1. Sedora ဆိုတဲ့ဆေးကကော ဘယ်လိုမျိုးပါလဲခင်ဗျ
2. ကျွန်တော် အိမ်ထောင်ကျပြီးနောက်ပိုင်း
3. သားအိမ်ကို တစ်စုံတစ်ရာ ထိခိုက်နိုင်တာများရှိလား သိချင်ပါတယ်။
4. အပြည့်အဝ စွမ်းဆောင်နိုင်အောင် ဘာဆေးသုံးရမလဲ။
5. အပျိုပုံစံမျိုးနဲ့ ကွာခြားမှုတွေဖြစ်တတ်တယ်လို့ ကြားဖူးတယ်တဲ့။
Wed, Feb 29, 2012 at 5:38 PM
လိင်ဆက်ဆံရင် သုတ်လွှတ်စောတတ်လို့ အဲ့ဒါ ဆေးသောက်ပြီး ဆက်ဆံရင်အဆင်ပြေနိုင်ပါသလားခင်ဗျာ။ နောက် Sedora ဆိုတဲ့ဆေးကကော ဘယ်လိုမျိုးပါလဲခင်ဗျ။
• Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://yamunaclinic.org/index.php?option=com_content&view=article&id=2768:early-ejaculation-1-&catid=34:adult-readings&Itemid=49
• Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://yamunaclinic.org/index.php?option=com_content&view=article&id=2768:early-ejaculation-1-&catid=34:adult-readings&Itemid=49
• Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://www.hivinfo4mm.org/?p=3155 တွေကိုဖတ်ပါ။ ဖွင့်မရရင်ပြောပါ။ ရေးပြတဲ့ Sedora ဆေး မသိပါ။ ဒိထက် စာလုံးပေါင်း ပြည့်စုံအောင် ဆေးမှာပါတဲ့အတိုင်း ရေးပြရင် ပြောနိုင်မလားမသိပါ။
Thu, Mar 1, 2012 at 8:01 AM
ကျွန်တော်က (့) မှာ အလုပ်လုပ်နေတာပါ။ ကျွန်တော့်အသက်က အခု ၃ဝ ပြည့်ပြီးပါပြီ။ လွန်ခဲ့တဲ့ ၃ လခန့်က အိမ်ထောင်ပြုလိုက်ပါတယ် ကျွန်တော်ရဲ့ ချစ်သူနဲ့ပါပဲ။ အရင်တုန်းက ကျွန်တော်ချစ်သူနဲ့ လိင် ဆက်ဆံတဲ့အခါ အချိန် ကြာပါတယ်။ အနည်းဆုံးမရှိရင် နာရီဝက် ၄၅ မိနစ်လောက်အထိတောင် ကြာတတ်ပါတယ်။ နောက်ပြီးတော့ ၂ ကြိမ် ၃ ကြိမ်ခန့်လဲ ခဏအကြာမှာ ပြန်လည်ဆက်ဆံနိုင်ပါတယ်။ အခု ကျွန်တော် အိမ်ထောင်ကျပြီးနောက်ပိုင်း အရမ်း မြန်လာတယ်။ စိတ်ကို ထိန်းတာလဲမရဘူး။ နောက်တစ်ခေါက် ပြန်စဖို့လဲ ဘယ်လိုမှ ကျိုးစားလို့မရဘူး။ ကြာရင် အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်လာနိုင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာ အကူအညီတောင်းခြင်းဖြစ်ပါတယ်။
10 things that can deflate your Erection ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက်
Thu, Mar 1, 2012 at 10:20 AM
ရာသီလာနေချိန်ဆိုရင် အတူတူနေလို့ရပါသလား။ သားအိမ်ကို တစ်စုံတစ်ရာ ထိခိုက်နိုင်တာများရှိလား သိချင်ပါတယ်။
ရာသီလာနေစဉ် အတူနေတာက သန့်ရှင်းရေးတခုသာ ဂရုစိုက်ဘို့လိုမယ်။ ရောဂါပိုးအခံ နှစ်ယောက်လုံးမှာ မရှိရင် ဘာမှ မဖြစ်စေပါ။ ရာသီနည်းသွားမှာ၊ များသွားမှာလဲ မဖြစ်စေပါ။ ကိုယ်ဝန် မရနိုင်ပါ။
Thu, Mar 1, 2012 at 10:48 AM
ကျွန်တော် နာမည် (့) ပါ။ အသက်က (၂၃) ပါ။ အိမ်ထောင်တော့ မရှိသေးပါ။ ကျွန်တော် ကောင်မလေးနဲ့ ဒီလမှစပြီး ဆက်ဆံတော့မှ သိလာတာပါ။ ခါတိုင်း အခုလို တခါမှမဖြစ်ဖူးပါ။ သူနဲ့ဆက်ဆံနေတဲ့အခါ ကျွန်တော့ အင်္ဂါက ပျော့ပျော့ သွားတယ်။ အရင်တုန်းက movies တွေကြည့်ပြီး ကိုယ်ဟာကိုယ် ဆန္ဒပျောက်အောင်တော့ ခဏခဏ လက်နဲ့ ဖြေဖျောက်မိတယ်။ အဲဒါတွေနဲ့ဆိုင်လား။ clinic တော့ မပြရသေးဘူး။ အရင်ကလို အပြည့်အဝ စွမ်းဆောင်နိုင်အောင် ဘာဆေးသုံးရမလဲ။ ကျွန်တော်က ရန်ကုန်မှာ နေတာပါ။
ဒီအသက်မှာ ပန်းသေ-ပန်းညှိုးမဖြစ်ပါ။ လုံးဝ မစိုးရိမ်ပါနဲ့။ Viagra လိုဆေးလဲ မလိုလောက်ပါ။ ကြော်ညာကောင်းတာတွေ သတိထားသုံးပါ။ ဆရာ့ (ဆိုက်) မှာ အများကြီးရေးထားပါတယ်။ (မာစတာဘေးရှင်း)ကြောင့် အဲလိုမဖြစ်စေပါ။
10 things that can deflate your Erection ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက်
Thu, Mar 1, 2012 at 11:55 AM
ကျွန်တော် ချစ်သူနဲ့ အတူတူ နေခဲ့ပါတယ်။ ကျွန်တော့် ကောင်မလေးက လက်မထပ်ခင် အတူတူနေတာ ကိုယ်ပျက်စီးတယ်၊ အရင်လို အပျိုပုံစံမျိုးနဲ့ ကွာခြားမှုတွေဖြစ်တတ်တယ်လို့ ကြားဖူးတယ်တဲ့။ အဲဒါ လူကြီတွေ ရိပ်မိမှာ စိုးရိမ်နေတယ်။ ကျေးဇူးပြုပြီး ရှင်းပြပေးပါ။
ဆေးပညာအရ၊ ဥပဒေကြောင်းအရ အပျို-လူပျို ခွဲတာ တမျိုးဖြစ်ပြီး၊ လူမှုရေးအရ ပြောကြတာက တမျိုးဖြစ်တယ်။ လူဆိုတာ အမြင်-အကြားကို အခြေခံပြီး ခပ်လွယ်လွယ် ယုံ-ပြောကြလေ့ရှိတယ်။ ဒါ့ကြောင့် အလိမ်ကောင်းရင် အဟုတ်-အစစ်-အကောင်း ထင်ဘို့ အင်မတန်လွယ်ကူလှတယ်။ အနေအထိုင်၊ အပြောအဆို၊ အမူအယာနဲ့သာ ဟန်ဆောင်တာ ဖြစ်စေ ထိန်းကြရတာများတယ်။ တချို့မိန်းကလေးများဟာ ဝတ်တာစားတာ၊ နေတာထိုင်တာ၊ ပြောတာဆိုတာကို အဲလို မတူတဲ့အခြေအနေတခု (လိင်ဆက်ဆံဘူးတာ၊ အိမ်ထောင်ပြုတာ၊ ကလေး တယောက်မွေးတာ) စတဲ့ အပြောင်းအလဲရှိရင် ကိုယ့်ကိုယ်ကို အရင်လို ဆက်မထိန်းကြတော့ဘူး။ စကားပြောတာကအစ ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်ပြောလာတယ်။
သတိထား ထိန်းတဲ့မိန်းကလေးတွေလဲ အများကြီးဘဲ။ ကလေးအမေတွေ မပြောရင် အပျိုမှတ်တာမျိုး အများကြီးဘဲ။ လူမှုရေး အကဲဖြတ်တယ်ဆိုတာ အရပ်စကားကို အခြေခံတာမို့ ကိုယ်နဲ့ အနီးဆုံးလူတွေကအစ စကား၊ အမူအယာ စတာတွေ ဆင်ခြင်တာနဲ့ ပြောင်းလဲသွားတာကို ဖုံးထားနိုင်ပါတယ်။ မျက်လုံးကြည့်တာ၊ လမ်းသွားတာတွေလဲ ငါ အပျိုမှမဟုတ်တော့တာဘဲလို့ စိတ်ထဲမထားသင့်ပါ။ ကျန်တဲ့အချက်တွေ ကိုယ်တိုင် စဉ်းစားနိုင်ကြပါတယ်။
ဒေါက်တာတင့်ဆွေ (၁-၃-၂ဝ၁၂ )
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၃၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




