1
Mar

အမေးအဖြေ (၁၂၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကိုယ်ဝန်ကို ကိုယ့်ဘာသာဆေးသုံးဖျတ်တာက အသက်အန္တရာယ်ရှိနိုင်ပါသလား။
2. isoprostol Administration ဆိုတာဘာဆေးလဲဆရာ
3. ဆရာရှင့် သမီးအသက်က 22 နှစ်ပါ။
4. ရာသီလာပြီး တစ်ပတ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန် မရေစဘူးဆိုတာ ဟုတ်ပါသလား။
5. ၂၂-၂-၂ဝ၁၃ ရက်နေ့ သမီးမေးတဲ့ မေးခွန်းမှာပါတဲ့ အဖြူဆင်းတဲ့ အကြောင်း
6. ကျနော်နဲ့ ကျနော်ကောင်မလေး အတူနေခဲ့တာကြာပါပြီ။
7. ကျွန်တော်က အသက် ၂ဝ တက္ကသိုလ်ကျောင်းသား တစ်ယောက်ပါ။
8. ကျွန်တော့နာမည် (့) ပါ။(အသက် ၂၅)၊
9. I have seen the following document titles from your Q and A over 18 Reading
10. သမီးအသက်က ၂၃ နှစ်ပါဆရာ။
11. I hereby attached the following to get the urgent help from you, please.
12. ဆရာ နားနဲ့မနာ ဖဝါးနဲ့ နာပေးပါရှင်။
13. ကျွန်တော့်အင်္ဂါမှာထူးခြားမှူရှိလို့ပါဆရာ။
14. ကျွန်တော် အမည်က (့)။ အသက်က ၄၇ နှစ်ပါ။
15. ဆရာရေးထားတဲ့ ပြက္ခဒိန်တွက်နည်းအရ ရာသီမလာခင်(7)ရက် နဲ့ လာပြီး(7)ရက်မှာ

Thu, Feb 21, 2013 at 11:55 PM
ကိုယ်ဝန်ကို ကိုယ့်ဘာသာ ဆေးသုံးဖျတ်တာက အသက် အန္တရာယ် ရှိနိုင်ပါသလား။ ကိုယ်ဝန် ရှိနေတယ်ဆိုတာကို ဆီးစစ်တဲ့ နည်းကလွဲလို့ ဘယ်နည်းနဲ့ အစောဆုံး သိနိုင်ပါသလဲ။ Ecee2 သောက်တာများရင် ရာသီရက် အများကြီး နောက်ကျ တတ်လားဆရာ။

Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ

Thu, Feb 21, 2013 at 11:02 PM
isoprostol Administration ဆိုတာဘာဆေးလဲဆရာ ဆရာရေးထားတဲ့စာထဲကအရဆိုရင် ကိုယ်ဝန်ဖြတ်ဆေးပေါ့နော်။ အဲ့ဆေးကို မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်လို့ ရပါသလား ဆရာ နောက်ပြီး အဲ့ဆေးက ဘာအတွက် သုံးလို့ ရပါသေးသလဲ သားအိမ်ခေါင် ကင်ဆာ ကာကွယ်ဆေးက သွေးစစ်ပြီးမှာ ထိုးရတာလား ဆရာ မစစ်ဘဲ ထိုးလည်း ရလားဆရာ ဆရာ့အတွက်ကောင်းသော ညလေးဖြစ်ပါစေ..

မြန်မာပြည်မှာ ဝယ်လို့ ရ-မရ ဆရာမသိပါ။ ဆရာက အထဲမှာ မနေရပါ။ ရမယ်ထင်ပါတယ်။
HPV Vaccine for young women သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး
Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)

Thu, Feb 21, 2013 at 9:49 PM

ဆရာရှင့် သမီးအသက်က 22 နှစ်ပါ။ သမီး ပွင့်ပွင့်လင်းလင်းပဲ မေးမယ်နော်။ ဆရာလည်း ပွင့်ပွင့်လင်းလင်းဖြေလို့ရအောင်။ သမီး အမျိုးသားကလေ သူ့အင်္ဂါကြီးအောင် ဆေးထိုးချင်တယ်တဲ့။ ပြောလို့လည်း မရဘူး ဆရာ။ သမီးက စိုးရိမ်လို့ပါ။ စာတွေလည်း ဖတ်ဖူပါတယ်။ အဲလို ထိုးလိုက်လို့ ကြာရင် ခံစားမှု မရှိတော့တာတွေ ပိုးဝင်သွားတာတွေ ကလေး မရနိုင်တော့တာတွေဖြစ်မှာ စိုးတယ်။ အဓိကကတော့ ကလေး မရနိုင်တော့မှာ ကိုပါ။ သမီးတို့မှာ ကလေး မရှိသေးပါဘူး။ မယူသေးတာပါ။ လိုချင်တဲ့ အချိန်ကျတော့မှ မရမှာစိုးတယ်။ တကယ်လို့ ဆရာဝန်နဲ့ သေသေချာချာ ဆေးထိုးမယ်ဆိုရင်ကော ရနိုင်လား။ ရေရှည်မှာကော ကောင်းပါ့မလား။ ထိုးဆေးမဟုတ်ပဲ သောက်ဆေး၊ လိမ်းဆေးကော ရှိပါသလား။ ရှိရင် ဆေးနာမည်နဲ့ ဝယ်လို့ရနိုင်မယ့်နေရာကို ပြောပြပေးပါနော်။ ဆေးတော့ မထိုးစေချင်လို့ပါ။ အဖြေကို ဆရာ့ ဆိုဒ်တွေမှာတော့ ရှာမဖတ်ခိုင်းပါနဲ့နော်။ ဆရာကိုယ်တိုင်ပဲ ဖြေပေးပါ။ ပြီးတော့ တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက်ပိုသောက်ရင် ကလေးမရနိုင်ဘူးလို့ ဖတ်ဖူးပါတယ်။ ဟုတ်ပါသလား။ သမီးက ကော်ဖီ အရမ်းသောက်လို့ပါ။ သမီးမေးထားတာတွေ ဖြေပေးပါနော် ဆရာ။ ဆရာ့မေးလ်ကို စောင့်နေပါ့မယ်။ ကျေးဇူးပါ

ကျားလိင်အင်္ဂါဆေးထိုးတာ လုံးဝအားမပေးပါ။ ဆရာဝန်အစစ်တွေကထိုးမပေးပါ။ နောင်မှာ လူစဉ်မမှီဖြစ်လာနိုင်တယ်။ ကလေးမရနိုင်တာထက် စိတ်ဆင်းရဲရနိုင်တယ်။
Penile Injection Therapy ကျားလိင်အင်္ဂါ ဆေးထိုးခြင်း
Penile Penicillin Injection ကျားလိင်အင်္ဂါ ဆေးထိုးခြင်း (၂)

Sat, Feb 23, 2013 at 5:32 PM
ရာသီလာပြီးတစ်ပတ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရေစဘူးဆိုတာ ဟုတ်ပါသလား။ (100%) စိတ်ချရပါသလား။

Calendar method ပြက္ခဒိန်နည်း

Sun, Feb 24, 2013 at 11:14 AM
၂၂-၂-၂ဝ၁၃ ရက်နေ့ သမီးမေးတဲ့ မေးခွန်းမှာပါတဲ့ အဖြူဆင်းတဲ့ အကြောင်း အဖြေပါမလာလို့ ဒုတိယ အကြိမ် ထပ်မေးလို့ စိတ်မရှိပါနဲ့ ဆရာ။ ယခု သမီးမှာ အဖြူတွေဆင်းပြီး ရင်တွေတုန် ကိုယ်လက်မအီမသာနဲ့ မလုပ်ချင် မကုန်ချင်ဖြစ်ပြီး အမြဲလိုလို မောပန်းနေလို့ပါ ဆရာ။ အခုလိုဖြစ်တာ တပတ်ကျော်ပါပြီ ဆရာ။ ဆေးခန်းပြဖို့ အခက်အခဲ ရှိနေသောကြောင့် အားကိုးတကြီး အကူအညီတောင်းရတာပါ ဆရာ။ သားဦး ကိုယ်ဝန်ဆိုတော့ တခုခုဖြစ်မှာ စိုးရိမ်လို့ပါ ဆရာ။ သောက်ရမည့် ဆေးကိုညွှန်ကြားပေးပါ ဆရာ။ ကိုယ်ဝန်ဆောင် မိခင်တွေဆို ဆရာဝန်ညွှန်ကြားသောဆေးသာ သောက်ခွင့်ရှိပြီး တခြားဆေး သောက်ခွင့် မရှိဘူးဆိုတာ ဟုတ်ပါသလား ဆရာ။သမီး ဝမ်းချုပ်သောကြောင့် မြန်မာဝမ်းမှန်ဆေး (ဆရာမိုး ရှောက်တလုံး) နှင့် ဦးချိန်တီ အစာကြေဆေးကို သောက်ပါတယ်ဆရာ။ ကိုယ်ဝန်ကို ထိခိုက်စေနိုင်ပါသလား ဆရာ။ သမီးကိုယ်ဝန်က တလမပြည့်သေးပါဘူး ဆရာ။ ကိုယ်ဝန်ဆောင် အားဆေးဖြစ်တဲ့ အိုဘီမင်ကို ကိုယ်ဝန် ဘယ်အချိန်ကနေ ဘယ်အချိန်ထိ သောက်ရပါသလဲ ဆရာ။

အဖြူဆင်းတာက ကိုယ်ဝန်ရှိမှာတော့ မသိပါ။ ယာ-မယား မသိပါ။ အနံ့ဆိုး-မဆိုး မသိပါ။ များလဲမများ၊ ယားလဲ မယားရင်တော့ ဆေးမလိုလောက်ပါ။ အလွန်ဆုံး Metronidazole ကို တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅ ရက် သောက်ရင် ပျောက်ပါမယ်။ ခင်ပွန်ဆီကနေ လိင်ကတဆင့် ကူးစက်တာ ကိုယ့်ဆီ ကူးတာ ဆိုရင်တော့ Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်ပါသောက်ရမယ်။ Prenatal capsule / Tablet ကိုယ်ဝန်ဆောင် အားဆေးဆိုတာ နာမည်နဲ့ လာတာဆိုရင်လဲ သောက်နိုင်ပါတယ်။ တခြားဆေး မလိုလောက်ပါ။ အလွယ်ဆုံးက သံဓါတ်အားဆေး + ဗီတာမင် ဘီ + ဖေါလစ်အက်စစ် ၃ မျိုးတွဲသောက် ရမယ်။ ဖေါလစ်အက်စစ်ကို တနေ့ ၁ ပြားသာသောက်ပြီး ကျန် ၂ မျိုးကို တနေ့ ၂ ကြိမ်သောက်ရတယ်။ Folic acid ဆေးပြာကို ဖတ်ပါ။ တနေ့မှာ 0.5-1.0 mg ထက်မပိုပေါစေနဲ့။ mg ဆိုတာ အသေအချာ ဖတ်ပါ။ ကိုယ်ဝန်ရင့်လာလို့ ကြွက်တက်ာဖြစ်ရင် ကယ်လ်စီယမ်ဆေးပြားလဲ သောက်သင့်တယ်။ Ferrous sulfate or Ferrous fumarate သံဓါတ်အားဆေးက ဝမ်းချုပ်တတ်တယ်။ ရေ-အရည်များသေားသောက်၊ အသီးအရွက် များများစားတာနဲ့ ပြင်နိုင်တယ်။။ မြန်မာဆေးတွေမှာ အငန်ပါတာများတယ်။ သွေးတိုး မတက်ရင်တော့ သောက်နိုင်ပါတယ်။ စွဲသောက်သလိုတော့ မကောင်းပါ။ ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။

Sun, Feb 24, 2013 at 3:45 PM
ကျနော်နဲ့ ကျနော်ကောင်မလေး အတူနေခဲ့တာကြာပါပြီ။ နောက်ဆုံးနေခဲ့တာက ၄ လကျော်လာက်ကြာပါပြီ။ အရင်က သူကိုမေးတုန်းက အတူနေပြီး နောက်လ ရာသီလာတယ်လို့ ပြောတယ်။ အခုနောက်ဆုံး ၂ လဆက်တိုက် ရာသီမလာဘူးဖြစ်နေတယ်။ ရာသီမမှန်တာလား ဘာဖြစ်တာလည်း မသိဘူး။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်ဖြစ်တတ်တဲ့ လက္ခဏများကို ပြောပြပေးပါ။ (ဥပမာ -ပျို့အန်တာလို ဟာမျိုး နောက် ဘာတွေဖြစ်တတ်သေးလည်း ဆရာ) သူကတော့ ပျို့အန်တာတွေဘာတွေ မရှိဘူးပြောပါတယ်။ အခုနောက်ပိုင်း သူက နည်းနည်းလည်း ၀လာတယ်။ အသက်က ၂၅ နှစ်ပါ။ရာသီလာအောင်သွေးဆေးလည်း သောက် ပါတယ်။

သေချာအောင် ဆီးစစ်ပါ။ စာ ၂ ပုဒ်ပို့ပါတယ်။
Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Sun, Feb 24, 2013 at 8:40 PM
ကျွန်တော်က အသက် ၂ဝ တက္ကသိုလ်ကျောင်းသား တစ်ယောက်ပါ။ ကျွန်တော့်ကောင်မလေးက ကျွှန်တော့်ထက် ၄ နှစ်ကြီးပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁ ပတ်လောက်က အတူနေခဲ့ကြပါတယ်။ သူအခု ရာသီ မလာတာလည်း ကြာပြီ။ ခါတိုင်းဆို ရာသီပုံမှန်မလာရင် ဆေးထိုးပီးတော့ ရာသီလာအောင် လုပ်ပါတယ်။ အခု အကြိမ်ဆေးထိုး ထားတာတောင် ရာသီ မလာသေးဘူးဖြစ်နေတယ်ဗျာ။ ကိုယ်ဝန် ရှိသွားမှာ အရမ်းစိတ်ပူမိပါတယ်။ အခုအချိန် တားဆေးသုံးရင်ကော မှီသေးလား။ ကျွန်တော့ အနေနဲ့လည်း သူ့ကို လပကထပ်နိုင်တဲ့ အခြေအနေ မဟုတ်လို့ပါ။ ဆက်ဆံပြီး တစ်ပတ် ၁ဝ ရက်လောက်နေမှ တားဆေးသုံးလို့ကော ရနိုင်သေးလား ဆရာ။

အချက်အလက်တော့ မပြည့်စုံပါ။ ကိုယ်ဝန်ရှိ-မရှိ သေချာချင်ရင်တော့ ဆီးစစ်ပါ။ ဘယ်နှစ်ရက်နောက်ကျနေလဲ မသိရပါ။
ရှိနေတာအတွက်တော့ မကူညီနိုင်ပါ။ ဆေးပညာ သုတအတွက် ဆရာ့ဆိုက်မှာ ဖတ်နိုင်ပါတယ်။

Sun, Feb 24, 2013 at 8:51 PM
ကျွန်တော့နာမည် (့) ပါ။ (အသက် ၂၅)၊ (့) ကပါ။ ကျွန်တော့မှာ ချစ်သူ မိန်းကလေး ရှိပါတယ်။ လွန်ခဲ့သော ၂ လက စေ့စပ်ထားခဲ့ပါတယ်။ ကောင်မလေးက လစဉ် ၇ ရက်နေ့နောက်ပိုင်း ရာသီ လာတယ်လို့ ပြောပါတယ်။ ဘယ်နေ့တွေမှာ အတူတူနေရင် ကိုယ်ဝန် ရတတ်ပါသလဲ ခင်ဗျာ။ နောက်ပြီး အတူတူနေပြီးလျှင် မိမိ ကိုယ်ကိုယ် အားမရှိ သလိုလို လမ်းလျှောက်ရတာ ဒူးမခိုင်သလို ဖြစ်ဖြစ် နေတတ်ပါသည်။ ထို့ကြောင့် အတူတူ နေပြီးလျှင် လုပ်ဆောင်ရမည့် ကိစ္စများနှင့် ဖြည့်စွက် အစားအစာ ဆေးဝါးများအား မှီဝဲ သင့်ပါလဲ။

Calendar method ပြက္ခဒိန်နည်း

Mon, Feb 25, 2013 at 10:57 AM
I have seen the following document titles from your Q and A over 18 Reading page. I also would like to read. Could you please send these documents to me?

• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion Q and A (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.html
• Abortion Q and A (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
• Medical abortion (4) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၄) http://dts-medicaleducation-adult.blogspot.in/2012/05/misoprostol.html

Mon, Feb 25, 2013 at 9:05 AM
သမီးအသက်က ၂၃ နှစ်ပါဆရာ။ ၂ဝဝ၈ နှစ်လောက်က nursing student ဘဝမှာ hapatitis B Vaccine ထိုးဖို့ HBsAg စစ်ကြည့်တော့ (+) ထွက်ခဲ့ပါတယ်ဆရာ။ HBV အကြောင်းသိချင်လို့ Lab တစ်ခုမှာလဲ ၆ လလောက်လုပ်ခဲ့ ဘူးပါတယ်ဆရာ။ liver function test တွေလဲ မကြာမကြာစစ်ကြည့်ပါတယ်။ normal range မှာပဲရှိပါတယ်ဆရာ။ ဆရာဝန် ညွှန်ကြားချက်နဲ့ အသည်းအားဆေးသောက်နေပါတယ်။ viral load တော့ မစစ်ကြည့်ရသေးပါ။ HbeAg လဲ non reactive ထွက်ပါတယ် ဆရာ။ သမီးက အခု (့) ဆေးရုံမှာ တာဝန်ကျပါတယ်ဆရာ။ သမီးသိချင်တာက အလုပ်လုပ်ဖို့ အတွက် သင့်မသင့်ပါ။ နောက်တစ်ခုက အိမ်ထောင်ပြုသင့် မသင့်ပါဆရာ။ အိမ်ထောင်ဖက်က ကာကွယ်ဆေးထိုးထားခဲ့ရင် မကူးဆက်နိုင်တာ သေချာပါ့မလားဆရာ။ အတတ်နိုင်ဆုံး ဘယ်သူ့မှ မကူးစေချင်တာပါဆရာ။ သမီးချစ်သူကိုလဲ ဘီးပိုးရှိနေတာ မပြောပြဖြစ်သေးပါဘူး။ အတတ်နိုင်ဆုံးအကြံပေးစေချင်ပါတယ်ဆရာ။

ဘီပိုးအကြောင်းလဲ သိထားမှာပေါ့။ လိုရင်ဖတ်ဘို့ လင့်ခ် တွေ ပို့လိုက်ပါတယ်။ သိတဲ့အတိုင်း ကူးစေမဲ့လမ်းကြောင်းတွေက သွေးနဲ့ လိင်ဆက်ဆံမှုအပြင် မွေးဖွါးလမ်းလဲပါတယ်။ အသေအချာ ကာကွယ်နည်းတွေလဲ ရှိထားပါတယ်။ အတူနေဘက်၊ ကလေးမီးဖွါးရင်၊ အလုပ်ခွင် ဘယ်လိုလုပ်ရမလဲ တိတိကျကျ ရှိထားပါတယ်။ အကောင်းဆုံးကို ရွေးချယ်ဆုံးဖြတ်နိုင်ပါစေလို့ ဆရာ ဆုတောင်းပါတယ်။ အဓါက စိတ်ဓါတ်ခိုင်မာပါ။
• Hepatitis အသဲရောင်ခြင်း အမျိုးမျိုး http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
• Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

Mon, Feb 25, 2013 at 9:04 AM
I hereby attached the following to get the urgent help from you, please. The liver specialist will advise you for proper treatment. The results show you have liver problem.

• Hepatitis အသဲရောင်ခြင်း အမျိုးမျိုး http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
• Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

Wed, Feb 27, 2013 at 12:57 PM
ဆရာ နားနဲ့မနာ ဖဝါးနဲ့ နာပေးပါရှင်။ ကျွန်မက ကျွန်မအမျိုးသားနဲ့ ဆက်ဆံပြီးတိုင်း Levo 72 ကိုပဲ အမြဲသုံးခဲ့ပါတယ် တစ်လ နှစ်ခါလောက်ပေါ့ ဆေးမထိုးရဲလိုပါ အဲ့အကျိုးဆက်တွေလားမသိဘူး ဒီလ 5 ရက်နေ့လောက် ရာသီလာပြီးတာကို ဒီလ 20 ရက်လောက်ကစပြီး အများကြီး မဆင်းပေမယ့် လက်နဲ့ ထိလျှင်ပေကျံလာပါတယ် နည်းနည်းစီပေါ့ ဆရာ အဲ့ဒါအခုထိပါပဲ ဆရာ သူက pad ခံစရာမလိုပဲ အခုလိုနည်းနည်းစီ ဆင်းနေတာ ဘယ်လိုလုပ်ရမလဲဆရာ အရမ်းကြောက်နေလို့ပါ တစ်ချက်လောက်ဖြေကြားပေးပါဆရာ ကျေးဇူးတင်ပါတယ် ဆရာ

ပုံမှန်တားဆေး-တားနည်းကိုသာ အားကိုးသင့်ပါတယ်။
Emergency Contraception (1) အရေးပေါ်တားဆေးများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-1.html
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) http://dts-medicaleducation-adult.blogspot.in/2012/04/emergency-contraception-2.html
Emergency Contraception (3) အရေးပေါ်တားဆေးများ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-contraception-3.html
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html

Wed, Feb 27, 2013 at 2:36 AM
ကျွန်တော့် အင်္ဂါမှာ ထူးခြားမှူရှိလို့ပါ ဆရာ။ အခုဆိုရင် လိင်ပျော်မိခဲ့တာ ၈ လလောက်ကြာသွားခဲ့ပါပြီဆရာ။ လွန်ခဲ့တဲ့ ၂ လကတော့ ကိုယ်ပေါ်မှာပူတာ(အရေပြား) ဖြစ်ခဲ့ပေမယ့် ဆေးစစ်တော့လည်း ဘာမှမရှိ။ ၂ ခါစစ်ပါတယ်။ ၂ ခါလုံး HIV ၊ ဆစ်ဖလစ် မရှိပါဘူးဆရာ။ ဒါပေမယ့် ကျွန်တော် သတိထားမိတာက ကျွန်တော့် အင်္ဂါထိပ်အရေပြားက အရောင်နည်းနည်းပြောင်းပါတယ်။ အရင်ကစိတ်ဖြေတာမှာ ကြမ်းတမ်း သွားမိလို့လား မသိပါဆရာ။ ပွတ်တိုက်မှူကြောင့် အင်္ဂါထိပ်အရေပြားမှာ အဲ့လိုဖြစ်တာလားမသိပါ။ အမည်းရောင် အစက်လေးလည်း အင်္ဂါထိပ်အောက်နားမှာ ပေါ်ပါတယ်။ နောက်သတိထားမိတာက လွန်ခဲ့တဲ့ ၁ လခွဲလောက်ကစပြီး မနက်ခင်း အိပ်ယာနိုးရင် ညအိပ်ဘောင်းဘီမှာ အဖြူစက်လေးတွေတွေ့ပါတယ်။ အစက သုတ်ရည်လို့ ထင်မိတာပါ။ ဒါပေမယ့် အခုရက်ပိုင်း သတိထား မိတာက ပုံမှန်နေ့လည်ဘက်လည်း စို့စို့လေးဖြစ်နေပါတယ်။ မနက်ခင်း နိုးရင်တော့ အဖြူရောင် အရည်လေးတွေ ခပ်ပြစ်ပြစ်တွေ့ပါတယ်။ ဘာဖြစ်တာပါလဲ ဆရာ။ အိပ်ခ်ျအိုင်ဗီ၊ ဆစ်ဖလစ်လည်း မရှိတော့ တခြားဟာများလား။ တကယ်လို့ ဂနို ဆိုရင်ကော စိုးရိမ်ရပါလား ဆရာ။ ကုသရင် ဘယ်လောက် ကြာနိုင်ပါသလဲ။ စိုးရိမ်တာက နောက်ပိုင်း အိမ်ထောင်ပြုရင် လက်တွဲဖော်ကို ထိခိုက်မှာစိုးလို့ပါ ခင်ဗျာ။ အခုတော့ မကောင်းတာမှန်သမျှ အကုန်ရှောင်ပါတယ် ဆရာ။

Penile Lesions (1) ကျားအင်္ဂါ အနာများ (၁)
Penile Lesions (2) ကျားအင်္ဂါ အနာများ (၂)
Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ

Wed, Feb 27, 2013 at 9:33 AM
ကျွန်တော် အမည်က (့)။ အသက်က ၄၇ နှစ်ပါ။ ကျွန်တော်က ဝမ်းအမြဲချုပ်ပါတယ်။ သွားရင်လည်း နည်းနည်ပဲသွားတယ်။ ဖြစ်တာလည်း ကြာပြီ ၆နှစ်လောက်တော့ ရှိပြီဆရာ။ ဝမ်း မမှန်ဘူ ဆရာ။ တခါတလေကျရင်လည်း ဗိုက်က အီနေတယ်။ ကားစီးရင် ပိုဖြစ်တယ်။ ဆရာဝန်နဲ့  ပြတော့ အလ်ထွာဆောင် ရိုက်ခိုင်းတယ် အလ်ထွာဆောင် ရိုက်တော့ ညာဘက် ကျောက်ကပ်မှာ ရေအိပ် တွေ့ တယ်လို့ ပြောတယ် ဆရာ။အခုတော့ မစိုးရိမ်ရသေးဘူလို့ ပြောပါတယ် နောက်ကြီးလာရင်ခွဲရမယ်လို့ ပြောပါတယ်ဆရာ။ကျွန်တော် သိချင်တာက ဘာကြောင့် ရေအိက်ဖြစ်တာလည်း ဆိုတာရယ် ဒီရောဂါက စိုးရိမ်ရလားဆိုတာ သိချင်ပါတယ်ဆရာ။ ဘယ်လို ကုသရမလည်း ဆေးသောက်တာနဲ့  ပျောက်ကင်း နိုင်လား ဆရာ။နောက်ပြီကျွန်တော်မှာ ကလေး ၂ယောက်ရှိပါတယ်။အိမ်ထောင်ရေး သုခ လည်း အပြည့်အဝ မရပါဘူ။ အိမ်ထောင်ရေး သုခ မပြည့်ဝတာ ရေအိပ် နဲ့  ဆိုင်ပါ့သလား ဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။

ဒီမေးခွန်းကို တခါဖြေထားဘူးတယ်။ ဆရာသိချင်တာကို ပြန်မေးတာ ပြန်မဖြေသေးပဲ မေးခွန်းသာ ပြန်လာလို့ မဖြေနိုင်သေးပါ။

Wed, Feb 27, 2013 at 4:30 PM
ဆရာရေးထားတဲ့ ပြက္ခဒိန် တွက်နည်းအရ ရာသီမလာခင် (7) ရက် နဲ့ လာပြီး (7) ရက်မှာ ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ဘူးလို့ ရေးထားပါတယ် စိတ်မချရမှု (5%)ရှိတယ်လို့ လည်းရေးထားပါတယ် ဆရာ။ ရေးထားပုံ အရဆိုရင် ကိုယ်ဝန် ရနိုင်ချေက မရှိသလောက်ပေါ့နော် ဆရာ။ ကိုယ်ဝန်မရတာ သေချာသလောက်ပေါ့။ မတော်တဆ ကိုယ်ဝန်ဆိုတာ ဘာကြောင့်ရတာလဲ ဆရာ။ မျိုးဥထွက်တာ စောသွားလို့လား? ဘာကြောင့် မတော်တဆဖြစ်တာလဲ သိချင်ပါတယ် ဆရာ? ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးဒီနေ့ ဆက်ဆံမိပါတယ် ဆရာ။ ရာသီကမနေ့ကမှပြီးတာပါဆရာ။ Ecee2သောက်ဖို့လိုမလားဆရာ။ အဲ့တာလေး ကျွန်တော့်ကို အကြံပေးပါဦး ဆရာ။

စာထဲမှာပါနေပြီးသားပါ။ ကိုယ်ဝန်ဆိုတာ ရာသီနဲ့ မဆိုင်ဘူး။ မျိုးဥထွက်တာနဲ့ သာဆိုင်တယ်။ မျိုးထွက်တာကို မစမ်းရင်မသိပဲ ရာသီက သိတယ်။ မျိုးဥထွက်တာလဲ တယောက်နဲ့ တယောက် မတူကြတာကို ရေးထား ပါတယ်။ ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတယ်။ ဒါက အကြမ်းပြောကြတာသာ ဖြစ်တယ်။ လေ့လာမှုလုပ်ထားတာကိုသာ ရေးပါရစေ။ ရာသီတလတိုင်းမှာ ကိုယ်ဝန် မရနိုင်တဲ့ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီ မလာခင် တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ ဒါလဲ အရပ်ပြောဆန်တယ်။ ဆေးပညာအရ ပြောရရင် မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးလို့ ပြောပါတယ်။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတာမို့ ဖြစ်ပါတယ်။ ရာသီသွေးဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက် မပတ်သက်ပါ။ နည်း ၂ နည်း ရေးပါမယ်။

(၁) Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။
• ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူ အမျိုးသမီးတွေ သုံးနိုင်တယ်။
• ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။ (ဒီရက်တွေထဲမှာ ရာသီဆင်းနေတဲ့ရက်တွေလဲ ပါနေတာကို သတိပြုပါ။)
• ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။
• ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။ ဒိနောက် ၁ ကနေ ၇ ရက်ဆိုတာပြန်ရောက်သွားပြီ။
• စိတ်မချရမှု ၅% ရှိတယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top