23
Jan

အမေးအဖြေ (၁၁၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သမီးက သမီးအမျိုးသားနဲ့ မနေ့က 20 ရက်နေ့မှာ
2. ဆရာရှင့် ကလေးမွေးပြီး ဘယ်လောက်ကြာရင်
3. သမီးအသက် (24)နှစ်ရှိပါပြီရှင်။
4. နေ့တိုင်း ကိုယ်တိုင်လက်နဲ့ အာသာဖြေခြင်းဟာ
5. ကျွန်မကလေးက အခုမှ တနှစ်နဲ့ ၂ လပဲ ရှိပါသေးတယ်
6. ကျွန်မ အသက်က ၂၆ ရှိပါပြီ။
7. ဆင်းလာတဲ့အဖြူမှာအနံ့ မရှိသလောက်ပါ။
8. ကျမက ၁၂ လပိုင်း ၃ဝ ရက်က Menstruation လာထားတာပါ။
9. ကျွန်တော် မနေ့က လက်နဲ့အာသာဖြေခဲ့ပါတယ်။
10. Kindly let me straight to the point.
11. ကျွန်တော့်အသက် 26 နှစ်ပါ။ 8-12-2011 က အိမ်ထောင်ကျပါတယ်။
12. ကျမက အသက် 26 နှစ်ပါ။ ကျမ နိုင်ငံခြားသွားဖို့ ဆေးစစ်ကြည့်တော့ ဘာရောဂါမှ မရှိပါဘူး
13. ကျွန်တော့်အသက် 26 နှစ်ပါ။ 8-12-2011 က အိမ်ထောင်ကျပါတယ်။
14. သမီးက ရာသီမလာခင် ၂ ရက်လောက်အလို့မှာ စိတ်တွေ အရမ်းပါလာလို့

Mon, Jan 21, 2013 at 8:25 AM
သမီးက သမီးအမျိုးသားနဲ့ မနေ့က 20 ရက်နေ့မှာ နယ်ကပြန်လာလို့ အကာကွယ်မပါဘဲ ဆက်ဆံပါတယ်ဆရာ။ သမီးက ရာသီလာတဲ့နေ့ကစရင် 20 ရက်နေ့က 8 ရက်မြောက်နေ့ဖြစ်နေပါတယ်ဆရာ။ သမီးတို့ သုက်ရေတွေ ပြင်ပစွန့်ထုတ်နည်း သုံးခဲ့ပေမဲ့ စိတ်မချလို့ပါ။ သမီးဘာတားဆေးမှလည်း မသောက်ထားပါဘူးဆရာ။ သမီးဘာလုပ်သင့်လဲ သိချင်လို့ပါ။

ရက်အရရော၊ အကာကွယ်မပါလို့ရောကြောင့် ကာကွယ်မှု % နည်းမယ်။ ကိုယ်ဝန် မလိုချင်ရင် အရေးပေါ်တားဆေး သောက်ရမယ်။ ၇၂ နာရီအတွင်းရှိသေးရင် စိတ်ချရမယ်။ ခုချက်ချင်း အရေးပေါ်တားဆေး ပဌမ ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီခြားပြီး ဒုတိယ ၁ လုံးသောက်ပါ။

21-1-2013 Facebook question
ဆရာရှင့် ကလေးမွေးပြီး ဘယ်လောက်ကြာရင် လေ့ကျင်ခန်းလုပ်လို့ရပါသလဲရှင်။ ရေကူး၊လမ်းလျှောက်၊တောင်တက် Body Center သွားဆော့တာမျိုးတို့။

ကလေးကို ဘယ်နည်း-ဘယ်လမ်းကမွေးခဲ့သလဲ။ မိခင်ရဲ့ အသက်၊ ကလေးဘယ်နှစ်ယောက်မွေးပြီးလဲ။ လေ့ကျင့်ခန်းလုပ်ဘို့ လိုအပ်ချက် ဘယ်လောက်များသလဲ အပေါ်တွေမှာ မူတည်သေးပါတယ်။ အကြမ်းအားဖြင့် မိခင်ကလဲ နေကောင်းနေရင် တလခွဲနောက်လုပ်နိုင်ပါတယ်။ (ကီဂယ်လ်) လေ့ကျင့်ခန်းကိုတော့ ချက်ချင်းဆိုသလိုလုပ်သင့်တယ်။ လေါကျင့်ခန်းတွေကို စရင် နည်းနည်း-ဖြေးဖြေးကနေ တိုးသွားသင့်တယ်။

လေ့ကျင့်ခန်းကြောင့် (ကယ်လိုရီ) နည်းသွားမှာအတွက် ပြန်ဖြည့်ဘို့ သတိထားရမယ်။ ဖြည့်တဲ့အအခါ အဆီ၊ သကြား မများစေနဲ့။

ရိုးရိုးပဲမွေးတာပါ။ ကလေးစောမွေးလို့ ကလေးအသက်မရှင်ပါဘူးရှင်။ အရင်တစ်ခေါက်ဆရာနဲ့ မေးခဲ့ဖူးပါတယ်ရှင့်။ မွေးပြီးမှဆုံးသွားတာပါ။ သားဦးပါ။ ခု မွေးပြီးတာ 3 လနီးပါးရှိပါပြီရှင့်။ သမီးအသက် 26 နှစ်ပါအဲဒါဆိုရင် အခုကတည်းက လုပ်ပါ။ သူများတွေလိုဘဲ လုပ်နိုင်ပါတယ်။

နောက်ထပ်ကလေး ထပ်ယူချင်ပါတယ်။ ယူလို့ရပြီလားရှင်။ ပထမကလေးတုန်းကလို အဖတ်မတင်မှာစိုးပါတယ်..ဘယ်လိုနေထိုင်သွားရမလဲရှင့်။ နောက်ထပ်ကလေးထပ်ယူချင်ပါတယ်။ ယူလို့ရပြီလားရှင်။

ပထမကလေးတုန်းကလို အဖတ်မတင်မှာစိုးပါတယ်။ ဘယ်လိုနေထိုင်သွားရမလဲရှင့်။

ဆရာ့ (ဆိုက်) ထဲမှာ ကိုယ်ဝန်နဲ့ပတ်သက်တာတွေ အများကြီးရေးထားပါတယ်။ နောက်ဆိုရင် (အီးမေးလ်) နဲ့သာ မေးပါ။ ဒီမှာ ဘယ်တုံးက၊ ဘယ်သူက ဘာမေးလဲ ပြန်ရှာဘို့ ခက်တယ်။

ဟုတ်ကဲ့ မေးလ်ဖွင့်လို့ရရင်မေလ်းထဲက ပြန်ပို့လိုက်ပါမယ်ရှင့်

Mon, Jan 21, 2013 at 1:54 PM
သမီးအသက် (24)နှစ်ရှိပါပြီရှင်။ နောက်ဆုံးရာသီပြီးသွားတာက 20.12.2012 မှာပြီးသွားပါတယ်။ သမီးအမျိုးသားနဲ့ ဆက်ဆံခဲ့တဲ့ရက်တွေကတော့ 21.12.2012 ~ 3.1.2013 အတွင်း ဆက်ဆံခဲ့ပါတယ်။

ဆက်ဆံတဲ့အချိန်တိုင်းလဲ သမီးအမျိုးသားက ကွန်ဒုံးလဲစွပ်ထားပါတယ်။ သုတ်ကိုလဲအပြင်မှာထုတ်ခဲ့ပါတယ်။ (ကွန်ဒုံး စွပ်ထာလျှက်) ဒါပေမဲ့ အခု 21.1.2013 ရှိနေပါပြီ။ အခုချိန်ထိရာသီမလာသေးပါဘူး။

ရာသီလာရမဲ့အချိန်က 16/17/18.1.2013 မှာလာရမှာဖြစ်ပါတယ်။ အဲဒါမလာတာနဲ့ ဆီးစစ်ကြည့်ပါတယ်။ သမီးဆီးစစ်တာလေးကြိမ်ရှိပါပြီ negative ပဲလေးကြိမ်လုံးပြပါတယ်။ ရက်ခြားပြီး မနက်ပိုင်းမှာစစ်ပါတယ်။

ဘာဆေးမှာလဲ မသောက်ပါဘူး။ အဲဒါဘာလို့ သမီးအခုချိန်ထိ ရာသီမလာလဲဆိုတာသိချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်၊ တစ်ခါတလေ ဆက်ဆံတဲ့အကြိမ်ကြားမှာ သမီး ရေဆေးဖို့မလုပ်ဖြစ်တာတော့ရှိပါတယ်။

သူကတော့ ဆေးပါတယ်။ ဒါပေမဲ့ အကြိမ် တိုင်းမှာတော့ ကွန်ဒုံးလဲ စွပ်ထားပါတယ်။
တကယ်လို့ ဆီးစစ်တာမမှန်ရင် သမီးသွေးပါ စစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အခုချိန်ထိတော့သွေးမစစ် ရသေးပါဘူး။ ဆရာ့ဆီက အဖြေလေးလည်းသိချင်လို့ပါ။ သမီးဘယ်လို့လုပ်ရမလဲမသိလို့ပါဆရာ။

ဆီးစစ်တာက အတော်သေချာပါတယ်။ ရာသီဆိုတာ တခါတလေ ပြောမရတာလဲရှိတယ်။ တလ တိတိရှိပြီဆိုတော့ စိုးရိမ်တာမလွန်ပါ။ အတူနေပြီး မိန်းကလေး ရေဆေးပေမဲ့ ကိုယ်ဝန်က ရချင်ရင် ရတာပါဘဲ။ ကွန်ဒွမ်ရဲ့ ထိရောက်မှုက ၁ဝဝ% တော့မဟုတ်ပြန်ပါ။ ဆရာလဲ ဒိထက်တော့ ပြောမရပါ။ ဆောရီး။

Mon, Jan 21, 2013 at 4:20 PM
နေ့တိုင်း ကိုယ်တိုင်လက်နဲ့ အာသာဖြေခြင်းဟာ ကျန်းမာရေးအတွက် သင့်မသင့် ပန်သေရောဂါ ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားစေချင်ပါတယ်။ Masturbation လုပ်တာများရင်ကော ပန်းသေပန်းညိုးဖြစ်နိုင်ပါသလား။

အခုနောက်ပိုင်း ပန်းက သိပ်မသန်တော့ပါဘူး။ ခဏပဲ မာပါတယ် ချစ်သူနဲ့ လုပ်မယ်ဆိုရင်လဲ ပြန်ပြန်ကျသွားပါတယ်။ အဲ့တာ ဘယ်ဆေးသောက်ပြီး ဘယ်လိုလုပ်ရပါမလဲ။ အသက်က ၂၄ ပါ။ တစ်ခါမှ အပျော်မနေဘူးပါဘူး။ အာရုံကြော အားနည်းတယ်လို့တော့ ကို့ကိုကိုထင်ပါတယ်။ ကွမ်းယာ အနံ့ပြင်းပြင်းရူရင်ခေါင်းမူးလာပါတယ်။ မျက်မှန်လဲတက်ထားပါတယ်။ အာရုံစိုက်တာများရင် ခေါင်းတွေအရမ်းကိုက်ပါတယ်။

ခေါင်းကိုက်ရင် မျက်ရိုးတွေကောနားတွေပါ ကိုက်လာပါတယ် ဘီာာအရက်က ရံဖန်ရန်ခါသောက်ပါတယ်။ သောက်ပြီးရင် မနက်ရောက်ရင် ခေါင်းတွေ အရမ်းကိုက်ပါတယ်။ တစ်ခါသောက်ပြီးရင်လဲ နောက်တစ်ခါမသောက်ရဲပါဘူး။ သောက်ရင်လဲ ၂ ခွက်ဆိုမူးလာပါပြီ။ မသောက်တာကြာလို့ သောက်ရင် ၅ ခွက်လောက် သောက်နိုင်ပါတယ်။

Masturbation (မာစတာဘေးရှင်း)

Mon, Jan 21, 2013 at 5:19 PM
ကျွန်မကလေးက အခုမှ တနှစ်နဲ့ ၂ လပဲ ရှိပါသေးတယ် ကျွန်မ အခု တားထားရက်နဲ့ ကိုယ်ဝန်၂လ ရှိနေပါပြီ။ ပထမ ကိုယ်ဝန်တုန်းက မွေးပြီး အချင်းမထွက်လို့ သားအိမ်ခြစ်ထားရပါတယ်။ အခုဒုတိယ ကိုယ်ဝန်မှာ ဘယ်လိုနောက်ဆက်တွဲ ပြသနာ ရှိနိုင်လဲ သိချင်လို့ပါ။ ကြိုတင် ကာကွယ် ထားလို့အောင်လို့ပါရှင်။ အသက်က 25 နှစ်ပါဆရာ။

မစိုးရိမ်ပါနဲ့။ အချင်းကပ်တာက တခါဖြစ်ပေမဲ့ နောက်တခ့မဖြစ်တတ်ပါ။ ပဌမကလေး ဒီအရွယ်ရောက်ပြီး နောက်ကိုယ်ဝန်ရှိတာလဲ နီးကပ်လွန်းတယ်လို့ မဆိုနိုင်ပါ။ ပုံမှန် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုသာ လိုပါမယ်။

ကိုယ်ဝန်အပ်ပါ။ ကာကွယ်ဆေးထိုးပါ။ အစားအသောက်ပြည့်စုံ မျှတအောင်စားပါ။ ကိုယ်ဝန်နဲ့ပါတ်သက်တာတွေ သိချင်သေးရင် ဆရာ့ (ဆိုက်) မှာ လိုတာကိုရှာဖတ်ပါ။
http://dts-medicaleducation-adult.blogspot.in/

Mon, Jan 21, 2013 at 5:31 PM
ကျွန်မ အသက်က ၂၆ ရှိပါပြီ။ ကျွန်မ မိန်းမကိုယ်က အနံနဲနဲထွက်နေပါတယ်။ ရာသီလာပြီးတိုင်းလဲ အဖြူဆင်းပါတယ်။ ရာသီစလာတဲ့နေ့တိုင်းလဲ ဆီးခုံတွေ ခါးတွေအရမ်းကိုက်ပါတယ်။ တခါတလေ ဆေးတောင်ထိုးယူရပါတယ်။ နောက်နေ့တွေ မကိုက်တော့ပါဘူး။ ရာသီလာတိုင်းပထမ 2 ရက်ပဲ ကောင်းကောင်းလာပါတယ်။ 3 ရက်မြောက်နေ့ နည်းနည်းလာပြီးရင် ပြီးသွားပါပြီ။ 28 cycle ကတော့အတိအကျကို လာပါတယ်။ သူနဲ့နေဖြစ်တိုင်း Ecee2 ကိုဘဲ 48နာရီအတွင်း 12 ခြားပြီးသောက်ပါတယ်။ ဆေးသောက်ပြီးလဲ ရာသီကတောပုံမှန်ပါဘဲ။ သူကတော့ ခုနောက်ပိုင်း အနံကသက်သာသွားတယ်လို့ ပြောပါတယ်။

ကျွန်မဘာလုပ်သင့်ပါသလဲဆရာ။ ဆရာ့စာတွေလဲ ဖတ်တော့ကြည့်ပါတယ်။ နောက်ပြီးတော့ 1.10.2011 မှ 4.10.2011 ထိ 2.8.2012 မှ 10.8.2012 ထိ အတူနေခဲ့ကြသေးတယ်ဆရာ ပြီးတော့ကျွန်မအမျိုးသားခရီးထွက်သွားတယ်ဆရာ 13.12.2012မှာ အမျိုးသားပြန်လာပြီး အတူနေဖြစ်တယ်ဆရာ ဒါပေမဲ့ 14.12.2012 နေ့မှ မိန်းမကိုယ်ကနေ သွေးထွက်လာတယ်။ သူအင်္ဂါမှာပါ တော်တော်ပေနေပါတယ်။ အရမ်းကြီးနာကျင်တာမျိုးတော့မဖြစ်ပါဘူး။ သူကတော့ အပျိုအမြှေးပါး ပေါက်တာထင်တယ်တဲ့။ အဲ့ချိန်ရောက်မှဖြစ်နိုင်ပါ့မလား။ စိုးရိမ်စရာရှိပါသလားဆရာ။

Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း
Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း

Mon, Jan 21, 2013 at 6:02 PM ဆင်းလာတဲ့ အဖြူမှာအနံ့ မရှိသလောက်ပါ။ နို့နှစ်လိုခပ်ပျစ်ပျစ်ပါ။ ယားယံတာမျိုးတော့မရှိပါဘူး။ မိန်းမကိုယ်ကထွက်နေတာပါ။ LACTACYD အမျိုးသမီး သန့်စဉ်ဆေးကိုတော့ နေ့တိုင်း တစ်နေ့တစ်ခါသုံးဖြစ်တာ ၂ နှစ်ကျော်ပါပြီ။ အတူနေပြီးတိုင်းလဲ သုံးဖြစ်ပါတယ်။ STDs ရောဂါတွေကတော့ ၂ ယောက်လုံး မရှိပါဘူးဆရာ။ daily pad တော့ နေ့စဉ်သုံးပါတယ်။ အိမ်မှာနေရင် under wear မဝတ်ဖြစ်တာများပါတယ်။ ပြီးတော့ မိန်းမကိုယ်က ဘာလို့ သွေးထွက်လာတာလဲ သိချင်ပါတယ်ဆရာ။ အရင်ဖြေတာမှာ လိုသွားလို့ ပဌမအကြိမ်ဆက်ဆံချိန်မှာသာ အပျိုမြှေးပေါက်တယ်။ အဖြူ-အဝါ-သွေးက ပိုးဝင်နေချိန်မှာလဲ ဆင်းတတ်တယ်။ ပိုးသေဆေး သောက်ဆေး + ထည့်ဆေး သုံးပါ။ ကောင်းသွားပါမယ်။ ဆေးကြောတာကို လိုတာထက်မပိုပါနဲ့။ ရေနဲ့ ဆပ်ပြာရိုးရိုးသာသုံးပါ။

Mon, Jan 21, 2013 at 7:52 PM
ကျမက ၁၂ လပိုင်း ၃ဝ ရက်က Menstruation လာထားတာပါ။ ဒီလ ၇ ရက်နေ့က အတူနေထားပါတယ်။ အကာအကွယ်တခုမှတော့ မလုပ်ဖြစ်ပါဘူး။ ၁၈ ရက်နေ့ခန့်ကစ၍မူးပြိး ရင်ထဲမှာပျို့အန် ချင်နေပါသည်။

ဆေးခန်းသွားတော့လည်း ရောဂါမရှိပါ။ pressure normal ပါဘဲ။ မျက်ကွင်းများလည်းညိုပါသည်။ ရင်ထဲတွင်လည်း တလှပ်လှပ်နှင့် နေမကောင်းပါ။ ဆရာဝန်က ကိုယ်ဝန်ရဖို့အခွင်းအရေး နည်းသည်ဟု ပြောပါသည် ဆေးစစ်လျှင်လည်း ဒိလကုန်မှစစ်မှသာ အဖြေသေချာမည်ဟုပြောပါသည်။ သို့ပေမယ့် အချိန်စော၍ ကြိုတင်ကာကွယ်သော ဆေးများရှိလျှင်လုပ်ထားချင်ပါသည်။ ရာသီမလာခင် မည်သည့် ဆေးများနှင့်သင့်တော်၍ အဆင်ပြေအောင် မည်သို့လုပ်ရမည်ကို ကူညီပေးစေချင်ပါသည်။

ဆီးစစ်တာကို ရာသီသွေး လာရမဲ့ရက်ထက် တပါတ်နောက်ကျချိန် စမ်းရင်သေခြာတယ်။ ၁ ရက်နောက်ကျချိန် စမ်းတာတောင်မှ ရနိုင်သေးတယ်။ သွေးစစ်တာကို ရာသီလာရမဲ့ရက်အထိတောင် စောင့်စရာ မလိုပါ။

လလည်ရက်နောက် တပါတ်၊ ဆိုလိုတာက မျိုးဥ ထွက်ချိန်နောက် တပါတ် တနည်းပြောရရင် သွေးဆင်းရမဲ့ရက်ထက် တပါတ်စောချိန်မှာ စမ်းရင်တောင်မှ ပြမယ်။ ပြောတဲ့ရက်တွေအတိုင်း အတိအကျတွက်ရင် ၂၅-၁-၂ဝ၁၃ နေ့မှာ ကိုယ်ဝန်စ စစ်လို့ရပြီး အနုတ်ပြနေသေးပေမဲ့ အတည်တော့ မယူနိုင်သေးဘူး ဟော်မုန်းက နည်းနေနိုင်သေးတယ်။ နောက် တပါတ်မှာ ထပ်စမ်းပါ။ ကိုယ်ဝန်ရှိနောသိပြီး မယူချင်တာအတွက်တော့ ဆရာ မကူညီနိုင်ပါ။ ဆောရီး။ ဆေးစာတွေစုံစိအောင်ရေးထားလို့ သိချင်တာ ရှာဖတ်နိုင်ပါတယ်။

Mon, Jan 21, 2013 at 7:52 PM
ကျွန်တော် မနေ့က လက်နဲ့အာသာဖြေခဲ့ပါတယ်။ သုတ်ထွက်ချိန်မှာ ကျွန်တော် အောင့်ပြီထိန်းလိုက်တာ အဲဒါ ဆီးအိမ်ရဲ့  ဘယ်ဘက် အပေါ်က အောင့်ပြီ ဖောင်းလာပါတယ်။ ကျွန်တော်လည်း လန့်ပြီး လက်နဲ့ဖောင်းလာတဲ့ နေရာကို ဖိလိုက်ပါတယ်။ မဖောင်တော့ပဲ အဲဒီနေရာက အထိုင်အထ လုပ်တဲ့အခါ နည်နည်နာနေပါတယ်။ အဲဒါ ဘာဖြစ်တာလည်းဆရာ။ စိုးရိမ်လို့ပါ။ ကျွန်နော် အသက်က ၂၄ နှစ်ပါ ဆရာ။

နောင်မှာ အဲလိုတော့ မလုပ်ပါနဲ့။ သုက်ထွက်တာကိုထိန်းချင်ရင် စိတ်ကနေသာထိန်းပါ။ ဆီးအိမ်အနီးအနားမှာ လိင်အရေးနဲ့ဆိုင်တာတွေရှိသလို ယောက်ျားဆိုရင် အူကျစေတာတို့ ဆီးကျိတ်တို့လဲရှိတယ်။ ဖိပြီး ထိန်းလိုက်တဲ့အတွက် အဲဒီနေရာက ကြွက်သားနဲ့ အရွတ်တွေကို ဖိအားသက်ရောက်စေမယ်။ ဒါကြောင့် နာနေတာဖြစ်နိုင်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါ။ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

Tue, Jan 22, 2013 at 9:13 AM
Kindly let me straight to the point. My girlfriend is pregnant which is approximately 6 weeks. She is trying to do abortion with the help of some tablet called Searl 1461 (Misoprostol) that

couple of her friends had experience. However, we are worrying about the side effect and the unexpected danger. If you don't mind, kindly suggest us how to make abortion without going

to the clinic.

Please don't think I am prescribing for abortion. But I write medicals of all sorts. These may help you.
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Abortion Pills ဖျက်ဆေးတွေအကြောင်း

Tue, Jan 22, 2013 at 2:00 PM
ကျွန်တော့်အသက် 26 နှစ်ပါ။ 8-12-2011 က အိမ်ထောင်ကျပါတယ်။ ခဏခဏချောင်းဆိုးလို့ ဆေးခပြတော့ သလိပ်စစ်၊ ဓာတ်မှန်ရိုက်ပြီး 10 လပိုင်း 20 ရက်ကစပြီး တီဘီဆေး သောက်နေရပါတယ်။

တီဘီဆေးသောက်ဖို့ သလိပ်စစ်ကတည်းက သလိပ်မှာ တီဘီပိုးမတွေ့ဘူးပြောပါတယ်။ အခုထပ်စစ်ကြည့်တော့လည်း တီဘီပိုးမတွေ့ပါဘူး။ 2လသောက်ပြီးတော့ ဆေးပမာဏ လျှော့ပြီးသောက်ခိုင်းပါတယ်။

အိမ်ထောင်ကျခါစက မိန်းမက အရေးပေါ်တားဆေး တစ်ခါသောက်ဖူးပါတယ်။ အဲ့ဒီနောက် တစ်ခါမှ မသောက်တော့ပါဘူး။ ကျွန်တော် တီဘီဆေးသောက်ရင်း မိန်းမနဲ့ အတူနေလို့ရပါသလား။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် 6 လ ငယ်ပါတယ်။ ကျွန်တော့်မိန်းမမှာ အခုထိ ကိုယ်ဝန်မရသေးပါ။ အဲ့ဒါ ကျွန်တော့်ကြောင့်လား။ ဆေးဆိုင်မှာ မေးကြည့်တော့ ဗီတာမင် E ဆေးလို့ ပြောပါတယ်။ ဆေးကတ်အစိမ်းလေးပါ။

အဲဒါသောက်ခိုင်းပါတယ်။ အခြားဘာဆေးသောက်လို့ရနိုင်လဲ။ ကျွန်တော့်မိန်းမက ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ ရာသီလာချိန်က ပုံမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ နှစ်လလောက်ပဲ မှန်တတ်ပြီး နောက်လကျရင် ရက်ပြောင်းသွား တတ်ပါတယ်။ လေးငါးရက် နောက်ကျတာ၊ စောတာဖြစ်တတ်ပါတယ်။

သလိပ်ထဲမှာပိုးမတွေ့ရင် သူများကို မကူးစေနိုင်ပါ။ အတူနေလို့လဲရပါတယ်။ မစိုးရိမ်ပါနဲ့။ တီဘီ ဟာဆေးသောက်ရင် ပျောက်ပါတယ်။ ခုပေါ်ဆေးတွေက ပိုကောင်းတယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။ အဲလောက်ကြီး မစိုးရိမ်ပါနဲ့။ တီဘီဆေးနဲ့ ကလေးမရတဲ့အကြောင်း စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ ဇနီး-ခင်ပွန်း မတူတာသတိထားပါ။ ကျန်းမာ-ချမ်းသာပြီး သားသမီးရတနာတွေ ထွန်းကားကြပါစေ။
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂)
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁)

Tue, Jan 22, 2013 at 3:49 PM
ကျမက အသက် 26 နှစ်ပါ။ ကျမ နိုင်ငံခြားသွားဖို့ ဆေးစစ်ကြည့်တော့ ဘာရောဂါမှ မရှိပါဘူး ဆရာ။ ဒါပေမယ့် သူငယ်ချင်း တယောက်မှာ ဘီပိုး ရှိနေတယ်။ ကျမတို့က နေ့တိုင်း သင်တန်းမှာ 1 နာရီလောက် ဘေးချင်းယှဉ်ထိုင်ပြီး 15 မိနစ်လောက် စကားပြောရတယ် ဆရာ။ ဘေးချင်းယှဉ်ထိုင်တာ စကားပြောတာက ဘီပိုး ကူးဆက်တက်ပါသလားဆရာ။ လူချင်းတော့ မထိဘူး။ ကျမ တင်ဘားတွေမှာ ကြက်ဆူးတွေ ပေါက်နေတယ်ဆရာ။ 1 နှစ်ကျော်နေပြီ။ အဲဒါ ပျောက်အောင် ဘယ်လိုလုပ်ရမလည်း။ ပြီးတော့ ခြေထောက်တွေ တင်ပါးးတွေရဲ့ အကြောတွေလည်း ပြတ်နေတယ်။ အကြောပြတ်တာ ပျောက်အောင် ဘယ်လိုလုပ်ရမလည်း။ ကျမရဲ့ အမျိုးသားက နိုင်ငံခြားမှာပါ ။ ကျမလည်း 3 လ နေရင် လိုက်သွားမှာ။ အဲဒါ ဟိုရောက်ရင် အမျိုးတွေနဲ့နေမှာက အစတော့ သိပ်ပြီးအတူတူ နေဖြစ်မှာမဟုတ်ဘူးဆရာ။ ဒါပေမယ့် 2 လကျော်ရင် အိမ်ခွဲနေမှာ။ ကျမတို့က နောက်ထပ် 3 နှစ်နေရင် ကလေးယူဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် ဆေးတွေကြောင့် ကျန်းမာရေး ထိခိုက်မှာနဲ့ ကလေးမရမှာ အရမ်းကြောက်တယ်။ အဲဒါ ဘယ်လို လုပ်သင့်သလည်း ဆိုတာ လမ်းညွှန်ပေးပါအုံးဆရာ။ (ကျမအမျိုးသား နိုင်ငံခြားသွားတာ 3 နှစ်ကျော်ပြီ။ ဒီကြားထဲ သူ ပြန်မလာသေးဘူး။)

ဘီပိုးက လူချင်းထိယုံနဲ့ မကူးပါ။ သွေးဝင်တာ၊ လိင်ဆက်ဆံတာနဲ့ ပိုးရှိမိခင်ကနေ ကလေးကိုသာ ကူးစေပါတယ်။ ကြာဆူးဟာ ဗီတာမင် (အေ) နည်းတာကနေဖြစ်နိုင်တယ်။ အစာလဲစားပါ။ ဆေးလဲသောက်ပါ။ ဆေးကို မများစေရပါ။ အဆီ-ဆီ စားသုံးတာလဲ မနည်းလွန်းစေရပါ။ ဟင်းသီး။ ဟင်းရွက်ကရတဲ့ဆီကိုသာသုံးပါ။ Transfat နဲ့ကျော်တာမသင့်ပါ။ ဗီတာမင် (စီ) လဲ အထောက်အကူပြုပါမယ်။ အရေပြားကို Moisturizer လိမ်းနိုင်ပါသေးတယ်။

Vitamin A (Retinol) ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။
Stretch Marks အကြောပြတ်ခြင်း

Tue, Jan 22, 2013 at 2:00 PM
ကျွန်တော့်အသက် 26 နှစ်ပါ။ 8-12-2011 က အိမ်ထောင်ကျပါတယ်။ ခဏခဏချောင်းဆိုးလို့ ဆေးခန်းပြတော့ သလိပ်စစ်၊ ဓာတ်မှန်ရိုက်ပြီး 10 လပိုင်း 20 ရက်ကစပြီး တီဘီဆေး သောက်နေရပါတယ်။

တီဘီဆေးသောက်ဖို့ သလိပ်စစ်ကတည်းက သလိပ်မှာ တီဘီပိုးမတွေ့ဘူးပြောပါတယ်။ အခုထပ်စစ်ကြည့်တော့လည်း တီဘီပိုးမတွေ့ပါဘူး။ 2 လသောက်ပြီးတော့ ဆေးပမာဏ လျှော့ပြီးသောက်ခိုင်းပါတယ်။

အိမ်ထောင်ကျခါစက မိန်းမက အရေးပေါ်တားဆေး တစ်ခါသောက်ဖူးပါတယ်။ အဲ့ဒီနောက် တစ်ခါမှ မသောက်တော့ပါဘူး။ ကျွန်တော် တီဘီဆေးသောက်ရင်း မိန်းမနဲ့ အတူနေလို့ရပါသလား။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် 6 လ ငယ်ပါတယ်။ ကျွန်တော့်မိန်းမမှာ အခုထိ ကိုယ်ဝန်မရသေးပါ။ အဲ့ဒါ ကျွန်တော့်ကြောင့်လား။ ဆေးဆိုင်မှာ မေးကြည့်တော့ ဗီတာမင် E ဆေးလို့ ပြောပါတယ်။ ဆေးကတ်အစိမ်းလေးပါ။

အဲဒါသောက်ခိုင်းပါတယ်။ အခြားဘာဆေးသောက်လို့ရနိုင်လဲ။ ကျွန်တော့်မိန်းမက ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ ရာသီလာချိန်က ပုံမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ နှစ်လလောက်ပဲ မှန်တတ်ပြီး နောက်လကျရင် ရက်ပြောင်း သွားတတ်ပါတယ်။ လေးငါးရက် နောက် ကျတာ၊ စောတာဖြစ်တတ်ပါတယ်။

သလိပ်ထဲမှာ ပိုးမတွေ့ရင် သူများကို မကူးစေနိုင်ပါ။ အတူနေလို့လဲ ရပါတယ်။ မစိုးရိမ်ပါနဲ့။ တီဘီ ဟာဆေးသောက်ရင်ပျောက်ပါတယ်။ ခုပေါ်ဆေးတွေက ပိုကောင်းတယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။ အဲလောက်ကြီး မစိုးရိမ်ပါနဲ့။ တီဘီဆေးနဲ့ ကလေးမရတဲ့အကြောင်း စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ ဇနီး-ခင်ပွန်း မတူတာသတိထားပါ။ ကျန်းမာ-ချမ်းသာပြီး သားသမီးရတနာတွေ ထွန်းကားကြပါစေ။
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁)
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂)

Mon, Jan 21, 2013 at 11:43 PM
သမီးက ရာသီမလာခင် ၂ ရက်လောက်အလို့မှာ စိတ်တွေ အရမ်း ပါလာလို့ လက်နဲ့ ဖြေလိုက်မိပါတယ်ဆရာ။ အဲ့လိုဖြေတော့ အရည်တွေက တော်တော်များ များကိုထွက်လာပါတယ်။ တပါတ်ကျော်နေပေမယ့်လည်း ခုထိမလာသေးလို့ စိုးရိမ်နေမိလို့ပါ။ သွေးဆေးလည်းနေ့တိုင်း သောက်ပါတယ်။ လာခါနီးဖြစ်တဲ့ ခါးကိုက်တာတို့ ရင်တွေ တင်းတာတို့လည်း ပျောက်သွားပါတယ်ဆရာ။ အဲ့ဒါဘာကြောင့်ပါလဲ ဆရာစိုးရိမ်ရလားလို့ သိချင်ပါတယ်။ ပြီးတော့ ဘာလုပ်သင့်တယ် ဆိုတာကိုလည်း ပြောပြပေးစေချင်ပါတယ်ရှင့်။

ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ ဆက်ဆံရေး မသိပါ။ ရာသီအကြောင်း (အဲလိုဖြစ်ဘူးတာ) မသိပါ။ ဒါပေမဲ့ ရေးပြတဲ့ အတိုင်းဆိုရင် စိုးရိမ်စရာမရှိပါ။
အာသာဖြေတဲ့အခါ အရည်တွေထွက်တာဟာ ပြည့်ဝမှု Orgasm ရလို့ ဖြစ်နိုင်ပါတယ်။ စိတ်ကလဲ ကျေနပ်၊ သာယာသွားမယ်။ ဒါက ပုံမှန် သဘောသာဖြစ်တယ်။ လိုအပ်ချက် အရ လုပ်တာဖြစ်လို့ ဘာမှ မစိုးရိမ်ပါနဲ့။ ယောက်ျားနဲ့ လုံးဝ မပတ်သက်ရင် ကိုယ်ဝန်ဆိုတာ မစိုးရိမ်ရပါ။
ရာသီဆိုတာ မတူတာတွေဖြစ်တတ်တယ်။ စိတ်အခြေအနေ (စိတ်ဖိအားများ၊ လိင်စိတ်ဖြစ်ပေါ်မှု)၊ ကိုယ်ကျန်းမာရေးတွေအပေါ်မူတည်ပြီး မလာတာ၊ နောက်ကျတာ၊ နည်းတာ၊ များတာတွေဖြစ်တယ်။

ဆေးတောင်မလိုတတ်ပါ။ ဖြစ်စေတာကို ပြုပြင်တာနဲ့ ပြန်ပြီး ပုံမှန်ဖြစ်လာတယ်။ စောင့်ကြည့်နိုင်ပါတယ်။ မထူးတာ၊ ထူးတာရှိရင် ထပ်မေးပါ။
Female masturbation အကြောင်းလဲ ရေးထားပါတယ်။ သိချင်မှသာ ဖတ်ပါ။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၁၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top