2
Apr

အမေးအဖြေ (၁၃၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သမီးက အသက်က ၃၁၊ ကိုယ်အလေးချိန် ၁၁ဝ ခန့်၊ အရပ် ၅ပေ ၃လက်မပါ။
2. ညအိပ်လို့ အတွင်းခံဘောင်းဘီဝတ်အိပ်ရင် ပန်းသေတက်ပါသလား။
3. ကျွန်တော် မိန်းမယူတာ မကြာသေးပါဘူး။
4. ကျွန်တော် ကောင်မလေးနဲ့ ချစ်တာတော့ကြာပါပြီ။
5. ရာသီလာတာက သုံးရက်တည်းလို့ ပြောတယ်ဆရာ။
6. အသက်က 29 နှစ်ပါ။ အခန်မသင့်တာကြောင့် ကိုယ်ဝန် 3 လကိုဆေးသုံးပြီး
7. သမီးက အသက်က ၂၁ ပါဆရာ။
8. ဆရာရှင့် သမီးမှာအရင်ရည်းစားရှိပါတယ်။ ခုတော့ပြတ်သွားပါပြီ။
9. ကျနော်တို့ ကိုယ်ဝန်ဖျက်ချဖူးပါတယ်။
10. ကန်တော့ပါရဲ့နော်ဆရာ ကျွန်မ menstruation မလာခင်
11. ရာသီလာနေတဲ့ မိန်းလေးတစ်ယောက်နဲ့
12. သမီးရာသီလာတာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီးလာပါတယ်။
13. ကျွန်တော် မိန်းမက အသက် 27 နှစ် ပါ ဆရာ
14. cytopan 50 တလုံးသောက်တလုံးကို သားအိမ်ထဲထည့်ရင်
15. ကျွန်တော့် အသက် ၂၆ နှစ်ပါ။

Sat, Mar 30, 2013 at 4:25 PM
သမီးက အသက်က ၃၁၊ ကိုယ်အလေးချိန် ၁၁ဝ ခန့်၊ အရပ် ၅ပေ ၃လက်မပါ။ ယခု သားဦးကိုယ်ဝန် ၃လရှိပါပြီဆရာ။
၁။ သမီးမှာ အပျိုဘဝတည်းက စအိုကွဲနာဖြစ်ဖူးပြီး ပုံပါပုံစံနီးပါး ဖြစ်နေပါတယ်ဆရာ။ (ဆရာ့ဆောင်းပါးအားလုံးနီးပါးတော့ ဖတ်ပြီးပါပြီဆရာ) ဝမ်းအရမ်းချုပ်တဲ့အခါမှာ နာတတ်ပြီး သွေးလည်းတစ်ခါတစ်ရံပါတတ်ပါတယ်။ သမီးအခြေအနေ အတော်ဆိုးနေပါပြီလားရှင့်။ သမီးကလေးကို ရိုးရိုးပဲမွေးချင်ပါတယ်။ မွေးလို့ အဆင်ပြေနိုင်ပါ့မလားရှင့်။
၂။ သမီးက အစပ်အရမ်းကြိုက်ပါတယ်။ လိပ်ခေါင်းအတွက်မကောင်းတာမှန်ပါသလားရှင့်။ ကလေးအတွက်ရော ထိခိုက်နိုင်ပါသလားရှင့်။ ရှောင်ရမယ်ဆို ဘယ်အချိန်စရှောင်ရပါမလဲရှင့်။
၃။ ရေကိုလည်း ရေခဲသေတ္တာမှရေကိုပဲ သောက်ဖြစ်ပါတယ်။ အဲ့ဒါရော ကလေးအတွက် ကောင်းပါသလား။
၎။ နားနှင့်မနာ ဖဝါးနှင့်နာ ကန်တော့ပါဆရာ သမီးမေးရမယ့်သူလည်းမရှိလို့ပါ။ သမီးက အမျိုးသားနှင့် အချိန်အတော်ကြာ ခွဲနေရပါတယ်။ ယခုလည်းကလေးယူပြီး ခွဲနေရပါတယ်။ သမီးယခုကလေးရှိမှ လိင်စိတ် အရမ်းဖြစ်ပေါ်နေမိပါတယ်။ တစ်ခါတစ်ရံ ညစ်ညမ်းဝက်ဆိုဒ်တွေရောက်ပြီး ကိုယ့်ဖာကိုယ် ပွတ်သပ်ပြီး အာသာဖြေ မိပါတယ်ရှင့်။ အာသာဖြေမိတဲ့ အချိန်မှာ အကြောအချင်တွေ တောင့်တင်းထားမိပြီး နောက်နေ့မှာ တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံနိုင်ကြောင်း စာတွေတော့ ဖတ်ဖူးပါတယ် ဆရာ။ သမီးက အာသာဖြေတာဖြစ်ပြီးတော့ ညောင်းညာတဲ့အတွက် ကလေးအတွက် ထိခိုက်နိုင်ပါသလားရှင့်။ ပြီးတော့ မိခင်က အဲ့လိုစိတ်ဖြစ်တာ ကလေးဆီမှာရော အဲ့လိုစိတ်များလာတာမျိုး ဖြစ်နိုင်ပါသလားရှင့်။
၅။ မွေးဖွားရ လွယ်ကူအောင် ကိုယ်ဝန်ဆောင်စဉ် လမ်းလျောက်ရမယ်ဆိုတာ ကိုယ်ဝန် ဘယ်နှလမှာ စလျောက် သင့်ပါသလဲ။ ကိုယ်ဝန်ဆောင်ချိန် လုပ်သင့်တဲ့ လေ့ကျင့်ခန်းများကို သိလိုပါတယ် ဆရာ။ မွေးဖွားစဉ် အသက်ဘယ်လို ရှူရမယ်။ ဘယ်လိုပြုမူရမယ် ဆိုတဲ့အကြောင်းကို စာအုပ်တွေထဲမှာ ပါပေမဲ့။ အသေးစိတ် မရေးထားပါဘူး ဆရာ။ သမီးတို့ဆီက နယ်မြို့ဖြစ်တဲ့ အတွက် သင်တန်းတွေလည်း မရှိပါဘူး။ သမီး အဲ့ဒီအကြောင်းကို တိတိကျကျ လေ့လာချင်ပါတယ် ဆရာ။ သမီး ကီးဂဲလ်ကိုတော့ လုပ်ဖြစ်ပါတယ်ရှင့်။

၁။ ကလေး မီးဖွါးတာမှာ လိပ်ခေါင်းဖြစ်ဖြစ်၊ စအိုကွဲနာဖြစ်ဖြစ် ရှိပေမဲ့ မွေးလမ်းကနေ မွေးနိုင်ပါတယ်။
၂။ ကိုယ်ဝန်ကြောင့် လိပ်ခေါင်း ပိုထွက်စေနိုင်တယ်။ မွေးဖွါးခြင်း ဒုတိယ အဆင့်မှာ လိပ်ခေါင်းဖြစ်ရာနေရာကို ဖိအား သက်ရောက်လို့ ဖြစ်ရတာပါ။ ဒီအဆင့်မှာ မြန်ရင် သက်သာတယ်။ မွေးပြီးရင်တော့ သက်သာမယ်။
၃။ ရေအပူချိန်ကနေ ကလေးကို မသက်ရောက်ပါ။
၎။ အာသာဖြေတာကြောင့် ကလေး-ကိုယ်ဝန်ကို မထိခိုက်စေပါ။ ကိရိယာ ထည့်သွင်းတာတော့ မလုပ်သင့်ပါ။
၅။ လမ်းလျှောက်ကို ဘယ်နှစ်လမှာဖြစ်ဖြစ် လုပ်နိုင်တာကောင်းပါတယ်။ မွေးဖွါးနေချိန်မှာ အသက်ရှူတာ ဗိုက်နာတာက နာလိုက် သက်သာလိုက်ဖြစ်တယ်။ မနာတဲ့အချိန်မှာ အသက်ကောင်းကောင်းရှူပါ။ ရေ-အရည်လည်း သောက်ပါ။ နာနေချိန်မှာ ဘာမှ သတိမထားနိုင်ဖြစ်တတ်တယ်။ စိုးရိမ်စရာမရှိပါ။

ဆရာ့ပြန်စာရှိပါတယ်ရှင့် ကျေးဇူးတင်ပါတယ် ဆရာ။ အစပ်အကြောင်းနဲ့ ပါတ်သက်ပြီးမေးထားတာလေးကိုလည်း အချိန်ရင်ပြန်ကြားပေးစေလိုပါတယ်ရှင့်။

Chilli ငရုတ်သီး အရသာ ပို့လိုက်ပါတယ်။

Sun, Mar 31, 2013 at 6:37 AM
ညအိပ်လို့ အတွင်းခံဘောင်းဘီ ဝတ်အိပ်ရင် ပန်းသေတက်ပါသလား။ ကြီးထွားမှုကို နှေးကွေးစေပါသလား။

မဖြစ်စေပါ။ မစိုးရိမ်ပါနဲ့။ သုက်ပိုးဖြစ်ထွန်းမှုကတော့ အပူချိန်နည်းတာကို ပိုသဘောကျပါတယ်။

Sat, Mar 30, 2013 at 8:22 PM
ကျွန်တော် မိန်းမယူတာ မကြာသေးပါဘူး။ ကျွန်တော့် မိန်းမမှာ အဖြူဆင်းတာ ချွဲနေတယ်လို့ပြောပါတယ်။ ၁ လပိုင်းနဲ့ ၂ လပိုင်းတုန်းကတော့ ရာသီသွေး ပုံမှန်လာပါတယ်၊ ခု ၃ လပိုင်းမှာ မလာလို့ ဘာကြောင့်ပါလဲ ဆရာ။ ဘယ်မှာ သွားဖတ်ရမလဲ။ အန္တရာယ်ရော ရှိပါသလား။

• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
• Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html
• Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း http://dts-medicaleducation-adult.blogspot.in/2012/12/vaginal-odor_15.html
• Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html

Sat, Mar 30, 2013 at 7:46 PM
ကျွန်တော် ကောင်မလေးနဲ့ ချစ်တာတော့ ကြာပါပြီ။ အရင် တလကျော်လောက်က ၂ ခါလောက် ဆက်ဆံ မိပါတယ်။ ကောင်မလေးမှာ အခုသွေးမဆင်းဘူး ဖြစ်နေတယ်။ ဆီးစစ်တဲ့ အချောင်းနဲ့ တိုင်းကြည်တော့ အောက်က အမှတ်မှာ နဲနဲပေါ် နေတယ် ပြောတယ်။ ကျွန်တော်တို့နှစ်ယောက် အခုချိန်မှာ လက်ထပ်လို့ မဖြစ်သေးပါဘူး ဆရာ။ သူလည်း သိပါတယ်၊ သူနဲ့လည်း တိုင်ပင်ပြီးပြီ။ တကယ်လို့ ကိုယ်ဝန်ရှိနေရင် ဖျက်ချချင်ပါတယ်။ စားဆေး၊ သောက်ဆေးတွေနဲ့ ဖျက်ချလို့ ရပါသလား၊ ဖျက်ချလို့ရရင် ဘယ်ဆေးတွေလည်းဆိုတာ သိချင်ပါတယ်။ စားဆေးတွေနဲ မရလို့ ဆေးခန်းမှာ ဖျက်ချရမယ်ဆိုလည်း ဘယ်နေရာတွေမှာ ရနိုင်မလဲ ဆရာ။ ကျွန်တော်က ရန်ကုန်ကပါ။ နေ့ချင်းပြီးလောက်ပါလား။

• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion Q and A (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.html
• Abortion Q and A (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html

Sat, Mar 30, 2013 at 6:15 PM
ရာသီလာတာက သုံးရက်တည်းလို့ ပြောတယ်ဆရာ။ ပုံမှန် မဟုတ်ဘူးလို့ ထင်နေလို့ပါ ဆေးတွေကြောာင့်လား ဆရာ။ ပြီးတော့ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလဲ သိချင်ပါတယ်။ ဖြစ်နိုင်ရင် အသေးစိတ်လေးပေါ့။

• STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
• STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
• STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
• STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
• STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html

Sat, Mar 30, 2013 at 5:54 AM
အသက်က 29 နှစ်ပါ။ အခန်မသင့်တာကြောင့် ကိုယ်ဝန် 3 လကို ဆေးသုံးပြီး 16-3-13 မှာ ပျက်ရပါတယ်။ သက်ဆိုင်သူက အဝေးရောက်နေလို့ပါ။ 45 ရက် အတူ မနေရဘူးလို့ ပြောပါတယ်။ ကလေးလည်း ပြန်ရချင် ပါတယ်။ သူက ခွင့်မရပဲပြန်ရမယ် အတူနေလို့၍ တောင်းဆိုလာသောကြောင့် နေလို့ ရပါသလား။ သားအိမ်ကို ထိခိုက်နိုင်ပါသလား။ abortion ဖြစ်တာ ရာသီလာတာဆိုရင် မျိုးဥကလည်း ပုံမှန်ရှိနေသလား။

ကိုယ်ဝန်ပျက်စဉ်က သားအိမ်ခြစ်သလား မသိပါ။ ခြစ်ရအုံးတော့ ၄၅ ရက်အထိစောင်ဘို့ မလိုပါ။ လူက ကျန်းမာနေရင် စိတ်လည်းဖြစ်ရင် တောင်းတိုမှုလည်းရှိရင် အတူနေနိုင် ကြပါတယ်။ ပိုကောင်းတာကတော့ (လုပ်ကိုလုပ်ပါလို့ မဆိုလိုပါ) ရာသီ ၂ လလောက် မှန်ပြီးမှ နောက်ကိုယ်ဝန် ယူသင့်ပါတယ်။ ကိုယ်ဝန်တည်ဘူးပြီဆိုရင် ဇနီးမှာလည်း မျိုးဥထွက်တာ ပုံမှန်ဖြစ်တယ်။ သားအိမ်ပြွန်လည်း ကျဉ်တးတာမရှိပါ။ ခင်ပွန်းမှာလည်း သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ပုံမှန်ဖြစ်နေလို့ပါ။

Fri, Mar 29, 2013 at 11:34 PM
သမီးက အသက်က ၂၁ ပါဆရာ။ သမီး အစပ်အစားများပြီး လိပ်ခေါင်းထွက်လာတယ်။ အဲဒါသမီး လိပ်ခေါင်းပျောက်ဆေး သောက်တယ်။ ဆေးသောက်တော့ သက်တော့ သတ်သာတယ်။ အဲဒါနဲ့ အိမ်သာတတ်ချင်လို အိမ်သာသွားတာ။ သမီးရဲ့ အင်္ဂါထဲက သွေးပုတ်တွေထွက်လာတယ်ဆရာ။ အဲဒါစိုးရိမ်ရလားဆရာ။ သောက်ရမဲ့ဆေး လေးပြောပြပေးပါဆရာ။

ကနေ့ပဲ တယောက်က ဒီလိုမေးခွန်းမျိုးမေးပါသေးတယ်။ အီးမေးလ်လိပ်စာ မတူဘူးထင်လို့ ထပ်ဖြေပါမယ်။ မေးချင်တာက မ-အင်္ဂါကနေသွေးဆင်းတာဖြစ်မယ်ထင်ပါတယ်။ အဲဒါဆိုရင် လိပ်ခေါင်းနဲ့ မဆိုင်ပါ။ ရာသီအခြေအနေ မသိပါ။ အိမ်ထောင်၊ အတူနေတာ မသိပါ။ (စိတ်မရှိပါနဲ့) လိုသေးရင် တိတိကျကျရေးမေးနိုင်ပါတယ်။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html
• Bleeding PV သွေးသွန်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/bleeding-pv.html

Wed, Mar 27, 2013 at 1:17 AM
ဆရာရှင့် သမီးမှာ အရင် ရည်းစားရှိပါတယ်။ ခုတော့ပြတ်သွားပါပြီ။ ခုတော့ နောက်တယောက်နဲ့ သမီးတွဲနေပါတယ်။ နောက်နှစ်လောက်ကျရင် လက်ထပ်ဖို့ စဉ်းစားထားပါတယ်။ ခက်တာက အရင်ရည်းစားနဲ့ ဆက်ဆံ ဖူးခဲ့ပါတယ်။ ဒါပေမယ့် သမီးသွေး မထွက်ခဲ့ဖူးပါဘူး။ သမီးသိချင်တာက သူ့လိင်တံအထဲထိ မရောက်လို့လား ဆိုတာကို သိချင်လို့ပါ ဆရာရယ်။ ခုတွဲနေတဲ့ ချစ်သူကိုတော့ သမီး လက်မလွတ်နိုင်ပါဘူး။ သူ့ကိုလည်း မထိခိုက်စေချင်လို့ပါ ဆရာရယ်။ သမီး အပျိုစစ်သေးလားဆိုတာ သိချင်ပါတယ်။ အရင်ရည်းစားနဲ့ ဆက်ဆံတုန်းက တက်နိုင်သလောက် မိန်းမကိုယ်ထဲထိ မဝင်အောင် ထိန်းခဲ့ပါတယ်။ အမှားပါသွားရင် ခွင့်လွှတ်ပါဆရာ။ သမီးဘဝအတွက် အရေးကြီးလို့ပါ။

အရင်အတူနေခဲ့တာ ဘယ်နှစ်ကြိမ်လဲ၊ အချိန်ဘယ်လောက်ကြာခဲ့သလဲ။ နာကျင်တာကို ခံစားခဲ့ရသလား။ သုက်ရည် ထွက်သွားခဲ့သလား။ မစိုးရိမ်ပါနဲ့။ ကိုယ်ကိုယ်တိုင်က အသိဆုံးပါ။ အပျိုစစ်၊ မစစ်ဆိုတဲ အဆုံးအဖြတ်ကို ဘာအတွက် သုံးမှာလဲ။ ဆရာဝန်ကနေ သက်သေခံဘို့ဆိုတာက တမျိုးပါ။ ကိုယ်ယူမဲ့ ယောက်ျားလေးက သူကိုယ်တိုင် ဆုံးဖြတ်မှာပါ။ သူကကော လိင်ပညာသုတကို ဘယ်အထိ သိသလဲ မပြောနိုင်ပါ။ လိုသေးရင် မေးပါ။

အကြိမ် အရေတွက်တော့ သေချာမမှတ်မိပါဘူး ဆရာ။ ဒါပေမယ် နာကျင်တဲ့ ခံစားချက်မျိုးတော့ တခါမှ မခံစားခဲ့ဘူးပါ။ သုက်ရည်ကတော့ အနည်းအကျင်းတော့ ထွက်ဖူးပါတယ်။ သမီးစိုးရိမ်တာက ခုလက်ရှိ တွဲနေတဲ့ ချစ်သူကို ယူပြီမှ သူစိတ်မှာလည်း ဒဏ်ရာ မဖြစ်စေချင်လို့ပါ။ သမီးကြားဖူးတာက ယောက်ျားလေး တော်တော်များများက တခြားတယောက်နဲ့ အတူနေပြီးတဲ့ မိန်းမကို လက်ထပ်ဖို့ငြင်းဆန်ကြတယ်ဆိုတာ လူတိုင်းလား ဆရာရယ်။ ငယ်ငယ်တုန်းက မဖြစ်သင့်တာတွေ ဖြစ်ခဲ့လို့လည်း ကိုယ့်ကိုယ်ကို စိတ်နာတယ်။ ပြီးတော့ အရမ်းလည်း ကြောက်နေမိတယ် ဆရာရယ်။

အပျိုရည်ပျက်တဲ့ ပဌမ အကြိမ်တွေ ၂-၃ ကြိမ်မှာ နာကြတာက အများစုဖြစ်တယ်။ ယောက်ျားလေးတွေ သဘာဝကလည်း မိန်းကလေးတွေလို ပါပဲ၊ တယောက်နဲ့ တယောက် မတူတတ်ပါ။ တချို့က သိပ်သတိထားတယ်။ အပျိုစစ်-မစစ်အသေအချာ သိချင်တယ်။ တခါကလည်း မိန်းကလေးက ဆရာ့ကိုတော့ သူတကယ် စစ်ပါတယ်လို့ပြောတယ်။ ဒါပေမဲ့ သူယူတဲ့ ယောက်ျားက သူသိထားတဲ့ အချက်အလက်တွေနဲ့ မညီလို့ဆိုပြီး သံသယဝင်တယ်။ ဒီအရေးမှာ ဆရာဖြေခဲ့ရဘူးတယ်။ အခုမေးတဲ့သူ အတွက်တော့ ဆရာဝန် ရှုဒေါင့်ကနေ ဒီထက် ပိုပြောလို့မရတော့ ဘူးထင်ပါတယ်။

Sat, Mar 23, 2013 at 12:47 AM
ကျနော်တို့ ကိုယ်ဝန်ဖျက်ချ ဖူးပါတယ်။ ဆရာဝန်က လိင်ကိစ္စကို ၄၅ ရက်ရှောင်ရမယ်လို့ မှာပါတယ်။ တကယ်လို့ ၄၅ ရက်အတွင်း မရှောင်ခဲ့ရင် ဘာအကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ ဆရာ။

တကယ်တော့ ၄၅ ရက်အထိ မလိုအပ်လှပါ။ မိန်ကလေး ကျန်းမာရေးကောင်းနေရင် တပါတ် ၁ဝ ရက်ဆိုရင် ဖြစ်ပါတယ်။ သတိထားဘို့က နောက်တခါအတွက် ကိုယ်ဝန်မလိုချင်သေးရင် တားဆေး-တားနည်း စနစ်တကျသုံးပါ။ ခဏခဏ ဖျက်ရတာ မကောင်းပါ။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ ကျနော်က ကိုယ်ဝန်ဖျက်ချတာကြောင့် နောင်တစ်ချိန် ကိုယ်ဝန်ပြန်မရမှာကို စိုးရိမ်တယ်ဆရာ။ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေ ပြောပြပေးပါ ဆရာ။

ပျက်ခဲ့တဲ့ ကိုယ်ဝန်က ဘာလို့ပျက်လဲ မသိပါ။ မသိတာကလည်း များပါတယ်။ တခါပျက်သူ နောက်ထပ်ပျက်တာ ရှိပေမဲ့ မများလှပါ။
• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion Pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion Q and A (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.html
• Abortion Q and A (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html

Fri, Mar 29, 2013 at 8:11 PM
ကန်တော့ပါရဲ့နော် ဆရာ ကျွန်မ menstruation မလာခင် သုံးလေးရက်လောက် အလိုမှာ ညိုညိုလေးတွေ လာတယ်ဆရာ။ underwear ပေရုံလောက် နည်းနည်းဘဲ လာတာပါ။ ဒါပေမယ့် သုံးရက်လောက် လာတယ်။ အနံ့ကတော့ ချွေးတွေ လှောင်ထားတဲ့ အနံ့လိုမျိုးလေးတော့ ရတယ်။ အနံ့ပြင်းပြင်းကြီးတော့ မဟုတ်ပါဘူး။ ပြီးရင်တော့ အရင်လိုဘဲ အနီရောင် သုံးရက်ခပ်များများ လာပါတယ်။ (ငယ်ငယ်တုန်းက လိုပါဘဲ) အဲ့ထဲမှာလဲ တစ်ခါတစ်လေ ခပ်ညိုညို အဖတ်ကလေးတွေ နည်းနည်းပါတတ်တယ်။ အဲလိုဖြစ်တာ လေးငါးလလောက်တော့ ရှိနေပါပြီ ကိုက်တာလဲမရှိပါဘူး။ ဘယ်လိုမှတော့ မနေပါဘူး။ သွားသွားလာလာနေလို့ ရပါတယ်။ ကျွန်မ အသက် ၃၁ နှစ်ရှိပါပြီဆရာ။ တစ်ခါမျှ အိမ်ထောင်မပြုဖူးတဲ့ အပျိုကြီးတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက ဘာရောဂါမှလဲမရှိပါဘူး။ ကျန်းမာရေးလဲ အမြဲဂရုစိုက်ပါတယ် ကျွန်မက ကုန်းသတ္တဝါတော့ မစားဘူး ဆရာရေ သတ္တဝါနဲ့ ဟင်းသီးဟင်းရွက် စားပါတယ်။ (ဆယ်နှစ်ကျော်လောက်တော့ ရှိပါပြီ) exercise လဲလုပ်ပါတယ်။ အားဆေးအနေနဲ့ zincovit သောက်ပါတယ်။ ရှားစောင်းလက်ပတ်လဲ စားပါတယ်။ လူပျံတော် ပတ္တမြား သွေးဆေးလဲ ကောင်းတယ်ဆိုလို့ သောက်ပါတယ်။ ပျားရည်လဲ ကျန်းမာရေး အတွက် ကောင်းတယ်ဆိုလို့ သောက်ပါတယ် (နည်းနည်းပါ) Menstruation လတိုင်း ပုံမှန်လာပေမယ့် ရက်ကတော့ သုံးလေးရက်လောက် အမြဲနောက်ကျ တတ်ပါတယ်။ ရက်တိတိကျကျတော့ မလာတတ်ဘူး။ အဲဒါကတော့ ငယ်ငယ်ကတည်းကပါဘဲ အပျိုစဖြစ်ကတည်းက ခုချိန်အထိ တစ်ခါမှ menstruation နဲ့ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား မဖြစ်ဖူးတော့ စိုးရိမ်မိလို့ပါ ဆရာ။ ဘာဆေးသောက်ရမလဲ ဆရာ။ ဘာလို့အဲလို ဖြစ်တာလဲဆရာ။

ပြောတဲ့ အတိုင်းဆိုရင် ရောဂါရယ်လို့ မဟုတ်လောာက်ပါ။ ရာသီဆိုတာ လမှန်ဘို့က နံပါတ် တစ်ဖြစ်ပါတယ်။ အနည်းအများ၊ အရောင်၊ တရက်နှစ်ရက် လွဲတာတွေ အတွက် ဆေးသောက်စရာ မလိုပါ။ နေရာ က လှောင်နေရတဲ့ သဘာဝမို့ အဲလိုဖြစ်တတ် ပါတယ်။ မှို (ဖန်းဂတ်စ်) မဝင်ရင် ဆေးမလိုပါ။ မှိုပိုးဆိုတာ အိမ်ထောင်မပြုသူ ဆက်ဆံမှု မရှိသူတွေမှာလဲ ဖြစ်တတ်တယ်။ ဖြစ်ရင် အဖြူဆင်းမယ်။ တခါတလေ ယားမယ်။ အဲဒါဆိုရင် ဆေးလိုပြီ။ အစားအသောက်က ကိုယ့်သဘောပါ။ သံဓါတ်မနည်းအောင် ဂရုစိုက်ပေးပါ ကယ်လ်စီယမ်လည်း အမျိုးသမီးတွေက ပိုလိုတယ်။ ၃၅ ကျော်ရင် ပိုလိုတယ်။ Zincovit ထဲမှာ ကယ်လ်စီယမ် နည်းနည်းပါတယ်။ သံဓါတ်မပါဘူး။

Fri, Mar 29, 2013 at 7:11 PM
ရာသီလာနေတဲ့ မိန်းလေး တစ်ယောက်နဲ့ လိင်ဆက်ဆံမိရင် ကိုယ်ဝန် ရနိုင်တယ်လို့ သိရပါတယ်။ ရာသီလာနေတာ ဒီနေ့နဲ့ဆို ၂ ရက်မြောက် ရှိပါပြီ။ ၃ ရက်နေ့မြောက်ထိ ရာသီဆက်လာနေရင် တားဆေးကိုနာရီပိုင်း၊ မိနစ်ပိုင်းအတွင် ၁၅ မိနစ် ၁ဝ မိနစ် အတွင်းမှာသောက်ပြီး လိင်ဆက်ဆံရင် ကိုယ်ဝန် ရနိုင်ပါသလားခင်ဗျာ။ ရာသီလာတာ ဘယ်နှစ်ရက်လောက် ကြာတတ်ပါသလဲ။ စိတ်မချလို့ တားဆေးအပြင် အဖော်နဲ့ပါဆက်ဆံရင် ကိုယ်ဝန် ရနိုင်ပါ သလား။ နောက်ပြီး တားဆေး သောက်ထားလို့ အခုလာနေတဲ့ရာသီကချက်ချင်း ရပ်သွားတာလား ပြီးတော့ နောက်လမှာ လာမည့်ရာသီက နဲနဲနောက်ကျမှလာမည်လား။ ဒါမှမဟုတ် ဘယ်တော့လောက်ပြန်လာနိုင်ပါသလဲ။ ဘယ်လိုမျိုးလဲဆိုတာ သိချင်လို့ပါ။

ရာသီစလာချိန်ကစပြီး နောက်ထပ် ၃-၄-၅ ရက်အတွင်း အတူနေပေမဲ့ ကိုယ်ဝန်မရစေနိုင်ပါ။ တားဆေးဆိုတာ အမျိုးမျိုးရှိတာမို့ သိချင်တာကို ဆေးအမျိုးအစား၊ ဆေးနာမည်နဲ့မေးပါ။ ကွန်ဒွမ်ကို စနစ်တကျသုံးရင် ဘယ်ရက်မှာမဆို ကိုယ်ဝန်မရစေနိုင်ပါ။ ဒါပေမဲ့ ရာခိုင်နှုန်းမတူပါ။
Most Effective Methods ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ၊ = 99%
• Birth Control shot ထိုးဆေး၊ = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%

Least Effective Methods ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

တားဆေးက အခုမြန်မာပြည်မှာ အသုံးများတဲ့ "စိတ်ချ" ဆိုတဲ့ဆေးနာမည်ပါ။ တခါမှလဲမသုံးဖူးတော့ သူငယ်ချင်းတွေသုံးတာ ကြားဖူးနားဝလောက်ပဲ ရှိတာပါ။ ရာသီလာတာက ၅ ရက်လောက် ကြာတယ်လို့လည်း ကြားဖူး တယ်။ လာနေချိန်မှာလဲ လိင်ဆက်ဆံရင် ကိုယ်ဝန် ရနိုင်တယ်လို့လဲ ကြားဖူးတယ်။ လာပြီး သွားလို့ ပြီးသွားတဲ့ ၁ ပတ်အတွင်း ဆက်ဆံရင်တော့ မရနိုင်ဘူးလို့လည်း ကြားဖူးတယ်။ တားဆေးကိုလဲ ချက်ချင်းသောက်ပြီး ဆက်ဆံရင် အကျိုးအာနိသင် ရှိပါ့မလားလို့။ တခြား အကျိုးအာနိသင်ရှိမည့် ဘာတားဆေးတွေ ရှိပါသလဲ ခင်ဗျာ။

http://dts-medicaleducation-adult.blogspot.in/ အောက်ဆုံးမှာ မာတိကာရှိပါတယ်။ ကြိုက်တာရှာဖတ်ပါ။

Fri, Mar 29, 2013 at 5:24 PM
သမီးရာသီလာတာက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီးလာပါတယ်။ ဆရာဝန်နဲ့တော့ တခါမှမပြဖူးပါဘူး။ အခုအဖြူလည်း ဆင်းပါတယ် ဆရာ။ ဆီးသွားရင်တော့ နည်းနည်းကျင်နေတုန်းပဲ။ သမီးမေမေကတော့ မိန်းမကိုယ်ကို ပိုးဝင်တာလား မသိဘူးလို့ပြောနေပါတယ်ဆရာ။ အဲ့လိုရောဖြစ်နိုင်လားဆရာ။

ဘာမှ မစိုးရိမ်နဲ့။ မိန်းကလေး မပျိုတွေ၊ အိမ်ထောင်မရှိသူတွေ၊ သမီးရည်းစားနဲ့ မတွဲသူတွေလည်း အဖြူဆင်းတတ်ပါတယ်။ ဆေးနည်းကလည်း မခက်ပါ။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်၊
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Fri, Mar 29, 2013 at 4:20 PM
ကျွန်တော် မိန်းမက အသက် 27 နှစ်ပါဆရာ။ သူက HPV ကာကွယ်ဆေး ထိုးထားတာ ကြာပြီဆရာ။ အဲဒါဆိုရင် ကျွန်တော် မပျောက် ခင် ဆက်ဆံမယ် ဆိုရင် အကာအကွယ်(ကွန်ဒုံး) သုံး ရမှာပေါ့နော်ဆရာ။ နှုတ်ခမ်းခြင်းရော နမ်းလို့ မရသေးဘူးပေါ့နော် ဆရာ။

အာသီးအတွက် ပိုးသေဆေး တပါတ်လည်အောင်သောက်ရင် ပျောက်ပါတယ်။ မကူးစေပါ။ လိင်အင်္ဂါ ကြွက်နို့ရှိနေရေင် ကွန်ဒွမ် သုံးတာကောင်းပါတယ်။ ကာကွယ်ဆေး ထိုးထားရင်တော့ အတော် စိတ်ချနိုင်ပါတယ်။ သိပ်ကြီး မစိုးရိမ်ပါနဲ့။ အလွန်ဆုံး သားအိမ်ဝ ကင်ဆာဖြစ်လေမလားဆိုတာသာ သတိထားရပါတယ်။ လူတိုင်းက မဖြစ်ပါ။ ဒီအတွက်လည်း Pap smear test လုပ်ရင် အစောကြီးသိပါမယ်။

Fri, Mar 29, 2013 at 1:27 PM
cytopan 50 တလုံးသောက်တလုံးကို သားအိမ်ထဲထည့်ရင် ကိုယ်ဝန်ပျက်နိုင်ပါလား ဆရာ

Cytopan ထဲမှာ Diclofenac Sodium 50mg, Misoprostol 200mcg ပါတယ်လို့ဖတ်ရပါတယ်။ Misoprostol ကို ဘယ်လိုသုံးရမယ်ဆိုတာ စာထဲမှာပါပါတယ်။
Medical abortion (4) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၄)

Wed, Mar 27, 2013 at 4:49 PM
ကျွန်တော့် အသက် ၂၆ နှစ်ပါ။ ယောက်ျားပါ။ အိမ်ထောင်ရှိပါတယ်။ ကျွန်တော့် မိန်းမနဲ့အတူ (့) မှာ နေတာပါ။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်လည်းသစ္စာ ရှိတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခု ၁ဝ လပိုင်းလောက်က စပြီး ကျွန်တော့် အင်္ဂါ မှာ HPV တစ်ခုပေါက်နေတယ်။ အဲဒါ ဘာဖြစ်လို့လဲ မသိဘူးဆရာ။ ပြီးတော့ ပါးစပ်မှာလဲ အားသီး နှစ်ခုလုံး ကွဲပြီးကြီးနေတယ်။ အဲဒါ ကျွန်တော့် မိန်းမဆီ ကူးမှာစိုးရိမ်လို့ အခုတော့ တစ်အိမ်ထဲမှာ ခွဲနေတယ်။ အဲဒါ အတူနေမယ်ဆိုရင် ဘယ်အချက်တွေ ရှောင်ရမလဲ။ ဆက်ဆံတဲ့ အချိန်မှာ အကာအကွယ် သုံးလို့ရလား။ ပါးစပ်ချင်းနမ်းလို့ကောရလား၊ ကျွန်တော့် မိန်းမကတော့ လက်မထပ်ခင်ထဲက HPV ကာကွယ်ဆေး ထိုးထားပြီးသားပါ။ ကလေးယူရင်ကော ကျန်းမာတဲ့ ကလေးရဖို့သေချာနိုင်လား။
Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)
Genital Warts (2) လိင်အင်္ဂါ ကြွက်နို့ (၂)

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၃၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top