1. ကျွန်မအသက်၂၆ နှစ်ပါ။ အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။
2. သမီးကရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်မှာ နေပါတယ်။
3. နောက်သူက စိတ်ပူပြီး ဆေးစစ်တံ နဲ့ အခု စစ်တော့
4. ကျွန်မ အသက် ၂၉ နှစ်ပါ ၊ အမျိုးသားက ၃၁နှစ်ပါ။
5. ကျွန်တော့်နာမည်က (့) ပါ။
6. ကျနော်နယ်ကပါဆရာ။ အခုဝါမဝင်ခင် မင်္ဂလာဆောင်ဖို့စီစဉ်နေပါတယ်။
7. ကျွန်တော်အသက်က ၂၃ နှစ်ရှိပါပြီဆရာ။
8. သမီးအသက် ၃၄ မှာသားဦးကလေး သမီးလေးမွေးပါတယ်။
9. ဆရာခင်ဗျာ တကိုယ်ရေ အာသာဖြေခြင်းက ဆိုးကျိုးရှိနိုင်လားခင်ဗျာ။
10. I would like to know your opinion about my problem.
11. မီးဖွားပြီးဘယ်နှစ်ရက် မီးတွင်းနေရပါလဲဆရာ။
12. ကျနော်ကနယ်ကပါဆရာ။ အခုဝါမဝင်ခင် မင်္ဂလာဆောင်ဖို့စီစဉ်နေပါတယ်။
13. သမီးအသက် (၂ဝ) ရှိပါပြီ၊ သမီးမှာ ချစ်သူရှိပါတယ်။
14. ကျမအသက် ၂၉ နှစ်ထဲမှာပါ၊ အိမ်ထောင်မရှိပါ၊ ကျမသိချင်တာလေး ရှိလို့ပါ။
15. ကျွန်တော် အခုအသက် 20 ရှိပါပြီ။
Sat, Feb 9, 2013 at 8:38 AM
ကျွန်မ အသက်၂၆ နှစ်ပါ။ အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။ အရင် အပျိုကတည်းက ရာသီမမှန်ပါ။ (တစ်လတစ်ခါ ပုံမှန်လာသော်လည်း ရက်မမှန်ခြင်းကို ဆိုလိုပါသည်။) ကျွန်မ တားဆေးသောက်နေသည် မှာလည်း ၃ နှစ်ရှိပါပြီ။ လွန်ခဲ့သော၂နှစ်အထိက Marvelon 28 သောက်ပြီးနောက် ယခု Zoely သောက်တာ၂ လရှိပြီး ယခင်လက ရာသီပေါ်ပြီးနောက် ၁ဝ ရက်အကြာ ရာသီပေါ်သလိုသွေးဆင်းနေပါတယ်ဆရာ။ ရာသီလာသလောက် သွေးမများပါ။ တော်တော်နည်းပေမယ့် စိတ်ကသိကအောက်တော့ ဖြစ်ပါတယ်။ စိတ်လည်းပူမိပါတယ်။ တားဆေးလည်း ဆက်သောက်နေပါတယ်။ ကျွန်မ တားဆေးဆက်သောက်သင့် ပါသလား။ ရပ်ထားသင့် ပါသလား။ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုနေသင့်ပါသလဲရှင်။ နိုင်ငံရပ်ခြားရောက်နေပြီး အလုပ်ကလုံးဝ မအားသည့် အတွက်လည်း ဆရာဝန်ပြရန်ခက်ခဲလို့ ပါဆရာ။
Birth Control pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု
Marvelon တားဆေး
Fri, Feb 8, 2013 at 4:43 PM
သမီးက ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်မှာ နေပါတယ်။ နာမည်က (့) ပါ။ သမီးတစ်ခါမှ မမေး ဘူးတဲ့အတွက် အမှားပါရင် ခွင့်လွှတ် ပေးပါဆရာ။ သမီးမှာ(၁ဝ) နှစ်အရွယ် သမီးရှိပါတယ်။ အခုသူ့ရင်သားနှစ်ဘက်မှာ ညာဘက်က ကြက်ဥ အရွယ်လောက် တဖြည်း ဖြည်းကြီးလာပြီး ဘယ်ဘက်ကတော့ ဘယ်လိုမှ မနေပါဘူး။ သမီးလေး သူငယ်ချင်းတွေကတော့ ပြိုင်တူကြီးပြီး သမီးလေးသာ အဲ့ဒီလိုဖြစ်နေတော့ သမီး စိတ်ပူပါတယ် ဆရာ။ ဘာဖြစ်လို့ အဲ့ဒီလိုဖြစ်တာပါလဲ။ ဆေးခန်း ပြသင့်ပါသလား။ သမီးစောင့်ကြည့်တာ နှစ်လလောက်ရှိ ပြီမို့ ဘာလုပ်သင့်တယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာ ပြောပြပေးပါဆရာ။
ဘာမှ မစိုးရိမ်ပါနဲ့။ ဒီအရွယ်မှာ ဖြစ်တာ ကင်ဆာ မဟုတ်ပါ။ နို့နာမဟုတ်ပါ။ ကူးစက်ရောဂါမဟုတ်ပါ။ အသေအချာတော့ သိချင်သေးတယ်။ အရွယ်အစား ဥပမာ 1" x 1"၊ နေရာ ဥပမာ ညာဘက်ရင်သား အထက်ပိုင်း အတွင်းဘက်၊ ညာဘက် အောက်ပိုင်း အပြင်ဘက် စသည်။ ပုံပန်း ဥပမာ အဝိုင်း၊ ဘဲဥပုံ၊ အပျော့-အမာ ဥပမာ ပျော့၊ တင်း၊ မာ။ စမ်းလို့ နာ-မနာ၊ ရွေ့လို ရ-မရ၊ သက်ဆိုင်ရာ ချိုင်းမှာ အကျိတ် ရှိ-မရှိ။ ပြန်မဖြေခင် ပြောရရင် Fibroadenoma ခေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်ဖြစ်နိုင်တယ်။ ကြီးလာ တတ်တယ်။ လိုအပ်ရင် ခွဲထုတ်ရတယ်။ အချိန်ရွေးပြီး အေးအေးဆေးဆေး လုပ်နိုင်တယ်။ ဘာဆေးမှ မလိုပါ။ ဘာဆေးမှ မလိမ်းပါနဲ့။
အရွယ်ကတော့ ကွမ်းသီးလုံး ထက်နည်း နည်းကြီးမယ် ထင်ပါတယ်။ နေရာကတော့ အလယ်မှာပါ။ ပုံပန်းက အဝိုင်းပါပဲ။ စမ်းရင်မနာပါဘူး၊ ရွှေ့လို့လည်းမရပါဘူး။ ချိုင်းမှာလည်း အကျိတ်မရှိပါဘူးဆရာ။ အပျိုဖော် ဝင်ချိန်မှာ ဖွံ့ဖြိုးမှုမညီမျှဖြစ် တတ်တာပါလား ဆရာ။ သမီးအခုလတ်တလော ခံစားနေရတဲ့ ဝေဒနာရဲ့အကြောင်း လည်းမေး ချင်ပါ သေးတယ်။ ထိထိရောက်ရောက်ဖြစ် အောင်သမီးစာသေချာစီပြီးမှပဲ မေးလ် ပို့လိုက်ပါ့မယ်။ အဲ့ဒီ အခါကျရင်လည်း သမီးကိုဖြေပေးပါအုံးဆရာ။
ဟုတ်ပြီ။ ရွေ့မရတာဆိုရင် ဆရာပြောတာ မဟုတ်နိုင်တော့ဘူး။ အလည်မှာဖြစ်တာမို့ အရွယ်ရောက်ကာစ အပြောင်းအလဲလဲ ဖြစ်နိုင်တယ်။ Fibroadenoma ဆိုတာက အပျိုတွေမှာဖြစ်တာ များတယ်။ ဒါပေမဲ့ Breast mouse ကြွက်လို့တောင် တင်စားခေါ်တာက ရွေ့-ပြောင်းရ လွယ်လို့ဖြစ်တယ်။ မေးလိုတာကို သေသေ ချာချောမေးတဲ့အကျင့် ကောင်းတယ်။ စာကို သေချာရိုက်တာလဲ ကောင်းတယ်။
Fri, Feb 8, 2013 at 6:57 PM
နောက်သူက စိတ်ပူပြီး ဆေးစစ်တံ နဲ့ အခု စစ်တော့ တစ်ကြောင်းတည်းပေါ်တယ်။ ဒါပေမယ့် ဒီနေ့ ရှစ်ရက်နေ့ အထိတော့ သွေးဆင်းမလာလို့ စိတ်ပူနေပါတယ်။ အဖြူလေးတွေတော့ ဆင်းတယ်လို့ ပြောပါ တယ်။ ဆေးစစ်တံ က အဖြေကကော မှန်နိုင်ရဲ့ လားဆရာ။ အချိန်ရရင် ပြန်ဖြေပေးပါနော်။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။
Fri, Feb 8, 2013 at 1:42 PM
ကျွန်မ အသက် ၂၉ နှစ်ပါ ၊ အမျိုးသားက ၃၁နှစ်ပါ။ ကျွန်မတို့ အိမ်ထောင်ကျတာ ၄ လရှိပါပြီ၊ နှစ်ဦးသဘောတူ နှစ်ဖက်မိဘများ ရှေ့မှောက်မှာ လက်ထပ်ခဲ့ ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်ချစ် ခင်ခင်ကြင်ကြင်နာနာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေး ကြပါတယ်။ ပြဿနာကတော့ မင်္ဂလာဦးညကနေ ဒီနေ့အထိ လိင်ဆက်ဆံမှု အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါက ကျွန်မ တစ်ယောက် တည်းရဲ့ ချွတ်ယွင်းချက်ဖြစ်နေပါတယ်။ ကျွန်မက ဘယ်လိုမှ စိတ်မပါဘူးဖြစ်နေတယ်။ သူ့ဖက်က ကြိုးစားပေမယ့် ကျွန်မလုံးဝ စိတ်မပါနိုင်ဘူးဖြစ်နေပါတယ်။ နောက်ဆုံး ကျွန်မက နာကျင် လာပြီး ငြင်းပယ်ခဲ့ရတာ ချည်းပါပဲ။ တစ်ခါမှ မအောင်မြင်ခဲ့ရပါ။ သူက သူ့နည်းသူ့ဟန်နဲ့ ပြီးဆုံးရပေါင်း များပါပြီ။ သူ့ကို သနားရပါတယ်။ အားလည်း နာလှပါပြီ။ သူက တစ်ခါမှ အဓမ္မ မလုပ်ဖူးပါဘူး။ တစ်နေ့တော့ အဆင်ပြေသွား မှာပါလို့ပဲ ပြောပါတယ်။ လိင်ဆက်ဆံဖို့ ကြိုးစားတိုင်း ကျွန်မတစ်ခါမှ အရည်ကြည် မထွက်ဖူးပါဘူး။ ဒါကြောင့် နာကျင်တာပါ။ ကျွန်မမှာ တခြားရောဂါ ကြီးကြီးမားမား ဘာမှမရှိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃နှစ်လောက်ကစပြီး ကျွန်မမှာ စိတ်ကျရောဂါရဲ့ လက္ခဏာအားလုံး တွေ့နေရပါတယ်။ ကျွန်မတို့မြို့က တောမြို့လေးတစ်မြို့ဖြစ်နေတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး ကုသဖို့အားမရပါဘူး။
ရန်ကုန်လို မြို့ကြီး တစ်မြို့ဆီသွားပြီး ကုသဖို့ကို နောက်အဆင့် အနေနဲ့ထားပါမယ်။ အခုတော့ ဆရာ့ဆီက အကူအညီယူပါရစေ။ ကျေးဇူးပြုပြီး အကြံဥာဏ်ပေးပါ ဆရာ။ ကျွန်မအဓိက အဆင်ပြေချင်တာက အိမ်ထောင်ရေးပါ ဆရာ၊ ကြာရင်ကျွန်မတို့နှစ်ယောက်စလုံးအတွက်ပြဿနာရှိလာနိုင်ပါတယ်။ ကျွန်မရဲ့ဝေဒနာက အရမ်းမဆိုးသေးပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ထိန်းနိုင်ပါသေးတယ်။ ကျွန်မရဲ့ဘဝမှာ လိုအပ်ချက် ကြီးကြီးမားမား မရှိပါဘူး။ သာမန်ဘဝတစ်ခုပါဘဲ၊ (၂ဝဝ၆) ခုနှစ်က BE (IT) နဲ့ကျောင်းပြီးထားပါတယ်၊ ဆိုင်ဖွင့်ပြီးဈေးရောင်းပါတယ်။ အားလုံးပုံမှန်ပါပဲ။ ၊အကြောင်းပြချက်ကြီးကြီးမားမားမရှိဘဲ စိတ်ဓာတ်ကျနေ တတ်တယ်။ တခြားစိတ်ကျရောဂါ လက္ခဏာ အားလုံးနီးပါး ရှိပါတယ်။ sucide လုပ်ဖို့အထိတော့မဖြစ်ပါဘူး။ ဘယ်လိုဆေးမျိုးကို နေ့စဉ်ပုံမှန်အနေနဲ့ သောက်သုံးသင့်ပါ သလဲ။ ဘယ်လိုလုပ်ရင်အိမ်ထောင်ရေး အဆင်ပြေနိုင်ပါသလဲ။ အသက်အရွယ် မငယ်ကြတော့ဘူး ဆိုတော့ ကလေးလဲလိုချင်ပါတယ် ဆရာ။ ကျွန်မတို့ နှစ်ယောက်စလုံး ကလေး အရမ်းချစ်ကြတယ်။ ကိုယ့်ကိုယ်ကို အတော်အသင့် သိနေ တာဟာ ကောင်းတဲ့ အလား အလာဖြစ်တယ်။ စိတ်ကျတတ်တာ လူအများကြီးမှာ ရှိတယ်။ အိမ်ထောင်ရေးအထိ မထိခိုက်စေအာင် ပဌမကြိုးစားစေချင်တယ်။ ဆေးကုသဘို့လိုတယ်။ ဒါပေမဲ့ အချိန်ယူလေ့ ရှိတယ်။ ဆေးစွဲသောက်ရတယ်။ ဆေးကိုလဲ ယုံကြည်စိတ်ထားရမယ်။ စိတ်အထူးကုဆရာဝန်ကနေ စိတ်နည်းနဲ့ ကုသတာကိုလဲ နှစ်နှစ်ကာကာ လက်ခံသင့်တယ်။
ဆရာရေးထးတဲ့ စာ ၃ ပုဒ်ပို့ပါတယ်။ အထောက်အကူပြုမယ်ထင်ပါတယ်။
Depression (1) စိတ်ကျရောဂါ
Depression (2) ပုထုဇ္ဇနော
Depression (3) စိတ်ကျခြင်း
Fri, Feb 8, 2013 at 11:55 AM
ကျွန်တော့်နာမည်က (့) ပါ ။ အသက်က ၂၇ နှစ်ပါဆရာ။ အိမ်ထောင်ကျတာ ၅ လလောက်ပဲရှိပါသေးတယ်။ ကျွန်တော့ အမျိုးသမီးကလဲ အသက်အတူတူပါပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံး စင်ကာပူက ဟိုတယ် ဝန်ထမ်းတွေပါ။ ကျွန်တော်က စားဖိုမူးတစ်ယောက် အဖြစ်အလုပ်လုပ်ပါတယ်။ အမျိုးသမီးက ဧည့်ကြိုအဖြစ် အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ အလုပ်သဘောအရ တစ်နေ့ကို ၁၂ နာရီထပ်မနည်း မက်တပ်ရက် အလုပ်လုပ်ရတာများပြီးတော့ စိတ်ဖိစီးမူ့လဲ များပါတယ်။ ကျွန်တော် ဆရာ့ဆီက အကြံပြုချက်လေး တောင်းချင်တာက ကျွန်တော်တို့ လင်မယားနှစ်ယောက် အတူတူနေတဲ့အချိန် စိတ်ကျေနပ်မူ လိုသလောက်မရဘူး။ ကျွန်တော်ရော အမျိုးသမီးပါ ပွင့်ပွင့်လင်းလင်းနဲ့ မရှက်မကြောက် တစ်ယောက်ကိုတစ်ယောက် စိတ်ကျေနပ်မူ အကောင်းဆုံး ပေးနိုင်အောင် အမြဲကြိုးစားပါတယ်။ နောက်ဆုံး ကျွန်တော်တို့လင်မယားနှစ်ယောက် အားဆေးတစ်မျိုးလောက် သုံးစွဲဖို့ တိုင်ပင်မိတယ်။ အားဆေးတွေကိုလဲ မသိပဲအရမ်း မသုံးစွဲရဲတာကြောင့် ဆရာ့စီမှာ အကြံတောင်းတာပါ။ လင်မယား နှစ်ယောက်လုံး သုံးစွဲလို့ရမယ့် အားဆေး မျိုးလေး ညွှန်ကြားပေးစေလိုပါတယ်။
သိချင်တာ သိပ်တော့ မရှင်းပါ။ အတူနေကြတာမှာ စိတ်ကျေနပ်မူ့ လိုသလောက် မရဘူးလို့ ဖတ်ရပါတယ်။ သာာမှု နည်းကြတာလား၊ အမျိုးသမီးက (အော်ဂဇင်) အဖြစ်နည်းတာလား၊ ယောက်ျားက သုက်လွှတ် မြန်တာလား၊ လိင်အင်္ဂါသန်မာမှု နည်းတာလား။ နှစ်ယောက်လုံးက စိတ်ဖြစ်ပေါ်မှု နည်းကြတာလား။ ပွင့်လင်းမှု ရှိကြရင် ပိုကောင်းအောင်လုပ်ဘို့ လွယ်ပါမယ်။ ကန်တော့နော် ဆရာ။ ရိုင်းသွားရင် ခွင့်လွတ်ပါဆရာ.။ အတူနေတဲ့အခါမှာ ပထမပိုင်းစိတ်ပါပေမယ့် တခါတလေ အားမရှိသလိုပဲ။ ကျွန်တော့အမျိုးသမီးကို မေးကြည့်တော့လဲ သူလဲတူတူပဲ ပြီးသာပြီးသွားတယ်။ ဘာမှန်းမသိ လိုက်သလိုမျိုး ဖြစ်တတ်တယ်။ နောက် လိင်အင်္ဂါကတော့ တခါတလေမှာ အရမ်းမသန်မာဘူး။ တခါတလေ အလုပ်ဖိစီးမူ များတာကြောင့်လို့ ထင်မိတယ်။ ကျွန်တော့ အမျိုးသမီးလဲ စိတ်ဖိစီးမူ့များတဲ့အခါမျိုးဆိုရင် " အစပျိုး " မှာ အချိန်ကြာကြာ ပိုပေးရတယ်။ တခါတလေ အမျိုးသမီးကို ( အစပျိုး) နေတုန်း ကျွန်တော့ လိင်အင်္ဂါသန်မာမူ ကျလာတတ်တယ်။ သုတ်လွှတ်တာကတော့ ၈ မိနစ်လောက်ထိ ထိန်းထားနိုင်ပါတယ်။ သုတ်လွှတ်ပြီးလဲ ကျွန်တော့ အနေနဲ့အမျိုးသမီးကို ဆက်ပြီးတော့ ကျေနပ်မူ့ရအောင် ပေးပါတယ်။ တခါတလေ ကျွန်တော်တို့ လင်မယား နှစ်ယောက်လုံးအတူတူ စိတ်ပါအောင် လုပ်ပေးနေရင်းနဲ့မထမမြောက်လိုက်တာမျိုးလဲ ဖြစ်တတ်ပါတယ်။ ဆရာ့စီက စာပြန်ရလို့ အရမ်း ဝမ်းသာအားရဖြစ်မိပါတယ်။ ကျွန်တော် ပြောပြတာတွေမှာ မပြည့်စုံတာမျိုးများရှိရင် မေးပါဆရာ။ ကျွန်တော့် ပြောပြချက်တွေမှာ ရိုင်းစိုင်းသွားတာရှိခဲ့ရင်လဲ ခွင့်လွတ်ဖို့တောင်းပန်ပါတယ်။
ဘာမှ စိုးရိမ်စရာ မရှိကြပါ။ ဒီလိုအခြေအနေဟာ ရောဂါမဟုတ်ပါ။ မေးတဲ့သူတွေးထင်သလို စိတ်ဖိစီးမှုကြောင့် တချို့ နေရာတွေမှာ ထင်သလို မဖြစ်တာသာဖြစ်ပါတယ်။ နှစ်ယောက်လုံး ကောင်းပါတယ်။ အလုပ်အကိုင်၊ အနေအထိုင်မှာ ပိုပြီး သက်တောင့်သက်သာရှိလာရင် ပိုအဆင်ပြောလာပါမယ်။ လူ့ဘဝမှာ ကိုယ့်စိတ်တိုင်းကျဆိုတာ ဖြစ်ခဲတာမို့ လက်ရှိ အနေအထားမှာသာ အကောင်းဆုံးလုပ်ရတယ်။ ရသလောက်ကိုလဲ ရောင့်ရဲရတယ်။ ဒီကြားထဲကနေ ငါတို့မှာ ဘာကျန်းမာရေးဆိုင်ရာ ရောဂါမရှိတာ သိပြီး စိတ်သက်ရာရလို့ စိတ်ဖိစီးမှု နည်းလာမှာက အမြတ်ဖြစ်ပါတယ်။ အလုပ်သက်သာချိန်မျိုးမှာ ပိုအဆင်ပြေမဲ့သာယာမှုကို ရှာနိုင်ကြမှာ အမှန်ဖြစ်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့အဓိကဖြစ်နေတာက စိုးရိမ်စိတ်ကြောင့် စိတ်ဖိစီးမှု ထပ်ဖြစ်လာရသလိုမျိုးဖြစ်နေတာပေါ့နော်။ ကျေနပ်မူ့ရပါ့မလား။ ရပါ့မလား စိုးရိမ်လေ ကျေနပ်မူနဲ့ ပိုဝေးလေလေ မရလေလေ ဖြစ်နေတာပေါ့။ ကျွန်တော့် အမျိုးသမီးကိုလဲ သေချာပြောပြပြီး အကောင်းဆုံးစိတ်သက်သာမူကို တည်ဆောက်ယူပါ့မယ်ဆရာ။
Fri, Feb 8, 2013 at 12:44 PM
ကျနော်နယ်ကပါဆရာ။ အခုဝါမဝင်ခင် မင်္ဂလာဆောင်ဖို့စီစဉ်နေပါတယ်။ ကောင်မလေးက လွန်ခဲ့တဲ့နှစ်နှစ်လောက်က သားအိမ်ခေါင်းကင်ဆာ ဆေးစစ် ဖူးတယ်လို့ပြောပါတယ် ဒါပေမယ့် ကာကွယ်ဆေးတော့ မထိုးခဲ့ဘူး ဆရာ အိမ်ထောင်သည်တွေပဲ ထိုးလို့ရတယ်လို့ ထင်ခဲ့တာတဲ့ အခုကျတော့ ကာကွယ်ဆေးထိုး မယ်ဆိုရင် ပထမတစ်ကြိမ် နောက်တစ်လနေရင် ဒုတိယတစ်ကြိမ် နောက်ငါးလနေမှ တစ်ကြိမ် အဲဒီ ဆေးထိုးနေဆဲကာလမှာ ကျနော်တို့က မင်္ဂလာဆောင် ရမှာဆိုတော့ ဆေးထိုးနေဆဲကာလမှာ လိမ်ဆက်ဆံရင် ဆေးအာနိသင်ပျက်ပျယ် သွားနိုင်ပါသလားခင်ဗျာ။
အတူနေပေမဲ့ သားအိမ်ကင်ဆာ ကာကွယ်ဆေးကို အာနိသင်မပျက်စေပါ။
HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး
Fri, Feb 8, 2013 at 12:53 AM
ကျွန်တော်အသက်က ၂၃ နှစ်ရှိပါပြီဆရာ။ ဒါပေမဲ့ ကျွန်တော့် ယောက်ျား organ ကသေးပြီးတိုနေပါတယ်။ ကျွန်တော် ဘာဆေးသောက်ပြီးတော့ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲ သိချင်ပါတယ်။
Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/life-cycle-of-penis.html
Thu, Feb 7, 2013 at 7:44 PM
ဆရာရှင့် သမီးမေးပါရစေ။ သမီးအသက် ၃၄ မှာသားဦးကလေး သမီးလေးမွေးပါတယ်။ မွေးပြီးနောက်တရက်မှာ ဆေးရုံက ၃ လခံသားတားဆေး ထိုးပေးပါတယ်။ ကလေးမွေးပြီး ၂ လကျော်ကြာသည်ထိ ရာသီသွေးဆင်းပါတယ်။ နောက်တကြိမ် ၃ လခံဆေးထပ်ထိုးပါတယ်။ ပြီးနောက်တားဆေး Exluton ကိုပြောင်းသောက်ပါတယ်။ ကလေးကိုလည်း မိခင်နို့ပဲ တိုက်ပါတယ်။ ဆေးထိုးဆေစားနေစဉ်မှ ယနေ့ချိန် ကလေးအသက် ၁ နှစ်ပြည့်သည်ထိ ရာသီသွေး မပေါ်သေးပါ။ ဘယ်လိုလုပ်ရမှန်း မသိပါ။ စိုး၇ိမ်ရပါသလား။ ဘယ်လိုလုပ်ကုသရမလဲဆိုတာကို ကျေးဇူးပြုဖြေကြားပေးစေချင်ပါတယ်။
ဖြစ်တတ်ပါတယ်။ ဆေးထိုးပေးတဲ့၊ စားဆေးညွှန်တဲ့ ဆရာဝန်ကို ပြန်ပြောသင့်ပါတယ်။ သိပ်မရှင်းတာက အခုကလေး ၁ နှစ်ပြည့်ပြီ။ သောက်ဆေးသောက်နေတယ်။ တလ ဘယ်နှစ်လုံးသောက်ရသလဲ။ မတူလို့ ဖြစ်ပါတယ်။ တချို့မှာ ၃၅ ပြားပါတယ်။ သောက်ဆေး Exluton မှာ ဟော်မုန်း တမျိုးထဲပါတယ်။ ကလေးလဲ တနှစ်ပြည့်ရင် ဖြည့်စွက်စာကြွေးရတာမို့ မိခင်နို့ သိပ်မလိုတော့ပါ။ ဟော်မုန်း ၂ မျိုးတွဲဆေး သောက်ရင် ပဌမ ၂၁ လုံးကုန်တာနဲ့ ရာသီဆင်းပါမယ်။
Thu, Feb 7, 2013 at 7:41 PM
ဆရာခင်ဗျာ တကိုယ်ရေ အာသာဖြေခြင်းက ဆိုးကျိုးရှိနိုင်လားခင်ဗျာ။ ecee2 ဆေး စနစ်တကျ ဘယ်လိုသုံးရမလဲ သိချင်ပါတယ်ဆရာ။
http://dts-medicaleducation-adult.blogspot.in/ ထဲမှာ အားလုံးရေးထားပါတယ်။
Thu, Feb 7, 2013 at 6:23 PM
I would like to know your opinion about my problem. I am 50-yr-old female live in Yangon. Skin under my left breast becomes like this and very tender on touch. Have I got skin infection? Please kindly response to me sir and thank you in advance.
I don't know how long you are having it and if you have seen a doctor. The photo is like Herpes. It is very painful. Please read two writings of mine.
Herpes Simplex ရိုးရိုး ရေယုံ
Thu, Feb 7, 2013 at 8:42 AM
မီးဖွားပြီးဘယ်နှစ်ရက် မီးတွင်းနေရပါလဲဆရာ။ သမီးက 19-1-13 ရိုးရိုးမွေးထားပါတယ်။ ဆေးရုံကတော့မွေး ပြီးနှစ်ရက်လောက်ဆို ရေချိုးခိုင်းပါတယ်။ အိမ်ကလူတွေက 45 ရက်နေမှချိုးရမယ်တဲ့ သားမီးကတော့ လူကြီးတွေ မသိအောင် ရေချိုးခေါင်းလှော် လုပ်ပြီးပြီး ဆနွင်းလဲ မလိမ်းမသောက်ပါဘူး။ ဆေးရုံက ညွှန်ကြားတဲ့ဆေးကလွဲရင် ဘာမှ မသောက်ဘူး။ လူကြီးတွေက ရေလဲမကိုင်ခိုင်းဘူး။ သမီးကတော့ ကိုယ်စားချင် တာလေး သူတို့ မသိအောင် ချက်ပြုတ်စားသောက်နေဘဲ ရေလဲ ကိုင်တာဘဲ အပူအစပ်ကလွဲရင် အာဟာရဖြစ်တာ အကုန်စားတယ်။ သားကိုလဲ နို့ကာင်းကောင်းတိုက်တယ် မီးနေသည် တစ်ယောက်က ဘယ်လိုပြုမူနေထိုင်ရပါလဲ ဆရာ။
ရိုးရိုး မီးဖွါးသူက ဘာမှ ထူးပြီး ရှောင်စရာမလိုပါ။ ကလေးအတွက်သာ ပိုဂရုစိုက်ပါ။ အနေအထိုင်၊ အစားအသောက် ပုံမှန်နေလို့ စားလို့ရပါတယ်။ သွေးတိုး-ဆီးချို မရှိရင် မရှောင်ရပါ။ လူက ဝနေရင်တော့ အချိုဓါတ်နဲ့ အဆီ လျှော့ရမယ်။ ကလေး တလခွဲရောက်ရင် နောင် ကိုယ်ဝန်အတွက် မလိုချင်သေးရင် တားဘို့ နည်းလမ်းရွေးထားပါ။ ဆရာ့ ဆိုက်မျာ စောတွေ အားလုံးရေးထားပါတယ်။
Wed, Feb 6, 2013 at 11:18 PM
ကျနော်ကနယ်ကပါဆရာ။ အခုဝါမဝင်ခင် မင်္ဂလာဆောင်ဖို့စီစဉ်နေပါတယ်။ ကောင်မလေးက လွန်ခဲ့တဲ့နှစ်နှစ်လောက်က သားအိမ်ခေါင်းကင်ဆာ ဆေးစစ်ဖူးတယ်လို့ ပြောပါတယ် ဒါပေမယ့် ကာကွယ်ဆေးတော့ မထိုးခဲ့ဘူး။ အိမ်ထောင်သည်တွေပဲ ထိုးလို့ရတယ်လို့ထင်ခဲ့တာတဲ့ အခုကျတော့ကာကွယ်ဆေးထိုးမယ်ဆိုရင် ပထမတစ်ကြိမ် နောက်တစ်လနေရင် ဒုတိယတစ်ကြိမ် နောက်ငါးလနေမှတစ်ကြိမ် အဲဒီဆေးထိုးနေဆဲ ကာလမှာ ကျနော်တို့က မင်္ဂလာဆောင်ရမှာဆိုတော့ ဆေးထိုးနေဆဲကာလမှာ လိမ်ဆက်ဆံရင် ဆေးအာနိသင်ပျက်ပျယ် သွားနိုင်ပါသလားခင်ဗျာ။
HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး
Wed, Jan 30, 2013 at 3:20 PM
သမီးအသက် (၂ဝ) ရှိပါပြီ၊ သမီးမှာ ချစ်သူရှိပါတယ်။ သမီးချစ်သူနဲ့ လွန်ခဲ့သော ရက်ပိုင်းလောက်က ၂ ရက်လောက် ရှိပေါ့နော်၊ သူနဲ့အတူနေမိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူနဲ့ ဆက်ဆံမိမလိုဖြစ်တာပါ ဆရာ။ သူက သမီးကို လက်နဲ့ အာသာဖြေပေးရင်းကနေ (့)
အစဆုံးအကြိမ်မှာ စိုးရိမ်တာ လူအများမှာဖြစ်တတ်ပါတယ်။ ယောက်ျားသုက်ရည်က ပြီးဆုံးချိန်မှာသာထွက်တာမို့ ပြောပြသလောက်နဲ့တော့ မိန်းမအင်္ဂါထဲကို ဝင်သွားမယ်မထင်ပါ။ ရက်ရှောင်တာရော၊ သုက်ရည် အပြင်စွန့်ထုတ်နည်းပါ သဘာဝအရကိုယ်ဝန်တားနည်းတွေမှန်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်လို့တော့ ပြောမရပါ။ သုက်ရည်ကို ပါးစပ်ထဲဝင်တာ၊ မျိုချတာကြောင့် လုံးဝ ကိုယ်ဝန်မရစေပါ။ ဒီလိုအခြေအနေကနေ ဆက်တိုးလာဘို့သာများတာမို့ ကြိုတင်ကာကွယ်မှု စနစ်တကျလုပ်သင့်ပါတယ်။ ဆရာ့ (ဆိုက်) ထဲမှာ အားလုံးလိုလိုရေးထားတယ်။ သိလိုတာရှာဖတ်ပါ။ ရှာမရရင်လဲပြောပါ။
ဟုတ်ကဲ့ပါဆရာ။ သမီးတော်တော်များများဖတ်ကြည့် ပြီးပါပြီ။ ဗဟုသုတလဲ အများကြီးရပါတယ်။ နောက်ထပ် ပြဿနာတခု ပေါ်လာပြီဆရာ။ ပြဿနာရယ်လို့ မဟုတ်ပါဘူး။ သူက ထပ်ပြီး သမီးကိုတောင်းဆိုပြန်ပြီ ဆရာ။ သူနဲ့ ဆက်ဆံဖို့ သမီးလဲ ငြင်းဖို့ခက်နေပါတယ် ဆရာ။ သမီးက သူ့ကိုတကယ်ချစ်တော့ လိုက်လျောပေးချင်ပါတယ်။ သမီးလဲ ပွင့်ပွင့်လင်းလင်းပြောရရင်သူနဲ့ အတူနေချင်ပါတယ်ဆရာ။ သမီးဘယ်လို လုပ်ရမလဲ။ သူ့ကိုလဲ ဆရာ့စာတွေ ဖတ်ခိုင်းပါတယ်။ သူအကာအကွယ်သုံး မယ်လို့တော့ပြောတယ် ဆရာ။ ဆရာ့စာတွေ ဖတ်ထားတော့ သမီးအရေးပေါ် တားဆေးသုံးရမလား ဆရာ၊ ECee2 သုံးမယ်ဆိုရင် ဘယ်လိုသုံးရမလဲ ဆရာ။ သမီးသိချင်တာကို ချုပ်ပြောရရင် သူနဲ့ ဆက်ဆံပြီးရင်အရေးပေါ်တားဆေးသုံးရမလားဆရာ။ ECee2 သုံးမယ်ဆိုရင်ရော ဘယ်လိုသုံးရမလဲဆရာ၊ အသေးစိပ်ပြောပြပေးပါ ဆရာ။ တားဆေး သုံးရင် ဘယ်ချိန်ထိသုံးရမလဲ ဆရာ။ ဆိုးကျိုးတွေရော ရှိနိုင်လားဆရာ။ ပြီးတော့ ဆေးတွေကိုဘယ်မှာရနိုင်လဲ ဆရာ၊ သမီးက ဝယ်ရမှာကြောက်နေလို့ ဘယ်လိုပြောဝယ်ရမလဲ ဆရာ။ ဆေးကရောဈေးကြီးလားဆရာ၊ ပြောပြပေးပါနော် ဆရာ။
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၁၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




