8
Feb

အမေးအဖြေ (၁၁၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ရာသီမပေါ်တာက 3 လရှိသွားပြီဆရာ။
2. ကျွန်တော့်ကောင်မလေးနဲ့ကျွန်တော် တူတူအိပ်ခဲ့ဖူးပါတယ်ဆရာ။
3. ကျွန်တော် ဆရာရဲ့ Q and A 115 နဲ့ 116 မှာပါတဲ့ varicocele ကိုဖတ်ရပါတယ်။
4. ကျွန်တော်နာမည် (့) ပါ။ အသက်က ၂၃ နှစ်ပါ။
5. ကျွန်တော့် penis ကလူစဉ်မမှီအောင်ကို
6. နားနဲ့မနာဖဝါးနဲ့နာပါဗျ။
7. လွန်ခဲ့သော ၁ လကျော်ခန့်က အကာကွယ်မဲ့ ဆက်ဆံခဲ့မိပါတယ်။
8. အရင်တခါကျန်တော် ဝှေးစေ့ရောင်တာနဲ့ ပတ်သက်ပြီး မေးဖူးပါတယ်။
9. ကျန်တော်နာမည်က (့) ပါ။ (့) မှာနေပါတယ်။
10. ကျွန်တော်က နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။
11. ကျွန်မ အခုကိုယ်ဝန် ၉ လနီးပါးပါ။
12. အဆင့်မသင့်လို့ ကိုယ်ဝန်ကိုဆေးသုံးဖျက်ခြင်း ၁/၂/၃
13. ကျေးဇူးပြုပြီး unwanted pregnancy မေးပို့ပေးပါဆရာ
14. ကျွန်တော် အမျိုးသမီး ဆီးစစ်ကြည့်တာ result က line ၂ လိုင်းပြနေပါတယ်။

Sat, Feb 2, 2013 at 10:29 AM
ရာသီမပေါ်တာက 3 လရှိသွားပြီဆရာ။ အဲဒါနဲ့ဆီးစစ်ကြည့်တော့ မရှိဘူးဆရာ။ ငါးခါလောက်စစ်ကြည့်တယ်။ ငါးရက်ပေါ့ဆရာ။ အဲဒါနဲ့ မြန်မာဆေးပူ သောက်လိုက်တယ်ဆရာ။ သောက်ပြီးမှ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေလို့။ ဆီးစစ်တာ ယုံရမှာပါနော်ဆရာ။

ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ ဆက်ဆံရေး၊ သားသမီး ရာဇဝင် မသိပါ။ အရင်ကကော ရာသီ မှန်-မှန် မသိပါ။ ကိုယ်ဝန်အတွက် ဆီးစစ်နည်း ဖတ်ပြီး၊ မပြီး မသိပါ။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Sat, Feb 2, 2013 at 10:29 AM
ရာသီမပေါ်တာက 3 လရှိသွားပြီဆရာ။ အဲဒါနဲ့ဆီးစစ်ကြည့်တော့ မရှိဘူးဆရာ။ ငါးခါလောက်စစ်ကြည့်တယ်။ ငါးရက်ပေါ့ဆရာ။ အဲဒါနဲ့ မြန်မာဆေးပူ သောက်လိုက်တယ်ဆရာ။ သောက်ပြီးမှ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေလို့။ ဆီးစစ်တာ ယုံရမှာပါနော်ဆရာ။

ဖြစ်တဲ့သူရဲ့ အသက်၊ အိမ်ထောင်ရေး၊ ဆက်ဆံရေး၊ သားသမီး ရာဇဝင် မသိပါ။ အရင်ကကော ရာသီ မှန်-မှန် မသိပါ။ ကိုယ်ဝန်အတွက် ဆီးစစ်နည်း ဖတ်ပြီး၊ မပြီး မသိပါ။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Sat, Feb 2, 2013 at 7:07 PM
ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော် တူတူအိပ်ခဲ့ဖူးပါတယ်ဆရာ။ ဒါပေမယ့် လိင်ဆက်ဆံခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်ကျွန်တော့်ကောင်မလေးကစိုးရိမ်ပြီး နီးရာဆေးခန်းကဆရာဝန်ဆီမှာ တားဆေးထိုးခဲ့တယ်လို့ သိရပါတယ်။ ပုံမှန် ရာသီချိန်ရောက်လာတော့ ပုံမှန်မလာတော့ပဲ ရပ်တန့်နေတာကိုသိရပါတယ် ဆရာ။ အဲ့ဒီ တစ်လ အပြီး နောက်တစ်လမှာပါ လာမယောင်ပြပြီး မလာတာကိုလည်းတွေ့ရပါတယ်။ ဒါကို ကျွန်တော့် ကောင်မလေးက အဲ့ဒီလိုဖြစ်လာပြီဆိုရင် ခေါ်င်းလျှော်ပစ်လိုက်တာကိုသိရပါတယ်။ ဆေးထိုးထားတာက အဲ့လောက်ထိကြာနိုင်လားလို့သိချင်တာပါ ဆရာ။

အများဆုံးသုံးတဲ့ တားဆေး-ထိုးဆေးဟာ ဒီပို ၁၅ဝ မီလီဂရမ်ဖြစ်တယ်။ ရာသီနည်းနိုင်တယ်။ မလာဘဲလဲနေတတ်တယ်။
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html

Sat, Feb 2, 2013 at 8:58 PM
ကျွန်တော် ဆရာရဲ့ Q and A 115 နဲ့ 116 မှာပါတဲ့ varicocele ကိုဖတ်ရပါတယ်။ ကျွန်တော်လည်း အဲဒီလိုပုံစံမျိုး ကျွန်တော် ဝှေ့ စေ့ မှာဖြစ်နေတာပါတယ်။ဒါဆိုရင် ကျွန်တော် လည်းသွေးကြောထုံတဲ့ ရောဂါ ရတာပေါ့နော် ဆရာ။ ဒီ varicocele က စိုးရိမ်ရလား။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် ကတဲကပါ အစက အိပ်ရေးပျက်ရင် ကျွန်တော့ ဝှေးစေ့က အရမ်းနာပါတယ်။အခုတော့ မနာတော့တာ တစ်နှစ်လောက်ရှိပါပြီး။ ကျွန်တော် ဘယ်လို လုပ်ရမလည်းဆရာ ကူညီပါအုံးဆရာရယ်။ စိုးရိမ်လိုပါ။ ကျွန်တော် အသက်က ၂၄ နှစ်ပါ အိမ်ထောင်မရှိပါ။ တခါမှ လိင်မဆတ်ဆံဘူပါဘူ။ မာစတာဘေးရှင်းတော့ လုပ်ပါတယ်။ ကျွန်တော် ဘာဆေးစားရမလည်း ဆရာ။

Varicocele (ဗေရီကိုဆီးလ်)

Sun, Feb 3, 2013 at 9:15 AM
ကျွန်တော်နာမည် (့) ပါ။ အသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ကျတာ တနှစ်ကျော် လောက်ရှိပါပြီဆရာ။ ဆရာ့ကို ကျွန်တော့ရောဂါ အကြောင်းလေး ပြောပြ ချင်လို့ပါဆရာ။ ကျွန်တော်ရဲ့ ကပ္ပါယ်အိတ် တစ်ဘက် အရင်းနားက အကြောက ဖောင်းပြီးရောင်ရောင်နေတတ်တယ် ဆရာ။ နာလဲနာပါတယ်။ နာတဲ့ဘက်က နဲနဲပိုကြီးပြီးတော့ ကိုင်ကြည့်ရင်လဲ မာခဲခဲလေး ဖြစ်နေတယ်လို့ ခံစားရပါတယ်ဆရာ။ အဲ့လိုဖြစ်နေတာ ၈ လလောက်တော့ရှိပါပြီ ဆရာ။ အနီးအနားက ဆေးခန်းတွေ သွားပြကြည့်တော့လဲ အကြောရောင်တာလို့ပြောပါတယ်။ ပိုးသတ်ဆေး ထိုးပေးပြိး သောက်ဆေးတွေ ပေးလိုက်ရင်တော့ နဲနဲသက်သာ သွားပေ မဲ့ ပြန်ပြန်ဖြစ်တတ်ပါတယ် ဆရာ။ အထူးကုဆေးခန်းတွေလဲ စုံနေပါပြီဆရာ။ အဲ့လိုပဲ သောက်ဆေး တွေပေးလိုက်ပေမဲ့ အရှင်း မပျောက်သွားပါဘူးဆရာ။ အခုဆရာဝန် တယောက်နဲ့ ပြကြည့်တော့ သုတ်ကြောထဲ ပိုးဝင်တယ် လို့ပြောပြီး Penicillin ထိုးပေးနေတာ ၃ လလောက်ရှိပါပြီ။ ၂ ရက်ခြား တခါလောက် ထိုးရပါတယ်ဆရာ။ အရင်ကထက်တော့ သက်သာပေမဲ့ ခုထိကို အရှင်းမပျောက်သေးပဲ နဲနဲတော့ အောင့်နေ သေးတယ် ဆရာ။ Penicillin ကို အကြာကြိး ထိုးနေတာကိုလဲ ဆိုးကျိုးဖြစ်မလားဆိုပြီး ကြောက်နေတယ်ဆရာ။ ကျွန်တော့ စိတ်ထင်တော့ အမျိုးသမီးနဲ့ အတူနေပြီး နောက်နေ့လောက်ဆို ပြန်ပြန်အောင့်တတ်တယ် ဆရာ။ အတူနေနေတုန်းတော့ မအောင့်ပါဘူးဆရာ။ နောက်နေ့လောက်မှ နာတာပါ။ အူကျတာကုတဲ့ ဆရာဝန်ကြီးနဲ့ ပြကြည့်တော့လဲ အူကျတာ မဟုတ်ဘူးလို့ ပြောပါတယ်ဆရာ။ နာတာကလဲ နဲနဲ အချိန်ကြာလာလို့ စိုးရိမ်လာလို့ပါဆရာ။ အဲ့ ဒါကြောင့် ဆရာ့ဆီက အကြံပေးချက်လေး လိုချင်လို့ပါဆရာ။ ဘယ်လို တွေ ဆက်ကုသလို့ရတယ် ဆိုတာ ပြောပြပေးပါအုံးဆရာ။

ရောဂါအမည်ကတော့ မှန်ပါမယ်။ မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ ပိုးသေဆေးကို မြန်မာပြည်မှာက ပနယ်စလင်ကိုသုံးနေတုံးဘဲ။ ဆေးတည့်သူတွေမျာ ကြာကြာသုံးလို့ စိုးရိမ်စရာတော့ မရှိပါ။ လိုအပ်ရင်တော့ ဆေးပြောင်းရပါတယ်။ တခြားတိုင်းပြည်တွေမှာသုံးတဲ့ ဆေးနည်းတွေ တွေ့ပါလိမ့်မယ။ လိုသေးရင်လဲ မေးနိုင်ပါတယ်။
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Sun, Feb 3, 2013 at 10:06 AM
ကျွန်တော့် penis ကလူစဉ်မမှီအောင်ကို သေးနေပါတယ်။ ပုံမှန်အချိန်မှာဆို 0.5 လက်မလောက်ပဲရှိပါတယ်။ ကျွန်တော့်အသက် 2 2နှစ်ရှိပါပြီ။ ကျွန်တော့်ကို ကယ်ပါဦးဆရာရယ်။ ကျွန်တော် ဘာဆေးသောက်ရ မလဲညွှန်ပေးပါဦး ဆရာ။ အခုကျွန်တော်က(့) မှာ (့) တက်နေပါတယ်။ သင်တန်းမှာလဲ အဲဒီအကြောင်း အမြဲ အစခံရတာတော်တော် ရှက်ပါတယ်ဆရာ။ အပြင်မှာဆေးခန်းပြဖို့လည်း မလွယ်လို့ပါဆရာ။ တကယ် ထိရောက်တဲ့သောက် ဆေးညွှန်ပေးပါ ဆရာရယ်။ ဒီပုံနဲ့ဆိုရင် မိန်းမတောင်ယူဖို့ အဆင်မပြေလောက်ဖူးဆရာ။

တခြားစစ်ဆေးစရာတွေလဲ လိုနိုင်တယ်။ ဆီးလမ်းအထူးကုဆရာဝန်နဲ့တိုင်ပင်ပါ။ လိုအပ်သေးရင် ဟော်မုန်းအထူးကုနဲ့ဆက်စစ်ရမယ်။ အရပ်ဆေးနည်းတွေ မသုံးပါနဲ့။ စစ်သင်တန်းတောင်တက်နေရရင် ကျန်တာတွေကောင်းနေတာမို့ စိတ်သက်သာရာရပါ။ သွေးထဲက ဟော်မုန်းကိုတော့ ဆေးစစ်တာတိုင်းကမလုပ်တာမို့ စစ်ရတာဖြစ်ပါတယ်။ စိတ်ဓါတ်ခိုင်မာအောင်နေပါ။

ဆရာကျေးဇူးပါ။ကျွန်တော်အခုဘာဆေးတွေသောက်ရမလဲဆရာ။

ဆေးမစစ်သေးဘဲ ဆေးညွှန်လို့မဖြစ်ပါ။
ဆရာ့ ဆိုက်ထဲက သိလိုတာ ရှာဖတ်နိုင်ပါတယ်။
Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/life-cycle-of-penis.html

Sun, Feb 3, 2013 at 2:10 PM
နားနဲ့မနာဖဝါးနဲ့နာပါဗျ။ ကျနော် လိင်တံအတွင်းမှာ အဖုသေးသေးလေးတွေပေါက်နေပါတယ်ဗျ။ နာလည်းမနာဘူးခင်ဗျ။ ကျနော်နာမည် (့) ပါဗျ။ အသက်က 18 ပါဗျ။ ကျနော် အပျော်အပါးလည်း တခါမှမလုပ်ဘူးပါဗျ။ အဲဒါကျနော်ကိုကူညီပါဦးဗျ။ ကျေးဇူးပြု၍ mail မှတစ်ဆင့်ဖော်ပြပေးပါခင်ဗျ။

Penile Lesions (1) ကျားအင်္ဂါ အနာများ (၁)

Sun, Feb 3, 2013 at 6:11 PM
လွန်ခဲ့သော ၁ လကျော်ခန့်က အကာကွယ်မဲ့ ဆက်ဆံခဲ့မိပါတယ်။ ရက် ၂ဝ ကျော်မှာဆေးစစ်ခဲ့ပါတယ်။ antibodies နည်းပဲစစ်ပေးလိုက်တယ်။ အဖြေကကောင်းပါတယ်။ တခြားသောနည်းလမ်းများဖြင့်ဆေးစစ်ရန် ဓါတ်ခွဲခန်းတွင်ကိုယ်တိုင်ပြောပြီးဆေးစစ်လို့ရပါသလား။ ဒါမှမဟုတ် သွေးစစ်အထူးကုများနှင့်ပြသပြီးမှ ဓါတ်ခွဲခန်းတွင်စစ်လို့ရပါသလား။ တခြားမြန်ဆန်သောနည်းများကိုအဘယ်ကြောင့်မသုံးကြပါသလဲ။ မတိကျလို့ပါလား၊ antibodies နည်းက ၃ လနောက်ပိုင်းမှစစ်လို့ရတယ်ဆိုပြီးပြောနေကြလို့ပါ။

မေးခွန်းကို နားလည်အောင် အတော်ဖတ်ယူရပါတယ်။ ဖြစ်တဲ့သူက ယောက်ျား-မိန်းမ မသိရလို့ ကိုယ်ဝန်အတွက်မေးတာလား စဉ်းစားရတယ်။ အသက်လဲ မသိရပါ။ ထင်တာကတော့ HIV အတွက်မေးတယ်ထင်တာမို့ (လင့်ခ်) တွေပို့ပါတယ်။ သိလိုရင်လဲ ဖတ်ပါ။
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.html
HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-1-art.html
HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-2-art.html
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html

Mon, Feb 4, 2013 at 9:48 AM
အရင်တခါကျန်တော် ဝှေးစေ့ရောင်တာနဲ့ ပတ်သက်ပြီး မေးဖူးပါတယ်။ ခုတစ်ခါ နောက်တစ်ကြိမ် အကူညီတောင်းခံအပ်ပါတယ်။ ဆရာပို့ထားတာတွေ အားလုံးဖတ်လို့ နားလည် သလောက်လည်းရှိပါပြီ။ ကျန်တော် နားမလည်တာလေးတွေ ရှိနေလို့ နောက်ပြီး လက်ရှိကျန်တော်ဖြစ်နေတာလေးပါ ထပ်ပြီး အကူညီတောင်းချင်လို့ပါ။ ကျန်တော် ဝှေးစေ့ရော၊ဝှေးစေ့ပေါနားလေးက သုတ်ပို့ပြွန်ရော ရောင်လာပါတယ်၊ နာလည်း နည်းနည်းနာတယ်။ သာမာန် အချိန်မှာ ဘယ်တော့မှ မဖြစ်ပါဘူးး။ တစ်ကိုယ်အာသာဖြေဖို့ ကြိုးစားနေချိန်မှာ မသိမသာ နာလာပြီး ခံစားမှုပြီးမြောက်သွားရင် သုတ်ပို့ပြွန်က ရောင်ပြီး ဝှေးစေ့က နည်းနည်းလေးရောင် သွားတယ်။ သုတ်ပြွန်ကတော့ သိသိသာသာ ရောင်ကိုင်းလာတာပါ။ သာမာန်ချိန်မှာတော့ ဘာမှ နာကျင်ခြင်း၊ ရောင်ခြင်းမရှိပါဘူး။ ကျန်တော်မှာ STD လိုရောဂါမျိုးဖြစ်နေတာလား သိချင်ပါတယ်။ ပြီးတော့ ဘယ်လိုဆေးမျိုးသောက်ရင် ပျောက်နိုင်ပါသလဲံ။

STD က ကူးစက်လာနိုင်တဲ့ အခြေအနေမျိုး မရှိခဲ့ဘူးဆိုရင် စိုးရိမ်စရာ မရှိပါ။ ဒီလို ခံစားနေရတာ ကလဲ STD နဲ့ မတူလှပါ။ ဖါသာအာသာဖြေတာ၊ တကယ်ဆက်ဆံတာမှာ သက်ဆိုင်ရာနေရာတွေမယ် သက်ရောက်မှုဖြစ်စေတယ်။ ကြွက်သား၊ အကြောစတာတွေက လှုတ်ရှားမှုဖြစ်တယ်။ ဖိအားသက်ရောက် သလိုဖြစ်တယ်။ ဒါကြောင့် အရင်နာဘူးထားတဲ့ ဒဏ်ရှိရာမျာ နာလာမျိုးဖြစ်နိုင်တယ်။ STD ဆိုရင် (ယောက်ျား) အရည်ထွက်တာ၊ အနာဖြစ်တာ နဲ့ ဆီးအောင့်တာတွေက အများဆုံးဖြစ်တယ်။ HIV ကတော့ မခံစားရဘဲ သွေးစစ်မှသာသိတယ်။ဒါကြောင့် အနာသက်သာဆေးကိုသာ သောက်ပါ။ ရင်းသလိုပြန်ဖြစ်ရင် ပျောက်ဘူးခဲ့တဲ့ ပိုးသေဆေး ဆေးတပတ်လည်အောင်သောက်ပါ။ ပြန်ဖြစ်တတ်တယ်။ ပသိရောင်တာလဲ ဂရုစိုက်ပါ။

Mon, Feb 4, 2013 at 9:14 AM

ဆရာမင်္ဂလာပါ။ N က 7-1-2013မှာရာသီပေါ်တယ် 18/19-1-2013 မှာချစ်သူနဲ့ အတူနေခဲ့တယ်။ 4-2-2013 ထိရာသီမလာလို့ ဆီးစမ်းကြည့်တာ လိုင်းနီနှစ်ခုပေါ်တယ်။ အောက်လိုင်းကအပေါ်လိုင်းလောက်တော့ မထင်ရှားဘူး ကိုယ်ဝန် ရှိတာလား။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီးဆောင်ရန်ရှောင်ရန် စာများလည်း ဖတ်ချင်ပါတယ်။ ကျေးဇူးပြုပို့ပေးပါဆရာ ....

ကိုယ်ဝန် ရှိတာကိုပြတာဖြစ်ပါတယ်။ ကိုယ်ဝန် အတွက်စာတွေ အများကြီးရေးထားပါ။ အားလုံးကိုဖတ်စရာမလိုဘဲ ကိုယ်နဲ့ဆိုင်တာ၊ အပြုသဘောဆောင်တာတွေ ကိုသာ ရွေးဖတ်ပါ။ ရှာမရရင်လဲ ခေါင်းစဉ်ကို ပြောပါ။
ကျန်းမာ-ချမ်းသာကြပါစေ။
တဆ
Pregnancy - How long were you in labor? ကလေးမွေးတုံးက အချိန်ဘယ်လောက် ကြာခဲ့ပါသလဲ http://dts-medicaleducation-adult.blogspot.in/2012/04/how-long-were-you-in-labor.html
Pregnancy - How she gets pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
Pregnancy - Longer labors ကလေးမီးဖွါးရတာ အချိန်ပိုကြာလာ http://dts-medicaleducation-adult.blogspot.in/2012/04/longer-labors.html
Pregnancy - Looking and Feeling Your Best ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/looking-and-feeling-your-best-in.html
Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/lscs.html
Pregnancy - Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/labor-pain-cervix-cx-contraction-false.html
Pregnancy - Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/placenta-previa.html
Pregnancy - When does it start? ကိုယ်ဝန်ရှိတယ်ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/03/when-does-pregnancy-start.html
Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-after-tubal-ligation.html
Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-air-travel.html
Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html
Pregnancy and Conception သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/conception.html
Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-and-ejaculation.html
Pregnancy and Essential Diet ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ http://dts-medicaleducation-adult.blogspot.in/2012/10/pregnancy-and-essential-diet.html
Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-exercise.html
Pregnancy and Expected due date (EDD) ကလေး ဘယ်တော့မွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-expected-due-date-edd.html
Pregnancy and First Para သားဦးမွေးမယ် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-first-para.html
Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-good-diet.html
Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး http://dts-medicaleducation-adult.blogspot.in/2013/01/pregnancy-and-hepatitis-b.html
Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hepatitis-c.html
Pregnancy and HIV ကိုယ်ဝန်နှင့် HIV http://dts-medicaleducation-adult.blogspot.in/2012/10/hiv-and-pregnancy-hiv.html
Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hpv-vaccination.html
Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-intrauterine-death-iud.html
Pregnancy and Linea negra ကိုယ်ဝန်ရှိ-မရှိ ဗိုက်ကိုကြည့် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-linea-negra.html
Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://dts-medicaleducation-adult.blogspot.in/2012/06/morning-sickness.html
Pregnancy and Oscar Test & Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-oscar-test-triple-test.html
Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင် http://dts-medicaleducation-adult.blogspot.in/2012/04/pain-relief-during-labor.html
Pregnancy and Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-painless-childbirth.html
Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-prednisolone.html
Pregnancy and Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-preeclampsia-pet.html
Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://dts-medicaleducation-adult.blogspot.in/2012/05/wed-mar-28-2012-at-1009-am-ra-alaxan.html
Pregnancy and RPOC အတွင်းမှာ အချင်းကျန်နေခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rpoc.html
Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rubella.html
Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ http://dts-medicaleducation-adult.blogspot.in/2012/04/positions-during-pregnancy.html
Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-sleeping-pills.html
Pregnancy and Ultrasound (1) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-1.html
Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-2.html
Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-vomiting.html
Pregnancy Question ကိုယ်ဝန်အတွက် မေးခွန်း http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-question.html
Pregnancy Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/prenatal-tests.html
Pregnancy prevention by Tubal ligation အမျိုးသမီး သား-သမီး မရတော့အောင် လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/tubal-ligation.html
Pregnancy right after your period ရက်ရှောင်နည်းမှာ သတိထားစရာ http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-right-after-your-period.html
Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://dts-medicaleducation-adult.blogspot.in/2012/03/stages-of-pregnancy.html
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html
Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-third-trimester.html
Pregnancy, LSCS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-cs-and-anesthesia.html
Pregnancy, LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-lscs-and-normal-labor.html
Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-pains.html

Sat, Feb 2, 2013 at 10:07 AM
ကျန်တော် နာမည်က (့) ပါ။ (့) မှာနေပါတယ်။ ကျန်တော် ပွင့်ပွင်လင်းလင်း ပဲပြောပါ့မယ်။ ကျန်တော် ခုခံစားနေရတာက ကတ်ပယ်အိတ်ထဲက ဝှေးစေ့က နည်းနည်းရောင်ပြီး နာလာ တယ် ပြီးတော့ ပြွန်ချောင်း လိုပာာမျိုးက လည်းရောင်လာပါတယ်။ အဲတာက ကျန်တော် တစ်ကိုယ်တည်း အာသာပြေမှ ဖြစ်ဖြစ် လာတတ်တာပါ။ ဒီတိုင်းနေရင် ဘာမှတော့ မဖြစ်ပါဘူး။ ကျန်တော် တစ်ကိုယ်တည်း အာသာပြေတာ စွဲလမ်းမှုလိုဖြစ်နေပါတယ်။ ပြီးတော့ အကြိမ်ရေတွက်လည်း များနေပါတယ်။ (၁) ကျန်တော် အဲလိုနာလာတာ ဘယ်လိုဆိုးကျိုးဖြစ်လာနိုင်ပါသလဲဆရာခင်ဗျား။ (၂) တစ်ကိုယ်တည်း အာသာပြေတာကိုရော အကြိမ်ရေတွက်များလာရင် ပန်းသေရောဂါ ဖြစ်နိုင် မဖြစ်နိင်။ (၃) ဆိုးကျိုးတွေ ဘယ်လိုဖြစ်နိုင်သလဲ သိချင်ပါတယ်။ အသက်-၂၂နှစ်။ အိမ်ထောင်- မရှိ။ လိင်နှင့်ပတ်သက်သောရောဂါ အခြားရောဂါလည်း မရှိပါ၊ လိင်ဆက်ဆံဖူးခြင်းမရှိပါ။

အာသာပြေတဲ့အတွက် ဘာမှ မဖြစ်စေပါ။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ အကြောရောင်တာလဲ စာတပုဒ်ပို့ပါတယ်။
Questions by a bachelor ဘယ်နှစ်ကြိမ် ပြေမလဲ-နေသလဲ
Masturbation (မာစတာဘေးရှင်း)
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Mon, Feb 4, 2013 at 12:09 PM
ကျွန်တော်က နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ။ မြန်မာပြည်က ကျွန်တော့် ချစ်သူနဲ့ ဒီကိုမလာခင် ၂၄၊ ၂၅၊ ၂၆ ဇန်နဝါရီမှာ ကျွန်တော်တို့ အချစ် နယ်ကျွံခဲ့ကြပါတယ်။ အရေးပေါ်ဆေး ဆိုလို့ တိုက်တဲ့နေရာမှာ နာရီမှား နေလားသိချင်လို့ ပြောပြစေချင်ပါတယ်။ ကျွန်တော်နဲ့ ကောင်မလေး ၂၄ ရက်နေ့မှာ တူတူနေပြီး ည ၉ နာရီအချိန် သူ့ကို ဆေးတစ်လုံး သောက်ခိုင်းခဲ့ပါတယ်။ ဆေးက Ecce2 72 ပါ။ ဆေးဝယ်တုန်းက နှစ်လုံးပါပါတယ်။ ကျွန်တော် ထင်တာ ၁၂ နာရီ အတွင်း တစ်လုံးသောက်ရင် ရပြီပေါ့။ ဒါကြောင့် တစ်လုံးပဲသောက်ခိုင်း ခဲ့တယ်။ နောက်နေ့ ၂၅ ရက်လဲ ကျွန်တော်တို့ တူတူနေခဲ့ကြပါတယ်။ အချိန်က ည ၈ နာရီပါ။ ၉ နာရီလောက်မှာ ကျန်တဲ့ဆေး တစ်လုံးကို သောက်ခိုင်းခဲ့တယ်။ ၂၆ ရက် မနက် ၄ နာရီ အစောကြီး ကျွန်တော့်တို့ ခိုးတွေ့ကြတယ်။ တွေ့တဲ့ချိန်မှာလဲ အချစ်နယ်ကျွံခဲ့ကြတယ်။ ဒီတစ်ကြိမ် မှာတော့ သူ့ကို ဆေးမသောက်ခိုင်းတော့ဘူး။ ဘာလို့လဲဆိုရင် ၂၅ ရက် ညက ၉ နာရီ ဆေးသောက် ထားတယ်ဆိုတော့ တွက်ကြည့်ရင် ၂၆ ရက် မနက် ၄ နာရီမှ ၇ နာရီပဲ ရှိသေးတာကိုး။ ဆေးက ၁၂ နာရီခံတယ် ဆိုလို့လေ။ ၂၇ ရက်နေ့က နိုင်ငံခြားထွက် လာတယ်။ ကောင်မလေးက ဖေဖော်ဝါရီ ၃ ရက်နေ့ထိ ရာသီမလာသေးလို့ဆရာ။ ပုံမှန်ဆို လစဉ် ၂၄ - ၂၈ ဆို သူလာနေကျပါ။ ၂ ရက်နေ့တုန်းကလဲ ကေသီ ပန်သောက် ခိုင်းတယ်။ ဒါလဲမလာသေးပါဘူး။ အဲဒါ ဆေးသောက်ခိုင်းတာ မှားလို့ ကိုယ်ဝန်များ ရသွားတာလား။ တစ်ပတ်ပဲရှိသေးတော့ ကလေး ရှိခဲ့ရင် ကိုယ်ဝန် မရအောင် ဆေးညွှန်ပေးစေချင်ပါတယ်။ ကျွန်တ်ာလဲမြန်မာမှာ မဟုတ်တော့ သူ့ကို ဆေးခန်းတွေ လိုက်မပြပေးနိုင်ဘူး။ သူကတစ်ယောက်တည်း မသွားရဲလို့တဲ့။ အမြန်ဆုံးဖြေကြားပေးပါ။ ဘာလုပ်ရမလဲ မသိလို့ပါ။

ဆေးသောက်နည်း မမှန်ပါ။ နောင်ကို ဆေးအကြောငး၊ ကာကွယ်နည်းအကြောင်းတွေ ဖတ်ထားသင့်ပါတယ်။ အခုအခြေအနေမှာ ဆီးစစ်ပါ။ ရှိရင်တော့ ဆရာ မကူညီနိုင်ပါ။ သုတအတွက်သိချင်ရင်တော့ ရှာဖတ်နိုင်ပါတယ်။ http://dts-medicaleducation-adult.blogspot.in/

4-2-2013 Facebook question
ကျွန်မ အခုကိုယ်ဝန် ၉ လနီးပါးပါ။ အခုလာမည့် ၁၈ ရက်နေ့မှာ due date ပေးထားပါတယ်။ နားနဲ့မနာ ဖဝါးနဲ့ နာပါ။ ဝမ်းအရမ်း ချုပ်လာလို့ပါ။ အရင်တုံးက အဲ့လောက် မချုပ်ပါဘူး။ ၈ လနောက်ပိုင်း ပိုပိုချုပ်လာ ပါတယ်။ OG က အသီးအနှံ အမျှင်ဓာတ်ပါတာ များများစားလို့ပြောပါတယ်။ စားလဲစားပါတယ် ဆရာ ဒါပေမယ့် ဝမ်းသိပ်မသွားဘူးဆရာ။ ဘယ်လိုလုပ်သင့်လဲ။ ကလေး လေနာပါတာတွေဖြစ်မှာစိုးလို့ပါ

ဆရာဝန်တိုင်းက ရေ + အရည် များများသောက်ပါ၊ Fibre ပါတာစားပါလို့ပြောမှာဘဲ။ မရသေးရင် ဝမ်းနုတ်ဆေးသောက်ရမယ်။ ဖွါးကာနီးနေလို့ ဆေးကို သတိထားရမယ်။ မြန်မာဆေး မပြင်တာတွေ သုံးနိုင်ပါတယ်။ အကောင်းဆုံးက ဝမ်းခြူတာဖြစ်တယ်။ ဖွါးကာနီးလဲ ဝမ်းခြူပေးမယ်။ Simple enema ဆပ်ပြာနဲ့ ရေနွေး သုံးတာက အရှင်းဆုံး။ ဆေးဆိုင်မှာ Enema set ဝယ်လို့ရမယ်။ အဆီတမျိုးမျိုးနဲ့ ပလပ်စတစ် အိတ်ကလေးနဲ့ တခါသုံးလာတယ်။

ဟုတ်ကဲ့ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာပြောတာ ဝမ်းချူဘောလုံးလို ဟာမျိုးဖြစ်မယ်ထင်တယ်။ ကျွန်မ မေးဝယ်လိုက်ပါ့မယ်။ သောက်ဆေးတော့ ကျွန်မလဲ မသောက်ရဲတာလဲ ပါလို့ပါ

Saline or Sodium Phosphate Enema နဲ့ Mineral Oil Enema ဖြစ်တယ်။ ဘယ်ဟာဝယ်ရမလဲတော့ မသိဘူး။

Tue, Feb 5, 2013 at 12:02 PM
အဆင့်မသင့်လို့ ကိုယ်ဝန်ကိုဆေးသုံးဖျက်ခြင်း ၁/၂/၃ ကိုယ်ဝန်ဖျက်ခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ abrotion စသည့်မေးများပို့ပေးပါရှင့်

Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Abortion Pills ဖျက်ဆေးတွေအကြောင်း
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)
Medical abortion (4) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၄)

Tue, Feb 5, 2013 at 7:54 AM
ကျေးဇူးပြုပြီး unwanted pregnancy မေးပို့ပေးပါဆရာ

Abortion မလိုချင်တဲ့ ကိုယ်ဝန်

Tue, Feb 5, 2013 at 8:02 PM
ကျွန်တော် အမျိုးသမီး ဆီးစစ်ကြည့်တာ result က line ၂ လိုင်းပြနေပါတယ်။ သူက IUD လည်းထည့်ထားပါတယ်။ 2011 ခုနှစ်ကတည်းကထည့်ထားတာပါ။ သူ ရာသီသွေးမဆင်းတာလည်း ရက် ၂၀ ကျော် သွား ပါပြီ။ အဲဒါ ကိုယ်ဝန်ရှိတဲ့ အခြေအနေများ ဖြစ်နေလို့လား စိုးရီမ်မိလို့ပါ ဆရာ။ ကိုယ်ဝန်ရှိ/မရှိ တိတိကျကျ သိနိုင်မည့် နည်းလမ်းများ ရှိရင်ပြောပြပေးပါဆရာ။ IUD/IUCD က တချို့မှာ အပြင်ထွက်ကျတာ နဲ့ နေရာလွဲရောက်သွား တာဖြစ်တတ်တယ်။ အဲလိုဖြစ်သွားရင် ကိုယ်ဝန်ရလာနိုင်တယ်။ ဆီးစစ်တာ မျဉ်း ၂ ကြောင်းပေါ်ရင် ကိုယ်ရှိတာဖြစ်မယ်။ ထပ်သေချာအောင် အာလ်ထွာဆောင်း ရိုက်ရမယ်။ အထဲမှာ IUD/IUCD ရှိနေ-မနေကိုလဲ သိနိုင်တယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၁၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top