1. သမီးနာမည်က (့) ပါ။ အသက် က ၂၂နှစ်၊
2. ကျနော် အသက်ကအခု ၃၁နှစ်ပါ။ ကျနော် ဆက်ဆံတဲ့အခါ အရမ်းမြန်ပါတယ်
3. ကျနော်က အသက် ၁၈ နှစ်ရှိပါပြီ။ (့) မှာနေပါတယ်ခင်ဗျ။
4. ကျွန်တော် အမျိုးသမီး ဆီးစစ်ကြည့်တာ result က
5. အဆင့်မသင့်လို့ ကိုယ်ဝန်ကိုဆေးသုံးဖျက်ခြင်း ၁/၂/၃ ကိုယ်ဝန်ဖျက်ခြင်းရဲ့
6. ကျေးဇူးပြုပြီး unwanted pregnancy မေးပို့ပေးပါဆရာ။
7. ဆရာအကြံပေးတိုင်း ကျန်တော် အခုသောက်ဖို့လုပ်တဲ့ဆေးက
8. 7-1-2013 မှာရာသီပေါ်တယ်/ 18/19-1-2013 မှာချစ်သူနဲ့အတူနေခဲ့တယ်။
9. လွန်ခဲ့တဲ့ ၃ လလောက်စပြီး တံဆာထိပ်မှာ စိုရွှဲမှု စဖြစ်ခဲ့ပါတယ်။
10. သမီးကလေ ရာသီပုံမှန်လာတက်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။
11. သမီးချစ်သူနဲ့ အတူတူနေနေတာ တပတ်လောက်ရှိပါပြီ။
12. ဆရာ့စာအရဆိုရင် သေသေချာချာ မပြောနိုင်သေးသော်လည်း
13. ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူနဲ့က ချစ်သူသက်တမ်း (၄)နှစ်ကျော်ခဲ့ပါပြီ။
Wed, Feb 6, 2013 at 3:52 PM
ကျမအသက် ၂၉ နှစ်ထဲမှာပါ၊ အိမ်ထောင်မရှိပါ၊ ကျမသိချင်တာလေး ရှိလို့ပါ။ ကျမက ရာသီသွေးမှန်တဲ့သူပါ။ ဇန်နဝါရီလထိကို ပုံမှန်ပါပဲ။ ရာသီသွေးပေါ်ပြီးနောက်လည်း ချစ်သူနဲ့အတူမနေဖြစ်ပါဆရာ၊ အရင်ကတော့ နေဖူးပါတယ်။ ကျမအခုရာသီလာရက်မှာ ရာသီသွေးက ထိန်ချင်သလိုဖြစ်နေပါတယ်။ ရာသီသွေး အရမ်းနည်းနေတာပါ။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာတော့ ရုံးအလုပ် မိသားစုကိစ္စကြောင့် စိတ်ဖိစီးမှုရှိပါတယ်။ အဖြူလည်း ဆင်းပါတယ်။ အနံ့လည်း သိပ်မကောင်းပါဘူး။ ဇန်နဝါရီ ၁ လလုံး နီးပါးလောက် ဖြစ်တာပါ။ အဖြူဆင်းတာပုံမှန်လောက်ပဲ ရှိပါတယ်။ သတိထားမိတာက အနံ့မကောင်းတာပါ ဆရာ။ ရာသီကတော့ ဇန်နဝါရီလအထိကို ပုံမှန်ပါပဲဆရာ။ အခု ဖေဖော်ဝါရီ ပုံမှန်ရက်မှာ အရမ်းနည်းနေလို့ စိတ်ပူမိပါတယ်ဆရာ။ ဝက်ခြံ တွေလည်း မျက်နှာမှာ ထွက်လာပါတယ်။ ရာသီနည်းတာနဲ့ ပတ်သတ်ပြီး ဆရာ့စာတွေထဲမှာ ရှာမတွေ့သေးလို့ အကူအညီတောင်းလိုက်ရပါတယ်။
စာ ၃ ပုဒ် ပို့လိုက်ပါတယ်။ ဝက်ခြံဟာ ဟော်မုန်းအပြောင်းအလဲ နဲ့ ဥတုရာသီကြောင့် ဖြစ်နိုင်တယ်။ ရာသီ မှန်ရင်လဲ ဝက်ခြံသက်သာနိုင်တယ်။ ရာသီနဲ့ ပတ်သက်တာ တခြားရေးထားတာတွေလဲ ဆရာ့ ဆိုက် မှာ ဖတ်နိုင်ပါသေးတယ်။ လိုသေးရင်မေးပါ။ (ဆောရီး ဒီရက်တွေမှာ ဆရာ အလုပ်နဲနဲ များနေလို့ ဖြေတာ နောက်ကျသွားတယ်။)
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Menstruation (1) မိန်းမပြီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပြီသတာ စိုးရိမ်စရာမရှိပါ (၂)
Wed, Feb 6, 2013 at 12:27 PM
ကျွန်တော် အခုအသက် 20 ရှိပါပြီ။ ကိုယ်ဝန်တားဆေး (easyTools) ကို ပထမတစ်လုံးသောက်ပြီး ဒုတိယ တစ်လုံးကို 12 နာရီခြားပြီး သောက်ရတယ်လို့ သိရပါတယ်ဆရာ။ အကယ်လို့ ဒုတိယတစ်လုံးကို သောက်ဖို့မေ့ခဲ့ရင် ဆေးကဒ်အသစ် တစ်ကဒ် ထပ်သောက်ရတယ်လို့ ကြားဖူးပါတယ်ဆရာ။ အဲ့ဒီ ကိုယ်ဝန်တားဆေး ကို သုံးကြိမ်ထိမေ့ပြီး သုံးခါသောက်မိရင် ဆိုးကျိုးရှိပါလား ဆရာ... နောက်ဆုံးအကြိမ်လည်း မေ့သွားခဲ့ပါတယ် ဆရာ။ ခန္ဒာကိုယ်ကို ထိခိုက်နိင်တဲ့ အန္ဒာရယ်များ ရှိနိင်မလား။ ကျွန်တော့် ကောင်မလေးရဲ့ အသက် 20 ရှိပါပြီ။ ကောင်မလေးရဲ့ တင်ပါးမှာ အနာတွေပေါက်နေပါတယ်။ ဖြစ်နေတာ သုံးလလောက် ရှိပါပြီ။ ရိုင်းသွားရင် ခွင့်လွှတ်ပါ။ အနာတွေက အဖြူဆင်းတဲ့ အချိန်မှာ ပိုပေါက်တတ်ပါတယ်။ ပိုလည်း ယားလာတတ်ပါတယ်။ ဘာဖြစ်နိင်ပါသလဲ။ ဆေးများ ရှိရင် လမ်းညွန်းပေးပါဦးဆရာ။
အရေးပေါ်တားဆေးကို ပြောသလိုသောက်ရင် ဘေးထွက်-ဆိုးကျိုးတွေ ပိုခံစားရနိုင်တယ်။ အဆိုးကြီးတော့ မဟုတ်ပါ။
အနာဆိုတာ စာ ၂ ပုဒ် ပို့လိုက်တယ်။ ထပ်တူ တူမှာတော့မဟုတ်ပါ။ ဒါပေမဲ့ အနာတိုင်းကိုဖြစ်စတဲ့ ပိုးတွေကတူပြီး ပိုးသေဆေးလဲ တူကြပါတယ်။
Boil မွေးကျွတ်နာ
Abscess ခူနာ ခေါ်သော ပြည်တည်နာ
Wed, Feb 6, 2013 at 10:01 AM
သမီးနာမည်က (့) ပါ။ အသက် က ၂၂နှစ်၊ နေတာကတော့ (့) မှာပါ။ Boyfriend နဲ့ living togehther နေတာ ဆိုတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးတာချင်လို့ပါ။ တစ်ကိုယ်လုံးယားယံတာနဲ့ living together နေခြင်းနဲ့ ဆိုင်ပါသလားရှင်။ သမီးက ညတိုင်းနီးပါး triz Cetrizine ကိုတစ်နေ့ ၁ လုံးသောက်နေရပါတယ်။ လိင်ဆက်ဆံပြီး တစ်ရက်နှစ်ရက်လောက်နေလျှင် သားအိမ်က အောင့်ပါတယ် ခဏကြာရင်တော့ ပြန်ပျောက်သွားတယ်။ တစ်ခါတစ်လေ အဲ့ဒီလိုအောင့်တဲ့အချိန်မှာ dofenal (စာလုံးပေါင်းမမှတ်မိပါ) 250 g ကို တစ်လုံးသောက်ပါတယ်။ ပြီးရင် ပျောက်သွားပါတယ်။ B ပိုးကာကွယ်ဆေး ၃လက်ထိုးပြီးပါပြီရှင်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးရန်မည်သို့ စလုပ်ရမည်နည်း။
သားအိမ်အဝကင်ဆာ ကာကွယ်ဆေး စာတပုဒ် ပို့လိုက်တယ်။ ယားတာက (အလာဂျီ) ဖြစ်မယ်။ သောက်တဲ့ဆေး မှန်ပါတယ်။ ဒါပေမဲ့ (အလာဂျီ) ဖြစ်စေတာနဲ့ တက်တွေ့၊ ပြန်တွေ့ရင် ယားအုံးမှာဘဲ။ ဘာနဲ့ မတည့်တာ သိအောင်လုပ်၊ ရှောင်လို့ရရင် ရှောင်ပါ။ သားအိမ်အောင့်တယ်ဆိုတာ အဖြူဆင်းပါသလား။ ဆင်းရင်ကော ယားပါသလား။ အဖြူဆင်းတာအတွက် စာကို ဆရာ့ ဆိုက်မှာ ရှာနိုင်ပါတယ်။ အတူနေကြတာမို့ နှစ်ယောက်လုံးမှာ လိင်ကတဆင့်ကူးစက်ရောဂါ ကင်းအောင် သတိထားကြပါ။ လိုတာတွေ ဆရာ့ ဆိုက်ထဲမှာ ရေးထားပါတယ်။
Wed, Feb 6, 2013 at 2:13 AM
ကျနော် အသက်ကအခု ၃၁နှစ်ပါ။ ကျနော် ဆက်ဆံတဲ့အခါ အရမ်းမြန်ပါတယ် ကျနော် ဘယ်လိုမှ မထိန်းနိုင်ဘူး ဖြစ်နေပါတယ်။ ကျနော်အခု ဆက်ဆံတဲ့အခါ အချိန်ကြာအောင် ဆေးသုံးမလို့ပါဆရာ။ သုံးသင့်မသုံးသင့် အကြံပြုပေးပါ။ ကျနော်ဝယ်လာတဲ့ဆေးတွေကို ပုံနဲ့ တင်ပြလိုက်ပါတယ်ခင်ဗျာ။ ဆေးက 50mg နဲ့ 100mg ပါ။ ကျနော်ဝယ်လာတဲ့ ဆေးတွေကို ဘယ်လိုသုံးသင့်တယ်၊ 100mgကို သုံးရမလား 50mg ကိုသုံးရမလား၊ ပြီးတော့ ဆက်ဆံတဲ့အခါ ဘယ်နှလုံးသောက်ရမလဲ။ ပြီးတော့ သုံးကောသုံးသင့်လားဆိုတာတွေကို ပြောပြပေးပါနော်ဆရာ။ ကျနော်က လူပျိုပါ။ ကျနော် ဆက်ဆံတဲ့အခါတိုင်း အရမ်းမြန်နေလို့ အရင်ကလဲ ဆရာကို မေးဖူးပါတယ်ခင်ဗျာ။ ကျနော်က အခု (့) မှာအလုပ် လာလုပ်နေတာပါ။
ဆေးက Viagra နဲ့ အတူတူဖြစ်တယ်။ ပန်းညှိုးသူတွေအတွက်သာ လိုမယ်။ အချိန်ကြာစေလိုသူတွေအတွက် ဒီစာတွေဖတ်ပါ။
Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
Tue, Feb 5, 2013 at 10:59 PM
ကျနော်က အသက် ၁၈ နှစ်ရှိပါပြီ။ (့) မှာနေပါတယ်ခင်ဗျ။ ကျနော်မေးချင်တာကတော့ သုတ်လွှတ်မြန်ခြင်းအကြာင်း ပါခင်ဗျ။ ကျနော် masturbation လုပ်ရင် တစ်မိနစ်လောက်ပဲကြာပါတယ်ဗျ။ ပြီးတော့ ထိပ်ဖုးရဲ့အောက်ဘက်အဝိုက်မှာ အဖုသေးသေးလေးတွေလဲ ရှိတယ်ဗျ။ ကျနော့ အဂါင်္အရွယ်အစားက မာနေတဲ့အချိန်မှာ ၅ လက်မ မပြည့်တစ်ပြည့်ပဲ ရှိပါတယ်ခင်ဗျ။ ဒီအခြေအနေတွေကိုဘယ်လို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သင့်သလဲဆိုတာကို ကျေးဇူးပြုပြီး ညွှန်ကြားပြသပေးစေလိုပါတယ်ခင်ဗျ။
မစိုးရိမ်ပါနဲ့။ http://dts-medicaleducation-adult.blogspot.in/ ထဲမှာ အောက်ဆုံးမယ် မာတိကာရှိတယ်။ ခေါင်းစဉ်ရွေးဖတ်ပါ။ ဖတ်မရရင်တော့ ပြောပါ။
Tue, Feb 5, 2013 at 8:02 PM
ကျွန်တော် အမျိုးသမီး ဆီးစစ်ကြည့်တာ result က line ၂ လိုင်းပြနေပါတယ်။ သူက IUD လည်းထည်.ထားပါတယ်။ 2011 ခုနှစ်ကတည်းကထည့်ထားတာပါ။ သူ ရာသီသွေးမဆင်းတာလည်း ရက် ၂ဝ ကျော်သွားပါပြီ။ အဲဒါ ကိုယ်ဝန်ရှိတဲ့ အခြေအနေများ ဖြစ်နေလို့လား စိုးရိမ်မိလို့ပါဆရာ။ ကိုယ်ဝန်ရှိ/မရှိ တိတိကျကျ သိနိုင်မည့်နည်းလမ်းများရှိရင် ပြောပြပေးပါဆရာ။
IUD/IUCD က တချို့မှာ အပြင်ထွက်ကျတာ နဲ့ နေရာလွဲရောက်သွားတာဖြစ်တတ်တယ်။ အဲလိုဖြစ်သွားရင် ကိုယ်ဝန်ရလာနိုင်တယ်။ ဆီးစစ်တာ မျဉ်း ၂ ကြောင်းပေါ်ရင် ကိုယ်ရှိတာဖြစ်မယ်။ ထပ်သေချာအောင် အာလ်ထွာဆောင်း ရိုက်ရမယ်။ အထဲမှာ IUD/IUCD ရှိနေ-မနေကိုလဲ သိနိုင်တယ်။
Tue, Feb 5, 2013 at 10:27 AM
အဆင့်မသင့်လို့ ကိုယ်ဝန်ကိုဆေးသုံးဖျက်ခြင်း ၁/၂/၃ ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ။ abortion စသည့်မေးများ ပို့ပေးပါရှင့်။
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Abortion Pills ဖျက်ဆေးတွေအကြောင်း
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)
Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)
Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)
Medical abortion (4) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၄)
Tue, Feb 5, 2013 at 7:54 AM
ကျေးဇူးပြုပြီး unwanted pregnancy မေးပို့ပေးပါဆရာ။
Abortion မလိုချင်တဲ့ ကိုယ်ဝန်
Mon, Feb 4, 2013 at 1:58 PM
ဆရာအကြံပေးတိုင်း ကျန်တော် အခုသောက်ဖို့လုပ်တဲ့ဆေးက TETRACYCLINE B .P.250 mg ကိုသောက်ဖို့ လုပ်နေပါတယ်ဆရာ။ အဲဒီ ဆေးသောက်ရင် အဆင်ပြေနိင်သလား။ နောက်ပြီး တစ်ရက် ဘယ်နှစ်ကြိမ်လောက် သောက်သင့်သလဲ။
Tetracycline 250 mg ဆိုရင် တနေ့ ၄ ကြိမ်၊ 500 mg ဆိုရင် တနေ့ ၂ ကြိမ်။
Mon, Feb 4, 2013 at 9:59 AM
7-1-2013 မှာရာသီပေါ်တယ်/ 18/19-1-2013 မှာချစ်သူနဲ့အတူနေခဲ့တယ်။ 4-2-2013 ထိ ရာသီမလာလို့ ဆီးစမ်းကြည့်တာ လိုင်းနီနှစ်ခုပေါ်တယ်။ အောက်လိုင်းက အပေါ်လိုင်းလောက်တော့ မထင်ရှားဘူး။ ကိုယ်ဝန်ရှိတာလား။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် စာများလည်း ဖတ်ချင်ပါတယ်။ ကျေးဇူးပြုပို့ပေးပါ ဆရာ။
ကိုယ်ဝန်ရှိတာကိုပြတာဖြစ်ပါတယ်။ ကိုယ်ဝန်အတွက်စာတွေ အများကြီးရေးထားပါ။ အားလုံးကိုဖတ်စရာမလိုဘဲ ကိုယ်နဲ့ဆိုင်တာ၊ အပြုသဘောဆောင်တာတွေကိုသာ ရွေးဖတ်ပါ။ ရှာမရရင်လဲ ခေါင်းစဉ်ကို ပြောပါ။
Pregnancy - How long were you in labor? ကလေးမွေးတုံးက အချိန်ဘယ်လောက် ကြာခဲ့ပါသလဲ http://dts-medicaleducation-adult.blogspot.in/2012/04/how-long-were-you-in-labor.html
Pregnancy - How she gets pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
Pregnancy - Longer labors ကလေးမီးဖွါးရတာ အချိန်ပိုကြာလာ http://dts-medicaleducation-adult.blogspot.in/2012/04/longer-labors.html
Pregnancy - Looking and Feeling Your Best ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/looking-and-feeling-your-best-in.html
Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/lscs.html
Pregnancy - Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/labor-pain-cervix-cx-contraction-false.html
Pregnancy - Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/placenta-previa.html
Pregnancy - When does it start? ကိုယ်ဝန်ရှိတယ်ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/03/when-does-pregnancy-start.html
Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-after-tubal-ligation.html
Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-air-travel.html
Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-bleeding-during-early.html
Pregnancy and Conception သန္ဓေတည်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/conception.html
Pregnancy and Ejaculation ကိုယ်ဝန် နဲ့ သုက်လွှတ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-and-ejaculation.html
Pregnancy and Essential Diet ကိုယ်ဝန်ဆောင်ချိန် အထူးလိုအပ်သည့် အာဟာရများ http://dts-medicaleducation-adult.blogspot.in/2012/10/pregnancy-and-essential-diet.html
Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-exercise.html
Pregnancy and Expected due date (EDD) ကလေး ဘယ်တော့မွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-expected-due-date-edd.html
Pregnancy and First Para သားဦးမွေးမယ် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-first-para.html
Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-good-diet.html
Pregnancy and Hepatitis B ကိုယ်ဝန် နှင့် ဘီပိုး http://dts-medicaleducation-adult.blogspot.in/2013/01/pregnancy-and-hepatitis-b.html
Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hepatitis-c.html
Pregnancy and HIV ကိုယ်ဝန်နှင့် HIV http://dts-medicaleducation-adult.blogspot.in/2012/10/hiv-and-pregnancy-hiv.html
Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-hpv-vaccination.html
Pregnancy and Intrauterine Death (IUD) ကလေးအထဲမှာ သေဆုံးသွားခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-intrauterine-death-iud.html
Pregnancy and Linea negra ကိုယ်ဝန်ရှိ-မရှိ ဗိုက်ကိုကြည့် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-linea-negra.html
Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ http://dts-medicaleducation-adult.blogspot.in/2012/06/morning-sickness.html
Pregnancy and Oscar Test & Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-oscar-test-triple-test.html
Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင် http://dts-medicaleducation-adult.blogspot.in/2012/04/pain-relief-during-labor.html
Pregnancy and Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-painless-childbirth.html
Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-prednisolone.html
Pregnancy and Preeclampsia (PET) ကိုယ်ဝန် သွေးဆိပ်တက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-preeclampsia-pet.html
Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://dts-medicaleducation-adult.blogspot.in/2012/05/wed-mar-28-2012-at-1009-am-ra-alaxan.html
Pregnancy and RPOC အတွင်းမှာ အချင်းကျန်နေခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rpoc.html
Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-rubella.html Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
Pregnancy and Sex (2) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html
Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sex-after-delivery.html
Pregnancy and Sex (4) ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ http://dts-medicaleducation-adult.blogspot.in/2012/04/positions-during-pregnancy.html Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-sleeping-pills.html
Pregnancy and Ultrasound (1) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-1.html
Pregnancy and Ultrasound (2) ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း) http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-ultrasound-2.html
Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-vomiting.html
Pregnancy Question ကိုယ်ဝန်အတွက် မေးခွန်း http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-question.html
Pregnancy Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/prenatal-tests.html
Pregnancy prevention by Tubal ligation အမျိုးသမီး သား-သမီး မရတော့အောင် လုပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/tubal-ligation.html
Pregnancy right after your period ရက်ရှောင်နည်းမှာ သတိထားစရာ http://dts-medicaleducation-adult.blogspot.in/2012/09/pregnancy-right-after-your-period.html
Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ http://dts-medicaleducation-adult.blogspot.in/2012/03/stages-of-pregnancy.html
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html
Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-third-trimester.html
Pregnancy, LSCS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-cs-and-anesthesia.html
Pregnancy, LSCS and Normal labor ဗိုက်ခွဲမွေးတာ နဲ့ ရိုးရိုးမွေးတာ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-lscs-and-normal-labor.html
Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-pains.html
Sat, Feb 9, 2013 at 4:30 PM
လွန်ခဲ့တဲ့ ၃ လလောက်စပြီး တံဆာထိပ်မှာ စိုရွှဲမှု စဖြစ်ခဲ့ပါတယ်။ ထိုင်းက ဆေးရုံတခုမှာ ဆီးစစ်ပြီး ဆရာဝန်က Ciprofloxacin Extended Release Tablets 1000 Mg ငါးလုံး သောက်ခိုင်းခဲ့ပါတယ်။ ဒီအကြောင်း ကျွန်တော် ပထမတုန်းက ဆရာဆီ မေးလ်ပို့ပြီးအကြံယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ဆီးသွားရင် တခုခု ကျန်နေသလို ဖြစ်လိုက်။ အရည်ကြည်စိမ့်လာလိုက်ပဲ ဖြစ်နေပါတယ်။ အခုဆိုရင် ၃ လနီးပါးကြာပါတယ်။ ဒီကြားထဲမှာလဲ ကျွန်တော် ဂဲဖရန်နဲ့ အတူတူ ပြန်နေဖြစ်ပြီး သူ့မှာ ရောဂါလက္ခဏာမပြပဲ ကျွန်တော်မှာပဲ ထိပ်စိုစွတ်မှု ပြန်ဖြစ်လာပါတယ်။ ပုံမှန်ဆက်ဆံမှု မရှိရင် ဖြစ်လာတာပါ။ ပုံမှန် ဆက်ဆံမှုရှိနေရင်တော့ မဖြစ်ပါဘူးဆရာ။ မာစတာဗေးရှင်း လုပ်ဖြစ်ပြီးရင်လည် အချိန်အတော်အကြာအထိ အရည်ကြည် စွတ်စိုမှု ဖြစ်နေပါတယ်။ နောက် တံဆာအောက်ပိုင်း အကြောတွေကလည်း အရင်ကနဲ့မတူပဲ တင်းနေတာကို ခံစားနေရပါတယ်။ ဒါ ပိုးမသေလို့ ဖြစ်တာလား ဆိုတာ သိလိုပါတယ်ဆရာ။ နှစ်စလုံးအတူတူ ဆေးသောက်ဖို့ လိုအပ်ရင်လည်း ညွှန်ပြပေးစေလိုပါတယ်ဆရာ။ ဆေးစစ်ဖို့ ဆီးစစ်ဖို့ လိုအပ်ရင်လည်း အကြံပြုပေးပါ ဆရာ။
STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html
Mon, Feb 11, 2013 at 12:17 AM
သမီးကလေ ရာသီပုံမှန်လာတက်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ပုံမှန်ပြန်ဖြစ်ချင်ပါတယ်။ ဘာဆေးတွေ သောက်ဖို့လိုလဲ ဘယ်လိုနေထိုင်ရမလဲဆိုတာ အကြံပေးစေချင်ပါတယ်။ နောက်တစ်ခုက သမီး 11 လပိုင်း 2012 တုန်းက ရာသီမလာခဲ့ပါဘူး။ ပုံမှန်မဟုတ်ဘူးဆိုပေမယ့် လကျော်တာတော့ ဖြစ်ခဲပါတယ်။ အဲဒီလပိုင်းတုန်းက လိင်ဆက်ဆံမှု ရှိခဲ့ပါတယ်။ ဆီးစစ်ကြည့်တော့လဲ ကိုယ်ဝန်မရှိပါဘူး။ နောက်တော့ သမီး 12 လပိုင်းမှာ ရာသီသွေးလာပါတယ်။ ပုံမှန်ပါပဲ။ သမီးအခု 1 လပိုင်း လာရမယ့်ရက်မှာမလာဘူး ဖြစ်နေပါတယ်။ ဆီးလဲစစ်ကြည့်ပါတယ် ကိုယ်ဝန်မရှိပါဘူး။ 2 လပိုင်း လအစလောက်မှာ လိင်ဆက်ဆံခဲ့ပါတယ်။ အခုထိကိုရာသီသွေးမလာပါဘူး။ လိင်ဆက်ဆံတိုင်း အကာအကွယ်ပါပါတယ်။ သမီးစိုးရိမ်တာက သားအိမ် တစ်ခုခုများဖြစ်နေသလားလို့ပါ။ 7 ရက်နေ့လောက်က သမီးဝမ်းဗိုက်ထဲက ထိုးထိုးပြီး အောင့်ပါတယ်။ ဒါပေမယ့် ခဏလေးပါပဲ။ အဲဒီနောက်ပိုင်းဗိုက်တော့ မအောင့်တော့ ပါဘူး။ ဒါပေမယ့် 8 ရက်နေ့မှာ အဖြူဆင်းသလိုမျိုးဖြစ်ပါတယ်။ အရောင်ကလဲညစ်ညစ်ကြီးတွေပါ။ အများကြီးမဟုတ်ပေမယ့် သိသာပါတယ်။ အချိန်နဲ့ ပြောမယ်ဆိုရင် နာရီဝက်လောက်တောင်မရှိပါဘူး။ အန့နံတာလဲ လွန်ကဲစွာ မနံပါဘူး။ အဲဒါဘာဖြစ်တာလဲ ဆရာ။ သမီး ဒီလကိုဆက်စောင့်ကြည့်သင့်လား၊ OG နဲ့ဖြစ်ဖြစ်သွားပြသင့်လား။ ဆီးထပ်စစ်သင့်လား။ နောက်ဆုံး လိင်ဆက်ဆံမိတာ 3-2-2013 ကပါ။ တစ်ကယ်လို့ ဆီးထက် စစ်ရမယ်ဆိုရင် ဘယ်နေ့လောက်စစ်ရင် အဖြေပေါ်နိုင်ပါသလဲဆရာ။
ဖြစ်တဲ့သူရဲ့ အသက် မသိပါ။ ဆေးစစ်ဘူးသလား ဆရာဝန်ပြဘူး သလား မသိပါ။ OG ပြရင်ကောင်းပါတယ်။ ရာသီမမှန်သူတွေအတွက် ဆေးနည်း ရေးထားတာပိါု့လိုက်ပါတယ်။ အဖြူဆင်းတာ အတွက်လဲ ပို့လိုက်ပါတယ်။ လိင်ဆက်ဆံမှု ရှိသူတိုင်း STDs လိင်ကတဆင့် ကူစက်ရောဂါတွေကို သိထားပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။ ဆရာ့ဆိုက်ထဲမြှ အားလုံးလိုလို ရေးထားပါတယ်။ မာတိကာ အောင်ဆုံးမှာရှိပါတယ်။ ကိုယ်ဝန်အတွက် ဆေးစစ်နည်းလဲ ပို့လိုက်ပါတယ်။ Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)
Sun, Feb 10, 2013 at 9:44 PM
သမီးချစ်သူနဲ့ အတူတူနေနေတာ တပတ်လောက်ရှိပါပြီ။ အခုရက်ပိုင်း သားအိမ်ထဲကနေ သူ့ရဲ့သုတ်ရည်တွေ ပြန်ထွက်လာပါတယ်။ အဖြူဆင်းသလိုမျိုး ထွက်တာပါ။ အနံ့လည်း ရှိပါတယ်ပြီးတော့ သမီးရဲ့ အင်္ဂါအဝမှာ နာနေလို့ သူနဲ့ မဆက်ဆံဖြစ်တာ ၂ ရက်လောက် ရှိပါပြီ။ သူနဲ့ဆက်ဆံရင် နာနေလို့ပါ။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆိုတာသိချင်လို့ပါ။
သုက်ရည်ပြန်ထွက်တာ မဟုတ်လောက်ပါ။ အဖြူဆင်းတာဖြစ်ပါမယ်။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း
Sun, Feb 10, 2013 at 7:39 PM
ဆရာ့စာအရဆိုရင် သေသေချာချာ မပြောနိုင်သေးသော်လည်း ကလေးလုံးဝမရနိုင်ဘူးလို့တော့ ပြောမထားတာ တွေ့ရပါတယ်။ ဒီလိုဆို ဆရာဝန်များနဲ့ သေချာတိုင်ပင် ကုသရင် ရနိုင်တဲ့ သဘောလားဆရာ။ စတင် ဆက်ဆံတုန်းကတော့ နှစ်ယောက်လုံး ကိုယ်ဝန်ရမှာ ကြောက်ကြပါတယ်။ မိဘများက သဘောတူပြီး နောက်ပိုင်းမှာတော့ ဂရုမစိုက်တော့ဘဲ ရချင်လည်း ရရင်ယူလိုက်မယ် မရသေးတော့လည်း လူပျို/ အပျိုလိုပဲ နေကြမယ်ဆိုပြီး နေလာလိုက်တာ အခုတကယ် လက်ထပ်တော့မယ်ဆိုတော့ ပြဿနာတစ်ခုလို ဖြစ်လာနေပြီဆရာ။ ကျွန်တော်တို့နှစ်ယောက်က နောက်ပိုင်းမှာ ဘာမှ ဂရုမစိုက်ဘဲ Orgasm ရဖို့ကိုပဲ ဦးတည်ပြီး ဆက်ဆံကြပါတယ်။ အကြိမ် (၁ဝဝ)မှာ (၈၅) လောက် နှစ်ယောက်လုံး Orgasm ရပါတယ်ဆရာ။
အပြင်လည်းမထုတ်ပါဘူး လင်နဲ့မယားဆက်ဆံသလိုပဲ အေးအေးဆေးဆေး ကြင်ကြင်နာနာ ဆက်ဆံတာပါ။ ဒါပေမယ့် ကလေးမရဘူးဆိုတော့ ဒီနေရာမှာ ပြဿနာတစ်ခုခု တကယ်ကိုရှိနေပြီလို့ ယူဆပါတယ်။ တကယ်လို့ ဆရာဝန်တွေနဲ့ ကုသမယ်ဆိုရင် ပြည်တွင်းမှာပဲ အချိန်တိုအတွင်း အောင်မြင်အောင် ကုသနိုင်ပါသလား။ တကယ်လို့များ ကလေးမရရအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားမယ်ဆိုရင် ကုသလို့ရမယ့်နည်းတွေ၊ ကြာမြင့်ချိန်နဲ့ ကုန်ကျငွေ အများဆုံးကို ကျေးဇူးပြု၍ ဆရာယူဆချက်ကို သိပါရစေ။ ကျွန်တော်ရေးထားတဲ့ စာသားတွေရိုင်းနေရင် ခွင့်လွှတ်ပါဆရာ။ စကားမစပ်ဆရာ အခုဆရာက မြန်မာပြည်ကို ပြန်လာပြီလားဆရာ။ ဒါမှမဟုတ် လာဖို့အစီအစဉ်ရော ရှိပါလားဆရာ။ ကျွန်တော်တို့ မြန်မာပြည်က ပညာရှင်တွေလိုအပ်နေလို့ပါ။ ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-1html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/infertility-2html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/09/infertility-3html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adultblogspotin/2012/04/fallopian-tube-procedures-forhtml
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/05/infertility-and-tbhtml
Sun, Feb 10, 2013 at 3:57 PM
ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူနဲ့က ချစ်သူသက်တမ်း (၄)နှစ်ကျော်ခဲ့ပါပြီ။ ချစ်သူသက်တမ်း (၂)နှစ် ကျော်လောက်မှာ သူနဲ့ ကျွန်တော် စတင်ဆက်ဆံမိခဲ့ပါတယ်။ အစပိုင်းမှာ ကိုယ်ဝန်ရမှာ ကြောက်လို့ အရေးပေါ်ဆေးကတ် ဝယ်တိုက်ခဲ့ပါတယ်။ ပထမဆုံး စဖြစ်တဲ့ကာလအတွင်း (၂ လအတွင်း) အရေးပေါ်ဆေးကတ် (၅)ကတ်လောက် တိုက်ခဲ့မိပါတယ်။ ဘာမှ မသိသေးတဲ့ အရွယ်ဆိုတော့ ဘေးထွက်ဆိုးကြိုးကို မမြင်ပဲ (၂)လအတွင်း (၅)ကတ်လောက် တိုက်ခဲ့မိတာပါ။ ဆေး (၅)ကတ်မြောက်သောက်ပြီး နောက်ပိုင်းမှာ ဆက်ဆံရတာ အဆင်မပြေတော့ဘူး။ ဗိုက်ထဲမှာလည်း တစ်ခုခု ခံနေသလိုမျိုးပဲလို့ သူကပြောပါတယ်။ နောက်ပြီး သူ့အင်္ဂါကလည်း အရင်လိုမဟုတ်တော့ပါဘူး။ အနံ့ထွက်လာတယ်၊ နောက်ပြီး ဆက်ဆံလိုက်ရင် အဖြူရောင်အဖတ်တွေပါလာတယ်၊ အဲဒါကလည်း နံ့ပါတယ်၊ ရာသီလည်း (၁)လလုံး မလာတော့ပါဘူး၊ အဲဒါနဲ့ ကျွန်တော်တို့လည်း စိုးရိမ်ပြီး OG ဆီမှာ သွားပြတာ (၅) သောင်းကျော်လောက် ကုန်သွားပါတယ်။ အဲဒီတုန်းက (၂ဝဝ၉)ခုနှစ်ပါ၊ ခုဆိုရင် ဘယ်လောက်တောင် ကျမလဲမသိဘူး။ OG က သူ့အင်္ဂါထဲ တည့်တဲ့ (ခေါင်းလိမ်း Vitamin E အကြီးစား) ဆေးလုံးတစ်ဗူးနဲ့ သောက်ဆေးတွေ ပေးလိုက်ပါတယ်။ သောက်ဆေးက ကျွန်တော်ကိုပါ သောက်ခိုင်းပါတယ်။ Metro လို့ထင်ပါတယ်။ ပြီးတော့ (၇)ရက် မဆက်ဆံခိုင်းပါဘူး။ ကျွန်တော်တို့ (၂) ယောက်ကို OG က လင်မယားထင်ပြီး ပြောနေတော့ ကျွန်တော်တို့လည်း ငြိမ်နေလိုက်ပါတယ်။ အဲဒီနောက်ပိုင်း သူပြန်ကောင်းသွားပါတယ်။
အဓိက ကတော့ ကျွန်တော်က ကွန်ဒုံးမသုံးချင်တာပါ၊ ဒါကြောင့် ဆေးတိုက်လိုက်တာပါ။ သူအဲဒီလို ဖြစ်ပြီးနောက်ပိုင်း ကျွန်တော် ကွန်ဒုံးသုံးကြည့်ပါတယ်၊ အဆင်မပြေဘူး၊ ဒါနဲ့ပဲ ရက်တွက်နည်းအရပဲ ဆက်ဆံပါတော့တယ်။ ဒီလို ပြောလို့ ကျွန်တော်တို့ နေ့တိုင်း ဆက်ဆံတယ်လို့ မထင်ပါနဲ့ ဆရာ။ နောက်ပိုင်း ကျွန်တော်တို့ သတိထားမိလာတာက ရက်လွန်မှ ဆက်ဆံမိလည်း ဘာမှ မဖြစ်တာကိုပါ။ ဒီနေ့အထိ ကိုယ်ဝန်မရခဲ့ပါဘူး။ အဲဒါနဲ့ သူနဲ့ကျွန်တော် စမ်းသပ်ကြည့်တဲ့အနေနဲ့ ရက်မရှောင်ဘဲ ဆက်ဆံကြည့်ပါတယ်။ ဘာမှ မဖြစ်ပါဘူး။ နောက်ပိုင်းဆို ရက်တွေဘာတွေလည်း ဂရုမစိုက်၊ ကွန်ဒုံးလည်း မသုံးတော့ဘဲ ဆက်ဆံလာခဲ့တာ ဒီနေ့အထိပါဆရာ။ ဒီနေ့အထိလို့ ဆိုတာက သူက ကျွန်တော်နဲ့ မြို့မတူပါဘူး။ နှစ်ဖက်မိဘတွေကလည်း သဘောတူပြီးသားဆိုတော့ သူကျွန်တော်တို့ မြို့ကိုလာရင် ကျွန်တော်နဲ့ပဲ အတူနေပါတယ်။ လတိုင်းမဟုတ်ပေမယ့် တစ်ခါတစ်လေ အတူနေဖြစ်တာ (၂ဝ)ရက်လောက် ကြာတတ်ပါတယ်။ အဲဒီလို အကာအကွယ်မဲ့ ရက်မရှောင်ပဲ ဆက်ဆံနေတာတောင် ကိုယ်ဝန်မရတာကို အခု သူနဲ့ ကျွန်တော် တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြပါတယ်။ ကျွန်တော်တို့က လက်ထပ်ဖို့ လပိုင်းပဲ လိုတော့တာဆိုတော့ တကယ်လို့ လက်ထပ်ပြီးခဲ့ရင် ကလေးမရမှာကို သူက အရမ်းစိုးရိမ်နေပါတယ်။ အဲဒီလိုဖြစ်နေတာ အရေးပေါ်ဆေး အများကြီးသောက်မိလို့လား ဒါမှမဟုတ် ကျွန်တော်ကပဲ ကလေးမရနိုင်တာလားဆိုတာ သူရော ကျွန်တော်ပါ စဉ်းစားနေရပါတယ် ဆရာ။ အဲဒါ ကျွန်တော်တို့ ဘာလုပ်သင့်ပါလဲဆရာ၊ ကလေးရော ရနိုင်ပါတော့မလား၊ မရရအောင် လုပ်တဲ့နည်းရောရှိပါသလားဆရာ။ ကျွန်တော်ပြောဖို့ တစ်ခုကျန်သေးတယ်။ ကျွန်တော်က သုတ်ထွက် အလွန်နည်းတယ်လို့ ထင်မိပါတယ်ဆရာ။ အလွတ်စမ်းကြည့်တာ နည်းနည်းပဲထွက်ပြီး အရှိန်လည်း နည်းသလို ထင်မိပါတယ်။ တကယ်လို့ ပြဿနာက ကျွန်တော့်ကြောင့်ဆိုရင် ကုသလို့ရနိုင်ပါ့မလားဆရာ။ သူကတော့ ပုံမှန်ဖြစ်နေပါပြီး၊ ရာသီလည်း ပုံမှန်လာနေပါတယ်။ ကျွန်တော် သုတ်ထွက်နည်း/အရှိန်နည်းတာကတော့ အရင်တည်းကပါ။
သေသေချာချာ ရေးထားလို့ မှန်းဆရတာကို အထောက်အကူဖြစ်စေပါတယ်။
၁။ ရင်မရှောင်။ အကာကွယ်မသုံးဘဲ နေပမဲ့ ကိုယ်ဝန်မရတာဟာ အရေးပေါ်တားဆေး သောက်ဘူးခဲ့လို့ကြောင့်လို့တော့ ပြောမရသေးပါ။ အဖြူဆင်းတာကလည်း တကြိမ်သာဖြစ်ဘူးတာဆိုရင်လဲ သားအိမ်ပြွန်ကျဉ်းတာ ဖြစ်ခဲပါတယ်။ ၂။ သုက်အခြေအနေကို မှန်ဘီလူးနဲ့သာ စစ်ရတယ်။ အရေအတွက် နဲ့ အရည်အသွေး ၂ မျိုးစစ်ရတယ် သုပ်ထုထည်က ကိုယ်ဝန်ရဘို့အတွက်မှာ ဒီလောက်အရေးမပါပါ။ ဒီတော့ ပြောမရသေးဘူးလို့သာဆိုနိုင်တယ်။ ဆရာ့ဆိုက်မှာ ခေါင်းစဉ်အစုံလောက်နည်းပါး ရေးထားပါတယ်။ ကိုယ်ဝန်ရနိုင်မဲ့ ရက်တွေ၊ နည်းတွေ၊ အဖြူဆင်းရင်ဘာလုပ်၊ ဘာဖြစ်တတ်တယ်။ သုက်ပိုးများစေနည်း၊ စစ်ဆေးနည်းတွေပါတယ်။ မာတိကာ အောက်ဆုံးမှာရှိတယ်။ ရွေးဖတ်နိုင်ပါတယ်။ လင့် ကို ရှာမရရင်တော့ ခေါင်းစဉ်ပြောပါ။
http://dts-medicaleducation-adultblogspotin/
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၁၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




