1. ကျွန်တော် ၃၈ နှစ်၊ အိမ်ထောင် မရှိပါ။
2. ကျွန်မ အသက် ၃၄ နှစ်ဖြစ်ပြီး၊ အိမ်ထောင် မရှိဖူးသေးပါ။
3. ကျမ အခု (့) မှာနေပါတယ်။ (့)။ (့)။
4. နားနဲ့မနာပဲ ဖ၀ါးနဲ့နာပါ။ ကျွန်တော် လိင်အင်္ဂါဟာ
5. ကျွန်မမှာလေ ရာသီးသွေးပေါ်တာ တစ်လထက်တစ်လ ဘာလို့ နောက်ကျနေတာလဲနော်။
6. ကျွန်မ နောက်ပိုင်း ကပ်ခွာ ကပ်ထားတဲ့နေရာက သိပ်မယားတော့တာ ဒီနေ့အထိပါ။
Sun, May 6, 2012 at 2:34 PM
ကျွန်တော် ၃၈ နှစ်၊ အိမ်ထောင်မရှိပါ။ (့) တွင်နေပြီး စိုက်ပျိုးရေးလုပ်ပါသည်။ ဆီးသွားရာ ဆီးထဲသုတ်ပါနေပါသည်။ အားကုန်ပြီး အမြဲတမ်း နွမ်းနယ်နေပါသည်။ ခြေထောက်များကိုက်ပြီး အမြဲတမ်း ပက်လက်လှဲနေချင်ပါသည်။ ဆီးနှင့် ကျောက်ကပ် အထူးကုများနှင့် ပြသော်လည်း မပျောက်ပါ။
သုက်ရည်ပါတာ သေခြာပါသလား။ သုက်ရည်ဆိုတာ လိင်စိတ်၊ လိင်ဆန္ဒ ပြည့်ဝမှုဖြစ်မှသာ ထွက်လာတယ်။ လိင်ဆန္ဒ ပြည့်ဝမှုဆိုတာ လင်ဆက်ဆံမှု မလုပ်ဘဲလဲ အိပ်နေရင်းကနေလဲ ရစေနိုင်တယ်။ ဖါသာအာသာဖြေတာနဲ့လဲ ရစေနိုင်တယ်။ ယောက်ျားတွေဟာ သုက်ရည်ထွက်ဘို့ သင့်နေချိန်မှာ တနည်းနည်းနဲ့ မထွက်ရရင် ထွက်ဘို့ကြိုးစားမယ်။ ဆီးထွက်လမ်း နဲ့ သုက်ထွက်လမ်းက လုံးဝအတူတူဖြစ်တယ်။ ဖြစ်ပေါ်ရာ၊ သိုမှီးထားရာတော့ မတူကြဘူး။ သုက်ထွက်ရင် အားကုန်တယ်။ ယာယီသာဖြစ်ပြီး တခဏနားတာနဲ့ ပြန်ပြည့်လာမယ်။ အားနည်းတယ်လို့ ခံစားရရင် အာဟာရ ပြည့်ဝစေတာ စားပေးပါ။ ခြေထောက်ကိုက်တာ (ကယ်လ်စီယမ်) နည်းတာဖြစ်တတ်တယ်။ စားဆေးသောက်ပါ။ ဝယ်ရတာလွယ်တယ်။ တနေ့ ၁ ပြား၊ ကြာကြာသောက်ပါ။ အနာသက်သာဆေး Paracetamol လဲသောက်ပါ။ ကိုက်ရင် ၁ ပြားသောက်ပါ။
Sun, May 6, 2012 at 2:17 PM
ကျွန်မ အသက် ၃၄ နှစ်ဖြစ်ပြီး၊ အိမ်ထောင်မရှိဖူးသေးပါ။ ရင်သားနှစ်ဘက်လုံး နာကျင်တာ နှစ်ပတ်လောက် ရှိသွားပြီ။ ရာသီသွေးပေါ်ပြီး နှစ်ပါတ်လောက်မှာ စပြီးနာကျင်ပါတယ်။ ကိုယ်တိုင် ပွတ်တိုက်မိရင်လဲ နာတယ်။ မတော်တဆ ခုန်မိတို့၊ ဆောင့်မိတာတို့ဆို နာကျင်နေတယ်။ အကြိတ်များလားဆိုပြီး စမ်းကြည့်သေးပါတယ်။ နှစ်ဖက်လုံးမှာက အပေါ်ပိုင်းလေးမှာ အကြိတ်လေးလိုလို ဖြစ်တော့ဖြစ်နေတယ်။ အရင်မနာခင်တုန်းကလဲ ရှိနေတယ်လို့ သံသယ ရှိနေတာ။ အဆိုးဆုံးက ပစွည်းတစ်ခုခု ငုံ့ကောက်နေတဲ့အချိန်ဆို သိပ်စူးပြီးနာတယ်။ ကင်ဆာနဲ့ ပတ်သက်လား။ အဲဒါ နောက်ထပ် ရာသီသွေးပေါ်ပြီးတဲ့အထိ စောင့်ပြီး ဆက်နာကျင်မယ်ဆိုရင် ဆရာဝန်ကို ပြသဖို့စီစဉ်ထားတယ်။
ဒီအသက်မှာ ရင်သား ကင်ဆာ အဖြစ်မများပါ။ နာတယ်ဆိုတာ ကင်ဆာ လက္ခဏာထဲမှာ ရှားတယ်၊ နောက်ပိုင်း ရောက်နေမှသာ နာတာ များတယ်။ ဆေးစစ်တာ မမှားပါ။ အထူးကုဆရာဝန် (ခွဲစိတ်၊ သားဖွါး-မီးယပ်) တဦးဦးကို ပြသင့်ပါတယ်။ အပေါ်ပိုင်းလေးဆိုတာ မရှင်းပါ။ အထက်ပိုင်း (နို့သီး အထက်) လား၊ အပေါ်ယံ (အရေပြားနား) လား။ ရာသီနဲ့ဆက်စပ်လို့ နာတတ်တာဆိုရင် ဟောမုန်းအပြောင်းအလဲနဲ့ ဆိုင်မယ်။ အောက်ကို ငုံ့တဲ့အချိန်နဲ့ ဆက်စပ်နေရင် ကြွက်သား၊ အရွတ် ဒါမှမဟုတ် ရောင်ရမ်းမှု ရှိလို့ နာတာဖြစ်နိုင်တယ်။ လောလောဆယ် အနာသက်သာဆေး သောက်သင့်တယ်။ နာတာရော၊ ရောင်တာပါ သက်သာစေမယ်။ ဥပမာ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ ၃-၄-၅ ရက်။
Sun, May 6, 2012 at 8:08 AM ကျမ အခု (့) မှာနေပါတယ်။ (့)။ (့)။ အရင်က ကိုယ်ဝန်ဖျက်ဘူးတာကို ကိုယ်ဝန်သွားပြရင် ဆရာဝန်က မေးတတ်သလား။ ဆရာဝန်မေးရင် အမှန်အတိုင်း ဖြေရမှာလား ညာပြောရင် ဘာတွေဖြစ်လာနိုင်လဲဆရာ။
ဆရာဝန်တွေက ရောဂါနောက်ကြောင်း မေးမှာအမှန်ဘဲ။ ကိုယ်ဝန်၊ ကလေးယူဘို့ ဆိုတာမှာ ကိုယ်ဝန်ဆောင်ဘူးသလား၊ ကလေးအကောင်း ဘယ်နှစ်ယောက် မွေးပြီးပြီလဲ၊ ပျက်ဘူးသလား၊ ဘယ်နှစ်ခါလဲ၊ သားအိမ်ခြစ်သလား စသဖြင့် မေးရတယ်။ မေးတဲ့သူရဲ့တာဝန်ဖြစ်တယ်။ ဖြေတဲ့သူတွေ ဘယ်လိုဖြကြသလဲ အများကြီး တွေ့ဘူးတယ်။ အခုမေးသူက ကလေးယူဘို့အတွက် ဆရာဝန်ပြမှာဆိုတော့ ကိုယ်ဝန်ဆောင်ဘူးသူဆိုတာ ကလေးရလမ်း ရှိတယ် ဆိုတာ သေခြာနေပြီ။ လစဉ် မျိုးဥထွက်နေမယ်။ သားအိမ်ပြွန် ပိတ်မနေဘူး။
အမှန်အတိုင်း ဖြေမယ်၊ မဖြေဘူးကို အကြံမပေးနိုင်ပါ။ ဆရာဝန်လဲ လူဖြစ်လို့ လူမှုရေးကိုပါ ထည့်စဉ်းစားပါတယ်။ လက်တွေ့အရပြောရရင် တချို့ အမျိုးသမီး၊ အမျိုးသားတွေက ဘယ်သူ့ကိုမှ မသိစေချင်တာရှိရင် ဆရာ့ကို တိုက်ရိုက် သီးသန့်လာပြောတာရှိတတ်တယ်။ ဆရာကလဲ ဆရာမတွေကအစ မပြောပါ။ ဆေးကုတဲ့အခါ ထည့်စဉ်းစားနိုင်လို့ ကျေးဇူးကြီးတယ်။ "လူနာရဲ့ အားကိုးယုံကြည်မှုကို အလွဲမလုပ်ရ" ဆိုတာ ဆရာဝန်တွေရဲ့ ပဋိညာဉ်ဖြစ်တယ်။
Sun, May 6, 2012 at 9:02 PM
နားနဲ့မနာပဲ ဖ၀ါးနဲ့နာပါ။ ကျွန်တော် လိင်အင်္ဂါဟာ အောက်သို့ အနည်းငယ် ကောက်နေပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံရင် အနှောက်အယှက် ဖြစ်နိုင်ပါသလား။ တခြားပြသနာများရော ရှိနိုင်ပါသလား။ ကုလို့ရော ရပါသလား ဆိုတာ သိချင်ပါတယ်ခင်ဗျာ။ တခြားရောဂါများတော့ မရှိပါ။
• Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း ကိုဖတ်ပါ။ ဒီရောဂါက အထက်ကိုကောက်နေတာကို သတိထားပါ။
Sun, May 6, 2012 at 8:16 PM
ကျွန်မမှာလေ ရာသီးသွေးပေါ်တာ တစ်လထက်တစ်လ ဘာလို့နောက်ကျနေတာလဲနော်။ ဥပမာ (ဒီတစ်လ ၃ ရက်နေ့ လာမယ်ဆိုရင် နောက်လကျရင် ၁၂ သို့ ၁၅ရက်) အဲလောက်မှ အမြဲလာလာတတ်တယ်။ ဒီလိုဖြစ်နေခဲ့တာ လွန်ခဲ့တဲ့ ၁ဝနှစ် မတိုင်ခင်ကတည်းက ဖြစ်ခဲ့တယ်။ ဘာကြောင့် အဲလိုဖြစ်ရတာလဲ၊ ဘယ်လိုဆေးတွေ မှီဝဲစားသုံးရမလဲ၊ စိုးရိမ်စရာတွေ ဖြစ်လာနိုင်မလား။ မတော်လို့ အိမ်ထောင်ကျကျရင် ကိုယ်ဝန်စပြီး စွဲတဲ့နေ့စသိဖို့ ဘယ်လို ပြင်ဆင်ရမလဲ။ ဘယ်လို လုပ်ရမလဲ၊ folic acid ကို ဘဲအမြဲသုံးစွဲတယ်။ တစ်နေ့ တစ်လုံးသောက်လေ့ရှိပါတယ်။ နောက်ထပ် ဘာဆေးတွေ သောက်သင့်ပါသလဲဆိုတာလဲ အသိပေးအကြောင်းကြားစေလိုပါတယ်။
ရာသီအတွက် ဒီစာတွေဖတ်ပါ။
• Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://dts-medicaleducation.blogspot.com/2011/12/menstrual-suppression.html
• Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) http://dts-medicaleducation.blogspot.com/2011/04/menstruation.html
• Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) http://dts-medicaleducation.blogspot.com/2011/04/menstruation_25.html?zx=8e357ec74387067c
ကိုယ်ဝန်အတွက် ဒီစာတွေကိုဖတ်ပါ။
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducation.blogspot.com/2011/01/pregnancy-and-air-travel.html
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducation.blogspot.com/2011/01/exercising-during-pregnancy.html
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-hepatitis-c.html
• Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) http://dts-medicaleducation.blogspot.com/2011/11/pregnancy-and-prednisolone.html
• Pregnancy and Rheumatic disease ကိုယ်ဝန်ဆောင်နဲ့ လေးဘက်နာ http://dts-medicaleducation.blogspot.in/search?q=Pregnancy+and+Rhumatoid+arthritis
• Pregnancy and Rubella (ရူဘဲလား) နဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2010/12/pregnancy-and-rubella.html
• Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန် http://dts-medicaleducation.blogspot.com/2011/01/sleeping-pills-and-pregnancy.html
• Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း) http://dts-medicaleducation.blogspot.com/2010/09/pregnancy-and-ultrasound.html
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducation.blogspot.in/2011/11/pregnancy-and-vomiting.html
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation.blogspot.com/2010/11/pregnancy-tests.html
• Pregnancy, CS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ http://dts-medicaleducation.blogspot.com/2011/11/pregnancy-cs-and-anesthesia.html
• Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ http://dts-medicaleducation.blogspot.com/2011/03/premenstrual-syndrome-pms.html
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.in/2012/03/prenatal-tests.html
Mon, May 7, 2012 at 4:16 AM
ကျွန်မ နောက်ပိုင်း ကပ်ခွာ ကပ်ထားတဲ့နေရာက သိပ်မယားတော့တာ ဒီနေ့အထိပါ။ ဒါ့ကြောင့် ကျွန်မ Cetirizine hydrochloride ကို မသောက်ဖြစ်သေးပါဘူး။ ကျွန်မ ကိုယ့်ကိုကိုယ် သေသေချာချာ ပြန်သုံး သပ်ကြည့်တော့ ယားတဲ့နေရာက ကပ်ခွာ ကပ်ထားတဲ့ တစ်နေရာလုံး မဟုတ်ဘဲ လေးထောင့်ကပ်ခွာရဲ့  ဘေးပတ်ပတ်လည် နံ့ရံတွေကပါ။ ကော်ပါလို့ အသားမှာ ကြာကြာ ကပ်နေတော့ ဘေးနံရံတွေက ယားတဲ့ ပုံစံမျိုး ခံစားရပါတယ်။ ဒါဟာ ကျွန်မအတွက် ပထမဆုံးအကြိမ်ကပ်ခြင်းပါ။ ခုယားတာသူ့အလိုလို တော်တော်လေး သက်သာ နေပါတယ်။ ဒါ့ကြောင် ဒီလိုဖြစ်ပုံမျိုးဟာ စစခြင်း ကပ်တဲ့ လူအချို့မှာ ဖြစ်လေ့ဖြစ်ထ ရှိပါသလား သိပါရစေရှင်။ ဒီလိုနည်းနည်း ယားယံခြင်းခံစားရတာ ဟာကပ်ခွာရဲ့ ကိုယ်ဝန်တားဆီးနိုင်မှု အကျိုးအာနိသင်ကို ထိခိုက်နိုင်ပါသလားရှင်။
အဲလိုဖြစ်တတ်ပါတယ်။ တားဆေး ကပ်ခွါသာမကာ အနာဆေးထည့် ပလာစတာကိုလဲ တချို့က အဲလိုဖြစ်တယ်။ မတည့်တာတခုခုကို လူတွေက ကြာရင် ယဉ်ပါးလာနိုင်တယ်။ သိပ်မတည့်လွန်းရင်တော့ ပိုဆိုးလာတတ်တယ်။ ပိုဆိုးလာရင်တော့ အခုရော နောင်ပါ မသုံးသင့်ဘူး။ ဒီသဘောဖြစ်လို့ တားစေနိုင်စွမ်းကို မသက်ရောက်နိုင်ပါ။
ယမုန်နာဆေးခန်း - အမေးအဖြေ (၄၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




