1. ကျွန်တော့် ကောင်မလေးက သားအိမ်ထဲကို ဆေးထည့်တဲ့နည်းနဲ့
2. ကျွန်တော် အခု (့) နိုင်ငံမှာ သင်တန်း တက်ရောက်နေပါတယ်။
3. သမီးအသက် ၁၇ နှစ်ထဲမှာ ရာသီစလာတယ်။
4. သုတ်ရည် မျိုချရင် ဘာဖြစ်တတ်သလဲ သိပါရစေ။
5. မင်္ဂလာပွဲကိစ္စနဲ့ အလုပ်ရှုပ်ပြီး ဆေးသောက်ရမှာ မေ့မှာစိုးလို့ ပထမအကြိမ်တော့ ဆေးထိုး လိုက်ပါတယ်။
6. ကျမ ပြက္ခဒိန်နည်းကို သိပ်နားမလည်းဘူးဆရာ။
Sun, Apr 22, 2012 at 3:09 PM
ကျွန်တော့် ကောင်မလေးက သားအိမ်ထဲကို ဆေးထည့်တဲ့နည်းနဲ့ ကိုယ်ဝန်ကို ဆေးသုံး ဖျက်ထားပါတယ်။ ဆေးသုံးတဲ့နေ့က သွေးတွေ ဆင်းပါတယ်။ သူပြောတာက တော်တော်လေးများတယ်တဲ့။ ကျွန်တော်တို့ ကိုယ်ဝန် ပျက်ကြသွားပြီလို့လည်း ထင်ကြပါတယ်။ ဒါပေမဲ့ အခုချိန် ပျို့ နေသေးတယ်၊ အန်နေသေးတယ်။ အန်ရင်လည်း ဝါဝါရည်တွေ ပါပါလာတတ်တယ်။ ထမင်းလည်း များများမစားချင်ဘူးတဲ့။ အဲဒါ အန္တရာယ် ရှိသလား။ ကိုယ်ဝန်ရှိသေး၊ မရှိသေးလည်း မသိဘူး။ ကျွန်တော်တို့က တနယ်ဆီဝေးနေကြတာ။
ပျို့တာ-အန်တာက ဆေးကြောင့်ဖြစ်မယ်။ ဘေးထွက်-ဆိုးကျိုးခေါ်တယ်။ ကောင်းလာပါလိမ့်မယ်။ ဓါတ်ဆားရည် သောက်ပါ။ စားလို့ရတာကို ခဏခဏ နည်းနည်းချင်းစားပါ။ နားနေပါ။ သွေးဆင်းလာရင် ကိုယ်ဝန် ပျက်လို့ဖြစ်မယ်။ ဆင်းစရာမှန်သမျှ ဆင်းမယ်။ ရာသီထိန်တာ ကြာနေရင် ဆင်းစရာ များမယ်။ ဆင်းချင်လာရင် ဆီးစပ်-ဗိုက်နာမယ်။ နောင်ကို အဲလိုမလုပ်ရအောင် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ် ထားသင့်တယ်။
Sun, Apr 22, 2012 at 10:49 AM
ကျွန်တော် အခု (့) နိုင်ငံမှာ သင်တန်း တက်ရောက်နေပါတယ်။ မြန်မာပြည်မှမထွက်ခွာမှီနှင့် ဒီနိုင်ငံရောက်ရှိပြီး (၂) ကြိမ်စလုံး ရောဂါစစ်ဆေးမှုခံယူခဲ့ရာမှာ အဆင်ပြေခဲ့ပါတယ်။ (၅)လကြာပြီး ခေတ္တခွင့်ပြန် တုန်းက ဇနီးဖြစ်သူနှင့် မြန်မာပြည်မှာ အတူနေခဲ့ပါတယ်။ ၂/၃ ကြိမ်လောက်မှာ ကျွန်တော့်ရဲ့ အင်္ဂါထိပ်မှာ အနီစက်အချို့ ပေါ်လာပြီး အနည်းငယ် နာကျင်မှု ခံစားလိုက်ရပြီး နောက် (၂) ရက်လောက်မှာ အလိုလိုပြန်ပျောက်သွားပါတယ်။ အဲ့ဒါနဲ့ မေ့မေ့ပျောက်ပျောက် နေလာပြီး (၁)လ အကြာ (့) နိုင်ငံပြန်ခဲ့ပါတယ်။ ရောက်ပြီး (၁)လကျော်လောက်မှာ အနီစက်တွေ ပြန်ပေါ်လာတယ်။ အင်္ဂါထိပ်ပတ်လည်မှာ (၁၅) စက်လောက် တွေ့တာ ရက်(၂၀)လောက်ကြာပါပြီ။ ပေါင်ခြံနှင့်အခြားနေရာတွေမှာ အကြိတ်၊ အခြား လက္ခဏာတွေမရှိ၊ မဖြစ်ပါဘူး။ နာကျင်တာမျိုးမရှိပါဘူး၊ ဆီးသွားမှုမှာလဲ ထူးခြားပြောင်းလဲမှု မရှိခဲ့ပါဘူး။ ဓာတ်ပုံဖြင့် တင်ပြအပ်ပါတယ်။
• Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
• Lesions on penis (၂) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html
Acyclovir (Zovirax), Famciclovir (Famvir), Valacyclovir (Valtrex) ဗိုင်းရပ်စ်ဆေးတွေနဲ့ Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေကို သုံးနိုင်ပါတယ်။ တမျိုးခြင်း ဆေးပါတ်လည်အောင် သောက်သင့်ပါတယ်။ လိမ်းဆေးကိုတော့ အလွယ် မသုံးသင့်ပါ။ သန့်ရှင်းရေးသာလုပ်ပါ။
Sat, Apr 21, 2012 at 8:46 AM
သမီးအသက် ၁၇ နှစ်ထဲမှာ ရာသီစလာတယ်။ ရာသီလာတဲ့အကြောင်းလေး နည်းနည်းမေးချင်လို့ပါ။ စဆင်းတုန်းကလဲ အရမ်းကြီးမများဘူး။ အခုလဲ နည်းနည်းပဲဆင်းတယ်။ အဲဒါကြောင့်မို့လား မသိဘူးသမီး ဝလဲဝမလာဘူး။ အသိမိတ်ဆွေတွေ ပေးတဲ့နည်းလမ်းတွေလဲ အမျိုးမျိုးတော့ သမီး သုံးဖူးပါတယ်။ ဒါပေမယ့် အခုအချိန်ထိ သမီးရဲ့အလေးချိန် တက်မလာဘူး။ သမီး အလေးချိန်ပေါင် ၈ဝ ပဲရှိတယ်။ အဲဒါ သမီး ဝချင်လို့ နည်းလမ်းလေးရှိရင် ကျေးဇူးပြုပြီးညွှန်ကြားပေးပါအုံး။
• Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
• Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.com/2011/04/menstruation_25.html?zx=8e357ec74387067c
• Weight gain လှယုံမက ဝချင်သေးရင် http://dts-medicaleducation.blogspot.com/2010/05/weight-gain.html
Wed, Apr 4, 2012 at 7:01 PM
အမျိုးသားတစ်ယောက်ရဲ့ သုတ်ရည် မျိုချရင် ဘာဖြစ်တတ်သလဲ သိပါရစေ။ ခဏခဏ မျိုချရင် ဘာရောဂါရနိုင်ပါသလဲ။
ယေဘုယျ ရောဂါ မရနိုင်ပါ။ သုက်ပိုးတွေက ပါးစပ်၊ အစာလမ်းထဲမှာ ဆက်ပြီး မရှင်နိုင်လို့ ကိုယ်ဝန်မရနိုင်ပါ။ တကယ်လို့ (၁) ရောဂါပိုးရှိတဲ့ သုက်ရည် ဖြစ်နေရင် (၂) ကျားအင်္ဂါမှာ ရောဂါရှိနေရင်တော့ ပါးစပ်၊ နှုတ်ခမ်းမှာ အနာအဆာရှိရင် ပိုးဝင်လာမယ်ဆိုရင် ရောဂါ ကူးစက်နိုင်ပါမယ်။
Mon, Apr 23, 2012 at 7:45 AM
မင်္ဂလာပွဲကိစ္စနဲ့ အလုပ်ရှုပ်ပြီး ဆေးသောက်ရမှာ မေ့မှာစိုးလို့ ပထမအကြိမ်တော့ ဆေးထိုး လိုက်ပါတယ်။ 19.4.2012 ရက်နေ့မှာ ထိုးပါတယ်။ ကျွှန်တော့် ကောင်မလေးက 30 ရက်ပါတ်ပါ။ ဒါပေမယ့် ဆရာမက 12.7.2012 ရက်နေ့မှာ ထိုးရမယ်လို့ စာရွက်ကလေး ပေးလိုက်ပါတယ်။ အဲဒါကို နားမလည်လို့ နည်းနည်းလောက် ရှင်းပြပေးစေလိုပါတယ်။ တကယ်လို့ ဆေးပြောင်းသောက်ရမယ်ဆိုရင်လဲ အဲဒီနေ့မှာ စသောက် ရမှာလား။
ကိုယ်ဝန်တာဘို့ ၃ လခံထိုးဆေး (ဒီပို) က ၃ လအတိမှာ ထပ်ထိုးရတယ်၊ နည်းပြောင်းချင်လဲ ၃ လဘဲလို့ ယေဘုယျ ပြောနိုင်တယ်။ ကိုယ်တိုင်လုပ်ပေးနေတဲ့ ဆရာဝန်တဦးလည်း ရှိတာမို့ အဲဒီ ဆရာဝန်ပြောတာ မှားစရာမရှိပါ။ ကိုယ့်ဖါသာ ဆေးသောက်ရင် ၃ လအပြည့်မှာ စသောက်နိုင်ပါတယ်။ ကြားထဲမှာ ရာသီလာတဲ့ရက်ကိုလည်း ထည့်စဉ်းစားနိုင်တယ်။ ပြောခဲ့သလို ဆေးထိုးသူတွေ ရာသီရက်က မတူတာဖြစ်စေနိုင် တယ်။ တချို့ ရာသီ နည်းတာ၊ မလာတာလဲရှိတတ်တယ်။ ကိုယ်ဝန်ကို တားဘို့ရာ ရာသီစဆင်းတဲ့နေကနေ စားဆေးသောက်ရတယ်။ ဒါကြောင့် ဆေးထိုးတာ ၃ လအပြည့်မှာ ရာသီ စဆင်းတဲ့နေမှာ သောက်ဆေး စသောက်သင့်ပါတယ်။
အဲဒီက ဆရာဝန်ပြောတဲ့နေ့၊ သီအိုရီအရ ၃ လအတိပြည့်တဲ့နေ့ နဲ့ အခုရှင်းပြသလို ၃ လအပြည့်မှာ ရာသီစဆင်းတဲ့နေ့ဆိုပြီး နေ့စွဲ ၃ မျိုး ဖြစ်နေလိမ့်မယ်။ လက်တွေ့ကျတာက ၃ လပြောက် ရာသီ စဆင်းတဲ့နေ့ကို မှတ်ပါ။ တကယ်လို့ ထိုးဆေးကြောင့် ရာသီ မလာဘဲနေရင် ဆေးစထိုးတဲ့နေ့နောက် ၃ လမြောက်မှာ စားဆေးစသောက်ပါ။ ထိုးဆေးထပ်ထိုးချင်ရင် အဲဒီက ဆရာဝန်ပြောတဲ့နေမှာ ထိုးပါ။
Mon, Apr 23, 2012 at 12:44 PM
ကျန်မ ပြက္ခဒိန်နည်းကို သိပ်နားမလည်းဘူးဆရာ။ လလယ်ရက်ဆိုတာ ဘယ်ရက်ကို ဆိုပါသလဲ။ ဥပမာ ၁၆ ရက်နေမှာ ရာသီဆင်တာပြီးတယ်ဆိုရင် အဲဒီနေ့ကနေ လလယ်ရက်ကို ဘယ်လို တွက်ရပါသလဲဆရာ။
ရာသီတလမှာ သွေးစဆင်းတဲ့ရက်ကို ရက်နံပါတ် (၁) လို့တွက်ပါ။ လလယ်ဆိုတာ သွေးဆင်းတဲ့ ၂ ခါ ကြားအလယ်ရက်တွေ ဖြစ်တယ်။ အကြမ်းအားဖြင့် ရက် နံပါတ် ၁၄-၁၅ တွေ ဖြစ်ပါတယ်။
Calendar method ပြက္ခဒိန်နည်း http://dts-medicaleducation-adult.blogspot.in/2012/04/calendar-method.html
ယမုန်နာ ဆေးခန်း - အမေးအဖြေ (၃၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




