနေနိုင်တော့ ညစ်ပါတယ်။ နာလည်းနာနေပါတယ်။ ရေနွေးကပ်ပါတယ်။ မသက်သာပါဘူး။ နို့ဖြတ်နေတာ သုံးရက်လောက်တော့ရှိပါပြီ။

နို့ဖြတ်ရင် နို့ရည်ဆက်ထွက်နေသေးမယ်။ တင်းပြီးနာမယ်။ မဆင်မသင့်ရင် နို့နာ-ပြည်တည်နာ ဖြစ်တတ်တယ်။ နို့ကို ခံနိုင်သလောက်တော့ ညှစ်ပါ။ ဆွသလိုမဟုတ်ရင် ရပါတယ်။ နာရင် အပူကပ်ပေးပါ Painkiller တခုခုလဲသောက်ပါ။ တကယ်နို့တမတိုက်တော့ရင် ဟော်မုန်း ၂ မျိုးပါ တားဆေး သောက်ရင် နို့နည်းစေတယ်။ နီရဲပြီး နို့နာဖြစ်ချင်သလို ဖြစ်လာရင် ပိုးသေဆေးလဲ အနာသက်သာဆေးနဲ့အတူ တွဲသောက်ပါ။

Mon, Jan 14, 2013 at 6:30 PM
ကလေးပျက်တာ ၄ လလောက်ရှိပြီ။ ယခုချိန်ထိတခါတခါ ထိုးထိုးအောင့်နေတယ်။ အခုရက်ပိုင်း ညနေတိုင်း အောင့်အောင့်နေလို့ ဖြေကြားပေးပါခင်ဗျာ။

ဖြစ်တဲ့သူရဲ့ အသက်၊ မွေးဖွါး ရာဇဝင်၊ ကျန်းမာရေး ရာဇဝင်၊ ကိုယ်ဝန်ပျက်တာအတွက် ဘာလုပ်ထား၊ ဥပမာ သားအိမ်ခြစ်၊ ပျက်ဆေးသောက်။ ဆရာဝန်ပြထား-မထား သိလိုပါသည်.။

Mon, Jan 14, 2013 at 3:05 PM
ကျွန်တော့ အသက်(၂၇)ပါ။ မကြာမီ အိမ်ထောင်ပြုဖို့ ရှိပါတယ်။ အခုကျွန်တော် ဝှေးဆန်တစ်လုံးရောင်ပြီး နာနေပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိပါ။ ယုတ်တရက်ထဖြစ်တာဆိုတော့ ဘယ်လို လုပ်ရမလဲ မသိဖြစ်နေတယ်။ အမျိုသမိးကလွဲပြီး လိင်ကိစ္စရှင်းပါသည်။ ယခု under wear အမြဲဝတ်ထားရပါသည်။ မဝတ်တဲ့ အချိန်ဆိုပိုရောင်ပြီး နာလာတယ်။ ဖြစ်တာနှစ်ပါတ်ခန့် ကြာပါပြီ။ အဆန်က ဒညင်းသီး ပုံစံ အကြိတ်ပုံစံ မာနေပါတယ်။ ဆေးသောက်ရုံ နဲ့ပြောက်နိုင်ပါသလား။ ဆေးရုံ ဆေးခန်းပြသင့်ပါသလား။ ဆေးခန်းပြရမှာ အခက်တွေ့နေသည့်အတွက် ဘာဆေးသောက်ရမလဲ၊ ဘာလုပ်သင့်သလဲဆရာ။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Mon, Jan 14, 2013 at 1:58 PM
I’m 24 years old and 4 month married. I didn't know that i have Hepatitis B until i m pregnant. As you know, medicine for Hepatitis B is a little expensive for people like us. We were just started a life together. We don't really have enough money to cure my disease and born a baby. We don't have a choice. So I decided to take an abortion pill. My husband brought an abortion pill from a clinic. (We live in Myanmar) They told me that I have to wait until 5 weeks pregnant. Because the babe is not in the uterus until 5 weeks. All I want to know is...can i take that pill at 5 weeks pregnant? I don't know the name of pill coz it's made in Taiwan and written in Chinese. But i took the photo of that pill. I send it to you with attachment. Please response my letter if you have time, sir.

I also can't read Chinese. Medical abortion can be done at any time.
ဆေးပေးနည်း အမျိုးမျိုး -
1. အမေရိကန် FDA က အသိအမှတ် ပြုထားတာကတော့ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone (Mifeprex) 600mg ကို စသောက်ရပြီး၊ Misoprostol 400µg ကို ၂ ရက်အကြာမှာ သောက်ရတယ်။
2. ပြင်သစ်မှာ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone (Mifegyne) 600mg စသောက်ခိုင်းပြီး၊ ၃၆-၄၈ နာရီ အကြာမှာ Misoprostol 400µg ကို ပါးစပ်က ဒါမှမဟုတ် Gemeprost 1mg ကို (ဗဂျိုင်းနား) ထဲ ထည့်ခိုင်းတယ်။
3. တခြားနိုင်ငံတွေ (ဗြိတိန် နဲ့ ဆွီဒင်) မှာ ၆၃ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 200 mg ကို ပဌမ အသောက်ခိုင်းပြီး၊ ၂ ရက် အကြာမှာ Misoprostol 400µg ပါးစပ်က၊ ဒါမှမဟုတ် 800µg ကို (ဗဂျိုင်းနား) ထဲ ထည့်ခိုင်းတယ်။

Do you know how to take those tablets?

Mon, Jan 14, 2013 at 8:52 PM
သမီးအသက် (၂ဝ) နှစ်ပါ။ သမီးနိုဝင်ဘာ (၁၄)မှာ ရာသီလာပါတယ်။ နိုဝင်ဘာ (28) မှာသမီးချစ်သူနဲ့ အတူနေခဲ့ပါတယ်။ ပြီးတော့ Ecee2 ကို အဲ့နေ့ညနေ (၅) နာရီမှာသောက်လိုက်ပါတယ်။ ပြီးတော့ အဲ့နေ့ည (၁၁) နာရီမှာပဲ ဒုတိယတစ်လုံးကို သောက်လိုက်ပါတယ်။ ဒီဇင်ဘာ (၆) နဲ့ (၇)ရက်များမှာ သမီးလာနေကျမဟုတ်ပဲနဲ့ ရာသီသွေးအနည်းငယ်လာပါတယ်။ ဒီဇင်ဘာ (၉) ရက်နေ့မှာ အတူနေမိလို့ စိတ်မချတာနဲ့ Ecee2 ကိုပဲ အဲ့နေ့မှာသောက်ပါတယ်။ ဒီဇင်ဘာ (၁၇)နဲ့ (၁ဂ)များမှာလည်း ရာသီသွေးနည်းနည်းလာပါတယ်။ လာတာနည်းလို့ လစဉ်သုံးပစ္စည်းတောင် သုံးစရာမလိုပါဘူး။ နောက်ထပ်လဲ မလာတော့ပါဘူး။ ဒါပေမဲ့ ဒီဇင်ဘာ(၁၇)နဲ့ (၁ဂ)ရက်များမှာ အလုပ်ကိစ္စနဲ့ သမီးအလွန်အေးတဲ့ ဒေသတစ်ခုကို ရောက်နေပါတယ်။ ဇန်နဝါရီ (၄) ရက်မှာလဲ သမီးတို့အတူနေလို့ Ecee2 ကိုပဲ အဲ့နေ့မှာသောက်ပါတယ်။ အခုသမီးမေးချင်တာက သမီးရာသီမလာနေလို့ပါ။ အဲ့ဒါသမီးကိုယ်ဝန်များ ရှိနေတာလားရှင့်။

သေချာချင်ရင်တော့ ဆီးစစ်ပါ။ အရေးပေါ်တာနည်း၊ ပုံမှန် တားနည်း-တားဆေးတွေအကြောင်း ဆရာရေးထားတာ အများကြီးရှိတယ်။ ဖတ်ပါ၊ လိုက်နာပါ။
http://dts-medicaleducation-adult.blogspot.in/ကျန်းမာ-ချမ်းသာပါစေ

Mon, Jan 14, 2013 at 9:30 PM
ဆရာ hiv ရှိမရှိသွေးစစ်တာ အဖြေက negative ထွက်တာနဲ့ non rectative ထွက်တာဘာကွာခြားပါသလဲ။ အတူတူပါပဲလား။

အတူတူပါဘဲ။
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html

Wed, Jan 16, 2013 at 9:08 AM
ကျွန်မရဲ့ သားအိမ်မှာ ovarian cyst ဖြစ်လို့ လွန်ခဲ့တဲ့ ၂ လလောက်က ခွဲစိတ်မှုပြုပြီးပါပြီ။ ခွဲစိတ်ပြီး ၂ လ အကြာအခု ကျမ ခွဲထားတဲ့ နေရာ ပတ်ပတ်လည်မှာ နာကျင်တဲ့ ဝေဒနာကို ခံစားရပါတယ်။ ကျမ အစာကိုလည်း နည်းနည်းချင်း စားပေးပါတယ်။ အခု ကျမရဲ့ ဗယ်ဘက် နံရိုးအလယ် နားမှာ တခုခုလိမ်နေသလို ခံစားရပါတယ်။ မကြာမကြာဆိုသလို ခေါင်းလည်းမူးပါတယ်။ ကျမ ဘယ်လိုနေလို့ နေရမှန်းတောင် မသိတော့ပါဘူး။ ပြီးတော့ ကျမ အင်္ဂါမှအရေကြည်တွေ ဆင်းနေပါတယ်။ အဲ့ဒီ့ဝေဒနာကို သက်သာအောင် ဘယ်လိုများ ကုသရမလဲဆိုတာ အကြံတချက် ပေးကြည့်စေချင်ပါတယ်ရှင့်။

ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ သားသမီး၊ ရာသီ၊ ခွဲစိတ်တာက ဘယ်လိုမျိုး ဆေးရုံ-ဆရာဝန်နဲ့။ ခွဲတာက မေ့ဆေးလား၊ ခါးထုံဆေးလား။ အရည်ဆင်းတာ ဘယ်လောက်ကြာ၊ ယား-မယား၊ အနံ့ရှိ-မရှိ။

ကျွန်မ အသက်ကတော့ ၂၇ နှစ်ပါဆရာ။ အခုအိမ်ထောင်ပြုတာ ၁ နှစ်ဝန်းကျင်ပဲရှိပါသေးတယ်။ သားသမီးမရှိပါဘူးရှင့်။ ကျွန်မက အခု (့) မှာနေနေပါတယ်။ ခွဲစိတ်တာလည်း (့) က ဆေးရုံမှာပါပဲ။ ခွဲစိတ်တာကတော့ မေ့ဆေးထိုးပြီး ခွဲစိတ်တာပါ။ ခွဲစိတ်ပြီး မကြာဝမ်းဗိုက်အထဲက နာလာတာပါ။ အစာကိုလည်း နည်းနည်းချင်းစားပေမယ့် ဝမ်းဗိုက်က တောင့်တင်းလာတတ်ပါတယ်။ ဆိုးတာက ဗယ်ဘက် နံရိုးကြားထဲမှာ တခုခု ညှပ်နေသလိုခံစားရတာပါပဲဆရာ။ ကျွန်မက စိုးရိမ်လို့ ဓာတ်မှန်ရိုက်ကြည့်ပေမယ်။ ဘာမှ မပေါ်ဘူးလို့ပြောပါတယ်။ အဖြူရည်ဆင်းတာတော့ နဲနဲကြာပါပြီရှင့်။ မယားပါဘူး။ အနံ့လည်းမရှိပါဘူးရှင့် ဒါပေမဲ့ ကျွန်မဝေဒနာကို ခံစားနေရပါတယ်ရှင့်။ လိုလိုမယ်မယ် သူတို့ ကျွန်မကိုပေးတဲ့ ဆေးအမျိုးတွေ ရေးပေးပါ့မယ်ရှင့်။

ဗိုက်ကိုခွဲစိတ်ရသူတိုင်းဟာ ဘာအတွက် ခွဲရတာဖြစ်ဖြစ် နောက်ဆက်တွဲဖြစ်တတ်တာတွေ ရှိနိုင်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ အများအားဖြင့် အခဲကအင်္ဂွအစိတ်အပိုင်းလေးတေါ တခုနဲ့တခု တွယ်ဆက်တာ မျိုးဖြစ်တတ်တယ်။ ကြာတော့ အရွတ်ပိုလိုဖြစ်မယ်။ သူ့ကနေ အစာလမ်းကြောင်း (အူသိမ်၊ အူမြှေး) ကို အနှောင့်အယှက်ပေးသလို တခါတခါ ဖြစ်တတ်တယ်။ ဖြစ်ရင် ဗိုက်ာတာ၊ ဝမ်းမမှန်တာ၊ ဗိုက်တင်းတာ၊ အန်တာ ဖြစ်နိုင်တယ်။ ဒါမျိုးက အာလ်ထွာဆောင်းမှာ တခါတလေ မပေါ်ဘူး။

နောက်ဖြစ်နိုင်တာတခုက သားအိမ်ဝန်းကျင်မှာ ရောင်နေတာ။ အဖြူဆင်းတာနဲ့တွဲနေလို့ ဒီအချက်ကို စဉ်းစားရတာ ဖြစ်တယ်။ ပိုးသေဆေး နဲ့ အနာသက်သာဆေး ၂ မျိုးတွဲသောက်တာနဲ့ ပျောက်ပါတယ်။ များသောအားဖြင့် (ခွဲစိတ်ပေးတဲ့ ဆရာဝန်ကို မပြနိုင်သေးရင်) Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် + Ibuprofen/Diclofenic/Paracetamol တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ရတယ်။ ၅-ရ ရက်ထက်မပိုလောက်ပါ။ လိုလိုမယ်မယ် ဆေးကလဲရှာရလွယ်၊ ဈေးလဲမကြီးတဲ့ Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-ရ ရက်ကိုပါ တွဲသောက်နိုင်တယ်။

Wed, Jan 16, 2013 at 10:30 AM
သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာများကိုသိပါရစေ။

Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်

Wed, Jan 16, 2013 at 9:11 AM
ကျမ အသက် ၂၄ နှစ် လာမယ့် ၇ လပိုင်းမှာ ပြည့်မှာပါဆရာ။ အိမ်ထောင်ကျတာတော့ခြောက်လကျော်ပါပြီ။ အိမ်ထောင်မကျခင်လေးလလောက်အလို ကျမ ကိုယ်ဖျက်ဖူးပါတယ်။ လေးပတ်လောက်ရှိနေတဲ့ ကိုယ်ဝန်ကို ဆေးသောက်ပြီးဖျက်လိုက်တာပါ။ ဘာဆေးလဲတော့ကျမလည်းသေချာမသိဘူး။ တရုပ်စာတွေနဲ့ပါ။ အခုတစ်ခေါက်လည်း ကျမ အဲ့ဒီဆေးပဲထပ်သုံးပါတယ်။ ကိုယ်ဝန်ကတော့ ငါးပတ်လောက်ရှိနေပါပြီ။ ဒါပေမယ် ကလေးလျောပြီး တရက် နှစ်ရက်လောက်ကြာတော့ မခံနိုင်အောင် ကိုက်ခဲနေပါတယ်။ ဖျားချင်သလိုလည်းဖြစ်ပြီး ဆင်းတာကလည်း အနံ့ တော်တော်ဆိုးပါတယ်။ ဆရာ့စာအရဆိုရင် septic abortion ပိုးဝင်တာကြောင့်လို့ထင်ပါတယ်။ သားလျောပြီး နောက်တရက်မှာ သက်သာနေပေမယ့် နောက်တရက်မှာတော့နာကျင်နေတော့တာပဲ။ အဲ့နေ့က အရေးကြီးကိစ္စကြောင့်အပြင်သွားလိုက်ပါသေးတယ်။ လှုပ်ရှားတာ များလို့ နာကျင်တယ်ပဲထင်ခဲ့ပါတယ်။ ဒါပေမယ့် အခု ဆို သုံးရက်ရှိပါပြီ။ ကိုက်ခဲတာမသက်သာပါဘူး။ အနံ့အသက်လည်း ပိုဆိုးလာပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်ရင် သက်သာပေမယ့် နာရီပိုင်းလောက်ပါပဲဆရာ။ ကူညီပါဦး ဘာဆေးသောက်သင့်လဲ ဘာတွေလုပ်သင့်လဲဆိုတာ ဖြစ်နိုင်ရင် အမြန်ဆုံးစာပြန်ပေးပါဆရာ။

Septic Abortion ပိုးဝင်ပြီး ကိုယ်ဝန်ပျက်တာကိုစဉ်းစားတာ မှန်ပါတယ်။ ဆေးကုသနည်းကို တိတိကျကျပြောရရင် ဒီလိုမျိုးပိုးဝင်တာမှန်ရင် အရေးတကြီး၊ အရေးပေါ် မီးယပ်ရောဂါလို့ သဘောထားပြီး ကုသရတယ်။
လူနာရဲ့ အထွေထွေကျန်းမာရေးအခြေအနေကိုစစ်မယ်၊ လိုတာဖြည့်-ပြင်ပေးမယ်။ ဆေရုံတင်ကုသမယ်။ သွေးသွင်းဘို့ လိုရင် သွင်းမယ်။ ဒရစ်ပ်သွင်းစရာလိုရင်သွင်းမယ်။ ပိုးကို ထိရောက်တဲ့ ပိုးဆေး ၃ မျိုးတွဲ ပေးတယ်။ အစပိုင်း ၂၄-၄၈ နာရီ အတွင်း သွေးကြောထဲသွင်းပြီး နောက်မှာ သောက်ဆေးတွေပေးမယ်။ ပိုးသေဆေး စပေးပြီး ၂၄ နာရီအတွင်းမှာ D and C သားအိမ်ထဲကျန်နေနိုင်တာတွေကို မေ့ဆေး + အနာသက်သာဆေး + အန်တာသက်သာဆေးတွေပေးပြီး သတိနဲ့ ထုတ်ယူပေးမယ်။ သတိဆိုတာ ရောင်နေတဲ့သားအိမ်ဟာ ဒီလိုအချိန်မျာ ကရိယာတွေနဲ့ ထိရင် ပေါက်မှာ စိုးလို့ဖြစ်တယ်။
အကာကွယ်ဆေးတွေလဲ ထိုးမယ်။ ဥပမာ မေးခိုင်ကာကွယ်ဆေး၊

မေးတဲ့သူမှာ နာနေတာက ဆင်းစရာကျန်နေတာလဲ ဖြစ်နိုင်တယ်။ ဆင်းစရာကုန်မှသာ သက်သာမယ်။ သွေးဖိအား၊ ကိုယ်အပူချိန် ကောင်းနေရင် စိုးရိမ်စရာ မရှိသေးပါ။ ဆင်းအောင်စောင့်နိုင်ပါတယ်။ တချို့ ဆေးသုံးပြီးဖျက်တဲ့ဆေးမှာ ပျက်စေတဲ့ဆေးနဲ့ ဆင်းစေတဲ့ဆေး တွဲထားတယ်။ ဆရာ့စာကိုဖတ်ပြီးရင် စိတ်အေးလက်လေး ဆုံးဖြတ်ပါ။ လိုမယ်ထင်ရင် OG ကိုပြသပါ။

နောင်မှာ ကိုယ်ဝန်မဖျက်ရအောင်၊ မပျက်စေအောင် အထူးသတိထားပါ။ ကိုဝန်ဖျက်ဆေးကို လက်လှမ်းမီသူဟု ကိုယ်ဝန်ကို စန်စ်တကျတားနည်း-တားဆေးတွေလဲ ရဘို့လွယ်မှာပါ။

ဟုတ်ကဲ့ကျေးဇူးပါ ဆရာ။ နောက်ဆို အထူးသတိထားပါ့မယ်။ ကိုယ်အပူချိန်နဲ့သွေးဖိအားကတော့ပုံမှန်ပဲလို့ထင်ပါတယ်။ ဆင်းစရာကျန်သေးလို့ နာတာဖြစ်မယ်ထင်ပါတယ်။ ဆေးကတော့ သောက်လို့ပြီးသွားပါပြီ။ ခုထိတော့ ဆင်းနေတုန်းပါပဲ။

ပိုးဝင်တာမှန်တယ်ဆိုရင် ဆရာပြောသလိုဆို ဆေးရုံတတ်ကုသရမှာပေါ့နော်။ ဆေးရုံဆေးခန်းမသွားချင်ပါဘူးဆရာ။ ပိုးဝင်တာကြောင့် နာတာဆိုရင် ဘယ်လိုသိနိုင်မလဲ အသေးစိတ်ရှင်းပြပေးပါလား ဆရာ။ ဆေးရုံ မတတ်ဘဲရော ကုသလို့ရမယ့်နည်းလမ်း မရှိဘူးလား။

ဖျားတာနဲ့ ဆင်းတာက အနံ့ရတာဟာ အသိနိုင်ဆုံးအချက်ဖြစ်ပါတယ်။

Wed, Jan 16, 2013 at 1:57 PM
I haven't taken an abortion pill but today morning I had started bleeding but only a little. Then it stopped. But right now bleeding starts again. What's wrong with me?

I don't know your age, marital status (if necessary), sexual relationship (if necessary), menstrual cycle pattern, etc.

Delivery to the following recipient failed permanently:

Wed, Jan 16, 2013 at 4:03 PM
အသက်က ၁၉ နှစ်ပါ။ ပျက်တုန်းကတော့ သားအိမ်ခြစ်ပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ အခုတလောညနေပိုင်းဆို သားအိမ်နေရာက ထိုးထိုးအောင်တယ်လို့ပြောပါတယ်။ အကိုက်အခဲပျောက်ဆေးတစ်မျိုးသောက်လိုက်မှသက်သာပါတယ် ဖြေကြားပေးပါ ခင်ဗျာ

ဘာကိုသိချင်တာလဲ မရှင်းပါ။

Sun, Jan 20, 2013 at 4:58 PM
ကျွန်တော်က ကျောင်းသား တစ်ယောက်ပါ ခင်ဗျာ။ အသက် ၁၈ နှစ် ပြည့်ပြီးခါစပါ။ မရိုသေစကားပါ ဆရာ။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်လခွဲကျော်လောက်က sex worker တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့ မိပါတယ်။ အောက်တိုဘာ ၃၁ ပါ။ တစ်ခါမှလည်း အတွေ့အကြုံမရှိပါဘူး ဆရာ၊ သူငယ်ချင်းက ခေါ်တော့ တစ်ခါလောက် ကြုံဖူးချင်တာနဲ့ ဆက်ဆံမိခဲ့ပါတယ်။ condom သုံးရမယ်ဆိုတာကိုတော့ ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် condom စွပ်တာကပဲ နည်းလမ်းမကျလို့လား၊ ကျွန်တော့် အင်္ဂါနဲ့ condom အရွယ်အစားနဲ့ မကိုက်လို့ပဲလားတော့ မသိပါဘူးဆရာ၊ ဆက်ဆံနေစဉ်အတွင်းမှာ condom ပေါက်ပြဲ သွားပါတယ်။ ဘယ်အချိန်မှာ ပေါက်ပြဲသွားမှန်း ကျွန်တော် သတိမထားခဲ့မိပါဘူး။ ကျွန်တော် သတိထားမိတဲ့အချိန်မှာတော့ အရမ်း ကြောက်လန့ပြီး ချက်ချင်းရပ်ခဲ့ပါတယ်။ အရမ်းကို စိုးရိမ်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။ ချက်ချင်းပဲ ရေချိုး သန့်စင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ဘယ်လိုမှ မသန့်တော့ပါဘူးဆရာ။ သူဟာ sex worker တစ်ယောက်ဖြစ်နေတော့ ပိုပြီး စိုးရိမ်မိပါတယ်။ ကျွန်တော် အရမ်းစိုးရိမ်ပြီး သွေးစစ်ကြည့်ဖို့ စိတ်ကူးပါတယ်။ ဒါပေမယ့် window period ဆိုတာကိုလည်း ကြားဖူးတော့ သွေးစစ်ကြည့်လည်း HIV ရှိနေရင် ပေါ်မှာမဟုတ်ဘူးလို့ တွေးမိပြီး ဘာမှ မလုပ်ဘဲ ခြောက်လပြည့်အောင်ပဲ ထိုင်စောင့်နေရပါတယ်ဆရာ။ စိတ်ကို အမျိုးမျိုး လွှဲထားပေမယ့် မကြာခဏ အဲဒီအကြောင်းပဲ ရောက်ရောက်သွားပြီး အရမ်းစိတ်ပူနေရပါတယ်ဆရာ။ အဲဒါကြောင့် လိင်ဆက်ဆံနေချိန်အတွင်း condom ပေါက်ပြဲသွားတာက HIV ကူးစက်နိုင်တဲ့ အလားအလာ ဘယ်လောက်ရှိသလဲဆိုတာ သိချင်ပါတယ်ဆရာ။ ပြီးတော့ ဘာလုပ်သင့်သလဲ ဆိုတာလည်း ပြောပြပေးပါခင်ဗျာ။ ကျွန်တော် ဘယ်ဆေးခန်းကိုမှလည်း မပြရဲသေးပါဘူး။ မိဘတွေကိုလည်း အသိမပေးရဲသေးပါဘူး။ ဒါပေမယ့် ခြောက်လပြည့်ရင်တော့ သွေးစစ်ကြည့်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တကယ်လို့ အခု သွေးစစ်လို့ ရပြီဆိုရင်လည်း ဘယ်လိုနေရာတွေမှာ စစ်နိုင်သလဲဆိုတာလည်း ပြောပြပေးပါဆရာ။ ဆေးရုံတိုင်းမှာ စစ်လို့ရပါသလား။ သွေးစစ်ကြည့်လို့ positive ဆိုရင်တော့ ကျွန်တော်သေပြီ ဆရာ။ဆရာ့ကို အားကိုးတကြီးနဲ့ စာရေးလိုက်ပါတယ်ခင်ဗျာ။

သိပ်မစိုးရိမ်ပါနဲ့။ (ကွန်ဒွမ်) က ပေါက်တတ်တယ်။ တကယ်လို့ မိန်းကလေးမှာ HIV ရှိမယ်ဆိုရင် ကိုယ့်မှ မမြင်ရတဲ့ပိုးဝင်လာလောက်အောင်အနာအဆာလို ရှိမှသာ ဝင်လာနိုင်ပါတယ်။ % ကိုတိတိကျကျပြောမရပါ။ လူတိုင်းကို အခါတိုင်းကနေ မကူးစေပါ။
HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-myths-and-facts.html
HIV-AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids.html

ကျွန်တော် အခု သွေးစစ်ကြည့်မယ်ဆိုရင် အဖြေမှန်ကို သိနိုင်မလားဆရာ။

HIV Tests (1) စမ်းသပ်နည်းများ (၁)
HIV Tests (2) စမ်းသပ်နည်းများ (၂)
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ

ဒါဆို သုံးလပြည့်ရင် ကျွန်တော် သွေးစစ်မယ်ဆရာ။ negative ပြခဲ့ရင်လည်း နောက်ထပ် သုံးလနေရင် ထပ်စစ်မယ်။ positive ဆိုရင်တော့ ဘာမှမတတ်နိုင်တော့ဘူးဆရာ။ ကျွန်တော် စိတ်ညစ်ပါတယ်။ ကျွန်တော် သွေးစစ်ပြီးရင် ဆရာ့ဆီကို စာထပ်ရေးပါဦးမယ်ခင်ဗျာ။

စိတ်မညစ်ပါနဲ့။ အခုလိုသတိထားသူတွေဟာ ကံလဲကောင်းပါတယ်။

Mon, Jan 21, 2013 at 8:18 AM ကျွန်တော့် ကောင်မလေးက ဒီလ 1 ရက်နေ့က ရာသီလာပြီး 6 ရက်နေ့မှာ အတူနေမိလို့ Ecee2 တိုက်လိုက်တယ်လို့ ပြောဖူးပါတယ်ဆရာ။ အဲ့ဒါ 13 ရက်နေ့မှာ ရာသီ ထပ်လာတယ်လို့ ပြောပြီးတော့ မေးခဲ့ပါတယ်ဆရာ။ ရာသီလာတာတော့ ပုံမှန်ရက်အတိုင်း 5 ရက်လာတယ်လို့ ပြောပါတယ်။ အဲ့ဒါ 13 ရက်နေ့က ရာသီစလာပြီးတော့ မနေ့က 20.1.2013 မှာ အတူတူ ထပ်နေလိုက်ပါတယ်။ ကွန်ဒုံးသုံးဖို့ လုပ်ထားပေမဲ့ မနေ့က အဆင်သင့်လည်း မပါလာတော့ မသုံးမိပါဘူး။ သုက်ရေတွေကို အပြင်ထုတ်တဲ့နည်း လုပ်ခဲ့ပေမဲ့ စိတ်မချလို့ပါဆရာ။ မှတ်မှတ်ရရ Ecee2 ကိုတိုက်တာ 3 ကြိမ်ရှိသွားပါပြီ။ ဒီလလည်း 6.1.2013 ကတိုက်ထားတော့ တစ်ပတ်ဘဲခြားပြီး ရာသီပြန်လာတဲ့အတွက် ထပ်လည်း မသောက်ရဲတော့ဘူးလို့ပြောပါတယ်ဆရာ။ ဘာလုပ်သင့်လဲ မသိလို့ပါဆရာ။ အရေးကြီးလို့ပါ။ တကယ်လို့ လုံးဝစိတ်မချရလို့ Ecee2 ထပ်သောက်ပါဆိုလည်း 24 နာ၇ီအတွင်း အချိန်မှီလေးဖြစ်ချင်လို့ပါ။ ဖြစ်နိုင်ရင်တော့ ဆေးမသောက်ရဘဲနဲ့ ဘယ်လိုနည်းလမ်းလေးရှိလည်း သိနိုင်မလဲလို့ပါ။ အရေးပေါ် တားဆေးလိုပါအုံးမယ်။ ရာသီရက်ထပ်ပြောင်းပါမယ်။ ကိုယ်ဝန်ကိုတားချင်တာက အဓါကဆိုရင် ရာသီရက်ကို မေ့ထားပြီးဖြစ်လာကိုသာ ရက်အသစ်မှတ်ပါ။ ရာသီဆင်းတာ ရက်နီးရင်၊ ဆင်းတာလဲ များရင် သွေးအားကောင်းဘို့ သံဓါတ်ဆေး သာသောက်ပါ။ မူးချင်တာဖြစ်ရင် နားပါ။ ရေ-အရည်များများသောက်ပါ။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၁၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top