14
Mar

အမေးအဖြေ (၃၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. မင်္ဂလာဦးညမှာ တူတူနေပြီးရင် ဆေးကဒ် စသောက်လို့ရပါသလား။
2. ကိုယ်ဝန်ဖျက်ချမယ်ဆို ဘယ်လို လုပ်သင့်ပါသလဲ။
3. သားဦးကို ၂ဝ၁၁ မေလက ဗိုက်ခွဲ၍ မွေးဖွားခဲ့ပါသည်။
4. ဝမ်းသွားလျှင် သွေးနှင့်အတူ အကျိအချွဲတော့ ပါတယ်။
5. ကျောင်းသူလေးယောက်နဲ့ ကျောင်းသားတစ်ယောက်တို့ရဲ့ (4 in 1) ဖြစ်ရပ်ပါ။
6. အင်္ဂါရဲ့ အတွင်းနှခမ်းသားမှာ ယားယားနေပါတယ်။
7. ကိုယ်တိုင်လုပ်ပြီး ခံစားမူ့ကို ပြီးစေပါတယ်။
8. လှစေချင်လို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်နဲ့လေး ဆိုသလိုဖြစ်နေလို့ပါ။
9. ကျွန်တော်ရဲ့ အစ်ကို မှာ HIV ရောဂါရှိနေပါတယ်။

Fri, Mar 9, 2012 at 8:15 PM
ကျွန်မက အသက် (၂၄) နှစ်ပါ။ အခု မတ်လ (့) ရက်နေ့ကျရင် မင်္ဂလာဆောင်မှာပါရှင့်။ ကျွန်မရဲ့ရာသီ လာမယ့်ရက်က ၂၆ ရက်နေ့ပါ။ မင်္ဂလာဦးညမှာ တူတူနေပြီးရင် ဆေးကဒ် စသောက်လို့ရပါသလား။ အမတစ်ယောက်က ဆေးကဒ်ကို အခု ၁ဝ ရက်နေ့လောက်တည်းက သောက်ထားလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လို လုပ်ရမလဲလို့ အကြံပေးပါဦးရှင့်။

• တားဆေးကို ရာသီရက်နဲ့သာကြည့်ပါ။ မင်္ဂလာဆောင်တဲ့ရက် အတူနေတဲ့ရက် မကြည့်ရပါ။ ဒါက ပုံမှန်တားဆေးကို ပြောတာဖြစ်တယ်။ အရေးပေါ်တားဆေးကတော့ ဆက်ဆံအပြီး ချက်ချင်းကနေ ၃-၅ ရက်အတွင်းသောက်ရတယ်။ ပုံမှန်ဆေး ဟော်မုန်း ၂ မျိုးတွဲ တားဆေးကို ရာသီစလာတဲ့ရက်ကနေ စသောက်ရင် အကောင်းဆုံးဖြစ်တယ်။

Fri, Mar 9, 2012 at 8:08 PM
ကျွန်မက ရည်းစားဖြစ်သူနဲ့နေတိုင်း အရေးပေါ်ဆေးသောက်ပါတယ်။ ပြီးခဲ့တဲ့လ ရာသီလချိန်မှာ တစ်ရက် အတူတူ နေမိပါတယ်။ ရာသီလာနေတုန်း နေတယ်ဆိုပြီး ဆေးမသောက်လိုက်ပါဘူး။ အဲ့ဒါ ဒီလရာသီ မလာသေးလို့ ဆီးစစ်တာ အဖြေက ကိုယ်ဝန်ရှိတယ်ဆိုတာ ပြနေပါတယ်။ ကျွန်မနဲ့သူနဲ့က တရားဝင်ယူထားတာလဲ မဟုတ်သေးဘူး။ ကျွန်မကလဲ အလုပ်က ၆ လပိုင်းမှာ နိုင်ငံခြားသွားဖို့ရှိပါတယ်။ အဲ့ဒါကိုလဲ လက်လွတ်ခံလို့မဖြစ်ပါဘူး။ ကိုယ်ဝန်ဖျက်ချမယ်ဆို ဘယ်လို လုပ်သင့်ပါသလဲ။ သူကတော့ပြောပါတယ် အိန္ဒိယကလာတဲ့ ဆေးအတောင့်လေးတွေ ရှိတယ်တဲ့။ ၂ တောင့် မိန်းမကိုယ်ထဲ ထည့်ရင် ကလေးက သူ့အလိုလိုပျက်ကျတယ်ပြောပါတယ်။ လနုသေးတော့ လုပ်လို့ရတယ်ပြောပါတယ်။ အဲ့လိုလုပ်တာ ထိခိုက်နိုင်ပါသလား။ နောက်ကလေးလိုချင်ရင်ကော ရနိုင်ပါသလား။ ဆေးနာမည်သိရင်ပြောပြပေးပါ။ ဘယ်လို လုပ်သင့်တယ်ဆိုတာကိုလဲ ပြောပြပေးပါ။

ဆေးပညာအရ ရေးထားသာဖြစ်ပါတယ်။ ဆေးနည်းညွှန်တာ မဟုတ်ပါ။
• Abortion pills ဖျက်ဆေးတွေအကြောင်း

Fri, Mar 9, 2012 at 6:43 PM
ကျွန်တော့် အမျိုးသမီးတွင် ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်နေပါသည်။ ပထမဆုံး သားဦးကို ၂ဝ၁၁ မေလက ဗိုက်ခွဲ၍ မွေးဖွားခဲ့ပါသည်။ ယခု ၁ဝ လသားကျော် ရှိပါပြီ။ အမျိုးသမီး၏ ကိုယ်ဝန်မှာ (၁) လကျော် ရှိပါပြီ။ကျွန်တော့် အမျိုးသမီး၏ အသက်မှာ ၃၆ နှစ် ရှိပြီး အရပ် ၅ ပေကျော်နှင့် ပိန်ပါသည်။ ကျွန်တော် သိလိုသည်မှာ...
၁။ ပထမကလေးကို ဗိုက်ခွဲမွေးဖွားပြီး ချုပ်ရိုးကြောင်း ပုံမှန်ဖြစ်ရန် အချိန်ဘယ်လောက် စောင့်ရပါသလဲ၊
၂။ ဗိုက်ခွဲမွေးသူအနေဖြင့် ပထမကလေးနှင့် ဒုတိယကလေးယူဖို့ အချိန်ဘယ်လောက်ခြားရပါသလဲ၊
၃။ ယခုလို အချိန်နီးကပ်နေလျင် ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး နှင့် ဆိုးကျိုးကို သိလိုပါသည်၊
၎။ ကြိုတင်ပြင်ဆင်နိုင်ရန် မည်သို့ ဆောင်ရွက်ရမည့် နည်းလမ်းကို သိလိုပါသည်၊
၅။ ပထမခွဲထားသော ချုပ်ရိုးမှ ဒုတိယကလေးကို မွေးဖွားလို့ ရနိုင်ပါသလား ဆိုတာ သိလိုပါသည်။

• ဗိုက်ခွဲမွေးတာ မစိုးရိမ်ပါနဲ့။ ပဌမအကြိမ်ခွဲတုံးက ဘာလို့ခွဲခဲ့ရသလဲ။ တချို့အကြောင်းတရားတွေက နောက်ကိုယ်ဝန်မှာ ထပ်မဖြစ်တတ်ပါ။ ရိုးရိုးလဲ မွေးလို့ရတတ်တယ်။
• တခါနဲ့နောက်တခါ ဘယ်လောက်ခြာရမယ်လို့ အတိအကျတော့ မရှိပါ။ ခြာနိုင်ရင်တော့ ပိုသင့်ပါမယ်။
• နောက်တခါ ထပ်ခွဲရတယ်ဆိုရင် ဗိုက်ချုပ်ရိုးကိုတော့ အရင်နေရာကသာ ခွဲပါမယ်။ အထဲကလဲ အဲလိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အနာသစ်လုပ်ရတာချည်း ဖြစ်ပါတယ်။
• ဘာတွေ သတိထားရမလဲဆိုတာ အများကြီးထူးတာတွေတော့ မရှိပါ။ ချုပ်ရိုးနေရာကိုသာကြည့်တယ်။ မဆိုကောင်းစကားသာ ချုပ်ရိုးကနေ တခုခုဖြစ်တယ်။ ဖြစ်တာလဲ မရှိသလောက်ပါ။
• OG ကိုတော့အပ်ထားပါ။ မစိုးရိမ်ဘို့ ထပ်ပြောပါရစေ။

Fri, Mar 9, 2012 at 1:02 PM
ကျွန်တော့် အသက်က ၃၄ နှစ်ပါ။ အလုပ်ကတော့ ရုံးဝန်ထမ်းတစ်ယောက်ပါ။ ဝမ်းသွားလျှင် သွေးနှင့်အတူ အကျိအချွဲတော့ ပါတယ်။ မစင်ရဲ့အရောင်ကတော့ မည်းညစ်ညစ်အရောင်ဖြစ်နေပါတယ်။ သွေးကတော့ အနည်းငယ် ပါလာပါတယ်။ သွေးအရောင်က အနီရောင်ပါ။ ဒီလိုဖြစ်တာကြာပါပြီ။ နေ့စဉ်ရက်ဆက်တော့ မဟုတ်ပါဘူး။ အဲဒီလိုဖြစ်ခါနီးလျှင် ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ပြီး ဒူးခေါင်းတဝိုက်မှ ညောင်းညာသလိုမျိုး ခံစားရပါတယ်။ စအိုတဝိုက်မှ ယားယံခြင်း၊ နာကျင်ခြင်းမျိုးတော့ မခံစားရပါဘူး။ မည်သည့်ရောဂါဖြစ်ပြီး ဘယ်လို ကုသသင့်သည်ကို ဖြေကြားပေးစေလိုပါသည်။

• Dysentery ဝမ်းကိုက်ရောဂါ

Fri, Mar 9, 2012 at 10:30 AM
ဗဟုသုတအနေနဲ့ မေးကြည့်တာပါ။ မရှင်းလိုပါ။ Mandalay gazette.com မှာ ဖတ်ရတာလေးကို select ပြီး copy လုပ်ပြီး ပြန် paste လိုက်တာပါ။ အောက်က အကြောင်းအရာက ဖြစ်နိုင်လား ဆရာ။ ဆေးပညာ အရပေါ့။ မဖြစ်နိုင်ရင်တော့ ဒါ မိန်းကလေးတွေကို သက်သက်သိက္ခာချတာပဲနော်။ ရေနံချောင်း ဒီဂရီကောလိပ်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူ လေးယောက်နဲ့ ကျောင်းသားတစ်ယောက်တို့ရဲ့ (4 in 1) ဖြစ်ရပ်ပါ။ ကောင်လေးကို ကွမ်းယာဆိုင်ကနေ စိတ်ကြွဆေးပါဝင်တဲ့ ချိုချဉ်တွေကို တစ်ယောက်တစ်လုံးဝယ်ကြတယ်။ နှစ်ရက်တောင် ကြာတယ်ဆိုပဲ။ နောက်တော့ ဆေးရုံကို ပို့လိုက်ကြရတယ်။ ကောင်လေး ကတော့ ဘဝတုံးသွားတယ်။ ကပ်ပယ်အိတ် ကွဲသွားတယ်တဲ့။

• သတင်းပေမဲ့ ဆေးပညာဘက်ကကြည့်ရင် အဆက်အစပ်တွေ လိုနေတယ်။ အရပ်ပြောနဲ့ပြောကြ၊ ရေးကြတော့ မှန်းရတာ ခက်နေတယ်။ မသိတာကို ဝေဖန်ဘို့မကောင်းလို့ မရေးတော့ပါ။ သိအောင် ပို့ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပြောတိုင်း-ရေးတိုင်း ဟုတ်ချင်မှဟုတ်မယ်လဲ တွက်တယ်။ မပြောတာ-မရေးတာတွေက ပိုဆိုးနေနိုင်တာလဲ တွက်မိပါတယ်။

Thu, Mar 8, 2012 at 9:43 PM
သမီးက ခု အသက် ၂၉ နှစ်ပါ။ အိမ်ထောင်မရှိပါဘူး၊ ရည်းစားနဲ့ နောက်နှစ်လောက်ဆို အိမ်ထောင်ပြုတော့မှာပါ။ သမီးခံစားနေရတဲ့ ဝေဒနာကတော့ နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ ကန်တော့ပါတယ်။ လွန်ခဲ့တဲ့ တစ်လနီးပါးလောက်ကစပြီး သမီးရဲ့ အမျိုးသမီးအင်္ဂါရဲ့ အတွင်းနှခမ်းသားမှာ ယားယားနေပါတယ်။ တစ်နေ့ကို နှစ်ခါ သုံးခါလောက် ခဏလေးပဲ ယားပါတယ်။ PH Care သန့်စင်ရည်ကို သုံးကြည့်ပေမယ့် မထူးပါ ဘူးရှင့်။ ခုတစ်ပတ်လောက်ကစပြီး တစ်နေ့ကို ၁ဝကြိမ်နဲ့ ၁၅ ကြိမ် ကြားယားယားလာပါတယ်။ တစ်ကြိမ်ကိုခဏပဲ ယားတာပါ။ ဘယ်လို ဆေးမျိုးကို လိမ်းရမလဲ၊ ဘေးထွက်ဆိုးကျိုး၊ ဘယ်လို သုံးရမလဲ ဆိုတာကို စာပြန်ပေးစေချင်ပါတယ်။

• အောက်ကစာထဲမှာ အစုံဖတ်နိုင်ပါတယ်။ လိင်ဆက်ဆံမှု မရှိသူမှာလဲ ဖြစ်တယ်။ ဆေးနည်းကလွယ်ပါတယ်။ Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်ဆိုပျောက်မယ်။ နောက်လိုသေး မှ မွေလမ်းထဲထည့်ဆေး ၆ ည ထည့်ရတယ်။ STD ဆိုရင် ဆေး တမျိုးလိုမယ်။
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

Thu, Mar 8, 2012 at 9:15 PM
ကျွန်တော် အသက့် ၂၇ ရှိပါပြီ။ အိမ်ထောင်မရှိပါ။ တစ်ယောက်တည်း တိုင်းတပါးမှာနေပါတယ်။ ကျွန်တော်သိချင်တာက နေ့စဉ် ယောက်ကျားလေးတစ်ယောက် လက်နဲ့ လိင်အင်္ဂါကိုကိုင်ပြီး သုတ်လွတ်ခိုင်းစေ တာဟာ နေ့စဉ်ရက်ဆက် ကောင်းပါသလား။ တစ်ပတ်ကို အနည်းဆုံး ၅-၆ ခါလောက် ကိုယ်တိုင်လုပ်ပြီး ခံစားမူ့ကို ပြီးစေပါတယ်။ နောက်တစ်ခုက ကိုယ်တိုင်ခံယူထားတာက အလုပ်ပင်ပန်းလို့ ဒီလို လက်နဲ့ သုက်ပိုးလွတ်ပေးလိုက်ခြင်းအားဖြင့် အညောင်းအညာ ပြေစေတယ်လို့ ခံယူထားတာ မှားသလား။ ဒီလိုနေ့စဉ် သုတ်ပိုးလွတ်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးရှိနိုင်ပါသလား။ ဘယ်လို အားအင်တွေ ပြန်လည်ပြည့် ဝအောင် စားသောက်နေထိုင်ရမလဲ ဆိုတာကိုလည်း ဖြေကြားပေးပါ။

• Questions by a bachelor ဘယ်နှစ်ကြိမ် ဖြေမလဲ-နေသလဲ

Thu, Mar 8, 2012 at 2:42 PM
အတူနေပြီး ကိုယ်ဝန်မရအောင် ဘယ်နည်းတွေကောင်းလဲဆရာ...

• ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် နောက်ခံ ကျန်းမာရေး ရာဇဝင်၊ ဥပမာ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင် ရှိ-မရှိ။ လိုအပ်ရင် နေတဲ့ တိုင်းပြည်။ ဆေးနာမည် ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ drswe01@gmailcom ကို (အီးမေးလ်) ပို့ပါ။ ဖုန်းဆက်ပြီး မေးတာ Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။

Thu, Mar 8, 2012 at 10:58 AM
သမီးနာမည်က (့) ပါ။ အသက် ၂၈ နှစ်ရှိပါပြီ။ "အဖြစ်ကတော့ မနှစ်ကနဲ့ မတူ" လို့ ပြောကြသလိုပေါ့ဆရာရယ်။ လှစေချင်လို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်နဲ့လေး ဆိုသလိုဖြစ်နေလို့ပါ။ သမီးအခု လက်ရှိ နေတာက (့) မှာပါ။ မျိုးရိုးကိုက ရင်သားသေးတာမို့ သမီးရဲ့ ရင်သားကလည်းသေးတယ်။ ရင်သားအတု ခွဲစိတ်ဖို့ကျတော့လည်း ဈေးကကြီး ကြောက်ကလည်း ကြောက်တာနဲ့ မလုပ်ရဲခဲ့ဘူး။ အဲဒါ အင်တာနက်မှာ မွှေရင်း နှောက်ရင်းနဲ့ ရင်သားကြီးဆေး သွားတွေ့တယ်လေ။ ဖြစ်ချင်တော့ အတော်များများက သူတို့ရင်သားတွေကြီးလာကြတယ်၊ ဒီဆေးက တကယ်ဟုတ်တယ် ဆိုတဲ့ ကွန်မန့် အတော်များ များကြောင့် ဝယ်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ အွန်လိုင်းကနေ ဝယ်ဖြစ်လိုက်တယ်ပေါ့။ ဆေး စသောက်ပြီး ၂ ပတ်ကြာလာတော့ ဟုတ်တယ်ဆရာ မဆိုသလောက်ဆိုသလို ပြောင်းလဲလာတယ်။ အစကတည်းက လိုချင်နေတဲ့သူဆိုတော့ ပျော်တာပေါ့နော်။ ဝယ်တဲ့ ဝက်ဘ်ဆိုဒ်မှာ ကွန်မန့်တွေဘာတွေ ပေးလုပ်ဖြစ်လိုက်သေးတယ်။

အဲ ၃ ပတ်မြောက်မှာ စပါလေရော ဆရာရေ။ အနီကွက် အနီကွက် တွေပေါ်လာလိုက်တာ ဟိုဟိုဒီဒီပါပဲ။ ယားလိုက်တာကလည်း တကိုယ်လုံး ဝဲပေါက်နေသလားမှတ်ရတယ်။ နီနီရဲရဲ ဝိုင်းဝိုင်းထူထူကြီးတွေလေ။ တစ်ချို့နေရာတွေမှာဆို မီးလောင်ဖုလေးတွေလို အကြည်ဖုလေးတွေတောင်ရှိသေး။ အင်္ဂလိပ်လို red bumps လို့ ခေါ်မလားပဲနော်။ အဲဒါ ဖြစ်ဖြစ်ချင်းတော့ သတိမထားမိဘူး။ အဖုနီနီလေး တစ်ဖုနှစ်ဖု စတွေ့တော့ ဝက်သားတွေများ အစားများလို့လား။ ငါးပိထောင်းတွေကများလား ထင်ယောင်ထင်မှားပေါ့ ဖြစ်မိတယ်။ နောက်ဆုံးတော့ အဲဒီဆေးဝယ်တဲ့ ဆိုဒ်ကို ပြန်သွားပြီး ပြန်ဖတ်ကြည့်မိတော့ တစ်ချို့တွေကရေးထား တာတော့ အဲလိုမျိုးတွေ ထွက်လာတယ်တဲ့။ အဲဒီလူတွေကပြောတာက ဆေးသောက်တာကို ရပ်လိုက်ကြတယ်တဲ့။ အခုသမီးမှာလည်း သူတို့ပြောသလိုတွေ ထွက်လာပြီဆရာ။ အဲဒါသမီး ဘာဆက်လုပ်ရမလဲဆရာ။ အဲဒီဆေးကို လင့်ခ်လေး ပေးလိုက်မယ်နော်ဆရာ။ ပြီးတော့ သမီးအခုဖြစ်နေတာတွေကိုပါ တစ်ခါတည်း ဓါတ်ပုံရိုက်ပြီး ပို့လိုက်တယ်။

• Allergy ဆေးမတည့်တာဖြစ်နေတယ်။ ဆေးဆက်မလိမ်းပါနဲ့။ ဆေး-အစာဆိုတာ တယောက်မှာ တည့်ပေမဲ့ နောက်တယောက်မှာ မတည့်ဖြစ်နိုင်တယ်။
• ဆေးကုရမှာက (အလာဂျီ) ကုနည်းအတိုင်းဘဲ။ Antinhistamine (အင်တီဟစ်တမင်း) ဆေးကို အရင်သုံးရမယ်။ စားဆေး၊ ထိုးဆေး၊ လိမ်းဆေးတွေရှိတယ်။ စားဆေးနဲ့အရင်လုပ်ပါ။ Cetrizinetablet ကို ဆရာဝန် လက်မှတ်မပါဘဲ ဝယ်လို့ရမယ်ထင်ပါတယ်။ ဈေးလဲမကြီးဘူး။ အစပိုင်းမှာ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်သောက်ပါ။ သက်သာလာရင် ညတကြိမ်သာသောက်ပါ။
• Calamine lotion လိမ်းဆေးလိမ်းနိုင်တယ်။ ယားနေတာ သက်သာစေမယ်။
• မရသေးသူတွေကို Steroid (စတီရွိုက်) ဆေးပေးတယ်။ ဆရာဝန်လက်မှတ်လိုမယ်။ ဆေးသောက်နည်းက တိကျရတယ်။
• လိမ်းဆေးထဲမှာ (အင်တီဟစ်တမင်း) နဲ့ (စတီရွိုက်) ပါရောထားတာလဲဝယ်လို့ရနိုင်တယ်။ ကောင်းပါတယ်။
• စိတ်မပျက်၊ စိတ်မပူပါနဲ့။ ပြန်ကောင်းလာမှာပါ။ အရောင်ပြောင်းသွားနိုင်တယ်။ ကြာရင် နဂိုအရောင်ပြန်ရမှာပါ။
• ရင်သားကြီးစေနည်း ဆိုတာ ၁-၂ ပုဒ် ရေးထားသေးတယ်။ တိုးတက်မှုကို လိုအပ်မယ်ထင်ရင် မေးပါ။
• ဆရာဝန်ကို ပြန်အားပေးတဲ့ လူနာကို ကျေးဇူးတင်ပါတယ်။ (အလာဂျီ) အကြောင်းထဲမှာ ဆေးနာမည်တွေ တွေ့နိုင်ပါတယ်။ ရှာမတွေ့ရင်ပြောပေါ့။
• Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

Wed, Mar 7, 2012 at 4:58 AM
ကျွန်တော်ရဲ့ အစ်ကို မှာ HIV ရောဂါရှိနေပါတယ်။ သိခဲ့ရတဲ့အချိန်ကတော့ လွန်ခဲ့တဲ့ ၄ လကပါ။ အောက်တိုဘာ ၂ဝ၁၁ ဒုတိယပါတ်မှာ သိခဲ့ရပါတယ်။ ရောဂါ သိတယ်လို့ သိသိချင်း အောက်ဖော်ပြပါ အချက်များ လုပ်ဆောင်ခဲ့ပါတယ်။ အထွေထွေ ရောဂါ စစ်ဆေးခြင်း၊ ဆရာဝန်များ ညွှန်ကြားချက်အတိုင်း CD4 T-cell လဲ စစ်ခဲ့ပါတယ်။ စစ်ဆေးချက် အရ ခုခံအား ကောင်းသေးတာကို ပြောပါတယ်။ ပမာဏ ဘယ်လောက် ရှိသလဲ ကျွန်တော် မသိပါ၊ကျွန်တော့်အစ်ကို အား သူကိုယ်တိုင် လုပ်ဆောင်ရန် အားပေးခဲ့ပါတယ်။ သို့သော် သူဟာ ဆေးခန်း (့) မှ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ခြင်းများ မရှိခဲ့ပါ။
 
အစ်ကို ပြောတာကတော့ သူ့ကို ဆရာဝန် ရေးပေးတဲ့ဆေးကိုလဲ ဝယ်မသောက်ပဲ ဒီတိုင်း နေနေပါတယ်။ သူ့ကို ဆေးဝယ်သောက်ဖို့ ဖျောင်းဖျ ထားပါတယ်။ ခုအချိန်မှာ ကျွန်တော့်အစ်ကိုဟာ လွန်ခဲ့တဲ့ ၄ လတုန်းက ဆရာဝန် ညွှန်ကြားထားတဲ့ဆေးကို ဝယ်သောက်ရင် အဆင်ပြေနိုင်ရဲ့လား။ CD4 count ထပ်စစ်ဖို့ လိုသေးလား။ စစ်ကြည့်ပြီးရင်ရော ဘယ်နေရာကို သွားပြီး ဘာတွေ လုပ်ဖို့လိုအပ် ပါသလဲ။

• HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducationblogspotcom/2011/11/acute-hiv-infection-hivhtml
• HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducationblogspotcom/2012/01/hiv-and-aids-drug-treatmenthtml
• HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducationblogspotcom/2012/01/hiv-medicines-arthtml
• HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducationblogspotcom/2008/10/human-immunodeficiency-virus-hiv-and_27html
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://health-adult-readingblogspotcom/2011/11/hiv-and-oral-sexhtml
• HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducationblogspotcom/2012/01/hiv-medicines-side-effects-1-arthtml
• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducationblogspotcom/2012/01/hiv-medicines-side-effects-2-arthtml
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducationblogspotcom/2011/11/hiv-opportunistic-infectionshtml
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://health-adult-readingblogspotcom/2011/04/hiv-sexual-transmission-hivhtml
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducationblogspotcom/2011/11/hiv-summaryhtml
• HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducationblogspotcom/2011/11/warning-over-hiv-home-test-kitshtml
• HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducationblogspotcom/2011/11/hiv-tests_27html
• HIV Tests (2) အမေး-အဖြေ http://dts-medicaleducationblogspotcom/2011/11/hiv-testshtml
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducationblogspotcom/2011/03/hiv-testshtml
• HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducationblogspotcom/2009/09/24-9-09-hiv-vaccine-reduces-infectionhtml
• HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducationblogspotcom/2011/12/victims-of-myanmars-hivaids-strugglehtml
• HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducationblogspotcom/2012/01/hivhtml
• HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducationblogspotcom/2011/05/hiv-edurant-fdahtml
• HIV/AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducationblogspotcom/2011/12/hivaidshtml

ဒေါက်တာတင့်ဆွေ (၁၁-၃-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၃၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top