1. မနေ့က မေးချင်စိတ်ကြီးသွားလို့ အသက်တွေဘာတွေတောင် မပြောလိုက်ရဘူး။
2. 7.1.2013 ကရာသီလာတယ်။
3. ကျွန်တော့် ကောင်မလေးက သံဓာတ်အားဆေးလိုတယ်ဆိုလို့
4. ကျွန်တော့်မိန်းမအတွက် စိုးရိမ်နေမိလို့ပါ။
5. ကျွန်တော့်ကောင်မလေးရဲ့ သားအိမ်မှာအလုံးရှိနေပါတယ်။
6. အသက်က ၂၅၊ အိမ်ထောင်ရှိ၊
7. ကျွန်တော်ရဲ့  ဘယ်ဘက်ဝှေ့စေ့ရဲ့ အပေါ်မှာ
8. ကျမက အရင်တုန်းကနေ လွန်ခဲ့တဲ့ 1 နှစ်ထိ 1 လ 1 ခါ
9. ကျွန်တော်တို့လင်မယားမှာ အခက်အခဲလေးဖြစ်နေလို့ပါ။
10. ကျနော်နဲ ကျနော်ဇနီး က အလုပ်ကိစ္စနဲ့ ၂ လလောက်ခဏခွဲနေရဘူးပါတယ်။
11. ကျွန်မ အသက်က ၃ဝ ရှိပါပြီ။ အိမ်ထောင်မရှိပါ။
12. ကျွန်တော်တို့ လောလောဆယ် နိုင်ငံခြားမှာပါ။
13. ဆရာ တလက်စတည်းသိချင်တာတွေ အကုန်မေးလိုက်တော့မယ်။
14. ကိုယ်ဝန်ဖျက်ချထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ
15. ကျမ ဆရာကို Chocolate cysts နဲ့ပက်သက်ပြီး မခွဲချင်လို့
Tue, Jan 22, 2013 at 8:15 PM
မနေ့က မေးချင်စိတ်ကြီးသွားလို့ အသက်တွေဘာတွေတောင် မပြောလိုက်ရဘူး။ သမီအသက်က ၂၂ ပါ။ သမီးက ကောင်လေးနဲ့ မဟုတ်ပဲနဲ့ တယောက်တည်းလက်နဲ့ဖြေမိတာပါဆရာ။ အဲ့ဖြေပြီးတဲ့နောက်ပိုင်း ရာသီလာယင်ဖြစ်တဲ့ခါးနာတာတို့ ပျောက်သွားပါတယ်။ ရာသီက လာရမယ့်ရက်လည်း ၁ ပါတ်ကျော်နေတာတောင် မလာသေးပါဘူး။ အဲ့ဒီရာသီမလာတာကို စိုးရိမ်မိတာပါဆရာ။ လုပ်တာနဲ့များ သက်ဆိုင်ပါသလား။ နောက်ကျပြီးမှလာမှာလားလို့ပါဆရာ။ လုံးဝမလာပဲဖြစ်ခဲ့ယင်ရော စိုးရိမ်ရပါသလားရှင့်။
ဘာမှမစိုးရိမ်ပါနဲ့။ ဖါသာအာသာဖြေခြင်းဟာ ဆိုးကျိုးရယ်လို့ မရှိပါ။ ဆရာရေးထားတာ ဖတ်ဘူးလားတော့ မသိပါ။ ကိုယ့်လက်နဲ့သာ သုံးတာက စိုးရိမ်စရာ တခုမှ မရှိပါ။ ကရိယာသုံးတာမျိုးကသာ ပိုး-မှို ဝင်မှာ သတိထားရတယ်။ မေးတဲ့သူပြောတာ မှန်တယ်။ အဲလို စိတ်သာယာပြည့်ဝသွားလို့ ခါးနာတာသက်သာသလိုမျိုး အကျိုးဖြစ်တာ ရစေနိုင်တယ်။ ရာသီကို စောင့်ကြည့်ပါ။ ထူးတာ။ မထူးတာရှိရင် မေးချင်ရင် ထပ်မေးပါ။
Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁)
Female Masturbation (3) အမျိုးသမီးများ အာသာဖြေခြင်း (၃)
Tue, Jan 22, 2013 at 9:43 PM
7.1.2013 ကရာသီလာတယ်။ 11.1.2013 မှာပြီးတယ်။ 18/19 မှာအတူနေဖြစ်တယ်။ ဘာမှမဖြစ်ပါဘူးနော်။ ကျွန်မက 29 နှစ်။ ရာသီရက်ကပုံမှန်မရှိပါဘူး။
ရာသီဆင်းပြီး ၇ ရက်ဖြစ်နေတယ်။ အတူနေတုံးက အကာကွယ်မသုံးရင်၊ တားဆေး-တားနည်းလဲ မသုံးရင် ရာနှုန်းပြည့်တော့ မသေချာပါ။ ပို့တဲ့စာကို သေချာဖတ်ပါ။
Calendar method ပြက္ခဒိန်နည်း
Tue, Jan 22, 2013 at 10:19 PM
ကျွန်တော့် ကောင်မလေးက သံဓာတ်အားဆေးလိုတယ်ဆိုလို့ ခုကြော်ငြာနေတဲ့ သံဓာတ်အားဆေး ဖယ်ရိုဗစ် နဲ့ Ecee2ကို တွဲသောက်လိုက်တယ်လို့ ပြောပါတယ်ဆရာ။ 12 နာရီခြား နောက်တစ်လုံး သောက်တော့လည်း ထပ်ပြီးတွဲသောက်လိုက်ပါတယ်တဲ့။ အဲ့လိုမျိုး သောက်လို့ရပါတယ်နောဆရာ။ ပြီးတော့ အဲ့ဒီ့ အားဆေးက တစ်နေ့ကို ဘယ်နှစ်လုံး သောက်လို့ရနိုင်ပါသလဲဆရာ။ သံဓါတ်အားဆေးဆိုတာ နေ့တိုင်းသောက်နေရတယ်။ သွေးအားနည်းရင်နည်းသလို ကြာကြာသောက်ရတယ်။ တချို့ကို ၃ လအသောက်ခိုင်းတယ်။ ပုံမှန် အမြဲသောက်နေတာလဲ ကောင်းတယ်။
မနက် ၁ လုံး၊ ညနေ ၁ လုံး။ သောက်တယ်။ ကြာကြာသောက်ရတာမို့ ဈေးကြီးတာတွေ ကြော်ညာကောင်းတာတွေ အရေးမကြီးပါ။ အများသောက်တဲ့ဆေးမျိုးလဲ အတူတူပါဘဲ။ UNICEF ကနေ အလားဝေတာလဲ အတူတူကောင်းတယ်။
Wed, Jan 23, 2013 at 5:02 AM
ကျွန်တော့်မိန်းမအတွက် စိုးရိမ်နေမိလို့ပါ။ ယူဖြစ်တာမကြာသေးပါဘူး။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှမရှိပဲနဲ့ ဂေါ်လီထည့်မိပါတယ်။ ဆက်ဆံရင် ဘယ်လိုအန္တရာယ်ဆိုးကျိုးးရှိနိုင်ပါသလဲ။ သားအိမ်ခေါင်း ကင်ဆာဆိုတာ ဘာကြောင့်ဖြစ်ရတာပါလဲ။
Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်
Wed, Jan 23, 2013 at 8:38 AM
ကျွန်တော့်ကောင်မလေးရဲ့ သားအိမ်မှာ အလုံးရှိနေပါတယ်။ သူ့အသက်က အခုမှ ၂၄ နှစ်ပါ။ စပြီး သတိထားမိတာတော့ ပြီးခဲ့တဲ့ ၂ နှစ်ကပါ ဆရာ။ သူကတော့ အိုဂျီနဲ့ ပြဖြစ်တယ်ပြောပါတယ်။ သူ အိုဂျီနဲ့ သွားပြတုန်းက ကျွန်တော် လိုက်လို့ အဆင်မပြေလို့ပါ။ ကျွန်တော်တို့ ၁ နှစ်အတွင်းမှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ သူက ရာသီမမှန်ပါဘူး၊ စလာချိန်ဆိုလဲ တော်တော်ခံရပါတယ်။ သွားလာလှုပ်ရှားဖို့တောင် အဆင်မပြေပါဘူး။ လာရင်လဲ ၈ ရက်လောက်ကြာပြီး အရမ်းလဲ များပါတယ်။ ကြားရက်တွေမှာ အဖြူလဲ ဆင်းတယ်။ သူ့အလုံးအရွယ်ကတော့ မမှတ်မိတော့ပါဘူးတဲ့။ ရာသီမမှန်တာနဲ့ သူများတွေထက် ပိုပြီး ကိုက်ခဲတာက ငယ်ငယ် စလာတဲ့ အချိန်ကတည်းက ပါတဲ့။ သူပြနေတဲ့ အိုဂျီကပြောတာတော့ မမှန်တာ၊ နာကျင်ကိုက်ခဲတာက အလုံးနဲ့ မဆိုင်ဘူးလို့ပြောပါတယ်။ ကျွန်တော် ဆရာ့ရဲ့ post တွေမှာ ဖတ်ကြည့်တော့ သူ့ရဲ့ လက္ခဏာတွေက အလုံးကြောင့်ဖြစ်တာတွေနဲ့ တူနေပါတယ်။ ဘာဖြစ်လို့ သူပြနေတဲ့ ဆရာဝန်က အလုံးကြောင့် မဟုတ်ဘူးပြောတာပါလဲ။ တခြားအကြောင်းများ ရှိပါသေးလား ဆရာ။ သူ့ခမျာ သနားပါတယ် အမြဲတမ်း ကရိကထ များနေရပါတယ်။ တစ်ခါတစ်လေ စိတ်ညစ်လွန်းလို့ သားအိမ်တောင် ထုတ်လိုက်ချင်တယ် ပြောနေပါတယ်ဆရာ။ ကျွန်တော် သိချင်တာက သူကလေးယူလို့ ရပါလားဆရာ။ တကယ်လို့ အလုံးကို ခွဲထုတ်လိုက်ရင် သူလတိုင်းခံစားနေရတာ သက်သာသွားနိုင်ပါလား။ ဒါမှမဟုတ် တခြားသက်သာအောင် ကုသနည်းများ ရှိပါသလားခင်ဗျာ။ ကျွန်တော်လဲ အခွင့်အရေးရရင် သူအိုဂျီသွားပြတဲ့အချိန် လိုက်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုတော့ မဖြစ်နိုင်သေးလို့ပါ။ ကျွန်တော် သိချင်တာတွေကို ဆရာ့ရဲ့ post တွေထဲမှာ ရှာကြည့်ပါသေးတယ် မတွေ့လို့ ဒီစာကိုရေးလိုက်တာပါ။ အာထရာဆောင်းရိုက်တော့ ဆရာမက သူ့သားအိမ်က သူများထက် ပိုထူတယ်လဲပြောပါတယ်။
သားအိမ်မှာ ဖြစ်နိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိပါတယ်။ အကျိတ်-အလုံးလို့ပြောတာမှာလဲ တမျိုးမက ရှိသေးတယ်။ Ultrasound ရိုက်မှသာ သိတယ်။ အိမ်ထောင်မကျသေးတဲ့ ၂၄ နှစ်မှာ Myoma/Fibroid နဲ့ Endometriosis ဆိုတဲ့ ၂ မျိုး ဖြစ်နိုင်တယ်။ ရာသီကြောင့် ခံစားရတာတွေ သူများထက်များတဲ့ သူတွေမှာ အဲလိုဘဲ။ အတော် စိတ်ထိခိုက်ရတယ်။ စိတ်ပျက်စေတယ်။ သူပြောတာ အမှန်ဘဲ။ ရာသီကနေ အဲလို ဒုက္ခပေးတာအတွက် ဆေးကုလို့ရပါတယ်။ သားအိမ်ထုတ်ဘို့ မလိုပါ။ OG ကိုပြထားတာမို့ ဆရာဝန်ကနေ ညွှန်ပါလိမ့်မယ်။ ရောဂါနာမည်ကိုလဲ ဆရာ့ ဖြစ်နိုင်တာကိုသာပြောတာမို့ ကိုယ့်မှာ မဟုတ်တာအတွက် အပို စိုးရိမ်စရာမလိုပါ။ စာတွေရေးထားတယ်။ ရာသီအတွက် ဘယ်လိုပြင်နိုင်သလဲဆိုတာ လိုက်နာသင့်ပါတယ်။ သားအိမ်အလုံးကိုတော့ ရောဂါနာမည် တိတိကျကျသိမှသာ ဆိုင်တဲ့ စာကိုဖတ်ပါ။ ၂ မျိုးလုံး အတွက် ရေးထားပါတယ်။ ကင်ဆာ မဟုတ်တာ စိတ်သက်သာရာရစေပါ။
Wed, Jan 23, 2013 at 11:55 AM
အသက်က ၂၅၊ အိမ်ထောင်ရှိ၊ ကွန်ပျူတာနဲ့ အလုပ်လုပ်၊ အနည်းဆုံး တစ်နေ့ ၇ နာရီ ၊ အများဆုံး ၁၀ နာရီထိုင်အလုပ်လုပ်ရ။ တစ်နေ့လျှင် ရေကို ၁ လီတာခန့်သောက်ပါတယ်။ တီဘီဆေးသောက်တာ ၃ လရှိပါပြီ။ တစ်နေ့ ဆီး ၁ဝ ခါသွားလျှင် ၇ ကြိမ်ခန့်က ဆီးကျန်သည်ဟု ခံစားရ။ ဘောင်းဘီများစိုတတ်ပါသည်။ အဘယ်ကြောင့်ပါလဲ။ ဘယ်လိုဆေးသောက်သင့်ပါသလဲ။ ကျေးဇူးတင်ပါသည်။
ယောက်ျား-မိန်းမ မသိပါ။
Urine Dribbling အမျိုးသား ဆီးတစက်တစက် ထွက်နေခြင်း
Wed, Jan 23, 2013 at 8:32 PM
ကျွန်တော်ရဲ့  ဘယ်ဘက်ဝှေ့စေ့ရဲ့ အပေါ်မှာ ဆီးအိမ်အောက်ကနေ ဆင်းလာတဲ့ အကြောလေးတွေ အစုလိုက်ရှိနေပါတယ်။ အဲဒါ ပုံမှန်ပဲလား၊ ဒါမှမဟုတ် အူကျနေတာလား ဆိုတာကို သိချင်ပါတယ်ဆရာ။ ဘယ်ဘက်ဝှေးစေ့က ညာဘက်ဝှေးစေ့ထက် နည်းနည်းသေးပါတယ်။ ဒါလည်း ပုံမှန်ပဲလားဆိုတာ သိချင်ပါတယ် ခင်ဗျ။
Varicocele (ဗေရီကိုဆီးလ်)
Thu, Jan 24, 2013 at 11:59 AM
ကျမက အရင်တုန်းကနေ လွန်ခဲ့တဲ့ 1 နှစ်ထိ 1 လ 1 ခါ ရာသီမှန်တယ်ဆရာ။ ဒါပေမယ့် ပြီးခဲ့တဲ့ 4 နှစ် ကျော်က ရာသီမလာလို့ ဆေးခန်းကဆေးထိုးလိုက်တော့ 3 ပတ်လောက် မရပ်တော့ဘူး။ ကျမလည်းကြောက်တာနဲ့ ဆေးပြန်ထိုးတော့ ရပ်သွားတယ်။ အဲဒီနောက် 3 နှစ်လောက် ပုံမှန် လစဉ်လာတယ်။ ဒါပေမယ့် အခု 1 နှစ်ကျော်လောက် ပုံမှန်မလာဘူး။ 2 လ ၁ ကြိမ် 3 လ ၁ ကြိမ် ပဲလာတယ်။ ဒီ 3 နှစ်အတွင်း ခင်ပွန်းနဲ့ အတူနေတာ လည်းမရှိဘူး။ ဆေးစားတာလည်းမရှိဘူး။ အရင်ကစားထားတဲ့ အကျိုးဆက်တွေလားဆရာ။ ဆေးခန်းသွားတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ အဲဒါနဲ့ ကျမလည်း ဒီအတိုင်းပဲနေခဲ့တာ။ ဒါပေမယ့် အခု ကြောက်လာတယ်။ ရာသီသွေးမမှန်တာကြောင့် ကလေးယူတဲ့အခါ မရ မှာကြောက်တယ်ဆရာ။ အဲဒါ ကျမ ဘယ်လိုလုပ်သင့်သလည်းဆရာ။ ပြီးတော့ ဒီရက်အတွင်း အင်ပျဉ်ထသလို ဖြစ်ဖြစ်နေတယ်။ ယားယားပြီး အဖုလေးတွေထ လာတယ်။ ကုတ်တိုင်းထတယ်။ ခဏလောက်ကြာရင် ပျောက်သွားတယ်။ အဲဒါမျိုး ခဏခဏ ဖြစ်တယ်။ အဲဒါ ရာသီမမှန်တာနဲ့ ဆိုင်သလားဆရာ။ အခုတော့ ဆေးခန်းက ဆေးထိုးလိုက်တာ မဖြစ်တော့ဘူး။ အရင်ကတောါ 1 ခါ အင်ပျဉ်ထဘူးတယ်။
အမျိုးသမီး၊ ၂၆ နှစ်၊ ကလေးမယူသေး၊ တားဆေးလဲမသောက်၊ အတူမနေတာကြာ။ ရာသီမမှန်။ ရာသီမှန်မှ ကိုယ်ဝန် တားတာ၊ ယူတာအတွက် ကောင်းပါမယ်။ OG ပြနိုင်ရင်ပိုကောင်းတယ်။ Physical exam, Ultrasound, Vaginal exam တွေလုပ်မယ်။ အလွယ်ဆုံးနည်းကတော့ အိမ်ထောင်နဲ့အတူမနေလဲ တားဆေးသောက်သင့်တယ်။ ဟော်မုန်း ၂ မျိုးပါ၊ တလမှာ ၂၈ ရက်သောက်ရတာကို တနေ့ ၁ လုံး၊ ၄-၅ လသောက်ရင် မှန်လာလိမ့်မယ်။ ဒိနောက်ရပ်ထားနိုင်တယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးတွေလဲ သိထားပါ။ ယားတာက (အလာဂျီ) ကြောင့်ဖြစ်မယ်။ Cetrizine တည ၁ လုံးသောက်ပါ။ လိမ်းချင်ရင် Calamine lotion လိမ်းပါ။
Fri, Jan 25, 2013 at 4:52 AM
ကျွန်တော်တို့လင်မယားမှာ အခက်အခဲလေးဖြစ်နေလို့ပါ။ ကလေးနောက်တယောက်လိုချင်လျှက်နဲ့ ခက်ခဲနေတာပါ။ အိမ်ထောင်ကျပြီး ကလေးစယူတော့ ပထမဦးဆုံး (၁)လကိုယ်ဝန်မှာ ရိုးရိုး M.B.B.S နဲ့ ပြဖြစ်ပါတယ်။ အားဆေးတွေ ပေးလိုက်ပါတယ်။ အဲ့ဒါနဲ့ (၂)လမြောက်ကိုယ်ဝန်မှာ သွေးနဲနဲ ဆင်းလို့ ဆရာဝန်ကို ပြန်သွားပြတော့ အိုဂျီဆီ ချက်ချင်း လွဲပေးလိုက်ပါတယ်။ အိုဂျီဆီ ရောက်တော့ ခြစ်ချ လိုက်ရပါလေရော။ ခြစ်ပြီးလို့ ၃ လဝန်းကျင်လောက်လဲကြာရော ဒုတိယမြောက် (၁) လကိုယ်ဝန်ကို နဂိုအိုဂျီဆီပြန်သွားတော့ (၂)ဝန်းကျင်မှာ ပျက်ကျတတ်တဲ့သဘောရှိတယ်၊ အဲ့ဒီတော့ ငြိမ်ငြိမ်လေးနေပါတဲ့ အိပ်ယာပေါ်ကနေမထနဲ့တဲ့။ ယုတ်ဆွအဆုံးဆီးတောင်ခွက်နဲ့သွားတဲ့ သူပြောတဲ့အတိုင်းနေတာ (၂) လမြောက်လဲကျရော သွေးနဲနဲ စဆင်းတယ် အဲဒါနဲ အိုဂျီဆီပြန်သွားတော့ ငြိမ်ငြမ်နေခိုင်းပြီး ဆေးထိုးဆေးတိုက် လုပ်လိုက်တာ သမီးလေးတယောက် အောင်မြင်စွာမွေးဖွား လာခဲ့ပါတယ်။ ကလေး ၃ နှစ်ကျော်လောက်ကျတော့ နောက်တယောက်ယူဖို့ ကျိုးစားတာ တတိယမြောက် ကိုယ်ဝန်မလွယ်ခင်မှာပဲ နဂို အိုဂျီဆီ ပြန်သွားတော့ အိုဂျီကနိုင်ငံခြား ထွက်သွားတယ်တဲ့ သူလူနာကို လင်ညီအစ်မ အိုဂျီနဲ့ လွဲခဲ့တယ်။ အဲဒါနဲ့ အဲဒီအိုဂျီဆီ ရောက်တော့ ကလေး လိုချင်လို့ပြောတော့ ဆေးပေးပြီးပြန်လွတ်လိုက်တယ်။ ပထမဦးဆုံးကိုယ်ဝန်အကြောင်းကို ပြောတော့ ဒုတိယမြောက်မှာ ကလေးရတယ် မဟုတ်လားတဲ့။ အဲဒါဆို ရနိုင်ချေ ၉၉% ရှိတယ်တဲ့ စိတ်မပူနဲ့တဲ့။ တတိယမြောက် ကိုယ်ဝန် (၁) လမြောက်မှာ ပြန်သွားပြတော့ ရတယ်ပုံမှန်ပဲတဲ့ (၂)လမြောက်မှာ ထုံးစံအတိုင်း သွေးပြန်ဆင်းပါလေရော အဲ့ဒါအိုဂျီဆီပြန်သွားတော့ ဆေးထိုးဆေးတိုက်လုပ်တာမရဘူး ခြစ်ချ လိုက်ရတယ်။ တတိယမြောက်ကိုယ်ဝန်ပြီးတော့ စတုတ္တ ကိုယ်ဝန်က ၁နှစ်လောက်ခြားသွားတယ်။ စတုတ္တကိုယ်ဝန်(၁)လမြောက်မှာ အိုဂျီဆီပြန်သွားတော့ ပုံမှန်ပဲတဲ့ အဲ(၂)လမြောက်မှာ ထုံးစံအတိုင်းသွေးစဆင်းတော့တာပဲ အဲဒါနဲ့ အိုဂျီကလည်း ဂရုစိုက်ရှာပါတယ်။ ကိုယ်တိုင် အယ်ထရာယ်ဆောင်းရိုက်ဘာလုပ်ညာလုပ်နဲ့ပေါ့။ လုပ်နေရင်းတန်းလန်းနဲ့ကို ပဲ စတုတ္ထ ကိုယ်ဝန်ပျက်ကျ သွားပါတယ်ဗျာ။ အိုဂျီနဲ့တိုင်ပင်တော့ နင်ဒို သိပ်သေချာချင်ရင် သွေး၂ မျိုးသွားစစ်တဲ့ ဆေးစာရေးပေး လိုက်တယ် နီနီ ဓာတ်ခွဲခန်းမှာ ရနိုင်တယ်တဲ့ နီနီဓာတ်ခွဲန်းရောက်တော့ RIGHT LAB ကိုသွားတဲ့ အဲဒီရောက်တော့ စစ်လို့တော့ရမယ် ဒီမှာတော့ မဟုတ်ဘူး စင်ကာပူပို့ရမယ် ဝန်ဆောင်ခနဲ့ဆိုရင် ၂မျိုးကို မြန်မာငွေ ၃ သိန်းကျော် ၄ သိန်းလောက်ကျမယ်တဲ့။ နှမြောတာနဲ့ မစစ်ဖြစ်ပါဘူး။ ကလေး နောက်တယောက်လောက် လိုချင်နေပါတယ်။ သွေးစစ်သင့်မစစ်သင့်၊ တခြား အကြံဥာဏ်လေးရှိရင်ပေးပါအုံး။ ကျွန်တော်တို့က ဘာတားဆေးမှ မသုံးဘူး ကွန်ဒုံးနဲ့ဘဲ တားမြစ်ခဲ့တယ်။ တတိယမြောက် ကိုယ်ဝန်နဲ့ စတုတ္ထကိုယ်ဝန်မှာလည်း ဒုတိယမြောက်ကိုယ်ဝန်လိုပဲ ငြိမ်ငြိမ်လေးနေပြီး အိပ်ယာထဲမှာပဲလှဲ နေခဲ့ပါတယ်။
ဆေးစစ်တယ်ဆိုတာ ချို့ယွင်းချက် ရှိ-မရှိ သိချင်လို့သာဖြစ်ပြီး ချို့ယွင်းနေတာကိုကောင်းစေဘို့မဟုတ်ပါ။ ငွေကုန်တာကိုလဲ တွက်တာ မှန်ပါတယ်။ ခုခေတ်မှာ ဆေးစစ်ရတာတွေက ကုန်ကျစရိတ်များလှတယ်။ ဆရာဝန်တွေကလဲ တာဝန်ကုန်အောင်လမ်းညွှန်ရတယ်။ ကလေးတယောက်ရထားသူဟာ မှန်ပါတယ် နောက်ထပ်ရမှာပါ။ တခါ-နှစ်ခါပျက်ထားလို့လဲ ပျက်နိုင်သေးပြန်တယ်။ ဆရာ့ (ဆိုက်) မှာ ကိုယ်ဝန်နဲ့ ပတ်သက်တာတွေ အများကြီးရေးထားပါတယ်။ စိတ်အေးလက်အေး အချိန်ပေးပြီး ဆိုင်တာကိုရွေးဖတ်ပါ။ ကျန်းမာ-ချမ်းသာပြီး သားသမီးရတနာတွေ ထပ်မံထွန်းကားကြပါစေ။
Fri, Jan 25, 2013 at 1:49 PM
ကျနော်နဲ ကျနော်ဇနီး က အလုပ်ကိစ္စနဲ့ ၂ လလောက်ခဏခွဲနေရဘူးပါတယ်။ အရင်အတူနေတုန်းကတော့ ၁လတားဆေး (လက်ညိုး)ကဒ်ဆေးစားပါတယ်။အဲဒိ၂ မှာတော ဆေးမစားခဲပါဘူး။ ဒါပေမဲ ခဏတွေတဲအချိန်မှာတော့ လွန်သွားလို အရေးပေါ် (ecee ၂လုံးထဲပါတဲ့)ဆေးကိုစားမိ ပါတယ်။ အခုဒီလမှာ သူဓမ္မတာဆင်းတာ သုံးကြိမ်တောင် ရှိပြီဆိုတော သူရော ကျနော်ရော စိုးရိမ်နေပါတယ်။ ကျနော်တို့က အခု (့) မှာဆိုတော့ မြန်မာဆရာဝန်ကလဲ ရှားပါတယ်။ ကန်တော့ပါဆရာ ဒုတိယတကြိမ်မှာ သူမ လာနေတုန်းဆက်ဆံမိပါတယ်ဆရာ။ အဲဒါ အခုလိုဖြစ်တော သူရော ကျနော် ရော လန့်နေပါတယ်.ကလေး မရနိုင်တောမှာလဲ အရမ်းစိုးရိမ်ပါတယ်ဆရာ။ သူမ အသက်က ၃၃ နှစ်ထဲမှာပါ။ အရင် လတွေကတောပုံမှန်ပါပဲခင်ဗျာ။ ဒိလမှာဖြစ်တာပါ။ တခြားရောဂါတွေမရှိပါဘူး။
ဘာမှ စိုးရိမ်စရာမရှိပါ။ အရေးပေါ်တားဆေးကိုတော့ ခဏခဏသောက်တာ မကောင်းပါ။ ရာသီရက်တွေပြောင်းတယ်။ ဘေးထွက်-ဆိုးကျိုးလဲ ခံစားရမယ်။ ရာသီလာနေတုံးနေတာက သန့်ရှင်းရေးကလွဲရင် ဘာမှ မဖြစ်စေပါ။ ဆေးအရှိန်ကုန်ရင် ပုံမှန်ပြန်ဖြစ်ပါမယ်။ ပုံမှန် တားဆေး-တားနည်းကိုရွေးသုံးသင့်ပါတယ်။ သွေးဆင်းတာများရင်၊ ရက်ပိုကြာရင် သံဓါတ်အားဆေးသောက်ပါ။ နားနိုင်သမျှနားပါ။
Fri, Jan 25, 2013 at 6:56 PM
ကျွန်မ အသက်က ၃ဝ ရှိပါပြီ။ အိမ်ထောင်မရှိပါ။ ပုံမှန်ရာသီချိန်က လကုန် ပိုင်း၂၆/၂၇ လောက်ပါ။ ရာသီပြီးလို့ ၈.၁.၂ဝ၁၃ က ပုံမှန်ရာသီလာတာမျိုးမဟုတ်ပဲ နီညိုရောင် အနည်းငယ် ဆင်းပါတယ်။ စောတယ် ထင်ပေမယ့် ၁ ရက်လောက်ပဲ ခပ်များများလာပြီး နောက်ပိုင်းလည်း အနည်းငယ်ဆင်းတာ ၁ ပတ်ကျော်လောက် ကြာနေပါတယ်။ အဲဒီ ၁ ပတ်ကျော်အတွင်းမှာ နီညို အတုံးငယ်တစ်တုံး (လက်တစ်ဆစ်ခန့်) ပါ ပါတယ်။ ဆင်းနေတဲ့ရက်ပိုင်းမှာ မနာပါ။ ပုံမှန်ရာသီလာသလိုပဲ နည်းနည်းကိုက်ပါတယ်။ အနံ့လည်း မဆိုသလောက်ပဲရှိပါတယ်။ ၁၅ ရက်နောက်ပိုင်းမှာ (မရိုသေ့စကား) မိန်းမကိုယ် အဝက နာပါတယ်။ ခါးနဲ့ ဆီးစပ် ကိုက်ပါတယ်။ မတ်တပ်ရပ်တာကြာရင် နာသလို ထိုင်တာကြာရင်လည်း နာပါတယ်။ ယမုံနာဆေးခန်း web page မှာ "Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ရောင်ခြင်း" ကိုရှာတွေ့လို့အဲဒီက ဆေးညွှန်းအတိုင်း metronidazole 200mg ကိုတစ်နေ့(၃)ကြိမ်နဲ့ ၇ ရက်သောက်ပါတယ်။ metronidazole gel ကဝယ်မရပါ။ metronidazole vaginal suppositories 500mg (CIPLA LTD. India မှထုတ်သော Flazole အမည်ဖြင့်) ကို ဆေးသောက်ပြီး ၃ ရက်မြောက်လောက်မှာ metronidazole vaginal suppositories 500mg ကို မွေးလမ်းကြောင်းသို့ စသွင်းပါတယ်။ ပထမည ကသွင်းတော့ မနာပါ။ ဆေးလည်း ပုံမှန်ပြန်ထွက် ပါတယ်။ ဒုတိယည မှာတော်တော် ပူပူစပ်စပ်နဲ့ နာပါတယ်။ ဆေးလည်းပုံမှန်ပြန်မထွက်ပါ။ နို့နှစ်ရောင်အဖြူ ဆင်းပြီး ဆေးအနည်းငယ် ပြန်ထွက်ကာ စပ်နေပါတယ်။ ဆေးညွှန်းမှာ ၅ ရက်သွင်းဖို့ပြောပါတယ်။ ဒီနေ့တတိယဆေးသွင်းဖို့ကို မသွင်းနိုင်ပါရှင့်။ ကျွန်မ ကျောင်းဆရာမ တစ်ယောက်ပါ။ ကျွန်မ လေးဘက်နာလည်းရှိပါတယ်။ pen-v လည်း သောက်နေပါတယ်။ ဒါတွေမဖြစ်ခင် လေးဘက်နာ ကိုက်လို့ diclofenac sodium BP-50mg suppositories ကိုစအိုထဲ သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာမှ ဒါတွေဖြစ်တာပါ။ မိန်းမကိုယ်သန့်ဆေးရည်လည်း မသုံးပါရှင့်။
ရာသီအတွက်တော့ ဘာဆေးမှမလိုပါ။ အဖြူဆင်းတယ်လို့ မတွေ့ပါ။ မိန်းမကိုယ်အဝကနာတာ၊ ခါးနဲ့ဆီးစပ်ကိုက်တာ၊ မတ်တပ်ရပ်တာကြာရင် နာသလိုနေတာ နဲ့ ထိုင်တာကြာရင်လည်းနာတာတွေ တွေ့ပါတယ်။ Metronidazole 200mg ကိုတစ်နေ့ (၂-၃)ကြိမ်၊ ၇ ရက်သောက်ရင် လုံလောက်ပါတယ်။ ဗဂျိုင်းနားထဲထည့်တာ တမျိုးဖြစ်နေတယ်။ Vaginal suppositories ဆိုတာက ထည့်ရမှာဖြစ်တယ်။ မသောက်ရပါ။
မသက်သာသေးရင် Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ဆီးသွားတာ နာ-မနာ မသိပါ။ ဆီးအောင့်ရင် Norflox တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ လိုသေးရင် ထပ်မေးပါ။
ပုံမှန်ရာသီလာပြီး ၁ ပတ်အကြာမှာ နီညို ညစ်ညစ်များ ဆင်းတာပါရှင့်။ အဲဒါပြီးတော့ အဖြူဆင်းပါတယ်ရှင့်။ အခုလည်း အဖြူဆင်းပါတယ်။ နာလည်းနာပါတယ်။ အလေးသွားလို့ အိမ်သာမှာ ထိုင်ရင်လည်း မိန်းမကိုယ်အဝက နာပါတယ်ရှင့်။ ကြာကြာမထိုင်နိုင်ပါ။ vaginal suppositories ကို ထည့်တာပါ။ ဒီနေ့ ၃ ကြိမ်မြောက် ထည့်ရမှာပါ။ အဲဒါ စပ်ပြီး နာနေလို့ပါ။ ထပ်ထည့်သင့်၊ မသင့်သိချင်ပါတယ် ဆရာ။ ဆီးသွားတာမနာ၊ မကျင်ပါ။ ဆီးပုံမှန်သွားပါတယ်။ metronidazole 200mg ကို တစ်နေ့(၃)ကြိမ်သောက်တာဒီနေ့ ၇ ရက်ပြည့်ပါပြီ။ ဆေးထည့်တာက ပိုဆိုးရင်တော တမျိုးပေါ့။ ဆေးပတ်လည်အောင် ထည့်တာကကောင်းတယ်။ ဘယ်နှစ်ညလဲ မသိဘူး။ အများအားဖြင့် ၆ ညထည့်ရတယ်။
Fri, Jan 25, 2013 at 2:13 AM
ကျွန်တော်တို့ လောလောဆယ် နိုင်ငံခြားမှာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် လွန်ခဲ့တဲ့၇ လလောက်က ကလပ်တစ်ခုကိုသွားပြီး အပျော်ကြူးမိခဲ့ပါတယ်။ သူနောက်မှအရမ်းကြောက်ပြီး ကျွန်တော့်ကို တိုင်ပင်ပါတယ်။ သူ့အရေပြားမှာ ၆ လလောက်အကြာမှာ ပေါင်ဘေးဘယ်ညာမှာ အဖုလေး သုံးလေးလုံးပေါက်ပါတယ်။ ပြန်ပျောက်သွားပါတယ်။ နောက် ပုံခုံးနောက်ပြင်မှာလည်း သုံးလေးလုံးပေါက်ပါတယ် အဖုလေးတွေ။ နောက်မျက်နှာမှာလည်း အဖုလေးတွေ သေးသေးလေးပေါက်ပါတယ်။ ပေါက်တာက ရှေ့ဆင့်နောက်ဆင့်ပါ။ အဲ့တုန်းက သူက စိတ်ကလန့် နေတော့ ဆေးလည်း မစစ်ရသေးဘဲ လန့်ပြီး အအိပ်ပျက် အစားပျက်ဖြစ်လိုက် ပါသေးတယ်။ ကျောပူတယ်လည်း ပြောပါတယ်။ သူဆေးစာတွေ လိုက်ဖတ်ပြီး စိတ်ထင်တာလည်းဖြစ်နိုင်ပါတယ်။ (ကျွန်တော့်အထင်) သူက ကျောကအရေပြားက နည်းနည်းပူသလိုလို ခံစားရတယ်ပြောပါတယ်။ သူတိုင်ပင်လာတာနဲ့ ကျွန်တော်တို့ ဆေးခန်းတစ်ခုမှာ ဆေးသွားစစ်ပါတယ်။ ဆစ်ဖလစ်၊ HIV အကုန်စစ်ပါတယ်။ မရှိပါဘူးဆရာ။ ဒါပေမယ့် စိတ်ကပဲ ထင်လို့လား ဘာလား မသိဘူးတဲ့။ ကျောပြင် အရေပြားလေးတွေက တစ်ခါတစ်ရံပူတော့ စိတ်က သံသယဝင်နေပါတယ်။ ကျွန်တော်တို့ နောက်၆လကြာတဲ့ အခါလည်းထပ်စစ်ဖို့လုပ်ထားပါတယ်။ ဒီမှာရာသီ ဥတုကတော့ အေးပါတယ်။ သူက အသက်၂၈-၂၉ လောက်ရှိပါပြီ။ သူ့မှာပေါက်တဲ့ အဖုလေးတွေကလည်း အဲ့လိုကျောပူလာရင် ပေါက်ပါတယ်။ ပုံခုံး နောက်ပြင်မှာ တစ်ခု နှစ်ခု၊ လက်မောင်းနား တစ်ခုလောက်ပေါက်ပါတယ်။ အဖုလေးတွေ က ပေါ်ပြီး ၁ ပတ်၊ ၂ ပတ်အတွင်းမှာ ပြန်ခြောက် သွားပါတယ်။
Doxycycline ဆေးကို မနက် ၁ လုံး၊ ညနေ ၁ လုံး၊ ၇-၁ဝ ရက်သောက်ပါ။ Paracetamol (Tylenol) ကိုလဲ တွဲသောက်သင့်ပါတယ်။
ဟုတ်ကဲ့ပါဆရာ ဆရာညွန်ကြားတဲ့အတိုင်းဆေးသောက်ထားပါမယ်ဆရာ~ ဒီရက်ပိုင်း အရေပြားပူပြီး အနီဖုလေး ၂ ခု ၃ ခု ပုခုံးနောက်ပြင်မှာပေါ်ပါတယ်ဆရာ.. အရေပြားက ချွေးမထွက်ပဲ ပူဆာပူဆာဖြစ်ပါတယ်..အရေပြားပူတတ်တာက ၁ လလောက်ရှိပါပြီ။ အဲ့လိုဖြစ်ရင်
အဖုလေးတွေပေါ်တတ်ပါတယ်..အနီဖုလေးတွေပါ.ပြီးတော့ အညိုရောင်ပြောင်းပြီး ပြန်ခြောက်သွားပါတယ်။ ကျွန်တော်တို့ စိုးရိမ်တာက HIV ကူးခံရမှာကိုပဲဆရာ။ အပျော်လွန်မိခဲ့တာက ၇ လလောက် ရှိသွားပြီ။ ဆေးစစ်တာ မပေါ်တော့လည်း စိုးရိမ်နေပါတယ်။ ထပ်စစ်မှာပါ။ အရက်ဘီယာလုံးဝမသောက်ပါ။ အပျော်အပါးတွေလည်း နောက်ပိုင်း လုံးဝရှောင်ပါတယ်။ အရေပြား ပူပြီးအဖုပေါ်တာ ဘာဖြစ်လို့ပါလဲ ဆရာ။ ရာသီဥတုအေးလို့လားဆရာ။ စိတ်ထဲမှာမရှင်းမလင်းဖြစ်ကြလို့ ဆရာ့ကို အားနာစွာနဲ့ထပ်မေးလိုက်ပါတယ်။
HIV စစ်ပြီးလို့ မတွေ့ရင် စိတ်အေးချမ်းသာရှိပါ။ အရေပြားဖြစ်တာကို တခြားအရေပြားရောဂါတခုခုလို့ အာရုံစိုက်ရပါမယ်။ ပိုးတခုခုသာရှိရင် ပြောတဲ့ဆေးနဲ့ ပျောက်ပါမယ်။ (အလာဂျီ) သဘောဖြစ်နောအတွက် Cetrizine တည ၁ ပြားသောက်နိုင်ပါတယ်။ တော်တော်နဲ့ မပျောက်သေးရင် ဆေးတခုခုရွေးလိမ်းရမယ်။ လောလောဆည် Calamine lotion လိမ်းနိုင်တယ်။ နာတာရှည်သဘောဖြစ်နေရင် (ကော်တီဇုန်း) ပါတဲ့လိမ်းဆေးသုံးရမယ်။ ဖြစ်နိုင်ရင် ဆရာဝန်တဦးဦးပြာပါ။ မျက်စိနဲ့ကြည်ဘို့လိုမယ်။
Thu, Jan 24, 2013 at 11:59 AM
ဆရာ တလက်စတည်းသိချင်တာတွေ အကုန်မေးလိုက်တော့မယ်။ ကျမက အရင်တုန်းကနေ လွန်ခဲ့တဲ့ 1 နှစ်ထိ 1 လ 1 ခါ ရာသီမှန်တယ်ဆရာ။ ဒါပေမယ့် ပြီးခဲ့တဲ့ 4 နှစ် ကျော်က ရာသီမလာလို့ ဆေးခန်း ကဆေးထိုးလိုက်တော့ 3 ပတ်လောက် မရပ်တော့ဘူး။ ကျမလည်းကြောက်တာနဲ့ ဆေးပြန်ထိုးတော့ ရပ်သွားတယ်။ အဲဒီနောက် 3 နှစ်လောက် ပုံမှန် လစဉ် လာတယ်။ ဒါပေမယ့် အခု 1 နှစ်ကျော်လောက် ပုံမှန်မလာဘူး။ 2 လ ၁ ကြိမ် 3 လ ၁ ကြိမ် ပဲလာတယ်။ ဒီ 3 နှစ်အတွင်း ခင်ပွန်းနဲ့ အတူနေတာလည်းမရှိဘူး။ ဆေးစားတာလည်း မရှိဘူး။ အရင်ကစားထားတဲ့ အကျိုးဆက်တွေလားဆရာ။ ဆေးခန်းသွားတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။ အဲဒါနဲ့ ကျမလည်း ဒီအတိုင်းပဲနေခဲ့တာ။ ဒါပေမယ့် အခု ကြောက်လာတယ်။ ရာသီသွေးမမှန်တာကြောင့် ကလေးယူတဲ့အခါ မရမှာကြောက်တယ်ဆရာ။ အဲဒါ ကျမ ဘယ်လိုလုပ်သင့်သလည်းဆရာ။ ပြီးတော့ ဒီရက်အတွင်း အင်ပျဉ် ထသလို ဖြစ်ဖြစ်နေတယ်။ ယားယားပြီး အဖုလေးတွေ ထလာတယ်။ ကုတ်တိုင်းထတယ်။ ခဏလောက်ကြာရင် ပျောက်သွားတယ်။ အဲဒါမျိုး ခဏခဏ ဖြစ်တယ်။ အဲဒါ ရာသီမမှန်တာနဲ့ဆိုင်သလားဆရာ။ အခုတော့ ဆေးခန်းက ဆေးထိုးလိုက်တာ မဖြစ်တော့ဘူး။ အရင်ကတော့ 1 ခါ အင်ပျဉ်ထဘူးတယ်။
အမျိုးသမီး၊ ၂၆ နှစ်၊ ကလေးမယူသေး၊ တားဆေးလဲမသောက်၊ အတူမနေတာကြာ။ ရာသီမမှန်။
ရာသီမှန်မှ ကိုယ်ဝန် တားတာ၊ ယူတာအတွက် ကောင်းပါမယ်။ OG ပြနိုင်ရင်ပိုကောင်းတယ်။ Physical exam, Ultrasound, Vaginal exam တွေလုပ်မယ်။ အလွယ်ဆုံးနည်းကတော့ အိမ်ထောင်နဲ့အတူမနေလဲ တားဆေးသောက်သင့်တယ်။ ဟော်မုန်း ၂ မျိုးပါ၊ တလမှာ ၂၈ ရက်သောက်ရတာကို တနေ့ ၁ လုံး၊ ၄-၅ လသောက်ရင် မှန်လာလိမ့်မယ်။ ဒိနောက်ရပ်ထားနိုင်တယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးတွေလဲ သိထားပါ။
ယားတာက (အလာဂျီ) ကြောင့်ဖြစ်မယ်။ Cetrizine တည ၁ လုံးသောက်ပါ။ လိမ်းချင်ရင် Calamine lotion လိမ်းပါ။
Sat, Jan 26, 2013 at 11:03 AM
ကိုယ်ဝန်ဖျက်ချထားတဲ့အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲသိချင်လို့ပါဆရာ။
နောက်တခါ ဖျက်မရချရအောင်သာ ဂရုစိုက်ပါ။
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Sat, Jan 26, 2013 at 1:13 PM
ကျမ ဆရာကို chocolate cysts နဲ့ပက်သက်ပြီး မခွဲချင်လို့ အကူအညီ တောင်းပြီးမေးဖူးပါတယ်ရှင့်၊ ဆရာဆီမှကျမသိချင်သော အကြောင်းအရာများကိုမေးခွင့်ပြုပါဆရာ။ ကျမ (့) အစိုးရဆေးရုံက OG Specialist ဒေါက်တာ (့) (Professor) နဲ့ သွားပြီး ပြသတဲ့အခါ၊ (Dx Endometriotic Cyst) လို့ပြောပြီး ခွဲရမယ်ဆိုလို့ 21st Dec, 2012 က ခွဲစိတ်လိုက်ရပါတယ်။ Cyst က Left=3x3cm, Right=6x6cm လို့ပြောပါ တယ်။ နောက်ထပ် ရက်ချိန်း 15th Jan, 2013 မှာ ကျမကို Endometriosis ဖြစ်တဲ့အတွက် ဆေးဆက်ထိုးရမယ်လို့ ပြောပါတယ်။ ဟော်မုန်းဆေး Depo ကို ၃လ တစ်ကြိမ် ထိုးဆေးကို ၂ကြိမ်ထိုးရမယ်လို့ ပြောပါတယ်။ ၄င်းဆေးရုံကြီးမှာ ဆေးကုန်နေလို့ကျမရဲ့ အဆောင်နား Farmasi ဆေးဆိုင်ကပဲ အဲ့ဒီဆေးကို အော်ဒါမှာပြီး ဆေးခန်းမှာပဲ သွားထိုးလိုက်ရတယ်။ ဆရာဝန်က တင်ပါးမှာ ထိုးပေးပါတယ်၊ လက်မောင်းနဲ့ ဗိုက်မှာလည်းရတယ်လို့ပြောပါတယ်။ တင်ပါးမှာထိုးတာ နေရာမှန်ပါသလားဆရာ။ ဆေးနာမည်က Lucrin 11.25mg (3 month Depo)ပါ၊ ကျမသိချင်တာတွေက
၁။ ကျမရောဂါ အရမ်းဆိုးပါသလား။
၂။ Lucrin ထိုးပြီး ဘာဆိုးကျိုးတွေ ရနိုင်ပါသလဲ။
၃။ နောက် တစ်လုံးကို မထိုးရင်ရပါသလား။
၎။ Lucrin နှစ်ကြိမ်ထိုးပြီး နောက်ပိုင်းမှာ ကလေးပြန်ရ/မရ(သို့ ) လုံးဝမရနိုင်ကို သိပါရစေရှင့်။
၅။ ကလေးရနိုင်ခဲ့ရင် အချိန်ဘယ်လောက်စောင့်ရပါသလဲ။
အဓိကကတော့ ကျမ ကလေးအရမ်းလိုချင်သေးလို့ပါဆရာ။ ဘယ်လိုနေထိုင်စားသောက်ရမလဲ၊ ဘယ်လိုအားဆေးတွေ မှီဝယ်ရမလဲ ဆိုတာကိုညွှန်ကြားပေးပါဆရာ၊ ဒါမှမဟုတ် ကလေးလုံးဝ ပြန်မရနိုင်ဘူးဆိုရင်လည်း ပွင့်လင်းစွာနဲ့ ပြောပြပေးပါ။ အကောင်းအဆိုး အားလုံးအတွက် ပြင်ဆင်ထားပါတယ်ဆရာ။ ဒေါက်တာက တစ်ပတ်မှာ တစ်ရက်ပဲ ဆေးရုံထိုင်ပြီး လူနာအရမ်းများတဲ့အတွက် မေးခွန်းတွေ အများကြီးမေးရခက်လို့ပါ၊ ဆေးကျောင်းသားတွေကလည်းရှိတော့ အရမ်းအားနာလို့ပါဆရာ။
အရင်တခါမေးတုံးက ဒီစာ ၂ ပုဒ် မပို့လိုက်ရသေးရင် ဖတ်ပါ။
Endometriosis (1) သားအိမ်ရောဂါ (၁) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-1.html
Endometriosis (2) သားအိမ်ရောဂါ (၂) http://dts-medicaleducation-adult.blogspot.in/2012/08/endometriosis-2.html
Lucrin 11.25mg ဆေးဟာ Depo 150mg ဘဲဖြစ်တယ်။ မဖတ်ရသေးရင်ဖတ်နိုင်ပါတယ်။
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html ထဲမှာ တားဆေး-တားနည်းတွေသုံးပြီးနောက် ကိုယ်ဝန်ရတာတွေဖြေထားတာ ပါပါတယ်။
ယမုန်နာဆေးခန်း - အမေးအဖြေ (၁၁၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




