19
Feb

အမေးအဖြေ (၁၂၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သူငယ်ချင်း တယောက်ပါ။ ယောက်ျာလေး။ အသက် ၃ဝ လောက်ရှိတယ်
2. 7-1-13 က ရာသီ လာတာနောက်ဆုံးပါ။
3. COMBINED OC PILL, 28 PILLS အကြောင်း မရှင်းလို့ပါ။
4. မိန်းကလေး တယောက်က ပန်းသေ ပန်းညှိုး ရောဂါရှိတဲ့ အမျိုးသား တယောက်နဲ့
5. သမီး နာမည်က (့) ပါ။ (့) မှာကျောင်းတက်နေတာပါ။
6. သမီး အိမ်ထောင်ကျတာ 1 နှစ်လောက်ရှိပါပြီ။
7. ဆရာ့ဆီကို HIV အတွက် စိုးရိမ်ပြီးမေးဘူးပါတယ်။
8. သမီးအသက်က ၂၇ နှစ်ပါ။ အခုနိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတာပါ။
9. သမီး အသက်က ၃ဝ နှစ်၊ အိမ်ထောင် ရှိပါတယ်။
10. Ecee2 နဲ့ ၃ လခံတားဆေးနဲ့ ဘယ်အရာက ပိုထိရောက်လဲ သိချင်ပါတယ် ဆရာ။
11. ကျန်တော် အခု အသက်၂၂ ရှိနေပြီ။
12. ကျွန်တော့် မိန်းမမှာ အသဲရောင်(စီ) ပိုးရှိပါတယ်။
13. ကျွန်တော့် ကောင်မလေးက 28.1.2013 က ရာသီ လာပါတယ် ဆရာ။
14. ကျွန်တော့ရဲ့ ညီမဝမ်းခွဲမှာ ကိုယ်ဝန် ရနေပြီလို့ ပြောတယ်ဆရာ။
15. ကျနော့် လိင်တံ ကောက်နေလို့ပါ၊

FRI, FEB 15, 2013 AT 11:00 AM
သူငယ်ချင်း တယောက်ပါ။ ယောက်ျာလေး။ အသက် ၃ဝ လောက်ရှိတယ်။ အိမ်ထောင်သယ်။ ကလေး ၆ နှစ် အရွယ်သားလေး ရှိတယ်။ အိမ်ထောင် ကွဲတာ ၅ နှစ်လောက်ရှိပြီ။ အခုလောလော လတ်လတ် အမျိုးသမီးနဲ့  ကွဲနေတာပါ။ အမေရိကမှာ နေပါတယ်။ ပြီးခဲ့တဲ့ မကြာသေးခင်ကမှ ဆီးချိုရောဂါကြောင့် တသက်လုံး ကလေး မရနိုင်တော့အောင် လုပ်လိုက်တယ်ဆိုလို့ အမေရိကက ဆေးရုံမှာဘဲ အဲဒါဖြစ်နိုင်သလား သိချင်ပါတယ် ဆရာ မယုံနိုင်လို့ပါ။ တကယ်လို့ အဲဒီလို ဖြစ်ရင်တောင် ကလေးပြန်ရနိုင်အောင် လုပ်နိုင်ပါသလား ဆရာ။

ဖြစ်နိုင်ပါတယ်။ အများအားဖြင့် LIBIDO လိင်စိတ် နည်းတာဖြစ်တယ်။ INSULIN ထိုးနေရသူတွေမှာ တမျိုးဖြစ်တယ်။ လူတယောက်နဲ့ တယောက် မတူတာလဲရှိတယ်။ ကလေးရဘို့ ဆိုတာ ယောက်ျားရော ဇနီးပါ စစ်ဆေး ကုသဘို့ လိုတယ်။

အချိန်ရမှ ဆီးချို နဲ့ ကလေး မရခြင်း စာတပုဒ် ရေးပါတယ်။

သူက ဆေးရုံမှာ ကလေးမရနိုင် လုပ်ပြီးတာကို ပြန်ရနိုင်အောင် လုပ်နိုင်မလား ဆရာ။

အထူးကုဆေးရုံမှာ အသေအချာ ကြိုးစားတဲ့ ပြန်လည်ခွဲစိတ်ပြုပြင်နည်း ရှိပါတယ်။

VASECTOMY ယောက်ျား သားကြောဖြတ်ခြင်း လုပ်တာသူဆိုရင်
VASECTOMY REVERSAL: SURGERY TO UNDO A VASECTOMY နည်းလုပ်ပါတယ်။

FRI, FEB 15, 2013 AT 12:49 PM
7-1-13 က ရာသီလာတာ နောက်ဆုံးပါ။ ကိုယ်ဝန်စမ်းသပ်တာရှိပါတယ်။ အခုဘယ်ရက်သားရှိနေသလဲဆိုတာ သိခြင်းပါတယ်။ ကိုယ်ဝန် ဘယ်နှစ်လလောက်ဆိုရင် သိသား ထင်ရှားပါ သလဲ။ ကျွန်မနဲ့ သက်ဆိုင်သူက အဝေးကို ခတ္တ ရောက်နေလို့ပါ။ ဧပြီလမှ ပြန်လာမှာဆိုတော့ အခက်တွေ့နေလို့ မမှန်းတတ်လို့ပါ။ ကူညီပါရှင့်။

ကိုယ်ရက်တွက်တာမှာ နောက်ဆုံး ရာသီလာရက်ကိုသာ သိလို့ အဲဒီရက်ကနေ စတွက်ပါတယ်။ ၁၇-၁-၁၃ ကနေစရပါမယ်။ ကနေ့ ၁၅-၂-၁၃ ဖြစ်လို့ တလ လို့ပြောနိုင်တယ်။ ခန့်မှန်းမွေးရက်ဟာ ၂၄-၁ဝ-၁၃ ဖြစ်ပါမယ်။ ရှေ့ ၂ ပါတ် နောက် ၂ ပါတ် ကွာနိုင်တယ်။ ကိုယ်ဝန်ရှိစ လက္ခဏာတွေ ရေးထားတာ ပို့လိုက်ပါတယ်။
PREGNANCY AND MORNING SICKNESS ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

FRI, FEB 15, 2013 AT 9:41 AM
COMBINED OC PILL, 28 PILLS အကြောင်း မရှင်းလို့ပါ။ ဆေးကို ဘယ်ချိန် စသောက်သင့်သလဲ။ ၇ာသီစလာချိန်မှာ မသောက်ပဲ တခြားရက်မှာ စသောက်လို့ ရပါသလား (ရာသီလာပြီ ၁ဝ ရက်လာက်လွန်မှ)။

စသောက်ပြီး ဘယ်ရက်လောက် စဆက်ဆံလို့ ရပါသလဲ။ ဘယ်နရက် စောင့်ရပါမလဲ ။ ၇ ရက်စောင့်ရတယ် ဆိုတာ မှန်ပါသလား။ မ၊ အသက် ၂ဝ ပါ။ တခြားရောဂါ မရှိပါ။ ဘာဆေးမှ မသောက်နေပါ။ တခြား ကာကွယ်နည်း မသုံးထားပါ။

ရာသီ စလာတဲပနေမှာ စသောက်သင့်တယ်။ ဆေးစသောက်ပြီး ၇ ရက်အတွင်းမျာ အကာအကွယ်သုံးပါ။ နောက်ရက်မှာ သောက်လဲ အတူတူပဲ။ ရက်မတူတာ သောက်ရင် ရာသီရက် ပြောင်းသွားမယ်။ ဆေးကဒ်မှာ အရင်သောက်ရတဲ့ ၂၁ လုံး ကုန်တာနဲ့ ၂-၃ ရက်အတွင်း ရာသီဆင်းမယ်။ ၂၈ လုံးကုန်ရင် နောက် တကဒ်ထက်သောက်ပါ။ အဲဒီလမှာ ရှေင်ြစရာ။ အကာကွယ်သုံးစရာ မလိုတော့ပါ။ လိင်က တဆင့် ကူးစက်တာကိုတော့ မကာကွယ်နိုင်ပါ။
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html

THU, FEB 14, 2013 AT 11:32 AM
မိန်းကလေး တယောက်က ပန်းသေ ပန်းညှိုး ရောဂါရှိတဲ့ အမျိုးသား တယောက်နဲ့ တနှစ်ခန့် အတူနေ ဆက်ဆံဖူးပါတယ်။ ထိုအမျိုးသားရဲ့ ရောဂါ အခြေအနေတော့ အတိအကျ မသိရပါ။ ဆက်ဆံခါ နီးတိုင်းဆေးသောက်မှ အင်္ဂါထောင်မတ်တာဟုသာ သိရပါသည်။ အကယ်၍ အဲဒီ အမျိုးသမီးက နောက်ထပ် ယောက်ကျား တယောက်နဲ့ ဆက်ဆံမှုလုပ်ရင် ပန်းသေရောဂါက နောက်တယောက်ကို ကူးစက်နိုင်ပါ သလား ခင်ဗျ။

အဲဒီမိန်းကလေးကို ဆေးစစ် စရာလိုပါသလားခင်ဗျ။ လိုတယ်ဆိုရင်လည်း ဘယ်လို စစ်ရမှာပါလဲဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးစေချင်ပါတယ်။

IMPOTENCY OR ERECTILE DYSFUNCTION ပန်းညှိုး-ပန်းသေ ဆိုတာ မကူးစက်ပါ။ မိန်းမကြောင့် ယောက်ျားကို ဖြစ်စေတာလဲ မဟုတ်ပါ။ မိန်းကလေးကို ဒီရောဂါ အတွက်တော့ ဆေးစစ်စရာမလို အပ်ပါ။

Sat, Feb 16, 2013 at 5:32 AM
သမီး နာမည်က (့) ပါ။ (့) မှာ ကျောင်းတက်နေတာပါ။ အသက်က ၁၉ နှစ်ပါ။ သမီး menstruation နဲ့ ပက်သတ်ပြီး ဆွေးနွေးချင်လို့ပါ။ သမီး ရာသီလာပြီးတဲ့ နောက်ရက်တွေမှာ အဖြူဆင်း သလိုမျိုး အညိုရောင်တွေ ဆင်းနေလို့ပါ ဆရာ။ အနံသက်လည်း မကောင်းဘူး။ အရှေ့လ ရာသီပြီး ကတည်းက ဒီလရာသီပြီးတဲ့ အထိပါဘဲ။ အညိုတွေ ဆင်းနေလို့ပါ ဆရာ။ သူ့ဘာသာသူ ပြီးမယ်ထင်လို့ စောင့်နေတာ မပြီးဘူး။ တခါမှလည်း မဖြစ်ဖူးဘူး သေသေချာချာ ညွှန်ကြားပေးနိုင်မယ့် သူလဲ မရှိလို့ပါ။ ဆေးခန်းလဲ မသွားရဲလို့ပါ ဆရာ။ ပေါင်ချိန်က ၁၁၄ အရပ်က ၅'၄" ပါ။ (အမှားပါရင် ခွင့်လွှတ်ပါ ဆရာ).

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Fri, Feb 15, 2013 at 11:21 PM
သမီး အိမ်ထောင်ကျတာ 1 နှစ်လောက်ရှိပါပြီ။ ရန်ကုန်ကပါ။ အမျိုးသားနဲ့ ဆက်ဆံရာမှာလည်း ရက်လည်းမရှောင်၊ ကွန်ဒုံးလည်း မသုံးဘဲ နေပါတယ်။ ဒါပေမဲ့ အခုထိသမီးတို့မှာ ကလေး မရသေးပါဘူး။ အသက်က 26 နှစ်ရှိပါပြီ။ ဘယ်လိုနည်းနဲ့ ဘယ်မှာ သမီး သွားစစ်လို့ ရနိုင်မလဲ ဆိုတာ သိချင်ပါတယ် ဆရာ။

Links တွေပို့ပါတယ်။ ရှာမရရင်ပြောပါ။ OG ကို အရင်တိုင်ပင်ပါ။ နောင်မှာ မဆိုကောင်း စကားမေးစရာရှင် အချက်အလက် ပြည့်စုံပါစေ။ ကျန်းမာ-ချမ်းသာ၊ သားသမီးရတနာတွေ ထွန်းကာကြပါစေ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ့ http://dts-medicaleducation-adult.blogspot.in/2013/02/blog-post.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html

Fri, Feb 15, 2013 at 10:42 PM
ဆရာ့ ဆီကို HIV အတွက် စိုးရိမ်ပြီး မေးဘူးပါတယ်။ HIV စစ်တာ ၁၂ လပိုင်း ၂၅ ရက်က တစ်ကြိမ် စစ်ပါတယ်။ နောက် ၁ လပိုင်းမှာ ကျောပူလို့ ဆိုပြီး ၂ လပိုင်း၅ ရက်နေ့က တစ်ခါစစ်ပါတယ်။ စစ်ခဲ့တာတွေက HBS-anit + aHCV, syphilis, HIV သုံးမျိုး စစ်ပါတယ်။ ၂ ကြိမ်စလုံး ဘာမှမရှိပါ ဆရာ။ ဒါပေမယ့် သတိထားမိတာ ၂ခုရှိပါတယ်။ လျာမှာဘေးဘယ်ညာ နည်းနည်း အချိုင့် ရာလေးပေါ်ပြီး နည်းနည်း အမည်းရောင်သန်းတဲ့ အရာလေး တွေ့ပါတယ်။ ဆေးရုံက နတ်စ်ကို ပြောပြတော့ ဆားရည်နဲ့ ပလုပ်ကျင်းပါ ကောင်းသွား မယ်လို့ ပြောပါတယ်။ အခုတော့ နည်းနည်း ပြေပြစ်လာသလိုပါပဲ။ နောက်တစ်ချက်က လိင်အင်္ဂါရဲ့ ထိပ်မှာ အရေပြားက သက်ကြီး ရွယ်အိုတွေမှာလို နည်းနည်းတွန့် နေပါတယ်ဆရာ။ အရောင်က နည်းနည်းဖျော့တော့တော့ ဖြစ်နေပါတယ်။ အရင်က စိတ်ဖြေတာ နည်းနည်းများများ လုပ်မိပါတယ်။ မူလအရောင်က ပန်းရောင်ဆိုရင် အခုက နည်းနည်းညိုပြီး (အင်္ဂါခေါင်းရဲ့ အောက်ဘက်က ညိုဖျော့ဖျော့ ဖြစ်နေပါတယ်။ အပေါ်ဘက်က နည်းနည်း ပန်းရောင် သန်းပါတယ်။)။ ဘာကြောင့် အဲ့လိုဖြစ်တာပါလဲဆရာ။ နာကျင်တာ ဘာမှမရှိပါ။ ကျောပူတာတွေလည်း သိပ်မရှိတော့ပါ။ မပူသလောက်ပါ။ အဖုတွေလည်း မထွက်တော့ပါ။ လိင်အင်္ဂါအကြောင်း ရောဂါများ ဆရာရေးထားတာတွေထဲမှာလည်း ဖတ်ကြည့်ပါတယ်။ ကျွန်တော့်လိုမျိုး မတွေ့မိပါ။ ပုလဲကုံးလိုလည်း မဖြစ်ပါ။

အင်္ဂါထိပ် အရေပြားက အသက်ကြီးတဲ့ သူမှာလို နည်းနည်း တွန့်နေတာပြီး အရောင်လေး နည်းနည်း ဖွယ်တယ်တယ် ဖြစ်နေတာပါ။ ကျွန်တော့် အသက်က ၂၉-၃၀ ၀န်းကျင်ပါ နောက်လျှာမှာ ဘေးဘယ်ညာမှာ နည်းနည်း အချိုင့်လေးဖြစ်ပြီး အမည်းရာလေးက ဘာလို့ ပေါ်ပါသလဲ ဆရာ။ HIV လည်းမရှိတော့ စိတ်ချမ်းသာနေပါတယ်။ မရိုမသေ ဆရာ့ကို တိတိကျကျပြချင်လို့ ဓါတ်ပုံလေးတွေပါ ထည့်ပေး လိုက်ပါတယ်။ ကန်တော့ပါရဲ့ ဆရာ။

စိုးရိမ်စရာမရှိပါ။ လျှာအတွက် စိတ်ဖိအား မများစေပါနဲ့။ ဗီတာမင် စီ ၅ဝဝ အား တနေ့ ၂ ကြိမ် + ပါရာစီတမော တနေ့ ၂ ကြိမ်သောက်ပါ။ ဝမ်းမှန်ပါစေ။ အစားအသောက်မှန်ပါစေ။ လိင်အင်္ဂါအတွက် စောင့်ကြည့်ပါ။ ထူးခြာရင် ဆရာဝန်ပြပါ။

Sat, Feb 16, 2013 at 7:18 PM
သမီးအသက်က ၂၇ နှစ်ပါ။ အခုနိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတာပါ။ သမီး ချစ်သူနဲ့ ဒီရောက်မှာ ပထမဆုံး တူတူနေဖြစ်တာပါ။ သမီးတို့ ဆက်ဆံတဲ့ အခါမှာ ကွန်ဒုံးသုံးပါတယ်။ ဒါပေမယ့် နှစ်ကြိမ် သုံးကြိမ်လောက်ကို သူရဲ့ စိတ်ကျေနပ်အောင် အထဲကို ထည့်ထားပြီး သုတ်ရည်ကို အပြင်မှာ ထုတ်ပါတယ်။ ဒါပေမယ့် သမီးရဲ့ ပြဿနာက မရိုမသေ ဆရာရယ် အရင်က သမီးရဲ့အင်္ဂါကို ဆေးတိုင်းသမီးက အတွင်းထိ သေချာနှိုက် ဆေးတတ် ပါတယ်။ အရင်တုန်းကဆိုရင် အတွင်းမှာ ဘာမှမရှိဘဲ တစ်ပတ်နှစ်ပတ် အတွင်းမှာမှ အဖုလေးတွေ ညာဘက်မှာ သတိထားမိပါတယ်။ အထူးသဖြင့် သားအိမ်ခေါင်း တစ်ဝိုက်မှာပါ  အရည်ပေါက်သွား မလားဆိုပြီ လက်နဲ့ ဝက်ခြံပေါက်သလို ဖောက်မိပါတယ်။ ဒါပေမယ့် မပျောက်သွားပါဘူး။ သမီးလည်း ဘယ်ဘက်ပိုင်းကို စမ်းကြည့်တာ ဘာမှမဖြစ်ဘဲ ညာဘက်ပိုင်းမှာမှ ထူးထူးခြားခြား သတိထား မိပါတယ်။ ပထမ တစ်ပတ်တုန်းကတော့ ဖာသိဖာသာပဲနေခဲ့ပါတယ်။ ခုမှ အဖုလေးတွေက ပိုများလာသလားလို့ပါ။ အများကြီး ဗျုတ်ထတာမျိုးမဟုတ်ဘဲ အသားပိုလို အတွဲလေး သုံးလေးလုံး တွဲပြီးစုနေသလို ခံစားရပါတယ်။ သမီး အခုဆို အရမ်းကို ကြောက်နေပါတယ်။ သူများနိုင်ငံမှာ ဆေးခန်းသွားပြဖို့ဆိုတာရယ် မိန်းကလေးကိစ္စ ဖြစ်နေတာရယ်က မစားနိုင်မသောက်နိုင်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင်သမီးကို နည်းလမ်းလေး အများဆုံး ပေးစေချင်ပါတယ် တစ်ခုခု ဖြစ်သွားမှာလည်း အရမ်းကြောက်မိသလို HIV ဆိုတာမျိုး ကင်ဆာလိုမျိုး တအား ကြောက်နေပါတယ်။ သမီးမှာ အရမ်းကိုဗဟုသုတ နည်းနေပါတယ်။ အလုပ်နဲ့အိမ် ဖြစ်နေတဲ့ အပြင်ကို ခု သမီး လိင်ဆက်ဆံမိလို့ ဆိုတဲ့ အတွေးတွေနဲ့ တအားကိုကြောက်နေပါတယ်။ ရာသီလာတာကတော့ ၂ လာနေမှလာတဲ့ သူမျိုးပါ။ အပျိုဖော် ဝင်ကတည်းကပါ။ ဒီလာကိုလည်း ပုံမှန် လာထားပါတယ်။ ရှောင်ရန်ဆောင်ရန်လေးတွေ ပြောပေးပါ ဆရာ။ အခုဆိုသမီး အတွင်းခံတွေ ကြောင့်များလားဆိုတဲ့အတွေးနဲ့ အတွင်းခံကိုတောင်ခြောက်သွားရင် မီးပူသေချာထပ်တိုက်ပြီးမှ ဝတ်ရဲပါတော့တယ်ဆရာ။ သမီးအဓိက စိုးရိမ်နေတာက အဲဒီ အဖုတွေက မပျောက်သွားဘဲနဲ့ ထပ်ထပ်တိုးလာမှာ စိုးတာပါ။ သူက ညာဘက်ပိုင်း အတွင်းဆုံး သားအိမ်အနားမှာ အဲလိုလေးတွေ တွေ့ရတဲ့အပြင် သမီးရဲ့မိန်းမအင်္ဂါ အပြင်ဘက်မှာလည်း လက်နဲ့ စမ်းလိုက်ရင် ဗြုတ်ကလေးတွေလို ဖြစ်နေတယ်ဆရာ။ သမီးကိုအမြန်ဆုံးဖြေကြားပေးပါဆရာ။

အမျိုးသမီး ဗဂျိုင်းနားအတွင်းမှာ ကိုယ့်ဖါသာစမ်းရင် (ဆရာဝန် မဟုတ်ရင်) ရောဂါကို သိမယ် မဟုတ်ပါ။ ဗဂျိုင်းနား ထဲမှာ ဖြစ်တတ်တဲ့ ရောဂါမျိုးကလဲ မေးတဲ့သူ ပြောသလိုမျိုး မဟုတ်လောက်ပါ။ သားအိမ်ဝ အထိ လက်နဲ့ စမ်းနိုင်တယ် ဆိုတာလဲ စဉ်းစားစရာ တခုပါ။ အသီးငယ်လေးတွေ ဆိုတာ ဆန်းနေပါတယ်။ ဗဂျိုင်းနားရဲ့ တည်ဆောက်ထားပုံကိုက ကန့်လန်း စင်းလေးတွေ ပုံမှန်ရှိပါတယ် ခပ်ကြမ်းကြမ်းလေး နေတယ်။ သားအိမ်ဝ  ရောက်ရင် ချောမွေ့နေတယ်။

ဗဂျိုင်းနားမှာ အနာ၊ အသီးလို မဖြစ်တတ်ပါ။ ဖြစ်အုံးတော့ ဒီအရွယ်မှာ မဖြစ်တတ်ပါ။ အသီးပိုဖြစ်ရင် တခြား လက္ခဏာတွေလဲ ရှိမယ်။ အဖြူဆင်းတာ၊ သွေးယိုတာ၊ အနံ့အသက် ထွက်တာတွေ ဖြစ်တတ်တယ်။

လိင်ဆက်ဆံမှုလဲ ရှိတာမို့ STDs လိင်က တဆင့် ကူးစက်ရောဂါကိုလဲ မေ့ထားလို့မရပါ။ (ကွန်ဒွမ်) သုံးတာမို့ သိပ်စိုးရိမ်စရာတော့ မရှိပါ။ ကင်ဆာကလဲ ဒီလိုသဘော မဟုတ်ပါ။ HIV အပါအဝင် မျိုးပွါးခြင်းဆိုင်တဲ့ ကျန်းမာရေး သုတတွေ သိချင်ရင် ဆရာ့ (ဆိုက်) တွေမှာ ရှာဖတ်နိုင်ပါတယ်။

Sat, Feb 16, 2013 at 9:17 PM
သမီး အသက်က ၃ဝ နှစ်၊ အိမ်ထောင် ရှိပါတယ်။ လက်ထပ်ထားတာ ၂ နှစ်လောက်ရှိပါပြီ။ အခုနေတာက (့) မှာပါ။ ဖြစ်တဲ့ ရောဂါကတော့ သမီးက ငယ်ငယ်ကထဲက ရာသီလာရင် ဆီးစပ်နားက အမြဲအောင့်ကာ နာတတ်ပြီးတော့ ခါး အရမ်း ကိုက်တတ်ပါတယ်။ ပုံမှန်ကတော့ အောင်နေရင် အကိုက်အခဲ ပျောက်ဆေးသောက်။ ဆေးလိမ်းရင် သက်သာပါတယ်။ အလုပ်လဲ လုပ်နိုင်ပါတယ်။ ရာသီလာရင်လဲ ရက်မမှန် တတ်ပါဘူး။

ပြီးခဲ့တဲ့လ လာတဲ့ ရက်ထက်ကို အမြဲ ၁ ပတ်စောနေတတ်ပါတယ်။ ၅ ရက်လာပြီးတော့ ပထမနဲ့ ဒုတိယနေ့တွေမှာ အရမ်းများပါတယ်။ ဒါပင်မဲ့ အလုပ်ထဲမှာ NOV 2012 လောက်က ရာသီလာတော့ အရမ်းကြီး မခံမရပ်နိုင်အောင် အောင့်ကာနာတယ် ပြီးတော့ တကိုယ်လုံး ချွေးတွေထွက်ပြီးတော့ အေးစက်သွားပါတယ်။ (အဲ့လိုမျိုး ၅ ခါလောက် ဖြစ်ဖူးပါတယ်။ ၂ ခါက အသက် ၁၆/ ၁ရ နှစ်လောက်ကပါ။ ကျန်တဲ့ ၃ ခါက ဒီရောက်ပြီးတော့မှ ဖြစ်တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ပါရှင့်။

အဲ့ဒါနဲ့ ဒီမှာ ရှိတဲ့ အမျိုးသမီး ဆေးရုံမှာ သွားပြတော့ ဆေး ၁ လုံး ထိုးပေးတယ်။ သောက်ဆေးက (PONTALON_Mefenamic Acid-250mg & Suntacid(SUNWARD SW) Aluminium Hydroxide 250mg, Magnesium Trisilicate 250mg, Simethicone 30mg SIN7066P HK-43416) ဆေး၂ မျိုး ကို ၂ ပတ်စာ ပေးပြီးတော့ 13.2.13 မှာ Ultrasound ရိုက်ပါဆိုပြီးတော့ appointment ပေးပါတယ်။

ပြီးခဲ့တဲ့ အပတ် 13.2.13 မှာ Ultrasound ရိုက်ပြီး အဖြေရတော့ ဒီက ဆရာဝန်က သွေးထပ်စစ်ခိုင်းပြီးတော့ 13.3.13 မှာ ထပ်ပြီးတော့ Ultrasound ရိုက်ပါ။ ထပ်စစ်ချင်တယ်လို့ ပြောပါတယ်။ Ultrasound အဖြေကို attached file တွဲထားပါတယ် ဆရာ။ အဲ့နေ့က ဆရာဝန်က ပြောပါတယ်၊ ထပ်စစ်ပြီးလို့ လိုအပ်ရင် ခွဲစိတ်ရမယ်လို့ ပြောတယ်။ သူပြောတာက ovary မှာ အသားပိုလိုလို ရေအိတ်လိုလိုကြောင့် ညာဘက်ခြမ်း ovary က size နဲနဲ ကြီးနေတယ်လို့ ပြောပါတယ်။ ဘယ်ဘက်ကတော့ ပုံမှန်လို့ပြောပါတယ်။ သွေးစစ်ချက်ကတော့ မရသေးပါဘူးရှင့်။ သမီး သိချင်တာက အဲ့လိုရောဂါမျိုးက 1) မခွဲစိတ်ရင်ကော ရပါသလားရှင့်?
အခြားသောက်ဆေးနဲ့ကော ပျောက်နိုင် ပါသလားရှင့်။
2) ဘာကြောင့် အဲလိုမျိုး ကြီးလာရတာပါလဲ။
3) ဘယ်လို အစားသောက်မျိုးကို စားသင့်ပါသလဲ? ရှောင်ကျဉ်ရမဲ့ အစားအစာတွေလဲ သိပါရစေ။
4) အိမ်ထောင်ကျပြီး ကထဲကလဲ ဘာတားဆေး မှလဲ မစား မလုပ်ပါဘူး။ ဘာလို့ ကလေး မရနိုင်သေးတာပါလဲရှင့်။

ဆေးစစ်ချက် ထပ်လုပ်မယ်ဆိုတာ ကောင်းပါတယ်။ ဒါကြောင့် အခုနေမှာ ရောဂါအမည်၊ ကုထုံး၊ ဘယ်လိုနေထိုင်- စားသောက်ဆိုတာ ပြောရင် မပြည့်စုံဖြစ်ပါမယ်။ ပို့လိုက်တာတွေ အရတော ခွဲစိတ်တာ ကောင်းမယ့်သဘော ဖြစ်နေပါတယ်။ ကလေးမရတာလဲ ဒါနဲ့ ဆိုင်ဘို့များတယ်။ မျိုးဥမထွက်ဘဲ နေနိုင်လို့ ကိုယ်ဝန် မရတာဖြစ်မယ်။ ရာသီ လာချိန် ခံစားရတာတွေ၊ ရာသီ မမှန်တာတွေကလဲ မျိုးဥအိမ်ရောဂါနဲ့ ဆိုင်တယ်။

ဒုတိယ ဆေးစစ်ချက် ထွက်လာလို့ သိချင်သေးရင် ထပ်မေးနိုင်ပါတယ်။ ကင်ဆာ မဟုတ်တာ သေချာချင်လို့ ထပ်စစ်တာဖြစ်နိုင်တယ်။

Sun, Feb 17, 2013 at 8:07 AM
Ecee2 နဲ့ ၃ လခံတားဆေးနဲ့ ဘယ်အရာက ပိုထိရောက်လဲ သိချင်ပါတယ် ဆရာ။

ဆေးတွေက တမျိုးစီဖြစ်ပါတယ်။ ဆေးသုံးရတဲ့ ရည်ရွယ်ချက်တွေကလဲ မတူပါ။
တခုချင်း သိချင်ရင် http://dts-medicaleducation-adult.blogspot.in/ မှာရှာဖတ်နိုင်ပါတယ်။

Sun, Feb 17, 2013 at 9:33 AM
ကျန်တော် အခု အသက်၂၂ ရှိနေပြီ။ တစ်ကိုယ်တည်း အာသာဖြေလို့လား မသိဘူး အကြိမ်လည်း များတယ်၊ ခုဆို နောက်ပိုင်း လိင်တံက အရင်ကလို မသန်မာတော့ဘူး။ သုတ်ရည်လည်း အရမ်းကျဲသွားတယ်။ အဲတာတွေ ပြန်ကောင်းချင်ပါတယ်။ နဂို မူလတိုင်း ဖြစ်ချင်တယ်။ နည်းလမ်း စည်းကမ်းလေးရှိရင် ကူညီပါဆရာ။

တကိုယ်ရေ အာသာဖြေတာက ဆိုးကျိုးဆိုတာ တခဏသာဖြစ်တယ်။ ရေရှည် လိင်အရေးအတွက် လုံးဝ မစိုးရိမ်ရပါ။
သုတ်ရည်ကို စစ်ဆေးမှသာ အရေအတွက် + အရည်အသွေး ကောင်း - မကောင်း သိပါတယ်။ ကြိုတင် ကြောင့်ကျနေတာ မသင့်ပါ။ သိလိုတာရှိရင် http://dts-medicaleducation-adult.blogspot.in/ ထဲမှာ ရှာဖတ်နိုင်ပါတယ်။

Sun, Feb 17, 2013 at 2:09 PM
ကျွန်တော့် မိန်းမမှာ အသဲရောင်(စီ) ပိုးရှိပါတယ်။ ကျွန်တော့်မှာတော့ မရှိပါဘူး။ အခုကတော့ (့) မှာနေပါတယ်။ ဒီမှာနေတာ ၄ နှစ် ၅ နှစ်လောက် ရှိပါပြီ။ မိန်းမက ရန်ကုန်မှာတုန်းကတော့ (့) နဲ့ပြပါတယ်။

လူကတော့ medical checkup လုပ်တာ အကုန်တော့ ကောင်းတယ်။ ဒီရောက်ပြီး မိန်းမက ၃ နှစ်လောက် medical checkup မလုပ်ဖြစ်ဘူး။ genotype တော့ မစစ်ရသေးဘူး။ ဘယ်လို check up နဲ့ treatment လုပ်ရမယ် ဆရာကို အကြံတောင်တာပါ။ medical result list ကို attachment တွဲထားပါတယ် ကျေးဇူးပြုပြီး check လုပ်ပေးပါ။
TEST_Result.xls TEST_Result.xls

ဆေးစစ်တာ အကုန်ကောင်းတာက ဘယ်သူပါလဲ။ ပို့တဲ့ဆေးစာမှာတော့ အပေါင်းပြနေပါတယ်။
Anti-HCV = REACTIVE
HCV.RNA (viral load) = POSITIVE
ရေးထားတာတွေ ပို့ပါတယ်။
• Hepatitis C (1) (စီ) ပိုး http://dts-medicaleducation.blogspot.com/2011/11/hepatitis-c.html
• Hepatitis C (2) (စီ) ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html
• Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) http://dts-medicaleducation.blogspot.in/2012/02/hepatitis-c-2.html
• Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ http://dts-medicaleducation.blogspot.com/2012/01/hep-c-vaccine.html

Sun, Feb 17, 2013 at 8:52 PM
ကျွန်တော့် ကောင်မလေးက 28.1.2013 က ရာသီ လာပါတယ် ဆရာ။ 9.2.2013 မှာ ခဏလေးဘဲ ဆက်ဆံမိပါတယ်။ သုက်ရေလည်း သေချာအောင်တော့ အပြင်ထုတ်ခဲ့ပါတယ်။ အခု သိချင်တာက ကိုယ်ဝန်ရှိနေရင် အဖြူဆင်းပါသေးလား ဆရာ။ သူကပြောပါတယ်။ အဖြူကတော့ ရာသီမလာခင် အရင်လတွေ အတိုင်း နည်းနည်း ဆင်းပါတယ်။ ပြီးတော့ ရာသီမလာခင် ဖြစ်နေကျ အတိုင်း ရင်သားတွေ ဒီရက်အတွင်းမှာ ရင်သားတွေ နာတယ်ဆိုလို့ပါ ဆရာ။ ဆီးတော့ မစစ်ရသေးပါဘူး။ အဲ့ဒါလေး သိချင်လို့ပါ။ ဆီးလည်း မစစ်ရဲလို့ပါ။

ရက်အရတော့ ကိုယ်ဝန်ရနိုင်တယ်။ အဖြူဆင်းတာက ကိုယ်ဝန်ကြောင့်လို့တော့ မပြောနိုင်ပါ။ မိန်းကလေးတိုင်း အဖြူလိုဆင်းတာ ရာသီရက်နဲ့ဆက်ဖြစ်တာရှိတယ်။ ရင်သားတင်းတာလဲ ရာသီလာရက်မှာဖြစ်တယ်။

ဆီးစစ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ကြောက်စရာ မဟုတ်ပါ။ မလိုချင်တာဖြစ်နေရင်စောစောသိတော့ ပိုလွယ်ပါမယ်။

Mon, Feb 18, 2013 at 5:39 PM
ကျွန်တော့ရဲ့ ညီမဝမ်းခွဲမှာ ကိုယ်ဝန်ရနေပြီလို့ ပြောတယ်ဆရာ။ မာရီစတုပ်(စ်)ကပေါ့။ ဒါပေမယ့် သူ့ကိုယ်ဝန်က ကွမ်းသီးလုံးလောက်ပဲ ရှိသေးတယ်လို့ ပြောတယ်။ သူက အခု လောလောဆယ်မှာ ကျောင်းတတ် နေတုန်းဆိုတော့ မလိုချင်သေးဘူး ပြောတယ်ဆရာ။ ဘယ်လို နည်းလမ်း သုံးသင့် သလဲဆိုတာ တစ်ချက်လောက် ပြောပြပေးပါနော်။ သူဆုံးဖြတ်ထားတာကတော့ အခုရှိနေတဲ့ ကိုယ်ဝန်ကို ဖျက်ချချင်တယ်လို့  ပြောတယ်။

ဆောရီး။ ဆရာ့အနေနဲ့ တမင် ကိုယ်ဝန်ဖျက်မှာ အတွက် အကူအညီ မပေးနိုင်ပါ။ ကျန်းမာ-ချမ်းသာကြပါစေ။

Mon, Feb 18, 2013 at 6:08 PM
ကျနော့်လိင်တံ ကောက်နေလို့ပါ၊ ကျနော့် အမျိုးသမီးနဲ့နေရင်လဲ သိပ်အဆင်မပြေလို့ပါ၊ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆရာ၊ အကြံ အညာဏ်လေးပေပါအုံး ဆရာ၊ ကျနော် လိင်တန်ကောက်နေလို့ ခလေး မရတာကော ဖြစ်နိုင်လား။ အိမ်ထောင်ကျတာလဲ 3 နှစ်ထဲမှာရှိပါပြီ။ ကလေး ယူတာတော့ 1 နှစ်ခွဲကျော်ပြီဆရာ။ ကျနော့် လိင်တံကောက်နေတဲ့ ပုံကို ငှက်ပျောသီပုံနဲ့ ရှင်ပြီးပြလိုက်ပါတယ်။ ရိုင်းတယ်လို့တော့ မထင်ပါနဲ့ ဆရာ။ ကျနော်လဲ ဘယ်လိုပြရမလဲ မသိလို့ပါ။ လိင်တံ မာလာတဲ့ အချိန် ပုံထဲက အတိုင်းဖြစ်နေပါတယ် ဆရာ။

Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top