1. ကျမ ရာသီလာရမဲ့ရက်က မလာဘဲ တစ်ပတ်ကျော်လွန်နေပြီး
2. ဆီးလမ်းပိုးဝင်ခြင်း အကြောင်း မေးချင်လို့ပါ။
3. ဓမ္မတာရက်ပေါ်တာ ၁ ပတ် လောက် နောက်ကျရလေအောင်
4. ကျနော့်ကောင်မလေးက သားအိမ်အနေအထား မမှန်ဘူးလို့
5. သိချင်တာလေး ရှိပါတယ် ကာမအင်္ဂါနဲ့ ပါတ်သက်လို့ပါ။
6. ဆီးသွားရင်း အနယ်အဖြူဖတ်လေးများပါလာပါတယ်။
7. ၃ လပိုင်းတုန်းက ရာသီလာပြီးပါတယ်။ ဒါပေမဲ့
8. သုတ်လွတ်တာမြန်နေရင် ဘယ်လိုဆေးမျိုးကို စားရပါသလဲ။
9. Family pill ဆေးလုံးကို ရာသီရဲ့ ပထမရက်မှ မသောက်ဖြစ်ဘဲ
10. ၅ လဆိုတော့ ဆေးသုံးမယ်ဆိုရင် ပျက်နိုင်သလား။
11. ယောက်ျားလေးက (့) မ (့) ပဲ ပျော့နေတဲ့အချိန်နဲ့
1. Sat, Apr 28, 2012 at 7:38 AM
ကျမ ရာသီလာရမဲ့ရက်က မလာဘဲ တစ်ပတ်ကျော်လွန်နေပြီး လွန်ခဲ့တဲ့ ၃ လက ကျမ အိမ်ထောင်ကျတယ်။ ယောက်ျားနဲ့ အိပ်တိုင်း ကာကွယ်ထားပါတယ်။ except တစ်ကြိမ်။ ခုက ကျမ ကိုယ်ဝန်ရှိနေတာလား။ ကလေးမလိုချင်သေးဘူး။ အဆင်သင့် မရှိသေးဘူး။ ဘယ်လိုလုပ်ရမလဲ။ ဘာဆေးသောက်ရမလဲ ကူညီပါအုံး။
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ ကိုဖတ်ပါ။ ရှာမတွေ့ရင်ပြောပါ။
2. Sat, Apr 28, 2012 at 10:06 AM
ဆီးလမ်းပိုးဝင်ခြင်း အကြောင်း မေးချင်လို့ပါ။ အခုကျွန်မ ခံစားနေရတာက အဖြူရောင် အဖတ်တွေ ဆင်းပြီး ယားယံတာကို ခံစားနေရလို့ပါ။ ဆရာ့ ဘလော့ကို ဝင်ဖတ်တော့ ကိုယ်ခံစားရတာက ဆီးလမ်းပိုးဝင်ခြင်း အကြောင်းအရာနဲ့ တိုက်ဆိုင် နေပါတယ်။ အဲဒါ ဘာဆေးများ သောက်ရမလဲ။ ဒီမှာ ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရမယ့် သောက်ဆေး အမည်နဲ့ ဆေးအညွှန်းကို လမ်းညွှန်ပေးပါအုန်း။ Vaginal tablets ဆိုတာ ကြီးတော့ ကျွန်မ မသုံးရဲဘူးရှင့်။ ကျွန်မနေတာ (့) မှာပါ။ ကျွန်မ အသက်က ၃ဝ ပါ။ အိမ်ထောင် မရှိ၊ ဆက်ဆံဖူးခြင်းလည်း မရှိပါ။
• Urinary tract infections ဆီးလမ်း (လိင်လမ်း) ပိုးဝင်ခြင်း
• Dysuria ဆီးခဏခဏအောင့်လို့ပါရှင်
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း တွေကိုဖတ်ပါ။ ရှာမရရင်ပြောပါ။
3. Sat, Apr 28, 2012 at 11:10 AM
ဓမ္မတာရက်ပေါ်တာ ၁ ပတ် လောက် နောက်ကျရလေအောင် ဘယ်လိုဆေးမျိုး သောက်သင့်ပါသလဲရှင့်။ သမီးကလာမဲ့ မေလအတွင်းမှာ မင်္ဂလာဆောင် ရှိပါတယ်။ ဟန်းနီးမွန်းရက်အတွင်းမှာ ဓမ္မတာ မပေါ်ရလေအောင် နောက်ကျချင်ပါတယ်။
• Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း ကိုဖတ်ပါ။ ရှာမရရင်ပြောပါ။
4. Sat, Apr 28, 2012 at 1:03 PM
ကျနော့်ကောင်မလေးက သားအိမ်အနေအထား မမှန်ဘူးလို သိရပါတယ်။ အဲဒါ ဘာဆက်ဖြစ်နိုင်လဲ။ ဘယ်လိုမျိုး နေထိုင် စားသောက်သင့်ပါသလဲ။ အသက်က၂၅ ပါ။
အဲလိုဖြစ်နေတယ်လို့ ဘယ်သူက ပြောတာလဲ။ ဘာဖြစ်နေ ဘယ်လို ခံစားနေလို့ သွားပြရတာလဲ။ မွေးလမ်းကို ဆရာဝန်က လက်နဲ့စမ်းသလား။ (အာလ်ထွာဆောင်း) ရိုက်သလား။ လူက ဘယ်လို ခံစားနေရသလဲ။ အိမ်ထောင်ကျပြီလား။ ကလေးမွေးဘူးသလား။
5. Sun, Apr 29, 2012 at 5:13 PM
သိချင်တာလေး ရှိပါတယ် ကာမအင်္ဂါနဲ့ ပါတ်သက်လို့ပါ။ ကျွန်တော် အသက် ၃၉ ပါ။ ကျွန်တော် လိင်တံအင်္ဂါ အကြောသန်ပြီး ကြီးထွား ရှည်ချင်ပါတယ်။ ဆန့်ကျင်လိင်ပိုင်ရှင်ပေါ်မှာ အပြည့်ပေးချင်လို့ပါ။ ကျန်းမာရေး ရှုထောင့်ဖက် အကြံပေးစေချင်ပါ။
http://dts-medicaleducation-adultblogspotin/ မှာ ရှာဖတ်နိုင်ပါတယ်။
6. Sun, Apr 29, 2012 at 8:55 PM
ဆီးသွားရင်း အနယ်အဖြူဖတ်လေးများပါလာပါတယ်။ ခွက်နှင့်သေခြာကြည့်မှမြင်ရတာပါ။ လိင်တံထိပ်တွင် ယားပါတယ်။ အခု မယားတော့ပါ။ တခြားဝေဒနာ မခံစားရပါ။ ကျန်ခဲ့တဲ့လက မိန်းကလေးနဲ့ အိပ်ခဲ့ပါတယ်။ ဘာရောဂါလည်းဆိုတာ သိချင်ပါသည်။ ကုထုံးလေးပါပြောပြပေးပါ။
• Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် http://dts-medicaleducation-adultblogspotin/2012/03/urethritis-in-menhtml
7. Sun, Apr 29, 2012 at 10:39 PM
၃ လပိုင်းတုန်းက ရာသီလာပြီးပါတယ်။ ဒါပေမဲ့ အဲ့ရာသီက ရက်နည်းနည်း ၃ ရက်လောက် ကျော်လို့ ပန်နောရစ် သောက်လိုက်ပါတယ်။ ၃ ရက်လောက်နေတော့ ရာသီလာပါတယ်။ အဲ့ဒါဆို အဲ့ဒီလတုန်းက ကိုယ်ဝန် မရှိဘူးပေါ့နော်။ ၄ လပိုင်းမှ ထပ်နေပြီး ခုဒီလ ၄ လပိုင်းမှ မလာတာဆိုတော့ ကျွန်မ ကိုယ်ဝန်က ၁ လနီးပါဘဲရှိမှာပေါ့နော်။ အဲ့ဒါ ဟုတ်ပါသလား။ ကိုယ်ဝန်ရှိနေရင် ရာသီက ပုံမှန်လာပြီး နောက်လမှ မလာတော့ တာမျိုး ဖြစ်တတ်ပါသလား။ ၃ လပိုင်း ရာသီကလာတော့ ပုံမှန်ရက်အတိုင်း ၃ ရက် လာပါတယ်။ ပြီးတော့ ရာသီလာနေတုန်း ဆက်ဆံရင်ရော ကိုယ်ဝန် ရနိုင်ပါသလား။ ပြီးတော့ ဆီးစစ်တံက အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်းကို စစ်တာလို့ ပြောပါတယ် အဲ့ဒါ တစ်ခြား ရောဂါဆိုရင်ရော အဲ့လို ဟော်မုန်းမျိုး ထွက်တတ်ပါသလား။
ကျွန်မ ဆီးအောင့်နေပါတယ်။ ပြီးတော့ အဖြူတွေလည်း ဆင်းပါတယ်။ ကျွန်မ နောက်ဆုံး ဆက်ဆံတာ ၄ လပိုင်း ၄ ရက်နေ့ပါ။ ၃ လပိုင်းတုန်းကတော့ ရာသီလာပါတယ်။ ဒါဆို ကျွန်မကိုယ်ဝန်က ၁ လ ကျော်ဘဲ ရှိသေးတာပေါ့နော်။ ၃ လပိုင်း ရာသီလာတဲ့ရက်က ၂ဝ ရက် ပိုင်းလောက်ပါ။ ကိုယ်ဝန် ၁ လကျော်ဆိုတာ သေခြာပါတယ်နော်။ ပြီးတော့ဆီးစစ်တံတွေက ကိုယ်ဝန်ရရခြင်း ဘယ်နှစ်ရက်လောက်နဲ့ သိနိုင်ပါသလည်း။ ရက်ပိုင်း ကိုယ်ဝန်ရှိတာနဲ့ သိနိုင်ပါသလား။ အိုဂျီတစ်ယောက်ကို မေးတော့ သူက တစ်လနဲ့ ၂ ကြောင်း ပေါ်တယ်ပြောတာ ကျွန်မ တစ်ယောက်ဘဲရှိတယ် ပြောနေလို့ပါ။
• (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ တွေကိုဖတ်ပါ။ ရှာမရရင်ပြောပါ။
8. Mon, Apr 30, 2012 at 3:13 PM
သုတ်လွတ်တာမြန်နေရင် ဘယ်လိုဆေးမျိုးကို စားရပါသလဲ။ ၅ မိနစ်လောက်ပဲ ရလို့ပါ။ ကျွန်တော် တစ်နေရာမှာ ဖတ်ဖူးတာက စိတ်အဓိကလို့ ရေးထားပါတယ်။ ဆီးသွားရင်း တစ်ကိုယ်ရေအာသာဖြေခြင်း စသည်ဖြင့် ထိန်းနည်းကို ကျင့်ယူရတယ်လို့လဲ ရေးထားပါတယ်။ အစားအစာအနေနဲ့ ခွေးတောက်ရွက်၊ ကြက်ဟင်းခါးသီး စားရမယ်လို့ပြောပါတယ်။ အင်္ဂလိပ်ဆေးမှာ ဘာတွေသောက်ရမှာလဲ။ ဒါပြီး အခုမှ စတင် ဆက်ဆံသူတွေမှာ အဲဒီလိုဖြစ်တာလား ဒါမှမဟုတ် လူတချို့မှာ ဖြစ်တာလား။
• Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/early-ejaculation-1html
• Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/early-ejaculation-2_09html
• Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/03/early-ejaculation-3html
9. Tue, May 1, 2012 at 1:21 PM
Family pill ဆေးလုံးကို ရာသီရဲ့ ပထမရက်မှ မသောက်ဖြစ်ဘဲ နောက်ဆုံးရက်မှာမှ သောက်ဖြစ်ရင် အကျိုးအာနိသင် ရှိပါသလား။ အတူတူနေဖို့ရော စိတ်ချရပါသလားရှင်။ ဆေးတစ်ကဒ်ဘဲ တစ်လလုံးစာ အတွက် သောက်မယ်ဆိုရင် ဆေးဘယ်နှစ်လုံးမြောက်မှာ အတူနေဖို့စိတ်ချရပါသလဲရှင်။ ဘယ်နှစ်ကြိမ်အတူနေလို့ရပါသလဲရှင်။
• Pills and Pregnancy Q and A ကိုယ်ဝန်-တားဆေး မေးခွန်းများ http://dts-medicaleducation-adultblogspotin/2012/03/pills-and-pregnancy-q-andhtml
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://dts-medicaleducation-adultblogspotin/2012/03/different-methods-of-contraceptionhtml
• Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-how-decidehtml
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adultblogspotin/2012/03/birth-control-pill-typeshtml
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adultblogspotin/2012/03/birth-control-riskhtml
10. Fri, Apr 27, 2012 at 5:39 PM
၅ လဆိုတော့ ဆေးသုံးမယ်ဆိုရင် ပျက်နိုင်သလား။ ဆိုးကျိုးကရော ဘာဖြစ်နိုင်လဲဆိုတာ သိချင်လို့ပြောပြပေးပါဦး။ အဲလိုပျက်ပြီးလို့ အားဆေးသောက်မယ်ဆိုရင် နဂိုအတိုင်းပြန်ဖြစ်နိုင်လား။ သမီး (့)
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adultblogspotin/2012/04/abortion-complicationshtml
• Abortion pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adultblogspotin/2012/03/abortion-pillshtml
• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adultblogspotin/2012/04/abortionhtml
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/04/medical-abortion-1html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/medical-abortion-2html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/03/medical-abortion-3html
• Miscarriage ကိုယ်ဝန်ပျက်ခြင်း http://dts-medicaleducation-adultblogspotin/2012/03/miscarriagehtml
• Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး http://dts-medicaleducation-adultblogspotin/2012/03/miscarriagehtml
11. Wed, May 2, 2012 at 4:16 AM
Contraceptive patch ကို ရာသီစလာပြီး ၅ ရက်မြောက်နေ့ရဲ့ ဘယ်အချိန်မှာမဆိုကပ်နိုင်ပါသလား။ ပဌမဟာ ခွာပြီး ဒုတိယမြောက်ကို ကပ်ရာမှာ ပထမနေရာရဲ့ တစ်နေရာထဲမှာဘဲ ကပ်ရမှာပါလား။ အခြားနေရာ ပြောင်းကပ်ရမှာပါလား။ ကျွန်မတို့က အမြဲအတူနေသူတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီဆေးကပ်ခွာကို ၃ ပတ်စာအတွက်ဘဲ သုံးမယ် ၃ ပတ် ပြည့်တာနဲ့ ဆက်မသုံးဘူးဆိုရင် ကပ်ထားစဉ် ၃ ပတ်အတွင်း တစ်ကြိမ်ဘဲ အတူနေထိုင်မှုကို ထိရောက်စွာ ကာကွယ်နိုင်ပါသလားရှင်။ ဒါမှမဟုတ် တစ်ကြိမ်ဘဲ အတူနေထိုင်မှုအတွက် ဘယ်လောက်ကြာကြာ ဆက်သုံးဖို့ လိုအပ်ပါသလဲ။
နေရာပြောင်းကပ်လို့ ရပါတယ်။ ဆေးကပ်ထားတာက စနစ်ကျရင် တလအတွင်း ဘယ်နှစ်ကြိမ် အတူနေနေ ၉၉% ထိရောက်တယ်။ တကြိမ်တည်းနေပေမဲ့ ၃ ပါတ်အပြည့် ကပ်ထားသင့်တယ်။ ဒါမှ ရာသီရက် မှန်မယ်။ မှန်မှလဲ နောက်တလ ဘယ်တော့ ထပ်ကပ်ရမယ်ဆိုတာ ရက်အသေအခြာသိရမယ်။
• အရေပြား ကပ်ထားရသည့် ဆေးကပ်ခွါ၊ Contraceptive patch ကိုဖတ်ပါ။ ရှာမရရင်ပြောပါ။
12. Wed, May 2, 2012 at 2:57 PM
ယောက်ျားလေးက (့) မ (့) ပဲ ပျော့နေတဲ့အချိန်နဲ့ ဆီးသွားချင်တဲ့ အချိန်မှာ သုက်ရည်ထွက်နိုင်ပါသလား။ နောက်ပြီး မိန်းကလေး အင်္ဂါက မာနေတယ်။ အဲဒါကရော ဘာဖြစ်လို့ပါလဲ။ အဲဒီအခါကျရင်ရော ကလေးရနိုင်ပါသလား။ အဖြစ်မှန် ကတော့ အဲဒီနေ့ ကျွန်တော် ကောင်မလေးကို (့) တယ်ဗျာ။ နောက်ပြီး အဲဒီအချိန်က ဆီသွားချင်တာကို မသွားပဲ အတင်းပျော့နေတဲ့ အချိန်မှာ (့) တယ်။ ဒါပေမဲ့ အထဲကို မဝင်ဘူး။ စိတ်က သုက်ရည်ထွက်သွားတယ်လို့ ထင်တယ်။
စာရေးတဲ့အခါ အတတ်နိုင်ဆုံး ယဉ်ကျေးတဲ့အသုံးအနှုံး သုံးသင့်တယ်။ သူငယ်ချင်းချင်း ရေးသားတာ မဟုတ်ရင် သတိထားစေချင်တယ်။ မြန်မာစာ အားနည်းတဲ့ တိုင်းရင်းသား၊ ကပြားဆိုရင်တော့ တမျိုးပေါ့။
ယောက်ျားလိင်အင်္ဂါ မသန်မာချိန်မှာ မိန်းကလေး အင်္ဂါက စွပ်စိုမှု အများကြီးရှိမနေရင် ထိုးသွင်းဘို့ခက်ပါမယ်။ သုက်ရည်ဆိုတာ ယောက်ျားလေးမှာ လိင်စိတ်ကျေနပ်မှု ရှိရင် ထွက်နိုင်ပါတယ်။ ဖါသာအာသာဖြေ တာဖြစ်ဖြစ်၊ အောင်မြင်တဲ့ ဆက်ဆံမှုဖြစ်ဖြစ်၊ မအောင်မြင်တဲ့ လိင်ဆက်ဆံမှုဖြစ်ဖြစ်ကနေ ထွက်နိုင်ပါတယ်။ သုက်တွက်တာကို ယောက်ျားတိုင်း သိကြပါမယ်။ အိပ်ပျော်နေရင်း ထွက်တာလဲ နိုးလာပြီး သတိထား မိမယ်။ ခံစားမှု၊ သာယာမှု သာမက လိင်အင်္ဂါအဖျားကနေ သုက်ရည်ထွက်တာ အနည်းနဲ့ အများရှိမယ်။
ဆီးသွားချင်စိတ်၊ ဆီးအိမ်ထဲမှာ ဆီးများနေချိန်မျိုးဆိုရင် ယောက်ျားလေးမှာ လိင်အဂ်ါ သန်မာမှု လွယ်တတ်ပြီး ပြီးချင်စိတ်လဲ မြန်တတ်တယ်။ ဥပမာ အိပ်ရာထချိန်မျိုး။ ယောက်ျားသုက်ရည်က မိန်းမ ဗဂျိုင်းနားထဲကို ဝင်ရမယ်။ မိန်းမရဲ့ ရာသီရက်ကလဲ ကလေးရနိုင်တဲ့ရက်အတွင်း ဖြစ်မယ် ဆိုမှာသာ အဲလိုဆက်ဆံမှုကနေ ကိုယ်ဝန်ရစေနိုင်ပါတယ်။
ယမုန်နာဆေးခန်း - အမေးအဖြေ (၃၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




