24
Apr

အမေးအဖြေ (၃၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်တော့် ကောင်မလေးနဲ့ အတူနေပြီးတော့ ၅ နာရီလောက်အကြာမှာ ရာသီလာနေပြီလို့ ပြောပါတယ်။
2. ယောက်ျားတွေဟာ လိင်အင်္ဂါံကို မိမိဘာသာဖြစ်စေ၊ တခြားအမျိုးသမီး အဖေါ်တစ်ဦးဦးနဲ့ဖြစ်စေ
3. ကျွန်တော့် ချစ်သူနဲ့ပါတ်သက်တဲ့ ကောင်မလေးတယောက် အသက်က ၂၁ နှစ်ရှိပါပြီ။
4. ကျွန်တော် အိမ်ထောင်ကျတာ ၅ လခန့်ရှိပါပြီ။
5. ကျနော်က အသက် ၂၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပါတယ်။
Mon, Apr 16, 2012 at 9:46 PM
ကျွန်တော့် ကောင်မလေးနဲ့ အတူနေပြီးတော့ ၅ နာရီလောက်အကြာမှာ ရာသီလာနေပြီလို့ ပြောပါတယ်။ အဲဒါဆို ကိုယ်ဝန်တားဆေး သောက်ရန် လိုအပ်ပါသလား။

ရာသီသွေးမှန်ရင် တားဆေးသောက်ဘို့ မလိုတော့ပါ။ ရာသီရက် ဟုတ်-မဟုတ်စစ်ပါ။

Mon, Apr 16, 2012 at 7:13 PM
ကျွန်တော့ အသက်ကတော့ ၂၅ နှစ်ရှိပါပြီ။ ကျွန်တော်မှာ ရည်းစားရှိပါတယ်။ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က သူနဲ့ အတူတူ နေခဲ့ပြီး ဆက်ဆံဖြစ်ခဲ့ကြပါတယ်။ ဆက်ဆံတဲ့အခါမှာလည်း အကာအကွယ်မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် အပြင်မှာဘဲ ပြီးခဲ့ပါတယ်။ အဲဒါက စိတ်ချလို့ရပါသလား။ ကျွန်တော့ကောင်မလေးကတော့ စိတ်ပူနေပါတယ်။ တကယ်လို့ စိတ်မချရဘူးဆိုရင် ဘာဆေးများ သောက်လို့ရပါသလဲ။ နောက်ပြီး အဲဒီဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သိချင်ပါတယ်။

ဖြစ်နိုင်ခြေ % တွေ့ပါလိမ့်မယ်။ ၁ဝ ရက်ကြာမှဆိုရင် အရေးပေါ်တာနည်း ၃-၅ ရက်ကျော်သွားပါပြီ။ သေခြာချင်ရင် ဆီးစစ်ပါ။ ကိုယ်ဝန်ရှိနေတာကို ဖျက်နည်း မပေးပါ။ ရေးတော့ ရေးထားပါတယ်။ Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html

Sun, Apr 15, 2012 at 6:59 PM
ရောဂါ ကို မခံစားနိုင်တော့လို့ ပွင့်ပွင့်လင်းလင်းပဲ မေးခွင့်ပြုပါ။ မရိုသေ့စကားပါ။ ဝှေးစေ့ ဘယ်ဘက်ခြမ်းက အရမ်း အောင့်နေပါတယ်။ ဆက်တိုက်ကြီး မအောင့်ပေမယ့် နာတဲ့ အချိန်မှာ အရမ်းကိုနာပါတယ်။ သက်သာတဲ့ အချိန်မှာ လုံးဝ မနာပါဘူး။ နာလိုက် မနာလိုက်ပါပဲ။ အကြောင်ရောင်ရောဂါလို့ သူငယ်ချင်းတွေက ပြောပါတယ်။ အူကျခြင်း မဟုတ်ပါ။ ဝှေးစေ့ အကြောင်ရောင်ရောဂါ က ကင်ဆာကိုဖြစ်စေနိုင်ပါသလား။ ဖြစ်နေတာ ၁ နှစ်ကျော်ရှိပါပြီ လုံးဝ အရှင်းမပျောက်လို့ပါ။ ကျွန်တော်က နိုင်ငံခြားမှာအလုပ်လုပ်နေသူပါ။ စိုးရိမ်ရတဲ့ရောဂါ ဆိုရင် မြန်မာပြည် ပြန်မယ်။ မစိုးရိမ်ရရင်တော့ မိဘတွေအတွက် ငွေရှာချင်ပါသေးတယ်။ အလုပ်ကိုတော့ လူကောင်း ၁ ယောက်လိုလုပ်နိုင်ပါတယ်။ ဝှေးစေ့က အချိန်မရွေး နာနာလာလို့ပါ နောက်ဆက်တွဲ ဘာရောဂါဆိုးကျိုးတွေဆက်ဖြစ်နိုင်ပါသလဲ။ အချိန်ကြာမှ ကုသရင် ပျောက်နိုင်ပါသလား

• Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း http://dts-medicaleducation.blogspot.com/2010/07/epididymitis-and-orchitis.html
• Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html

Sat, Apr 14, 2012 at 1:26 PM
• ယောက်ျားတွေဟာ လိင်အင်္ဂါံကိုမိမိဘာသာဖြစ်စေ၊ တခြားအမျိုးသမီးအဖေါ် တစ်ဦးဦးနဲ့ဖြစ်စေ ဆက်ဆံလှုံ့ဆော်ရင် ဘာ့ကြောင့် သုတ်လွှတ်တာလဲ။ အဲလိုလွှတ်တဲ့အချိန်မှာလည်း ဘာကြောင့် သာယာတဲ့ ခံစားမှုတစ်မျိုးကို ရတာလဲ။ သုတ်လွှတ်တာ သာယာတယ်ဆိုရင် အမျိုးသမီးတွေမှာကော သုတ်မလွှတ်ပဲ ဘာကြေင့် ပြီးသွားရင် ကောင်းတဲ့ ခံစားမှုမျိုးကို ရကြတာလဲ။

Female Masturbation (2) အမျိုးသမီးများ အာသာဖြေခြင်းဟာ အကုသိုလ်လား http://dts-medicaleducation-adult.blogspot.in/2012/03/female-masturbation-2.html
Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/female-masturbation.html
Female Orgasm (1) အမျိုးသမီး ပြီးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-1.html
Female Orgasm (2) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ http://dts-medicaleducation-adult.blogspot.in/2012/03/female-orgasm-2.html

Sat, Apr 14, 2012 at 4:49 AM
ကျွန်တော့် ချစ်သူနဲ့ပါတ်သက်တဲ့ ကောင်မလေးတယောက် အသက်က ၂၁ နှစ်ရှိပါပြီ။ ခု သူက (့) မှာပါ၊ ၁၆-၁၇-၁၈ အရွယ်တုန်းက ရာသီမှန်တယ်၊ ခု ၁၉ နှစ်ရောက်မှ ရာသီလာတာမမှန်တော့ဘူး။ ၉ လမှတခါပဲလာတယ်လို့ ပြောပါတယ်။ နေရထိုင်ရတာတော့ ကျန်းမာရေးကတော့ ကောင်ပါတယ်၊ တခါတလေ ခေါင်းမူးတယ်၊ ဇတ်ကြောထိုးတယ်၊ စိတ်လက် မကြည်မသာ ဖြစ်တက်ပါတယ်တဲ့။ ဘာဖြစ်လို့လည်း သိချင်ပါတယ်တဲ့။ ဘာဆေးတွေ သောက်ရမလည်း။ ရှေ့ဆက်ပြီး ဘယ်လိုနေထိုင်ရမလည်းဆိုတာ ကျေးဇူးပြုပြီး ဖြေကြာပေးပါ။

• Menstruation Questions ရာသီအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/menstruation-questions.html
• Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
• Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.com/2011/04/menstruation_25.html

Tue, Apr 17, 2012 at 8:34 PM
ကျွန်တော် အိမ်ထောင်ကျတာ ၅ လခန့်ရှိပါပြီ။ သူအသက်က ၃၂ နှစ်ပါ။ ကိုယ်ဝန်ရှိတာ ၃ ပတ်ခန့်ရှိပါပြီ။ ကိုယ်ဝန်ရှိလျှင် အတူနေလို့ ရပါသလား။ ကိုယ်ဝန်ကို ထိခိုက်နိုင်ပါသလား။ မွေးလာသောကလေးကိုလည်း ထိခိုက်နိုင်ပါသလား။

Sex and Pregnancy ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား (၁) http://dts-medicaleducation-adult.blogspot.in/2012/04/pregnancy-and-sex.html
Sex during pregnancy ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၂) http://dts-medicaleducation-adult.blogspot.in/2012/03/sex-during-pregnancy.html

Tue, Apr 17, 2012 at 9:25 AM
ကျနော်က အသက် ၂၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပါတယ်။ ကျနော့် အင်္ဂါရဲ့ ရှေ့ အရေပြားက ရှည်နေပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ ခံစားမှုမရှိပဲ ဆက်ဆံနေစဉ်အတွင်းမှာကို လိင်တံက ပြန်ညှိုးသွားတတ်ပါတယ်။ သူငယ်ချင်းတွေက အကြံပေးပါတယ်။ ကျနော့် ရှေ့အရေပြားကို ဖြတ်လို့ရပါတယ်တဲ့ ဟုက်ပါသလား။ တကယ်လို့ ဖြတ်လို့ရပါတယ်ဆိုလျင် ရန်ကုန် ဘယ်နေရာမှာ လုပ်လို့ရပါသလဲ။ ကုန်ကျစရိတ် ဘယ်လောက်ကုန်နိုင်ပါသလဲ။

ဒီလိုမေးခွန်း လာတတ်ပါတယ်။ ပန်းအဖျား အရေပြားရှည်တာ ရောဂါ မဟုတ်ပါ။ ခွဲစိတ်ပြုပြင်လို့လဲရတယ်။ မခွဲလဲ ရပါတယ်။ အိမ်ထောင်ပြုနိုင်တယ်။ သားသမီးလဲ ထွန်းကာနိုင်ပါတယ်။ ဆက်ဆံတဲ့အခါ ခံစားမှုဆိုတာကို အသေအခြာ သိချင်တယ်။ အရေပြားဖုံးနေလို့ ခံစားမှု နည်းတာလား။ စိတ်မှာ အဲလိုဖြစ်နေတာလား။ ဆက်ဆံရင် အရေပြားက လန်ပြီး အတွင်းက ကွမ်းသီးခေါင်း ပေါ်လာပါမယ်။ မပေါ်နိုင်ရင်တော့ ခံစားမှု နည်းတာ ဖြစ်နိုင်တယ်။ ပန်းညှိုးတယ်ဆိုတာ အရေပြားရှည်လို့တော့ မဟုတ်နိုင်ပါ။ ဒီအသက်အရွယ်မှာ ပန်းညှိုးရောဂါ မဖြစ်ပါ။ ဖြစ်နေတယ်ဆိုလဲ ပြင်လို့ မခက်ပါ။ စိတ်အရေးကြီးပါတယ်။ ရေးထားတာတွေဖတ်ပြီး ပြုပြင်ပေးရင် လုံးဝကောင်းလာပါတယ်။ ပန်းအဖျားခွဲစိတ်တာကို ဘယ်ဆရာဝန်ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ထုံဆေးနဲ့သာလုပ်မယ်။ မြန်မာပြည်ထဲက ဆေးရုံ-ဆေးခန်း အခြေအနေတွေ ဆရာ မသိပါ။ ကုန်ကျစရိတ် များစရာ မရှိပါ။ ဆေးရုံမတက်ဘဲလဲ ရပါတယ်။ ဆရာ့ဆီမှာ ကနေ့ ကလေးတယောက်နဲ့ လူကြီးတယောက် ၂ ယောက်ခွဲပေးဘို့ရှိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ သူတို့တော့ ဆေးခန်း အလှူငွေသာ ထည့်ရမှာဖြစ်ပါတယ်။

ED Medicines ကျား-လိင်အင်္ဂါ သန်မာခြင်းကို သက်ရောက်စေသောဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction (ED) ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုးဖြစ်တာနဲ့ သောက်ဆေးတွေ http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html

Tue, Apr 17, 2012 at 10:08 AM
အရေပြားကရှည်နေတော့ ဆက်ဆံတဲ့အခါ အရေပြားနဲ့ပဲဆက်ဆံနေသလို ခံစားရပါတယ်ခင်ဗျာ

ဒါဆိုရင် အချိန်ရှာ၊ ဆရာဝန်ရှာပြီး ခွဲစိတ်ပြုပြင်လိုက်ပါ။

Sun, Apr 15, 2012 at 7:46 AM
ကျွန်တော်တို့ မင်္ဂလာဆောင်ကိစ္စတွေ ဆောင်ရွက်နေရလို့ တားဆေးကြိုသောက်ရမှာကို မေ့သွားမှာဆိုးလို့ (၃) လခံ ထိုးဆေး တစ်ကြိမ်ထိုးမယ်၊ ၃ လပြည့်မှ တားဆေးကဒ် ပြောင်းသောက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့ အဲဒီလိုများ (၃) လခံ ထိုးဆေးထိုးပြီးမှ တားဆေးသောက်ရင် ဘယ်လိုများ Side effect တွေ တိုးလာမလားဆိုပြီးတွေးပူလို့။ (၃) လခံ ထိုးဆေး တစ်ကြိမ်ထိုးပြီး ၃ လပြည့်ရင် ဆေးမထိုးတော့ပဲ တားဆေးကဒ်ပြောင်းသောက်ရင် ဘယ်လိုမျိုးဖြစ်နိုင်ပါသလဲ။ နှစ်ပင်လိမ်ပြီး ပြသာနာတက်မှာစိုးလို့ပါ။ ထိုးဆေးကလဲ ရာသီလာတဲ့နေ့ကနေစပြီး ၅ ရက်အတွင်း ထိုးရမှာနော်။ ဟုတ်ပါသလား။ တားဆေးနဲ့ ထိုးဆေးမှာ (၂) ခုမှာ ဘယ်ဟာက အန္တရယ်အကင်းဆုံးနဲ့ ဘယ်ဟာကို အားပေးပါသလဲ။

Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html

ဒေါက်တာတင့်ဆွေ (၁၉-၄-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၃၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top