1. ဆရာရဲ့ ကျန်းမာရေး စာစုတွေကို ဖတ်ရပါတယ်။
2. အသက်က 21 ပါ။ ကိုယ်ဝန် တစ်ခါ ဖျက်ချ ဖူးပါတယ်။
3. သမီးအသက်က ၂၇ နှစ်ပါ အခုနိုင်ငံခြားမှာ အလုပ်လုပ် ကိုင်နေတာပါ။
4. သမီး အများကြီးပျော်ရွှင် မိပါတယ်။
5. မိတ်ဆွေ တယောက်ပါ အသက် ၄၃ ရှိပြီ။ အမျိုးသမီးပါ။
6. I am your medical writing reader from Myanmar.
7. သမီးအသက်က (၂၈)နှစ်ပါ။
8. ကျွန်တော့် အသက်က ၂၅ နှစ်ပါ။ ကျွန်တော့် HIV ရောဂါနဲ့ ပတ်သတ်ပြီး သိချင်လို့ပါ။
9. ဆက်ဆံပြီးတာ 10 ရက်လောက်ဘဲကြာသေးတော့ ဆီးစစ်လို့ရနိုင်ပါလား ခင်ဗျာ။
10. လွန်ခဲ့တဲ့ရက်က ကျွန်တော့် ကောင်မလေး ဆေးပြန်စစ်သင့်တဲ့ အချိန်
11. သမီးက အိမ်ထောင်ရှိ ပါတယ်။ အိမ်ထောင်ကျပြီးပြီးချင်း
12. ကျွန်မက အိမ်ထောင်ရှင် တစ်ယောက်ပါ။
13. ဒါဆိုရင် ကျွန်မအခု ကလေးမလိုချင်သေးပါဘူး။
14. သမီး အသက်က (၂၈)နှစ်ပါ။ ၆ နှစ်အရွယ် သမီး တယောက်ရှိပါတယ်။
15. ဘယ်ရက်နဲ့ ဘယ်ရက်တွေ ကြားမှာဆို ကိုယ်ဝန် မရနိုင်ပါသလဲ။
Mon, Feb 18, 2013 at 4:59 PM
ဆရာရဲ့ ကျန်းမာရေး စာစုတွေကို ဖတ်ရပါတယ်။ အဲဒါကြောင့်လည်း ဆရာကို အားကိုး တကြီးနဲ့ အကြံဥာဏ်တောင်းလိုက် ပါတယ်။ အသက်က ၂၆ နှစ်ထဲမှာပါ။ ဒါပေမယ့် လိင်အင်္ဂါက အရမ်း သေးနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်အား ငယ်ဝမ်းနည်းနေရ ပါတယ်။ ဘယ်သူကိုမှလည်း မပြောရဲပဲ တစ်ယောက်တည်းပဲ ကြိတ်မှိတ်နေရ ပါတယ်။ ခေတ်ပေါ်ဘောင်းဘီ အကျပ်တွေ ဝတ်ချင်ပေမယ့် သူများတွေ သိမှာစိုးလို့ မဝတ်ရပါဘူး။ သိတဲ့လူတွေရှေ့ရောက်ရင်လည်း မလုံ မလဲဖြစ်ရ ပါတယ်။ တခါတလေ လူဘဝမှာတောင် မနေချင်တော့ လောက်အောင် စိတ်ဓါတ်တွေ ကျနေပါတယ်။ ကူညီပါဦး ဆရာ။ လိင်အင်္ဂါ ကြီးအောင် ဘယ်လို လုပ်ရမလဲ။ ထင်တာ ငယ်ငယ်က တည်းက သေးတယ် ထင်ပါတယ်။ တိုလည်းတိုတယ်။ သာမာန်ဆို ၁ လက်မကျော် လောက်ပဲရှိတယ်။ မာလာမှ ၃ လက်မလောက်။ သူများတကာ ပုံမှန်လောက်ရှိတဲ့ အရှည် ဘယ်လို လုပ်ရမလဲ။ မိန်းမတောင် ယူလို့ရပါ့ မလား။ ရည်းစားတောင် မထားရဲပါဘူး ဆရာ။ မတော်တဆ ခိုးမိရင်တောင် ကိုယ့်အရှက် ကိုယ်ခွဲသလို ဖြစ်မှာစိုးလို့။ ဆရာရဲ့မေတ္တာနဲ့ အကြံပေး လမ်းညွှန်မှု့ကို ရပါ ရစေ။ ဘေး ကင်းပြီး ငွေအရမ်း မကုန်တဲ့ နည်းလမ်းတွေပြပေးပါ။ ဆရာ့ကို အမြဲကျေးဇူး တင်နေမှာပါ။ ပြီးဆရာ့ရဲ့ Penis enlargement 1 မှာရေနွေးနဲ့ ချိုးပေးပါ၊ စိမ်ပေးပါ ဆိုတာဘာကိုလဲ တစ်ကိုယ်လုံးကိုလား လိင်အင်္ဂါကိုလား ရှင်းပြပေးပါ။ ဆီကလည်း နှမ်းဆီ စစ်စစ်လား၊ ဒါမှမဟုတ် ပာင်းချက်ရင်သုံးတဲ့ ပဲဆီ နှမ်းဆီလား၊ သေသေ ချာချာလေး ရှင်းပြပေးပါ။
ဆရာရေးထားတွေ ဖတ်ပြီးပြီ ထင်ပါတယ်။ မဖတ်ရသေးရင် ဖတ်ပါ။ အပြစ်ကင်းတာကိုသာ လိုက်နာပါ။ ဆေးထိုးနည်း လုံးဝ မသုံးပါနဲ့။ ငယ်တုံးက လက်ဆော့ပြီးဆေးထိုးရာက မဖြစ်သင့် တာတွေဖြစ်လို့ ခွဲစိတ်ပြုပြင်တော့လဲ အဆင်မပြေလို့ မေးလာသူတွေ ရှိတယ်။ ကိုယ့်စိတ် ကိုပြုပြင်ပါ။ အားငယ်စိတ်ကို ဖျောက်ပြစ်ပါ။ သစ်ပင်တွေ ကိုတောင်မှ စိတ်ကနေ စေစားရင် ခိုင်းသလိုဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုလဲ အဲလို သဘောထားပြီး ကြိုးစားပါ။ စိတ်ခွန်အားကောင်းရင် ရနိုင်တယ်။
Mon, Feb 18, 2013 at 8:07 PM
အသက်က 21 ပါ။ ကိုယ်ဝန် တစ်ခါ ဖျက်ချဖူးပါတယ်။ သားအိမ်ထဲကို ဆေးထည့်တာတို့ ဘာတို့ ကိုယ့်ဟာကိုယ် လုပ်ခဲ့ပါတယ်။ နောက်မှ သွေးကလည်း နည်းနည်းပဲ ဆင်းတော့မှ ကြောက်ပြီး ဆေးခန်းပဲ သွားခဲ့ပါတယ်။ ဆေးသုံးလုံး တိုက်တယ်။ အကုန် ဆင်းပါတယ်။ ဗိုက်လည်း အရမ်းအောင့်တယ်။ တော်တော် ခံရခက်တယ်။ အဲဒီ ကတည်းက ကိုယ်ဝန်ဖျက်ချရတာကို ကြောက်သွားတယ်။ ချိန်းတဲ့ရက်ကို သွားပြပါတယ်။ သားအိမ်ကို စစ်ဆေးတယ်။ သားအိမ် နည်းနည်းယောင်နေတယ်တဲ့။ သောက်ဆေး ရေးပေးလိုက်တယ်။ သားအိမ် တစ်ခုခုဖြစ်မှာ ကြောက်တယ်။ နောက်တော့ ၂၈ လုံးပါ တားဆေးပဲ ဆက်စားပါတယ်။ ဒါပေမယ့် ဆေးသောက် ရတာက မေ့တတ်တော့ ဆေးထိုးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ၃ လခံဆေး ထိုးလိုက်ပါတယ်။ ရင်ဘတ်နဲ့ လက်မှာ အဖြူကွက်လိုလိုလေးတွေ ထွက်လာလို့ မတည့်ဘူး ထင်လို့ ဖြေဆေးထိုးလို့ ရလားလို့မေးတော့ ထိုးလို့ ရတယ်ပြောလို့ ရာသီပေါ်ဆေး ၂ လုံး ထိုးခဲ့ပါတယ်။ တစ်ပတ်လောက်ကြာတော့ သွေးနည်းနည်း ဆင်းပါတယ်။ တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ ဆင်းတယ်။
တစ်ပတ်လောက်ကြာတယ်။ ထပ်သွားပါတယ်။ ၂ လုံး ထပ်ထိုးပေးပါတယ်။ ၂ ရက်လောက်ကြာတော့ သွေးခဲကော အသားစလိုလိုတွေပါ ဆင်းတယ်။ ဗိုက်လည်း အရမ်း အောင့်တယ်။ ပုံစံက ကိုယ်ဝန်ပျက် သလိုပဲ။ ဖြစ်ဖူးထားတော့လည်း အရမ်းကြောက်မိတယ်။ ကိုယ်ဝန် ပျက်ရအောင်ကလည်း ၃ လခံဆေးထိုးထားတာဆိုတော့ ကိုယ်ဝန်လည်းမဟုတ်လာက်ဘူးလေ။ သားအိမ်များ တစ်ခုခု ဖြစ်သွားလားဆိုပီး အရမ်းကြောက်မိတယ်။ ဆရာမကတော့ မစိုးရိမ်ပါနဲ့တဲ့ သားအိမ်နံရံတွေ ကြွေကျတာတဲ့။ သမီးကတော့ ကြောက်လွန်းလို့ အာထရာဆောင်း သွားရိုက်လိုက်တယ် ဆရာရယ်။ OG နဲ့လည်း ပြလိုက်တယ်။ ဆရာက ပြောတယ် ကိုယ်ဝန်ပျက်ကျတာတွေ ဘာတွေဖြစ်နေဦးမယ်တဲ့။ ၃ လခံဆေးထိုးလည်း မဆိုင်ဘူးတဲ့။ ဖြစ်တတ်တယ်တဲ့။ အာထရာဆောင်း ရိုက်ကြည့်တော့ သားအိမ်ကလည်း ပုံမှန်ပဲတဲ့။ ကိုယ်ဝန်ပျက်ကျတယ် ဆိုရင်လည်း အထဲမှာ ဘာမှ မကျန်တော့ ပါဘူးတဲ့။ အဲကျမှပဲ စိတ်အေးသွားတော့တယ်။
ဒါပေမယ့် သွေးကတော့ နည်းနည်းချင်း ဆင်းနေတုန်းပဲ။ ရက် ၂ဝ လောက်ကြာတယ်။ တော်တော်ကို နည်းနည်းလေးပါပဲ။ ဆရာက သွေးဆင်း ရပ်တဲ့ဆေးပေးပါတယ်။ ပေးပြီး တစ်ရက်လောက်ပဲ ရှိသေးတယ် ရပ်သွား ပါတယ်။ ၃ လခံဆေးကို အဲလိုဖြေဆေး ထိုးလိုက်တော့ ၃လခံဆေးရဲ့ အာနိသင် ကုန်သွားပါသလား။ ထိုးပေးတဲ့ ဆရာမကပြောတော့ အာနိသင် ကုန်သွားမှာတဲ့။ OG ကပြောတော့ မကုန်ဘူးတဲ့။ ၃လ ပြည့်ပြီး သွားရင်ကော အရင်လို ပုံမှန် ရာသီပြန်ပေါ်မှာလား ဆရာ။ သမီး အခု ဆေးလည်း မစားဘူး ဆေးလည်း ထပ်မထိုးတော့ဘူး။ ကလေး ယူတော့မယ်။ OG ကတော့ အသက်ငယ်သေးတယ် မယူနဲ့ ဦးတဲ့။ သမီး သူ့ကို ကလေး ယူမယ်လို့တော့ မပြောမိပါဘူး။ သူ့ဟာသူ အသက်ငယ်သေးတယ် မယူနဲ့ဦးလို့ပြောတာ။ အသက် ၂၁ နှစ်က ငယ်တော့ မငယ်ပါဘူး။ ကလေးယူရင် အဆင်ပြေလောက်ပါတယ်နော်။ အမျိုးသားက သမီးထက် ၁ဝ နှစ်လောက် ကြီးတယ်။ အဲဒါကြောင့် အခု အချိန်ကတည်းက ယူချင်တာပါ။ ကလေးကော ရနိုင်ပါဦးမလား။ တားဆေးတွေကော ဖြေဆေးတွေကော စုံထားတော့ မရမှာစိုးတယ်။ ပြီးတော့ ၃ လခံဆေးက တော်တော်ကြာ တာတောင် ကလေး မရနိုင်သေးဘူးတဲ့။ သားအိမ် အားဆေးဆိုတာကော စားဖို့လိုလား ဆရာ။ ကလေးယူတော့ မယ်ဆိုရင် ဘာဆေးတွေ ကြိုစားရမလဲရှင့်။
၃ လခံထိုးဆေးရဲ့အစွမ်းက ၃ လ အထိနေပါမယ်။ ဖြေဆေးဆိုတာ မရှိပါ။ ၃ လခံ ထိုးဆေး ထိုးထားရင် ရာသီအပေါ် သက်ရောက်တာ တယောက်နဲ့တယောက် မတူကြပါ။ ရာသီနည်းသူ ကများတယ်။ တချို့ မလာပဲလဲနေတယ်။ စာထဲမှာ ဆေးထိုးတဲ့ရက် မတွေ့ပါ။ အာလ်ထွာဆောင်းရိုက်တာ အသေချာဆုံးဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကျော်ရင် ကိုယ်ဝန်ဆောင်လို့ရပါပြီ။ ၃ လခံဆေးအကြောင်း၊ ကိုယ်ဝန် ရနိုင်အောင်နည်းတွေ၊ ကိုယ်ဝန်ရရင် လုပ်စရာ ရှောင်စရာတွေ အားလုံးလိုလို ရေးထားပါတယ်။ သိလိုတာ ဆရာ့ဆိုဒ်မှာ ဖတ်နိုင်ပါတယ်။
Sat, Feb 16, 2013 at 7:18 PM
သမီး အသက်က ၂၇ နှစ်ပါ အခုနိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတာပါ။ သမီး ချစ်သူနဲ့ ဒီရောက်မှာ ပထမဆုံး တူတူ နေဖြစ်တာပါ။ သမီးတို့ ဆက်ဆံတဲ့ အခါမှာ ကွန်ဒုံးသုံးပါတယ်။ ဒါပေမယ့်နှစ်ကြိမ် သုံးကြိမ်လောက်ကို သူရဲ့ စိတ်ကျေနပ်အောင် အထဲကို ထည့်ထားပြီး သုတ်ရည်ကို အပြင်မှာ ထုတ်ပါတယ်။ ဒါပေမယ့် သမီးရဲ့ပြဿနာက မရိုမသေ ဆရာရယ် အရင်က သမီးရဲ့ အင်္ဂါကို ဆေးတိုင်း သမီးက အတွင်းထိ သေချာနှိုက်ဆေး တတ်ပါတယ် အရင်တုန်းက ဆိုရင် အတွင်းမှာ ဘာမှမရှိဘဲ တစ်ပတ်နှစ်ပတ် အတွင်းမှာမှ အဖုလေးတွေ ညာဘက်မှာ သတိထားမိပါတယ်။ အထူးသဖြင့် သားအိမ်ခေါင်း တစ်ဝိုက်မှာပါ အရည်ပေါက်သွား မလားဆိုပြီ လက်နဲ့ ဝက်ခြံပေါက်သလို ဖောက်မိပါတယ်။ ဒါပေမယ့် မပျောက်သွားပါဘူး။ ဘယ်ဘက်ပိုင်းကို စမ်းကြည့်တာ ဘာမှမဖြစ်ဘဲ ညာဘက်ပိုင်းမှာမှ ထူးထူးခြားခြား သတိထားမိပါတယ် ပထမ တစ်ပတ်တုန်းကတော့ ဖာသိဖာသာ ပဲနေခဲ့ပါတယ် ခုမှ အဖုလေးတွေက ပိုများလာသလားလို့ပါ အများကြီး ဗျုတ်ထတာမျိုး မဟုတ်ဘဲ အသားပိုလို အတွဲလေး သုံးလေးလုံး တွဲပြီး စုနေသလို ခံစားရပါတယ်။ အရမ်းကို ကြောက်နေပါတယ်။ သူများနိုင်ငံမှာ ဆေးခန်းသွားပြဖို့ ဆိုတာရယ် မိန်းကလေး ကိစ္စဖြစ်နေတာရယ်က မစားနိုင် မသောက်နိုင်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် သမီးကို နည်းလမ်းလေး အများဆုံး ပေးစေချင်ပါတယ်။ သမီး တစ်ခုခု ဖြစ်သွား မှာလည်း အရမ်းကြောက်မိသလို HIV ဆိုတာမျိုး ကင်ဆာလိုမျိုး တအားကြောက်နေပါတယ်။ သမီးမှာ အရမ်းကို ဗဟုသုတ နည်းနေပါတယ်။ အလုပ်နဲ့ အိမ် ဖြစ်နေတဲ့ အပြင်ကို ခု သမီး လိင်ဆက်ဆံမိလို့ဆိုတဲ့ အတွေးတွေနဲ့ တအားကို ကြောက်နေပါတယ်။ ရာသီလာတာကတော့သမီးက ၂ လာနေမှလာတဲ့သူမျိုးပါ။ အပျိုဖော် ဝင်ကတည်းကပါ။ ဒီလကိုလည်း ပုံမှန် လာထားပါတယ်။ ရှောင်ရန် ဆောင်ရန်လေးတွေပြောပေးပါ။ အခုဆို သမီး အတွင်းခံတွေကြောင့် များလားဆိုတဲ့ အတွေးနဲ့ အတွင်းခံကိုတောင် ခြောက်သွားရင် မီးပူသေချာ ထပ်တိုက်ပြီးမှ ဝတ်ရဲ ပါတော့တယ်။ သမီးအဓိက စိုးရိမ်နေတာက အဲဒီအဖုတွေက မပျောက်သွားဘဲနဲ့ ထပ်ထပ်တိုးလာမှာ စိုးတာပါ။ ညာဘက်ပိုင်း အတွင်းဆုံး သားအိမ်အနားမှာ အဲလိုလေးတွေတွေ့ရတဲ့အပြင် သမီးရဲ့ မိန်းမအင်္ဂါ အပြင်ဘက်မှာလည်း လက်နဲ့ စမ်းလိုက်ရင် ဗြုတ်ကလေးတွေလို ဖြစ်နေတယ်။
အမျိုးသမီး ဗဂျိုင်းနားအတွင်းမှာ ကိုယ့်ဖါသာစမ်းရင် (ဆရာဝန်မဟုတ်ရင်) ရောဂါကို သိမယ် မဟုတ်ပါ။ ဗဂျိုင်းနားထဲမှာ ဖြစ်တတ်တဲ့ ရောဂါမျိုးကလဲ မေးတဲ့သူပြောသလိုမျိုး မဟုတ်လောက်ပါ။ သားအိမ်ဝ အထိ လက်နဲ့ စမ်းနိုင်တယ်ဆိုတာလဲ စဉ်းစား စရာတခုပါ။ အသီးငယ်လေးတွေ ဆိုတာ ဆန်းနေပါတယ်။ ဗဂျိုင်းနားရဲ့ တည်ဆောက်ထားပုံကိုက ကန့်လန်းစင်းလေးတွေ ပုံမှန်ရှိပါတယ် ခပ်ကြမ်းကြမ်းလေးနေတယ်။ သားအိမ်ဝရောက်ရင် ချောမွေ့နေတယ်။ ဗဂျိုင်းနားမှာ အနာ၊ အသီးလို မဖြစ်တတ်ပါ။ ဖြစ်အုံးတော့ ဒီအရွယ်မှာ မဖြစ်တတ်ပါ။ အသီးပိုဖြစ်ရင် တခြား လက္ခဏာတွေလဲ ရှိမယ်။ အဖြူဆင်းတာ၊ သွေးယိုတာ၊ အနံ့ အသက်ထွက်တာတွေ ဖြစ်တတ်တယ်။ လိင်ဆက်ဆံမှုလဲ ရှိတာမို့ STDs လိင်က တဆင့် ကူးစက်ရောဂါကိုလဲ မေ့ထားလို့မရပါ။ (ကွန်ဒွမ်) သုံးတာမို့ သိပ်စိုးရိမ်စရာတော့ မရှိပါ။ ကင်ဆာကလဲ ဒီလိုသဘော မဟုတ်ပါ။ HIV အပါအဝင် မျိုးပွါးခြင်းဆိုင်တဲ့ ကျန်းမာရေး သုတတွေ သိချင်ရင် ဆရာ့ (ဆိုက်) တွေမှာ ရှာဖတ်နိုင်ပါတယ်။
Mon, Feb 18, 2013 at 8:08 PM
သမီး အများကြီးပျော်ရွှင် မိပါတယ်။ သမီး ကတစ်ဦးတည်းသော သမီးမို့ အရမ်းကို အထီးကျန်ပါတယ် တိုင်ပင်မယ့် သူငယ်ချင်းလည်း မရှိပါဘူး ပွင့်ပွင့်လင်းလင်း တိုင်ပင်ရလောက်အောင် မိခင်ဖြစ်သူကလည်း ရိုးရိုးအေးအေးမို့ မတိုင်ပင်ရဲပါ။ မရိုမသေပြောရရင် သမီးလက်နဲ့ မိန်းမကိုယ်ထဲကို စမ်းကြည့်တဲ့ အခါမှာ တောက်လျောက်သွားရာ လမ်းကြောင်း အတွင်းအဆုံး အဝကို သားအိမ်ခေါင်းလို့ခေါ်ပါ သလား။ အဲဒါ အနား နံရံလေးတွေမှာ အဖုလို မျိုးလေးတွေ လက်နဲ့ စမ်းကြည့်မိတာပါ။ ပထမကတော့ ဆရာပြောသလို မိန်းမကိုယ် နုတ်ခမ်း နံရံလေးတွေ ကြမ်းတာပဲနေမှာပါဆိုပြီး သတိထား မိပါတယ်။ ဒါပေမယ့် ဘယ်ဖက်ခြမ်းက သိပ်မသိသာပေမယ့် ညာဘက်ခြမ်းမှာ အဖုလေးတွေကို သတိထား မိတာပါ။ အဖုလေးလို့ ဆိုပေမယ့် နှစ်လုံးတွဲ တစ်လုံး စုစုပေါင်းမှ လေးငါးလုံးပါ။ အကြိတ်ပုံစံ မဟုတ်ပါ။ ပျော့ပျော့လေးနဲ့ ဖောက်ရင်လည်း မပေါက်ပါ။ မိန်းမကိုယ် အတွင်းနံရံ လေးတွေက အရေးပြားလေးတွေ လိုမျိုး ထဲမှာမှ အဲလိုလေးတွေ သတိထားမိတော့ တအား စိတ်ပူပါတယ် ဆရာ အခုဆိုသမီး အလုပ်ထဲမှာပါ စိတ်မပါတော့ဘဲ တအားကို စိတ်ပူမိနေပါတယ်။ ဒါပေမယ့် သမီး ဆရာရဲ့ပြန်စာကို ဖတ်လိုက်ရတော့ သားအိမ်ခေါင်းကင်ဆာတို့ ဘာတို့ မဖြစ်နိုင်ဘူး ဆိုပြီ နည်းနည်းတော့ စိတ်ပူတာ သက်သာရပါတယ် ဆရာ။
အခုစိတ်ထဲမှာ ဆီးအိမ်ကပဲ အောင့်သလိုလို စိတ်ထင်တာပဲလားတော့ မသိပါ။ ညာဘက်က အောင့်တယ်လို့ ခံစားရပါတယ်။ တစ်ခုပြောဖို့ မေ့နေပါတယ် ဆရာ သမီး ပုံမှန်ပါပဲ။ တခြား အဖြူဆင်းတာ အနံ့ အသက်ဆိုးတာ တစ်ခုမှ မဖြစ်ပါ။ အရင် လိင်မဆက်ဆံဘူးခင် တုန်းက မိန်းမအ၈င်္ါကို ဆေးတိုင်း အတွင်းထိ သေချာဆေးပါတယ်။ အဲဒီ တုန်းကတော့ တစ်ခါမှ အဲလိုလေးတွေ မတွေ့ရဘဲ ခုမှတွေ့တော့ ဆရာပြောသလို ပုံမှန်ပဲလား ဘာများဖြစ်သလဲဆိုပြီး စိုးရိမ်မိတာတော့ အမှန်ပါ။ ပထမဦးဆုံး ဖြစ်တာမို့လို့ တအားကိုလည်း လန့်နေမိပါတယ်။ သမီး ဆရာရဲ့စာတွေ အကုန် လိုက်ဖတ်ပါ့မယ် ဆရာ။ သမီးကို အကြံလေးများ ရှိရင် ထပ်ပေးပါဦး။ သမီး ဒီတစ်ပတ်အတွင်း ဆေးခန်းသွားပြဖို့လည်း စဉ်းစားထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှနေတော့ တစ်ခါတစ်လေ နိုင်ငံခြား ဆရာဝန်တွေကို လိပ်ပတ်လည်အောင် ရှင်းပြဖို့ ဆိုတာ တော်တော်လေးတော့ ခေါင်းစား ရပါတယ်။ ချောင်းဆိုးနှာစေးတာလောက်တော့ အဆင်ပြေပေမယ့် သမီး ခုပြသနာကို ပြောဖို့ တော်တော် စဉ်းစားရပါတယ်။ သမီးကို တစ်ခုလောက် ထပ်ကူညီပေးပါဦး။ သမီးတို့ မိန်းမအင်္ဂါမှာ အဖုလေးတွေ တွေ့တယ် ငါသံသယတော့ဖြစ်မိတယ် ဆိုရင် အဖုကို အင်္ဂလိပ်လို ဘယ်လို သုံးပါသလဲ။ သမီးနိုင်ငံခြား သူငယ်ချင်း တစ်ယောက်ကတော့ ပိုက်စပ်မှာ အပူဖုပေါက်တာကို pimples ဆိုပြီး သုံးသွား တာကြားဖူးပါတယ်။ သမီးကို အင်္ဂလိပ်စာပါ ထပ်သင်ပေးနေပြီ ထင်တယ်။ ဆေးဝါး အခေါ်အဝေါ်မို့ သမီး အခက်တွေ့နေလို့ပါ။
သမီးစာတွေ အများကြီးရှည်သွားရင် ခွင့်လွှတ်ပါ ဆရာ သမီးမှာ ဆွေမျိုးရင်းချာ တစ်ယောက်ရလိုက်သလို ခံစားရပါတယ် တအားကိုလည်း ပျော်ရွှင်မိပါတယ် သမီး တို့ ကျန်းမာရေး အသိတွေကို ခုလို မျှဝေပေးတဲ့ ဆရာတို့ကိုလည်း တအားကို ကျေးဇူးတင်မိပါတယ် သမီးတို့လို မြန်မာ အမျိုးသမီးလေးတွေ အတွက် တော်တော့်ကို အထောက်အကူပြုပါတယ် ဆရာ။
OG ကိုပြရင် အားလုံး အဆင်ပြေသွားမယ်။ ဘာမှ မစိုးရိမ်နဲ့။ ပြောရင်
I feel something inside my vagina. I think it is small soft lumps. I think 4-5 in number in my deep end of vagina. I noticed when I clean my vagina. I don't have any discharge, while or yellow. My period (menstruation) is regular.
I also feel pain on right side of lower abdomen. လက်နဲ့ထောက်ပြလဲရတယ်။ Pain is since ဘယ်လောက်ကြာပြီပြော။
I had sex with my boyfriend/husband. But before that I did not notice those lumps. I usually clean my vagina with my fingers.
သိချင်တာရှိလဲ မေးပါ။
Tue, Feb 19, 2013 at 11:22 AM
I am your medical writing reader from Myanmar. And I really appreciate for your kind contributions and disseminating health eduction for Myanmar people. I write this letter on behalf of my sister-in-law who is suffering pause menstruration in the past two months and abdominal pain. She saw one OG and got treatment from that OG. OG said that the problem is because of Cysts were found near by uterus and fellopian tube. And OG directed to take 1) eve(vitamin E) 2) ferrodenk each tablet in one day for two weeks. She worries any consequences like that infertility may occur in future. Her age is now 25 and has one first child, 2 & half years old.
Sorry for your sister-in-law. Thanks for your appreciation.
Do you know who the diagnosis was made? Ultrasound? If it was so what was written on the report?
As she has a child, I assume it may not be Endometriosis which is very difficult to treat. Cyst can be of Uterus or Ovaries. What sizes are they?
Does pause menstruation mean no menstruation? 2 months? No present pregnancy?
Pain during menstruation is only recent problem of did she have before?
Sorry, I am asking many questions instead of answering you.
I notice the medicines are merely supportive.
Tue, Feb 19, 2013 at 1:06 PM
မိတ်ဆွေ တယောက်ပါ အသက် ၄၃ ရှိပြီ။ အမျိုးသမီးပါ။ အိမ်ထောင်ကျတာ ၁၁ ရှိပါပြီဆရာ။ ကလေးမရနိုင်သေးလို့ပါ။ ယခု နယူးဒေလီ မှာဘဲနေပါတယ်။ ပြီးခဲ့ ၂ဝဝ၆ ခုနှစ်က အိုက်ဇောမှာ ကလေး မရနိုင်လို့ ဆိုပြီး သွားပြဘူး ပါတယ်။ သားအိမ်လမ်းကြောင်း ကောက်လို့ ခွဲစိတ်ကုသမူ့ ခံယူရမယ် ဆိုလို့ ခွဲစိတ်လိုက်ပေမဲ့ ဘာမှ မထူးပါဘူး။ အိမ်ထောင်ကျပြီး ကတည်းက ဘာတားဆေးမှ မသောက်ခဲ့ ဘူးပါဘူး။ အမျိုးသား ဘက်ကတော့ လိုမယ် မထင်ပါဘူး။ သူနဲ့ အိမ်ထောင်မပြုခင်က ပထမ အိမ်ထောင်နဲ့ကလေး ၂ ယောက်တောင် ရပြီးသားပါ။ ကလေးရအောင်လုပ်နိုင်မလား။ အသက်ကကြီးပြီဆိုတော့ ကလေးရနိုင်ရင်တောင် အခက်အခဲ ရှိမလား။
သားအိမ်လမ်းကြောင်း ကောက်တယ်လို့တော့ မသုံးပါ။ ကျဉ်းတာနဲ့ ပိတ်နေတာသာ ရှိတယ်။ အင်္ဂလိပ်လို အခေါ် သိပါသလား။ မျိုးဥကြွေဆေး သောက်ဘူး ပါသလား။ ဒေလီမှာ ဆိုရင် ယမုန်နာဆေးခန်းကို လာပြီး ဆွေးနွေးနိုင်ပါတယ်။ ကြိုးစားတာ မမှားပါ။ လာမယ်ဆိုရင် အရင်က ဆေးမှတ်တမ်းတွေရှိရင် ယူလာခဲ့ပါ။
Tue, Feb 19, 2013 at 1:36 PM
ဘယ်ရက်နဲ့ ဘယ်ရက်တွေကြားမှာဆို ကိုယ်ဝန်မရနိုင်ပါသလဲ။ အဲဒါက မရနိုင်တာသေချာပါသလား ဆရာ
Calendar method ပြက္ခဒိန်နည်း
Tue, Feb 19, 2013 at 3:01 PM
သမီးအသက်က (၂၈) နှစ်ပါ။ ၆ နှစ်အရွယ် သမီး တယောက် ရှိပါတယ်။ ၉၊ ၁၊ ၂ဝ၁၃ ကနေ ၁၂၊ ၁၊ ၂ဝ၁၃ အထိ ရာသီလာပါတယ်။ ၂ လပိုင်းမှာ မလာတော့ပါဘူး။ ၁၁၊ ၂ မှာ HCG စစ်တော့ မှိန်မှိန်လေး ၂ လိုင်းပေါ် ပါတယ်။ ဒါပေမဲ့ ၁၂ ရက်နေ့မှာတော့ မဆိုသလောက်လေး သွေးစွန်းပါတယ် ဆရာ။ နဲနဲနဲနဲနဲ့ ၁ပါတ်ရှိပါပြီ။ ဒီနေ့ OG ပြတော့ အစပိုင်းတွက်တာ ကိုယ်ဝန်က ၁ လနဲ့ ၁ဝ ရက်ရှိပြီ လို့ပြောပါတယ်။ သွေးဆင်း တယ်ပြောတော့ အယ်ထွာဆောင်း ရိုက်ခိုင်းပါတယ်။ အဲဒီတော့ သားအိမ်မှာ ကိုယ်ဝန်ကို မတွေ့ရဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ၁ လ စောင့်ပြီး အယ်ထွာဆောင်း ပြန်ရိုက်မယ်လို့ပြောပါတယ်။ သမီး ဘာလုပ်သင့်ပါ သလဲရှင်။ အကြံပေးပါဦး ဆရာ။
OG ကိုပြထားရင် စိုးရိမ်စရာမရှိပါ။ ပြောတဲ့အတိုင်းသာ လုပ်သင့်ပါတယ်။
Pregnancy - (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
Wed, Feb 20, 2013 at 4:21 PM
ကျွန်တော့် အသက်က ၂၅ နှစ်ပါ။ ကျွန်တော့် HIV ရောဂါနဲ့ပတ်သတ်ပြီး သိချင်လို့ပါ။ ပြီးခဲ့တဲ့ ၁လ ကကျွန်တော် sex worker မိန်းကလေး တစ်ယောက်နဲ့ အတူနေခဲ့ပါတယ်။ အဲ့ဒါ ကျွန်တော့်ဘဝ အတွက် ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ကျွန်တော် ကွန်ဒုံးလည်း သုံးပါတယ်။ လိင်ဆက်ဆံချိန်က ၁၅ မိနစ်လောက် ကြာမယ် ထင်ပါတယ်။ နောက်ဆုံး သုက်ထွက်လို့ ပြီးတာကလည်း အပြင်မှာဘဲ ပြီးတာပါ။ အဲ့ကောင်မလေးလက်နဲ့ လုပ်ရင်းနဲ့ ပြီးသွားတာပါ။ သူလက်နဲ့ လုပ်တဲ့ အချိန်မှာလည်း ကွန်ဒုံး သုံးပါတယ်။ c ကျွန်တော့် အနေနဲ့ HIV ကူးစက်နိုင်ခြေ ရှိလားလည်း သိချင်ပါတယ်။
HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-acute-infection.html
HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adult.blogspot.in/2012/05/hiv-and-cd4-and-viral-load.html
HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adult.blogspot.in/2012/03/hiv-and-oral-sex.html
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.html
AIDS themes HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-1-art.html
HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-2-art.html
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv.html
HIV အတွက် Truvada ဆေး http://dts-medicaleducation-adult.blogspot.in/2012/07/hiv-truvada_17.html
HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-edurant-fda.html
HIV-AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-1.html
HIV-AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-2.html
HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adult.blogspot.in/2012/05/hiv.html
HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-myths-and-facts.html
Wed, Feb 20, 2013 at 12:21 PM
ဆက်ဆံပြီးတာ 10 ရက်လောက်ဘဲကြာသေးတော့ ဆီးစစ်လို့ရနိုင်ပါလားခင်ဗျာ။ ရင်သားတင်းတာနာတာတွေကလည်း ကိုယ်ဝန်ရှိနေရင်ရောနာတက်ပါလားဆရာ။ ရာသီလာပြီးတာက 28.1.2013 ကပါ။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
Wed, Feb 20, 2013 at 10:46 AM
လွန်ခဲ့တဲ့ ရက်က ကျွန်တော့် ကောင်မလေး ဆေးပြန်စစ်သင့်တဲ့ အချိန် ရောက်နေတာ တစ်ကြောင်း၊ ပြီးခဲ့တဲ့လက သူ့သားအိမ်နားမှာ ပုံမှန် မဟုတ်ပဲ နာလို့ OG ကို ထပ်သွားပြဖြစ်ပါတယ်။ ကျွန်တော့် အလုပ်က ခွင့်ယူပြီး လိုက်သွားဖို့ အဆင်မပြေတာရယ်၊ နေနေကြတဲ့ မြို့ချင်း ဝေးတာရယ်ကြောင့် သူသွားပြတဲ့ အချိန်ကို လိုက်မသွားနိုင်ပါဘူး ဖြစ်သွားပါတယ်။ သူကတော့ ကျွန်တော့်ကို စိုးရိမ်စရာ မရှိ ဘူးလို့ ပြောပါ တယ်။ ပြီးတော့ သူ့ရဲ့ ultrasound result ကိုလဲ ပြပါတယ်။ ကျွန်တော် နားမလည်လို့ attach တွဲပေးလိုက်ပါတယ် ခင်ဗျာ။ result ၂ ခုကို ကြည့်ကြည့်တော့ အလုံးအရွယ်က အရင်ကထက် ပိုကြီးလာတယ် ထင်ပါတယ်။
၁။ သူဖြစ်နေတဲ့ အလုံးက ဆရာပြောတဲ့ အမျိုးအစား ၂ မျိုးမှာ ဘယ်အမျိုးအစားဖြစ်ပါသလဲခင်ဗျာ။
၂။ သူ့မှာဖြစ်နေတဲ့အလုံး အရွယ်အစားနဲ့ အမျိုးအစားက စိုးရိမ်ရပါသလား ခင်ဗျာ။
၃။ အခုလက်ရှိ အနေအထားနှင့်ကော ဘာတွေဖြစ်နိုင်ပါသလဲ ခင်ဗျာ။
၎။ အလုံးက အရင်က ထက်ကြီးလာပါသလား ခင်ဗျာ၊ အလုံးက ဆက်ပြီး ကြီးလာမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်ပါ သလဲ ခင်ဗျာ။
Endometriotic cyst လို့ခေါ်တယ်။ အရင် ရိုက်တာနဲ့ စာရင် နဲနဲပိုကြီးလာတယ်။ ကြီးလာ တတ်တယ်။ ရာသီ မမှန်ဖြစ်မယ်။ လာရင် နာမယ်။ OG နဲ့ဆေး ကုသနေရမယ်။ လိုအပ်ရင် ခွဲထုတ်မယ်။ ဆေးလဲသောက်ရမယ်။ အချိန် ယူရတတ်တယ်။ စိတ် မပျက်ပါနဲ့။ ကင်ဆာ မဟုတ်ပါ။ ကင်ဆာကိုလဲ ပြောင်းမသွားပါ။
Tue, Feb 19, 2013 at 11:06 PM
သမီးက အိမ်ထောင်ရှိပါတယ်။ အိမ်ထောင် ကျပြီးပြီးချင်း ကျောင်းတက် ခဲ့ပါတယ်။ ကျောင်းက ည အိပ်မထွက်ရပါဘူး။ တစ်လကို တစ်ရက်လောက်နီးပါးပဲ ခင်ပွန်းနဲ့နေရပါတယ်။ ညားပြီး ငါးလလောက်ကြာတော့ မိန်းမကိုယ်က အဖြူဆင်းပြီး ယားလာပါတယ်။ OG နဲ့ ပြပါတယ် ဆရာ။ ပြန်ပြန်ဖြစ်လာလို့ ပြန်ပြန်ပြရပါတယ်။ ဆစ်ဖလစ်တို့ HIV တို့ စစ်ပါတယ် မရှိပါဘူး။ ခုလည်း အဖြူက မလိုင်ဖတ်တွေလို ဆင်းပြီး ယားပါတယ် ဆရာ။ မနက် အိပ်ယာထ ဆီးသွားရင် ဆီးကျန် သလိုလို၊ ဆီး ပူသလိုလို ခံစားရပါတယ်။ စိုးရိမ်ရပါသလား ဆရာ။ ကလေး မရှိသေးတော့ ပိုစိုးရိမ်ပါတယ် ဆရာ။ ဒီလဆိုရင် သွေးက ဆင်းချိန် မဟုတ်ပဲနဲ့ ဆင်းပါတယ် ဆရာ။ တားဆေး မသုံးပါဘူး ဆရာ။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Tue, Feb 19, 2013 at 7:12 PM
ကျွန်မက အိမ်ထောင်ရှင် တစ်ယောက်ပါ။ သားအိမ်ခြစ်ပြီး ဘယ်လောက် အကြာမှာ အမျိုးသားနဲ့ ပြန်နေလို့ ရပါသလဲ ဆရာ။ ကျွန်မ သားအိမ်ခြစ်ပြီးတာ ၁ ပတ်ရှိပါပြီ။ အမျိုးသားနဲ့ မနေရဲလို့ မနေပါဘူး။ တခုခု ဖြစ်သွားမှာ စိုးလို့ပါ။ အမျိုးသားက ကျွန်မအပေါ် နည်းနည်း စိတ်ကွက်နေပါတယ် ဆရာ။
အဖျားမရှိရင်၊ ဆီးစပ် (သားအိမ်နေရာ) နာမနေရင်။ လူကလဲ ပုံမှန်နေနိုင်ထိုင်နိုင်ဖြစ်ပြီဆိုရင် အတူနေလို့ရပါတယ်။ ရာသီများများ လာပြီးစလို သဘောထားနိုင်ပါတယ်။ နောက် ကိုယ်ဝန်မလိုချင်သေးရင် တားဆေး-တားနည်း စနစ်တကျ သုံးပါ။ ကိုယ်ဝန် ရနိုင်ချေဟာလည်း ရာသီလာပြီးထားသလို အတူတူဖြစ်ပါတယ်။
Tue, Feb 19, 2013 at 7:21 PM
ဒါဆိုရင် ကျွန်မအခု ကလေးမလိုချင်သေးပါဘူး။ အခုချိန် တားဆေးသုံးလို့ ရပါပြီလား ဆရာ။ ရပြီဆိုရင်လည်း ဘယ်လိုသုံးရမလဲ ဆိုတာလေး ညွှန်ကြားပေးပါ ဆရာ
Calendar method ပြက္ခဒိန်နည်း http://dts-medicaleducation-adult.blogspot.in/2012/07/calendar-method.html
Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html
Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/06/contraceptives-for-women-with-stihiv.html
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Vaginal rings သန္ဓေတား သားရေကွင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-rings.html
Tue, Feb 19, 2013 at 3:01 PM
သမီး အသက်က (၂၈)နှစ်ပါ။ ၆ နှစ်အရွယ် သမီး တယောက်ရှိပါတယ်။ ၉၊၁၊၂ဝ၁၃ ကနေ ၁၂၊၁၊၂ဝ၁၃ အထိ ရာသီ လာပါတယ်။ ၂ လပိုင်းမှာ မလာတော့ပါဘူး။ ၁၁၊၂ မှာ HCG စစ်တော့ မှိန်မှိန်လေး ၂ လိုင်းပေါ်ပါတယ်။ ဒါပေမဲ့ ၁၂ ရက်နေ့မှာတော့ မဆို သလောက်လေး သွေးစွန်းပါတယ် ဆရာ။ နဲနဲ နဲနဲ နဲ့ ၁ ပါတ်ရှိပါပြီ။ ဒီနေ့ OG ပြတော့ အစပိုင်း တွက်တာ ကိုယ်ဝန်က ၁လနဲ့ ၁ဝ ရက်ရှိပြီ လို့ပြောပါတယ်။ သွေးဆင်းတယ်ပြောတော့ အယ်ထွာဆောင်း ရိုက်ခိုင်းပါတယ်။ အဲဒီတော့ သားအိမ်မှာ ကိုယ်ဝန်ကို မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ၁လ စောင့်ပြီး အယ်ထွာဆောင်း ပြန်ရိုက်မယ်လို့ပြောပါတယ်။ သမီး ဘာလုပ်သင့်ပါ သလဲရှင်။
OG ကိုပြထားရင် စိုးရိမ်စရာ မရှိပါ။ ပြောတဲ့ အတိုင်းသာ လုပ်သင့်ပါတယ်။
Pregnancy - (hCG) ကိုယ်ဝန်ရှိ - မရှိစစ်တဲ့ ဟော်မုန်း
Tue, Feb 19, 2013 at 1:36 PM
ဘယ်ရက်နဲ့ ဘယ်ရက်တွေကြားမှာဆို ကိုယ်ဝန် မရနိုင်ပါသလဲ။ အဲဒါက မရနိုင်တာသေချာပါ သလား ဆရာ။
Calendar method ပြက္ခဒိန်နည်း
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၂) (၁၈ နှစ် ပြည်မှ ဖတ်ပါ)




