27
Mar

အမေးအဖြေ (၁၃၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သားအိမ်ပြွန် ကျဉ်းလို့ ကိုယ်ဝန် မရနိုင်သေးခြင်း ဘယ်မှာ ရှာဖက်ရမလဲ ဆရာ။
2. ကိုယ်ဝန် ဖျက်တာပါ။ အသက်က ၂၉ အိမ်ထောင် မရှိပါဆေးက ဘာဆေးမှန်း မသိပါ။
3. ကိုယ်ဝန်က 3 လကို ဆေးနှစ်လုံး ထိုးတယ်။
4. ကျွန်တော် အခုထိ မသက်သာလို့ ခွဲစိတ် ဆရာဝန် တယောက်နဲ့ ဆက်ပြထားပါတယ်။
5. စာပြန်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ၊ အခုရုံးမှာ ရှိနေသေးလို့ သေချာ မဖတ်နိုင်သေးလို့ပါ၊
6. ကျွန်တော့်အသက် 19 နှစ်ပါဆရာ။
7. အမျိုးသားများမှာဖြစ်တဲ့ ဂနိုရောဂါဟာ ကုသရင် ပျောက်ကင်းပါသလား ဆရာ။
8. အရင်မေးလ်တွေတုန်းက ဖြစ်နေတဲ့ ကျွန်တော် အခြေအနေကို သိရဖို့
9. ကျွန်တော့် အသက် က 26 နှစ်ထဲမှာပါ။ ယောက်ျားလေးပါ။
10. အဲဒါ ဘယ်အထူးကုနဲ့ ပြရင် သင့်တော်မလဲ ဆရာ။
11. I'm a new born mom.
12. သမီး cytotec 200 ကို ၁၂ နာရီခြား ၃ ခါ နှင့် ၂၂ ရက်နေ့က စသုံးလိုက်ပါတယ်။

Mon, Mar 25, 2013 at 11:45 AM
သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန် မရနိုင်သေးခြင်း ဘယ်မှာရှာဖက်ရမလဲ ဆရာ။ ကျမလဲ ၃၉ နှစ်ပါ။ အိမ်ထောင် ကျတာ ၄ နှစ်ရှိပါပြီ။ အပေါ်က တစ်ယောက်အဖြစ်နဲ့ တူနေပါတယ် ကျမ ဗီယက်နမ်မှာလဲ စမ်းသပ် စစ်ဆေးခဲ့ပြီး ပါပြီ။ ပြွန်ကျဉ်းနေတယ်လို့ သိခဲ့ရပါတယ်။ ယောက်ကျား ၅ဝ မှကျမနဲ့ အိမ်ထောင်ကျတာပါ။ ဒါပေမဲ့ သူ့မှာ အရင် အိမ်ထောင် (ကွာရှင်းခဲ့ပြီး လွန်ခဲ့သော ၁၅ နှစ်ခန့်) နဲ့ ကလေးတစ်ယောက် ရခဲ့ဖူးပါတယ်။ ကျမကတော့ ၃၅နှစ်မှာ အိမ်ထောင်ပြုခဲ့တာပါ။ Laparsocopy ကရိယာနဲ့ ကြည့်ပြီးပါပြီ ရန်ကုန်က ဆရာ ဦး (့) နဲ့ပါ။ IVF လဲ တစ်ခါလုပ်ခဲ့ ဖူးပါတယ် ဆရာ။ မွေးလမ်း၊ သားအိမ်ဝ၊ သားအိမ်ကနေ ပြွန်ထဲအထိ ထည့်သွင်းပေးခဲ့ ဖူးပါတယ်။

Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန် မရနိုင်သေးခြင်း

Mon, Mar 25, 2013 at 12:37 PM
ကိုယ်ဝန်ဖျက်တာပါ။ အသက်က ၂၉ အိမ်ထောင် မရှိပါဆေးက ဘာဆေးမှန်း မသိပါ။ 16-3.13 ရက်နေ့ကဖျက်တာပါ။ 18 ရက်မှာသွေးဆင်းရပ်ပြီး 20 မှယနေ့ထိ သွေးနည်းနည်း ဆင်းနေသေးပြီး ဝမ်းက တစ်နေ့ တစ်ကြိမ် အမဲရောင် သွားပါတယ်။ တစ်ခါတစ်လေ ကိုယ်မပူပဲ ချမ်းပါတယ်။ မူးတာတော့ မဖြစ်ပါ။ အထဲမှာ ဘာဖြစ်နေသလဲ မသိပဲ စိတ်ပူနေလို့ပါ။ ခရီးလည်း ထွက်နေရလို့ပါ။ ဆေးခန်းသွားပြသင့်ပါ သလား။ စောင့်နေသင့်ပါလား။

နေကောင်းနေရင်တော့ မလိုလောက်ပါ။ နောက်တခါ မဖျက်ရအောင် ဂရုစိုက်သင့်ပါတယ်။

Mon, Mar 25, 2013 at 10:44 AM
ကိုယ်ဝန်က 3 လကို ဆေးနှစ်လုံး ထိုးတယ်။ ဘာဆေးလဲမသိပါ။ ပြီးတော့ ပစ္စည်းတစ်ခုခု ထည့်တယ်။ ခဏကြာပြီး သွေးဆင်းတော့ သားအိမ် ခြစ်ပေးတယ်လို့ ပြောတယ်။ သွေးက တစ်ညဆင်းတယ်။ နောက်ရက် သိပ်မဆင်းတော့ပါ။ နှစ်ရက်ကြာပြီး သွေးထပ်ဆင်းတယ်။ နည်းနည်းဆီပါ။ အန္တရယ် ရှိနိုင်သလား။ ဝမ်းသွားရင်လည်း အမဲရောင် သွားပါတယ်။ တစ်နေ့ တစ်ကြိမ်ပါ။ ဆေးခန်း သွားပြရန် လိုပါသလား။ ဖြစ်တတ်ပါသလား။

မေးတာ မရှင်းပါ။ ကိုယ်ဝန်ဖျက်တာလား။ ဘာဆေးလဲ။ ဘာကို သိချင်တာပါလဲ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

Mon, Mar 25, 2013 at 10:23 AM
ကျွန်တော် အခုထိ မသက်သာလို့ ခွဲစိတ် ဆရာဝန် တယောက်နဲ့ ဆက်ပြထားပါတယ်။ သူက ခွဲဖို့တော့ မလိုဘူးလို့ ပြောပါတယ်။ ဆီးတွေ သွေးတွေ စစ်ပြီးတော့ အခု ဆေးဆက်ပေးထားပါတယ်။ ပိုးကြောင့်ဖြစ်တာလို့လဲ ပြောတယ်။ သွေးပြန်ကြောလေး နဲနဲထုံးတာ ပါတယ် လို့လဲ ပြောတယ်ဆရာ။ levofloxin 500 and symeton 500 ကို တစ်ပတ်သောက်ခိုင်းတယ်။ vitacee နဲ့ daflon ကို နှစ်ပတ်သောက်ခိုင်းပြီး အခု daflon တစ်မျိုးထဲကိုပဲ နှစ်လ ဆက်သောက်ခိုင်းပါတယ် တဖြေးဖြေး သက်သာ လာလိမ့်မယ်။ ထပ်နာလာရင်တော့ ပြန်လာပြခိုင်းပါတယ်။ ခုတော့ သက်သာပါတယ်။ လုံဝအရှင်းတော့ မပျောက်သွားဘူး။ ကျွန်တော့ အမျိုးသမီးနဲ့ တူတူ နေပြီးတိုင်း နဲနဲတော့ ပြန်ပြန်နာတတ်တယ်။ ဒါပေမဲ့ ဆေး သောက်ဖို့တွေလဲ ကျန်နေသေးတော့ ပြန်တော့ မပြရသေးဘူး။ အခုပေးထားတဲ့ ဆေးတွေကကော အဆင်ပြေရဲ့လားလို့ ဆရာ နဲနဲပြောပြ ပေးပါအုံး။ သေးပြန်ကြော ထုံးတယ် ဆိုတာကကော ဘာတွေဆက်ဖြစ်နိုင်လဲ။ ဒီလို ဆေးသောက် တာနဲ့ကော ပျောက်နိုင်လား ဆရာ။ ဒီလို အောင့် အောင့်နေတာ နေရတာ နဲနဲ ဆိုးတော့ အပြီးပျောက်သွားချင် လို့ ဘာတွေ ဆက်လုပ်သင့်တယ် ဆိုတာ အကြံဥာဏ်ပေးပါအုံး ဆရာ။

ဆေးတွေအားလုံး ကောင်းပါတယ်။
Varicocele (ဗေရီကိုဆီးလ်)

Mon, Mar 25, 2013 at 9:48 AM
စာပြန်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ၊ အခုရုံးမှာရှိနေသေးလို့ သေချာ မဖတ်နိုင်သေးလို့ပါ၊ ညကျရင် သေချာဖတ်ပါမယ် ဆရာ၊ နောက် သိချင်တာလေးက ကျွန်မ အပေါ်မှာ မေးထားသလို ဆေးပညာ နည်းအရဆို အဲ့လို ရက်တွေမှာဆို ကိုယ်ဝန်ရနိုင်လားလဲ သိချင်တာပါဆရာ။

Calendar method ပြက္ခဒိန်နည်း

Mon, Mar 25, 2013 at 8:48 AM
ကျွန်တော့်အသက် 19 နှစ်ပါဆရာ။ ကျွန်တော့် ကောင်မလေးနဲ့ ကျွန်တော် ဒီနေ့ ဆက်ဆံဖြစ်ပါတယ်။ ကျွန်တော့် လိင်အင်္ဂါက အပြင်မှာတော့ တင်းမာမှုရှိပြီး ကျွန်တော့် ကောင်မလေး အင်္ဂါထဲကို ရောက်တဲ့ အခါမှာ ပျော့သွားပါတယ် ဆရာ။ အပြင်မှာ တင်းမာမှုရှိပြီး အတွင်းထဲရောက်တဲ့ အခါမှာ ဘာဖြစ်လို့ ပျော့သွားရတာပါလဲ ဆရာ။ အဲ့တာလေး သိချင်လို့ပါ။ ကျွန်တော် ရောဂါများဖြစ်နေတာလား။ စိတ်ဖြေ ဖျောက်မှုကိုလည်း နေ့တိုင်း လိုလို လုပ်ဖြစ်ပါတယ်။ ဆေးလိပ်လည်း သောက်ပါတယ် ဆရာ။ အဲ့တာကြောင့်လား။ ဘာလို့ အဲ့လိုဖြစ်ရစတယ်လဲ ဆိုတာကို ကျွန်တော် သိချင်ပါတယ်။ တော်တော်လေးလည်း စိုးရိမ်မိပါတယ်။

မစိုးရိမ်ပါနဲ့။ စိုးရိမ်စိတ်ကို လုံးဝဖျောက်လိုက်ပါ။ ဒီအရွယ်မျာ ပန်းညှိုးတာ မဖြစ်ပါ။ စိတ်ဖိစီးမှု နဲ့ စိတ်အခြေအနေကြောင့်သာ ယာယီဖြစ်တောပါ။ ဆေးမလိုအပ်ပါ။ ဖါသာ အာသောဖြေတာ အတွက်လဲ မဖြစ်စေပါ။ ဆေးလိပ်ကြောင့်လဲ အဲလောက် အထိမဖြစ်ပါ။ ဆေးလိပ်ကတော့ တခြားရောဂါတွေ အတွက် မကောင်းတာ သိပြီးဖြစ်မျာပါ။
Erectile Dysfunction (4) ပန်းသေ-ပန်းညှိုး (၄)

Mon, Mar 25, 2013 at 5:01 AM
အမျိုးသားများမှာဖြစ်တဲ့ ဂနိုရောဂါဟာ ကုသရင် ပျောက်ကင်းပါသလား ဆရာ။ ကုသရင်ကော ကာလ ဘယ်လောက်ထိ ကြာနိုင်ပါသလဲ။ ရောဂါဖြစ်စ အလွန်ဆုံး တစ်နှစ်လောက်ပဲ ရှိသေးတယ်ဆိုရင်ပေါ့။ ကျွန်တော့်မှာ မနက်မနက်ဆို အင်္ဂါကို ညှစ်လိုက်ရင် အဖြူရောင်ပါတဲ့ အရည်လေးတွေ ထွက်လာတတ်လို့ပါ။ ပြီးတော့ ဆီးသွားပြီးရင်လည်း ခဏစောင့်ပေး ရပါတယ်။ ဆီးက စို့စို့လေးထွက်လာ တတ်လို့ပါ။ ကျွန်တော် လိုအပ်တာတွေ သွားလုပ်ပါမယ် ဆရာ။ ကုသရင် ပျောက်ပါသလား။ ကာလ  ဘယ်လောက်ထိ ကုသရနိုင်ပါသလဲ ဆရာ။ ကျွန်တော့်မှာဖြစ်တာ ၁ နှစ်မပြည့်သေးပါဘူး။ လပိုင်းပဲရှိပါသေးတယ်။

Gonorrhea ဂနိုရောဂါ

Sun, Mar 24, 2013 at 8:46 PM
အရင်မေးလ်တွေတုန်းက ဖြစ်နေတဲ့ ကျွန်တော် အခြေအနေကို သိရဖို့ (့) က ဆေးရုံတစ်ခုမှာ ဆီးကို ထပ်ပြီးစစ်ခဲ့ပါတယ်။ သူတို့က ဆစ်ဖလစ်တော့ မရှိဘူးပဲ ပြောပါတယ်။ ဆေးစစ်ချက် အောင်တယ်ဆိုပေမယ့် ထပ်စစ်ရင် ကောင်းမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဘာကို ထပ်စစ်ရမှန်း မသိဖြစ်နေပါတယ်။ ဒီဆေးစစ်ချက်တွေကိုလည်း ဆရာဆီကို ထပ်ပို့ပေးလိုက်ပါတယ်။ နောက် အခုအချိန်အထိ ဖြစ်နေတာက မာစတာဗေးရှင်း လုပ်လို့ ပြီးတဲ့ အချိန်မျိုးမှာ အင်္ဂါ အောက်ပိုင်း အကြောတွေက သိသိသာ မာပြီး ထိတွေခံစားမှု တခု ရှိနေပါတယ်။ ပြီးတာ အတော်ကြာတဲ့ အချိန်အထိ အရည်ကြည်က ထွက်နေတာ မျိုးလည်း ဖြစ်နေ တက်ပါတယ်။ လိင်စိတ်လည်း အရင်ကလို ပုံမှန် မဟုတ်တော့သလို ခံစားနေရပါတယ်။ အရင်မေးလ်တွေတုန်းက ပြောခဲ့သလို ကျွန်တော် ဆက်ဆံဖော်နဲ့လည်း အမြဲတမ်း အတူမနေဖြစ်တော့ သူ့ကိုလည်း ပွင့်ပွင့် လင်းလင်းပြောပြထားပြီး စောင့်ကြည့်ဖို့ ပြောထားပါတယ်။ တကယ်လို့ ဆေးနဲ့ ဆီးကို ဘယ်လိုတွေ ထပ်စစ်ရမယ်ဆိုတာ လိုအပ်ရင်လည်း ထပ်ပြီးတော့ အကြံပြုစေချင်ပါတယ်။ ကျွန်တော် စိတ်ထင် ဆရာတင်ထားတဲ့ http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html ထဲက အောက်ကဟာများ ဖြစ်နေသလားလို့ ခံစားနေရပါတယ်။ ဆီးစစ်ချက်တွေကိုလည်း ကျွန်တော် ဆရာဖတ်လို့ရအောင် တခါတည်းတွဲပို့လိုက်ပါတယ်။ ဆီးနဲ့ဆေး တကယ်လို့ ထပ်စစ်ဖို့ လိုရင် ဘယ်အမျိုးအစားနဲ့ စစ်ရမယ်ဆိုတာ သိလိုပါတယ်ခင်ဗျ။

ဆစ်ဖလစ်ကို သွေးစစ်မှသိပါမယ်။
VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း

Mon, Mar 25, 2013 at 9:07 PM
ကျွန်တော့် အသက် က 26 နှစ်ထဲမှာပါ။ ယောက်ျားလေးပါ။ (့) နိုင်ငံထဲမှာပါ။ ကျွန်တော့် ရောဂါက HPV နဲ့ လည်ချောင်းနားက အာသီး ဟိုဘက်ဒီဘက် ကွဲပြီးရောင်နေတာပါ။ အဲလိုဖြစ်နေတယ်ဆိုရင် ဘယ်ဆရာဝန်နဲ့ ပြရမလဲ။ ဖြစ်တာကတော့ 7 လပိုင်း 2012 က စဖြစ်တာပါ။ အခု လောလောဆယ် ကြွက်နို့တစ်ခု ကျွန်တော့် အင်္ဂါအဝမှာ ဖြစ်နေတယ်။ အဲဒါ ဘယ်ဆရာဝန်နဲ့ ပြရရင် ပိုထိရောက်မလဲ သိချင်လို့ပါ။ ဥပမာ ဆီးလမ်းကြောင်း ဆရာဝန် စသည်ဖြင့်ပါ။

အဲဒီနိုင်ငံမှာ ဘယ်လိုစနစ်ထားလဲ သိပ်မသိပါ။ HPV ကြွက်နို့ဆိုရင် STDs အတွက် ဆရာဝန် ပြရပါမယ်။ မြန်မာပြည်မျာဆိုရင် သမားတော် တဦးပြရင် ဆိုင်ရာကို လွှဲပေးပါတယ်။ ကျားအင်္ဂါဖြစ်တာ အတွက် ဆီးလမ်း အထူးကုကိုပြတာ သင့်တော်ပါတယ်။

Mon, Mar 25, 2013 at 9:18 PM
အဲဒါ ဘယ်အထူးကုနဲ့ ပြရင် သင့်တော်မလဲ ဆရာ။ အဲဒါ ဘာဖြစ်တာလဲ မသိလို့ပါ။ ကုရင် အဲဒီ ရောဂါနဲ့ HPV ရောဂါ နှစ်မျိုးလုံး ပျောက်နိုင်သလား။ ကျွန်တော် အသက်က 26 နှစ်ထဲမှာပါ။ ကျားအင်္ဂါ အဝမှာ ကြွက်နို့ တစ်ခု ဖြစ်နေပါတယ်။

ဘယ်ဆရာဝန်ဆီရောက်ရောက် သူနဲ့ဆိုင်တာ လုပ်ပေးမယ်။ မဆိုင်တာကို လမ်းညွှန်ပေးပါမယ်။

Fri, Mar 22, 2013 at 2:47 PM
I 'm a new born mom. I take exluton tablets after 3 months directed by OG because my husband came back at that time. After taking 7 days, my first menstrual bleeding started. I take daily & next pack started immediately after finishing the previous pack. Yesterday finished second pack but menstrual bleeding is never come out. I make a test this morning but I saw only one line. So I think my mistake & I know that. I took line by line because I think each tablet is same. They used Thai language. I got pregnancy as soon as my wedding .So I don't have knowledge for these tablets. Now my baby is only 5 months & LCST born .So I can't take new baby. So Can I take next pack continuously today? Pls help me doctor.

Yes, the contraceptive pills effects are different on different women. If you are taking regularly you don't need to worry.

There are many pills and many methods. You can read and make selection as per your need and your reach.
• Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-fertility.html
• Contraception and Non-medical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
• Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
• Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
• Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
• Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေးကပ်ခွါ http://dts-medicaleducation-adult.blogspot.in/2012/07/contraceptive-patch.html
• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
• Birth Control Methods How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
• Birth Control Pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
• Birth control pills for emergency contraception ပုံမှန်တားဆေးကို အရေးပေါ်အသုံးချနည်း http://dts-medicaleducation-adult.blogspot.in/2012/09/birth-control-pills-for-emergency.html
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html

Mon, Mar 25, 2013 at 8:19 PM
သမီး cytotec 200 ကို ၁၂ နာရီခြား ၃ ခါ နှင့် ၂၂ ရက်နေ့က စသုံးလိုက်ပါတယ်။ စသုံးပြီး ၄ နာရီလောက်အကြာမှာ သွေးစဆင်းပါတယ်။ သွေးခဲလေးတွေ ပါပါတယ်။ ဒီနေ့နဲ့ဆို သွေးဆင်းတာ ၄ ရက်ရှိပါပြီ။ သွေးဆင်း တာက ပုံမှန် ဆင်းနေသလောက်ပဲ ဆင်းပါတယ်။ သမီးက အရင်ထဲက ရာသီသွေးများတတ်ပါတယ်။ အခု လာနေစဉ်ရက်တွေမှာ တစ်ခါတစ်ရံ ဆီးအိမ်နားက နဲနဲအောင့်ပါတယ်။ သမီး incomplete abortion ဖြစ်နိုင် ပါသလား ဆရာ။

ဖြစ်နိုင်ပါတယ်။ ရာသီဘယ်လောက်ကြာ ထိန်ထားလဲမသိပါ။

Incomplete abortion ဖြစ်နိုင်တယ်လို့ ပြောတာလား ဆရာ။ ဒါဆို သမီး ဘာဆက်လုပ်ရမလဲ အသိဘူး။

ဆရာက မသိပါလို့ပြောတာကို မဖြေသေးပါ။

သမီး ရာသီတော့မထိန်ပါဘူးဆရာ။ ဒါပေမယ့် တစ်ခါတစ်လေ ရာသီက အကုန်မဆင်းဘူးလို့ ခံစားရပါတယ်။ အရင်လက ၁၄-၂-၂ဝ၁၃ မှ ၁၆-၂-၂ဝ၁၃ ထိ ရာသီ၃ရက် လာပါတယ်ဆရာ။ အခု ဆေးသုံးပြီးနောက် ရာသီလာတာ ၄ ရက်ရှိပါပြီ ဆရာ။ သမီးဆေးသုံးပြီး သွေးဆင်းတဲ့ပမာဏက အရင်လတွေက လာတဲ့ပမာဏလောက်ပါပဲဆရာ။ သမီးကို ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပေးပါ ဆရာ။

"သမီး ရာသီတော့ မထိန်ပါဘူးဆရာ" ဆိုပေမဲ့ "သမီး ချစ်သူနဲ့သမီး အတူနေမိပါတယ်။ သမီး ရာသီလာရမယ့်ရက် ကျော်နေတော့ ဆီးစစ်ကြည့်တော့ အပေါင်းပြနေပါတယ်" လို့ ရေးထားတယ် မဟုတ်လား။ ရာသီ ထိန်ယုံမကသေးပဲ ကိုယ်ဝန်စစ်တော့ အပေါင်းလည်းပြနေတယ်။ အရင်ရေးတာကို ဆရာပြန် မဖတ်ရင် မျက်စိလည်မယ်။

ဆင်းစရာရှိတာ ဆင်းပါလိမ့်မယ်။ စောင့်ယုံသာလိုပါမယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၃၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top