15
Feb

အမေးအဖြေ (၁၂၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သမီးခုနေတာက (့)၊ (့) မြို့နဲ့နဲနဲဝေးတဲ့
2. သမီးကလေ ရာသီပုံမှန်လာတက်တဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။
3. ကျွန်တော် အသက် 29 နှစ်ထဲမှာပါ
4. ကျွန်မကအိမ်ထောင်သက် ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့
5. ကျွန်တော်က လူငယ်တစ်ယောက်ဆိုတော့
6.့ လုပ်ရင် သွေးထွက်တာ ဘာကြောင့်ဖြစ်တတ်လဲ သိချင်လို့ပါ။
7. ကျွန်တော့် ချစ်သူကောင်မလေး ရာသီမလာတာ ၅ လလောက် ရှိပြီ။
8. ပထမဆုံး ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ။
9. ကျွန်တော့် လိင်အင်္ဂါထိပ်ပိုင်းမှာ အောင့်နေပါတယ်။
10. အဖြူဆင်းလျှင်မယားပါဘူး။
11. ဟုတ်ကဲ့ ဆရာ သမီးအသက်က 23 ပါ။
12. သမီးအသက်က ၃၃ နှစ်ပါ။
13. ဆရာ့ဆိုဒ်တွေက Access has been denied. ဖြစ်နေပါတယ်။
14. မိန်းကလေးတယောက်က ပန်းသေ ပန်းညှိုရောဂါရှိတဲ့ အမျိုးသားတယောက်နဲ့

Mon, Feb 11, 2013 at 3:20 PM
သမီးခုနေတာက (့)၊ (့) မြို့နဲ့နဲနဲဝေးတဲ့ (့) ဆိုတဲ့တောမြို့လေးမှာနေပါတယ်။ နေရာကိုရေးရတာ မှန်းသိပါတယ်။ ဒါပေမဲ့သမီးနေတဲ့နေရာက ဆေးခန်းနဲ့ဝေးတာကိုပြောချင်လို့ပါဆရာ။ သမီး အိမ်ထောင် ကျတာ 5 နှစ်ရှိပါပြီ။ သမီးအသက်က 30 နှစ်ပါဆရာ။ သမီးအမျိုးသားအသက်က 35 နှစ်ပါ။ လွန်ခဲ့တဲ့ 2 နှစ်ကစပြီး ကလေးယူမယ်လို့ ဆုံးဖြတ်ပြီး အကာကွယ်လည်း မသုံးတော့ပါဘူး။ အိမ်ထောင်ကျပြီး ကတည်းက ဆေးထိုးဆေစား တစ်ခါမှ မလုပ်ဖူးပါဘူး။ ဒါပေမဲ့ 2 နှစ်သာကြာသွားတယ် ကလေးမရသေးပါဘူးဆရာ။ ဆရာရဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ စာတွေကိုတော့ ဖတ်ကြည့်ဖြစ်ပါတယ်။ ပြီးတော့ လက်တွေ့သုံး ကြည့်ပါတယ်ဆရာ။ ကန်တော့နော်ဆရာမမျိုးဥကျွေချိန်ကိုတွက်ပြီး အတူတူနေတာပါဆရာ။ ခု 2 လပိုင်း 1 ရက်နေ့ဆို သမီးရာသီလာမဲ့ရက်ပါဆရာ။ မလာတာနဲ့ ဆီးစစ်ကြည့်တာလိုင်း 2 လိုင်းပေါ်နေပါတယ်။ သမီးဖြင့်ပျော်လိုက်တာဆရာရယ်။ ဒါပေမယ့် ဒီနေ့ 11 ရက်နေ့မှာ သွေးနဲနဲပြန်ဆင်းနေပါတယ်ဆရာ။ အဲဒါဘာဖြစ်လို့ပါလဲဆရာ။ သမီးဘာဆက်လုပ်ရမလဲဆရာ။ သမီးတို့နဲ့နီးတဲ့ ဆေးခန်းကလည်းမရှိဘူး။ သမီးရဲ့အလုပ်က ကွန်ပျူတာနဲ့တနေကုန်ထိုင်ပြီးလုပ်ရတာပါဆရာ။ ဖြစ်နိုင်ရင်တော့ မေးလ်နဲ့ နေ့ရက်တွေကို မဖော်ပြစေလိုပါဘူးရှင့်။

မစိုးရိမ်ပါနဲ့အုံး။ ဆေးစာတပုဒ်တော့ ပို့လိုက်တယ်။ ဖြစ်နိုင်ခြေ အားလုံးထည့်ရတာမို့ ကိုယ့်မှာ ဒါတွေဖြစ်လောမယ်လို့ မထင်စေချင်ပါ။ ဆေးရုံတက်ပြီး နားရသလို နားသင့်ပါတယ်။ ရေသောက် မနည်းစေ ပါနဲ့၊ ကော်ဖီ၊ အရက် မသင့်ပါ။ Progesterone ဆေးကို စားဆေး၊ ထိုးဆေး။ မွေးလမ်းကြောင်းထဲ ထည့်ဆေးအဖြစ် သုံးနိုင်တယ်။ OG ကနေသညွှန်မှသာ သုံးသင့်တယ်။
Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း

Mon, Feb 11, 2013 at 12:17 AM
သမီးကလေ ရာသီပုံမှန်လာတက်တဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ပုံမှန်ပြန်ဖြစ်ချင်ပါတယ်။ ဘာဆေးတွေ သောက်ဖို့လိုလဲ ဘယ်လိုနေထိုင်ရမလဲဆိုတာ အကြံပေးစေချင်ပါတယ်။ နောက်တစ်ခုက သမီး 11 လပိုင်း2012 တုန်းက ရာသီမလာခဲ့ပါဘူး။ (ပုံမှန်မဟုတ်ဘူးဆိုပေမယ့် လကျော်တာတော့ ဖြစ်ခဲပါတယ်) အဲဒီလပိုင်းတုန်းက လိင်ဆက်ဆံမှု ရှိခဲ့ပါတယ်။ ဆီးစစ်ကြည့်တော့လဲ ကိုယ်ဝန်မရှိပါဘူး။ နောက်တော့ သမီး 12 လပိုင်းမှာ ရာသီသွေးလာပါတယ်။ ပုံမှန်ပါပဲ။ သမီးအခု 1 လပိုင်း လာရမယ့်ရက်မှာမလာဘူးဖြစ်နေပါတယ်။ ဆီးလဲစစ်ကြည့်ပါတယ် ကိုယ်ဝန်မရှိပါဘူး။ 2 လပိုင်း လအစလောက်မှာ လိင်ဆက်ဆံခဲ့ပါတယ်။ အခုထိကိုရာသီသွေးမလာပါဘူး။ (လိင်ဆက်ဆံတိုင်း အကာအကွယ်ပါပါတယ် ဆရာ) သမီးဆိုးရိမ်တာက သားအိမ် တစ်ခုခုများဖြစ်နေသလားလို့ပါ။ 7 ရက်နေ့လောက်က သမီးဝမ်းဗိုက်ထဲက ထိုးထိုးပြီး အောင့် ပါတယ်။ ဒါပေမယ့် ခဏလေးပါပဲ။ အဲဒီနောက်ပိုင်း ဗိုက်တော့ မအောင့်တော့ပါဘူး။ ဒါပေမယ့် 8 ရက်နေ့မှာ အဖြူဆင်းသလိုမျိုးဖြစ်ပါတယ်။ အရောင်ကလဲ ညစ်ညစ်ကြီးတွေပါ။ အများကြီးမဟုတ်ပေမယ့် သိသာ ပါတယ် အချိန်နဲ့ ပြောမယ်ဆိုရင် နာရီဝက်လောက်တောင်မရှိပါဘူး။ အနံ့နံတာလဲလွန်ကဲစွာမနံပါဘူး။ အဲဒါဘာဖြစ်တာလဲ။ သမီးဒီလကို ဆက်စောင့်ကြည့်သင့်လား။ OG နဲ့ဖြစ်ဖြစ် သွားပြသင့်လား။ ဆီးထပ်စစ် သင့်လား (နောက်ဆုံး လိင်ဆက်ဆံမိတာ 3.2.2013 ကပါ) တစ်ကယ်လို့ ဆီးထပ်စစ်ရမယ်ဆိုရင် ဘယ်နေ့လောက်စစ်ရင် အဖြေပေါ်နိုင်ပါသလဲဆရာ။

ဖြစ်တဲ့သူရဲ့ အသက် မသိပါ။ ဆေးစစ်ဘူးသလား ဆရာဝန်ပြဘူးသလား မသိပါ။ OG ပြရင်ကောင်းပါတယ်။ ရာသီမမှန်သူတွေအတွက် ဆေးနည်း ရေးထားတာ ပို့လိုက်ပါတယ်။ အဖြူဆင်းတာ အတွက်လဲ ပို့လိုက် ပါတယ်။ လိင်ဆက်ဆံမှုရှိသူတိုင်း STDs လိင်ကတဆင့် ကူစက်ရောဂါတွေကို သိထားပြီး ကြိုတင် ကာကွယ်သင့်ပါတယ်။ ဆရာ့ဆိုက်ထဲမှာ အားလုံးလိုလို ရေးထားပါတယ်။ မာတိကာ အောင်ဆုံးမှာရှိပါတယ်။
ကိုယ်ဝန်အတွက် ဆေးစစ်နည်းလဲ ပို့လိုက်ပါတယ်။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Mon, Feb 11, 2013 at 9:14 PM
ကျွန်တော် အသက် 29 နှစ်ထဲမှာပါ။ အိမ်ထောင်ကျခဲ့တာက 20 ဝန်းကျင်လောက်ကပါ။ ကျွန်တော်အမျိုးသမီးက 35 နှစ်ထဲမှာပါ။ 6 နှစ်အရွယ်သားယောက်ျားလေး တစ်ယောက်ရှိပါတယ်။ ကျွန်တော်တို့ oral sex ကို ယနေ့ထိလဲ အသုံးပြုနေဆဲပါ။ ပြီးတော့ လွန်ခဲတဲ့ တစ်လကျော် နှစ်လနီးပါးက စပြီး ကျွန်တော် anal sex ကိုကျူးလွန်မိပါတယ်။ နေ့တိုင်းလဲ မဟုတ်ပါ။ ရောဂါနဲ့ ပတ်သတ်ပြီး ကြောက်လဲ ကြောက်ပါတယ်။ အစွပ်လဲမသုံးပါ။ ကြီးဆေး ကြာဆေး အာဆေး ဘယ်လိုဆေးမျိုးမှလဲ မသုံးကြပါ။ အမြဲတမ်း မဆက်ဆံမီ ဆက်ဆံပြီး သေချာ ဆေးကြော သန့်ရှင်းပါတယ်။ (နှစ်ယောက်လုံး) ယနေ့ထိ ကျွန်တော် အပြင်မှာ မပျော်ပါးဘူးပါ။ ပြီးတော့ ဘာရောဂါ မှလဲ မရှာဖွေဘူးပါ။ လွန်ခဲ့တဲ့ 4 5 6 လ လောက်တုန်းက အမျိုးသမီး နှူတ်ခမ်းမှာ ရေယုံ တခါပေါက်ဘူးပါတယ် ပြီးတော့ ဘာဆေးမှ မလိမ်းဘဲ အလိုလို ခြောက်သွား ပါတယ်ဆရာ။ အဲ့ဒါကြောင့် ဆရာ အမြင်လေးကို သိချင်ပါတယ် ဆောင်ရန် ရှောင်ရန် လေးတွေပါ။ (ယနေ့ထိ အနာ အဖုအကြိတ် တွေလဲမရှိဘူးပါ) လင်ရော မယားရော အရမ်းသိချင်နေလို့ပါ။

ရေယုံပေါက်ရာနေရာနဲ့ လိင်အင်္ဂါထိစပ်ရင် ကူးနိုင်တယ်။ ပေါက်နေသူရဲ့ ပါးစက်ကို အသုံးမချပါနဲ့။ မကြာခင် အလိုလိုပျောက်နိုင်တယ်။ အဲလိုရက်တွေမှာ ဆင်ခြင်နေ့ပါမယ်။ ဆရာရေးထားတဲ့ အေနယ် အကြောင်းလဲ ဖတ်ပြီးထင်ပါတယ်။ ရှာမတွေ့ရင်ပြောပါ။
Anal Practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/anal-practice.html
Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ http://dts-medicaleducation-adult.blogspot.in/2012/03/anal-practice-q-and.html

Mon, Feb (့) at 8:21 PM
ကျွန်မကအိမ်ထောင်သက် ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပါတယ်။ အသက်က ၃၁ နှစ်ထဲမှာပါ။ ကျွန်မတို့ ၁နှစ်ခွဲလောက်ပဲအတူနေရပြီး ကျန်နှစ်များမှာ အမျိုးသားက ပြည်ပ အလုပ် ထွက်လုပ် ပါတယ် ယခုခွင့်ပြန်ချိန်မှာ A B C သာစစ်ပြီး ကလေးယူပါတယ်။ ကျန်တာတွေတော့မစစ်လိုက်ပါ။ ကိုယ်ဝန်ဆိုတာခန့်မှန်းမိပြီး ဆီးစစ်တော့ ရှိနေတာ တွေ့ရပါတယ်။ ကိုယ်ဝန်ရှိတာသိသိချင်း ၁ လပြည့်တဲ့ရက်(ခန့်မှန်း) မှာ ဆရာဝန်ကိုသွားအပ်ပါတယ်။ ကိုယ်ဝန်အပ်တဲ့ ပထမဆုံး အခေါက်မှာ ကိုယ်အလေးချိန်ချိန်တာ သွေးစစ်တာ ဆီးစစ်တာတွေမလုပ်ပေးပါဘူး။ သွေးပေါင်ချိန်ချိန်တာလောက်ပဲ လုပ်ပေးပြီး Due-Date ပေးခဲ့ပါတယ်။ ၃ လပြည့်မှ ဆေးထိုးဖို့လိုတဲ့ အကြောင်း အခုလများမှာ တစ်လတစ်ခါပဲပြဖို့ပြောခဲ့ပါတယ်ဆရာ။ ကျွန်မကလည်း စာအုပ်အတိုင်း လုပ်ချင်တဲ့သူမို့လား အားမရပါဘူး။ ကျွန်မတို့မြို့မှာ မွေးဖွား ရမှာကို တော်တော့်ကို အားငယ်မိပါတယ်။ ကျွန်မတို့နယ်မြို့လေးမှာက ခုတင် ၅ဝ ဆန့် ဆေးရုံပဲ ရှိပါတယ်။ ကျွန်မမြို့ကြီးတက်မွေးဖွားဖို့လည်း အဆင်မပြေနိုင်တာမို့ပါ။

ကျွန်မသားဦးကိုယ်ဝန်ကို (ဖြစ်နိုင်ရင်) ရိုးရိုးပဲမွေးဖို့ စဉ်းစားထားပါတယ်။ အဆင်ပြေနိုင်ပါ သလားရှင့်။ ပြီးတော့ ကျွန်မ နောက်ဆုံးရာသီပေါ်တဲ့ရက်က (့) ကနေ (့) အထိပါ။ အမျိုးသားနှင့် အတူစနေတဲ့ ရက်က ၈.၁.၁၃ မှာပါ။ ကိုယ်ဝန်စစ်ဆေးတဲ့ ရက်က (့) ပါ။ ဆရာတွက်ချက်ပေးတဲ့ Due-Date ကိုသိပါရစေ။ ကျွန်မအခု တစ်လကျော်မှာ ဖောလစ်အက်ဆစ် တစ်ရက် တစ်လုံးပဲသောက်ပါတယ်။ အစာ အများကြီးမစားနိုင်ပေမဲ့ ကြိုးစားစားပါတယ်။ အော့အန်ခြင်း မရှိသေးပါ။ အနီရောင်အသား၊ ဝက်သားမစားပါ။ ကိုယ်ဝန်ဆောင်အားဆေးကို ၃ လပြည့် မှသောက်ရင် အဆင်ပြေနိုင်ပါသလား။ ယခုထိသွေးတိုးမ ရှိသေးပေမဲ့ သွေးတိုး မျိုးရိုးရှိပါတယ်။ အရင်က စာတစ်စောင်ရေးခဲ့ဖူးပါတယ်။ ပြန်စာမရရှိခဲ့ပါဘူး။ (ဆရာ့ရဲ့လုပ်ငန်းကို နားလည်ပါတယ်)။ ဆရာ့ဆိုဒ်ကစာ အားလုံးနီးပါးကတော့ ဖတ်ပြီးသလောက် ဖြစ်နေပါပြီ။

(့) နေ့က နောက်ဆုံးလမှာ ရာသီစဆင်းခဲ့ဖြစ်လို့ ခန့်မှန်းခြေ မွေးရက်က (့) ဖြစ်ပါတယ်။ ရှေ့ ၂ ပါတ် နောက် ၂ ပါတ်ကွာနိုင်တယ်။ အာလ်ထွာဆောင်းရိုက်ရင် တခါရိုက်တခါ အဖြေထွက်ပါမယ်။ သိပ်မကွာလှပါ။ ဖေါလစ်အက်စ်၊ သံဓါတ် နဲ့ ဗီတာမင် ဘီ လိုပါတယ်။ ဖေါလစ်အက်စစ်ကို တနေ့ ၁ ပြားသာသောက်ပါ။ နောက်ပိုင်းမှာ ကယ်လ်စီယမ် ပါလိုမယ်။ ATT မေးခိုင် ကာကွယ်ဆေး ၂ ခါ ထိုးရမယ်။ တခါနဲ့နောက်တခါ ၁ လခြားရမယ်။ ဆီးချိုစစ်ဘို့ လိုပါတယ်။ သွေးဖိအားလဲ ကိုယ်ဝန်အပ်သွားတိုင်း တိုင်းမှာပါ။ ရိုးရိုးမွေးလို့ ရတဲ့သူက ပိုပြီးများလွန်းပါတယ်။ အာလ်ထွာဆောင်းမှာ အချင်းနေရာ အောက်မှာ တည်နေတာမဟုတ်ရင် မွေးလမ်းကြောင်းကနေ မွေးနိုင်တယ်လို့ အကြမ်းအားဖြင့် ပြောနိုင်ပါတယ်။ သားဦးမှာ မွေးလမ်းကို ချဲ့ရတတ်တယ်။ ရိုးရိုးဆရာဝန်တိုင်း လုပ်ပေးပါတယ်။ ကိုယ်ဝန်နဲ့ ဆိုင်တာတွေ အများကြီးရေးထာတာမို့ လိုတာရှာဖတ်ပါ။ ကိုယ်နဲ့ မဆိုင်လောက်တာကို မဖတ်ပါနဲ့။ အရင်မေးတာ မဖြေဖြစ်ဘူးဆိုလို့ ဆောရီးဘဲ။ ဆရာလဲ တခါတလေ အလုပ်များတတ်တယ်။ အလုပ်အားရင် ပြန်တော့စစ်တာဘဲ။ တခါတလေ ကွန်ပြူတာ ပြောင်းရ ပြင်ရဆိုရင် လာပြီးသား မေးလ် တွေကို စစ်ရတာ ခက်တယ်။

Tue, Feb 12, 2013 at 12:17 AM
ကျွန်တော်က လူငယ်တစ်ယောက်ဆိုတော့ အသောက်အစား အပျော်အပါး တစ်ခါတစ်လေ ရှိတတ်ပါတယ်။ လတ်တလော ကျွန်တော်ဖြစ်နေတဲ့ ပြဿနာ တစ်ခုလောက် သိခြင်နေလို့ပါ။ ယောက်ကျားလေးတွေရဲ့ လိင်အင်္ဂါနဲ့ ပက်သက်သာလေးပေါ့။ အရင်တုန်းက မဖြစ်သေးတော့ ကျွန်တော် သိပ်မဆင်ခြင်မိပါဘူး။ သိပ်မကြာခင်က ဂနိုရောဂါ ဖြစ်ပါသေးတယ်။ ဆရာဝန်နဲ့ပြပြီး ဆေးသောက်ဆေးထိုး လုပ်လိုက်သာ ပျောက်သွား ပါတယ်။ အဲဒါပြီးတဲ့နောက် သုံးလလောက်လည်းနေရော ကျွန်တော်လိင်တံထိပ်မှာ အဖု အဖုလေးတွေ အမြင်အရတော့ အဖုသေးသေးလေးတွေ ထဲမှာ အ၀ါရောင်လိုလို ဟာလေးတွေပေါ့။ တော်တော် များများ လိင်တံအရေခွံအတွင်းက အသားမှာ ထွက်လာပါတယ်။ ကျွန်တော် တော်တော်ကြီးကို စိုးရိမ်မိသွားပါတယ်။ လိင်နဲ့ ပက်သက်တဲ့ ရောဂါက နှစ်ခါ ဖြစ်ပြီဆိုတော့ ကျွန်တော် A များ ကိုက်နေပြီလာပေါ့။ ခုဖြစ်တဲ့ ရောဂါဟာ ကုရင်ပျောက်လာ မပျောက်လာသိခြင်ပါတယ်။ ပြီးတော့ ခုလို အဖုဖုလေးတွေဟာ AIDS ရောဂါ လက္ခဏာထဲမှာ ပါနေပြီလားပေါ့နော်။ တကယ်လို့ A ကိုက်ခဲ့မယ်ဆိုရင်လည်း ကျွန်တော် ဘယ်လိုနေရင် လူသက်တန်းစေ့ ပြန်နေနိုင်မလဲပေါ့နော်။ A ကိုကြောက်သာတော့လည်း မဟုတ်ပါဘူး။ မှားတုန်းက မှားပြီးပါပြီ။

ယောက်ျားလိင်အင်္ဂါမှာ ဖြစ်နိုင်တဲ့ရောဂါ အမျိုးမျိုးရှိတယ်။ ဂနိုအပါအဝင်ပေါ့။ တချို့မှာ ပြန်ဖြစ်တာလဲရှိတယ်။ စာတပုဒ်ပို့ပါတယ်။ A လို့ တလုံးတည်းရေးတာအတွက် ဆရာဝန်အနေနဲ့ စဉ်းစား ယူနေရတယ် အဲလို A တလုံးတည်းကို သွေးအုပ်စု နဲ့ အသဲရောင် A ကိုသာရေးတယ်။ AIDS ဆိုရင် အဲလို မရေးပါ။ ဆေးပညာမှာ တိကျရပါတယ်။ အရပ်ခေါ်ဆိုတာ အမျိုးမျိုးကွဲသေးတယ်။ တချို့က လေးလုံးရောဂါ။ တလောကမေးသူတယောက်က R တဲံ။ HIV/AIDS မှာ အစပျိုးဖြစ်တာနဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေဆိုပြီးရှိပါတယ်။ လိင်အင်္ဂါမှာလာဖြစ်တာတော့ မဟုတ်ပါ။ စာတွေဖတ်နိုင်ပါတယ်။
Penile Lesions (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
Penile Lesions (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html

Tue, Feb 12, 2013 at 1:08 PM
Sex လုပ်ရင် သွေးထွက်တာ ဘာကြောင့်ဖြစ်တတ်လဲ သိချင်လို့ပါ။ ၃ ခါ ဆက်ဆံရင် ၃ ခါစလုံး ထွက်နေပါတယ် စိုးရိမ်ရလား။ ဖြစ်တာက မိန်းကလေးပါ။ အသက် ၂၃နှစ်၊ အိမ်ထောင် မရှိ၊ ရည်းစား ရှိ။

မိန်းကလေးမှာ အခုပြောပြတဲ့ ၃ ခါအရင်က ဆက်ဆံမှု၊ ဗဂျိုင်းနားထဲကို တခုခု (ကျားလိင်အင်္ဂါ၊ လက်၊ စမ်းသပ်ကရိယာ စသည်) ထိုးသွင်းခံရမှု ရှိခဲ့ခြင်း ရှိ-မရှိ မသိပါ။ အခု ၃ ကြိမ်မှာ နာကျင်မှု ရှိ-မရှိ မသိပါ။ ရာသီလာရက်မှာ ဆက်ဆံတာ ဟုတ်-မဟုတ် မသိပါ။ အဖြူဆင်းတာမျိုး ရှိ-မရှိ မသိပါ။

Tue, Feb 12, 2013 at 4:09 PM
ကျွန်တော့် ချစ်သူကောင်မလေး ရာသီမလာတာ ၅ လလောက် ရှိပြီ။ တစ်ခါလာဖို့ဆေးသွား သွားထိုးနေရပါတယ်။ ဒီလိုပဲ မလာတိုင်းဆေးထိုးလိုက်နဲ့နေလာတာ ၁ နှစ်ကျော်လောက်ရှိပါပြီ။ ဆေးထိုးလိုက်ပြီးလို့ စားဆေးသောက်ပြီးလို့ ၃ ရက်လောက်နေရင် ရာသီလာတယ်။ ဒါပေမယ့် ရာသီလာတိုင်း ဗိုက်ကြီးယောင်ပြီး အရမ်းနာတယ်။ သူအဲဒီလို ၄ ရက်လောက်ခံစားရတယ်။ မအိပ်နိုင်ဘူး မစားနိုင်ဘူး။ လှုပ်ရှားရင်ပိုနာတယ်။ အဲဒါ ကျွှန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာ ပြောပြပေးပါ။

မိန်းကလေး အသက် မသိပါ။ အိမ်ထောင်ပြု-မပြု၊ ဆက်ဆံမှု၊ ကိုယ်ဝန်၊ ကလေး စတာ မသိပါ။ ဆေးထိုးလို့ ရာသီလာရင် စိုးရိမ်စရာ ရောဂါ မဟုတ်လောက်ပါ။ OG ကိုပြသင့်ပါတယ်။ ရာသီမှန်စအောင် လုပ်နည်းတွေလဲ ဆရာ့စာတွေထဲမှာ ဖတ်နိုင်ပါတယ်။
Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-mood-swings.html
Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/08/menstrual-suppression.html
Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.in/2011/04/menstruation_25.html

Wed, Feb 13, 2013 at 7:00 AM
ပထမဆုံး ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ။ သမီးမေးထားတာကို စာပြန်ပေးလို့ပါဆရာ။  11 ရက်နေ့က သွေးနဲနဲဆင်းလို့မေးထားတဲ့သူပါ။ သမီး 12 ရက်နေ့ မှာတော့ aသွးမဆင်းတော့ဘူးဆရာ။ အဲဒါ 13 ရက်နေ့မနက်စောစောမှာ ဆီးပြန်စစ်ကြည့်တာ h 2 လိုင်းပေါ်ပါသေးတယ်ဆရာ။ အဲဒါဆို သမီးရဲ့ကိုယ်ဝန်က စိုးရိမ်စရာရှိပါသေးလားဆရာ။ ဆရာပြောသလိုပဲကော်ဖီလည်း ခုမသောက်တော့ပါဘူး။ အရက်ကတော့ မွေးကတည်းက မသောက်တာပါ။ ရေကတော့ ခုများများသောက် ဖြစ်ပါတယ်ဆရာ။ ရင်တွေပူနေလို့ပါ။ သမီး ခုချိန်ထိပျို့ / အန်တာမဖြစ်ဘဲ ရင်တွေပဲ ပူနေပါတယ်။ ရင်ပူတာကို သက်သာအော င်ဘာတွေရှောင်ရမလဲ၊ ပြီးတော့ ဘာတွေ စားပေးရမလဲ ဆရာ။ ပြီးတော့ကိုယ်ဝန် 3 လလောက်မှ OG အပ်ရင်ရောရလားဆရာ။ သမီးတို့ကသူများနိုင်ငံမှာ အလုပ် လာလုပ်ရတာ ဆိုတော့ ခွင့်က ခဏခဏ မရလို့ပါဆရာ။ ဆရာကိုကျေးဇူးအများကြီး တင်ပါတယ်။ ဆရာလည်း ကျန်းမာ-ချမ်းသာပါစေဆရာ။

ဆီးစစ်လို့ ၂ လိုင်းပေါ်တာနဲ့တော့ ကိုယ်ဝန်မြဲတယ်လို့ ပြောမရသေးပါ။ ပျက်သွားတာရော ဖျက်ပြစ်တာရော၊ ဆက်ရှိတာပါ စစ်ရတဲ့ ဟော်မုန်းရှိနေရင် ၂ လိုင်းပြမှာသာဖြစ်ယတ။်ဝဘမဈ ရင်ပူတာအတွက် Antacid ဆေးပြားသာသောက်ပါ။ ကိုယ်ဝန်ရှိကာစ ခံစားရတာမျိုးဆိုတာ တချို့မျာ မသိမသာ၊ တချို့မှာ အတော်ကြီးခံစားရတယ်။ နားနေဘို့ ဆက်လုပ်ပါ။ ရေသောက်မနည်းပါစေနဲ့။

Wed, Feb 13, 2013 at 9:12 AM
ကျွန်တော့် လိင်အင်္ဂါထိပ်ပိုင်းမှာ အောင့်နေပါတယ်။ ကြည့်လိုက်တော့ အကွဲထိပ်နားလေးမှာ နီပြီးတော့ ပွန်းပြီး သွေးခြည်ဥသလိုဖြစ်နေပါတယ်။ ဆီးသွားရင် နဲနဲအောင့်ချင်သလိုလိုဖြစ်နေပါတယ်ဆရာ ဆေးညွန်ပေးပါအုံး

Penile Lesions (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
Penile Lesions (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Wed, Feb 13, 2013 at 1:16 PM
အဖြူဆင်းလျှင်မယားပါဘူး။ သားအိမ်က ရံဖန်ရံခါအောင့်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အချိန်မှာ အောင့်ပါတယ်။ လိင်ကတဆင့်ကူးတဲ့ရောဂါတွေ ကာကွယ်ရန် ဘယ်လိုကာကွယ်သင့်ပါသလဲ။ ဆေးထိုးလို့ရပါသလား။

STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html

Wed, Feb 13, 2013 at 2:05 PM
ဟုတ်ကဲ့ ဆရာ သမီးအသက်က 23 ပါ။ OG ပြဖူးသလားဆိုတော့ 18 နှစ်လောက်တုန်းကတော့ ရာသီလာတာ အရမ်းများလို့ ပြဖူးပါတယ်။ ဒီလောက်ပါပဲ ဆရာ ဆေးရုံတက်ရတာတို့ဘာတို့တော့မရှိပါဘူး။ ဆရာပို့ပေးတဲ့ လိင်ကတစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေကိုဖတ်ရပါတယ်။ အဲဒီရောဂါတွေက အကာအကွယ်(ကွန်ဒုံး) သုံးရင်ရော ဝင်ရောက်နိုင်ပါသလား ဆရာ။ နောက်တစ်ခုက ပါးစပ်နဲ့လိင်ဆက်ဆံတာမျိုးမှာရော ဘယ်လိုရောဂါတွေ ဝင်ရောက်တက်သလဲဆိုတာလေးပါ သိချင်ပါတယ် ဆရာ။ ရာသီပုံမှန်ပြန်ဖြစ်ချင်ရင် လိင်ဆက်ဆံမှုကို ရှောင်ထားရမလားဆိုတာ သိချင်ပါသေးတယ် ဆရာ။

ကွန်ဒွမ်သုံးရင် အများဆုံးကို ကာကွယ်နိုင်တယ်။ မကာကွယ်နိုင်တာတွေလဲရှိတယ်။ လိင်ဆက်ဆံမှု ရှောင်တာ၊ မရှောင်တာနဲ့တော့ ရာသီမမှန်သူက မှန်လာတယ် မဟုတ်ပါ။ ဘာလို့ မမှန်သလဲကိုကြည့်ရ၊ ကုရမယ်။ ပို့ပြီးသားစာတွေထဲမှာ ပါတယ်။ ဆရာ့ဝက်ဆိုက်ထဲမှာ အားလုံးလိုလို ရေးထားပါတယ်။
Condom ယောက်ျားသုံး (ကွန်ဒွမ်) http://dts-medicaleducation-adult.blogspot.in/2012/03/how-to-use-male-condom.html
Condom and STDs (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2012/04/stds-and-condom.html
Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ http://dts-medicaleducation-adult.blogspot.in/2012/04/condom-standards.html
Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု http://dts-medicaleducation-adult.blogspot.in/2012/04/condoms-safety-and-effectiveness.html
Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/oral-practice.html

Wed, Feb 13, 2013 at 11:36 AM
သမီးအသက်က ၃၃ နှစ်ပါ။ အိမ်ထောင်သည်ပါရှင့်။ အခု သမီးမှာ ကိုယ်ဝန် (၁၅) ပတ် ရှိပါပြီ။ သမီးကို သမီးပြတဲ့ ဆရာက သန်ချဆေးသောက်ဖို့ ပေးလိုက်ပါတယ်။ တံဆိပ်က Fugaka ပါ။ သမီး အဲဒီထဲက အညွှန်းကို ဖတ်ကြည့်တော့ "Do not use pregnancy, especially first trimester, nursing women." လို့ရေးထားတာတွေ့တော့ သောက်ရမလား၊ မသောက်ပဲ နေရမလား မသိဖြစ်နေပါတယ်ရှင့်။ သမီးပြတဲ့ ဆရာနဲ့ကလည်း ချိန်းထားတဲ့ ရက်လည်း မရောက်သေး၊ မေးရင်လည်း မကြိုက်မှာစိုးလို့ ပါရှင့်။ ကျေးဇူးပြုပြီး ဆရာအချိန်ရရင် ဖြေပေးပါအုံးရှင့်။

ကိုယ်ဝန် ၁၅ ပါတ်ဆိုရင် ဒုတိယ ၃ လထဲရောက်နေပြီ။ ရေးပြတဲ့ Fugaka ဆေးက ဆေးနာမည်ရင်း မဟုတ်လို့ ဝက်ဆိုက်မှာ ရှာမရပါ။

Wed, Feb 13, 2013 at 2:46 PM
ဆရာ့ဆိုဒ်တွေက Access has been denied. ဖြစ်နေပါတယ်။ ဘယ်လိုမှဖွင့်လို့မရပါ။

မဟုတ်လောက်ပါ။ အခုမေးတာဖတ်ပြီး ဆရာ့ (ဆိုက်) ကိုပြန်စစ်တယ်။ ဖတ်ပြီးသူ အရေအတွက် ၃၂၅၆၉၈ ကနေ ၃၂၅၈၆၉ အထိတက်နေတာ တွေ့ရတယ်။ ဆိုလိုတာက ဖတ်နေနိုင်ကြတယ်။ ဒီကိန်းဂဏန်းက လွန်ခဲ့တဲ့ မိနစ်ပိုင်းကနေ တက်လာနေတာပါ့။ တခုရှိတယ် (လင့်ခ်) ကိုနှိပ်ရင် I understand and I wish to continue လူကြီးဖတ်မှာမို့ ဝင်ချင်-မဝင်ချင်မေးတာ တခုကကြားခံတယ်။ အဲဒီ အနီရောင် အကွက်ကို နှိပ်မှသာ ဆက်ပေါ်လာမယ်။

Thu, Feb 14, 2013 at 11:32 AM
မိန်းကလေးတယောက်က ပန်းသေပန်းညှိုရောဂါရှိတဲ့ အမျိုးသားတယောက်နဲ့ တနှစ်ခန့် အတူနေဆက်ဆံဖူးပါတယ်။ ထိုအမျိုးသားရဲ့ ရောဂါအခြေအနေတော့ အတိအကျမသိရပါ။ ဆက်ဆံခါနီးတိုင်း ဆေးသောက်မှ အင်္ဂါထောင်မတ်တာဟုသာသိရပါသည်။ အကယ်၍ အဲဒီအမျိုးသမီးက နောက်ထပ် ယောက်ကျားတယောက်နဲ့ ဆက်ဆံမှုလုပ်ရင် ပန်းသေရောဂါက နောက်တယာက်ကို ကူးစက်နိုင်ပါသလားခင်ဗျ။ အဲဒီမိန်းကလေးကို ဆေးစစ် စရာလိုပါသလားခင်ဗျ။

လိုတယ်ဆိုရင်လည်း ဘယ်လို စစ်ရမှာပါလဲဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်။ Impotency or Erectile dysfunction ပန်းညှိုး-ပန်းသေ ဆိုတာ မကူးစက်ပါ။ မိန်းမကြောင့် ယောက်ျားကို ဖြစ်စေတာလဲ မဟုတ်ပါ။ မိန်းကလေးကို ဒီရောဂါအတွက်တော့ ဆေးစစ်စရာမလိုအပ်ပါ။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top