24
May

အမေးအဖြေ (၄၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

(1) ကျွန်မ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။
(2) ကျွန်မ ပထမ Contraceptive patch ကို ၇ ရက်ကြာကပ်အပြီး
(3) ဆီးစစ်တဲ့အချိန် ကိုယ်ဝန်ရှိပြီလို့ သိရပါတယ်။
(4) အသက် ၂၄ နှစ်ပါ အိမ်ထောင်ကျတာ ၁ လကျော်ပါပြီ။
(5) အမျိုးသမီး ရာသီသွေးဆင်းချိန် ဆက်ဆံလျှင် ဘာဖြစ်နိုင်ပါသလဲခင်ဗျား။
(6) အမျိုးသမီးနှင့် ရာသီလာနေစဉ်ကာလအတွင်းမှာ အတူတူအိပ်ခဲ့မိပါတယ်။
(7) ကောင်မလေးကို သုံးလခံတားဆေးထိုးပေးပါတယ်။
(8) ကျွန်တော့် အင်္ဂါကြီးထွားသန်မာချင်ပါတယ်။
(9) Gentalene-C အရေးပြား လိမ်းဆေးက ဝှေးစေ့အရေပြားမှာလိမ်းလို့
(10) ကျွန်တော်သည် TB ဆေးသောက်နေသော ဝေဒနာရှင်တစ်ယောက်

Fri, May 11, 2012 at 1:42 PM
ကျွန်မ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အသက်က ၂၄ နှစ်ပါ။ ကလေးမယူသေးဘူးဆိုပြီး ကိုယ်ဝန်တားဆေး သောက်တာ ၈ လလောက်ရှိနေပါပြီ။ အစပိုင်း ၄ လ လောက်တော့ ရာသီလာသေးတယ်။ ရာသီမလာတာ ခုထိဆို ၃ လနီးပါး ရှိသွားပြီ။ စိတ်ပူလို့ ကိုယ်ဝန်ရှိမရှိ ကိုယ်တိုင် စမ်းကြည့်ပါတယ်။ Negative ပဲပြနေလို့ သေချာအောင်ဆိုပြီး ဆရာဝန်ဆီ သွားကြည့်ပါတယ်။ အခုနေတာက (့) မှာ။ ဆေးခန်းသွားပြတော့ ကိုယ်ဝန်လည်း မရှိဘူးလို့ ပြောပါတယ်။ အထူးဆေးရုံကို ပြကြည့်ပါလို့ ညွန်လို့ သွားကြည့်ပြီးပါပြီ။ ရာသီလာအောင် ဆေးပေးနိုင်တယ်တဲ့၊ ခုလက်ရှိသောက်နေတဲ့ဆေးကို ရပ်ရမယ် ဒါပေမဲ့ ဆေးရပ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ ပြောတယ်။ နောက်အပတ်ထဲမှာ အက်ထရာဆောင်း ရိုက်ကြည့်ပြီးမှ ဘယ်လိုဆက်လုပ်ရမလဲဆိုပြီး ရက်ချိန်းထားပါတယ်။ ဘာကြောင့်ရာသီ မလာတာလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်။ ပုံမှန်ဆိုရင် ရာသီလာတာလည်း မမှန်ဘူးဆရာ။ တခါတလေ ၁ လနဲ့လာတယ်။ တခါတလေ ၁ လခွဲလောက်မှလာတာ။ ကိုယ်ဝန်တာဆေး သောက်တာကလည်း တကပ်ကုန်ရင် လာလာ မလာလာ နောက်တကပ် ဆက်သောက်တယ်။

အဲဒါက အသိတယောက်က ပြောပြလို့ အဲလိုသောက်နေတာ။ သောက်တာပဲ မမှန်လို့လား။ နောက်တခုက လွန်ခဲ့တဲ့ ၄ လလောက်က လက်ကို ညီမလေးတယောက်က နိပ်ပေးရင်းနဲ့ အကြောလွဲသွားလားမသိဖူး လက်က ဖူးရောင်လာတယ်။ ဒါနဲ့ တရုတ်ဆေးခန်းမှာ သွားပြတယ်။ သူတို့်က လက်အပ်စိုက်နည်းနဲ့ ကုပေးတာ လက်က ပိုပြီးဆိုးလာတယ်။ ဒါနဲ့ (့) ကိုသွားပြတယ်။ ဘာမှ မတွေ့ဖူးလို့ပြောတယ်။ တပတ်စာ သောက်ဆိုလို့ သောက်တာလဲ မပျောက်ဖူး။ ဒါနဲ့ နောက်ထပ် အစိုးရဆေးရုံတခုကို သွားပြတယ်။ ဘာမှ မတွေ့ဖူးပဲပြောတယ်။ ဒါပေမယ့် (MEFENAMIC ACID 250MG, FAMOTIDINE 20MG) ကို သောက်တာ ရောင်တာတော့ လျော့သွားတယ်။ လုံးဝ ရှင်းရှင်း ပျောက်မသွားဖူး။ ၃ ခါလောက် သွားပြတယ်။ အဲဆေးနဲ့ လက်နာတာ အရောင် လျော့တယ်ဆိုလို့ အဲဆေးပဲ ထပ်ပေးတယ်။ ဆေးခန်းခကလည်း ဒီမှာ အရမ်း ဈေးကြီးတော့ အမြဲတမ်းမသွားချင်ဘူး။ အဲဒီလက်နာပျောက်ဆေးကပဲ ကိုယ်ဝန်တားဆေးမှာ သွားအကျိုးသက်ရောက်နေလို့လား။

လက်ကိုထိခိုက်မိသွားတာက အရိုးကျိုးတာကိုသာ ဓါတ်မှန်နဲ့ သိနိုင်တယ်။ ကြွက်သား၊ အရွတ်တွေထိခိုက်ရင် ဓါတ်မှန်မှာ မမြင်ရဘူး။ အဲလို အပျော့ စားနေရာတွေကို ထိခိုက်ရင် နည်းနည်းဖြစ်ဖြစ် ရောင်နေမယ်။ နာမယ်။ အနာ-အကိုက်ပျောက်ဆေး (ရေးပြတာလဲ အဲလိုဆေးဖြစ်တယ်) သောက်ရင် နာတာရော ရောင်တာပါ သက်သာမယ်။ ဒဏ်များထားရင် ပျောက်ဘို့ အချိန်ယူတယ်။ အရိုးကျိုးတာတောင် ၆ ပါတ် အနည်းဆုံး အချိန်ယူသလို အပျော့စား (တစ်ရှူး) တွေ ပျောက်ဘို့လဲ အချိန်ယူတယ်။ ဖြစ်တဲ့နေရာကို နားနေ ငြိမ်နေမှ အပျောက်မြန်မယ်။ အနာသက်သာဆေးလဲ ဆက်သောက်နိုင်တယ်။

ရာသီမမှန်တာ အဖြစ်များတယ်။ တားဆေး သောက်နည်း မှန်ပါတယ်။ တားဆေးက ရာသီရက်မှန်ကြသူ များပါတယ်။ (အာလ်ထွာဆောင်း) ရိုက်ရင် ကောင်းပါတယ်။ ဒါမှ သားအိမ်၊ မျိုးဥအိမ်အခြေအနေကိုသိပြီး ရာသီ မမှန်တဲ့ အကြောင်းရင်းလဲ သိနိုင်တယ်။ မသိနိုင်တာလဲ ရှိသေးတယ်။

Fri, May 11, 2012 at 7:36 AM
ကျွန်မ ပထမ Contraceptive patch ကို ၇ ရက်ကြာကပ်အပြီး ၈ ရက်မြောက်နေ့မှာ ဒုတိယတစ်ခုကို အချိန်အတူတူမှာဘဲ ထပ်ကပ်ခဲ့ပါတယ် ပထမတစ်ခုကို ဆီးခုံရဲ့ ညာဘက်ခြမ်းမှာကပ်ခဲ့ပါတယ်။ ဒုတိယ တစ်ခုကို ဝမ်းဗိုက်ရဲ့ အလယ်ခေါင်တည့်တည့်မှာ ကပ်ထားရင်းကနေ စကပ်တဲ့အချိန်ကနေ ၁၂ နာရီကျော် ကြာလောက်မှာ ဗိုက်ထဲကအောင့်လာလို့ ချက်ခြင်းခွာပြီး ပထမ patch ကိုကပ်တဲ့နေရာမှာဘဲ ချက်ခြင်း ပြန်ကပ်ထားပါတယ်။ patch သုံးထားသော်လည်း ပိုမို စိတ်ချရအောင် အတူမနေခင် Spermicides ကျားသုတ်ပိုးသတ်ဆေး ထပ်မံ သုံးစွဲလို့ ရပါသလားရှင်။ သုံးစွဲမည်ဆိုပါက မည်သည့် အမျိုးအစားကို သုံးစွဲပါက အသင့်တော်ဆုံးပါလဲရှင်။ ကျွန်မဆေးကို vagina ထဲထည့်ရမှာကြောက်ပါတယ်။ သို့မဟုတ် အတူနေအပြီး Emergency Contraceptive pill ကို ထပ်မံ သုံးစွဲလို့ရော ရပါသလားရှင်။ ရသည်ဆိုပါက မည်သည့် အမျိုးအစားကို သုံးစွဲသင့်ပါသလဲရှင်။ ဒီလိုမေးရတာ ခွင့်လွတ်ပါရှင်။ ဒီနေ့ဘဲ ဆေးသုံးနေရဲ့သားနဲ့ ဘယ်လို ချွတ်ချော်မှုကြောင့်မသိ ကိုယ်ဝန်ရှိသွားတဲ့ သူငယ်ချင်းလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိလို့ပါ။

Patch သုံးနေရင် Emergency Contraceptive pill ကိုလဲသုံးဘို့မလိုပါ။ ဟော်မုန်းတွေ ကမောက်ကမဖြစ်သွားနိုင်တယ်။
Spermicides ဆေးက ဆေးပြားနဲ့ (ဂျယ်လီ) လာတယ်။ ၂ မျိုးလုံးက ဗဂျိုင်းနားထဲထည့်ရတယ်။ နည်းနည်းစပ်ပူတယ်။

Fri, May 11, 2012 at 1:59 AM
ဆီးစစ်တဲ့အချိန် ကိုယ်ဝန်ရှိပြီလို့ သိရပါတယ်။ တခြားနိုင်ငံတခုမှာ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် မလိုချင်သေးပါ ဘူးရှင်။ ဆေးဝယ်သောက်ဖို့ ကလည်း မြို့နဲ့ဝေးနေပါတယ်။ ခုဆို ၅ ပတ်လောက်ရှိပါပြီ။ ကိုယ်ဝန်ဖျက်နိုင်ဖို့ မြန်မာ့ ရိုးရာဆေးနည်းလေးများသိရင် လမ်းညွန်ပေးပါလားရှင်။ ဘယ်လို လုပ်ရမလည်း ဆိုတာလည်း မသိတော့ပါဘူးရှင်။ ရောက်ရှိနေသောနေရာနဲ့ အနေအထားအရ ဆေးမြီးတို သာလျှင်ရနိုင်လို့ပါရှင်။

ထပ်ထပ်ပြောပါမယ်။ ဆရာက မြန်မာပြည်က ဆေးပညာသင်ထားသူဖြစ်လို့ ကိုယ်ဝန်ကို တမင် ဖျက်မပေးပါ။ ဆေးနည်းလဲ မညွှန်းပါ။ ဆေးစာတွေရေးနေတော့ အကြောင်းအရာ စုံအောင်ရေးတာမို့ ကိုယ်ဝန်ဖျက်ခြင်းအကြောင်းတွေလဲ ဒေါင့်အစုံကနေ ရေးထားပါတယ်။ တိုင်းရင်းဆေကို ဆရာမသိပါ။
- http://dts-medicaleducation-adultblogspotin/ အောက်ဆုံးမှာရှိတဲ့ မာတိကာထဲက ဖတ်လိုရာ ဖတ်နိုင်ကြပါတယ်။

Thu, May 10, 2012 at 1:16 PM
အသက် ၂၄ နှစ်ပါ အိမ်ထောင်ကျတာ ၁ လကျော်ပါပြီ။ လွန်ခဲ့တဲ့ Apirl 29 က သမီး ဓမ္မတာလာပါတယ်။ အခု May 10 အထိ ဓမ္မတာမလာသေးပါဘူး။ ကိုယ်ဝန်စစ်ကြည့်တော့လည်း negative ဘဲပြတယ်။ May 1 ရက်နေ့ ဝန်းကျင်လောက်ကတော့ ရင်သားတွေတင်းပြီး နာတယ်။ သွေး တစက်လောက်တော့ ဆင်းတယ်။ နောက်ပိုင်း ဘာလက္ခဏာမှ မပြသလို တခြား ဘာမှလည်းမထူးခြားဘူး။ ဓမ္မတာပေါ်အောင် သွေးဆေးတွေလဲသောက်တယ်။ ဆရာဝန်နဲ့လည်း ပြပြီးတော့ ဆေးသောက်တယ်။ အခုထိ ကိုယ်ဝန်ရှိတယ်လို့ ကောက်ချက်ချလို့ မရသေးသလို ဘာမှလဲ မထူးခြားဘူးဖြစ်နေတယ်။ ကိုယ်ဝန်ရှိစမှာ ဖြစ်တတ်တဲ့လက္ခဏာလေးတွေကိုပြောပြပေးပါ။ သမီးမှာကိုယ်ဝန်ရှိနေနိုင်လား။

• ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://dts-medicaleducationblogspotcom/2010/03/anc-antenatal-carehtml
• Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး http://dts-medicaleducationblogspotcom/2011/01/pregnancy-and-air-travelhtml
• Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း http://dts-medicaleducationblogspotcom/2011/01/exercising-during-pregnancyhtml
• Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန် http://dts-medicaleducationblogspotcom/2011/11/pregnancy-and-hepatitis-chtml
• Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာ-ဆောင်း) http://dts-medicaleducationblogspotcom/2010/09/pregnancy-and-ultrasoundhtml
• Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း http://dts-medicaleducationblogspotin/2011/11/pregnancy-and-vomitinghtml
• Pregnancy, CS and Anesthesia ဗိုက်ခွဲမွေးတာ ဘယ်မေ့ဆေး သုံးမှာလဲ ၏
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducationblogspotcom/2010/11/pregnancy-testshtml
• Pregnancy Third trimester ကိုယ်ဝန်ဆောင် နောက်ဆုံး (၃) လ http://dts-medicaleducation.blogspot.in/2012/03/third-trimester-of-pregnancy.html

Fri, May 11, 2012 at 10:45 AM
အမျိုးသမီး ရာသီသွေးဆင်းချိန် ဆက်ဆံလျှင် ဘာဖြစ်နိုင်ပါသလဲခင်ဗျား။

သန့်ရှင်းရေးသာ ဂရုစိုက်ဘို့လိုပါမယ်။ ကိုယ်ဝန်မရစေပါ။ မိန်းကလေးက HIV, Hepatitis B ရှိနေရင်တော့ သွေးမှာ ပိုးပါနေနိုင်တယ်။ (ကွန်ဒွမ်) နဲ့ ကာကွယ်နိုင်တယ်။

Mon, May 14, 2012 at 7:41 PM
အမျိုးသမီးနှင့် ရာသီလာနေစဉ်ကာလအတွင်းမှာ အတူတူအိပ်ခဲ့မိပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ရနိုင်သလား။ရာသီလာပြီးနောက်ပိုင်း ခေါင်းတွေ မူးနေ တယ်လို့ ပြောနေပါတယ်။ အဲဒါ ကိုယ်ဝန်ရနိုင်သလား။ လက်ထပ်ထားတာ ရက်ပိုင်းဘဲ ရှိပါသေးတယ်။ ကလေးမလိုချင်သေးပါဘူး။ ဘယ်လိုလုပ်ရမလဲ။

ရာသီလာနေတုံး အတူနေလို့ ကိုယ်ဝန်မရစေနိုင်ပါ။ ခေါင်းမူးတာအတွက် သွေးဖိအားတိုင်းပါ။ သွေးအားနည်းနေ-မနေ စစ်ပါ။ ကလေးမလိုချင်သေးရင် ကာကွယ်နည်း တခုခုကိုရွေးပြီး စနစ်တကျသုံးပါ။
- Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/different-methods-of-contraception.html

Fri, May 11, 2012 at 12:08 PM
ကျွန်တော့် လိင်အင်္ဂါကြီးထွားသန်မာချင်ပါတယ်။ ဘယ်လိုဆေးမျိုးနဲ့ အစားသောက်ကို စားရပါသလဲ။ သုတ်ရည်များများထွက်အောင် ဘာအစားစာမှီဝဲပါ့သလဲ

- Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/04/penis-enlargement-1html
- Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/penis-enlargement-2html
- Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) http://dts-medicaleducation-adultblogspotin/2012/04/penis-enlargement-3html
- Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ http://dts-medicaleducation-adultblogspotin/2012/04/penis-pumphtml
- Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adultblogspotin/2012/04/sperm-and-semenhtml
- Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
- Sperm count သုက်ပိုးများစေနည်း http://dts-medicaleducation-adultblogspotin/2012/03/sperm-counthtml
- Sperm Viability and Motility သုက်ပိုးအားနည်းခြင်း http://dts-medicaleducation-adultblogspotin/2012/03/sperm-viability-and-motilityhtml

Mon, May 14, 2012 at 3:06 PM
Gentalene-C အရေးပြား လိမ်းဆေးက ဝှေးစေ့အရေပြားမှာလိမ်းလို့ ရပါသလား။ ဝှေးစေအရေပြားမှာ ယားနာ ပေါက်နေလို့ပါ ဘယ်လို အသုံးပြုရမယ်ဆိုတာ ညွှန်ကြားပေးစေလိုပါတယ်။ ကျွန်တော့် ရောဂါက ဝှေးစေ့နှစ်လုံးကြား ဆက်ကြောင်းပေါ်မှာ ဖြစ်တာပါ။ အဲ့နေရာကို သွားထိလိုက်ရင် ယားပြီး ကုတ်ချင်နေတော့ တာပါပဲ။ ပုရွက်ဆိတ်ကိုက်သလို အဖုလေး ဖြစ်နေပါတယ်။ စဖြစ်တာက နှစ်ပတ်လောက်ရှိပါပြီ။

GENTALENE-C cream ဟာ Betamethasone dipropionate 005 % w/w, gentamycin sulphate 01 % w/w, clotrimazole 1 % w/w ပါတဲ့ဆေးဖြစ်တယ်။ ဆရာဝန်ကညွှန်မှ လိမ်းသင့်ပါတယ်။ ပါးပါးသာလိမ်းရတယ်။ ရက်လဲ သိပ်မကြာသင့်ပါ။ ယားနာဆေးတော့ မဟုတ်ပါ။ နာတာရှည် မပျောက်နိုင်တဲ့ အရေပြားနာအတွက် သုံးရတယ်။
• Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adultblogspotin/2012/03/lesions-on-penis_31html
• Lesions on penis (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adultblogspotin/2012/03/lesions-on-penishtml
Fungal jock itch ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ ကုသနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/fungal-jock-itch.html

Sat, May 12, 2012 at 9:03 PM
ကောင်မလေးကို သုံးလခံတားဆေးထိုးပေးပါတယ်။ အခု ငါးလပိုင်း တစ်ရက်နေ့မှာ သုံးလပြည့်သွားလို့ ဆရာဝန်က နောက်တစ်ကြိမ်ထပ်လာဖို့ မှာထားပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဆေးထပ်မထိုးတော့ဘဲနဲ့ ၃-၅-၂ဝ၁၂ ရက်နေ့မှာ ဆက်ဆံမိပါတယ်။ အဲ့ဒိနေ့မှာဘဲ အရေးပေါ်ကိုယ်ဝန်တားဆေး တိုက်ပါတယ်။ ပြီးတော့ ၅-၅-၂ဝ၁၂ ရက်နေ့မှာ နောက်တစ်ကြိမ် ထပ်ဆက်ဆံမိလို့ အဲ့ဒိနေ့မှာဘဲ Mary Pink တားဆေး ထပ်တိုက်လိုက်ပါတယ်။ အဲ့ဒါ ဒီနေ့ ၁၂-၅-၂ဝ၁၂ ရောက်တဲ့အထိ သွေးမဆင်းသေးပါဘူး။ ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါလဲ။

ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်မရှိဘဲ ရာသီမဆင်းတာလဲ ဖြစ်နိုင်တယ်။ တားဆေး (ထိုးဆေး) ကလဲ ရာသီမလာဘဲနေနိုင်တယ်။

Fri, May 11, 2012 at 7:37 PM
ကျွန်တော်သည် TB ဆေးသောက်နေသော ဝေဒနာရှင် တစ်ယောက်ဖြစ် ပါသည်။ ဆေးသောက်နေသည်မှာ တစ်လခန့် ရှိပါပြီ။ ယခုအခါ ကာမဆက်ဆံ၍ ရ-မရ သိချင်ပါသည်။

ဆက်ဆံလို့ ရောဂါကို ဘာမှ မဖြစ်စေပါ။ ဝေဒနာရှင်က သလိပ်ထဲမှာ ပိုးပါမနေရင် မိန်းကလေးကိုလဲ ဆက်ဆံတာကနေ မကူးစေပါ။

ယမုန်နာဆေးခန်း - အမေးအဖြေ (၄၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top