27
Feb

အမေးအဖြေ (၁၂၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. 3 လတားဆေးက ခုချက်ချင်းထိုး ခုချက်ချင်းအသုံးပြုလို့ ရပါသလား။
2. AIDS အကြောင်း ဖတ်ချင်လို့ ဆရာ။ အားရင် လင့်ခ်လေး တစ်ခုလောက် ညွှန်းပေးပါ ဆရာ။
3. ကျွန်မသူငယ်ချင်း အသက် ၄ဝ ရှိ ရန်ကုန်တွင်နေသူ ယောက်ျားလေးမှာ
4. ကျွန်တော့် အမျိုးသမီး အတွက် မေးချင်လို့ပါ။ အမျိုးသမီးက ဝန်ထမ်းပါ။
5. ဓမ္မတာ လာတာကတော့ ပုံမှန်၇က်ကို လာပါတယ် ဒေါက်တာ။
6. ဘယ်နှစ်ကြိမ် ဆက်ဆံ ဆက်ဆံ ဆက်ဆံပြီး ရာသီလာရင် ကိုယ်ဝန် မရဘူးပေါ့နော် ဆရာ။
7. သမီးက ယခု (့) မှာ အလုပ်လုပ်နေပါတယ်။
8. B ပိုး အကြောင်း သိချင်လို့ပါ ဆရာ။
9. လွန်ခဲ့သော ၂ ပတ်ခန့်က ကျွန်တော် ဘွဲ့ယူရန် သွားချိန် ကျွန်တော်ကောင်မလေးနဲ့
10. ရာသီလာအောင် ဘယ်လိုလုပ်ရမလဲ။
11. ပုံမှန် ရာသီလာတဲ့ ရက်နဲ့ Ecee2 သောက်ပြီး ငါးရက် အကြာမှာ
12. ကျမရဲ့ ကိုယ်ဝန်က အခု (16) ပါတ် ရှိနေပါပြီရှင့်။
13. Ecee2 ဆေးသောက်နည်း မှန်ပေမယ့် ကိုယ်ဝန် ရနိုင်ပါသလား ဆရာ။
14. ကိုယ်ဝန်ရှိလို့ အော့အန်ခြင်း မူးဝေခြင်းစတဲ့ လက္ခာဏာတွေက
15. ကျွန်မပြောရန် မေ့သွားသည့် အချက်မှာ ကျွန်မသည် အိမ်ထောင်ရှိပါသည်။

Sat, Feb 23, 2013 at 7:54 AM
3 လတားဆေးက ခုချက်ချင်းထိုး ခုချက်ချင်း အသုံးပြုလို့ ရပါသလား။

တားဆေး စားဆေးနဲ့ ထိုးဆေးတွေက ၇ ရက်ကြာမှသာ ထိရောက် ကောင်းတယ်။ မတိုင်ခင် အကာအကွယ် တနည်းနည်း သုံးသင့်ပါတယ်။ Depo injection ကို ရာသီ စဆင်းတဲ့ နေ့ကနေ ၅ ရက်အတွင်း ထိုးရင် ချက်ချင်း ထိရောက်တယ်။ ၅ ရက်နောက်မှ ထိုးရင် ၂ ပါတ်ကြာမှ ထိရောက်တယ်။
Depo Provera သုံးလခံ ထိုးဆေး

Fri, Feb 22, 2013 at 8:22 PM
AIDS အကြောင်းဖတ်ချင်လို့ ဆရာ။ အားရင် လင့်ခ်လေး တစ်ခုလောက် ညွှန်းပေးပါ ဆရာ။

HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-how-to-live-with-positive-person.html
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-acute-infection.html
HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adult.blogspot.in/2012/05/hiv-and-cd4-and-viral-load.html
HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adult.blogspot.in/2012/03/hiv-and-oral-sex.html
HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adult.blogspot.in/2012/07/hiv-duo-test.html
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adult.blogspot.in/2012/03/hiv-faq.html
HIV latest news သတင်းများ http://dts-medicaleducation-adult.blogspot.in/2012/05/hiv-latest-news.htmlAIDS themes HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-1-art.html
HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation-adult.blogspot.in/2013/01/hiv-medicines-side-effects-2-art.html
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-opportunistic-infections.html
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adult.blogspot.in/2012/11/hiv-screening-tests.html
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/hiv-sexual-transmission-hiv.html
HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2013/01/hiv-testing-kits.html
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-1.html
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-tests-2.html
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.com/2011/03/hiv-tests.html
HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducation.blogspot.com/2011/12/victims-of-myanmars-hivaids-struggle.html
HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv.html
HIV အတွက် Truvada ဆေး http://dts-medicaleducation-adult.blogspot.in/2012/07/hiv-truvada_17.html
HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-edurant-fda.html
HIV-AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-1.html
HIV-AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-drugs-2.html
HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adult.blogspot.in/2012/05/hiv.html
HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids-myths-and-facts.html
HIV-AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation-adult.blogspot.in/2013/01/hiv-aids.html

HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-and-marriage.html
HIV and Oral sex ဆက်ဆံတဲ့အခါပါးစပ်သုံးတာ နဲ့ HIV http://dts-medicaleducation-adult.blogspot.in/2013/01/hiv-and-oral-sex-hiv.html

Fri, Feb 22, 2013 at 7:27 PM
ကျွန်မ သူငယ်ချင်း အသက် ၄ဝ ရှိ ရန်ကုန်တွင်နေသူ ယောက်ျားလေးမှာ စက်ဘီး ၁ဝ ရက်လောက်ဆက်တိုက် နင်းပြီး ယနေ့မှာ ဆီးသွားရာတွင် အနီရောင်ဘက် သန်းနေသည်ဟု ပြောပါသည်။ အဲဒါကြောင့် ဘာဆေးများ သောက်သင့်သည်ကို ဆရာ့ အနေဖြင့် ကျေးဇူးပြုပြီး ပြောပြပေးပါရှင့်။

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်
UTI ဆီးလမ်းရောဂါ ပိုဖြစ်နေကြတယ်

Fri, Feb 22, 2013 at 7:25 PM
ကျွန်တော့် အမျိုးသမီးအတွက် မေးချင်လို့ပါ။ အမျိုးသမီးက ဝန်ထမ်းပါ။ သူရာထူး စာမေးပွဲအတွက် ပြင်ဆင်နေချိန်ပါ။ ဒီရက် ပိုင်း ဓမ္မတာလာတော့ သူစာတွေလည်း မလုပ်နိုင်ပဲ အိပ်ပျော်သွား ပါတယ်။ နေ့လည် ပိုင်းတွေမှာ။ စာမေးပွဲ နီးနေတော့ သူစာမလုပ်နိုင်မှာ စိုးနေပါတယ်။ စိတ်စုစည်းမှုလည်း အားနည်းပါတယ်။ ဘာဆေးသောက်သင့်ပါလဲ ဆရာ။ ဘယ်လိုနေထိုင်သင့် ပါလဲ။

• PMS Symptoms ရာသီ မလာခင်ဖြစ်ချင်တာတွေ အနည်းနဲ့ အများ ခံစားရတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အငန်လျှော့စား၊ ကော်ဖီလျှော့သောက်၊ စိတ်မူပြောင်းတတ်သူက သတိထားဆင်ခြင်နေထိုင်ပါ။ လိုအပ်ရင် ဆရာဝန်ပြပါ။ Vitamin E, Calcium နဲ့ Magnesium ဆေးတွေ ပေးတတ်တယ်။
• Junk Food ဆိုင်မှာ အလွယ်ဝယ်ရတဲ့အစားတွေ၊ ခေတ်ပေါ်အစားအစာတွေ ရှောင်ပါ။ အိုက်စခရင်မ်၊ ချောကလက်၊ အာလူးကျော် သကြား၊ အဆီ၊ ကျော်တာတွေ မသင့်ပါ။

Fri, Feb 22, 2013 at 6:50 PM
ဓမ္မတာ လာတာကတော့ ပုံမှန်၇က်ကို လာပါတယ် ဒေါက်တာ။ လာလို့ရှိရင် တော်တော်နည်းပါတယ်။ တခါလာရင် ၂ ရက်တည်းပါ။ လိပ်ခေါင်းက ခွဲပြီးတာ တပတ်ကျော်၂ လောက်ပဲ ၇ှိပါသေးတယ် ဒေါက်တာ။ ကောင်းကောင်း အနာ မကျက်သေးပါဘူး။ တီဘီ အတွက် ဓါတ်မှန်ရိုက်ပြီး စစ်ဆေးပြီပါပြီ။ မရှိပါဘူး ဒေါက်တာ၊ ဗိုက်ထဲမှာက အသံတွေ မြည်နေတယ် ဒေါက်တာ။ ပျို့နေတယ်။ နေလို့ မကောင်းဘူး။ အခုလို ပြန်ပြီး ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အခုဖြစ်နေတာတွေက ခွဲစိတ်ကုသထားလို့ဖြစ်နိုင်တယ်။ အနေအစား မခွဲခင်ကလိုမဟုတ်တာလဲပါမယ်။ လိပ်ခေါင်းခွဲထားလို့ အစာလမ်းမှာ အရင်လို နေသားမကျသေးဘူး။ အနေအစား မှန်လာရင် ကောင်းသွား မှာပါ။ လေများနေတာအတွက် လေဆေး တခုခုသောက်နိုင်တယ်။ ဝမ်းပျော့အောင် ဂရုစိုက်ပါ။ ဝမ်းလဲ မချုပ်စေပါနဲ့။ ပျို့ချင်တာလဲ လေများလို့ကနေ ဆက်ဖြစ်တာဖြစ်နိုင်တယ်။ တကယ် အန်ချင်ရင် အအန် သက်သာဆေး တခုခုသောက်ပါ။ ဆရာရေးထားတာ ရှိပါတယ်။ ဘယ်ဆေးမျိုးကို လက်လှမ်းမီလဲ မသိလို့ တိတိကျကျ မပြောချင်ပါ။

Fri, Feb 22, 2013 at 5:30 PM
ဘယ်နှစ်ကြိမ် ဆက်ဆံဆက်ဆံ ဆက်ဆံပြီး ရာသီလာရင် ကိုယ်ဝန် မရဘူးပေါ့နော် ဆရာ။

အမျိုးသမီးတဦး ရာသီလာနေတယ် ဆိုရင် ဒီအရင်က ဘယ်လိုနေနေ နေခဲ့တာတွေကြောင့် ကိုယ်ဝန် မရစေခဲ့ပါ။ ရာသီဆိုပေမဲ့ ကိုယ်ဝန်ပျက်ကျလို့ သွေးဆင်း တာလဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန် ပျက်တယ်ဆိုတာမှာလဲ ရှိမှန်းမသိပဲ ပျက်တာလဲ ရှိတတ်တယ်။ ဆေးတခုခုသောက်လို့လဲ ဖြစ်နိုင်တယ်။

Fri, Feb 22, 2013 at 4:17 PM
သမီးက ယခု (့) မှာ အလုပ်လုပ်နေပါတယ်။ အလုပ်ထဲမှာတော့ အပူများပါတယ်  ဆရာ။ သမီးအသက် ၃၃ နှစ် အိမ်ထောင် သက် ၂ နှစ်ရှိပါပြီ။ သမီးမှာ ယခု ကိုယ်ဝန် တလရှိနေပါတယ်။ ခံစားနေရတာက ရင်တွေ အရမ်းတုန်ပြီး အဖြူတွေလဲ ဆင်းနေပါတယ်။ စားပြီးတိုင်းလဲ ပျို့အန်ချင်ပြီး မလုပ်ချင် မကိုင်ချင်ဖြစ်နေလို့ပါ ဆရာ။ ဘယ်လိုနေထိုင် စားသောက်သင့်တယ်။ ဘယ်ဆေးမျိုး သောက်သင့်တယ်။ မစားသင့်တဲ့ အစားအစာမျိုးပါ တခါတည်း ညွှန်ကြား ပြသပေးပါ ဆရာ။ သားဦးဆိုတော့ အမှားအယွင်းဖြစ်မှာ စိုးလို့ပါ။ နဂိုကတည်းက သမီးရဲ့ အသားအရေက ပူတယ်ဆရာ။

Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

Fri, Feb 22, 2013 at 1:39 PM
B ပိုးအကြောင်း သိချင်လို့ပါဆရာ။ C ပိုးဆိုတာ B ပိုးက တစ်ဆင့်ဖြစ်တာ ဟုတ်ပါသလား ဆရာ။ ဖြစ်ရင် ကုဖို့ လွယ်ကူပါသလား ဆရာ။

Hepatitis B အသဲရောင် ဘီ ပိုး
• Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
• Hepatitis C (1) (စီ) ပိုး http://dts-medicaleducation.blogspot.com/2011/11/hepatitis-c.html
• Hepatitis C (2) (စီ) ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html
• Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) http://dts-medicaleducation.blogspot.in/2012/02/hepatitis-c-2.html
• Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ http://dts-medicaleducation.blogspot.com/2012/01/hep-c-vaccine.html

Fri, Feb 22, 2013 at 1:36 PM
လွန်ခ့သော ၂ ပတ်ခန့်က ကျွန်တော် ဘွဲ့ယူရန်သွားချိန် ကျွန်တော်ကောင်မလေးနဲ့ ကျွန်တော်မှားခဲ့ပါတယ်။ ကွန်ဒုံးတော့ ပါပါတယ်။ ဒါပေမယ့် ဆက်ဆံနေရင်နဲ့ ကျွတ်သွားတယ်ထင်လို့ စိတ်ချရအောင် Duet ဆေးကို (ကိုယ်ဝန်တားဆေး) ဆေးဆိုင်က မေးပြီးဝယ် တိုက်မိပါတယ်။ ဆေးက ၂ ပြားပါ။ ပထမ ၁ ပြားသောက်ပြီး ၁၂ နာရီအတွင်း နောက် ၁ ပြား သောက်ရတာပါ။ ဆေးညွှန်းအတိုင်းပဲ။ ၂၄ နာရီ ကျာ်ပြီးမှ တိုက်လိုက် ပါတယ်။ ဆေးက ၇၂ နာရီ အတွင်းရတယ်လို့ ရေးထားပါတယ်။ ဆေးသောက်ပြီး ၃ ရက်အကြာမှာ ကျွန်တော့်ကောင်မလေး သွေးစဆင်းပါတယ်။ သွေးဆင်းတာ နည်းပေမယ့် ခုထိ မရပ်သေးပါဘူး။ သွေးဆင်းတာ ဒီနေ့ထိဆို ၈ ရက် ၉ ရက်လောက်ရှိပါပြီ။ အခု ကျွန်တော်က ရန်ကုန် ရောက်နေပါတယ်။ နယ်ကို ပြန်ခေါ်ပြီးတော့ ဆရာဝန်နဲ့ သွားပြဘို့ခေါ်နေပါတယ်။ အခု ကိစ္စအရေးကြီးပါ သလား။ ဆေးညွှန်း ထဲမှာတော့ အော့အန်တာ၊ ခေါင်းမူးတာ၊ သွေးဆင်း မမှန်တာတွေ ဖြစ်နိုင်တယ်လို့ ရေးထားပေမယ့် ရက်က ကြာနေလို့ပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုဆက်လုပ်ရမလဲ၊ စိတ်ပူရလား ဆိုတာတွေကို ဆရာအနေနဲ့ အမြန်ဆုံး အကြောင်းပြန်ပေးစေချင် ပါတယ်။ ကျွန်တော်ကောင်မလေး အသက်က ၂၂ နှစ်ပါ။

အရေးပေါ် တားဆေးသောက်ရင် တယောက်နဲ့ တယောက် ဖြစ်လာတာ မတူပါ။ မိန်းကလေးရဲ့ ရာသီရက်၊ အတူနေတာနဲ့ ဆေးသောက်ချိန် အကွာအဝေး စတာတွေအရ မတူတာဖြစ်တယ်။ သွေးဆင်းရင် ကိုယ်ဝန် အတွက်တော့ စိုးရိမ်းရာ မလိုပါ။ ကုန်အောင် ဆင်းပါမယ်။ လူက နေကောင်းနေရင် စိုးရိမ်စရာမရှိပါ။ သွေးဆင်းများသူတိုင်း မူးတာ၊ မောတာဖြစ်တတ်တယ်။ နားရမယ်၊ ရေ။ အရည်များများသောက်ပါ။ ဗီတာမင် စီ ၅ဝဝ အား တနေ့ ၂ ကြိမ်သောက်နိုင်တယ်။ သံဓါတ်အားဆေး ကြာကြာဆက်သောက်နေရမယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာလဲ တယောက်နဲ့ တယောက် မတူကြပါ။ ခံစားရလဲ မကြာပါ။

Fri, Feb 22, 2013 at 12:08 PM
ရာသီလာအောင် ဘယ်လို လုပ်ရမလဲ။ အခုဆို 22 ရက်နေ့တောင် ရှိနေပြီ။ ရှေ့တစ်လကလဲ မလာဘူး။ လာမယ်ဆိုရင် 25 26 လောက်ဆို လာနေကျပါ။ စောင့်ကြည့်မယ် ဆိုရင်လဲ မလာမှာ ဆိုးရိမ်နေတယ်။ ဘာဆေးတွေ သောက်ပြီး လာအောင် လုပ်ရမလဲ။ ရာသီ လာခါနီးရင် ရင်ဘက်ထိပ်ကလေးတွေ နာတက်တယ်လို့ ကြားဖူးပါတယ်။ ကျန်ခဲ့တဲ့ လကလဲ နာပါတယ် ဒါပေမယ့် မလာပါဘူး။ အခုလဲ နည်းနည်းတော့ နာတယ်။ မလာမှာကို စိုးရိမ်နေတယ်။ သမီးမှာ ကိုယ်ဝန် မရှိတာတော့ ကျိန်းသေပါတယ်။ ဆီးလဲ စစ်ပြီးပါပြီ။ ဆရာပြောတဲ့ ကူးစက်ရောဂါဆိုတာကိုလဲ ဆရာပို့ပေးတဲ့ စာတွေကနေ ဖတ်ကြည့် ရသလောက်တော့ သမီးနဲ့ တူတာ တစ်ခုမှ မတွေ့ပါဘူး။ မတူဆို သမီးမှာ ရောဂါလက္ခဏာ တစ်ခုမှကို မပြပါဘူး။ ရိုးရိုးသာမာန်ပဲ ဗိုက်အောင့်တာ နာတာလဲ မရှိသလို အလေးချိန်လျှော့သွားတာတွေ တိုးလာတာတွေလဲ မရှိပါဘူး။ အနာပေါက် တာတွေလဲ မဖြစ်ပါဘူး။ အဖြူဆင်းတယ် ဆိုတာကလဲ သာမာန်လောက်ပဲ ဆင်းတာပါ။ အရမ်းကြီး များနေတာမျိုး မရှိဘူး။ (ဟိုတစ်လောက ပြောသလို အရောင်နဲ့ အဖြူဆင်းတယ် ဆိုတာလဲ ခဏ တစ်ဖြုတ်လေး ပဲဖြစ်ပြီး နောက်ပိုင်း လုံးဝ လုံးဝကို မဆင်းတော့ပါ)။ စိုးရိမ်လို့ ကေသီပန်လိုမျိုး သွေးဆေး သောက်ပြစ် လိုက်ရမလား။ ဘယ်လိုမျိုးဆေးတွေ သောက်သုံးသင့်လဲ။ နောက်ပိုင်း မှန်လာအောင်လဲ ဘယ်လို ဆက်ပြီး ဂရုစိုက်ရမလဲ။ အိမ်ထောင်ပြုရင် သားသမီး ယူဖို့ ဆန္ဒရှိသူဆိုတော့ ရာသီမှန်အောင် အခုထဲက ဂရုစိုက်ချင်လို့ပါ။

ရာသီမှန်ချင်ရင် မလွယ်နည်းကတော့ အိမ်ထောင်ရှိရှိ။ မရှိရှိ ကိုယ်ဝန်တားဆေး သောက်ရမယ်။ ဟော်မုန်း ၂ မျိုးပါ၊ လူအများသောက်တဲ့၊ ဈေးလဲချို၊ ဝယ်ရတာလဲ မခက်တဲ့၊ တနေ့ ၁ လုံး၊ တလ ၂၈ လုံးပါတားဆေးကို ပုံမှန် ၃-၄ လသောက်ပါ။

Fri, Feb 22, 2013 at 12:35 PM
ပုံမှန် ရာသီလာတဲ့ ရက်နဲ့ Ecee2 သောက်ပြီး ငါးရက်အကြာမှာ အနည်းငယ်လာတဲ့ရက် ဘယ်ရက်ကို အတည် ယူရမလဲ ဆရာ။ ကျွန်တော် ဆိုလိုတာက နောက်လလာမယ့် ရက်ကို ဘယ်ရက်ယူရမလဲ ဆရာ ပုံမှန် လာတဲ့ ရက်လား Ecee2 သောက်ပြီး ပြောင်းတဲ့ရက်လား ဆရာ။

အရေးပေါ် တားဆေးကြောင့် ရာသီရက်ပြောင်းမယ်။ နောက်ဆုံးသွေးစဆင်းတဲ့ ရက်ကိုပဲ ယူရတော့မယ်။

Fri, Feb 22, 2013 at 11:56 AM
ကျမရဲ့ ကိုယ်ဝန်က အခု (16) ပါတ် ရှိနေပါပြီရှင့်။ အသက်က (29)နှစ်ပါရှင့်။ သားဦး ကိုယ်ဝန်သည်ပါ။ မြန်မာနိုင်ငံက နယ်မြို့ တစ်မြို့ကပါရှင့်။ ဆရာရဲ့ မလိုချင်သောကိုယ်ဝန်မှာ “၁၃-၂၂ ပါတ် အထိ ကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ ဖျက်ခြင်း၊ Misoprostol 400mcg ကို မွေးလမ်းကြောင်းကနေ ၃ နာရီတခါ၊ ပေါင်း ၅ ခါထည့်ပါ။” လို့ရေးထားတာ ဖတ်ရပါတယ်ရှင့်။ ဆိုင်မှာမေးကြည့်တော့ 200mcg ပဲရှိတယ်တဲ့ ဆရာ အဲ့ဒါဆို တစ်ခါထည့်ရင် (၂) လုံး ထည့်ရမှာလားဟင် နောက်ပြီး ဆရာဝန်ညွှန်ကြားချက် မရှိပဲသောက်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း သိချင်လို့ပါရှင့်။ သားအိမ်ခြစ်ဖို့ကော လိုလားဟင်။ ဘယ်လို treatment မျိုးတွေ ဆက်လုပ်ဖို့ လိုပါသလဲ ဆရာရှင့်။ ကျမက အလုပ်တဖက်နဲ့ ဆိုတော့လေ စနေနှင့် တနင်္ဂနွေ ပိတ်ရက် (၂) ရက်ပဲ အချိန်ရပါတယ်ရှင့်။ တရက်တည်း အကုန်ကျပါသလားရှင့်။ အနားယူဖို့ လိုသလားဟင် ဘယ်နှစ်ရက်လောက် အချိန် ယူရပါလဲရှင့်။ ဆရာ့ကို မေးခွန်းတွေ အများကြီးမေးလိုက်ရလို့ အရမ်း အားနာပါတယ်ရှင့်။

ဆောရီး။ ဆရာက ကိုယ်ဝန်ကို တမင်တကာ ဖျက်တာအတွက် ဆေးစာသာရေးပါတယ်။ ကိုယ်တိုင် ဖျက်မပေးပါ။ ဖျက်ဘို့လည်း ဆေးမညွှန်ပါ။

Fri, Feb 22, 2013 at 11:06 AM
Ecee2 ဆေးသောက် နည်းမှန်ပေမယ့် ကိုယ်ဝန် ရနိုင်ပါသလား ဆရာ။

Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု

Fri, Feb 22, 2013 at 8:03 AM
ကိုယ်ဝန်ရှိလို့ အော့အန်ခြင်း မူးဝေခြင်းစတဲ့ လက္ခာဏာတွေက ဘယ်ချိန်လောက်မှာစတင်ဖြစ်တာပါလဲဆရာ။ ကိုယ်ဝန်ရင့်မှာသိတာပါလား။ ဆရာ မနေ့က ပို့လိုက်တဲ့ ဆေးခန်းကို လှူဖို့ ဆက်သွယ်တဲ့ ဟာကြီးကို ကျွန်တော် နားလည်ဘူးဆရာ။ ဘယ်လို စဆက်သွယ်ရမလဲ မသိဘူး။

မေးတဲ့သူက ဘယ်မှာနေလဲ မသိပါ။ ဘယ်ပိုက်ဆံ အမျိုးအစားပို့ချင်လဲ မသိပါ။ ဘဏ်စာရင်းရှိလား မသိပါ။ ပို့ထားတာက (၁) အမေရိကန် ဒေါ်လာသုံးသူများက ဘဏ်ငွေလွဲ စနစ်နဲ့ပို့နည်း နဲ့ (၂) ချက်လက်မှတ်ရေးပြီး စာတိုက်က ပို့နည်းဖြစ်ပါတယ်။ မြန်မာပြည်ကဆိုရင် လူကြုံကနေသာ ပို့တာ အဆင်ပြေပါတယ်။ ဘုရားဖူ လူကြုံကနေ ပို့ရတာ များပါတယ်။ Western Union ဆိုရင် မြန်တော့မြန်ပေမဲ့ ကုန်ကျ စရိတ် များတယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top