17
Mar

အမေးအဖြေ (၃၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. (ကွန်ဒွမ်) က လုံခြုံနိုင်သလား။
2. သူငယ်ချင်း ၅ ယောက် ရေသွားကူးတုံးက ပြိုင်ဆော့တော့
3. ဗိုက်အောင့်ပြီး အန်တယ်၊ ဖြစ်တာကတော့ ၅ လလောက်ရှိပြီ။
4. ရောဂါဖြစ်သူကိုကော ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါလဲ။
5. ဘယ်နှစ်ရက် အကြာတွင် ကိုယ်ဝန်တားဆေး ထိုးခြင်းကို စနိုင်ပါသလဲ။
6. (Ecee2) ဆေး ထပ်သောက်ဖို့ လိုပါသလား။
7. ဆီးသွားရင် ဆန့်ငင်ဆန့်ငင် ညှစ်ထုတ်ရတာဟာ ဘာဖြစ်လို့ပါလဲ။
8. ချက်ချင်း ကလေး မယူပါဘူး။
9. ကြာလာရင် အန္တရာယ် ရှိနိုင်ပါသလား။
Mon, Mar 12, 2012 at 10:58 AM
1. (ကွန်ဒွမ်) က လုံခြုံနိုင်သလားဆရာ။ ခုသုံးပြီး ပြန်ချွတ်ပြီးနောက် ပြန်ဝတ်ပြီး ဆက်ဆံရင် ပိုးဝင်နိုင်သလား။ တိကျတဲ့အဖြေကို လိုချင်ပါတယ်ခင်ဗျာ။

ရောဂါရှိနေတဲ့ အမျိုးသမီးအင်္ဂါကနေထွက်တဲ့ အရည်တွေထဲမှာ ပိုးပါနေနိုင်တယ်။ အဲဒီအရည်က ကိုယ့်သွေးထဲကို တနည်းနည်းနဲ့ဝင်မှသာ ကူးစက်မယ်။ ကိုယ့်သွေးဆိုတာ မမြင်ရတဲ့ အရေးအကြောင်း၊ အရှအနာတွေ ကနေလဲ ဝင်လာနိုင်တယ်။ (ကွန်ဒွမ်) မှာ ပေစိုနေတာက ကိုယ့်ထဲကို ဝင်ရင် ကူးနိုင်တယ်။ ဖြစ်စဉ်တခုလုံးကို ဒီကျန်းမာရေးအသိနဲ့ ဆင်ခြင်ယူပါ။ (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တာတွေအကြောင်း၊ (ကွန်ဒွမ်) အရည် အသွေး စတာတွေလဲ ရေးထားပါတယ်။

Sun, Mar 11, 2012 at 9:43 PM
2. ကျတော့ နာမည် (့) ပါ။ (့) မှာနေပါတယ်။ လူတချို့မှာ ဖြစ်တတ်တဲ့ ပေါင်ကြားတို့ တင်ပါးတို့မှာ ဂျီးတွေနဲ့ မည်းမည်းမည်းမည်း ဖြစ်နေတာကို ဘယ်လိုဆေး ဒါမှမဟုတ် ဘယ်လို ဆပ်ပြာနဲ့ဖြေရှင်းလို့ ရသလဲ။ သူငယ်ချင်း ၅ ယောက် ရေသွားကူးတုံးက ပြိုင်ဆော့တော့ ကျတော်ရယ် ကျန်တဲ့ ဘော်ဒါ ၂ ယောက်ရယ်က အဲ့လို ဖြစ်နေတော့ နည်းနည်း ရှိတယ်ခင်ဗျ။ ကျန်တဲ့ သူငယ်ချင်း ၂ ယောက်ကတော့ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ ကျတော်တို့ ၃ ယောက်မှာ နေရထိုင်ရတာ ကသိကအောက်နဲ့။ ပြီးတော့ နောက် ဒါမျိုးတွေကလည်း ရှိနေတာ မကောင်းမှန်းတော့ သိပါတယ်။ ဒါပေမဲ့ ဘယ်ဆိုင်မှာ ဘယ်လိုမေးပြီး ဘာဝယ်ရမှန်း မသိတော့ မေးရတာပါခင်ဗျာ။

မေးတာကို သိပ်တော့မရှင်းလှဘူး။ ဖြစ်နိုင်တာကို ပြောပါမယ်။ ယောက်ျားလေးတွေ အတွင်းနေရာတွေမှာ ဖြစ်တတ်တယ်။ ချွေးအောင်းတဲ့နေရာမျိုး၊ ကျားအင်္ဂါလို နေရာတွေပြောတာထင်တယ်။ လတ်တလောရောဂါ တခုခုရှိနေရင်တော့ ထူးခြားတာ ရှိမှာပေါ့။ ဥပမာ၊ ပွေး၊ ဝဲ၊ ရေယုံ၊ ကြွက်နို့၊ ကျွတ် စတာတွေ။ တကယ်လို့ အဲဒါမျိုး အရင်ကဖြစ်ဘူးထားပြီး ပျောက်နေ၊ ငုပ်နေတာဆိုရင် အရောင် ပြောင်းနေတာဖြစ်နေနိုင်တယ်။ အနာဆိုတာ ပျောက်ပေမဲ့ နဂိုအနေကို တော်တော်နဲ့ ပြန်မရောက်သေးဘူး။ တချို့ရောဂါမျိုးဆိုရင် နဂိုအနေကို ပြန်မရောက်တော့ဘူး။ အမာရွတ်သဘောမို့ ပိုအရောင်ရင့်နေမယ်။ ပိုထူနေမယ်။ အဲလိုနေရာတွေ က လေသလပ်တာနည်းလို့ ပြန်ပြီး ရင်းစားရအောင် ပိုပြီး အချိန်ယူနိုင်တယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေလောက် ကိုယ့်ကိုယ်ကို အလှအပနေရာမျာ သိပ်ဂရူမစိုက်ကြတာလဲ ရှိသေးတာပေါ့။

ဖြစ်နေသူတွေမျာ လက်ငင်းရောဂါမရှိဘဲ အမာရွတ်သဘောကနေဖြစ်တာဆိုရင် အချိန်ကလဲ ကုစားပေးနိုင်တယ်။ သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ လေသလပ်တာ ပိုရပါစေ။ အတွင်းခံကို ခြည်ထည်သာသုံးပါ။ အများသုံး အရေပြားလှဆေး တမျိုးမျိုး လိမ်းနိုင်တယ်။ ဆန်းတာတွေ မလုပ်ပါနဲ့။ ကုပ်တာ မကောင်းပါ။ ယားတာရှိရင် Calamine lotion လိမ်းနိုင်တယ်။ မြန်မာ သနပ်ခါးလဲ ကောင်းတာဘဲ။ အရေပြားကောင်းစေတာထဲမှာ ဗီတာမင် စီ နဲ့ အေ လဲပါတယ်။ ပွေး၊ ဝဲ၊ ရေယုံ၊ ကြွက်နို့၊ ကျွတ် စတာတွေရှိနေတုံးဆိုရင် သူ့ဆေးနည်းတွေ အတိုင်းကုသပါ။ အားလုံးကို ရေးထားပါတယ်။ သိချင်တာ ရှာမတွေ့ရင်ပြောပါ။

Mon, Mar 12, 2012 at 11:19 AM
3. အသက် ၈ နှစ် ကျား။ မောင် (့)။ စက်မှုကွတ်သစ် ပြည်မြို့ ပဲခူးတိုင်း-အနောက်။ ၁။ ဗိုက်အောင့်ပြီး အန်တယ်၊ ဖြစ်တာကတော့ ၅ လလောက်ရှိပြီ။ ပါရဂူတွေနဲ့ပြတယ်။ အစာအိမ် ဂက်စတစ်လို့ ပြောပါ တယ်။ ပြင်းပြင်းထန်ထန် အောင့်ပြီး အန်တဲ့ခါသွေးပါတယ်။ ၂။ ညွှန်ကြားသော ဆေးသောက်သော်လဲ အစာနဲနဲများတာနဲ့ အောင့်ပါတယ်။ အန်တယ်။ အစာစားချင်စိတ်ရှိပေမဲ့ ချိန်ကျွေးနေရပါတယ်။ ၃။ အစာ အိမ်ကြောင့် ဟုတ်-မဟုတ်။ အစာအိမ်နာ ဆိုရင်လဲ မည့်သည့်ဆေးကို ရေရှည် စွဲသောက်သင့်သည်၊ မည်သို့ ကုသသင့်သည်ကို သိရှိလိုပါသည်။

(အာလ်ထွာဆောင်း)၊ ဓါတ်မှန်ရိုက်သလား။ အဖြေရေးထားတာ သိရင်ပြောပါ။ ဆေးစာမှာ ရောဂါနာမည်ရေးထား ဖတ်လို့ရသလား။ စာလုံးပေါင်းသိရင် ပြောပါ။ ဘယ်ဆေးတွေ သောက်နေရလဲ သိရင်ပြောပါ။ အစာစားပြီး ဘယ်လောက် အကြာမှာ အန်လေ့ရှိသလဲ။ ၁ဝ မိနစ်၊ တနာရီ။ အန်တာထဲမှာ ဘာပါသလဲ။ ဥပမာ အရည်အစာ။ အန်ရင် လျှာမှာ ဘယ်လို အရသာရှိလဲ။ ဥပမာ ချဉ်၊ ခါး။ သွေးက ဘာအရောင်လဲ။ အညို၊ အနီ။ သွေးဘယ်လောက်အထိ များသလဲ။ ဥပမာ ဆီးစေ့၊ ကြက်ဥလောက်။ ဗိုက်နာပုံ၊ နာနည်း ပြောတတ်ရင် ပြောပါ။ စုးရှ၊ ပူ၊ ထိုးအောင့်။ ရစ်နာ။

Wed, Mar 14, 2012 at 12:58 AM
4. ကျွန်တော် လိင်နောက်ဆုံးဆက်ဆံဖြစ်ခဲ့တာ သုံးနှစ်ကျော်တော့ရှိပါပြီ။ ဒါပေမဲ့ ဥပမာ ဆေးစစ်မယ်တို့ ဘာတို့ဆိုရင် ထိတ်လန့်နေမိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ကွန်ဒွမ်တာ့ အမြဲတမ်းသုံးပါတယ်။ တချို့တွေက ပြောကြတယ် စဖြစ်ပြီး ၆ လအတွင်းမှာပဲ လက္ခဏာပြတယ်တို့ပေါ့။ သုံးနှစ်တောင်ကြာသွားပြီပဲ မဖြစ်လောက်တော့ပါဘူးတို့ပေါ့။ အဲ့ဒါကော ဟုတ်ပါလား။ နောက်ပြီး ရောဂါဖြစ်သူကိုကော ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါလဲ။
• HIV Tests (1) စမ်းသပ်နည်းများ
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html

Wed, Mar 14, 2012 at 9:07 AM
5. ကိုယ်ဝန်ကို ဆေးသုံးဖျက်ချပြီး ဘယ်နှစ်ရက် အကြာမှာ တူတူနေလို့ ရပါသလဲ။ ဘယ်နှစ်ရက် အကြာတွင် ကိုယ်ဝန်တားဆေး ထိုးခြင်းကို စနိုင်ပါသလဲ။
ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးသွေးဆင်းတာကို ရာသီလာတယ်လို့ သဘောထားပြီး တားဆေး-တားနည်းလုပ်ရပါမယ်။ ဥပမာ ချက်ချင်း တားဆေးသောက်ရမယ်။ ဆေးထိုးနည်းလဲ အတူတူဘဲ။ အတူနေတာကတော့ ထူးပြီးဆင်ခြင်စရာ မရှိသလောက်ပါ။ သန့်ရှင်းရေးကြည့်ပါ။ မိန်းကလေး ကိုယ်ပူနေ-မနေကြည့်ပါ။ နာနေ-မနေကြည့်ပါ။ ဒါကလွဲရင် နေနိုင်ပါတယ်။
• Depo Provera သုံးလခံ ထိုးဆေး http://health-adult-reading.blogspot.com/2011/04/depo-provera.html
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)

Wed, Mar 14, 2012 at 2:47 PM
6. သမီးအသက်၂၅ နှစ်ထဲရောက်ပါပြီ။ သမီး အိမ်ထောင်မကျသေးပါဘူး။ သမီးမှာ ချစ်သူရှိပါတယ်။ သမီးချစ်သူနဲ့ ဒီလ ၇ ရက်နေ့မှာ လိင်ဆက်ဆံမိပါတယ်။ ဆက်ဆံပြီး Ecee2 ကို သမီးသောက်ပါတယ်။ ရာသီက ပြီးခဲ့တဲ့လ ၂၉ ရက်က လာပါတယ်။ အခုလ ၁၄ ရက်နေ့မှာ ရာသီထပ်လာပါတယ်။ သူနဲ့သမီး ဒီလမှာ တူတူထပ်ဆက်ဆံတဲ့အခါ (Ecee2) ဆေး ထပ်သောက်ဖို့ လိုပါသလား။

အရေးပေါ်တားဆေးမှန်သမျှ ဆေးမသောက်ခင်က ဆက်ဆံခဲ့တာတွေကိုသာ ကာကွယ်တယ်။ ဒိနောက် စိတ်မချရတဲ့ရက်နဲ့ တခြားတားနည်းမရှိရင် ပုံမှန်နည်းဖြစ်ဖြစ်၊ အရေးပေါ်နည်းဖြစ်ဖြစ် ထပ်လိုပါတယ်။
• Emergency တားဆေးတားနည်း အရေးကြီးမှ သုံးရတယ်

Thu, Mar 15, 2012 at 5:25 PM
7. ကျွန်တော့် အသက် ၂၆ နှစ် ရှိပါပြီ။ အိမ်ထောင်မပြုရသေးပါဘူး။ ငယ်ငယ်ကထဲက ဆီးသွားချင်လာပြီဆိုရင် လိင်တံ တောင့်တင်းလာပါတယ်။ ပြီးတော့ မိုးထောင်နေပါတယ်။ အခုတော့ တစ်ခါတစ်လေမှ တောင့်တင်းပါတော့တယ်။ အဲဒီအချိန်မှာ ဆီးတန်းသွားချင်သွား မသွားဖြစ်လို့ ဆီးအောင့်ထားမိရင် ဆီးသွားတဲ့အခါမှာ ဆက်တိုက် တောက်လျှောက် မထွက်ပါဘူး။ ဆန့်ငင်ဆန့်ငင်နဲ့ ညစ်ထုတ်ရပါတယ်။ ဆီးကုန်သွားအောင်လည်း မနည်းညစ်ထုတ်ရပါတယ်။ ငယ်ငယ်တုံးက အဲလိုညစ်ရင် ဆီးကုန်တယ်ထင်ရပေမယ့် အခုတော့ ဆီးအကုန်လုံးမထွက်ပဲ နဲနဲဖြစ်ဖြစ် ကျန်တယ်လို့ ခံစားမိနေပါတယ်။

(၁) ဆီးသွားရင် ဆန့်ငင်ဆန့်ငင် ညှစ်ထုတ်ရတာဟာ ဘာဖြစ်လို့ပါလဲ။ ကုသနည်းများရှိရင် ပြောပြပေးပါ။ လိုအပ်မယ့် အချက်တွေရှိရင်လည်း ပြောပြချင်ပါတယ်။
(၂) ဆီးအောင့်မထားတဲ့ အချိန်မှာလည်း နောက်ဆုံးပြီးခါနီးမှာ အမြဲ ညှစ်ထုတ်နေရပါတယ်။
(၃) အရွယ်ရောက်လာတဲ့ အခါမှာ ကျွန်တော့်လိင်တံဟာ ဆီးသွားချင်တဲ့အခါမှာ လိင်တံကို လက်နဲ့ကိုင်ပြီးသွားမှ ဆီးခွက်ထဲ အတည့်ချိန်ပြီးသွားမှ ရပါတယ်။ ဒါမှမဟုတ်ရင် ဘယ်ဘက် ပေါင်ကိုပဲ ဦးတည်နေပြီး မကိုင်လို့ကတော့ ပေါင်ကိုပဲ ပန်းမှာသေချာပါတယ်။ အဲဒီအတွက် ကုထုံးများရှိရင် ပြောပြပေးပါ။

ဒီအတိုင်းပြောရတာ မသေခြာသေးပါ။ ဆီးလမ်းလိင်လမ်း စစ်ဆေးဘို့လိုသေးပါတယ်။ ဆီးထွက်ပြွန်မှာ ကျောက်စတာ တခုခုရှိနေသလား စစ်သင့်ပါတယ်။ ဆီးထဲ သွေးပါဘူးသလား။ ဆီးသွားတိုင် လိင်တံ တောင့်တင်းလာရသလား။ လိင်တံတောင့်တင်းမှုက လိင်စိတ်ဖြစ်ပေါ်မှုနဲ့ ဆက်စပ်ပါသလား။

Thu, Mar 15, 2012 at 1:55 PM
8. သမီးက (့) မှာနေထိုင်ပါတယ်။ ခုအသက်က ၂၇၊ အမျိုးသားက ၃၃ ပါ။ အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။ အရင်ကတော့ တားဆေးစားပါတယ်။ ခုကလေးလိုချင်လို့ ဖြတ်တားတာ ၆ လလောက်တော့ ရှိပါပြီ။ ချက်ချင်း ကလေး မယူပါဘူး။ ဆေးစားတာကြာတော့ သားအိမ်ကိုအားယူတဲ့သဘောပါ။ ရာသီက ဟိုလ ၁၁ က လာပါတယ်။ ကလေးလဲယူဖို့ ဆုံးဖြတ်ပြီးအတူနေပါတယ်။ အဲဒါ ခုထိရာသီမလာပါဘူး။ အစာစားရင် မစားချင်ဘူး။ နဲနဲစားတာနဲ့ ဆက်စားလို့ မရတော့ဘူး။ စိတ်ထဲမှာ ရှိနေတယ်လို့ ထင်တယ်။ ဒီမနက်စစ်ကြည့်တော့ တစ်ကြောင်းတည်း။ ဆေးခန်းသွားတော့လည်း မရှိဘူးပြောတယ်။

လာအောင် ဆေးသောက်ချင်လား မေးတယ်။ စောင့်ကြည့်ချင်သေးတယ်။ တကယ်လို့များ ဆိုတဲ့အတွေးနဲ့။ အဲဒါ သမီးတို့မျော်လင့်လို့ ရသေးလားဆရာ။ ကျေးဇူးပြုပြီး ဘယ်လိုဆက်လုပ်သင့်လဲ ဆိုတာ သိချင်လို့ပါ။
ဆီးထပ်စစ်ကြည့်ပါ။ လာစေတဲ့ဆေး မသောက်သေးတာ ကောင်းပါတယ်။
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Thu, Mar 15, 2012 at 10:46 PM
9. ကျနော့် အသက်က ၂၅ နှစ်ပါ။ ခုဖြစ်နေတာက အင်္ဂါအရည်ပြားရှည်တာပါ။ အဲဒါက ငယ်ငယ်ကတည်းကပါ။ နောက်ထိ ဆွဲလှန်လို့ရပါတယ်။ အသက် ၂ဝ လောက်ကလည်း မိန်းကလေး တယောက်နဲ့ အတူနေဖူးပါတယ်။ အဆင်တော့ ပြေပါတယ်။ ဒါပေမယ့် အရေပြားဟာ အင်္ဂါသန်မာလာတဲ့အခါမှာ နောက်ထိ အလိုလို မရောက်ပါဘူး။ လက်နဲ့ ဆွဲပြီးပေးရပါတယ်။ အထစ်နေရာမှာ အရည်ပြားဟာ တင်းကျပ်နေပါတယ်။ အဲဒါက အရင်က အခြေအနေပါ။ အခုတော့ အဲဒီအရည်ပြား တင်းကျပ်တာဟာ ပိုတင်းလာတယ်လို့ ခံစားရပါတယ်။ အရည်ပြားလည်း ပိုရှည်လာတယ်လို့ ထင်ရပါတယ်။ အဲဒီတော့ အရည်ပြားထဲမှာရှိတဲ့ အညစ်အကြေးတွေကို အမြဲ သန့်ရှင်းရပါတယ်။ ဆပ်ပြာကိုပဲ သုံးတော့တခါတလေ ဆပ်ပြာလောင်တာလား မပြောတတ်ပါဘူး။ အရေပြားဟာ ပေါက်ပြဲတတ်ပါတယ်။ သူငယ်ချင်း တယောက်နဲ့ တိုင်ပင်ကြည့်တော့ အရေပြား ဖြတ်ရတယ်လို့ ပြောပါတယ်။ ခက်တာက ကျနော်အခု ပြည်ပမှာပါ။ အလုပ်လုပ်နေတာဆိုတော့လည်း နားရက်ရှည်ယူလို့ မရဘူး။

မြန်မာပြည်ကို နောက် ၆ လလောက် နေရင်ပြန်လာဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ ဒါဟာ ကြာလာရင် အန္တရာယ် ရှိနိုင်ပါသလား။ ပြီးတော့ မြန်မာပြည်မှာဆိုရင် ဘယ်မှာ ကုလို့ရပါသလဲ။ ကုန်ကျစရိတ်က အရေးမကြီးပေမယ့် ခန့်မှန်းခြေလေးလည်း သိချင်ပါတယ်။ အရေးအကြီးဆုံးက ဆေးရုံတက်ရမှာလား၊ ဘယ်နှစ် ရက်လောက် အခန်းထဲမှာ နေရမှာလဲ၊ ဘယ်နှစ်ရက်လောက်နေမှ ကောင်းကောင်းမွန်မွန် လှုပ်ရှားမှု ပြုလို့ရမလဲ ဆိုတာရယ်၊ ပြီးတော့ ကုသပြီး ဘယ်အချိန် အတိုင်းအတာလောက်မှာ ဆက်ဆံလို့ရမလဲ ဆိုတာလေးတွေ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိလို့ပါ။ ဒီအတောအတွင်း ဆောင်ရန် ရှောင်ရန်များနှင့် အကြံပြုချက်များကိုလည်း လိုချင်လို့။

ရောဂါရယ်လို့တော့ မဟုတ်ပါ။ ရေးပြသလို တစုံတရာ အနှောက်အယှက်ဖြစ်ရတာဆိုရင် ပြင်လို့ရပါတယ်။ သန့်ရှင်းရေးအတွက် ဆပ်ပြာလို့ထင်ရင် ဆပ်ပြာပြောင်းသုံးပါ။ ပြင်းတာမျိုး မသုံးပါနဲ့။ ဥပမာ Baby shampoo မျိုးက အပြော့စားဖြစ်လို့ သုံးနိုင်ပါတယ်။ အိမ်ထောင်ပြုတာ ဘာမှစိုးရိမ်စရာမလိုပါ။

ခွဲစိတ်နည်းက Minor surgery သာမန်ခွဲစိတ်မှုအဆင့်သာဖြစ်ပါတယ်။ ဆေးရုံတိုင်း။ ဆရာဝန်တိုင်းကနေ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေက နဲနဲ ထူးတာလေးတွေရှိလို့ တိုင်ပင်လို့ကောင်းတဲ့၊ ခွဲစိတ်ပညာ အတွေ့အကြုံများတဲ့ ဆရာဝန်နဲ့ဆို ပိုကောင်းပါမယ်။ အပြင်လူနာအနေနဲ့လဲ လုပ်နိုင်တယ်။ အတွင်းလူနာဆိုလဲ ရက်မကြာပါ။ ဆေးရုံကုတင်နေရာကျပ်ရင် ၁-၂ ရက်နဲ့လဲ ဆင်းနိုင်တယ်။ ချုပ်ရိုးကို ပြန်ဖြေရတာလဲသုံးတယ်။ မဖြေရတာလဲ သုံးတယ်။ ၁-၂ ရက်သာ နာတာလေးရှိမယ်။ သာမန်အလုပ်-အိမ်အလုပ် လုပ်နိုင်တယ်။ အိမ်ထောင်နဲ့နေတာမျိုးတော့ ခွဲစိတ်ပြီးနောက် ၂ ပါတ်အနည်းဆုံး အချိန်ယူသင့်တယ်။
• Phimosis ပန်းငုံတယ် ဆိုတာ http://dtsmedicaleducationblogspotcom/2010/08/qandphimosishtml
• Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း http://healthadultreadingblogspotcom/2011/04/circumcisionhtml
ဈေးနှုန်း များစရာမရှိပါ။ ပြည်တွင်းထဲက အခြေအနေကို ဆရာသိပ်မသိပါ။

ယမုန်နာဆေးခန်း - အမေးအဖြေ (၃၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top