1. ကျွန်တော်တို့ အိမ်ထောင်ကျတာ (4)နှစ်ကျော်ရှိပါပြီ။
2. မိန်းကလေးက လက်နဲ့ အာသာဖြေပေးရင်ကော ကူးနိုင်ပါသလား ဆရာ။
3. ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော် ရာသီလာပြီး နှစ်ရက်မြောက်နေ့မှာ
4. သမီး (့) ပါ။ မေးရမှာ ရှက်နေတာနဲ့ သမီးမမေးဖြစ်ခဲ့ပါဘူး။
5. သမီးအသက်က ၃၃ နှစ်ပါ။ အိမ်ထောင် ရှိပါတယ်။
6. အခုနောက်ပိုင်း အမျိုးသမီး စိတ်ကြွဆေးတွေ ပေါ်နေတယ်လို့ ကြားပါတယ်။
7. ကျွန်တော့်ကောင်မလေးက ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ခြစ်ထားပါတယ်။
8. သမီးနာမည် (့) ပါ။ အသက် ၂၇ နှစ်၊
9. ကျွန်တော့်ကောင်မလေး အသက် 19 ပါဆရာ။
10. မ မျိုးဥ ကြွေတာနဲ့ ရာသီလာတာနဲ့ မတူဘူး မဟုတ်လား ဆရာ။
11. သမီးအသက်က ၃၃ နှစ်ပါ။ အိမ်ထောင်ကျတာက ၃ နှစ်ပြည့်တော့မယ် ဆရာ။
12. သမီးမှာ အခု ကိုယ်ဝန် ၁၅ ပါတ်နဲ့ ၂ ရက်ရှိနေပါပြီ။
13. သမီးဆီးကျင်နေတာ တပတ်ရှိပါပြီ မသက်သာသေးလို့ သမီးအိမ်မှာ test နဲ့
14. Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို
15. တစ်ယောက်နဲ့ တစ်ယောက် လိင်ဆက်ဆံတာ သွေးကနေ ကိုယ်ဝန်ဖြစ်နိုင်လား
Mon, Mar 4, 2013 at 12:55 PM
ကျွန်တော်တို့ အိမ်ထောင်ကျတာ (4)နှစ်ကျော် ရှိပါပြီ။ အခု တစ်လနှစ်လ အတွင်း ကျွန်တော့ အမျိုးသမီးနဲ့ ဆက်ဆံတဲ့ အချိန်မှာ မိန်းမ ကိုယ်အောက်ဘက်က ပြဲသလိုဖြစ်သွားပြီး ရေဆေးတဲ့ အခါ စပ်ပါတယ်။ဆက်ဆံပြီး နောက်ရက် ကျရင်တော့ ပျောက်သွားပါတယ်။ ဘာဖြစ်နိုင်သလဲ ခင်ဗျာ။ ကျွန်တော်က ကြီးဆေး ထိုးထားတာတော့ (5)နှစ်လောက် ရှိပါပြီ။ ကျွန်တော်တို့ ကလေးလိုချင်လို့ ဆေးဖြတ်ထားတာ (1)နှစ်ကျော် ပါပြီ အခုထိ မရသေးပါ။ အိမ်ထောင်ကျကာစက ကိုယ်ဝန်ရပါတယ် မလိုချင်သေးတဲ့အတွက် ဆေးခန်းပြတော့ ကိုယ်ဝန်က (1) လကျော်ပဲ ရှိသေးတော့ ဆေးထိုးပေးလိုက်ပါတယ်။ နောက် ၂ ရက်လောက်နေတော့ ရာသီပြန်လာပါတယ်။ တားဆေးကတော့ (28) လုံးပါတဲ့ ဆေးကဒ်သောက်ပါတယ်။ ဆေးသောက်တာကြာလို့ ကလေးမရတာလား။
အရင်က ကိုယ်ဝန်ရဘူးတဲ့ အတွဲတွေ နောက်လဲ ရဘို့ အခွင့်အလမ်းကောင်းပါတယ်။ တားဆေးတွေ ရပ်ပြီးနောက်မှာ နောက်ကိုယ်ဝန်ရတာ တယောက်နဲ့တယောက် မတူကြပါ။ အမျိုးသမီး အင်္ဂါစပ်တာက ထိခိုက်မိတာ ရှိသွားလို့ဖြစ်ပါမယ်။ သာမန် ဆေးကြောတာနဲ့ ပျောက်နိုင်တယ်။ Dettol/Savlon ဆေးရည်လဲ သုံးနိုင်တယ်။ လိုမယ်ထင်ရင် အနာထည့်ဆေး အပြော့စား တခုခုလိမ်းနိုင်တယ်။ ဥပမာ Chlohexadine/Betadine/Burnol cream
Mon, Mar 4, 2013 at 8:40 AM
မိန်းကလေးကလက်နဲ့ အာသာဖြေပေးရင်ကော ကူးနိုင်ပါသလားဆရာ။ ဗဟုသုတအနေနဲ့သိချင်လို့ပါဆရာ အဲ့ဒါကိုsafe sex လို့ ခေါ်ပါသလားဆရာ။
မိန်းကလေးရဲ့လက်မှာ ဝဲ၊ ယားနာ၊ ပွေးတွေကသာ ကူးစေနိုင်ပါတယ်။ HIV နဲ့ STD ပိုးတွေကတော့ လက်ကနေ မကူးပါ။
Sun, Mar 3, 2013 at 10:33 PM
ကျွန်တော့်ကောင်မလေးနဲ့ကျွန်တော် ရာသီလာပြီး နှစ်ရက်မြောက်နေ့မှာတူတူဖြစ်ခဲ့ကြပါတယ်။ ရာသီလာတာသုံးရက်ပါ။ တူတူနေပြီး Ecee2 ကို ဆေးညွှန်းအတိုင်း သောက်ခဲ့ပါတယ်။ အဲ့တာကိုယ်ဝန်ရနိုင်ပါသလားဆရာ။ အရင်လကလည်း Ecee2 ကိုနှစ်ကဒ်ခန့် သုံးစွဲဖူးပါတယ်။ ဆေးသုံးတာများသွားလို့ ဆေးရဲ့အာနိသင်မပြတော့မှာစိုးရိမ်လို့ပါဆရာ။ ကိုယ်ဝန်ရနိုင်ပါသလားဆရာ။
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adultblogspotin/2012/03/emergency-2html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adultblogspotin/2012/03/emergencyhtml
Emergency pills Effectiveness အရေးပေါ်တားဆေး ထိရောက်မှု http://dts-medicaleducation-adultblogspotin/2012/11/emergency-pillshtml
Wed, Mar 6, 2013 at 8:33 PM
သမီး (့) ပါ။ မေးရမှာရှက်နေတာနဲ့ သမီးမမေးဖြစ်ခဲ့ပါဘူး။ ရာသီလာခါနီးနှစ် ရက်သုံးရက်အလိုရောက်ရင် သမီးရဲ့ စအိုဝက နာသလို၊ ကိုက်သလိုဖြစ်ပါတယ်။ ဝမ်းလည်းချုပ်ပါတယ်။ နာတာ ကိုက်တာက ဝမ်းသွားခါ နီးနဲ့ လေလည် ခါနီးတွေမှာ ဖြစ်တာပါ။ ရာသီလာတဲ့ ရက်တွေနဲ့ လာပြီးနှစ်ရက်လောက်ကြာ ရင်ပျောက်သွားပါတယ်။ ဝမ်းလည်း မချုပ်တော့ပါဘူး။ တစ်လလုံးဘာမှမဖြစ် တော့ပါဘူး။ သမီးအဲဒီလိုဖြစ်နေတာ ကိုးလလောက် ရှိပါပြီ။ အမျိုးသမီးဆေးရုံမှာ သွားပြပါသေးတယ်။ သားအိမ်နဲ့ မဆိုင်ဘူးဆိုတာနဲ့ ဘယ်ဆရာနဲ့ ပြရမလဲမသိတာရယ်၊ သမီးဖြစ်နေတာကို သေချာ မပြောပြနိုင်တာရယ်၊ ရှက်တာရယ်ပေါ့ဆရာရယ် မပြဖြစ်တော့ ပါဘူး။ အခုပြီးခဲ့တဲ့နှစ်လလောက်မှာ စအိုဝနားက ညာဘက်တင်ပါးက ရာသီလာဖို့ဝေးနေတာတောင် ကိုက်ကိုက်လာတယ်။ အမြဲတမ်းမဟုတ်ပါဘူး၊ ရက်တော်တော်ကြာမှ စက္ကန့်နှစ် ဆယ်လောက် ကြာအောင်ပဲ ကိုက်ပါတယ်။ ဒီလကျတော့ အပေါ်မှာဖြစ် သလိုဖြစ်ပြီးတော့ အခုရာသီပြီးသွားပြီး ငါးရက်လောက်ရှိတာတောင် မပျောက်သေးပါဘူးဆရာ။ အခုစာရိုက်နေတာတောင် သမီရဲ့ ညာဘက်တင်ပါး (စအိုနားက) ကိုက်နေပါတယ်။ သမီးကြောက်လာပါပြီဆရာ။ ဘယ်ဆရာနဲ့ပြပြီး ဘာလုပ်သင့်တယ် ဆိုတာပြောပြပေးပါဆရာ။ သမီးအခုလိုမဖြစ်ခင် ၂ဝ၁၁ ခုနှစ် ဆယ်လပိုင်းမှာ တစ်လကျော်လောက် ဝမ်းပျက်ဖူးပါတယ်။ အစာအိမ်လည်း ၂ဝဝ၇ ခုနှစ်က စဖြစ်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအထူးကု ဆရာကြီး (့) နဲ့ ကုနေရပါတယ်။ ဝမ်းပျက်ပြီးကတည်းက အခုလို ဖြစ်တာပါ။ ဝမ်းပျက်တုန်းကလည်း ဆရာကြီးနဲ့ပဲကုတာပါ။ သမီးခံစားနေရတာတွေ၊ စိတ်ပူနေရတာတွေကို ကူညီဖြေရှင်းပေးပါဆရာ။ ဘာလုပ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ် အစစအရာရာလမ်းညွှန်ပေးပါရှင်။
ဆရာမဖြေခင် သိချင်တာပြောနိုင်ရင်ပြောပါ။ အသက်၊ အိမ်ထောင်ရေး (လိုအပ်ရင်)၊ ကလေး (လိုအပ်ရင်)၊ အာလ်ထွာဆောင်း ရိုက်ဘူးသလား။ ရာသီလာရင် ဆီးစပ်နာတာကော သူများတွေထက် ထူးသလား။ အဖြူဆင်းသလား။ ဝမ်းသွာတာ သွေးပါဘူးသလား။ လိပ်ခေါင်းလိုသဘော ရှိသလား။ အစားအသောက် မှန်သလား။ လူက ဝလာ-ပိန်လာ ရှိသလား။ အနာ-အကိုက်သက်သောဆေးသောက်ရင် သက်သာသလား။
Thu, Mar 7, 2013 at 10:23 AM
သမီးအသက်က ၃၃ နှစ်ပါ။ အိမ်ထောင် ရှိပါတယ်။ ကလေးလည်းရှိပါတယ်။ ၁ဝ နှစ်သမီးပါ။ အာလ်ထွာဆောင်း ကတော့ မရိုက်ဖူးပါဘူး။ ရာသီလာရင် ဆီးစပ်ကော၊ ဗိုက်ထဲကပါ အောင့်ပါတယ်။ အဖြူဆင်းတာကတော့ သမီးအထင် ပုံမှန်ပဲလို့ ထင်ပါတယ် အညောင်းမိတဲ့အခါကျမှ ပိုဆင်းတယ် လို့ထင်ပါတယ်။ ဝမ်းသွာရင်လည်း သွေးမပါပါဘူး။ အဲဒီရက်ပိုင်း ဝမ်းချုပ် ပါတယ်။ ကျန်တဲ့အချိန်ပုံမှန်ပါပဲ။ လိပ်ခေါင်းလားဆိုတာသမီးမသိပါဘူး စအိုအပြင်မှာတော့ အဖု၊ အသားပို ဘာမှ မရှိပါဘူး။ အစားလည်းမှန်ပါတယ်။ အစားသောက်မပျက်ပါဘူး။ အရပ် ၅ပေ ၄လက်မရှိပြီးတော့ ပေါင်ချိန်က ၁ဝ၈ လောက် ရှိပါတယ်။ Dolfenal ဆို တဲ့ဆေးကို ရာသီလာတိုင်းသောက်ရပါတယ်။ ဆီးစပ်နဲ့ဗိုက်အောင့်တာ သက်သာပါတယ်။ စအိုဝက နာတာက ဝမ်းသွားခါနီးနဲ့ လေလည်ခါနီး၊ ဝမ်းသွားပြီးထိုင်လိုက်တဲ့အချိန်တွေပဲ နာတာပါ။ ရာသီချိန် တစ်ပတ်အတွင်းပါပဲ။ ဒီလကျမှ စအိုဝ တင်ပါးကိုက်တာ ဖြစ်နေတာပါ။
စဉ်းစားစရာ ၂ မျိုးရှိတယ်။ အစာလမ်းနဲ့ မျိုးပွါးလမ်း။ အစာလမ်း ဆရာဝန်ပြထားလို့ ဒီလမ်းအတွက် သိပ်စိုးရိမ်စရာတော့ မလိုပါ။ လိပ်ခေါင်းလဲ မဟုတ်လောက်ပါ။ နာတာ-ကိုက်တာဆိုတာမျိုးက ကင်ဆာ မဟုတ်ဘို့ များပါတယ်။ ဆရာတော့ OG ကိုပြသင့်တယ်ထင်တယ်။ ရာသီရက်တွေနဲ့ ဆက်နေတာမို့။ ကလေး တယောက်ရှိဘူးလို့ သားအိမ်ရောဂါ တခုဖြစ်တဲ့ (အင်ဒိုမီထရီရိုးဆစ်) ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်။ ဒါပေမဲ့ကလေးက ၁ဝ နှစ်တောင်ရှိနေတာမို့ ဘာလို့ ဒိနောက်မရသလဲ။ တားဆေးကြောင့်လား။ အခုဖြစ်နေတာနဲ့ ဆက်မလား မပြောနိုင်ပါ။ အကြံပေးရရင် OG ပြပါ။ Ultrasound ရိုကရနိုင်တယ်။
Thu, Mar 7, 2013 at 10:47 AM
ဟုတ်ပါပြီရှင့်။ သမီးပြကြည့်ပါမယ်။ သမီးက ဝန်ထမ်းဆိုတော့ ကလေးပညာရေး စရိတ်အရမ်းကြီးလို့ မနိုင်မနင်းဖြစ်မှာစိုးလို့ တားထားတာပါ။ အမျိုးသားကလည်း နေပြည်တော်မှာ နေတာပါ။ ရန်ကုန်ကို သုံးလတစ်ခါ လောက်ပဲပြန်ရတာပါ။ သမီး OG ကို ရာသီလာတဲ့အချိန်ပဲ စောင့်ပြလိုက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ သမီးစိုးရိမ်တာ အူကင်ဆာဖြစ်မှာစိုးတာပါ။ ကင်ဆာမဖြစ်နိုင်ဘူး ဆိုတော့ တော်ပါသေးတယ် ဆရာ။
Anal and perianal disorders စအိုနေရာ ရောဂါများ
Wed, Mar 6, 2013 at 9:01 PM
ဆရာ အခုနောက်ပိုင်း အမျိုးသမီး စိတ်ကြွဆေးတွေပေါ်နေတယ်လို့ကြားပါတယ်။ အဲဒီဆေးတွေက ဆိုးကျိးတွေ ဖြစ်နိုင်လားဆရာ။ ပြီးတော့ ဆေးနာမည်ရောပြောပြပေးပါလား ခင်ဗျာ။
မြန်မာပြည်မှာ သတင်းထွက်နေတဲ့ ဆေးနာမည် ဆရာမသိပါ။ သိရင်ပြောပါ။ ကြည့်ပေးပါမယ်။
Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ
Wed, Mar 6, 2013 at 7:53 PM
ကျွန်တော့်ကောင်မလေးက ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ခြစ်ထားပါတယ်။ သားအိမ်ခြစ်ပြီး အတူတူနေမိပါတယ် ကိုယ်ဝန်မရှိအောင်လို့ ecee2 သောက်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါအတူတူနေမိတဲ့ အခါမှာတော့ တားဆေးမသောက်မိပါဘူး။ သားအိမ်ခြစ်ပြီးနောက်ပိုင်း လည်းတစ်ခါမှ သွေးမဆင်းသေးပါဘူး။ ကျွန်တော် သိချင်တာက သားအိမ်ခြစ်ပြီးနောက် တစ်လအတောအတွင်း ကလေးပြန်ရတက်လားဆိုတာကိုပါ
ကိုယ်ဝန်ပျက်တာ၊ ကိုယ်ဝန်ဖျက်တာတွေက ပုံမှန်ရာသီလာသလိုသဘောထားပြီး နောက်မှာ ဘယ်တော့ ကိုယ်ဝန်ရနိုင်သလဲဆိုတာ တွက်ရပါမယ်။
Calendar method ပြက္ခဒိန်နည်း http://dts-medicaleducation-adult.blogspot.in/2012/07/calendar-method.html
Wed, Mar 6, 2013 at 4:09 PM
သမီးနာမည် (့) ပါ။ အသက် ၂၇ နှစ်၊ အခုလက်ရှိ (့) နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်မရှိပါဘူး ဆရာ။ မိန်းကလေးသဘာဝ အဖြူဆင်းတာနဲ့ပတ်သက်ပြီး ယားယံခြင်းကို ခံစားနေရပါတယ်။ အပူအစပ်စားပြီးတဲ့ အခါမှာလဲ အဖြူဆင်းသလိုဖြစ်ပြီး ယားယံနေပါတယ် ယားယံလာရင် နေလို့မရဘူး ဆရာ အဲဒါကြောင့် ရေနဲ့ဆေးရင်း ပွတ်မိပါတယ်။ အခု မိန်းကလေး အင်္ဂါနဲ့ အတွင်းဘက် ဘေးဘက်အသားတွေက နီရဲပြီယားနေပါတယ်။ အရင်လို ရေဆေးလို့လဲ မသက်သာဘူး ဆရာ။ ခေါင်းလဲမူးတယ် အားနည်းသလိုလဲ ခံစားရတယ်။ သမီး အသားငါး မစားပါဘူး။ အားဆေးသောက်ဖို့ လိုအပ်ရင် သောက်ပါမယ် အဆင်ပြေမဲ့ဆေးမျိုးညွှန်ပေးပါ ဆရာ။
Vaginal itching မိန်းမကိုယ် ယားခြင်း
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Wed, Mar 6, 2013 at 3:31 PM
ကျွန်တော့်ကောင်မလေး အသက် 19 ပါဆရာ။ ရာသီလာပြီး နှုတ်ခမ်းတွေဖြူနေပါတယ်။ တော်တော်လေးကိုဖြူနေတာပါ။ အဲ့တာကျမ်းမာရေးအတွက်စိုးရိမ်ရပါသလား။ ဘာတွေလုပ်သင့်ပါသလဲဆရာ။
Anemia (အနီးမီးယား) ခေါ် ဒုက္ခသည်ရောဂါတမျိုး
Wed, Mar 6, 2013 at 3:11 PM
မ မျိုးဥ ကြွေတာနဲ့ ရာသီလာတာနဲ့ မတူဘူးမဟုတ်လား ဆရာ။ ကျွန်တောသိတာက ရာသီလာပြီး 14 ရက်လောက်နေမှ မမျိုးဥကြွေတာ ဆို ဟုတ်လားဆရာ မမျိုးဥ ကြွေတဲ့ အချိန်နဲ (အဲ့ အချိန် လိင်ဆက်ဆံမှ) ယောကျာ်းလေးရဲ့ သုတ်ကောင်နဲ့ တွေ့မှ ကိုယ်ဝန်ရတာဆိုတာ ဟုတ်လား။ ပြီးတော့ ကျွန်တော်ပြောတတ်သလိုပြောပြီး မေးချင်ပါရစေ။ ဖုံးထားတဲ့ အရေပြား ဆွဲလှန်တာာ လိင်တံထိပ်က (ကွမ်းသီးခေါင်း ဟုတ်လားမသိ) အဲ့အပေါ်မှာ အရေးပြားဖုံးထာတာလား။ အဲ့ဒါက ဆွဲလှန်လို့ မရတာလား။ အဲလိုဆို ကန်တော့ပါဆရာ ကျွန်တော် လိင်တံထိပ်ဘုကြီးကို ဖုံးတားတဲ့ အရေပြားက ပြဲသွားတယ်။ အဲ့ကနေ သွေးထွက်လာတာ။ ကန်တော့ပါ ဆရာ။ ကျွန်တော် ဘာလုပ်သင့်လဲ ဆရာ။ ဒီအတိုင်းဆိုရင် အဆင်ပြေမလားမသိဘူး။ ကျွန်တော်ဘာလုပ်သင့်လဲ။ ကျွန်တော်တွေးနေတာ နောက်တစ်ခါ ဆက်ဆံမိလို့ နာတယ် သွေးထွက်တယ် အဆင်မပြေဘူးဆိုမှ ဖြတ်ရမလားလို့ပါ။
မျိုးဥထွက်တာ၊ ကိုယ်ဝန်ရနိုင်တာကို မေးထားတာက ထင်တဲ့အတိုင်း မှန်ပါတယ်။ ကျားအင်္ဂါကို ဆရာဝန်တဦးကိုပြပါ။ Phimosis ဟုတ်-မဟုတ် နဲ့ ပြင်ဘို့လို-မလို ပြောပါလိမ့်မယ်။
Wed, Mar 6, 2013 at 8:39 AM
သမီးအသက်က ၃၃ နှစ်ပါ။ အိမ်ထောင်ကျတာက ၃ နှစ်ပြည့်တော့မယ်ဆရာ။ ရာသီလာတာက အပျိုထဲက မမှန်ဘူးဆရာ။ သမီးက ဝလည်းဝတယ်။ အိမ်ထောင်ကျစကထဲက သားသမီးယူမယ်ဆိုပြီး ဘာဆေးမှမသုံးဘူးဆရာ။ အဲဒါကိုမရလို့ အိုဂျီတွေလဲ အမျိုးမျိုးပြောင်းပြတယ်။ အိုဂျီတစ်ယောက်က primolut n , matforman စားခိုင်းတာ ၆ လလောက် စားလိုက်တော့ အိမ်ထောင်သက် ၂ နှစ်မှာ သားသမီးရှိလာတယ်ဆရာ။ ဒါပေမဲ့ ၃ လနဲ့ ပျက်သွားတယ်။ ၂ဝ၁၂ ၊ ၅ လပိုင်းကပါ။ အဲဒီနောက်ပိုင်းလဲ ရာသီက မမှန်ဘူးဆရာ။ အခုနောက်ပိုင်း ရာသီမပေါ်တာ ၃လအထိကြာသွားလို့ primolut n ကို ၂၁ ရက် ပြန်သောက်တော့ အခုရပ်လိုက်တဲ့အချိန်မှာ ရာသီသွေးပေါ်တယ်ဆရာ။ သမီးအခုဖြစ်နေတာက နောက်လ ရာသီသွေးပေါ်ဖို့ primolut n ကို ၇ ရက်ခြားပြီး ပြန်သောက်ရမလား။ ဒီလမှာပဲ သားသမီးရှိနိုင်မလားဆိုပြီး အခုရာသီသွေး ပေါ်တဲ့ရက်မှာပဲ မျိုးဥကြွေဆေးသောက်ပြီး ကိရိယာနဲ့စမ်းပြီး မျိုးဥကြွေတဲ့ရက်ကို သိအောင်လုပ်ပြီး သားသမီးရအောင်ပဲ တစ်ခါထဲလုပ်ရမလားလို့ဆရာ။ သမီးတို့တစ်အိမ်လုံးလဲ ကလေးကအရမ်းလိုချင်နေလို့ပါဆရာ။
Primolt ဆေးက ရာသီမမှန်သူတွေအတွက်ဖြစ်တယ်။ ကလေးရဘို့လဲ တားသေးတယ်။ စာတပုဒ်ပို့လိုက်ပါတယ်။ သားသမီးမရနိုင်သေးသူတွေအတွက်ရေးထားတာတွေ ဖတ်ပြီး-မပြီး မသိပါ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility news သားသမီး မရနိုင်သေးသူတွေအတွက် စိတ်မပျက်နဲ့ http://dts-medicaleducation-adult.blogspot.in/2013/02/blog-post.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
Wed, Mar 6, 2013 at 3:04 PM
သမီးမှာ အခု ကိုယ်ဝန် ၁၅ ပါတ်နဲ့ ၂ ရက်ရှိနေပါပြီ။ ဆေးစစ်ခဲ့တာ။ ဆီး သွေးစစ်ခဲ့ပါတယ်။ သွေးက HIV ပိုးအပါအဝင် ၃မျိုးစစ်ခဲ့ရပါတယ်။ အခြား ဘာရောဂါမှ မတွေ့ပေမဲ့ သမီး သွေးထဲမှာ ပိုးတမျိုးတွေ့တယ်တဲ့။ အဲ့ဒီပိုးက ဟိုးအရင်ထဲက ရှိနေတဲ့ပိုးလား အခုမှဝင်တဲ့ ပိုးလားဆိုတာ သိရအောင် ထပ်စစ်ပါတယ် ဆရာ။ အဲဒီအဖြေကတော့ မသိရသေးပါဘူး။ တကယ်လို့ ဟိုးအရင်ထဲက ပိုး ဆိုရင်တော့ သမီးကလေးအတွက် ဘာမှမဖြစ်နိုင်ပေမဲ့ အခုမှ ဝင်တဲ့ ပိုးဆိုရင်တော့ ကလေးမှာ သက်ရောက်မှူ ဖြစ်နိုင်ပါတယ်တဲ့ဆရာ။ ကလေး အဖျားကြီးတာ အနီကွက်တွေ ထွက်တာအပြင် ခန္ဓာကိုယ်တစ်ခုခုမှာ ထိခိုက်သွားနိုင်တယ်ဆိုလို့ သမီး စိတ်ပူလို့ပါဆရာ။ အခုလက်ရှိတော့ ကလေးက ပုံမှန်အသက်ရှူပြီး ပုံမှန်ကြီးထွားနေဆဲပါ ဆရာ။
ပိုးအမည်သိမှ ပြောနိုင်ပါမယ်။ သိရင် ထပ်မေးချင်ရင် မေးပါ။ "ကလေး အဖျားကြီးတာ အနီကွက်တွေ ထွက်တာအပြင် ခန္တာကိုယ်တစ်ခုခုမှာ ထိခိုက်သွားနိုင်တယ်ဆိုလို့" ဆိုတာ ဘယ်သူက ပြောပါသလဲ။
Wed, Mar 6, 2013 at 10:51 AM
သမီးဆီးကျင်နေတာ တပတ်ရှိပါပြီ မသက်သာသေးလို့ သမီးအိမ်မှာ test နဲ့ စစ်ကြည့်ပါတယ်။ LEUKOCYTES က ++ ပန်းရောင် NITRITE က NEGATIVE, RBCs က++ အစိမ်းရောင်ဖြစ်နေပါတယ်။ အမျိုးသားဆီလာရင်း အတူနေမိပြီး ဖြစ်သွားတာပါ။ သမီးဆေးပညာအခေါ်အဝေါ်တွေမသိလို့ ဘာရော၈ါဖြစ်နေတယ်ဆိုတာသိပါရစေ စိုးရိမ်ရပါသလား။ ကလေးနို.တိုက်နေလို့ ဆေးသောက်ရင် ကလေးကိုထိခိုက်နိုင်ပါသလား။ ဘာဆေးသောက်ရပါမလဲ အကြံပေးပါရှင်။
Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
Tue, Mar 5, 2013 at 5:08 PM
Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့ မမြင်ရသလောက် ရှိတာမျိုးက ရှာရှားပါးပါး (ခရက်ဘ်စ်) ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။ အဲဒါဖြစ်နေတာပါဆရာ။ ဘာဆေး သောက်ရမလဲ ခင်ဗျား။ ကျွန်တော်ကကြောက်ပြီး azithromycin 500mgနဲ့ cefixime 400mgကို အခု စသောက်နေပါတယ်။ ရပါသလားခင်ဗျာ။
Crabs (Pubic Lice) လိင်အင်္ဂါ သန်း
• ဆီးစပ်မွှေး ရိတ်ပါ။
• Permethrin (Elimite) ဆေးနဲ့ပျောက်မယ်။ အလွယ်ဝယ်လို့ရတယ်။ ဆေးညွှန်း သေချာဖတ်ပါ။ ကျားအင်္ဂါထိပ်ကို ဆေမထိရပါ။ အမျိုးသမီးလဲ မ-အင်္ဂါပန်းရောင်ရှိနေရာတွေကို မထိစေရပါ။ ၇-၁ဝ ရက်ဆက်တိုက်သုံးရမယ်။
• Lindane (Kwell) ဆေးကိုလဲ သုံးနိုင်တယ်။ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတဲ့ဆေးအမျိုးအစားဖြစ်တယ်။ ၁ဝ မိနစ်ကြာ ဆေးလိမ်းထားပြီးနောက် ရေဆေးရမယ်။ ကလေးတွေကို မသုံးရပါ။
• Malathion lotion (Ovide) နဲ့ ivermectin (Stromectol) တွေကိုလဲ သုံးနိုင်တယ်။
• ယားတာသက်သာဘို့ လိုမယ်ထင်ရင် diphenhydramine (Benadryl) စားဆေးလဲ တွဲသောက်နိုင်ပါတယ်။
Tue, Mar 5, 2013 at 4:59 PM
တစ်ယောက်နဲ့ တစ်ယောက် လိင်ဆက်ဆံတာ သွေးကနေ ကိုယ်ဝန်ဖြစ်နိုင်လား ဆရာ။ ကျွန်တော့် ငယ်ပါက ငယ်ငယ်တုန်းက ရှူရှူးပေါက်ရင် ထိတ်မှာ ဖောင်းနေတတ်တယ်။ ကြီးတော့ သိပ်မဖောင်းတော့ ဘဘူး။ ဆက်ဆံတဲ့ အချိန်မှာ နာတယ်။ ပြီးတော့ သွေးတွေ ထွက်တယ်။ ဘာလုပ်သင့်လဲ နည်းလမ်း ပြပေးပါအုံးဆရာ။
ပန်းငုံနေပါသလား။ ပန်းငုံတယ်ဆိုတာ ဖုံးထားတဲ့ အရေပြားကို ဆွဲလှန်ရင် ကွမ်းသီးခေါင်းဆိုတာကို အဆုံးထိ ဖွင့်သလို မလုပ်နိုင်တာကိုခေါ်တယ်။ အဲလိုဖြစ်နေရင် သွေးလဲထွက်လို့ ဆက်ဆံတဲ့အခါ နာရင် ခွဲစိတ်ပြုပြင်ပါ။ မကြာပါ။ ထုံဆေးနဲ့ ဆရာဝန်တိုင်းကနေ ခွဲပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆိုတာက သွေးနဲ့ မဆိုင်ပါ။ သုပ်ရည် မိန်းမအင်္ဂါထဲဝင်မျသာ ကိုယ်ဝန်ရစေနိုင်တယ်။
Phimosis and Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၂၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




