1. ကျွန်တော့်ကောင်မလေးက ပြောပါတယ်
2. ကျွန်တော့ အသက် ၂၅ ရှိပါပြီ။ ၁။ Gynecomastia ဖြစ်တာ ကြာနေပါပြီခင်ဗျာ။
3. ကျနော် 15.2.13 ညက မိန်းကလေး တယောက်နဲ့ အတူတူ နေဖြစ်သွားပါတယ်။
4. I am your medical writing reader from Myanmar.
5. Hoping that you are very well.
6. ကျနော်ကောင်မလေး ရာသီလားပြီး 10 ရက် ကျော်လောက်မှာ
7. အခုလို ပြန်ဖြေပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ဆရာ။
8. ဆရာရှင့်။ ပြန်ဖြေပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။
9. အထူးပင် ကျေးဇူးတင်ပါတယ် ဆရာ ဒါပေမယ့်ဆရာ
10. အမျိုးသား သုံးတားဆေးကဘယ်လိုမျိုးပါလဲခင်ဗျ။
11. သားကြောဖြတ်ထားတဲ့ အမျိုးသားတယောက်က
12. ကျွန်တော့်နာမည် (့) ပါ။ အသက်က 18 ပါ။
13. ဆေးက ရာသီပေါ်ဆေးလို့ ပြောပါတယ်ဆရာ။
14. ကျွန်တော့် ကောင်မလေးက 28.1.2013 မှာရာသီလာပါတယ်။
15. မိန်းကလေး တစ်ယောက် ရာသီလာနေရင် အနေအထိုင် အစားအေသာက် ဘာတွေများ ဆင်ခြင်ရပါမလဲ ဆရာ။
Thu, Feb 21, 2013 at 11:18 AM
ကျွန်တော့်ကောင်မလေးက ပြောပါတယ် ဒီမနက် ဗိုက်နာတယ်တဲ့ အဲ့လိုမကြာခဏ နာတာတဲ့ အိမ်သာလည်း မတတ်ချင်ဘူးတဲ့ ဆရာ။ အဲ့တာ လာခါနီးလို့ဖြစ်တာလား ဆရာ ဒါမှမဟုတ် ဘာကြောင့် ဖြစ်တာပါလဲဆရာ။ ဆရာမနေ့က ပြောသလိုဆို ကိုယ်ဝန်ကတော့ သိပ်မစိုးရိမ်ရဘူးပေါ့နော် ဆရာ။
အရင်မေးခွန်းကို ပြန်ရှာနေရအုံးမယ်။ ဆရာ့ ဆီကို မေးခွန်းတွေက တယောက်မက လာနေလို့ တန်းမသိနိုင်ဘူး။ အခုမေးတာအရ ဖြေဘို့ခက်တယ်။ ဗိုက်ဆိုတာ ဘယ်နေရာလဲ၊ ရာသီကော ဘယ်လိုလဲ၊ သူ့အသက် စတာတွေ မသိလို့ အဖြေရ ခက်ပါတယ်။
Thu, Feb 21, 2013 at 10:13 AM
ကျွန်တော့ အသက် ၂၅ ရှိပါပြီ။ ၁။ Gynecomastia ဖြစ်တာ ကြာနေပါပြီ ခင်ဗျာ။ Physician နဲ့ပြတော့လည်း အားဆေးတွေပဲပေးပြီး အချိန်ကြာရင် ပျောက်သွား မယ်လို့ ပြောပါတယ်။ ဘယ်ဘက် တစ်ဖက်တည်း ဖြစ် တာပါ။ ပျောက်ကင်းအောင် ဘယ်လိုလုပ်ရပါမလဲ ဆရာ။ ၂။ မျက်ခမ်း ခဏခဏ စွန်တတ် ပါတယ်။ ဖြစ်တိုင်းလည်း ဆေးခန်းမှာ ခဏခဏ သွားပြီး ခွဲစိတ်နေရပါတယ်။ မဖြစ်အောင် ဘယ်လို ကာကွယ်သင့်တယ်ဆိုတာ သိချင်ပါတယ် ခင်ဗျာ။
Gynecomasia ဖြစ်စေတဲ့ အကြောင်းကို လိုက်ပြီး ကုသဘို့လိုရင် ကုသရတယ်။ အများအားဖြင့် ဟော်မုန်းမှန်သွားရင် ပျောက်တယ်။ လိုအပ်ရင်တော့ ဆေးပေးရတယ်။ တချို့ကို ခွဲစိတ်ပေးတယ်။ ကုသပေးနေတဲ့ ဆရာဝန်က ညွှန်ပါလိမ့်မယ်။ ဆရာလဲ အချိန်ရတော့ စာတပုဒ်ရေးပါမယ်။
Sty, Chalazion, Blepharitis အဖြစ်များတဲ့ မျက်စိရောဂါတွေ
Thu, Feb 21, 2013 at 8:20 AM
ကျနော် 15.2.13 ညက မိန်းကလေး တယောက်နဲ့ အတူတူနေဖြစ်သွားပါတယ်။ 16 ရက်နေ့ ညကသူ့ကို LEVO-72 သောက်ခိုင်း လိုက်ပါတယ်။ သူ့ရဲ့ ရာသီက 8.2.13 က မှပြီးထားတာပါ။ ဒါပေမယ့် ဒီနေ့မှာပဲ ရာသီပြန်စပြီး အများကြီး ဖြစ်နေလို့ မေးကြည့်တာပါ။ ဘယ်လိုကြောင့်ပါလဲ ဆရာ။ အန္တရာယ် ရှိနိုင်ပါသလား ဆရာ။ အရင်က Ecee2 တော့ တိုက်ဖူးပါတယ်။ ရာသီချိန် ပုံမှန်ပါပဲ။ အရေးပေါ်ဆေးမှာ ဆိုရင် ဘယ်ဆေးက side effect အနည်းဆုံးပါလဲ ဆရာ။
အရေးပေါ် တားဆေးတွေက ခပ်ဆင်ဆင်ပါ။ သွေးဆင်းပုံ မတူတာက မိန်းကလေးမှာ ဆေးမသောက်ခင်က အခြေအနေတွေက မတူလို့ဖြစ်တယ်။ စာတွေ ဖတ်နိုင်ပါတယ်။
ECee2
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Tue, Feb 19, 2013 at 11:22 AM
I am your medical writing reader from Myanmar. And I really appreciate for your kind contributions and disseminating health education for Myanmar people. I write this letter on behalf of my sister-in-law who is suffering pause menstruation in the past two months and abdominal pain. She saw one OG and got treatment from that OG. OG said that the problem is because of Cysts were found nearby uterus and fallopian tube. And OG directed to take 1) eve (vitamin E) 2) ferrodenk each tablet in one day for two weeks. She worries any consequences like that infertility may occur in future. Her age is now 25 and has one first child, 2 & half years old. Would you kindly advice for this?
Sorry for your sister-in-law. Thanks for your appreciation. Do you know who the diagnosis was made? Ultrasound? If it was so what was written on the report? As she has a child, I assume it may not be Endometriosis which is very difficult to treat. Cyst can be of Uterus or Ovaries. What sizes are they? Does pause menstruation mean no menstruation? 2 months? No present pregnancy? Pain during menstruation is only recent problem of did she have before? Sorry, I am asking many questions instead of answering you. I notice the medicines are merely supportive.
Thu, Feb 21, 2013 at 7:33 AM
Hoping that you are very well. This is some more adding to my previous mail. I asked about cysts were found nearby fallopian tube at my sister-in-law. She has got an ultrasound result with the direction of OG. In that ultrasound, 2 cysts were found at the left and right sides of the fallopian tube in each. Those sizes are 3.2, 2.1 & 1.7, 2.0 as written on ultrasound. I don't know those units. OG did to start menstruation again after two months pause. Two times menstruation occurs and no more pain in abdomen. No pregnancy. No pain occurs before. OG directed the same drugs to take 1) 1 Eve/day 2) 1 ferrodenk/day for longer term taking. She had taken two weeks those drugs before. Would you give anymore kind advice on this?
As she is seeking treatment from an OG, that is good. I don't know if the cysts are of the ovaries. Most probably they are of. If that so, it will be difficult to get pregnant. If sh is not suffering from menstrual pain, it is good sign. I guess she may need surgery one day. I am sure she needs follow-ups.
Thu, Feb 21, 2013 at 11:43 AM
ကျနော်ကောင်မလေး ရာသီလားပြီး 10 ရက် ကျော်လောက်မှာ အတူနေလိုက်မိတယ် ကျနော်ရဲ့ သုတ်ကိုတော့ အပြင်မှာဘဲ ထုတ်လိုက်တာပါ။ မိနစ် အနည်းငယ်ကြာတော့ ပြန်ဆက်ဆံမိတယ်။ မျိုးဥကြွေတဲ့ ရက်တွေ ဆိုတော့ ကျနော် ချက်ချင်း ec-2 တိုက်လိုက်တယ်။ ခုထိ မလာသေးလို့ပါ။ ec-2 က 7 ရက်ကနေ့ 10 ရက်အတွင်း လာတက်တယ်လို့ သိထားပါတယ်။ ခုထိ မလာသေးတာနဲ့ ကောင်မလေးက ဆေးခန်းမှာ ဆေးထိုး လိုက်ပါတယ် အဲဒါ ပြသနာရှိနိုင်လား ဆရာ။ ဘာတွေဖြစ်နိုင်မလဲ သိချင်လို့ပါ။
ပြောလို့ မရသေးပါ။ အရေးပေါ် တားဆေးက စနစ်တကျသောက်ရင် အလွန် ထိရောက်ပါတယ်။ မဆင်းသေးလဲ စိုးရိမ်စရာ မရှိလောက်ပါ။ ဘာဆေးထိုးပေးလဲ မသိပါ။ သေချာချင်ရင်တော့ ကိုယ်ဝန်အတွက် ဆီးစစ်ပါ။ ပုံမှန်တားဆေး၊ တားနည်းကို အားကိုး သင့်ကြပါတယ်။
Wed, Feb 20, 2013 at 9:45 PM
အခုလို ပြန်ဖြေပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ဆရာ။ သမီးက တစ်ခါမှ မမေးဖူးလို့ မြို့နာမည် ဘာတွေထည့်ရမှာ မသိလို့ပါ။ ဆေးထိုးတဲ့ ရက်တွေလည်း ပြန်ရေးပေး လိုက်ပါတယ် ဆရာ။ နေတာကတော့ ရန်ကုန်က ပါပဲ။ ဆရာက သမီးမေးတာကို ပြည့်ပြည့်စုံစုံလည်း မဖြေပေးဘူး။ သွေးဆင်းတုန်းက အသားစလေးတွေ ပါတာလေ ဆရာ။ အဲဒါ စိုးရိမ်ရလား။ အဲဒီတုန်းက ဗိုက်လည်း အရမ်းအောင့်လို့ပါ။ သမီး ၃ လခံဆေးထိုးတာ (7.12.2012) ကပါ။ ရာသီပေါ်ဆေး ထိုးတာက (14.1.2013) ပါ။ နှစ်လုံး ထိုးပေးလိုက်တယ် ပြောပါတယ်။ တစ်ပတ်လောက်အကြာ (20.1.2013) မှာ ရာသီ ပြန်ပေါ်ပါတယ်။ နည်းနည်းလေးချင်းပဲ ဆင်းပါတယ်။ တစ်ပတ်ကြာတော့ ဒုတိယ အကြိမ် နှစ်စ်လုံး ထပ်ထိုးပေးပါတယ်။ ဒုတိယ အကြိမ်ထိုးပြီး နှစ်ရက်မြောက်နေ့မှာ သွေးခဲနဲ့ အတူ အသားစလေးတွေ ပါတာပါ။ အရွယ်အစားက လက်တစ် ဆစ်လောက်တော့ ရှိတယ်။ အရင် ကိုယ်ဝန်ပျက်သလို ပုံစံမျိုးဖြစ်နေတော့ ကြောက်လွန်းလို့ ငိုတောင် ငိုမိပါတယ်။ နောက်ရက်တွေလည်း သွေးက နည်းနည်းချင်းပဲ ဆင်းတယ်။ တစ်ရက်ကိုမှ တစ်ခါနှစ်ခါလောက်ပဲ။ စဆင်းတဲ့ ရက်ကနေ တွက်လိုက်တာ (9.2.2013) မှပဲ လုံးဝ ရပ်သွားတော့တယ်။ တော်တော်ကြာတယ်။ အထဲမှာ ဆင်းစရာရှိတာ အကုန် မဆင်းမှာလည်း ကြောက်တယ်။ OG ပြောသလို ၃ လခံဆေးထိုးရင်လည်း ကိုယ်ဝန်ရတတ်တယ် ဆိုတာ ဟုတ်ပါ သလား။ ၃ လခံဆေးထိုးရင် ရာသီ လုံးဝမပေါ်ပဲနေတယ်လို့ သူများတွေကပြောတယ်။ ဆရာရေးတဲ့ အထဲမှာ ရာသီနည်းသူက များတယ်တဲ့။ ဘယ်လိုမျိုးလဲဟင်။ ၁ လခံဆေး၊ ၂ လခံဆေး လည်း ရှိတယ်လို့ပြောတယ်။ အဲဒီဆေးတွေကကော ရာသီ ပုံမှန်ပေါ်ပါ သလား။ ပြီးတော့ အရင် ကိုယ်ဝန် ဖျက်ချတုန်းက သားအိမ်ထဲကို ကိုယ့်ဟာကိုယ် ဆေးထည့်တာ သားအိမ်ခေါင်း ကင်ဆာများ ဖြစ်နိုင်လား။ အာထရာဆောင်း ခဏခဏ ရိုက်ရင်ကော ဘာဖြစ်နိုင်လဲ ဆရာ။ သားအိမ်ခေါင်း ကင်ဆာရှိမရှိ စစ်လို့ ရပါသလား။ ပြီးတော့ အမျိုးသားနဲ့ အတူနေပြီးရင် အမျိုးသားရဲ့သုတ်ရည်က အပြင်ကို ပြန်ထွက်ပါတယ်။ ကန်တော့နော် ဆရာ။ အဲလို အပြင်ကိုပြန်ထွက်ရင် ကလေးရနိုင်ပါ့မလား။
ဆင်းစရာရှိသေးလို့ ဆင်းချင်လာရင် ဗိုက်အောက်ပိုင်း၊ ဆီးစပ်နေရာနာမယ်။ အနာသက်သာဆေးသောက်နိုင်တယ်။ ၃ လခံတားဆေး ထိုးသူတွေမျာ ၃ လအတွင်း ရာသီလာတာနည်းတာန့ တချို့မှာ ရာသီ မလာတာဖြစ်တတ်တယ်။ လူတိုင်း မဟုတ်ပါ။ ၃ လခံတားဆေး ဘေးထွက်ဆိုးကျိုး = သွေးမဆင်းတာ၊ (၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၅၅%၊ ၁ နှစ်တာ ထိုးထားတဲ့ အမျိုးသမီးတွေမှာ ၆၈% Amenorrhea ရာသီမလာတာ တွေ့ရတယ်။) သွေးဆင်းမမှန်တာ ဗိုက်နာတာ၊ ဝတာ-ပိန်တာ၊ အားယုတ်ချင်တာ၊ စိတ်လှုတ်ရှားတာ၊
Depo Provera သုံးလခံ ထိုးဆေး http://dts-medicaleducation-adult.blogspot.in/2012/04/depo-provera.html မှာဖတ်ပါ။
HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-and-marriage.html
Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက် http://dts-medicaleducation-adult.blogspot.in/2012/03/cervical-cancer-new-guidelines.html
သုက်ရည် အပြင်ထွက်တာ ကိုယ်ဝန် ရနိုင်ပါသေးတယ်။ အာလ်ထွာဆောင်း ကနေ ဘာမှ မဖြစ်ပါ။
Wed, Feb 20, 2013 at 8:05 PM
ဆရာရှင့်။ ပြန်ဖြေပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ သမီးစိတ်ထဲမှာသိချင်တာက (ကန်တော့ပါဆရာ) ဒီမနက် သွေးအချွဲတွေ နဲနဲဆင်းပါတယ်။ အဲဒါ ကိုယ်ဝန် ပျက်သွားပြီလား ဆိုတာပါ။ ဗိုက်လည်း မအောင့် ပါဘူး။ OG ပြန်ပြရင် သားအိမ်ခြစ်ခိုင်းမှာ စိုးလို့ပါ။ သမီးမှာလူခွဲမရှိပါ။ အမျိုးသားက အဝေးရောက်နေ လို့ပါ။ ကေသီပန် သောက်လိုက် ရမလား ဆရာ။
မြန်မာဆေး၊ တရုပ်ဆေး၊ တိုင်းရင်းဆေးတွေကို ဆရာ သိပ်မသိပါ။ အရင်မေးတာ အောက်ကဟာ ဟုတ်မလား မသိပါ။
"ဆရာရှင့်။ သမီးအသက်က (၂၈)နှစ်ပါ။ ၆ နှစ်အရွယ် သမီးတယောက်ရှိပါတယ်။ ၉၊ ၁၊ ၂ဝ၁၃ ကနေ ၁၂၊ ၁၊ ၂ဝ၁၃ အထိ ရာသီလာပါတယ်။၂လပိုင်းမှာမလာတော့ပါဘူး။ ၁၁၊ ၂ မှာ HCG စစ်တော့ မှိန်မှိန်လေး ၂လိုင်းပေါ်ပါတယ်။ ဒါပေမဲ့ ၁၂ ရက်နေ့မှာတော့ မဆိုသလောက်လေး သွေးစွန်းပါတယ်ဆရာ။ နဲနဲ နဲနဲ နဲ့ ၁ပါတ်ရှိပါပြီ။ ဒီနေ့ OG ပြတော့ အစပိုင်းတွက်တာ ကိုယ်ဝန်က ၁လနဲ့ ၁ဝ ရက်ရှိပြီလို့ပြောပါတယ်။ သွေးဆင်းတယ်ပြောတော့ အယ်ထွာဆောင်း ရိုက်ခိုင်းပါတယ်။ အဲဒီတော့ သားအိမ်မှာ ကိုယ်ဝန်ကိုမတွေ့ရဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ၁လ စောင့်ပြီး အယ်ထွာဆောင်း ပြန်ရိုက်မယ်လို့ပြောပါတယ်။သမီး ဘာလုပ်သင့်ပါသလဲရှင်။ အကြံပေးပါဦးဆရာ။ ယုံကြည်အားကိုးစွာဖြင့် စောင့်နေပါတယ်ရှင်။"
သွေးဆင်းရင် နားနေပါ။ ရေ၊ အရည်များများသောက်ပါ။ စောင့်ကြည့်နိုင်ပါတယ်။ သွေးဆင်းတာ များလာရင်တော့ ဆရာဝန်ပြရပါမယ်။ သွေးဖိအားကျချိန်မျာ မူးနိုင်တယ်။
Wed, Feb 20, 2013 at 7:49 PM
အထူးပင်ကျေးဇူးတင်ပါတယ် ဆရာ ဒါပေမယ့် ဆရာ သူရာသီလာရက် နောက်ကျတာ ဘာလို့ပါလဲ ဆရာ။ အဲ့တာကို ကျွန်တော် စိုးရိမ်တာပါ ဆရာ။ အဲ့ဆေးက အဲ့လိုပဲလား ဆရာ။ ကျွန်တော် အရမ်း စိုးရိမ်လို့ပါ ဆရာ။ နောက်ပြီး ကိုယ်ဝန် မဟုတ်ပဲ ဒီ့ပြင့်ရောဂါတွေ အများဖြစ်နေမလားလို့ပါ ဆရာ။ ဆရာပြောပုံအရဆို ကိုယ်ဝန်က သိပ်မစိုးရိမ်ရဘူးပေါ့နော်။ ကိုယ်ဝန် ရှိခဲ့ရင်ရော အစောဆုံး ဘယ်လိုသိနိုင်ပါသလဲ ဆရာ။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
20-2-2013 Facebook အမျိုးသား သုံးတားဆေးက ဘယ်လိုမျိုး ပါလဲခင်ဗျ။ နာမည် ဘယ်လိုပြောဝယ်လို့ ရပါသလဲ ခင်ဗျာ။
သုက်ပိုးသေဆေးသာ ရှိတယ်။ ကွန်ဒွမ်သာကောင်းတယ်။ တခြားဆေးတွေက စမ်းသပ်ဆဲ တရားဝင် အတည်မပြုရသေးပါ။
ဟုပ်ကဲပါ ဆရာ ကျေးဇူးတင်ပါတယ်။ ကျနော် အမျိုးသမီးက ဆေးမသုံးခြင်လိုပါ ဆရာ.ဒါကြောင် မေးကြည်တာပါ........
Thu, Feb 21, 2013 at 12:50 PM
သားကြောဖြတ်ထားတဲ့ အမျိုးသား တယောက်က သုတ်ရည် ထွက်နိုင်ပါ သလား။ အင်္ဂါံ ထောင်မတ်နိုင်ပါသေး သလား ကျေးဇူးပြုပြီး ရှင်းပြပေးပါ။
၂ မျိုးလုံးဖြစ်ပါတယ်။ သုက်ရည်ထဲမှာတော့ သုက်ပိုးတွေ မပါလာပါ။
Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
Thu, Feb 21, 2013 at 7:32 PM
ကျွန်တော့် နာမည် (့) ပါ။ အသက်က 18 ပါ။ ကျွန်တော့် ကောင်မလေးလည်း18 ပါပဲ။ 8.1.2013 က ကျွန်တော့် ကောင်မလေး ရာသီလာပါတယ်။ 12.1.2013 မှာ ကျွန်တော်နဲ့ တူတူနေမိပါတယ်။ စိတ်ချရေအာင် တူတူနေပြီး 24 နာရီအတွင်း Ecee2 ကိုဆေးညွှန်း အတိုင်းသောက်ပါတယ်။ ဆေးသောက်ပြီး 5 ရက်ကြာတော့ ရာသီလာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နည်းနည်းလေးပဲ လာတာပါ။ နောက် ဒီလ 14 ရက်မှာ တစ်ခါ ဆက်ဆံ ခဲ့ပါတယ်။ ဆက်ဆံပြီးတော့ အရလလိုဘဲ Ecee2 ကိုဆေးညွှန်းအတိုင်း 24 နာရီ အတွင်းသောက်ခဲ့ ပါတယ်။ အဲ့တာ ကိုယ်ဝန် အတွက် စိုးရိရမပါသလား။ ဆေးသောက်နည်းကတော့ မှန်ကန်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လနည်းနည်း လာပြီးကတည်းက ခုချိန်ထိ တစ်ခါမှ မလာသေးပါဘူး။ အဲ့တာကို အရမ်းစိုးရိမ်ပါတယ်။ သူက ဒီမနက်ပြောပါတယ် မကြာခဏ ဗိုက်နာတယ်တဲ့ ဆရာ။ ကန်တော့ပါ ဆရာ အိမ်သာ တတ်ချင် တာလည်း မဟုတ်ဘူးတဲ့။ အဲ့တာ ဘာလို့ပါလဲ။ လာခါနီးလို့လား။ ဒါမှမဟုတ် တစ်ခုခုကြောင့်လား။ အဲ့တာကို သိချပင်ပါတယ်။ ကိုယ်ဝန် အတွက်ကော စိုးရိမ်ရပါသလား။
ဗိုက်အလည်နေရာနာတာဟာ သားအိမ်၊ ဆီးအိမ်က မဟုတ်လာကပါ။ ဝမ်း၊ လေနဲ့ဆိုင်မယ်။ ကိုယ်ဝန်အတွက် စိုးရိမ်တယ်ဆိုတာ မရချင်တာ၊ ရှိတာကို တည်စေချင်တာလား မသိပါ။ အရေးပေါ်တားဆေးကလဲ ဗိုက်နာနိုင်တယ်။ မကြာပါ။ ပျောက်သွားပါမယ်။
Thu, Feb 21, 2013 at 2:28 PM
ဆေးက ရာသီပေါ်ဆေးလို့ ပြောပါတယ်ဆရာ။ နှစ်လုံးထိုးပေးပါတယ်။ ကျနော်တို့ အတူနေတာလဲ ဘယ်လောက်မှ မကြာသေးတဲ့ အတွက် ကိုယ်ဝန်ရနိုင်ပါမလား။ ကိုယ်ဝန်က 2 လလောက်နေမှ သိတာ မဟုတ်ဘူးလား ခင်ဗျ။ သူအခုဖြစ်နေတာ ဆီးစပ်တွေ အောင့်တယ်။ ခါးတွေကိုက်တယ်။ ခေါင်းမူးတယ်၊ ဆံပင်တွေကျွတ်တယ်။ အဲလိုတွေ ဖြစ်နေတာဆရာ။
Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
Sat, Feb 23, 2013 at 9:58 AM
ကျွန်တော့် ကောင်မလေးက 28.1.2013 မှာ ရာသီလာပါတယ်။ 9.2.2013 မှာ ဆက်ဆံ မိပါတယ်။ ခု23.2.2013 မှာ ဆီးစစ်ကြည့်တော့ မျဉ်းတစ်ကြောင်းဘဲပေါ်ပါတယ်။ အဲဒီ ဆီးစစ်တဲ့ အညွှန်းမှာ ဖတ်ရတာက မျဉ်း တစ်ကြာင်း ဘဲပေါ်ရင် ကိုယ်ဝန်မရှိဘူးလို့ ရေးထားပါတယ်။ သိချင်တာက ဒီနေ့စစ်တာ ရက်အရ စိတ်ချရပါသလား ဆရာ။
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
Sat, Feb 23, 2013 at 9:54 AM
မိန်းကလေး တစ်ယောက် ရာသီလာနေရင် အနေအထိုင် အစားအေသာက် ဘာတွေများ ဆင်ခြင်ရပါမလဲ ဆရာ။ ရာသီလာနေရင် ရေမချိုးရဘူး ဆိုတာ ဟုတ်ပါသလား ဆရာ။
သန့်ရှင်းရေးသာ လိုပါတယ်။ ဒါပေမဲ့ တယောက်နဲ့ တယေက် ခံစားရတာ မတူလို့ ဆင်ခြင်စရာ၊ ပြုပြင်စရာတွေ လိုမယ်။ ဥပမာ နာတာ၊ စိတ်မူပြောင်းတာ။
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




