4
Mar

အမေးအဖြေ (၁၂၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်တော့် မိန်းမမှာကိုယ်ဝန် 2 လရှိပါပြီ။
2. ကျတော်အသက်ကတော့ ၃၄ နှစ်ရှိပါပြီ။
3. သမီးအသက်က 21 နှစ်ပါ။ ၃ လခံထိုးဆေးထိုးပြီး
4. ကျွန်မ အမျိုးသားအတွက် သိချင်တာလေး မေးချင်လို့ပါ။
5. သမီး ဘီပိုးကာကွယ်ဆေး ၃ ကြိမ်၊ ၃ လဆက်တိုက် ထိုးထားပါတယ်။
6. ကျမ နာမည် (့) ပါ။ အသက် ၃ဝ ပါ။
7. မလာခင် 7 ရက် နဲ့ လာပြီး 7 ရက်
8. ကျွန်တော့်ကို pill 72 အကြောင်း ရှင်းပြပေးပါဦး။
9. သမီးအသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။
10. HIV အကြောင်းလေးတွေရေးပါအုန်း။
11. သမီးသိချင်တာ တခုရှိလို့မေးပါရစေရှင့်။
12. ကျွန်တော့် ကောင်မလေး အဖြူတွေအရမ်း ဆင်းနေပါတယ်။
13. ကျွန်တော်တို့ လင်မယားနှစ်ယောက်
14. သားအိမ်ခေါင်း ကင်ဆာရောဂါ အကြောင်းနဲ့
15. သမီး အသက်က ၂၉ နှစ်ထဲမှာပါ။

Fri, Mar 1, 2013 at 8:00 PM
ကျွန်တော့် မိန်းမမှာ ကိုယ်ဝန် 2 လရှိပါပြီ။ ဒုတိယ ကိုယ်ဝန်ပါ။ အသက်က၂၆ နှစ်ပါ။ ဓာတ်ချုပ်နေလို့ ဘာဆေးသောက်လို့ ရမလဲ သိချင်ပါသည်။ သွားဖုံးတွေလဲ ရောင်နေပါသည် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်း မချုပ်တာ ကောင်းတယ်။ အရင်ဆုံး ရေ + အရည် ပိုသောက်ပါ။ ဟင်းသီးဟင်ရွက် ပိုစားပါ။ အသီးတမျိုးမျိုး နေ့တိုင်းစားပါ။ မရသေးရင် မန်ကျီးမှည့် ဖျော်သောက်ပါ။ မရသေးရင် Milk/Cream of Magenessia ဟင်းစားဇွန်း ၂ ဇွန်း သောက်ပါ။ မရသေးရင် မြန်မာဆေး အဆနဲ့သောက်ပါ။ မရသေးရင် ဆရာမ တယောက်ကို ဝမ်းခြူခိုင်းပါ။ ဒါမှမဟုတ် ဆေးဆိုင်မှာ တခါသုံး ဝမ်းခြူစရာသုံးပါ။

Fri, Mar 1, 2013 at 6:48 PM
ကျတော်အသက်ကတော့ ၃၄ နှစ်ရှိပါပြီ။ ခုထိ ကလေးမရသေးတဲ့ အတွက် ကျတော့်မှာ အခက်ခဲဖြစ်နေပါတယ်။ အဲဒါ ကလေးရအောင် ဘယ်လိုပြုမှူနေထိုင်ပြီး ဘယ်လိုဆေးဝါးတွေ သုံးစွဲရမလည်း ဆိုတာကို ပြောပြသင်ပြပေးစေချင် ပါတယ်။ ကျတော်နေ တာကတော့ (့) နိုင်ငံ (့) မြို့မှာပါ။

• Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-1html
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/infertility-2html
• Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/09/infertility-3html
• Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန် မရနိုင်သေးခြင်း http://dts-medicaleducation-adultblogspotin/2012/04/fallopian-tube-procedures-forhtml
• Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/05/infertility-and-tbhtml
• Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/tb-and-infertilityhtml
• Infertility news သားသမီး မရနိုင်သေးသူတွေ အတွက် စိတ်မပျက်နဲ့ http://dts-medicaleducation-adultblogspotin/2013/02/blog-posthtml
• Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-treatmentshtml
• Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adultblogspotin/2012/05/infertility-treatments-2html
• တွေကို မဖတ်ရသေးရင် ဖတ်ပါ။ လိုသေးရင်မေးပါ။

Fri, Mar 1, 2013 at 5:44 PM
သမီးအသက်က 21 နှစ်ပါ။ ၃ လခံထိုးဆေးထိုးပြီး ၃လပြည့်သွားလို့ ဆေးထပ်မထိုးတော့ပဲ ကလေးယူရင် ချက်ချင်း ရနိုင်ပါသလား။ မိန်းမကိုယ်က တစ်ခါတစ်ခါ အရည်ကြည်/နောက် ဆင်းတာမျိုး ရှိပါတယ်။ မျိုးဥကြွေတယ်ဆိုတာ အဲလိုဆင်းတဲ့ ရက်ကိုပြောတာလား။ တစ်ခါတစ်ခါ အညိုရောင်အရည် ပြစ်ပြစ်တွေ နည်းနည်းဆင်းပါတယ်။ မျိုးဥကြွေတယ် ဆိုတာကို ဘယ်လိုသိနိုင်ပါလဲ။ မျိုးဥကြွေတဲ့ ရက်မှာ လိင်ဆက်ဆံမှ ကလေးရနိုင်မှာလား။ ကျန်တဲ့ရက်တွေမှာကော မရနိုင်ဘူးလား။ ဆရာ ကိုယ်တိုင်ပြန်ဖြေကြားပေးပါနော်။ ဆရာ့ ဆိုဒ်တွေမှာ ရှာမဖတ်ခိုင်းပါနဲ့။

မျိုးဥကြွေတာကို အပြင်ကနေ မသိပါ။ စစ်စရာနဲ့စစ်မှသာသိတယ်။ ၃ လခံဆေးထိုးပြီး နောက်ကလေးရတာ တယောက်နဲ့တယောက်မတူပါ။ မ-မျိုးဥနဲ့ သန်မာပြီး အရေအတွက်ကောင်းတဲ့ ကျားသုက်ပိုးတွေ့ရင် ကိုယ်ဝန်ရမယ်။ ဥမထွက်ခင် သုက်ပိုးရောက်နေပြီးရှင်နေ သေးရင်၊ ဥထွက်ပြီးနောက်မှ သုက်ပိုးရောက်ချိန်မှာ ဥကလဲ ကောင်းနေရင် ကိုယ်ဝန်ရမယ်။

Fri, Mar 1, 2013 at 5:01 PM
ကျွန်မ အမျိုးသားအတွက် သိချင်တာလေး မေးချင်လို့ပါ။ သူက အသက်(၄ဝ)ပါ၊ သူ့ပြသနာက လိင်စိတ်အရမ်းပါပြီး ယောက်ျားအင်္ဂါ အရမ်းမာလာပြီးမှ နာရီဝက်ခန့်ကြာတဲ့ အထိ သုက်မလွှတ်ရသေးရင် ဗိုက်အောင့် တတ်တဲ့ ပြဿနာပါ။ အင်္ဂါမာလာပြီးမှ အာရုံ အပြောင်းအလွဲကြောင့်ဖြစ်ဖြစ်၊ (သုက်ထွက်အောင် မလုပ်ဖြစ်ဘဲ) ပုံမှန်ပြန်ပျော့ပျောင်းသွားရတဲ့ အခြေအနေမျိုးမှာ ပိုအဖြစ်များပါတယ်။ တခါတလေဆို မခံမရပ်နိုင်တဲ့ အထိ အောင့်နေပါတယ်၊ သုက်ထွက်သွားမှသာ ဗိုက်အောင့်ပျောက်သွားတတ်ပါတယ်။ သူအခုလိုဖြစ်တာ လူပျိုဖော်ဝင်စ အရွယ်ကတည်းကလို ပြောပါတယ်ရှင့်။ ဗိုက်မအောင့်ရအောင် သုက်လွှတ်လိုက်လို့ ရပေမယ့်၊ သူ အခုလိုဖြစ်နေတာဟာ ပုံမှန်နဲ့ သွေဖီပြီးဖြစ်နေတာ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တခုခုဖြစ်နေမှာကို စိုးရိမ်လို့ပါရှင့်။ လူပျိုပေါက် အရွယ်ကတည်းက ခံစားနေရတာဖြစ်လို့ အသက်အရွယ်ကြောင့်လို့လည်း ပြောလို့မရ၊ တခြားသော Sex နဲ့ ပတ်သက်တဲ့ အရာတွေကလည်း အားလုံးပုံမှန်ပဲ ဖြစ်နေတော့ ဘာကြောင့်ရယ်လို့ စဉ်းစားလို့ မရပါဘူးရှင့်။ Sex နဲ့ပတ်သက်လို့ ပုံမှန်ဖြစ်တယ်ဆိုတာက ဆေးဝါး သုံးစွဲထားတာမျိုး၊ အင်္ဂါပြုပြင် ထားတာမျိုး မရှိသလို၊ သုက်လွှတ်တာနဲ့ ပတ်သက်တာ၊ လိင်စိတ်ဖြစ်ပေါ်တာတွေ ဟာလည်း ပုံမှန် အခြေအနေမှာပဲကို ဆိုလိုတာပါ။ ရောဂါအနေနဲ့ကတော့ ဆီးချိုရှိပြီး Melformal သောက်နေရပါတယ်ရှင့်။ တခြားရောဂါတော့ မရှိပါဘူး။ ကျွန်မသိချင်တာက အဲ့လိုအခြေအနေမှာ ဗိုက်အောင့်တာဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဗိုက်မအောင့်အောင် ကာကွယ်လို့ ရနိုင်မယ့် နည်းလမ်း လေးများ ရှိလျှင် သိချင်ပါတယ်ဆရာ။ နောက်ဆက်တွဲ ပြဿနာ ကြီးကြီးမားမား မဖြစ်လို့ ဒီအသက်အရွယ်ထိ ဒီအတိုင်း နေလာခဲ့ပေမယ့် ကျွန်မရော၊ သူရော အကြောင်းရင်းကို သိချင်နေကြပါတယ်ရှင့်။

Priapism ဆိုတဲ့ သန်မာနေမှု ပြန်မကျနိုင်တာအထိ မဟုတ်ပါ။ ဒီဟာမျိုရောဂါက ၃-၄ နာရီအထိ ပြန်ပြီး ပုံမှန်မဖြစ်ဘူး။ ချက်ချင်းဆေးကုရတယ်။ အခုဖြစ်နေသူမှာ ဆေးကုရအောင် မလိုလောက်ပါ။ သန်မာမှုအတွက် သက်ဆိုင်နေတဲ့ ကြွက်သား၊ အရွတ်နဲ့ အာရုံကြော၊ သွေးကြောတွေ အနားမရလို့ နာတာဖြစ်ပါမယ်။ အနာသက်သာဆေး သောက်သင့်ပါတယ်။ ဆီးချိုရှိနေရင် ကြာတော့ ဒီစိတ်လဲ နည်းလာတတ်တယ်။

Fri, Mar 1, 2013 at 4:28 PM
သမီး ဘီပိုးကာကွယ်ဆေး ၃ ကြိမ်၊ ၃ လဆက်တိုက် ထိုးထားပါတယ်။ ၅ ကြိမ်ထိုးရမှာပါ။ ၁ နှစ်နေရင် ၁ ကြိမ်ရယ်၊ ၅ နှစ်နေရင် ၁ ကြိမ်ရယ်၊ နောက် (၂) ကြိမ်ထိုးဖို့ ကျန်ပါသေးတယ်။ သမီးဆေး (၃) ကြိမ်ထိုးပြီးတဲ့ အချိန်မှာ ဆရာဝန်နောက် ၁ လနေရင် antibody ပြန်စစ်ဖို့ပြောပါတယ။် အဲဒါသမီးလဲ အလုပ်များနေတာနဲ့ antibody ပြန်စစ်ဖို့မေ့သွား ပါတယ်။ ဆရာဝန်ပြောတဲ့ အတိုင်း မစစ်မိလို့ ဆေးကို အစကနေပြန်ထိုးရမှာလား ဒါမှမဟုတ် နောက်(၁)နှစ်ဆေး ထိုးမယ့်ရက်ကျမှ antibody ပြန်စစ်လို့ ရလားသိချင်လို့ပါ ဆရာ။ သမီးဆေးစထိုးတဲ့ ရက်စွဲက ပထမအကြိမ် 30-6-2012 ဒုတိယအကြိမ်-30-7-2012 တတိယအကြိမ် 30-8-2012/ 01-1-2012 Hbs Ab ပြန်စစ် စတုတ္ထအကြိမ် 30-6-2013 ပဉ္စမအကြိမ် 30-6-2017 ဆေးမှတ်တမ်းမှာ အဲလိုရေးထားပါတယ် antibody မစစ်မိလို့ အစကနေပြန်ရမလား သိချင်ပါဆရာ။

Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း

Thu, Feb 28, 2013 at 3:20 AM
ကျမ နာမည် (့) ပါ။ အသက် ၃ဝ ပါ။ ကလေး ၁ ယောက်ရှိတယ် ကလေးက ခု ၁ဝ နှစ်ရှိပါပြီ။ ယောက်ကျားက ကလေးမမွေးသေးမိက ကွဲသွားပါပြီ။ ခု ကျမတို့ သားမိ (့) နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဆရာ ရေးထားတဲ့ ကျန်းမာရေးနဲ့ ဆေးပညာ အမေးဖြေကို ဒီနေ့မှ တွေ့ဖတ်မိတယ်။ ကျမ ရာသီ လာတဲ့ချိန်မှ စ ခုချိန်ထိ ရာသီလာ မမှန်ဘူး နောက်ပြီ အဖြူ မဟုတ် နှချေး လိုလို ကြည်ကြည်လေး သိပ်လည်း မကြည်ဘူး မကြာခဏ ထွက်တယ် ရာသီလာရင်လည်း အမြဲ နောက်ကျမှ လာတယ်။ တစ်ပတ် ၁ဝ လောက်လ တိုင်းနောက်ကျတယ် နောက်ပြီး ပါးမှာလည်း မဲ့ခြောက် အရမ်းပေါက်တယ် သူများလိုလို အပေါ်ရံ မဟုတ်ဘူး အထဲထဲမှ ပေါက်တယ်။ ကျေးဇူးပြု၍ ကူညီပေးပါ။ ကျမ ဘာလုပ်ရမလဲ။ နောက်တခုက စိတ်တခုခု ခံစားလာရင် အိပ်မပျော်ဘူး။

(၁) ရာသီမမှန်တာ စိုးရိမ်စရာတော့ မရှိပါ။ မှန်တာတော့ ပိုကောင်းပါတယ်။ ရက်နောက်ကျတာအတွက်လဲ ဆေးတော့ မလိုအပ်လှပါ။ မှန်ချင်ရင်တော့ အိမ်ထောင်နဲ့ အတူမနေရပါစေ ကိုယ်ဝန်တားဆေးသောက် ရမယ်။ ဟော်မုန်း ၂ မျိုးပါ၊ တလ ၂၈ (၂၁) လုံးပါ၊ တနေ့ ၁ လုံးသောက်တဲ့ ဆေးပြားသောက်ရတယ်။ ၃-၄ လ အထိဆက်သောက်ပါ။ နောင်မှာ လိုသေးရင်လဲ ထပ်-ဆက် သောက်နိုင်တယ်။ အသက် ၃၅ နှစ်အထိ စိတ်ချက်လက်ချ သောက်နိုင်ပါတယ်။
(၂) အဖြူဆင်းတာကလဲ ယောက်ျားနဲ့ ဆက်ဆံမှု မရှိသူဆိုရင် စိုးရိမ်းစရာ မဟုတ်ပါ။ လိုလိုမယ်မယ် Metronidazole ဆေးပြား၊ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။
(၃) မှဲ့ခြောက်လား၊ တင်းတိတ်လား။ ဘာပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ပျောက်ဘို့တော့ ခက်တယ်။ ပတ်ဝန်းကျင်နဲ့ ဟော်မုန်း အပြောင်းအလွဲတွေကနေ ဖြစ်စေတယ်။ နေတဲ့နိုင်ငံက အလွန်အေးလို့လဲ ပါနိုင်တယ်။ တခြားနိုင်ငံမျာဆို နေရောင်နဲ့ မသင့်လို့ဖြစ်တယ်။ အသားအရေ ဂရုစိုက်ပေးပါ။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။
(၃) အိပ်မပျော်တတ်တာ ဖြစ်တတ်တယ်။ သိပ်မစိုးရိမ်ပါနဲ့။
• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducationblogspotcom/2011/12/sleep-disordershtml
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducationblogspotcom/2010/10/sleepinghtml
• Sleeping pills အိပ်ဆေး http://dts-medicaleducationblogspotcom/2011/03/sleeping-pillshtml
• Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ
• Melasma (1) တင်းတိပ် (၁)

Fri, Mar 1, 2013 at 12:02 PM
မလာခင် 7 ရက် နဲ့ လာပြီး 7 ရက် ဆက်ဆံရင် ကိုယ်ဝန်က ရှိတာလား မရှိတာလား။ ရှင်းပြပေးပါအုံး ဆရာ။

ကိုယ်ဝန် မရစေနိုင်တာပါ။ ရာခိုင်နှုန်း သိချင်ရင်တော့ အောက်က လင့် ကိုဖတ်ပါ။

Calendar method ပြက္ခဒိန်နည်း http://dts-medicaleducation-adultblogspotin/2012/07/calendar-methodhtml

Fri, Mar 1, 2013 at 11:30 AM
ကျွန်တော့်ကို pill 72 အကြောင်း ရှင်းပြပေးပါဦး။ ကျွန်တော့် ကောင်မလေးနဲ့ ဖြစ်သွားလို့ပါ ဆရာ။ ကောင်မလေးကလဲ ကိုယ်ဝန် ရှိမှာကြောက်နေတယ် ဆရာ။ ကျွန်တော်လဲ pill 72 ဆေးကို တိုက်လိုက်တယ်။ ကျွန်တော်က နှစ်လုံးလုံး တစ်ခါတည်း တိုက်လိုက်တယ်။ 1 လုံးချင်းသောက်ရတာဆို ဟုတ်လား။ ကူညီပါအုံးဆရာ နောက်ကျမှာဆိုးလို့ပါ။

ဆက်ဆံအပြီး ၇၂ နာရီအတွင်း သောက်တာဆိုရင် ရပါတယ်။ ဘေးထွက်-ဆိုးကျိုး ပိုခံစားရနိုင်တယ်။

Fri, Mar 1, 2013 at 9:54 AM
သမီးအသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ (၁၁-၁-၂ဝ၁၃) ရက်တုန်းက ဗိုက်ခွဲပြီး ကလေးမွေးခဲ့ပါတယ်။ ညတုန်းက(၂၈-၂-၂ဝ၁၃) အကာအကွယ်မပါဘဲ အတူတူနေမိခဲ့တယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ရန်ကုန်ကပါ။

ခွဲမွေးပြီးနောက် တလခွဲ အကြာမှာဖြစ်မယ် ထင်ပါတယ်။ ရာသီပြန်လာ-မလာ မသိရပါ။ အများအားဖြင့် တလခွဲအထိ နောက်ကိုယ်ဝန်မရကြပါ။ ကလေးကို နို့တိုက် (အပြည့်အဝ) ဆိုရင် ၃ လ အထိ မရကြပါ။ ရာခိုင်နှုန်းတော့ မတူပါ။ သေချာချင်ရင် ရာသီပြန်လာရမဲ့ ရက်နောက်မှာ ဆီးစစ်ပါ။ ကြိုတင်ကာကွယ်မှု စနစ်တကျလုပ်ထားပါ။ ဖတ်စရာတွေကို အောက်က လင့် တွေမှာ ဖတ်နိုင်ပါတယ်။
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml
• Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adultblogspotin/2012/05/birth-control-pills-faqshtml
• Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adultblogspotin/2012/09/birth-control-pills-for-emergencyhtml
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adultblogspotin/2012/03/birth-control-riskhtml
• Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adultblogspotin/2012/03/contraception-and-fertilityhtml
• Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adultblogspotin/2012/03/contraception-and-nonmedical-viewhtml
• Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adultblogspotin/2012/04/contraceptive-implant-1html
• Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adultblogspotin/2012/03/contraceptive-implant-2html
• Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adultblogspotin/2012/03/contraceptive-injectionshtml
• Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adultblogspotin/2012/07/contraceptive-patchhtml
• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adultblogspotin/2012/04/contraceptive-pillshtml
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adultblogspotin/2012/05/contraceptives-and-breastfeedinghtml
• Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://dts-medicaleducation-adultblogspotin/2012/06/contraceptives-for-women-with-stihivhtml

Thu, Feb 28, 2013 at 7:37 PM
HIV အကြောင်းလေးတွေရေးပါအုန်း။ ဗဟုသုတ ရအောင်လို့ပါ။

• HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adultblogspotin/2012/05/hiv-how-to-live-with-positive-personhtml
• HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-adultblogspotin/2013/01/hiv-acute-infectionhtml
• HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adultblogspotin/2012/05/hiv-and-cd4-and-viral-loadhtml
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adultblogspotin/2012/03/hiv-and-oral-sexhtml
• HIV Duo Test ဆိုတာဘာလဲ http://dts-medicaleducation-adultblogspotin/2012/07/hiv-duo-testhtml
• HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adultblogspotin/2012/03/hiv-faqhtml
• HIV latest news သတင်းများ http://dts-medicaleducation-adultblogspotin/2012/05/hiv-latest-newshtmlAIDS themes HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation-adultblogspotin/2013/01/hiv-medicines-side-effects-1-arthtml
• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducation-adultblogspotin/2013/01/hiv-medicines-side-effects-2-arthtml
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adultblogspotin/2013/01/hiv-opportunistic-infectionshtml
• HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-adultblogspotin/2012/11/hiv-screening-testshtml
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adultblogspotin/2012/04/hiv-sexual-transmission-hivhtml
• HIV Testing Kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducation-adultblogspotin/2013/01/hiv-testing-kitshtml
• HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-adultblogspotin/2013/01/hiv-tests-1html
• HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-adultblogspotin/2013/01/hiv-tests-2html
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducationblogspotcom/2011/03/hiv-testshtml
• HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducationblogspotcom/2011/12/victims-of-myanmars-hivaids-strugglehtml
• HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducation-adultblogspotin/2013/01/hivhtml
• HIV အတွက် Truvada ဆေး http://dts-medicaleducation-adultblogspotin/2012/07/hiv-truvada_17html
• HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducation-adultblogspotin/2013/01/hiv-edurant-fdahtml
• HIV-AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducation-adultblogspotin/2013/01/hiv-aids-drugs-1html
• HIV-AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducation-adultblogspotin/2013/01/hiv-aids-drugs-2html
• HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adultblogspotin/2012/05/hivhtml
• HIV-AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducation-adultblogspotin/2013/01/hiv-aids-myths-and-factshtml

Thu, Feb 28, 2013 at 5:48 PM
သမီးသိချင်တာ တခုရှိလို့မေးပါရစေရှင့်။ အသက်က ၃၁ နှစ်ရှိပါပြီ။ သမီးတွင် အိမ်ထောင်နှင့် သမီး တစ်ယောက်လဲ ရှိပါသည်၊ သမီးအမျိုးသားမှာ တိုင်းတပါး (့) တွင် အလုပ်လုပ်နေသော သူတစ်ယောက်ဖြစ် ပါသည်။ ၁၁-၁-၁၃ နေက ရာသီလာပါတယ်။ ၂၈- ၁-၁၃ မှာ ၃ လခံတားဆေးထိုးပါတယ်။ အမျိုးသားဆီကို အလည်သွားပါတယ်။ ၈-၂-၁၃ မှာအတူနေဖြစ်သွားပါတယ်။ ကွန်ဒုံးမသုံးမိပါဘူး။ ယခုဖေဖဝါရီလကို ရာသီ မလာသေးပါရှင်။ ကိုယ်ဝန်ရှိမှာ စိုးရိမ်နေပါတယ်။ သမီးက ၁ နှစ်ခွဲဘဲရှိပါသေးတယ်။ နို့လဲမဖြတ်ရသေးပါ ဘူးရှင်။ အခုခါးနာနေ ပါတယ်။ ဆေးမသောက်ရဲပါဘူး။ ကိုယ်ဝန်ရှိနေရင် ကလေးကို ထိခိုက်သွားမှာ စိုးလို့ပါ။ ဆီးကျင်နေပါတယ်။ ပိုးသတ်ဆေးကို မသောက်ရဲဘူးဖြစ်နေပါတယ်။ ဘာဆေးမှ  မသောက်ရဲပါသဖြင့် ရောဂါကို ကြိတ်ခံစားနေရ ပါတယ်။ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်လို့ ရပြီလား သိပါရစေ။ မြန်မာနိုင်ငံက သမီးကို ဆေးထိုးပေးလိုက်တဲ့ ဆရာဝန်မကတော့ ၃ လခံတားဆေး ထိုးရင် ရာသီပေါ်ချင်ပေါ်မယ် မပေါ်ရင်မပေါ်ဘူးလို့ ပြောလိုက်ပါတယ်။

ဟန်းနီးမွန်း မဟုတ်ပမေဲ့ ဆေးနည်းက အတူတူပါ။ ၃ လခံဆေးထိုးပြီး ရ ရက်နေရင် ကာကွယ်မှု ပေးပါပြီ။ မစိုးရိမ်ရလောက်ပါ။ ကလေးနို့တိုက်နေရင် ပိုပြီး ကိုယ်ဝန်ရလမ်း နည်းတတ်ပါသေးတယ်။ တိတိကျကျ သိချင်ရင်တော့ ရာသီလာရမဲ့ ရက်ကျော်လို့ မလာသေးရင် ဆီးစစ်နိုင်ပါတယ်။ ဆီးအတွက်ဆေး သောက်တာသောက်ပါ။ လိုသေးရင်လဲ မေးပါ။
Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ

Thu, Feb 28, 2013 at 5:03 PM
ကျွန်တော့် ကောင်မလေး အဖြူတွေအရမ်း ဆင်းနေပါတယ်။ ရက်လည်း အရမ်းကပ်ပါတယ်။ အန္တရာယ် ရှိပါလား။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Thu, Feb 28, 2013 at 2:43 PM
ကျွန်တော်တို့ လင်မယားနှစ်ယောက် ဆေးမသုံး ဆေးမထိုးဘဲနဲ့ သန္ဓေတား နိုင်မလားသိချင်လို့ ပါဆရာ။

Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ

Thu, Feb 28, 2013 at 2:32 PM
သားအိမ်ခေါင်းကင်ဆာရောဂါ အကြောင်းနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအကြောင်း သိချင်လို့ပါ ဆရာ။

• HPV Vaccine for young women သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး

Tue, Nov 20, 2012 at 4:46 PM
သမီး အသက်က ၂၉ နှစ်ထဲမှာပါ။ ၁ ရက် ဒီဇင်ဘာ 2012 တွင် မင်္ဂလာဆောင်မည် ဖြစ်ပါသည်။ ခင်ပွန်းလောင်းမှာ ၂၆ နှစ်ထဲတွင် ဖြစ်ပါသည်။ သမီးက ၃ နှစ်ခွဲလောက် ကြီးပါသည်ရှင်။ ကလေးယူဖို့ အစီအစဉ် ရှိပါသော်လည်း နေသားမကျခင် ကလေးတန်းမယူချင်သောကြောင့် လက်ထပ်ပြီး ၆ လလောက်ကြာသောအခါမှ ကလေးလိုချင်ပါသည်။ ရာသီလည်း မမှန်တတ်ပါ ဘူးရှင်။ တလနှင့် တလ ရက်မတူသလို ၊တခါတလေ ၂လ တခါ လာတတ်ပါသည်။ ဆရာ၏ ယမုန်နာ ဝက်ဆိုဒ်တွင် သားဆက်ခြားဆေးနည်းများကို ဖတ်ကြည့်ပြီးပါပြီရှင်။ ထိုးဆေး သောက်ဆေးများမှာ အလွန် ဝတတ်သည်ဟု သိထားသောကြောင့် ဝလာမှာလည်း အရမ်း စိုးရိမ်ပါသည်ရှင်။ (အပြင်တွင်တွေ့နေရပါသည်) ယခု အသက် ၂၉ ၊ အရပ် ၅ ပေ ၂ လက်မ၊ ပေါင် ၁၃ဝ ရှိပါသည်။ မျိုးရိုးမှာ ဝပါသည်။ ယခု company တခုတွင် အလုပ်လုပ်ပါသည်။ နေ့စဉ်ရုံးတွင် သာထိုင်နေရပါသည်။ ယခုအောက်တွင်ဖော်ပြထားသော ဆေးကို သုံးစွဲလျှင် အဆင်ပြေနိုင်ပါမည်လား သိချင်ပါသည်ရှင်။ မြန်မာနိုင်ငံတွင် ဘယ်လိုပြောပြီး ဆေးဆိုင်များတွင် ဝယ်နိုင်ပါသလဲဆရာ။

ဟော်မုန်း မပါသော စားဆေး Centchroman ခေါ် Saheli Tablets သည် ပုံမှန် မမျိုးဥ ထွက်ခြင်းကို တားဆီးခြင်း မလုပ်ဘဲ၊ ကျားသုက်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်း နံရံကို လာတွယ်သည့် ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန် ပြုလုပ်ပေးသည်။ အောက်ဖော်ပြပါဆေးမှာ ဟော်မုန်းများ မပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင် ဆိုသောကြောင့် သဘောကျ ပါသည်ရှင်။ ဆေးကပ်တခုတွင် 30 mg ဆေးပြား (၈)ပြားပါသည်။ ပဌမ (၃)လအတွက် တပါတ်လျင် ၂ ပြား၊ နောက်လများမှစ၍ ၁ ပါတ် ၁ ပြား သောက်ရသည်။ ဟော်မုန်းများ မပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင်။ သို့သော် ရာသီဆင်း များတတ်သည်။

• Centchroman တားဆေး

ဒေါက်တာတင့်ဆွေအမေးအဖြေ (၁၂၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top