1
Mar

အမေးအဖြေ (၁၂၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သမီးအသက်က 21 ပါ။ အိမ်ထောင်ရှိပါတယ်။
2. မီးဖွားပြီး အချိန်ဘယ်လောက်ကြာတဲ့ အထိ Urine test စစ်ရင် positive sign ပြပါသလဲ။
3. ကျမနာမည် (့) ပါ။ အသက် ၃ဝ ရှိပါ။
4. ကိုယ်ဝန် ၅ ပတ်ဆိုရင် သန္ဖေသားက အသက်ဝင်နေပြီလား၊
5. ဆရာပြောတဲ့ ဟောမုန်းနည်း သူတွေ ကိုယ်ကာယ မတူဘူးဆိုတာ ဘယ်လိုမျိုးလဲ ဆရာ။
6. သမီးအသက်က ၂၇၊ ( ) ကပါ။ 28.1.2013 မှာရာသီစလာပါတယ်။

Wed, Feb 27, 2013 at 5:36 PM
သမီးအသက်က 21 ပါ။ အိမ်ထောင် ရှိပါတယ်။ ရာသီ လာရက်တွေမှာ ဘောင်းဘီအကြပ်တွေ ဝတ်ရင် (သို့မဟုတ်) အပြင်သွားရင် မျက်စိတွေပြာလာပြီး ခေါင်းမူးတာမျိုး ခဏခဏဖြစ်ဖူးပါတယ်။ တစ်ခါတစ်လေ အခြေအနေ တော်တော် ဆိုးပါတယ် ဆရာ။ ဘေးနားကလူတွေကိုတောင် လုံးဝမမြင်ရတော့အောင် မျက်စိပြာသွားတာမျိုးပါ။ အဲလိုဖြစ်နေတဲ့ အချိန်ကလည်း နည်းနည်းတော့ ကြာပါတယ်။ ပြန်ကောင်း သွားလိုက် ပြန်ဖြစ်လိုက်နဲ့ပါ။ အဲလိုဖြစ်သွားရင် မတ်တပ်ရပ်နေရာကနေ ထိုင်ချလိုက်ပါတယ်။ နည်းနည်း သက်သာသွားလို့ ပြန်ထလိုက်ရင် ပြန်ဖြစ်ပါတယ်။ ခေါင်းကလည်း မူးသလိုလိုနဲ့ တမျိုးကြီးပဲ။ ချွေးစီးတွေ လည်း တော်တော် ပျံပါတယ်။ ရာသီလာရက်ဆို အပြင်တောင် မသွားရဲတော့ဘူး ဆရာရယ်။ အဖော်မပါရင် သေတောင်သေမလား မသိဘူး။ တော်တော်လည်း ခံရခက်ပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ။ သွေးအားပဲ နည်းလို့လား။ ရာသီ လာတာကလည်း များပါတယ်။ ဖယ်ရိုဗစ်လည်း တစ်နေ့ တစ်လုံးသောက်ပါတယ်။ ဆေးခန်းသွားပြတော့ ဆရာဝန်က ဖယ်ရိုဗစ်ကို ပျော့တယ်ပြောပါတယ်။ အဲဒါ သမီး ဘယ်လို သံဓာတ်ဆေး မျိုးကို သောက်ရမလဲ။ ဖယ်ရိုဗစ်ပဲ ဆက်သောက်ရမလား။ ရာသီလာရက် မဟုတ်လည်း ရုတ်တရက် ထိုင်ရာကထလိုက်ရင် မျက်စိပြာပြီး ခေါင်းနပန်းကြီး သွားတာမျိုး မကြာခဏ ဆိုသလိုဖြစ်ပါတယ်။ အဲလိုတွေ မဖြစ်ရအောင် ရေရှည် ဘယ်လိုဆေးမျိုးကို မှီဝဲသင့်ပါသလဲ။

အဲလိုဖြစ်တာဟာ ရုတ်တရက် ဦးခေါင်းကို သွေး (အောက်စီဂျင်) မဝလို့ဖြစ်နိုင်တယ်။ ဖြစ်စေနိုင်တာတွေ တမျိုးမကရှိတယ်။ BP သွေးဖိအားတော့ မများဘူးထင်ပါတယ်။ သွေးအားအတွက် သံဓါတ်အားဆေး လိုပါမယ်။ ရာသီအခြေအနေ မသိရပါ။ ကိုယ်ဝန်ရှိစမှာလဲ ဖြစ်တတ်တယ်။ ယောက်ျား-မိန်းမ သကြားဓါတ်နည်းချိန်မှာလဲ အဲလိုဖြစ်တတ်သေးတယ်။ ဖြစ်ရင် ဖြစ်တဲ့နေရာမှာ ထိုင်လိုက်ပါ။ လှဲချလိုက်ပါ။ ခေါင်းဆီ ကို သွေးကောင်းကောင်းစီးလျှောက်လာရင် သက်သာမယ်။ လိုအပ်ရင် တွေ့တဲ့နေရာမှာ လှဲပါ။ လေကောင်းလေသန့်ရပါစေ။ သကြားဓါတ်နည်းသူဆိုရင် ချိုတာတခုခုသောက်ပါ။ စိတ်ကိုလဲ ခိုင်ခိုင်မာမာထားပါ။ အစာအာဟာရ ပြည့်ဝ-မျှတအောင်စားသုံးပါ။

28-2-2013 Facebook
မီးဖွားပြီး အချိန်ဘယ်လောက်ကြာတဲ့အထိ Urine test စစ်ရင် positive sign ပြပါသလဲ။ သမီး မီးဖွားပြီးတာ ၃ လရှိပါပြီ။ နောက်တစ်ယောက်ထပ်ရမှာ စိုးရိမ်လို့ပါ။ အမျိုးသားနဲ့အရင်တစ်လက အတူနေခဲ့မိလို့ပါ။

ကလေးဖွါးပြီးနောက် ရာသီတကြိမ်လာပြီးရင် ကိုယ်ဝန်ရှိ-မရှိစစ်ရတဲ့ သွေးထဲမှာ အချင်းဟော်မုန်း နောက်ကိုယ်ဝန် မဆောင်မချင်းမရှိတော့ပါ။ ဆက်တိုက်ရှိသွားမှာ စိုးရိမ်တာလဲ မှန်ပါတယ်။ စစ်စစ်ပေါက်ပေါက် လုပ်တဲ့နည်းက လွဲရင် မသိနိုင်လို့ တလခွဲနေရင် တားဆေး-တားနည်းသုံးပါ။ ကလေးနို့တိုက်နေသူက ၃ လအထိ တားနိုင်ပေမဲ့ ၁ဝဝ% တော့ မဟုတ်ပါ။ ဒါကြောင့် ကွန်ဒွမ် သုံးပါ။ နို့တိုက်နေသူဆိုရင် ဒီပို ၁၅ဝ အားကို ၃ လတခါထိုးပါ။ ဒါမှမဟုတ် သားအိမ်ထဲ IUD ထည့်ပါ။ ရက်ရှောင်နည်းလဲ လုပ်နိုင်ပါတယ်။ ထိရောက်မှုတွေတော့ သတိထားပါ။

Thu, Feb 28, 2013 at 3:20 AM
ကျမနာမည် (့) ပါ။ အသက် ၃ဝ ရှိပါ။ ကလေး ၁ယောက်ရှိတယ် ကလေးက ခု ၁ဝ နှစ်ရှိပါပြီ။ ယောက်ကျားက ကလေး မမွေးသေးမိက ကွဲသွားပါပြီ။ ခု ကျမတို့ သားမိ နော်ဝေ နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဆရာ ရေးထားတဲ့ ကျန်းမာရေး နဲ့ ဆေးပညာ အမေးဖြေကို ဒီနေ့မှ တွေ့ဖတ်မိတယ်။ ကျမ ရာသီ လာတဲ့ချိန်မှစ ခုချိန်ထိ ရာသီလာ မမှန်ဘူး နောက်ပြီ အဖြူ မဟုတ် နှချေး လိုလို ကြည်ကြည်လည်း သိပ်လည်း မကြည်ဘူး မကြာခဏ ထွက်တယ်။ ရာသီလာရင်လည်း အမြဲ နောက်ကျမှ လာတယ် တစ်ပတ် ၁ဝ လောက် လတိုင်းနောက်ကျတယ်။ နောက်ပြီး ပါးမှာလည်း မဲ့ခြောက် အရမ်း ပေါက်တယ် သူများလိုလို အပေါ်ရံ မဟုတ်ဘူး မထဲထဲမှာ ပေါက်တယ်။ ကျမ ဘာလုပ်ရမလဲ။ နောက်တခုက စိတ် တခုခု ခံစားလာရင် အိပ်မပျော်ဘူး။

(၁) ရာသီမမှန်တာ စိုးရိမ်စရာတော့ မရှိပါ။ မှန်တာတော့ ပိုကောင်းပါတယ်။ ရက်နောက်ကျတာအတွက်လဲ ဆေးတော့ မလိုအပ်လှပါ။ မှန်ချင်ရင်တော့ အိမ်ထောင်နဲ့ အတူမနေရပါစေ ကိုယ်ဝန်တားဆေးသောက် ရမယ်။ ဟော်မုန်း ၂ မျိုးပါ၊ တလ ၂၈ (၂၁) လုံးပါ၊ တနေ့ ၁ လုံးသောက်တဲ့ ဆေးပြားသောက်ရတယ်။ ၃-၄ လ အထိဆက်သောက်ပါ။ နောင်မှာ လိုသေးရင်လဲ ထပ်-ဆက် သောက်နိုင်တယ်။ အသက် ၃၅ နှစ်အထိ စိတ်ချက်လက်ချ သောက်နိုင်ပါတယ်။
(၂) အဖြူဆင်းတာကလဲ ယောက်ျားနဲ့ ဆက်ဆံမှု မရှိသူဆိုရင် စိုးရိမ်းစရာ မဟုတ်ပါ။ လိုလိုမယ်မယ် Metronidazole ဆေးပြား၊ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။
(၃) မှဲ့ခြောက်လား၊ တင်းတိတ်လား။ ဘာပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ပျောက်ဘို့တော့ ခက်တယ်။ ပတ်ဝန်းကျင်နဲ့ ဟော်မုန်းအပြောင်းအလွဲတွေကနေ ဖြစ်စေတယ်။ နေတဲ့နိုင်ငံက အလွန်အေးလို့လဲ ပါနိုင်တယ်။ တခြားနိုင်ငံမျာဆို နေရောင်နဲ့ မသင့်လို့ဖြစ်တယ်။ အသားအရေ ဂရုစိုက်ပေးပါ။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။
(၃) အိပ်မပျော်တတ်တာ ဖြစ်တတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။
• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducation.blogspot.com/2011/12/sleep-disorders.html
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducation.blogspot.com/2010/10/sleeping.html
• Sleeping pills အိပ်ဆေး http://dts-medicaleducation.blogspot.com/2011/03/sleeping-pills.html
လင့် ၃ ခုပို့လိုက်ပါတယ်။
Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ
Melasma (1) တင်းတိပ် (၁)

Wed, Feb 27, 2013 at 7:31 PM
ကိုယ်ဝန် ၅ ပတ်ဆိုရင် သန္ဖေသားက အသက်ဝင်နေပြီလား၊ သွေးလုံး အဆင့်ပဲလား ဆိုတာသိချင်ပါတယ်ရှင့်။

Pregnancy Stages ကိုယ်ဝန်ဆောင် အဆင့်များ

Wed, Feb 27, 2013 at 6:44 PM
ဆရာပြောတဲ့ ဟောမုန်းနည်းသူတွေ ကိုယ်ကာယ မတူဘူးဆိုတာ ဘယ်လိုမျိုးလဲ ဆရာ။ အဲ့ဒါလေး ပြောပြပေးပါဦးခင်ဗျ။

ရင်သား၊ တင်ပါး ပိုရှိနေမယ်။ ကျားအင်္ဂါ သေးတာ၊ တမျိုးတမည်ဖြစ်တာရှိမယ်။ ဟော်မုန်း စစ်မှ သေချာမယ်။
Testosterone (တက်စတိုစတီရုံး) ကျား-ဟော်မုန်း

Wed, Feb 27, 2013 at 5:28 PM
သမီးအသက်က ၂၇၊ ( ) ကပါ။ 28.1.2013 မှာ ရာသီစလာပါတယ်။ 4.2.2013 မှာ သမီးချစ်သူနဲ့ အတူတူနေခဲ့ပါတယ်။ ဆရာရေးထားတဲ့ Calender Method အရဆိုရင် ရာသီစလာတဲ့နေ့ကနေ ၈ရက်မြောက်နေ့မှာ အတူတူနေဖြစ်တာဆိုတော့ စိတ်မချရလို့ Ecce2 ကိုသောက်လိုက်ပါတယ်။ ဒါပေမယ့် 12.2.2013 မှာ ရာသီ ပြန်လာပါတယ်။ ပုံမှန်လာနေကျအတိုင်း ၃ ရက်လာပါတယ်။ အဲဒါ Calender Methodကို ဘယ်ရက်ကနေ ပြန်တွက်ရမလဲ သိချင်လို့ပါ။ လွန်ခဲ့တဲ့ ၂ လလောက်ကလည်း အဲလိုမျိုးပဲ ဆေးသောက်ပြီးတော့ တစ်ပတ်လောက် အကြာမှာ ဒုတိယ အကြိမ်ရာသီလာပါတယ်။ တစ်လပြည့်တော့ ပုံမှန်လာနေကျရက်မှာလည်း ရာသီပြန်လာပါတယ်ဆရာ။

အရေးပေါ် တားဆေးကြောင့် ရာသီရက်ပြောင်းမယ်။ သွေးဆင်းတာကို ဘာကြောင့်ဆင်းဆင်း (ပုံမှန်ရာသီ၊ ပုံမှန်တားဆေး၊ အရေးပေါ်တားဆေး၊ ကိုယ်ဝန်ပျက်၊ ကိုယ်ဝန်ဖျက်) ဆင်းတာကို ရာသီလာတယ်လို့ သဘောထားရမယ်။ ဆင်းပြီးတဲ့နောက် ၁ဝ-၁၄ ရက်မှာ မျိုးဥထွက်မယ်။ ထွက်လို့ သုက်ပိုးနဲ့တွေ့ရင်တော့ ကိုယ်ဝန်ရနိုင်ပြီ။ ကိုယ်ဝန်ဆိုတာ ရာသီနဲ့တိုက်ရိုက်မဆိုင်ပါ။ မျိုးဥနဲ့သာဆိုင်တယ်။ ခက်တာက မျိုးထွက်တဲ့ ရက်ကို ကရိယာနဲ့စစ်နေမှ သိတယ်။ ဒါကြောင့်သာ ရာသီရက်နဲ့တွက် ရက်ရှောင်တာကို သုံးရတယ်။ ဒါကြောင့် မလာခင်၊ လာပြီး ၅-၇ ရက်ရှောင်ပေမဲ့ ၅% ကိုယ်ဝန်ရလမ်းရှိတယ်။

Wed, Feb 27, 2013 at 5:07 PM
ရာသီလာတာသုံးရက်ပါဆရာ။ မနေ့ကပြီးပါတယ်။ ဒီနေ့ဆက်ဆံပါတယ်။ ကိုယ်ဝန်ရမှာကို စိုးရိမ်ရမလားဆရာ။ Ecee2 သောက်ဖို့လိုလောက်လားဆရာ။

ဆောရီး။ ကျွန်တော်က အံန်လိုင်းကနေ ဆေးကုသလိုတော့ မလုပ်ပးပါ။ လုပ်လဲမလုပ်သင့်ပါ။ ဆေးပညာစာကိုသာရေးပါတယ်။ မေးတဲ့ဟာလဲ စာထဲမှာပါပါတယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top