1. အခုပာာက ရာသီလာဖို့အတွက် ဆယ်ရက်လောက် ကျန်သေးတယ်
2. ၅ လဆိုတော့ ဆေးသုံးမယ်ဆိုရင် ပျက်နိုင်သလား။
3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် စာမှာ
4. Contraceptive patch ကိုကပ်ထားတာ ဒီနေ့နဲ့ဆို ၃ ရက် ရှိပါပြီ။
5. ၅ လဆိုတော့ ဆေးသုံးမယ်ဆိုရင် ပျက်နိုင်သလား။
6. ယောက်ျားလေးက (့) မ (့) ပဲ ပျော့နေတဲ့အချိန်နဲ့
Thu, May 3, 2012 at 2:37 PM
အခုပာာက ရာသီလာဖို့အတွက် ဆယ်ရက်လောက် ကျန်သေးတယ် ဆရာ။ အဲဒါကရော ဖြစ်နိုင်ပါသလားခင်ဗျာ။ သူ့ကို Ecee 2 ကို တိုက်မလို့ပါ။ ဒါပေမဲ့ သူက မသောက်ဘူး ဖြစ်နေတယ်လေ။ အဲဒါကြောင့် ရနိုင် မရနိုင်ကို သိချင်လို့ပါ။
ဆရာ့ (ဆိုက်) ထဲမှာ အားလုံးရေးထားပါတယ်။
Fri, Apr 27, 2012 at 5:39 PM
၅ လဆိုတော့ ဆေးသုံးမယ်ဆိုရင် ပျက်နိုင်သလား။ ဆိုးကျိုးကရောဘာဖြစ်နိုင်လဲဆိုတာသိချင်လို့ ပြောပြပေးပါဦး။ အယ့်လိုပျက်ပြီးလို့ အားဆေးသောက်မယ်ဆိုရင်နဂိုအတိုင်းပြန်ဖြစ်နိုင်လား။ ဖြေပေးဦးနော်ဆရာ အရေးကြီးနေလို့ပါ။
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
• Miscarriage ကိုယ်ဝန်ပျက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
• Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
Fri, May 4, 2012 at 12:23 PM
ဆရာ ရေးသားတဲ့ Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် စာမှာ Exercises ဘယ်လိုဘယ်ပုံ လုပ်ရလဲဆိုတာ ကျနော် မတွေ့မိပါဘူး။ ကျနော်ပဲ မျက်စိလျှမ်းတာ နေမှာပါ။
ဆီးသွားနေချိန်မှာ ဆီးမကုန်သေးခင် ရပ်ဘို့ကြိုးစားကြည့်ပါ။ အဲလို ကြိုးစားရင် ညှစ်ရ-တင်းရတဲ့ ကြွက်သားတွေဟာ ဘာတွေလဲလို့ သိလာမယ်။ အဲဒီ ကြွက်သားတွေကို တကယ် ဆီးမသွားဘဲ နေရင်း၊ ထိုင်ရင်း ညှစ်လိုက်၊ လျှော့လိုက် လုပ်တာဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေအတွက် အကုန်ပါဘဲ။ အမျိုးသားတွေဆိုရင်လဲ မကွာပါ။ ကိုယ့်လက်နဲ့ကိုယ် ကိုင်တွယ်လို့ ရတဲ့နေရာတွေကို တင်းချီ-လျှော့ချီ လုပ်နိုင်သေးတယ်။ ဆုပ်နယ်ပြီး သန်မာစေအောင်လဲ လုပ်ပေးနိုင်သေးပါတယ်။
Sat, May 5, 2012 at 3:19 AM
ကျွန်မ Contraceptive patch ကိုကပ်ထားတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။ ဒီနေ့ နေ့လည်ကစပြီး တစ်ချက်တစ်ချက် ကပ်ထားတဲ့နေရာက ယားလို့ပါ။ ပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ပါဘူး။ ခြင်ကိုက်ရင် ယားတတ်တဲ့ အတိုင်းအတာလောက်ပါ။ အဲဒါ ဖြစ်တတ်တာလား။ ဘာများဖြစ်တာလည်း။ သိပါရစေရှင့်။ ဘာလုပ်သင့်ပါသလဲရှင့်။ ကျွန်မမှာ ဆေးအညွန်းမှာ ဖော်ပြထားတဲ့ (ဒီရောဂါတွေရှိရင် မသုံးရဆိုတဲ့) ရာဂါမျိုးတွေ ဘာမှမရှိပါဘူး။ ဒါပေမယ့် ကုန်ခဲ့တဲ့ နှစ်လသုံးလအတောအတွင်းကစပြီးတော့ ရင်ဘတ်နဲ့ခါး၊ ကြောတစ်ဝိုက်မှာ တစ်ခါတစ်လေ အရေပြားယားပြီး ကုပ်ရင် အဖုအကြီးကြီးတွေ ပေါ်တတ်ပါတယ်။ အဲဒါကို အရေပြားယားယံပျောက်ဆေး Betazol G (jamjoom pharma) ဆေးကိုလိမ်းရင် ပျောက်သွားလေ့ရှိပါတယ်။
မေးတဲ့သူမှာ Contraceptive patch နဲ့ နည်းနည်း မတည့်တဲ့သဘောဖြစ်နေတယ်။ ကိုယ်ခံကလည်း ယားတတ်သူမို့ ဖြစ်နိုင်တာနေမယ်။
Betazol Cream ဆေးထဲမှာ Betamethasone Dipropionate နဲ့ Miconazole Nitrate ပါတယ်။ အရေပြားမှာ မှိုကြောင့်ဖြစ်တာ နဲ့ ရောင်ရမ်းခြင်းဖြစ်တာတွေအတွက် သုံးရတယ်။ Betamethasone သက်သက်က ယားတာ နဲ့ ရောင်တာအတွက် ဖြစ်တယ်။ အသက် ၁၃ နှစ်အထက်ကိုသာ သုံးခိုင်းတယ်။ Allergic dermatitis, Atopic dermatitis, Contact dermatitis, နဲ့ Plaque psoriasis အရေပြားမှာဖြစ်တာတွေအတွက် သုံးတယ်။ G ဆိုတာပါရင် Gentamicin Sulphate ပါလို့ ဗက်တီးရီးယားကြောင့်ဖြစ်တာကိုပါ သုံးနိုင်တယ်။
တားဆေးကပ်ခွါကို တခြားဟာ ပြောင်းမသုံးခင် Cetirizine hydrochloride (Zyrtec) ဆေးပြားသောက်ကြည့်ပါ။ Antihistamine (အင်တီဟစ်စတမင်း) ဆေးအမျိုးအစားဖြစ်တယ်။ (အလာဂျီ) အမျိုးမျိုးအတွက် သုံးတယ်။ အအေးမိတာ၊ ချောင်းဆိုး၊ နှာစေးအတွက်လဲ သုံးတယ်။ အသက် ၆ နှစ်အထက် Cetirizine 5-10 mg တနေ့ ၁ ကြိမ်သောက်ပါ။ ကလေးဆိုရင် 5 mg (2.5 mL Cetirizine syrup) တနေ့ ၁ ကြိမ်ပေး တယ်။ ဆေးကပ်ခွါကပ်ထာတဲ့နေရာမှာ တိုးတိုးဖြစ်လာရင်တော့ တားနည်း နောက်တမျိုးပြောင်းရမယ်။
5. Wed, May 2, 2012 at 4:16 AM
Contraceptive patch ကို ရာသီစလာပြီး ၅ ရက်မြောက်နေ့ရဲ့ ဘယ်အချိန်မှာမဆိုကပ်နိုင်ပါသလား။ ပဌမဟာ ခွာပြီး ဒုတိယမြောက်ကို ကပ်ရာမှာ ပထမနေရာရဲ့ တစ်နေရာထဲမှာဘဲ ကပ်ရမှာပါလား။ အခြားနေရာ ပြောင်းကပ်ရမှာပါလား။ ကျွန်မတို့က အမြဲအတူနေသူတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီဆးကပ်ခွာကို ၃ ပတ်စာအတွက်ဘဲ သုံးမယ် ၃ ပတ် ပြည့်တာနဲ့ ဆက်မသုံးဘူးဆိုရင် ကပ်ထားစဉ် ၃ ပတ်အတွင်း တစ်ကြိမ်ဘဲ အတူနေထိုင်မှုကို ထိရောက်စွာ ကာကွယ်နိုင်ပါသလားရှင်။ ဒါမှမဟုတ် တစ်ကြိမ်ဘဲ အတူနေထိုင်မှုအတွက် ဘယ်လောက်ကြာကြာ ဆက်သုံးဖို့ လိုအပ်ပါသလဲ။
နေရာပြောင်းကပ်လို့ ရပါတယ်။ ဆေးကပ်ထားတာက စနစ်ကျရင် တလအတွင်း ဘယ်နှစ်ကြိမ် အတူနေနေ ၉၉% ထိရောက်တယ်။ တကြိမ်တည်းနေပေမဲ့ ၃ ပါတ်အပြည့် ကပ်ထားသင့်တယ်။ ဒါမှ ရာသီရက် မှန်မယ်။ မှန်မှလဲ နောက်တလ ဘယ်တော့ ထပ်ကပ်ရမယ်ဆိုတာ ရက်အသေအခြာသိရမယ်။
• အရေပြား ကပ်ထားရသည့် ဆေးကပ်ခွါ၊ Contraceptive patch ကိုဖတ်ပါ။ ရှာမရရင်ပြောပါ။
6. Wed, May 2, 2012 at 2:57 PM
ယောက်ျားလေးက (့) မ (့) ပဲ ပျော့နေတဲ့အချိန်နဲ့ ဆီးသွားချင်တဲ့ အချိန်မှာ သုက်ရည်ထွက်နိုင်ပါသလား။ နောက်ပြီး မိန်းကလေး အင်္ဂါက မာနေတယ်။ အဲဒါကရော ဘာဖြစ်လို့ပါလဲ။ အဲဒီအခါကျရင်ရော ကလေးရနိုင်ပါသလား။ အဖြစ်မှန် ကတော့ အဲဒီနေ့ ကျွန်တော် ကောင်မလေးကို (့) တယ်ဗျာ။ နောက်ပြီး အဲဒီအချိန်က ဆီသွားချင်တာကို မသွားပဲ အတင်းပျော့နေတဲ့ အချိန်မှာ (့) တယ်။ ဒါပေမဲ့ အထဲကို မဝင်ဘူး။ စိတ်က သုက်ရည်ထွက်သွားတယ်လို့ ထင်တယ်။
စာရေးတဲ့အခါ အတတ်နိုင်ဆုံး ယဉ်ကျေးတဲ့အသုံးအနှုံး သုံးသင့်တယ်။ သူငယ်ချင်းချင်း ရေးသားတာ မဟုတ်ရင် သတိထားစေချင်တယ်။ မြန်မာစာ အားနည်းတဲ့ တိုင်းရင်းသား၊ ကပြားဆိုရင်တော့ တမျိုးပေါ့။
ယောက်ျားလိင်အင်္ဂါ မသန်မာချိန်မှာ မိန်းကလေး အင်္ဂါက စွပ်စိုမှု အများကြီးရှိမနေရင် ထိုးသွင်းဘို့ခက်ပါမယ်။ သုက်ရည်ဆိုတာ ယောက်ျားလေးမှာ လိင်စိတ်ကျေနပ်မှု ရှိရင် ထွက်နိုင်ပါတယ်။ ဖါသာအာသာဖြေ တာဖြစ်ဖြစ်၊ အောင်မြင်တဲ့ ဆက်ဆံမှုဖြစ်ဖြစ်၊ မအောင်မြင်တဲ့ လိင်ဆက်ဆံမှုဖြစ်ဖြစ်ကနေ ထွက်နိုင်ပါတယ်။ သုက်တွက်တာကို ယောက်ျားတိုင်း သိကြပါမယ်။ အိပ်ပျော်နေရင်း ထွက်တာလဲ နိုးလာပြီး သတိထား မိမယ်။ ခံစားမှု၊ သာယာမှု သာမက လိင်အင်္ဂါအဖျားကနေ သုက်ရည်ထွက်တာ အနည်းနဲ့ အများရှိမယ်။
ဆီးသွားချင်စိတ်၊ ဆီးအိမ်ထဲမှာ ဆီးများနေချိန်မျိုးဆိုရင် ယောက်ျားလေးမှာ လိင်အဂ်ါ သန်မာမှု လွယ်တတ်ပြီး ပြီးချင်စိတ်လဲ မြန်တတ်တယ်။ ဥပမာ အိပ်ရာထချိန်မျိုး။ ယောက်ျားသုက်ရည်က မိန်းမ ဗဂျိုင်းနားထဲကို ဝင်ရမယ်။ မိန်းမရဲ့ ရာသီရက်ကလဲ ကလေးရနိုင်တဲ့ရက်အတွင်း ဖြစ်မယ် ဆိုမှာသာ အဲလိုဆက်ဆံမှုကနေ ကိုယ်ဝန်ရစေနိုင်ပါတယ်။
ယမုန်နာဆေးခန်း - အမေးအဖြေ (၄၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




