1. မည်သည့်အချိန်တွင် စတင်သောက်ရမည်ကိုလည်း
2. သမီး ၁၁-၂-၂ဝ၁၂ တွင် မင်္ဂလာဆောင်ပြီးပါပြီရှင့်။
3. Cytotec 200 ကို ဘာအတွက်သုံးလဲ သိချင်ပါတယ်။
4. မီးဖွားပြီး (ဗိုက်ခွဲမွေးထားပါသည်။)
5. လိင်စဆက်ဆံချိန်မှာ ဘာတွေလိုအပ်လည်း
6. သားလေးက ခုဆို ၁၁ လပြည့်ပြီးပါပြီ။
7. I have an AIDS prevention book.
8. I have sex with my girlfriend.
9. ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့ နေဖြစ်တာကြာပါပြီ။
10. ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော် ရာသီလာပြီး နှစ်ရက်မြောက်နေ့မှာ
11. ကျွန်မသည် ကလေး ၂ ယောက်မိခင်ဖြစ်ပါသည်။
12. မိန်းကလေးတွေက ရာသီလာရင်ခေါင်းလျော်လို့ မရဘူးဆိုတာ ဟုတ်ပါသလား။
13. ရာသီလာပြီး ၅ ရက်အတွင်း ကိုယ်ဝန်ရနိုင်ပါသလား။
14. ကျွန်တော် 14-2-2012 နေ့က ပျော်ပါးဘူးပါတယ် ဆရာ။
15. ကျွန်မ အသက် 30၊ အိမ်ထောင်ရှိပါတယ်။
Wed, Nov 21, 2012 at 7:51 AM
မည်သည့် အချိန်တွင် စတင်သောက်ရမည်ကိုလည်း ညွှန်ကြားပေးစေလိုပါသည်ရှင်။ (ရာသီလာနေစဉ် (သို့) ရာသီလာပြီး)
တားဆေးတွေတိုင်း၊ (စားဆေး-ထိုးဆေး) စထိုး-သောက်ပြီး ၇ ရက်နေမှ ရာနှုန်းပြည့် သက်ရောက်တယ်။ ရာသီ စလာတဲ့နေ့ကနေ စသင့်တယ်။ လာနေတုံး၊ လာပြီးချင်း စရင်လဲ စတဲ့ရက်နောက် ၇ ရက်စောင့်သင့်တယ်။ ဒီကြးထဲမှာ အကာကွယ် တနည်းနည်းလုပ်ရမယ်။
Thu, Feb 28, 2013 at 2:16 PM
သမီး ၁၁-၂-၂ဝ၁၂ တွင် မင်္ဂလာဆောင်ပြီး ပါပြီရှင့်။ အောက်တွင် ယခင်က မေးသလို ကိုယ်ဝန်တားဆေး မည်သည့်ဆေးမျှ မသုံးဖြစ်ခဲ့ပါ။ ခင်ပွန်းမှလည်း ကိုယ်ဝန်ရလျှင် တန်းယူချင်သည်ပြောသေးကြောင့် တားဆေး မသုံးဖြစ်ခဲ့ပါ။ လက်မထက်မီ ၁၆-၁ဝ-၂ဝ၁၂ တွင် ရာသီ တခါလာပါသည်ရှင်။ ၃ ရက်ပါ။ လက်ထပ်ပြီး အတူနေပြီး ၁၇-၁၂-ဝ၁၃ တွင် တခါ ထပ်လာပါသည်။ ၃ ရက်ပါ။ ယခု ကိုယ်ဝန် မရှိသေးပါရှင့်။ အိမ်ထောင် သက်တမ်း ၃လနီးပါးရှိပါပြီ။၂ ယောက်ထဲ အိမ်ခွဲနေပါသည်။ ကိုယ်ဝန် မရသေးလျှင် အိမ်ထောင်သက်တမ်း ဘယ်နှစ်လတွင် ဆေးခန်းပြသင့်ပါသလဲရှင်။ (ကိုယ်ဝန် ရှိရန်အတွက်) မျိုးဥကြွေဆေး သောက်ရန် လိုအပ်ပါ သလားရှင်။ မည်ကဲ့သို့နေထိုင်၊ စားသောက်ရမည်ကို ညွန်ကြားပေးစေ ချင်ပါသည်ရှင်။
အိမ်ထောင်ကျတာနဲ့ အားလုံး အဆင်ပြေရင် ကိုယ်ဝန် ရသွားနိုင်တယ်။ အတူတူနေမယ်၊ ပုံမှန် ရက်-အကြိမ် ဆက်ဆံမှု ရှိမယ်ဆိုရင် ရက်အတွက် ထည့်တွက်စရာမလိုပါ။ ဘယ်အထိစောင့်ရမလဲ အတိအကျ သတ်မှတ်မထားပါ။ မျိုးဥကြွေဆေးဆေးကို OG ပြပြီးမှ သောက်တာ ကောင်းပါတယ်။
• Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adultblogspotin/2012/05/pregnancy-and-good-diethtml
Thu, Feb 28, 2013 at 2:12 PM
Cytotec 200 ကို ဘာအတွက်သုံးလဲ သိချင်ပါတယ်။ ဗဂျိုင်းနားထဲ ထည့်တာလား၊ အစာအိမ် အတွက်သောက်တာလား သိချင်ပါတယ်ရှင့်။
Misoprostol ဆေးကို Cytotec နာမယ်နဲ့လဲလာတယ်။ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Aspirin, Ibuprofen, Naproxen တွေကြောင့် Stomach ulcers အစာအိမ်လေနာဖြစ်တာကို ကာကွယ်ရာမှာလဲ သုံးတယ်။ ကိုယ်ဝန် ဖျက်ရာမှာလဲ သူတမျိုးထဲဖြစ်ဖြစ် Mifepristone နဲ့ တွဲပြီးဖြစ်ဖြစ် သုံးတယ်။ ဒါ့ကြောင့် ဒီဆေးမျိုးကို ဝယ်ရတာ သိပ်မခက်ပါ။ Cytotec Side Effects ဆေးသုံးပြီး ကိုယ်ဝန်ဖျက်ဘို့ရာ Cytotec ဆေးကို ပါးစပ်ကနေသောက်တာက မွေးလမ်းထဲ ထည့်တာထက် ဘေးထွက်-ဆိုးကျိုး နဲနဲပိုများတယ်။ Cytotec 400 or 800 mcg ကနေ အများဆုံးဖြစ်စေတတ်တာက ဗိုက်နာတာနဲ့ ဝမ်းပျက်တာတွေဖြစ်တယ်။ သုတေသနမှာ ဝမ်းပျက်သူ (၁၃-၄ဝ%) ဖြစ်ပြီး၊ ဗိုက်နာသူ (၇-၂ဝ%) ဖြစ်တာတွေ့ရတယ်။
ကိုယ်ဝန်ဖျက်ဘို့ ပါးစပ်ကနေသောက်သူတွေမှာ ဝမ်းပျက်သူ (၄ဝ%)၊ ဗိုက်နာသူ (၂ဝ%)၊ ပျို့သူ (၃့၂%) နဲ့ အစာမကျေတာ၊ လေတက်တာတွေ ဖြစ်ကြတယ်။ ဒီဆေးကို လေနာအတွက်ပေးသူတွေမှာ သွေးစွန်း (ဆင်း) တာ (ဝ.၇%)၊ ကြွက်တက်သူ (ဝ.၆)၊ ရာသီများသူ (ဝ.၅%)၊ ရာသီမမှန်သူ (ဝ.၃%)၊ ဗိုက်နာသူ (ဝ.၁%) ရှိတာတွေ့ရတယ်။ နောက်လေ့လာမှု တခုအရ ဆေးသောက်ပြီး ပျို့သူ (၃.၂%)၊ လေတက်သူ (၂.၉%)၊ ခေါင်းကိုက်သူ (၂.၄%)၊ အစာမကျေသူ (၂.ဝ%)၊ အန်သူ (၁.၃%)၊ ဝမ်းချုပ်သူ (၁.၁%) ဖြစ်ကြတာတွေ့ရတယ်။ ဒါတွေအပြင် ကိုက်ခဲတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ အားယုတ်တာ၊ ကိုယ်ပူတာ၊ ချမ်းတာ၊ တုံတာ၊ ကိုယ်အလေးချိန် အပြောင်းအလဲရှိတာတွေလဲ ဖြစ်တယ်။ တချို့မှာ အရေပြားပေါ်အနီကွက်ဖြစ်တယ်၊ အရေပြားနာဖြစ်တယ်၊ ဆံပင်ကြွတ်တယ်၊ ရင်သားနာတယ်၊ ဖြူဖတ်ဖြူရော်ဖြစ်တယ်။ လျှာအရသာပြောင်းတယ်၊ မျက်စိ ကြည့်မကောင်းဖြစ်တယ်၊ မျက်စိနာတယ်၊ နားအကြားနည်းတယ်၊ ခေါင်းမူးတယ်၊ နားကိုက်တယ်လို့လဲ ပြောကြတယ်။
သွေးဆင်းတာများသူတွေ ဘယ်ကနေဆင်းဆင်း၊ ဘာကြောင့်ထွက်ထွက် ဂရုစိုက်ရမှာတွေ အတူတူဘဲ။ ချက်ချင်း သွေးထွက်တာနဲ့ တဖြေးဖြေးချင်းထွက်တာ မတူဘူး။ ချက်ချက်ဖြစ်တာကို ချက်ချင်းဂရုစိုက်ရမယ်။ ရုတ်တရက် ခေါင်းမူးမယ်၊ နေမကောင်းချင်ဖြစ်မယ်၊ ခြေ-လက် အေးစက်နေမယ်၊ ချွေးပြန်မယ်။ သတိမကောင်းချင်ဖြစ်မယ်။ ခဏတဖြုတ် သတိလစ်တာဖြစ်မယ်။ အဲလိုဖြစ်ရင် ဆေးရုံတက် နေရသလို အိပ်ယာမှာ လှဲနေပါ။ ခေါင်းကို မြင့်မနေစေဘဲ လိုအပ်ရင် ခေါင်းရင်းကို ခြေရင်းထက် နိမ့်အောင်နေစေပါ။ နှစ်သိမ့်စကား ပြောပါ။ လေကောင်းလေသန့်ရပါစေ။ ရေ၊ အရည်တိုက်ပါ။ လက်ကောက်ဝတ် သွေးကြော အစမ်းရခက်ရင် သွေးပြန်ကြောထဲ ဆေးသွင်းရမယ်။ တချို့မှာ သွေးသွင်းရတယ်။
Thu, Feb 28, 2013 at 1:37 PM
မီးဖွားပြီး (ဗိုက်ခွဲမွေးထားပါသည်။) 45 ရက်ကျော်ပြီး တားဆေးတစ်ခုမှ အသုံးမပြုမိခင် အမျိုးသားနှင့် အတူတူနေမိပါသဖြင့် ကိုယ်ဝန်ရရှိမှာ အရမ်းကြောက်နေလို့ပါ ဆရာ။ ဘယ်လို နည်းလမ်း ရှိသလဲ ဆိုတာ ပြောပြပေးစေချင်ပါသည်။ အိုဂျီမှာလဲ ခရီးထွက်နေပါသဖြင့် မပြသရသေးပါဆရာ။ တားဆေးကိုလည်း သမီးက ဝသောကြောင့် ထိုးလို့အဆင်မပြေဟု ပြောပါသည်။ ကလေးကိုလဲ နို့တိုက်နေရပါသောကြောင့် စားဆေးလဲ မစားချင်ပါဘူးဆရာ။ သားအိမ်ထဲ ထည့်တားနည်းနှင့် လက်မောင်းထဲထည့်တားနည်းမှာ ဘယ်ဟာ ပိုပီး အန္တရာယ်ကင်းတယ်ဆိုတာ သိချင်ပါသည်။
Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ
Thu, Feb 28, 2013 at 1:00 PM
လိင်စဆက်ဆံချိန်မှာ ဘာတွေလိုအပ်လည်း သိချင်ပါတယ် ဆရာ။ တစ်ချို့ပြောတာက ကောင်မလေးမှာ လိင်တစ်ခါ ဆက်ဆံယုံနဲ့ ကိုယ်ဝန် ရသူလည်းရှိတယ်။ မရသူလည်း ရှိတယ်လို့ သူများတွေကပြောပါတယ်။ ဟုတ်ပါသလား။ လိင်စဆက်ဆံချိန်မှာ ကိုယ်ဝန်မရရန် ကွန်ဒုံးသုံးပြီး ဆေးတိုက်စရာ လိုပါသေးလား ဆရာ။ လိင်စဆက်ဆံချိန်မှာ လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ လမ်းညွှန်ပေးစေလိုပါတယ် ဆရာ။ ကန်တော့ပါဆရာ မိန်းကလေးက လိင်တံကို ပါစပ်နဲ့ပြုလုပ်ပေးရုံနဲ ဘာရောဂါ များဖြစ်တတ်ပါသလဲ ဆရာ။ တံတွေးကနေ ကူးစပ်ရောဂါ များဖြစ်တတ်ပါသလား။
http://dts-medicaleducation-adultblogspotin/ ကိုသွားပါ။ အောက်ဆုံးမှာ မာတိကာရှိတယ်။ မေးတာတွေအားလုံးရေးထားပါတယ်။ ဖွင့်ရရင် ခေါင်းစဉ်ပြောပါ။
Thu, Feb 28, 2013 at 6:33 AM
သားလေးက ခုဆို ၁၁ လပြည့်ပြီးပါပြီ။ အစာအနေနဲ့ မိခင်နို့အပြင် Nestle ကထုတ်တဲ့ chicken + mixed vegetable cereal ကို နွားနို့နဲ့တိုက်ပါတယ်။ ထမင်းပျော့ပျော့ကိုလည်း ခြေပြီး နွားနို့လေးနဲ့ တိုက်ပါတယ်။ ကြက်ပြုတ်ရေနဲ့လည်း တိုက်ပါတယ်။ အရင်တုန်းက သားလေးက ဝမ်းကို လေး၊ ငါးရက်နေမှ တခါသွားပါတယ်။ ခုဆို တနေ့ တကြိမ် (ပုံမှန် မနက်အိပ်ရာထ) တခါတလေ ၂ ကြိမ်လောက်သွားပါတယ်။ ဒီနေ့ မနက်ဝမ်းသွားတော့ သွေးစလေးတွေ ထင်ပါတယ် တွေ့လို့ပါ (သေချာကြည့်မှ မြင်ရတာပါ။ အနီရောင် ချွှဲစလေးလိုပါ။ သိပ်တော့ မများပါဘူး) ဝမ်းကတော့ အဝါရောင်ပါ။ အတုံးနဲ့ အတူ ဝမ်းအရည် အချွဲတွေပါပါတယ်။ ပုံမှန်သွားသလောက်ဘဲ ပါပါတယ်။ သူက ဝမ်းသွားနေရင်း ညှစ်တတ်ပါတယ်။ အဲဒါ ဆရာဝန်ပြဖို့ လို-မလို သိချင်လို့ပါ။ ကစားတာ၊ စားတာ၊ အိပ်တာကတော့ ပုံမှန်ပါ။
မစိုးရိမ်ပါနဲ့။ ဝမ်းမာလို့လဲ ဖြစ်တတ်တယ်။ ရေပိုတိုက်ပေးပါ။ အသီးအရွက် နဲ့ အသီးကြွေးပေးပါ။ တခါတလေ မြန်မာ လျှက်ဆားလိုလဲ သုံးနိုင်တယ်။ ဝမ်းသွားတာ အကြိမ်များပြီး သွေး + အချွဲပါတာဆိုရင် ဝမ်းကိုက်တာ စဉ်းစားရတယ်။ များသောအားဖြင့် အလိုလို ပျောက်ပါမယ်။ ကလေးငယ်သေးလို့ ဆေးတိုက်တာ ဂရုစိုက်ရမယ်။ မလိုပဲ မတိုက်ပါနဲ့။
3-3-2013 Facebook
I have an AIDS prevention book. I found that masturbation is good to prevent AIDS. I think masturbation can have harmful effect. Is it right? If someone does masturbation, he may not visit sex workers or may visit less frequently. Then there is less chance for unprotected sex for HIV and STDs. But Saya, cannot he get any disorder in his body?
Masturbation (မာစတာဘေးရှင်း)
Sun, Mar 3, 2013 at 10:06 PM
I have sex with my girlfriend. We were sex for a long time and yesterday she had some blood on hers what is that problem and this case like she lost her virginity please answer if you could
Facts are not complete. How old is she? Are her cycles regular? When did that happen, on which day of the cycle? Is she taking any medicine? You said you were having sex for long and why do you asked me virginity? She has lost it on the first act.
Sun, Mar 3, 2013 at 11:22 PM
ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့ နေဖြစ်တာကြာပါပြီ။ ဒါပေမယ့် ပထမအကြိမ်တုန်းက အမှေးပါးမပေါက်ပါဘူး။ အခုမှအမှေးပါးကြွသလိုကြီး သွေးတွေထွက်တယ်ဗျ။ သူနဲ့နေဖြစ်တာက ရာသီပြီးစအချိန်ပါ။ အဲဒါဘာဖြစ်တာလဲခင်ဗျ။ နောက်ပြီး တားဆေးတိုက်စရာလိုသေးလားမသိဘူး။ ကျွန်တော်အလျှင်လိုနေလို့ပါ။
မိန်းကလေး အသက်မသိပါ။ အရင်က အတွေ့အကြုံ မရေရာပါ။ ကြာပြီဆိုတာက အရင်အတူနေစဉ်က အောင်မြင်မှု ရှိပါသလား။ အပျိုမြှေး မပေါက်တာကို သိတာမှန်ပါသလား။ နာကျင်မှု ရှိခဲ့ပါသလား။ ရာသီပြန်ဆင်းတာလဲ ဖြစ်နိုင်သလို အခုမှ ပေါက်ပြဲတာလဲ ဖြစ်နိုင်ပါမယ်။ အတူနေတဲ့ရက်က ရာသီရဲ့ ဘယ်ရက်ဆိုတာ မသိလို့ ဆေးညွှန်မရပါ။
Sun, Mar 3, 2013 at 10:33 PM
ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော် ရာသီလာပြီး နှစ်ရက်မြောက်နေ့မှာ တူတူဖြစ်ခဲ့ကြပါတယ်။ ရာသီလာတာသုံးရက်ပါ။ တူတူနေပြီး Ecee2 ကို ဆေးညွှန်းအတိုင်း သောက်ခဲ့ပါတယ်။ အဲ့တာ ကိုယ်ဝန်ရနိုင်ပါသလားဆရာ။ အရင်လကလည်း Ecee2 ကို နှစ်ကဒ်ခန့်သုံးစွဲဖူးပါတယ်။ ဆေးသုံးတာ များသွားလို့ ဆေးရဲ့အာနိသင်မပြတော့မှာ စိုးရိမ်လို့ပါဆရာ။ ကိုယ်ဝန်ရနိုင်ပါသလားဆရာ။
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adult.blogspot.in/2012/11/emergency-pills.html
Tue, Mar 5, 2013 at 7:55 AM
ကျွန်မသည် ကလေး ၂ ယောက်မိခင်ဖြစ်ပါသည်။ ကလေး ၂ ယောက်ကို ရိုးရိုးမွေးဖွားပါသည်။ ယခုကျွန်မအသက် ၄ဝ ကျော်ပါပြီ။ သားအိမ်တွင်အလုံး ၄ စင်တီမီတာရှိလို့ သားအိမ်ထုတ်ခိုင်းပါသည်။ လေဆာနည်းဖြင့် ခွဲစိတ်ခြင်း သို့မဟုတ် ရိုးရိုးခွဲစိတ်ခြင်း မည်သည့်နည်းသည် ပိုကောင်းသည်ကို တစ်မျိုးခြင်းစီကို ရှင်းပြပေးပါရှင့်။ တချို့တွင် ခွဲစိတ်ပြီး ဆီးလမ်းကြောင်းပါ ထိခိုက်သည်ကို ကြားဖူးလို့ စိုးရိမ်မိပါသည်။ ထိုင်းနိုင်ငံတွင် ခွဲစိတ်မည်ဖြစ်သည်။ သားအိမ်ကင်ဆာတော့ မဟုတ်ပါ။ ယခင် ၃ နှစ်က လေဆာနည်းဖြင့် အနာလုံးဖဲ့ ထုတ်ဖူးပါသည်။ ယခုဆရာဝန်က လေဆာနည်းဖြင့် သားအိမ်ထုတ်မည်ပြောလို့ ဘယ်နည်းဖြင့် ပိုကောင်းမည်ကို အမြန်ဆုံးသိချင်ပါသည်။
ရောဂါအမည်စာလုံးပေါင်း မသိရပါ။ အသက် မသိရပါ။ လေဆာ ကုသနည်းက တိတိကျကျလုပ်ပါတယ်။ တန်းမတ်နေအောင် အလင်းရောင်သွားပါတယ်။
Uterine Fibroid (1) သားအိမ်အလုံး (၁)
Uterine Fibroid (2) သားအိမ်အလုံး (၂)
Uterine Fibroid Laser Treatment သာအိမ်အကျိတ်အား လေးဆာနည်းဖြင့်ကုသခြင်း
Benefits အကျိုးကျေးဇူးများ
Laporoscopic myolysis uses a fiber-optic or electrical instrument that requires no incisions and causes little blood loss, and complications are generally less serious than with surgical removal. Laser treatment also has no effect on fertility, and the uterus and lining remain intact ခွဲစိတ်ဒါးမသုံးလို့ ဒါးရာနဲ့ အမာရွတ်မရှိပါ။ သွေးထွက်တာနည်းတယ်။ ရိုးရိုးခွဲစိတ်နည်းထက် နောက်ဆက်တွဲဖြစ်တတ်တာ ပိုနည်းတယ်။ နောင်မှာ ကလေးမရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းတယ်။ သားအိမ်က အတိုင်းသားကျန်နေမယ်။ ဆေးရုံနေရတာနအချိန်တိုတယ်။ နလံထမြန်မယ်။
Disadvantages အနုတ်သဘောဆောင်တာတွေ
Since the procedure is relatively new, research on long-term effects is not available. And although uterine fibroid malignancies are rare, this procedure does not allow those odd cases to be identified, since no sample is retrieved for biopsy ကုသနည်းက အသစ်ဖြစ်နေလို့ လေ့လာမှု မစုံလှသေးပါ။ ဘယ်လောက်အထိ ပိုသလဲ၊ နည်းသလဲပြောဘို့ စောပါသေးတယ်။ သားအိမ်အကျိတ်ကနေ ကင်ဆာဖြစ်မှ အခွင့်အလမ်း အင်မတန်နည်းပေမဲ့ လိုလိုမယ်မယ် ကင်ဆာ (ဆဲလ်) တွေ ရှိ-မရှိ စစ်ဆေးဘို့ အသားစ မရနိုင်ပါ။
Results ရလဒ်
Fibroids usually shrink by up to 40 percent within six months of the procedure, but recurrence is possible. Women can become pregnant after the treatment ခွဲပြီးတာနဲ့ ၆ လ အတွင်း ၄ဝ% သေးငယ်သွားစေမယ်။ ပြန်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ နောက်ကလေးရနိုင်တယ်။
Mon, Mar 4, 2013 at 7:08 PM
မိန်းကလေးတွေက ရာသီလာရင်ခေါင်းလျော်လို့မရဘူးဆိုတာ ဟုတ်ပါသလား။ ခေါင်းလျော်မိရင် အသက်အန္တာရယ်ရှိတယ်လို့ ကြားဖူးပါတယ်ဟုတ်ပါသလား။
မဟုတ်ပါ။ ဆရာဝန်တွေက မတားပါ။ တခုခုဖြစ်တာရှိသူမှာ တခြား အကြောင်းခံတခုကြောင့်သာဖြစ်ပါမယ်။
Mon, Mar 4, 2013 at 7:08 PM
ရာသီလာပြီး ၅ ရက်အတွင်း ကိုယ်ဝန်ရနိုင်ပါသလား။ အပျိုအမှေးပါး မပေါက်သေးဘဲနဲ့ရော ကိုယ်ဝန်ရနိုင်ပါ သလား။ သုတ်မထွက်ဘဲ အင်္ဂါ ၂ ခု တစ်ခဏထိရုံနဲ့ အပျိုမှေးလည်း မပေါက်သေးဘဲနဲ့ ရာသီလာပြီး ၅ ရက်အတွင်းလည်း ဖြစ်တယ်ဆိုရင် အဲ့လို ခဏထိရုံနဲ့ ကိုယ်ဝန်ရနိုင်ပါသလား။
ရာသီလာပြီး ဆက်ဆံမှုဟာ (၁) သုက်ရည်က မိန်းကလေးလိင်အင်္ဂါထဲဝင်မယ်၊ (၂) မိန်းကလေးက တားဆေး-တားနည်လည်း သုံးမထားရင်၊ (၃) ယောက်ျားလေးရဲ့ သုက်ကလည်း အရေအတွက်ရော အရည်အသွေး ပါကောင်းရင် (၄) မိန်းကလေးကလဲ အဲဒီလမှာ မျိုးဥထွက်ရင် ကိုယ်ဝန်ရလမ်းရှိနိုင်ပါတယ်။ ရာခိုင်နှုန်းအပြည့်မဟုတ်ပါ။ နည်းပါတယ်။ အပျိုမြှေးပေါက်-မပေါက်ဆိုတာထက် အထက်က အခြေအနေတွေနဲ့ညီပြီး သုက်ရည်က စိမ့်ဝင်နိုင်ရင်လဲ ရချင် ရမယ်။ ရာခိုင်နှုန်း အတော်နည်းပါမယ်။
Mon, Mar 4, 2013 at 5:27 PM
ဆရာ့ရဲ့ အဖြေအတွက် ကျေးဇူး အထူးတင်ပါတယ်ရှင့်။ ၄င်းရောဂါကို ဘာရောဂါရယ်လို့ အမည်နာမ တပ်လို့ ရပါသလားရှင့်၊ ရောဂါနာမည်လေး သိထားချင်လို့ပါ။ နောက် ထိုရောဂါနဲ့ပတ်သက်တဲ့ အထွေထွေ ဗဟုသုတလေးတွေလည်း သိချင်လို့၊ ဆရာရေးဖူးတဲ့ စာလေးများရှိရင် လင့်ခ်လေး ညွှန်းပေးပါဆရာ။ ဆရာ ရေးဖူးတဲ့ စာမရှိရင်လည်း အခြားသော ကောင်းနိုးရာရာ လင့်ခ်လေး ညွှန်းပေးပါဦး။ နောက် အနာ သက်သာစေမယ့် ဆေးလေးများလည်း သိချင်ပါတယ် ဆရာ။
Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ
Mon, Mar 4, 2013 at 5:26 PM
ကျွန်တော် 14-2-2012 နေ့က ပျော်ပါးဘူးပါတယ်ဆရာ။ 3 လနေတော့ တစ်ကြိမ်၊ နောက် 7 လကြာတော့တကြိမ် HIV 1,2 နဲ့ VDRL စစ်တော အနုတ်ပြပါတယ်ဆရာ။ ဒါပေမယ့် 8 လနေတောဆရာ ကျွန်တော့် နောက်ကျောမှာ အဖုနီလေးတွေနဲ့ အနီကွက်လေးတွေ ထွက်တယ်ဆရာ။ ပထမှအရေးပြား ဆရာဝန်နဲပြတော့ fluconazole capsules 200mg (forcan-200) နဲ့ loratadine 10mg ပေးပါတယ်။ နောက် တပတ်ကြတော့ flugal 150 (fluconazole USP 150mg) ရယ် loratadine10mg နဲ့ လိမ်းဆေး cloben-g ပေးပါတယ်။ ဆေးကို 4 ပတ်လောက်သောက်ပြီး ပျောက်သွားတယ်။ 12 လပိုင်းကြပြန်ဖြစ်တယ်။ ဆရာဝန်ပြန်ပြတယ်။ Doxycycling 100mg,B6, Cevit, Loratading ပေးတယ်။ အဖုကလေ ဆားဝက်ခြံလို အဖြါ်ဆံတွေ ထွက်တယ်ဆရာ။ ဒုတိယတစ်ကြိမ်က ဆရာဝန်က တစ်ယောက်ပါ ခင်ဗျာ။ အဲဒါက ဘာဖြစ်တာလဲဆရာ။ HIV တိုကာလသားရောဂါတော့ မဟုတ်လောက်ပါဘူနော် ဆရာ။
ထင်မှတ် စိုးရိမ်တာမျိုး မဟုတ်လောက်ပါ။ လင့်တွေကိုဖတ်နိုင်ပါတယ်။
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation-adultblogspotin/2013/01/hiv-opportunistic-infectionshtml
STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adultblogspotin/2012/04/sexually-transmitted-diseases-stdshtml
STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adultblogspotin/2012/06/stds-2html
STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adultblogspotin/2012/06/stds-3html
STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adultblogspotin/2012/03/stdsstis-general-recommendationshtml
STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adultblogspotin/2012/03/1_30html
Mon, Mar 4, 2013 at 2:19 PM
ကျွန်မ အသက် 30၊ အိမ်ထောင်ရှိပါတယ်။ ကလေးလည်း ရှိပါတယ်။ Marvelon 28 တားဆေးသောက်နေပါတယ်။ Feb လက စသောက်ပါတယ်။ အရင်က တားဆေးထိုးပါတယ် (ဆေးထိုး တုန်းကလည်း ရာသီ လုံးဝမလာပါ)။ ဒီနေ့ဆို ကဒ် အသစ် စသောက်ရတော့မှာပါ။ ဒါပေမဲ့ ရာသီ မလာဘူးဖြစ်နေပါတယ်။ တားဆေးသောက်ရင် ရာသီလာတယ်လို သိထားလိုပါ။ ကိုယ်ဝန်ရှိနေလားဆိုပြီးTest နဲ့လည်းစစ်ကြည်ပါတယ်။ မရှိပါဘူး။ တားဆေးနဲ မတည်လိုလား။ဘာဖြစ်တာလဲ သိချင်ပါတယ် ဆရာ။
မှန်ပါတယ်။ ဆေး ၂၁ လုံးကုန်တဲ့နောက် နောက်ဆုံး ရ လုံးသောက်နေတုံးမှာ ရာသီပြန်လာပါမယ်။ ရာသီမလာလဲ ကိုယ်ဝန်မဆောင်ချင်သေးရင် တကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ရပါမယ်။ တချို့ အမျိုးသမီးတွေမှာ မတူတာလေးတွေဖြစ်တတ်ပါတယ်။ ဆီးစစ်တာလဲ ကောင်းတယ်။ ထူးခြားရင် မေးနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




