4
Apr

အမေးအဖြေ (၁၃၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. သမီးသွေးစစ်တာ ဘီ ပိုး ရှိနေပါတယ်ဆရာ။
2. ကျနော် girl friend နှင့်အတူနေခဲ့ပါတယ်။
3. I'm 56 years old (Male) Occasionally, I have sex,
4. သမီးရဲ့ညီမလေးက အသက် 21 နှစ်ပါ ကိုယ်အလေးချိန်က 70 kg ပါ
5. I want to make my penis large.
6. ကျွန်တော် ကောင်မလေးနဲ့ အရင်လက 25.2.2013 နေ့မှာ တစ်ခါဒီလ
7. ကိုယ်ဝန် 3 လဆေးသုံးပြီး သားအိမ်ခြစ်ပြီးနောက် ဆီးစမ်းတာ
8. ကိုယ်ဝန် 3 လ abortion ဖြစ်ပြီး ဆေးခန်းသွားတာ ဆေး၃ကဒ်၊
9. ကျွန်တော်အသက်က ၂၈ နှစ်ရှိပါပြီ၊

Wed, Mar 20, 2013 at 4:40 PM
သမီးသွေးစစ်တာ ဘီ ပိုး ရှိနေပါတယ်ဆရာ။ အဲဒါနဲ့ ကိုယ်ခံအားနဲ့ အသည်းလုပ်ဆောင်မှု ဆိုတာတွေ စစ်ရပါတယ်။ ကိုယ်ခံအားကတော့ မထွက်သေးဘူး အသည်း လုပ်ဆောင်ချက်ကတော့က ကောင်းတယ်လို့ပြော ပါတယ်။ သမီးကို ဆေးပြင်းတွေ သောက်ဖို့မလိုသေးလို့ Fame က ထုတ်တဲ့ Hepa-B ပဲ မနက်တစ်လုံး ညတစ်လုံး သောက်ခိုင်းပါတယ်။ သမီးက ပိန်ပါတယ်။ ပိန်တာက ဘီပိုးရှိတာ မရှိတာနဲ့ဆိုင်ပါ သလား။ ပြီးတော့ ဆေးက 6 လ သောက်ရမယ်ဆိုတော့ ၆ လပြည့်ရင်ရော ဝလာတတ်လား ဆရာ။ TB ဆေးတွေဆို ဆေးပတ်လည်တဲ့ အခါ ဝလာတတ်လို့လေ သမီးက ဝလည်း ဝချင်ပါတယ်။

ပိုးရှိတာနဲ့ ပိန်တာ တိုက်ရိုက် မဆိုင်ပါ။ အားဆေးတမျိုးတည်းကြောင့် ဝလာဘို့ဆိုတာ မရေရာပါ။ အသဲအားဆေးတွေက နည်းနည်းသာ အထောက်အကူပြုနိုင်ပါတယ်။ ပိန်တာထက် အသဲအလုပ်ကောင်းနေဘို့ကပိုအရေးကြီးပါတယ်။ စာတွေဖတ်သင့်၊ လိုက်နာသင့်ပါတယ်။
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

Thu, Mar 28, 2013 at 1:30 PM
ကျနော် girl friend နှင့်အတူနေခဲ့ပါတယ်။ ပြီးတော့ ၇၂ နာရီအတွင်းသောက်ရမဲ့ကိုယ်ဝန်တားဆေးကိုဖြစ်ခဲ့ပြီး ၆ နာရီအကြာမှာ သောက်စေခဲ့ပါတယ်။ ဆေးသောက်ပြီး ၄ နာရီလောက် အကြာမှာ ဆေးသောက် ထားတာပဲလေ ဆိုပြီးတစ်ခါထပ်ပြီး အကာအကွယ်မဲ့ဆက်ဆံခဲ့ပါတယ်။ ခုရာသီလာမဲ့ရက်က ၃ ရက်တောင်ကျော်သွားပါပြီ။ မလာသေးဘူး။ ကျနော်သိချင်တာက အဲဒီ ၇၂ နာရီတားဆေးတွေက ပြီးခဲ့တာကိုပဲ ကာကွယ် တာလား၊ ၇၂ နာရီအတွင်းမှာဆိုရင် ဆေးသောက်ပြီးရင်ကော မကာကွယ်ဘူးလား။ နောက်တစ်ချက်က အဲဒီဆေးကိုသောက်ရင် ရာသီလာတာ နောက်ကျ သွားတတ်ပါသလား ဆရာ။ ကျေးဇူးပြုပြီးမေးပြန်ပို့ ပါနော်။

အရေးပေါ်တားဆေးကြောင့် ရာသီရက်ပြောင်းပါမယ်။ ၇၂ နာရီအတွင်း ဆေးသောက်တာဆိုရင် စိတ်ချရပါမယ်။ သေချာချင်ရင် ဆီးစစ်နိုင်ပါတယ်။ ဆေးအရှိန်သွေးထဲမှာ ရှိနေစဉ် ဆိုရင်လည်း ဆေးသောက်ပြီးချိန် အနီးကပ် နာရီတွေ အတွက်လည်း ကာကွယ်ပါမယ်။

Thu, Mar 28, 2013 at 10:20 AM
I'm 56 years old (Male) Occasionally, I have sex, say, once in 4 to 6 month times. After, I release the Spam, I feel painful at the junction for about 5 to 10 mins. Then the pain go away. I'm concern about the Prostate Cancer. I did blood test and the results are normal. (PSA count) No blood in the urine. (Blood count is 0.5 below normal <5 data-blogger-escaped-.0="" data-blogger-escaped-br="">
Yes for men over 55 we should take care of Prostate problems. Mostly BPH (non-cancer) is common. BPH may cause dribbling after urination or a need to go often, especially at night. The doctor will do per rectal exam and or Ultrasound. Apart from BPH, Prostatitis is also not uncommon. Symptoms of prostate cancer may include: Problems passing urine, such as pain, difficulty starting or stopping the stream, or dribbling; Low back pain; Pain with ejaculation. So be advised to see a Urologist.

Thu, Mar 28, 2013 at 7:29 AM
သမီးရဲ့ညီမလေးက အသက် 21 နှစ်ပါ ကိုယ်အလေးချိန်က 70 kg ပါ နေတာက (့) နိုင်ငံမှာပါ။ အရပ်က 5 ပေ 2 လက်မပါ။ သူက ရာသီမလာတာ 2 လရှိပြီး။ အိမ်ထောင်မရှိပါဘူး။ ခါတိုင်းလ တွေဆိုရင်တော့ ရက်ကျော်တာလောက်ပဲ (ရာသီမလာတာ) အခုလို လကျော်တာမျိုး မဖြစ်ဖူးဘူး။ ဆရာဝန်နဲ့ သွားပြ ကြည့်တော့ ဟော်မုန်းနည်းတယ်လို့ပြောတယ်။ သားအိမ်ကို ultrasound ရိုက်ကြည့်တော့လည်း အကောင်းပဲတဲ့ ဆရာဝန်က ကိုယ်ဝန်တားဆေး သောက်ခိုင်းတာကို ညီမလေးက မသောက်လို့ မရဘူးလားလို့ ပြောလိုက်မိတယ်။ အဲဒါ ဆရာဝန်က ဆေး 5 ရက်စာ ပေးလာတယ်။ ဆေး 5 ရက် သောက်နေတာတော့ ဘာမှ မထူးခြားလာသေးဘူး ဘာဆက်လုပ်သင့်သလဲ။ ဟော်မုန်းအားနည်းနေတာကို ဘယ်လို ဆေးမျိုးသောက်သင့်တာလဲ။ ပြီးတော့ ဘယ်လို ကုသရမလဲ ရာသီလာမှန်အောင် ဘယ်လိုဆေးတွေ သောက်သင့်တာလဲ။

Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)
Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Thu, Mar 28, 2013 at 12:13 AM
I want to make my penis large. How will I do to make my penis larger?

• Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
• Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
• Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
• Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
• Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
• Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
• Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/life-cycle-of-penis.html

Wed, Mar 27, 2013 at 4:41 PM
ကျွန်တော် ကောင်မလေးနဲ့ အရင်လက 25.2.2013 နေ့မှာ တစ်ခါဒီလ 12.3.2013 တစ်ခါ ဆက်ဆံခဲံပါတယ်။ အခု 25.3.2013 မှာ ရာသီစဆင်းတယ်လို့ ပြောပါတယ်။ အဲဒါ ရာသီလာသွားပြီဆိုတော့ လုံးဝကိုယ်ဝန်မရှိဘူးလို့ 100% အာမခံလို့ ရသွားပြီလားဆရာ။ စ ဆက်ဆံခဲ့တဲ့ အချိန်က ရာသီလာပြီး နောက်တစ်ရက်ပါ။

ရာသီလာရင် (သွေးဆင်းရင်) အဲဒီမိန်းကလေးမှာ ဒိအရင်က ဘယ်လောက်ပဲ အတူနေခဲ့ပါစေ၊ နေခဲတာတွေကြောင့် ကိုယ်ဝန်မရတာ မှန်ပါတယ်။ ရာသီဆင်းချိန်ကနေ ဆင်းပြီး ၃-၅-၇ ရက်အထိ ကိုယ်ဝန်မရစေနိုင်ပါ။

Sun, Mar 31, 2013 at 2:58 PM
ကိုယ်ဝန် 3 လဆေးသုံးပြီး သားအိမ်ခြစ်ပြီးနောက် ဆီးစမ်းတာ လိုင်းနှစ်ကြောင်းပေါ်နေသေးတာဘာကြောင့်လဲ။ ဆောင်ရန်ရှောင်ရန်များသိလိုပါတယ်။

ကိုယ်ဝန်ရှိပြီ ဆိုကတည်းက အမျိုးသမီးသွေးထဲမှာ အချင်းနဲ့ဆိုင်တဲ့ Hcg ဟော်မုန်းတမျိုးထွက်လာတယ်။ စမ်းလို့ရတဲ့ရက်ကနေစပြီး သွေး-ဆီးစစ်ရင် ပေါ်ပြီ။ ကိုယ်ဝန်က ဆက်ရှိတာဖြစ်ဖြစ်၊ ပျက်သွားတာဖြစ်ဖြစ်၊ ဖျက်ပြစ်တာဖြစ်ဖြစ် သွေးထဲမှာ အဲဒီဟော်မုန်းက စမ်းတွေ့နိုင်သလောက် ရှိနေသေးသမျှ  ကိုယ်ဝန် ရှိသလိုပဲ အဖြေထွက်နေပါ အုံးမယ်။ ကြာရင် မတွေ့တော့ပါ။ အုတာအတွက်တော့ ဆေးမလိုပါ။

Sun, Mar 31, 2013 at 8:15 PM
ကိုယ်ဝန် 3 လ abortion ဖြစ်ပြီး ဆေးခန်းသွားတာ ဆေး၃ကဒ်၊ အယ်ထွာဆောင်းပုံစာပို့လိုက်ပါ။ ကြည့်ရှုပြီးဖြေပေးပါ။

Attachments တွေနဲ့ စာတခြားစီလာလို့ မနည်းတွဲဖတ်ရတယ်။ ဆရာ့ဝန့်ဆေးစာကလည်း တစောင်းဆိုတော့ အဖတ်ရခက်တယ်။ လူနာရာဇဝင်ကလည်း မစုံးဘူးဖြစ်နေတယ်။

Sorry ပါဆရာ။ အသက်က 29 နှစ်အိမ်ထောင်မရှိ။ 16-3-13ရက်နေ့ ကိုယ်ဝန် 3 လဆေးသုံးပြီးဖျက်။ သားအိမ်ခြစ်ထား။ တစ်ခါတစ်လေချွေးထွက်ပြီးချမ်း။ ဘယ်ဘက်ဗိုက်အခြမ်းနည်းနည်းနာ။ သွေးပေါင်ချိန် 100-70။ သားအိမ်အခြေအနေ ကောင်းမကောင်းဆေးစာမှာ ဘာညွှန်းကြားထားပါသလဲဆရာ။

ဘယ်ဘက် မျိုးဥအိမ်မှာ အကျိတ်တခုရှိနေပါတယ်။ Ovarian Cyst ခေါ်တယ်။ ဖြစ်တတ်တယ်။ ခွဲရဘို့များတယ်။ ကြီးလာနိုင်တယ်။ စိုးရိမ်စရာမဟုတ်ပါ။ ကင်ဆာ မဟုတ်ပါ။ ကျန်တာတွေအားလုံးပုံမှန်ရှိတယ်။

Sun, Mar 31, 2013 at 11:10 PM
ကျွန်တော်အသက်က ၂၈ နှစ်ရှိပါပြီ၊ ကျွန်တော်က သုက်လွတ်တာ အရမ်းမြန်နေလို့ပါဆရာ။ ဆရာရေးတဲ့ စာတွေလဲ ဖတ်ပီးပါပြီ၊ ကျွန်တော်က မိန်းခလေးတွေနဲ့ အခန်းထဲမှာ အတူတူနေရင် ဘာမှမဖြစ်သေးဘူး ဆရာ။ သူတို့နဲ့နေဖို့ အဝတ်တွေချွတ်ပြီး ကိုင်တွယ်လိုက်တာနဲ့ အပြင်မှာပဲ ပြီးသွားပါတယ်။ နောက်တစ်ခါဆိုရင်လဲ ခဏပဲဆရာ၊ အထဲကိုရောက်တာနဲ့ ပြီးတာပဲ။ ကျွန်တော် တစ်နှစ်ကို ၁ ကြိမ်လောက်တော့ မိန်းမတွေနဲ့ အတူနေပါတယ်ဆရာ။ ကျွန်တော်ကို အဆင်ပြေစေမယ့် နည်းလမ်းလေးများ ရှိရင်ပြောပြပေးပါ ခင်ဗျာ။ နည်းနည်း ကြာကြာလေးနေလို့ရမယ့် ဆေးများရှိရင် ပြောပေးပါဆရာ။

စာတွေဖတ်ထားရင် နည်းလမ်းလဲ တွေ့မှာပါ။ စာက တပုဒ်ကမဘူး။ ဆေးတွေလည်းရေးထားပါတယ်။ မာတိကာမှာရှာပါ။ နောက်ပြီး Search ထဲမှာ စာရိုက်ပြီးလည်းရှာပါ။ စိတ်ချ တိုးတက်ကောင်းမွန်းလာပါမယ်။

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၁၃၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top