1. Sex က လူကော စိတ်ကော အတွက် လိုအပ်ပါလား။
2. ယောက်ျားလေး ဝှေးစေ့ကျရောဂါအကြောင်း သိချင်လို့ပါ။
3. ကျွန်တော့် အမျိုးသမီးရဲ့ ရင်သားက ကြီးပြီး ပျော့တွဲနေပါတယ်။
4. လင် နှင့် မယား အတူနေရာမှာ ကွန်ဒုံး မသုံး ဆေးမစားပဲ သုတ်ရည်ကို အပြင် ထုတ်ပစ်လျှင်
5. အသက် ၁၉ နှစ်ရှိတဲ့ ယောက်ျားလေး တစ်ယောက်ပါ။
6. ကျွန်မအသက် ၂၂ ရှိပါပြီ။ အိမ်ထောင်နဲ့ပါ။
7. ကျွန်တော် လိင်အင်္ဂါ ထိပ်က ကျင်နေပြီးတော့ ပြည်လို
Fri, Apr 20, 2012 at 3:56 PM
Sex က လူကော စိတ်ကော အတွက် လိုအပ်ပါလား။ Sex လုပ်တဲ့လူနဲ့ မလုပ်တဲ့လူ ဘယ်သူက ပိုပြီးကျန်းမားလဲ။ ကျွန်တော်ပြောတာ အလွန်အကျွံ မဟုတ်ဘူးနော်။ ကျွန်တော် သိချင်လို့ သာဓကလေးတွေနဲ့ ဖော်ပြပေးပါ
• ဒီမေးခွန်းဟာ ကျန်းမာရေးနဲ့ ဆိုင်သလို ကျန်းမာရေးနဲ့ မဆိုင်တဲ့ ရှုဒေါင့်တွေကနေလဲ မေးနိုင် ဖြေနိုင်တဲ့ ပုစ္ဆာတခု ဖြစ်ပါတယ်။ အဖြေတွေလဲ မတူတာတွေ ရနိုင်ပါတယ်။ မတူလို့ မှားတယ်လို့လဲ ဇွတ်အတင်း ငြင်းဘို့ မသင့်ပါ။
• ဒါကြောင့် (ဆက်စ်) လိုအပ်တယ်လဲ မှန်သလို မလိုဘူးပြောတာလဲ မမှားပါ။
• ကျန်းမာရေးသက်သက် ပြောရင်လဲ (ဆက်စ်) ကြောင့် ပိုပြီး ကောင်းစေမှာတွေ ရှိပါတယ်။ ဥပမာ (၁) Sex helps elderly women (ဆက်စ်) ဟာ အမျိုးသမီးကြီးတွေကို ကြက်သရေ ရှိစေတယ် http://dts-medicaleducation-adult.blogspot.in/2012/03/sex-helps-elderly-women.html နဲ့ (၂) Health Benefits of Sex လိင်နဲ့ကျန်းမာရေး http://dts-medicaleducation-adult.blogspot.in/2012/04/health-benefits-of-sex.html ကို ရေးထားပါတယ်။
• (ဆက်စ်) မလုပ်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်မယ်လို့လဲ ပြောမရပြန်ပါ။ ငယ်ဖြူ ဘာသာရေး လိုက်နာတဲ့ အသက်ရှည်ပြီး ကျန်းမာသူတွေလဲ အများကြီးရှိတယ် မဟုတ်ပါလား။
• အဲလို နှစ်မျိုးလုံးယူလို့ရနိုင်တဲ့ အခြေအနေမျိုးကို ဘယ်သူကနေ၊ ဘယ်လိုနေရာမှာ၊ ဘယ်ပုံဘယ်နည်း၊ ဘာဖြစ်ချင်လို့ ဆိုတဲ့ တိုင်းတာမှုအရ သင့်တာကို ယူခြင်းဟာ ပညာရှိဖြစ်ပါလမ့်မယ်။
Sat, Apr 21, 2012 at 8:21 PM
ယောက်ျားလေးဝှေးစေ့ ကျရောဂါအကြောင်း သိချင်လို့ပါ။ ကျနော်က ရန်ကုန်မှာနေပါတယ်။ အလေးနည်းနည်းမရင် အောင့်တာတော့ မဖြစ်သေးပါဘူး။ လျှောကျသလိုဖြစ်နေလို့ ဘယ်လို လုပ်ရမလဲဆိုတာ။
• Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html
Sat, Apr 21, 2012 at 4:00 AM
ကျွန်တော့် အမျိုးသမီးရဲ့ ရင်သားက ကြီးပြီးပျော့တွဲနေပါတယ်။ သူ့အသက်က ၃၂ပါ။ ကလေးတစ်ယောက်မွေးပြီးပါပြီ။ အဲဒါ ရင်သားကို သေးအောင် လုပ်လို့ရမယ့်နည်းလမ်း လေးရှိရင် ညွှန်ကြားပေးပါ။ ခွဲစိတ်ကုသမှုအပြင် တခြား ဆေးထိုး ဆေးစားနဲ့ ပြန်သေးအောင် လုပ်လို့ရမယ့် နည်းလမ်းလေးများရှိရင် ညွှန်ကြားပေးစေချင်ပါတယ်။ နောက်ပြီး သူ့ရဲ့ တင်ပါးကြားမှာ ထိုင်ပါများလို့ အမဲကွက်လေးတွေ ဖြစ်နေ ပါတယ်။ အဲဒါတွေကို ပျောက်အောင် လိမ်းလို့ ရမယ့် ဆေးရှိရင် ညွှန်ကြားပေးပါ။
• Scar (1) အမာရွတ် (၁) http://dts-medicaleducation.blogspot.com/2010/10/scar.html
• Scar (2) အမာရွတ် (၂) http://dts-medicaleducation.blogspot.in/2012/03/scar-1.html
ရင်သားကို ကြီးရာက သေးအောင်၊ တွဲကျတာကို တင်းအောင်လုပ်ဘို့ စားဆေး၊ လိမ်းဆေး၊ ထိုးဆေး အာမခံနိုင်တာ မရှိပါ။ ကြော်ညာတိုင်းကို မယုံသင့်ပါ။ ဒုတိယမေးခွန်းနဲ့ သဘောချင်းဆင်တယ်။ ဖြစ်-ပျက်-ပြောင်းသွားတာကို မိမွေးတိုင်းပြန်ရဘို့ဆိုတာ ခက်တယ်၊ အလွန်ခက်တယ်။ တချို့ကို လုံးဝမရပါ။ ရည်ရွယ်ချက်က အလှအပ-အမြင်အတွက်ဖြစ်တာမို့ ရောဂါဘယတွေလို စိုးရိမ်စရာ မရှိပါ။ စိတ်ကို သက်သာရာရကြောင်းကို အတတ်နိုင်ဆုံး ရယူနိုင်သင့်တယ်။ စိက်ပူပင်မှု နည်းနေချိန်မှာ ဆေးကုနည်း အပါအဝင် ဆုံးဖြတ်ချက် မှန်တာကို ချနိုင်ပါလိမ့်မယ်။
Sat, Apr 21, 2012 at 2:04 AM
လင် နှင့် မယား အတူနေရာမှာ ကွန်ဒုံး မသုံး ဆေးမစားပဲ သုတ်ရည်ကို အပြင် ထုတ်ပစ်လျှင် ကိုယ်ဝန် မရနိုင်ခြင်းမှာ ရာခိုင်နှုန်းပြည့် မှန်ကန်ပါသလား။
Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာ သုတေသန
• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမည်။
• သုက်ပိုးသေဆေးနည်း = ၁၈-၂၉% ကိုယ်ဝန်ရမည်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်း = ၁၅-၂၈% ကိုယ်ဝန်ရမည်။
• ရက်ရှောင်နည်း = ၅-၁၂% ကိုယ်ဝန်ရမည်။
• ကွန်ဒွမ်နည်း = ၂-၁၅% ကိုယ်ဝန်ရမည်။
• နေ့စဉ်သောက်ရသည့်ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမည်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမည်။
Thu, Apr 19, 2012 at 11:59 PM
ကျွန်တော်ကတော့ အသက် ၁၉ နှစ်ရှိတဲ့ ယောက်ျားလေးတစ်ယောက်ပါ။ ကျွန်တော့ ကျားအင်္ဂါရဲ့ ခေါင်းပတ်လည်မှာ ဆားဝက်ခြံလို အဖြူရောင် အဖုသေးများ တန်းစီပေါက်နေပါတယ်။ ယားခြင်း၊ နာခြင်းလည်း မရှိပါ။ သိထားတာကတော့ ၃ နှစ်လောက်ရှိပြီ။ နည်းနည်း ပွားလာတယ်။ စဖြစ်ဖြစ်ချင်းတုန်းက နောက်တော့ လိင်အင်္ဂါကို ပုလဲကုံးလိုပုံစံလေးလဲဖြစ်ရော မပွားတောဘူး။ ဒါပေမယ့် ကိုယ့်လိင်အင်္ဂါမှာ အဲလိုကြီး ဆိုတော့ နည်းနည်တော့ ခံစားရတယ်ဗျာ။ ဘာဖြစ်တာမှန်းလဲ မသိဘူး။ အဲဒါကြီးကိုလဲ ပျောက်ချင်တယ်။ ကျွန်တော်က ရန်ကုန်ကပါ။ ဗဟန်းက။ ကုလို့ ပျောက်မယ်ဆို ဘယ်ဆေးခန်းကို သွားပြရမလဲ။ ကျန်တဲ့နေရာတွေမှာ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က မိန်းမကိစ္စတွေလဲ မရှုပ်ဖူးပါဘူးဗျာ။ ဘယ်လိုလုပ် ဖြစ်တာလဲဆိုတာကို မသိဘူး။ အဲဒီ အဖုလေးတွေ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ။ ဖြစ်နေတာက လိင်အင်္ဂါဆိုတော့ ပြလို့ရတဲ့နေရာ သိရင် သွားပြလို့ရတယ်။
ဆီးလမ်း အထူးကု Urologist ဆရာဝန်နဲ့ ဆိုင်ပါတယ်။ အမျိုးသားဆရာဝန်တွေ များပါတယ်။ အရပ်ဆေးနည်းတွေ မသုံးစေချင်ပါ။
Thu, Apr 19, 2012 at 5:32 PM
ကျွန်မအသက် ၂၂ ရှိပါပြီ။ အိမ်ထောင်နဲ့ပါ။ ခုကျွန်မ ရာသီလာရမဲ့ရက်ကို ကျော်နေပါတယ်။ ၁ ပတ်ကျော်လောက်တော့ ရှိပါပြီ။ နောက်ဆုံး ဆက်ဆံတာက လေးလပိုင်း ၄ ရက်နေ့ကပါ၊၊ ကိုယ်ဝန်ရှိမှာကို စိုးရိမ်နေ ပါတယ်။ ကလေးလည်း တစ်ယောက်ရှိတော့ နောက်ထပ် ကလေးထပ်မလိုချင်သေးပါဘူး။ ကလေးက ၂ နှစ်ကျော်ပါပြီ။ ဆက်ဆံပြီးတော့ အမြန်တားဆေးဘဲ သောက်လိုက်ပါတယ်။ ခုကျွန်မ ရင်သားတွေ တင်းပြီး အထဲမှာလည်း အကျိတ်လိုလို ဖြစ်နေပါတယ်။ ကိုယ်ဝန်ရှိလို့ အဲ့လိုများ ဖြစ်တာလားလို့ စိုးရိမ်လို့ပါ။ အမျိုးသားက တာဝန်နဲ့ နယ်ကဆိုကတော့ သူအိမ်ပြန်လာမှဘဲ ဆက်ဆံတော့ အမြန်တားဆေးတွေဘဲ သောက်ဖြစ် ပါတယ်။ အရင်ရက်တွေက အဖြူတွေလည်းဆင်းပါတယ်။ ခုတော့ မဆင်းပါဘူး။ သင်္ကြန်ရက်မှာလည်မိလို့ ဆီးကျင်တာလည်းဖြစ်ပါတယ်။
ဆရာဝန်သွားပြတော့ ရိုးရိုး သာမန်ဖြစ်တာ ပြောပြီး ဆေးပေးပါတယ်။ ခုတော့ ကောင်းသွားပါပြီ။ ကိုယ်ဝန်ရှိ-မရှိ သိချင်ပါတယ်။ ဘယ်လို အမြန်ဆုံးသိနိုင်ပါမလည်း။ ကိုယ်ဝန် ရရင်လည်း မလိုချင်ပါဘူး။ ထပ်ပြီး ကိုယ်ဝန်ရှိရင် အတော်ကို ကသီလင်တနိုင်လို့ပါ။ ပြီးတော့ တစ်ခုသိချင်တာက ရာသီ လာနေတုန်း ဆက်ဆံရင်ရော ကိုယ်ဝန်ရနိုင်ပါသလား။ များသောအားဖြင့် သူက အပြင်မှာဘဲ သုတ်လွှတ်ပါတယ်။ စိတ်မချလို့ အရေးပေါ်တားဆေးကို သောက်ပါတယ်။ မေ့တတ်လို့ ဆေးဆိုင်က တစ်ခါထဲ ၂ လုံး သောက်လည်း ရတယ် ဆိုလို့ တစ်ခါထဲ ၂ လုံးသောက်ပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ဆက်ဆံတာက အပြင်မှာ သုတ်မလွှတ်ဖြစ် ပါဘူး။ ပြီးပြီးချင်း နာရီဝက်အတွင်းတော့ အရေးပေါတားဆေး ၂ လုံး သောက်လိုက်ပါတယ်။ အဲ့ဒါ ကိုယ်ဝန်ရနိုင်လား သိချင်လို့ပါ။
• Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာ သုတေသန
- အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမည်။
- သုက်ပိုးသေဆေးနည်း = ၁၈-၂၉% ကိုယ်ဝန်ရမည်။
- သုက်ရည် ပြင်ပစွန့်ထုတ်နည်း = ၁၅-၂၈% ကိုယ်ဝန်ရမည်။
- ရက်ရှောင်နည်း = ၅-၁၂% ကိုယ်ဝန်ရမည်။
- ကွန်ဒွမ်နည်း = ၂-၁၅% ကိုယ်ဝန်ရမည်။
- နေ့စဉ်သောက်ရသည့်ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမည်။
- ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမည်။
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
• Emergency တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ်
Thu, Apr 19, 2012 at 2:53 PM
ကျွန်တော် လိင်အင်္ဂါ ထိပ်က ကျင်နေပြီးတော့ ပြည်လို အရည်တွေထွက်နေတယ်။ အရင် လေးရက်လောက်က မိန်းကလေး တစ်ယောက်နဲ့ ဆက်ဆံခဲ့မိပါတယ်။ ကျွန်တော်တို့မြို့က ဆရာဝန်ကလဲ ခရီးထွက်သွားလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါတယ်။ ဘာဆေးတွေ သောက်ရမလဲဆိုတာ ပြောပြ လမ်းညွှန်ပေးပါဦး။ ဖြစ်တာတော့ ဒီနေ့မှ စဖြစ်တာ ပြည်လို အရည်တွေ ဆင်းနေတာက ကူညီပါဆရာ။ တစ်ကယ်ဖြစ်မှ တစ်ကယ်သိ၊ တစ်ကယ်နောင်တရနေမိတယ်။
• Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html
• Sexually Transmitted Diseases Facts လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html
ယမုန်နာဆေးခန်း - အမေးအဖြေ (၃၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




