1. ကျွန်တော်နာမည်က (့) ပါ။ အသက်က ၂၂ ရှိပါပြီ။
2. အမျိုးသမီးများ ဘာသာအာသာဖြေခြင်း
3. ကျနော့် ကောင်မလေးက ၂၄ နှစ်ပါ။
4. သမီး ကလေးလိုချင်လို့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့က စပြီး
5. သူမှာ ရည်းစားရှိတယ်လေ သူ့ရည်းစားကလည်း
6. ကိုယ်ဝန်မဆောင်ရစေရန်ရက်ရှောင်နည်းကို ပြောပြပေးပါ
7. အခုစင်ကာပူမှာ အလုပ်လုပ်နေပါတယ် 12/03/2013 ည
8. ကျွန်တော်အသက်က ၂၆ နှစ်ပါ၊ မိန်းကလေးတွေနဲ့ မပျော်ဘူးပါဘူး၊
9. ကျွန်တော် အိမ်ထောင်ကျတာ 9 နှစ်ရှိပါပြီး။
10. ကိုယ်ဝန်မဆောင်ရစေရန်ရက်ရှောင်နည်းကို ပြောပြပေးပါ
11. သမီး အခု attached တွဲထားတာတွေက
12. မိန်ကလေးတွေရဲ့လိင်အင်္ဂါဟာ
13. ကျွန်တော့် ကောင်မလေးကို ကျွန်တော်
14. ကျွန်တော် ကောင်မလေးနဲ့ တစ်လပိုင်းမှာ
15. ကျနော် (့) နိုင်ငံမှ မြန်မာအလုပ်သမားတစ်ယောက်ပါ။
Wed, Mar 13, 2013 at 7:55 PM
ကျွန်တော် နာမည်က (့) ပါ။ အသက်က ၂၂ ရှိပါပြီ။ ကျွန်တော်မှာ သွေးတိုး ရှိပါတယ်။ သွေးကျဆေးကိုလည်း သောက်နေ ရပါတယ်။ ဆေးစားတော့ သွေးပေါင် ပုံမှန်ဖြစ် ပါတယ်။ ဆေးစစ်တော့လည်း ကျောက်ကပ်၊ နှလုံး အကုန် ကောင်းပါတယ် ဆရာ။ ကျွန်တော် အခုဖြစ်နေတဲ့ symptoms ကတော့ နုံးချိပြီး မောပန်းတယ် ဆရာ။ ပြီးတော့ ကျွန်တော်က အာသာဖြေတာကို နေ့တိုင်း လုပ်ဖြစ်တယ်။ ဒူးလည်း သိပ်မခိုင်သဖြင့် ကြာကြာရပ်ရင် မူးချင်တယ် ဆရာ။ အဲ့လို symptoms ဖြစ်တာ ၆ လလောက် ရှိပါပြီ။ သွေးတိုးဖြစ်တာတော့ ၂ နှစ်လောက် ရှိပါပြီ။ အခုဆေးနှင့်တော့ သွေးပေါင်ကို ထိန်းနိုင်ပါတယ် ဆရာ။ ဒါပေမယ့် ခုနက symptoms တွေက ဖြစ်နေတယ် ဆရာ။ အာသာဖြေတာကို ကျွန်တော် မလုပ်တာ အခုတပတ်ရှိပြီ။ နုံးပြီးမောတဲ့ symptoms ကျန်သေးတယ်။ အဲ့ symptoms တွေဟာ သွေးတိုးကြောင့်လား ဒါမှမဟုတ် တကိုယ်ရေ အာသာဖြေသောကြောင့်လား သိချင်ပါတယ်။ ကျွန်တော်က single ပါ။ လိင်လည်း မဆက်ဆံဖူးပါဘူး။ အာသာဖြေနေတာတော့ ကြာပါပြီ။ ၃ နှစ်လောက် ရှိပါပြီ။ ကျွန်တော် အခုသောက်နေတဲ့ သွေးကျဆေးကတော့ BETALOG50mg, AMLO-DENK 5 (5MG) ၂ မျိုးဖြစ်ပါတယ်။ ဘယ်ဆေးတွေ ထပ်စားပြီး ဘယ်လို ဆေးစစ်မှု လုပ်ရမလဲ သိချင်ပါတယ် ဆရာ။
Masturbation လုပ်တာအတွက် သိပ်မစိုးရိမ်ပါနဲ့။ အားနည်းတယ်လို့ ခံစားရရင် အကြိမ်လျှော့ပါ။ ခဏတဖြုတ်ဖြစ်ဖြစ် နားပြီး၊ အစားအသောက် အားရှိစေမှာ စားပါ။ သွေးကျဆေးတွေမှာ တခြားဆေးတွေလိုပဲ ဘေးထွက်-ဆိုးကျိုးတွေ ရှိတယ်။ တခုခုနဲ့ တခုတော့ မတူပါ။
Betalog 50mg = Metoprolol (Beta-blocker)
Amlo-Denk 5 = Amlodipine besylate
သွေးတိုးဆိုတာ ဆေးနဲ့၊ အစားအသောက်နဲ့ ထိန်းနေရတယ်။ ငယ်တုံးဖြစ်တာမို့ ရေရှည် သတိထားပါ။ ဆေးစစ်ထားတာမို့ အစိုးရိမ် မကြီးပါနဲ့။ သွေးကျဆေးကို အမျိုးအစား ပြောင်းတာ၊ ဆေးအတိုးအလျှော့ လုပ်တာ လိုတယ်။
Thu, Mar 14, 2013 at 6:12 AM
အမျိုးသမီးများ ဘာသာ အာသာဖြေခြင်း http://dts-medicaleducation-adultblogspotin/2012/03/female-masturbationhtml ဆိုတဲ့ ဆရာရေးထားတာကို ဖတ်ကြည့်ပြီးပါပြီ ဆရာ။ အဲ့လိုလုပ်လို့ လက်မှာ အနာတော့ မရှိပါဘူး။ ဒါပေမယ့် တခြားရောဂါတွေ ကူးနိုင်ပါသလား ဆရာ။ လက်ကပါတဲ့ ပိုးမွားတွေနဲ့ပေါ့ ဆရာ။ အဲ့လို ကူးနိုင်ပါသလား ဆရာ။ နောက်ပြီး အရေးကြီးတဲ့ သားအိမ်ခေါင်းကင်ဆာ ဆိုတဲ့ ရောဂါကြီးရော ကူးနိုင်ပါသလား ဆရာ။ အဲ့တာလေး သိချင်လို့ပါ ဆရာ။
ပိုးမွှားဆိုတာ လမ်းကြောင်းမှန်ရင် ကူးစက်နိုင်တယ်။ ဒါကြောင့် ဘာပိုးလဲ သိမှ ပြောလို့ရမယ်။ သားအိမ်ခေါင်း ကင်ဆာဆိုတာ ကူးစက်ရောဂါ မဟုတ်ပါ။
Thu, Mar 14, 2013 at 6:17 AM
ကျနော့် ကောင်မလေးက ၂၄ နှစ်ပါ။ သူခုတလော မကြာမကြာ နှလုံးခုန်တာ မြန်ပြီး မောလာတယ်။ အဲလိုအချိန် ပက်လက် အိပ်နေရင် ပိုခုန်တယ်။ ပြီးတော့ အရမ်းပင်ပန်းတယ်တဲ့ အဲဒါ နှလုံးရောဂါများလား စိုးရိမ် မိတယ်။ ပြီးတော့ အရမ်းကြောက်စရာ မြင်ပြီးရင်လဲ ဖြစ်တတ်ပါတယ်။ အလုပ်ကတော့ သိပ်မပင်ပန်းပါဘူး။ အလုပ်ကတော့ ပုံဆွဲ ဒီဇိုင်နာပါ။ အရပ် ၅ ပေ ၁ လက်မ။ အလေးချိန် ၁ဝ၅ ပေါင်။ အချိန် ရရင် ဖြေပေးစေချင် ပါတယ်။ ဒါမှမဟုတ် လင့်ပေးစေချင်တယ်။ ပြီးတော့ ဆရာ ဘလော့ကို အကြံပေးပါရစေ။ ဆရာပို့စ်တွေ ရှာမလွယ်ပါဘူး။ ဖြစ်နိုင်ရင် အမျိုးတူ အုပ်စုလိုက် ခွဲစေချင်တယ်။ ဥပမာ အရေပြား၊ နှလုံး၊ မျက်စိ၊ အစာအိမ် အုပ်စုရဲ့အောက်မှာ ရှာရင် ပိုအဆင်ပြေနိုင်မယ် ထင်ပါတယ်။
နှလုံးခုန်နှုန်း အရင်သိမှ အကြမ်းပြောနိုင်ပါတယ်။ ကိုယ့်ဖါသာ လက်ကောက်ဝတ်နေရာကို စမ်းရင်သိမယ်။ ကြောက်စိတ်နဲ့ နှလုံး ဆက်စပ်မှုဆိုတာ နှစ်လုံးရောဂါကြောင့် ကြောက်တာကို ဖြစ်စေတာ မဟုတ်ပဲ ကြောက်တာ၊ ဒေါသ ထွက်တာ၊ မောပန်းတာတွေကြောင့်သာ နှလုံးကို သက်ရောက်စေတယ်။ ဒါလဲ အခိုက်အတန့်သာ ဖြစ်မယ်။ ဆေးစာတွေကို မာတိကာမှာ ရှာနိုင်သလို သိချင်တာကို ရှာဖွေစက် Search ထဲ ရိုက်ထည့်ပြီးလဲ ရှာနိုင်ပါတယ်။ ဆရာလဲ ဒီထက် အဆင်ပြေလောက်မဲ့နည်း မတွေ့သေးလို့ ဒီအတိုင်း လုပ်ထားပါတယ်။
Thu, Mar 14, 2013 at 10:06 AM
သမီး ကလေးလိုချင်လို့ ပြီးခဲ့တဲ့လ ၂၂ ရက်နေ့က စပြီး ဆေးမသောက်တော့ပါဘူး။ ပြီးခဲ့တဲ့လ ၁၈ ရက်နေ့က ရာသီ စလာပါတယ်။ ဆေးဖြတ်ပြီး ရက်ပိုင်းအနည်းငယ် ရာသီလာပြီး တစ်ပတ်လောက်မှာ ရာသီလာခါနီး ခံစားရသလို နို့သီးနာပြီး ခါးနာ အဖြူအနည်းငယ်ဆင်း ဆင်းတဲ့နေရာက အနည်းငယ်ယားတာနဲ့ ဆရာမပြတော့ ဟော်မုန်းအားဆေး Evening oil, Vitamin E, Fame က ထုတ်တဲ့ ပျိုမေအားဆေး rejuva ကို ရောပြီး ငါးရက်လောက်သောက် တာ ပျောက်သွား တယ်။ ပျောက်ပြီး နောက် ၂ နှစ်ရက်လောက်နေတော့ နှာဆေးချောင်းဆိုးလို့ Fluza နှာစေးဆေး သောက်တာ ၃ ခွက်သောက်ပြီး ဒီလ ၁၈ ရက်လာရမှာ အခု ၁၄ ရက်နဲ့ လာနေတယ်။ နည်းနည်းလဲ များတယ်။ မူးလဲမူးတယ်။ သမီးစိုးရိမ်တာ ကိုယ်ဝန်ရှိပြီး အကိုက်အခဲပျောက်ဆေးသောက်ပြီး ကားခုန်လို့ ပျက်ကြမှာ စိုးတာပါ။ သမီးသိချင်တာ ကိုယ်ဝန်က ဘယ်အချိန်၊ ဘယ်လိုမျိုးဆို ပျက်ကြတတ်သလဲ။ ဆင်ခြေရအောင်ပါ။ သမီးကိုယ်ဝန် အမြန် ရချင်ပါတယ်။ သမီးစ အိမ်ထောင်ကျပြီး တစ်လဆေးထိုးတာ ၇ လလောက် နောက်ပိုင်း တစ်လဆေးသောက်ပါတယ်။ အခု အိမ်ထောင်ကျတာ ၂ နှစ်ခွဲ ရှိပါပြီ၊ သမီးက အသက် ၂၆ နှစ်ပါ။ ယောက်ျားက ၃၁ နှစ်ပါ။
မစိုးရိမ်ပါနဲ့။ ကိုယ်ဝန်ဟာ အင်မတန် ဆန်းကျယ်တယ်။ ပျက်ချင်ရင် သတိကြီးကြီးထား နေတာ စားတာလုပ်လဲ တားမရသလို၊ တော်တော်တန်တန် ချော်လဲလို့လဲ ပျက်မကျဘူး။ စာတွေရေးထားတာတော့ ရှိပါတယ်။ ကိုယ်ဝန်လိုချင်လို့ မျှော်လင့် ပြင်ဆင်ထားသူ အတွက် အနုတ်သဘောစာတွေ မဖတ်စေချင်ပါ။ အပြုသဘောသာ တွေးမြင်စေချင်ပါတယ်။ တပုဒ်တော့ ပို့လိုက်တယ်။
Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း
Thu, Mar 14, 2013 at 11:55 AM
သူမှာ ရည်းစားရှိတယ်လေ သူ့ရည်းစားကလည်း ကျွန်တော် သူငယ်ချင်းဘဲလေ။ အခုဖြစ်နေတာက သူကောင်မလေးကို သူအရမ်းချစ်တယ်။ ဒါပေမယ့်သူအိမ်က သူအမေက သဘော မတူဘူးဖြစ်နေတယ်။ သူအိမ်က သဘောမတူတော့ သူလည်း စိတ်ညစ်နေတယ်လေ။ သူကောင်မလေးကိုလည်း သွားမတွေ့ဘူး။ သူအခု online ပေါ်မှာ boy တွေနဲ့ သူငယ်ချင်းထားတယ် ရိုးရိုးဆိုရင်တော့ ပြောစရာ မဟုတ်ပါဘူး။ အခုဟာက သူ အဲဒါကောင်တွေနဲ့ အပြင်မှာတွေ့ ဖုန်းတွေဆက်လိုက်နဲ့ ဟိုက ဖုန်းဆက်လို့ မကိုင်လိုက်ရရင်ကို မနေနိုင်အောင်ဖြစ်နေတယ်လေ သူကိုကြည့်လိုက်ရင် သူဘဲက ဖုန်းဆက်တာ ကြနေတာဘဲ။ အခုတလော သူအပြင်မှာ အဲဒီကောင်တွေနဲ့တွေ့ပြီး လိင်တူ ဆက်ဆ့ခဲ့တယ်လို့ ပြောတယ် တစ်ခါဆိုရင်တော့ မသိလို့ပေါ့ အခုဟာက တစ်ခါမကတော့ဘူး လေးခါတောင် ရှိနေပြီး ဒါကို ကျွန်တော်ကိုဘဲ ပြောပြတာလေ။ သူကို ဒီလို မဖြစ်စေချင်ဘူး ဆရာ။ သူကောင်မလေးကိုလည်း သနားတယ် သူဒီလိုဖြစ်နေတာကို သူ gay ဖြစ်တော့မှာကို မကြည့်ရက်ဘူးလေ။ သူအိမ်ကသိရင် ပြသနာတွေ တက်နိုင်တယ်။ အိမ်မှာကလည်း သူက တစ်ဦးတည်းသောသား ဖြစ်နေတော့ ကျွန်တော် ဘယ်လို လုပ်ပေးရင်ကောင်းမလဲ။
လူမှုရေး အတွက်တော့ ဆရာဝန် မလိုပါ။
Thu, Mar 14, 2013 at 3:47 PM
ကိုယ်ဝန် မဆောင်ရစေရန် ရက်ရှောင်နည်းကို ပြောပြပေးပါ။ မမျိုးဥကြွေကျတယ်ဆိုတာ ရာသီလာတာကို ဆိုလိုတာလား။ စာတွေကို ဖတ်ရတာ နားမရှင်းလို့ပါ။ သိချင်တာတွေကို မျှဝေပေးတဲ့ အတွက် ကျေးဇူး အထူး တင်ပါတယ်။
မျိုးဥနဲ့ ရာသီ မတူပါ။ ရာသီလာတိုင်း မျိုးဥ ထွက်ချင်မှ ထွတ်တာလဲ ရှိတယ်။ အပျိုဖြစ်စ မျိုးဥထွက်ချင်မှ ထွက်တယ်။ မျိုးဥထွက်မှသာ ကိုယ်ဝန်ရမယ်။ ရာသီနဲ့ တိုက်ရိုက်မဆိုင်ပါ။
Calendar method ပြက္ခဒိန်နည်း
Thu, Mar 14, 2013 at 2:15 PM
အခု (့) မှာ အလုပ်လုပ်နေပါတယ် 12/03/2013 ည 11:23 မိနစ်မှာ သမီးဦးကို (့) က (့) ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ အမျိုးသမီးကတော့ နေကောင်းပါတယ်။ ဒီနေ့ပဲ (14/03/2013) ဆေးရုံက ဆင်းခဲ့ပါတယ်။ ရေမွှာရေ ဖောက်တဲ့ အချိန်မှာ အရောင်က အစိမ်းပုတ်ရောင် ဖြစ်နေပါတယ်။ နောက်ပြီး ကလေးမွေးတဲ့ အချိန်မှာ ကလေးက ငိုပြီးတော့ ထွက်လာပါတယ် ရိုးရိုးမွေးချင်း ဖြစ်ပါတယ်။ မွေးကာစမှာ ကလေးက နို့တွေဘာတွေ စို့ပါသေးတယ်။ မွေးပြီး ၁နာရီလောက်အကြာ ကလေးက တော်တော်လေး ငိုလာပါတယ်။ အဲဒီညမှာပဲ 2:15 လောက်မှာ ကလေးကို NICU အခန်းထဲကို ထားတဲ့အကြောင်း လာပြောပါတယ်။ ကလေးကို အောက်စီဂျင် ပေးထားပါတယ်။ ဆရာဝန်က ရှင်းပြပါတယ်။ ကလေးက ရေမွှာရေကို ဗိုက်ထဲမှာ ကတည်းက တော်တော်လေးမြိုချထားလို့ ဓါတ်မှန်ရိုက်ထားကြောင်း သွေးလည်း စစ်ထားကြောင်းပြောပါတယ်။ အခု သမီးလေးက ဆေးရုံမှာထားခဲ့ ရပါတယ်။ ဆေးရုံမှာ တစ်ရက်အတွက် (့) လောက် ကျပါတယ်။ အနည်းဆုံး ၁ ပါတ် အများဆုံး ၂ ပါတ်လို့ပြောပါတယ်။ ငွေအင်အားက အများကြီးမတတ်နိုင်ပါ။ သမီးကိုလည်း စိတ်အရမ်း ပူမိပါတယ်။ အဲဒါလေးကို ဆရာအနေနဲ့ ကျွန်တော်တို့ အတွက် ဗဟုသုတအနေနဲ့ ရှင်းပြစေချင်ပါတယ်။ ငွေအင်အားက ကလေး ၇ ရက်လောက်အထိတော့ ရှိပါတယ်။ အဲထက် များလာရင်တော့ ဘယ်လိုမှ မတတ်နိုင်တော့ပါ ရွာကိုလည်း ထောက်ပံ့နေရသေးတယ်ဆိုတော့ တော်တော်လေး စိတ်ညစ်နေပါတယ်။ ကလေး အခြေအနေကတော့ အသက်ရှူ အရမ်းမြန်လို့လို့ ဆရာတွေက ပြောပါတယ် နောက်ပြီး ဓါတ်မှန်ကို ကွန်ပျူတာကနေ ဖွင့်ပြပါတယ် ကလေး ရင်ဘက်တော်တော် များများ နေရာလေးမှာ ရေတွေ ရှိနေသလိုမျိုး ရှိကြောင်းပြပါတယ်။
သိပ်မစိုးရိမ်ပါနဲ့။ တတ်နိုင်တဲ့ ဆေးရုံတွေမှာမို့ အဲလို အထူး စစ်ဆေး-ကုသမှု လုပ်နိုင်တာပါ။ ရေမြွာရည်အတွက် သိပ်ကြီး မစိုးရိမ်ရလောက်တော့ပါ။ မြန်မာပြည်မှာဆို အဲလောက်ထိ မကုန်ကျနိုင်ပါ။ တောမှာဆို သိတဲ့အတိုင်းပေါ့။ ဆရာ့အထင်တော့ ကလေး နို့စို့နိုင်ရင်၊ ငိုရင် ကောင်းလာမှာလို့ ထင်ပါတယ်။ မြို့သာကို သတိရတယ်ဗျာ။ အန်တီကတော့ မိဘနာမည်တွေပြောတာ မှတ်မိသတဲ့။
Thu, Mar 14, 2013 at 2:03 PM
ကျွန်တော် အသက်က ၂၆ နှစ်ပါ၊ မိန်းကလေးတွေနဲ့ မပျော်ဘူးပါဘူး၊ တခါက ကျွန်တော် ချစ်သူနဲ့ တွေတာမှာ ကျွန်တော့် ညီလေးက မြန်မြန်မနိုးဘူး၊ နိုးတော့လည်း ဘာမှ မလုပ်ပဲ ပြန်အိပ်သွားတယ်၊ ဂွင်းတော့ ထုဖြစ်ပါတယ်၊ အဲ့ဒါ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်၊ နောက်တခါသွားရင် အဲ့လို့ဖြစ်မှာ ဆိုးလို့မသွားရဲ့ဘူး ဖြစ်နေတယ်၊ ကြီးအောင်နဲ့ ကြာအောင် ဘယ်လိုလုပ်ရမလည်း၊ ဘာဆေးတွေ သောက်ရမလည်းဆိုတာ သိချင်လို့ပါ၊ခုတော့ Oramin G သောက်နေပါတယ်။ ပြီးတော့၊ Gemron သောက်ဆိုလို့ သောက်နေပါတယ်။ အကူအညီ ပေးပါအုန်းနော်။
ဆေးစာ၊ ကျန်းမာရေး ဆရာဝန်ကိုမေးရင် သူငယ်ချင်းတွေလို အရပ်စကားတွေက နားရှုတ်စေတယ်။ တည့်တည့်ကို ယဉ်ကျေးအောင်ရေးလို့ မြန်မာစကားက ကြွယ်ဝပါတယ်။ သိချင်တာကို ဒီလင့် (http://yamunaclinic.org/index.php) ကိုဖွင့် အောက်ဆုံးက မာတိကာမှာ ရှာဖတ်နိုင်ပါတယ်။
Thu, Mar 14, 2013 at 3:34 PM
ကျွန်တော် အိမ်ထောင်ကျတာ 9 နှစ်ရှိပါပြီး။ သားသမီးလည်း 2 ယောက်ရှိပါတဲ။ ကျွန်တော် အမျိုးသမီးက ကလေးခြားအောင် တားဆေးထိုးလာတာ 6 နှစ်လောက်ရှိပါပြီ။ အခု ကလေးတစ်ယောက် ထပ်လိုချင်လို့ ဆေး မထိုးဘဲနေတာ 1 နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် အခု အချိန်ထိကို ကလေး မရသေးပါဘူး။ အဲဒါ ဘာကြောင်ပါလဲ ဆရာ။ တာဆေးက 3 လခံ ထိုးပါတယ် ဆရာ။ အဲဒါတားဆေးတွေ ထိုးလို့ ကလေး မရတာလာဆိုတာ သိချင်ပါတယ်။ နောက်တစ်ခုက တားဆေးတွေဖြတ်လိုက်ပြီး နောက်ပိုင်းမှာ ရာသီလာတာ ပုံမှန်မဟုတ်တော့ပါဘူး။ တလကို ရာသီ 2 က်ြမ်စီ သွေးဆင်ပါတယ်။ သွေးဆင်းရင်လည် အများကြီးလို့ ပြောပါတယ်။ အဲဒါ ဘာကြောင်ပါလဲ ဆရာ။ Depo က အဲလိုဖြစ်တ်တယ်။ ဆရာရေးထားတာထဲမှာ လေ့လာမှု တခုထဲ ပါသလိုပဲ။ စိတ်ရှည်ပါ။ ရလာပါမယ်။
Depo Provera သုံးလခံ ထိုးဆေး
Wed, Mar 13, 2013 at 5:53 PM
သမီး အခု attached တွဲထားတာတွေက ဒီနေ့ ထပ်စစ်လို့ သိရတာတွေပါ။ သမီးကို တချက်လောက်ကြည့်ပေးပြီးတော့ ဖြေပေးပါ ဆရာ။
ဖတ်လို့ရတာထဲမှာ (၁) ကင်ဆာမဟုတ်။ (၂) ညာဘက် မျိုးအိမ်ကြီးနေ လို့ပါတယ်။ (၃) ဆက်လက် စောင့်ကြည့်နေသင့်တယ်လို့ မှတ်ချက်ပေးထားတယ်။ OG ကဘယ်တော့တခါ လာပြပါဆိုတာ ညွှန်ပါလိမ့်မယ်။
Thu, Mar 14, 2013 at 8:48 PM
မိန်ကလေးတွေရဲ့ လိင်အင်္ဂါဟာ လိင်ဆက်ဆံပါများရင် ချောင်သွားတယ်ဆို ဟုတ်ပါသလား ဆရာ။ ဘယ်နှစ်ကြိမ်လောက်မှာ ချောင်သွားတာလဲ ဆရာ။ မချောင်အောင်လုပ်လို့ မရဘူးလားဆရာ။
ဟုတ်ပါတယ်။ လူချင်းမတူပါ။ ကီဂယ် လေ့ကျင့်ခန်းဖတ်နိုင်ပါတယ်။
Thu, Mar 14, 2013 at 8:54 PM
ကျွန်တော့် ကောင်မလေးကို ကျွန်တော် Masturbation လုပ်ပေးတဲ့အခါမှာ သူမပြီးဘဲ ကျွန်တော် ပြီးသွားပါတယ် ဆရာ။ အဲ့တာ ဘယ်လိုဖြစ်တာပါလဲ ဆရာ။ ပြီးတော့ ကျွန်တော်လုပ်ပေးလိုက်တာ လက်နည်းနည်းလွန်သွားသလား မသိဘူးဆရာ။ သူက နာပြီးအောင့်နေတယ်လို့ပြောပါတယ်ဆရာ။ အဲ့တာဘာလုပ်ရမလဲဆရာ။
Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/female-masturbationhtml
Female Masturbation (2) အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား http://dts-medicaleducation-adultblogspotin/2012/03/female-masturbation-2html
Fri, Mar 15, 2013 at 9:51 PM
ကျွန်တော် ကောင်မလေးနဲ့ တစ်လပိုင်းမှာ သုံးခါလောက် ဆက်ဆံဖြစ်ပါတယ်။ ဆက်ဆံတိုင်း ကွန်ဒုံး(သို့) အပြင်ပြီးပါတယ်။ မဆက်ဆံခင်ကတည်းကok pills တားဆေးမြန်မာစာအညွန်းနဲ့ ၂၈ လုံးပါတဲ့ဆေးကို ကြိုသုံးထားခဲ့ပါတယ်။ အဲဒီပထမလက ရာသီပုံမှန်လာပါတယ်။ နှစ်လပိုင်းရောက်တော့ ဆက်ဆက်တဲ့ရက်နည်းတာနဲ့ ဆက်ဆံတဲ့ရက်မှာသာ သုံးပြီးမဆက်ဆံတဲ့ရက်မှာ သုံးလိုက်မသုံးလိုက့်ဖြစ်သွားပါတယ်။ ရာသီလာမယ့်ရက်ကျော်လို့ အခုဆို ၁၅ ရက်တောင်ရှိတော့မယ်မလာလို့ ဆီးစစ်ပစ္စည်းနဲ့ ကိုယ်တိုင်ဘဲစစ်ခဲ့ပါတယ်။ အဖြေကတော့ (မရှိ)ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပူလို့ ဘာကြောင့် မလာတာလဲသိချင်ပါတယ်။ သွေးကိုလဲ စစ်လို့မဖြစ်နိုင်လို့ပါဆရာ။ ကျွန်တော်သုံးတဲ့ ok ဆေးမှာတော့ ဒီလိုရေးထားတဲ့ဆေးပါဆရာ 21 beige colored, each contain levonorgestrel 0.15mg. Ethinylestradiol 0.03mg(low dose) 7 brow colored pills. each contain ferrous fumarate 75mg ပါဆရာ။ တစ်လက်စတည်း ဒီဆေးကို အရေးပေါ်ဆေးလို သုံးလို့ ရ-မရ တကယ်လို့ရခဲ့ရင် သုံးစွဲနည်းလေးပါ ထည့်ရေးပေးပါဆရာ။
ဆီးစစ်တာ တကြောင်းတည်သာပေါ်ရင် ကိုယ်ဝန်မရှိပါ။ ရာသီမလာသေးရင် စောင့်နိုင်ပါတယ်။ ပဌမတခါဆီးစစ်ပြီးလို့ ထပ်သေချာချင်သေးရင် နောက် ၂ ပါတ်အကြာမှာ ထပ်စစ်ပါ။ ကိုယ်ဝန်မလိုချင်သေးရင် တားဆေး-တားနည်း စနစ်တကျသုံးပါ။ အားလုံးကို ရေးထားပါတယ်။ ၂၁-၂၈ လုံးဆေးက အလွယ်ဆုံး၊ စိတ်အချရဆုံးဖြစ်ပါတယ်။
Mon, Mar 25, 2013 at 2:45 PM
ကျနော် (့) နိုင်ငံမှ မြန်မာ အလုပ်သမား တစ်ယောက်ပါ။ အသက် ၂၅ ထဲဝင်ပါပြီ 17 အရွယ်ကတည်းက sex ဇာတ်ကားတွေကြည့် အချိန်ကုန်လူပန်း ကျနော် သုတ်ပိုးတွေဖြုန်း တီးခဲ့မိပါတယ် ယခု ဒီအသက်ရွယ်ထိ လိင် မဆက်ဆံ ခဲ့ပါဘူး။ (့) နိုင်ငံဟာ လိင်ဆက်ဆံရေးနဲ့ စီးပွားဖြစ်တဲ့ နိုင်ငံမို့ ရောဂါရမှာ တအားကြောက်ခဲ့ ပါတယ်။ ဒီလိုနဲ့ ကျနော်ဟာ ကိုယ့်ခွန်အားကိုယ် ဖြုန်းမိနေတာ နှစ်နဲ့ချီ ရှိခဲ့ပါတယ် ၂ဝ၁၂ နှစ် အလယ် ပိုင်းမှာ ကျနော့် ကိုယ်ကျနော် ပန်းသေ လက္ခဏာ သတိထား မိလာပါတယ် ကျနော့် ဘယ်ဘက် testicle က ညာဘက်က ထက်သေးနေခြင်း လိင်အင်္ဂါ ပျော့လာခြင်းတို့ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်က ကျနော် စိတ်ဓာတ် ကျပြီး နောင်တတွေ ရလာခဲ့ပါတယ်။ စိတ်ဓာတ်ကျတာဟာ ဒီရောဂါကို အားပေးရာ ရောက်တယ်ဆိုတာ ကျနော် တချို့ website တွေမှာ ဖတ်ဖူးလို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ပြုပြင်ပြီး နေလာခဲ့တာ ယခု အချိန်ထိတိုင် ပါဘဲ။ ဒါပေမဲ့ ပြသနာက ကျနော်မှာ ရင်ဖွင့်ပြောပြစရာဘယ်သူမှ မရှိပါဘူး။ မိသားစု အစ်မ,တွေ မိဘတွေ ပြောမဖြစ်မို့ အထီးကျန်ပြီး တစ်ယောက်တည်း ရောဂါ ခံစားနေရပါတယ်။
ရုတ်တရက် ဒီ website ကိုတွေ့တော့ ကျနော် တော်တော်လေး အားရလို့ ဆရာ့ကို ရင်ဖွင့် လိုက်ရပါတယ်။ ကျနော် ထိုင်းဆေးရုံ တစ်ခါသွားဖူးပါတယ်။ ဆရာဝန်က ကျနော် လိင်တံကြည့်ပြီး ဘားမှမဖြစ်ဘူး u r still young နောက်မှပြောသွား လိမ့်မယ်ပြောပြီး ဆီးစစ်ခိုင်းတယ်။ ဘာမှမတွေ့တော့ အားဆေးလေး ဆိုပြီး ဆေးပေးတယ် ၄, ၅ လ ရှိပြီ ဘားမှမထူးဘူး ကျနော့် ခံစားချက်ပြောပြရင် လိင်တံဟာ တခါတခါမှာ သူ့ အလိုလိုထ လာတာတွေ ဖြစ်နေတုန်းဘဲ,ည အိမ်မက်မက်ပြီးလဲ သူ့ဟာသူထတတ်တ သို့သော် ကြာကြာမခံ လိင်တံထနေတဲ့ အချိန်မှာတော့ မသေသေးဘူးလို့ ပြောနိင်ပေမဲ့ ပျော့သွားတဲ့အချိန်ကျ ရင်တော်တော်သေးသွားတယ် ဘာဘဲဖြစ်ဖြစ် ကျနော်က ကိုယ့်ကိုယ်ကို စိတ်အားမြင့် ပြီး ကုသနိင်မဲ့ အခွင့်အလမ်းတွေက မျော်နေပါတယ်။ ဆေးဝါး တချို့ လမ်းညွန်နိင်ပေးရန် အထူး ပင်မေတ္တာ ရပ်ခံပါတယ်။ ကျနော် အခုပြောပြ လိုက်တဲ့ဟာတွေကို ဒီ comment ကိုဖတ်တဲ့ ကျနော်တို့ မြန်မာ ညီအကိုများ အတွက် သတိပေး သင်ခန်းစာဖြစ်ပါစေလိုလည်း ပြောချင်ပါတယ်။
၁။ လူငယ်ဘာဝ လိင်နဲ့ ဆိုင်တာတွေကို ကြည့်တာ အများဆုံးဖြစ်နေကြ သဘာဝသာဖြစ်ပါတယ်။ ကိုယ်တယောက်တည်း မဟုတ်ပါ။ ဒါကြောင့် ငါ့မှာထူးပြီး ဆိုးတာ-ကောင်းတာ မဖြစ်စေပါ။
၂။ သုက်ထွက်လို့ သုက်ရည် နည်းသွားတာလို့ မရှိပါ။ အခုထွက်ပြီး အခုချက်ချင်းပြန်ဖြည့်ပေးနေတာမျိုးဖြစ်ပါတယ်။ ကုန်ခမ်းသွားတာမျိုး သဘောမရှိပါ။
၃။ ပန်းသေတယ်လို့ ပြောနိုင်တဲ့ အချက်အလက်တွေ ရှိပါတယ်။ Erectile Dysfunction ကို Impotence လို့လဲခေါ်တယ်။ “လိင်ဆက်ဆံမှု ပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝ မဖြစ်နိုင်တာ” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။
၎။ ကျားအစိနှစ်လုံးက တဘက်နဲ့တဘက် အရွယ်အစား တူကြပါတယ်။ ဒါပေမဲ့ မတူတာလည်း ရှိမယ်။ ငါးမန်းတွေမှာ ဘာဘက်ကပိုကြီးပြီး ငှက်တွေမှာ ဘယ်ဘက်က ပိုကြီးကြတယ်။ ယောက်ျား ၂၁.၉% မှာ ဘယ်ဘက်က အထက်ကျနေတယ်။ ၂၇.၃% က တညီတည်း ရှိတယ်။ ဥရောပ ယောက်ျားတွေမှာ 12 cm³ ကနေ 30 cm³ ရှိတာမို့ ပျမ်းမျှ ကျားအစိထုထည် 18 cm³ ရှိတယ်။ လူပျိုဖြစ်တာနဲ့ 5 x 2 x 3 cm အရွယ်အစား ရှိလာတယ်။ လူတွေဟာ ချင်ပန်ဇီတွေက လူတွေထက်သေးပြီး၊ ဂေါ်ရီလာထက်ကြီးတယ်။ တကယ်လို့ ကိုယ့်ကျားအစိ အရွယ်အစားဟာ တဘက်နဲ့တဘက် မတူဘူးထင်ရင် မသိမသာလေး ကွာတာ အတွက် စိုးရိမ်စရာမလိုပါ။ ရောဂါကြောင့် မတူတာတွေဖြစ်နိုင်ပါတယ်။ တခုခြင်း အကြောင်းတွေ ရေးထားပါတယ်။
1. Orchitis ကျားအစိရောင်ခြင်း၊
2. Hydrocele မုတ်ရောဂါ၊
3. Acute infections ပိုးဝင်ခြင်း၊
4. Testicular cancer ကင်ဆာ၊
5. Spermatic cyst အရည်အောင်းအိတ်ဖြစ်ခြင်း၊
6. Epididymitis အကျောရောင်ခြင်း၊
7. Varicose veins အကျောရောင်ခြင်း၊
၅။ ပန်းသေ-ပန်းညှိုးအကြောင်းတွေလည်း ရေးထားပါတယ်။ ဒီအရွယ်မှာ ဒါတွေမဟုတ်နိုင်တာကိုလည်း သတိပြုပါ။
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၃၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




