12
Mar

အမေးအဖြေ (၁၃၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်မသည် ကလေး ၂ ယောက်မိခင်ဖြစ်ပါသည်။
2. ကျွန်မအသက် ၂၆ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။
3. သမီးမှာချစ်သူရှိပါတယ်။ သမီးအသက်က ၂၆ နှစ်ပါ။
4. သမီးက ကံဆိုးစွာနဲ့သုံးလနဲ့ ကိုယ်ဝန်ပျက်ကျဖူးတဲ့သူပါ။
5. ကျွန်တော့် အသက် ၂၁ နှစ်ရှိပါပြီ။ ကျွန်တော်ကောင်မလေးက ၂ဝ ပါ။

Tue, Mar 5, 2013 at 7:55 AM
ကျွန်မသည် ကလေး ၂ ယောက် မိခင်ဖြစ်ပါသည်။ ကလေး ၂ ယောက်ကို ရိုးရိုးမွေးဖွား ပါသည်။ ယခု ကျွန်မ အသက် ၄ဝ ကျော်ပါပြီ။ သားအိမ်တွင် အလုံး ၄ စင်တီမီတာရှိလို့ သားအိမ်ထုတ်ခိုင်း ပါသည်။ လေဆာနည်းဖြင့် ခွဲစိတ်ခြင်း သို့မဟုတ် ရိုးရိုးခွဲစိတ်ခြင်း မည်သည့်နည်းသည် ပိုကောင်းသည်ကို တစ်မျိုးခြင်းစီကိုရှင်းပြပေးပါရှင့်။ တချို့တွင် ခွဲစိတ်ပြီး ဆီးလမ်းကြောင်းပါ ထိခိုက်သည်ကို ကြားဖူးလို့ စိုးရိမ်မိပါသည်။ ကျွန်မသည် ထိုင်းနိုင်ငံ တွင် ခွဲစိတ်မည်ဖြစ်သည်။ သားအိမ် ကင်ဆာတော့ မဟုတ်ပါ။ ယခင် ၃ နှစ်က လေဆာနည်းဖြင့် အနာလုံးဖဲ့ ထုတ်ဖူးပါသည်။ ယခုဆရာဝန်က လေဆာနည်းဖြင့် သားအိမ် ထုတ်မည်ပြောလို့ ဘယ်နည်းဖြင့် ပိုကောင်းမည်ကို အမြန်ဆုံး သိချင်ပါသည်။

ရောဂါအမည်စာလုံးပေါင်း မသိရပါ။ အသက် မသိရပါ။ လေဆာ ကုသနည်းက တိတိကျကျလုပ်ပါတယ်။ တန်းမတ်နေအောင် အလင်းရောင်သွားပါတယ်။
Uterine Fibroid (1) သားအိမ်အလုံး (၁)
Uterine Fibroid (2) သားအိမ်အလုံး (၂)

Uterine Fibroid Laser Treatment သာအိမ်အကျိတ်အား လေးဆာနည်းဖြင့်ကုသခြင်း
Benefits အကျိုးကျေးဇူးများ
Laporoscopic myolysis uses a fiber-optic or electrical instrument that requires no incisions and causes little blood loss, and complications are generally less serious than with surgical removal. Laser treatment also has no effect on fertility, and the uterus and lining remain intact ခွဲစိတ်ဒါးမသုံးလို့ ဒါးရာနဲ့ အမာရွတ် မရှိပါ။ သွေးထွက်တာ နည်းတယ်။ ရိုးရိုးခွဲစိတ်နည်းထက် နောက်ဆက်တွဲဖြစ်တတ်တာ ပိုနည်းတယ်။ နောင်မှာ ကလေးမရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းတယ်။ သားအိမ်က အတိုင်းသားကျန်နေမယ်။ ဆေးရုံနေရတာနအချိန်တိုတယ်။ နလံထမြန်မယ်။

Disadvantages အနုတ်သဘောဆောင်တာတွေ
Since the procedure is relatively new, research on long-term effects is not available. And although uterine fibroid malignancies are rare, this procedure does not allow those odd cases to be identified, since no sample is retrieved for biopsy ကုသနည်းက အသစ်ဖြစ်နေလို့ လေ့လာမှု မစုံလှသေးပါ။ ဘယ်လောက်အထိ ပိုသလဲ၊ နည်းသလဲပြောဘို့ စောပါသေးတယ်။ သားအိမ်အကျိတ်ကနေ ကင်ဆာဖြစ်မှ အခွင့်အလမ်း အင်မတန်နည်းပေမဲ့ လိုလိုမယ်မယ် ကင်ဆာ (ဆဲလ်) တွေ ရှိ-မရှိ စစ်ဆေးဘို့ အသားစ မရနိုင်ပါ။

Results ရလဒ်
Fibroids usually shrink by up to 40 percent within six months of the procedure, but recurrence is possible. Women can become pregnant after the treatment ခွဲပြီးတာနဲ့ ၆ လ အတွင်း ၄ဝ% သေးငယ်သွားစေမယ်။ ပြန်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ နောက်ကလေးရနိုင်တယ်။

Fri, Mar 8, 2013 at 1:06 PM
ကျွန်မအသက် ၂၆ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ကျွန်မ အခုခံစားနေရတာကတော့ မိန်းမအင်္ဂါယား ယံနေခြင်းဖြစ်ပါတယ်။ ကျွန်မ အဖြူဆင်းနေတာ အပျိုဖော်ဝင်ပြီးနောက်မှာ စဆင်းပါတယ်။ စဆင်းခါစကတော့ မယား ပါဘူး။ အဖြူ အရည်ကြဲ ဆင်းပါတယ်။ မှတ်မှတ်ရရ သတိထားမိတာတော့ ၂ နှစ်လောက် ရှိပါပြီ။ အဖြူရောင် အရည်တွေက ပြစ်သထက်ပြစ်လာ ပါတယ်။ အခုနှစ်ပိုင်းလောက်မှာ မိန်းမအဂါင်္ အရမ်း ယားလာပါတယ်။ ရံဖန်ရံခါပါ ယားပြီဆိုရင် ရက်နဲ့ ချီယားပါတယ်။ တစ်ပတ်နှစ်ပတ်လောက် ကြာပါတယ်။ ချစ်သူနဲ့ ဆက်ဆံရင် ပိုဆိုးပါတယ်။ သူလဲ ယားယံလာပါတယ်။ ကျွန်မအဂါင်္ကို ရေနဲ့ အမြဲဆေးပေးပါတယ်။ အဖြူအရည်က ခုဆိုရင် အဖြူအဖတ်တွေ အများကြီး ဆင်းပါတယ်။ ကျွန်မ ဘာဆက်လုပ်သင့်လဲ အကြံပေးစေချင်ပါတယ်။ ဆေးသောက်ယုံနဲ့ ပျောက်မှာပါလား။ ကျွန်မဆေးပဲ စသောက် ချင်ပါတယ်ရှင့်။ လိုအပ်ရင်တော့ ဆေးရုံပြပါ့မယ်။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Vaginal itching မိန်းမကိုယ် ယားခြင်း

Fri, Mar 8, 2013 at 8:28 AM
သမီးမှာချစ်သူရှိပါတယ်။ သမီးအသက်က ၂၆ နှစ်ပါ။ သမီး ရာသီ မလာတာ တစ်ပတ်ဖြစ်သွားပါပြီ အမြန်ဆုံး တစ်ရက်နှစ်ရက်နဲ့ ရာသီပြန်လာအောင် ဘာဆေးသောက်ရမလဲ ဆရာ။

ကျန်းမာရေး ရာဇဝင်မပြည့်စုံလို့ ဖြေရခက်တယ်။ ချစ်သူရှိတာတခုနဲ့ ဆရာဝန်ကနေ တင်ကူးတွေးထင်တာ မလုပ်သင့်လို့ ဆေးနည်းလဲ ပေးရင် လွဲနိုင်ပါတယ်။ ရာသီ၊ ကိုယ်ဝန် စတာတဲ့ ကျန်းမာရေးသုတ သိချင်ရင် ဆရာ့ ဆိုက်မှာ မာတိကာကနေ ရှာဖတ်ပြီး လိုက်နာသင့်တာ လိုက်နာနိုင်ပါတယ်။

Fri, Mar 8, 2013 at 7:41 AM
သမီးက ကံဆိုးစွာနဲ့ သုံးလနဲ့ ကိုယ်ဝန်ပျက်ကျဖူးတဲ့ သူပါ။ အသက်က 25 ပါ။ ကလေးမရှိသေးပါဘူး။ OG စီမှာ July 2013 တုန်းက D&C လုပ်ထားတာပါ။ Abortion ဖြစ်ပြီး 2 weeks လောက်ရောက်တော့ နို့နှစ်လုံးစလုံး မာ/တင်း/ခဲ ပြီး ကြီးလာပါတယ်။ သူများတွေက ဖြစ်တတ်တယ်ဆိုလို့ ဆေးခန်းတော့ မပြဖြစ်ပါဘူး ဆရာ။ 1 week လောက် ခံစားလိုက်ရပြီး အားလုံး ကျသွားပါတယ် ဆရာ။ Normal Breast ပြန်ဖြစ်သွားတယ်။ အခု လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ညာဘက်နို့ ဘေးဘက် ဂျိုင်းအောက် လက်နှစ်လုံးလောက်အကွာမှာ မာမာဂျက်ခဲ တစ်ခုစမ်းမိပါတယ်။ နောက်တော့ သမီးလဲ သတိမထားလိုက်မိဘူးဆရာ အတိအကျ ဆိုရင် 2 March Saturday ညကပြန်စမ်းမိတယ် ဆရာ။ အဲဒါနဲ့ အရမ်းလန့်သွားပြီး နေ့တိုင်း သတိထားမိလာတယ် ဆရာ။ အရမ်းလဲကြောက်လာတယ်။ အဲ့ဒါက ဂျိုင်းအောက်ကနေ နို့အုံဘက် အလျားလိုက်အတိုင်း အမျှောင်း ရှည်ရှည် မာမာဂျက်ခဲ ဆရာ။ ဖိရင်တော့နာတယ်ဆရာ။ အရမ်း ကြောက်နေတယ်ဆရာ။ Abortion ဖြစ်ဖူးတဲ့သူတွေက Breast Cancer ဖြစ်နိုင်တယ်လို့ စာဖတ်ဖူးလို့ပါဆရာ။ အခု Wed & Thurs က ညရေနွေးကတ်တယ် ဆရာ။ အရင်နေ့တွေကတော့ မကိုက်ဖူးဆရာ။ တစစ်စစ်နာတာကိုလဲမခံစားရပါဘူး။ Friday မနေ့ညက တချက်တချက်ကိုက်သလိုလို နာသလိုလို ခံစားရတယ်ဆရာ။ ကြီးလဲကြီးလာ သလိုပဲ။ ကြောက်ပြီး အိပ်လို့လဲ မရဘူးဆရာ။ သမီးဆေးခန်းလဲ မပြရဲဘူး။ သူများနိုင်ငံမှာ ခွဲရမှာလဲကြောက်လို့ ဆေးရုံတက်ပြီးလဲ မခွဲရဲဘူး ဆရာ။ ဘာဖြစ်တာလဲလို့ သိချင်ပါတယ် ဆရာ။ ဆေးသောက်ပြီးကော ပျောတ်နိုင်လားဆရာ။ Abortion ပြီးကတည်းက ရာသီကတော့ မှန်ပါတယ်ဆရာ။ Every Month 13 ဆိုလာတယ်။ အခုသမီးဖြစ်တာ Abrotion (D&C) လုပ်ထားတာနဲ့ ပတ်သက်လား ဆရာ။ နို့သီးခေါင်းကတော့ ဘာအရည်မှ မထွက်ဘူး ဆရာ။ နို့ အရောင်လဲ ပုံမှန်ပဲဆရာ။ ဂျိုင်းမှာလဲ အကျိတ်မပေါက်ဘူး ဆရာ။ ကိုယ်လဲမပူဘူး။ အစားအသောက်လဲ မပျက်ဘူး ဆရာ။

D and C လုပ်ရလို့ ကင်ဆာဖြစ်တာ ဆက်စပ်မှုတော့ မရှိပါ။ ကိုယ်ဝန်ရှိလာရင် ရင်သားက ပြောင်းလဲတယ်။ ပျက်သွားရင်လဲ ပြောင်းထားတာတွေက ရပ်သွားမယ်။ ဒါပေမဲ့ အရင်လိုပြန်ဖြစ်အောင် ဖြစ်စဉ်တွေ ကိုကျော်ပြီးမှ ရောက်မယ်။ ကြားထဲမှာ မေးတဲ့သူပြောသလို ဖြစ်တတ်တယ်။ အဆင်မသင့်ရင် နို့ရောင်တာ။ နို့နာ ဖြစ်တတ်တယ်။ အပူကပ်ပေးတာ ကောင်းတယ်။ အနာ သက်သာဆေးက မနာပေမဲ့ အရောင်ကိုပါ ကျစေလို့ သောက်သင့်တယ်။ ရင်းသလိုဖြစ်လာရင် ပိုးသေဆေးဆေးပါ တပါတ် လည်အောင် သောက်သင့်တယ်။ ပြည်တည်ရင်တော့ ပြည်ကိုခွဲထုတ်တာ အကောင်းဆုံးဖြစ်တယ်။ ပြည်ရှင်ရင် ပိုနာ-ကိုက်မယ်။ အနာက အရေပြားနဲ့ နီးရင် နီရဲတာမြင်ရမယ်။ ကိုယ်လဲ ပူနိုင်တယ်။ ပြောတဲ့နေရာမှာ နို့ထွက်ပြွန်ရောင်တာဖြစ်မယ်။ ဆေးကုနည်း အတူတူပါပဲ...
Breast Abscess and Mastitis နို့နာ

Fri, Mar 8, 2013 at 10:54 PM
ကျွန်တော့် အသက် ၂၁ နှစ်ရှိပါပြီ။ ကျွန်တော်ကောင်မလေးက ၂ဝ ပါ။ ကျွန်တော်တို့ ချစ်သူသက်တမ်း ၁နှစ်ကျော်ပါပြီ။ တခါမှအတူတူ မနေဖူးပါဘူး။ ဒါပေမယ့် လက်နဲ့တော့ တစ်ယောက်ကို တစ်ယောက် လုပ်ဖြစ်ပါတယ်။ ကျွန်တော့် ကောင်မလေးက အရင်လ (၄-၃-၁၃) မှာ ရာသီလာပါတယ်။ ခုဒီလ ၁ဝ ရက်ရှိပါပြီ။ ရာသီမလာသေးလို့ပါ။ ဘယ်လိုဖြစ်တာပါလည်း။ ကျွန်တော်ရော ကျွန်တော့်ကောင်မလေးပါ ကိုယ်ဝန် ရှိမှာကြောက်နေ ပါတယ်။ ကျွန်တော်တို့က ကျောင်းပြီးမှ လက်ထက်ဖို့ စဉ်းစားထားတာပါ ခုလက်ထက်ဖို့ အဆင်သင့်မဖြစ်သေးပါဆရာ။ ကျွန်တော်ကို့ ဘယ်လို လုပ်သင့်တယ် ဆိုတာနဲ့ ဘယ်လိုကြောင့် ရာသီ မလာတာလည်းဆိုတာ အကြံဥာဏ်ပေးစေ ချင်ပါတယ်။

ယောက်ျားလေးရဲ့ သုက်ရည်က မိန်းကလေး လိင်အင်္ဂါထဲ မဝင်ရင် ကိုယ်ဝန်မရနိုင်ပါ။ မိန်းကလေးတွေ ရာသီမလာစေတဲ့ အကြောင်းတွေထဲမှာ ကိုယ်ဝန် တခုတည်း မဟုတ်ပါ။ သုက်ရည်ဝင်ခြင်း မရှိတာ သေချာ ရင် စောင့်ကြည့်နိုင် ပါတယ်။ ဒီထက် ပိုသေချာချင်သေးရင် မိန်းကလေးဆီးကို ကိုယ်ဝန် ရှိ-မရှိ စစ်လိုက်ပါ။ ပို့တဲ့ လင့်ခ် တွေကို စိတ်ဝင်စားရင်လဲ ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၃၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top