26
May

အမေးအဖြေ (၄၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျတော့် အသက် ၃၅ နှစ်ပါ။ (့) ကပါ။
2. ကျွန်တော် (့) မှာ အလုပ်လုပ်နေတဲ့သူတယောက်ပါ။
3. (၆) ပတ်ခန့်ရှိသော ကိုယ်ဝန်ကို Misoprostol 200 mcg ကို တစ်လုံးသောက်ပြီး တစ်လုံးကိုထည့်လိုက်ပါတယ်။
4. ကျမအသက် ၂၉ နှစ်ပါ။ အသက်လည်းရလာပြီဆိုတော့ ကျမ ကိုယ်ဝန်ရချင်ပါတယ်။
5. ကျွန်တော် အိမ်ထောင်ကျတာ (၁ဝ) ရက်သာရှိပါသေးတယ်။
6. ကျမ ရာသီလာဖို့ နောက်ကျတာ ၂ ပါတ်ရှိပါပြီ။
7. I'm turning 24, and just get married last year.

Tue, May 15, 2012 at 9:16 PM
ကျတော့် အသက် ၃၅ နှစ်ပါ။ (့) ကပါ။ အရင် ၂ ရက်လောက်က လိင်ဆက်ဆံမိတာမှာ အစွပ်မစွပ်မိလိုက်လို့ အခု လိင်တံ ပြည်ထွက် (ဂနို) ဖြစ်နေပါတယ်။ အဲဒါ ဘာဆေး သောက်ရမလဲ။ ဒီနေ့ ဖြစ်တာပါ။ ဆေးခန်းသွားဖို့ ခက်ခဲလို့ပါ။

• Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html

Tue, May 15, 2012 at 8:14 PM
ကျွန်တော် (့) မှာ အလုပ်လုပ်နေတဲ့သူတယောက်ပါ။ စေ့စပ်ထားပြီသား ချစ်သူရှိပါတယ်။ ကျွန်တော့် ငယ်ပါရဲ့ထိပ် အရေပြားကို လှန်လိုက်ရင် အရေပြားအောက်နားမှာ အသားပိုပုံစံအဖုလေး တွေ့ရပါတယ်။ ပထမတော့ အဖြူရောင်လေး ပုံစံမျိုးပါ။ ၇ လ၊ ၈ လလောက်ကြာလာတော့ အဖုလေး ပုံစံဖြစ်လာတော့ ဘာဖြစ်မှန်းမသိပါ။ ယားလဲမယားဘူး၊ နာလဲ မနာဘူး။ ဆရာဝန်နဲ့ပြပါတယ်။ နိုင်ငံခြားသားဆို ဝတ်ကျေတန်ကျေ ပုံစံမျိုးလေးဆိုတော့ ဘာမှန်းကို မသိလို့ပါ။ သိတာ ၁ နှစ်လောက်ရှိပါပြီ။ ဒါပေမဲ့ အရင်က အဖြူရောင် အဖက်လေးလိုပါပဲ အခုကျတော့ ကြွက်နို့ပုံစံလေးလိုပါပဲ သေးသေးလေးပါ။ ဆန်ကွဲစေ့အရွယ် သေးသေးလေးပါ။ အဖုလေးရဲ့အပေါ်ပိုင်းမှာတော့ အဖြူအမွှလေးတွေလိုပဲ။

• Genital Warts (1) လိင်အင်္ဂါကြွက်နို့ http://dts-medicaleducation-adult.blogspot.in/2012/04/genital-warts.html
• Genital Warts (2) လိင်လမ်း ကြွက်နို့

Wed, May 16, 2012 at 9:31 AM
(၆) ပတ်ခန့်ရှိသော ကိုယ်ဝန်ကို Misoprostol 200 mcg ကို တစ်လုံးသောက်ပြီး တစ်လုံးကိုထည့်လိုက်ပါတယ်။ (၆) နာရီကြာတော့ သွေးဆင်းပါတယ်။ အတုံးအခဲက ၁ လက်မ အရွယ်လောက် နှစ်ခါ ပြုတ်ကျပါတယ်။ ကိုယ်ဝန် ရှိနေနိုင်ပါသေးလား၊ ကိုယ်ဝန်ပျက်သွားပါသလား။ ရာသီသွေးဆင်းနေတာ ၁ဝ ရက်ရှိပါပြီ။ တစ်နေ့တစ်ကြိမ် ဗိုက် အရမ်း အောင့်ပါသည်။ သွေးကတော့ နည်းနည်းပဲ ဆင်းပါတော့သည်။ ဆေးခန်းပြစရာလိုပါသလား အန္တရာယ်ရှိနိုင်ပါသလား။

ကိုယ်ဝန်ပျက်တာဖြစ်ဘို့ များပါတယ်။ ကုန်တဲ့အထိ ဆက်ဆင်းနေမယ်။ ပျက်-မပျက်၊ ကျန်နေ-မနေဆိုတာ (အာလ်ထွာဆောင်း) နဲ့သာ သိမယ်။ ဆီးစစ်ရင် မသိပါ။ ပျက်သွားလဲ အပေါင်းဆက်ပြနေပါမယ်။ ကိုယ်ဝန်ဖျက်တာမှာ ဆရာဝန် မပါဘဲလဲ လုပ်ကြတယ်။ အဆင်ပြေသွားတာတွေလဲ ရှိတယ်။ ဆရာဝန်ပြဘို့လိုတာလဲ ရှိတယ်။ မဖျက်ခင်က ကိုယ်ဝန် ဘယ်နှစ်ပါတ်၊ ဘယ်နှစ်လလဲ။ အမျိုးသမီးက သွေးအားနည်းနေ-မနေ။ သွေးဆင်းတာက ရုတ်တရက် အများကြီးဆင်းတာနဲ့ တဖြေးဖြေးဆင်းတာ။ ဖျက်နည်း (ဆေးသုံးဖျက်နည်း၊ သားအိမ်ခြစ်နည်း၊ အရပ်နည်း)။ ဖျက်-ပျက်နေတုံး ရောဂါပိုး ဝင်-မဝင်။ ဒီအချက်တွေအပေါ် မူတည်တယ်။ တချို့လဲ ကြောက်တတ်လို့ သွေးဖိအား ကျသင့်တာထက် ကျရင် မူးတာ၊ မောတာဖြစ်မယ်။ သားအိမ်ညှစ်လို့ အနာမခံနိုင်သူတွေလဲ ရှိတယ်။
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html

Wed, May 16, 2012 at 3:07 PM
ကျမအသက် ၂၉ နှစ်ပါ။ အသက်လည်းရလာပြီဆိုတော့ ကိုယ်ဝန်ရချင်ပါတယ်။ အရင်ကလည်း ရချင်ပါတယ်။ အတူနေပေမယ့်လည်း ခုထိ ကိုယ်ဝန်မရသေး ဘူး ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လည်း သိချင်လို့ပါ။ နှစ်ဦးစလုံးလည်း ဘာဆေး နောက်တားတာလည်း မရှိပါဘူး။ အဲဒါ ကိုယ်ဝန်ရအောင် ဘယ်လို လုပ်ရမယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။ ကျမက နားလည်းမလည်ဘူး။ စာတွေကို ဘယ်လိုရှာဖတ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်။ ခုအသိ တစ်ယောက်က မေးရင် ရတယ်ဆိုလို့ မေးလိုက်တာပါ။ ဘယ်လိုလုပ်ရင် ရနိုင်မယ် ဆိုတာပြောပြပေးပါနော်။

• Infertility (1) ကလေးမရနိုင်သေးခြင်း (၁)
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂)
• Infertility Treatments ကလေးရအောင် ကုသနည်းများ

Sun, May 20, 2012 at 3:07 PM
ကျွန်တော် အိမ်ထောင်ကျတာ (၁ဝ) ရက်သာရှိပါသေးတယ်။ ဇနီးမောင်နှံနှစ်ယောက် ကလေးယူချင်ပါတယ်။ ကျွန်တော့် မိန်းက အသက်က ၃ဝ ကျော်ပါပြီ။ မိန်းကလေးက အသက် ၃ဝ ကျော်ရင် ကလေးယူရတာခက်တယ်လို့လဲ ကြားဖူးပါတယ်။ ကလေးလိုချင်ရင် ဘယ်လိုမျိုးအချိန်မှာ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုမျိုး ဆေးဝါးများကို သောက်သုံးရမလဲဆိုတာ သိချင်ပါတယ်။ နောက် ကိုယ်ဝန်ရှိ-မရှိ ဆီးတိုင်းတဲ့ ပစ္စည်းက ဆက်ဆံပြီး ဘယ်နှစ်ရက်မှာ အဖြေပေါ်ပါသလဲ။ အိမ်ထောက်ကျပြီး ၁ဝ ရက်မြောက်နေ့မနက်မှာ ကိုယ်ဝန်ရှိမရှိ ဆီးတိုင်းတဲ့ပစ္စည်းနဲ့ စမ်းကြည့်ပါတယ်။ မရှိဘူးလို့ ပြနေပါတယ်။ အဲ့အဖြေကမှန်ပါသလား။

• Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
• Infertility Treatments ကလေးရအောင် ကုသနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation.blogspot.com/2010/11/pregnancy-tests.html
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation.blogspot.in/2012/03/prenatal-tests.html
• (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://dts-medicaleducation-adult.blogspot.in/2012/03/hcg.html

Sun, May 20, 2012 at 3:20 PM
ကျမ ရာသီလာဖို့ နောက်ကျတာ ၂ ပါတ်ရှိပါပြီ။ ခု ၆ ပါတ် ပြည့်လို့ အိမ်မှာပဲ ဆီးစစ် ကြည့်တော့လည်း Negative ပြပါတယ်။ ကိုယ်ဝန် ရှိ-မရှိကို ၆ ပါတ်မှာ Ultasound နဲ့ Blood test စစ်ရင် သေချာသိရတယ်လို့ သူငယ်ချင်းတွေက ပြောကြလို့ ဆေးခန်းသွားပြတော့လည်း ဆီးပဲ စစ်ပေးလိုက်ပါတယ် Not pregnant တဲ့ စောသေးတယ်လို့ ပြောတယ်။ ၂ ပါတ် ၃ ပါတ် စောင့်ပါတဲ့။ အခြားဆေးခန်းတွေမှာ ပြဖို့လိုအပ်ပါသလား။ ကျမ အသက်က ၄ဝ နှစ် ၆ လ ရှိပါပြီရှင့်။ ကလေး အရမ်းလိုချင်ပါတယ်။ အိမ်ထောင်ကျတာ (၄) နှစ် ပြည့်တော့မှာပါ။ ပထမ ၂ နှစ်တုန်းက ကလေး မယူချင်သေးလို့ အကာအကွယ် သုံးပါတယ်။ ဘာဆေးမှ မစားဘူးပါဘူး၊ အခု ၂ နှစ်ရှိပါပြီ ကလေးမရတာ။ အမျိုးသားက အသက် ၃၉ နှစ်ပါ။

ဘယ်နှစ်ပါတ်လောက်မှ ကိုယ်ဝန် ရှိ-မရှိကို သိရပါ့မလဲ။ အခု Folic Acid နဲ့ Betex (Vitamin B1, B6, B12) သောက်နေပါတယ်။ အဲဒီဆေးကို ဆက်ပြီးသောက်သင့် မသောက်သင့် သိပါရစေ။ Betex ကတော့ မြန်မာပြည် ပြန်တုန်းက ခေါင်းမူးတာ သွားပြတော့ သောက်ခိုင်းလို့ပါ။ ကျမမှာ သားအိမ်မှာ အသားလုံးလေး ရှိနေတယ်။ ဘာဆေးမှ မသောက်ရဘူး ကိစွမရှိပါဘူးတဲ့။ နောက်ပြီး အခု ကြာကြာထိုင်ရင် ခါးနာ လာပါတယ်။ တနေကုန် Computer နဲ့ လုပ်နေရတာပါ။ ကျမအသက်က ကိုယ်ဝန်ဆောင်လို့ ရနိုင်ပါအုံးမလား ဆိုတာ သိပါရစေ။

သားအိမ်အလုံးဆိုတာ Fibroid/Myoma ဖြစ်မယ်ထင်ပါတယ်။ (အာလ်ထွာဆောင်း) ရိုက်ဘို့ ကိုယ်ဝန်အတွက် လိုနိုင်တယ်။ ဖြစ်နေတဲ့နေရာအပေါ်မှာ မူတည်တယ်။ သားအိမ် အပြင်ပိုင်း၊ အလည်ပိုင်း၊ အတွင်းပိုင်း၊ အရွယ်အစားတွေအပေါ် မူတည်တယ်။ အသက် ဘယ်လောက်ရှိနေနေ သွေးမဆုံးသေရင် ကလေး ရနိုင်သေးတယ်လို့ ပြောနိုင်ပါတယ်။ မရနိုင်သေးတဲ့အကြောင်းတရားတွေတော့ ရှိတာပေါ့။
• (hCG) ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://dts-medicaleducation-adult.blogspot.in/2012/03/hcg.html
• Prenatal Tests ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ
• Pregnancy - when does it start? ကိုယ်ဝန်ရှိတယ်ဆိုတာ
• Myoma (Fibroid) သားအိမ်အလုံး

Sat, May 19, 2012 at 1:39 AM
I'm turning 24, and just get married last year. First question is about my mysterious weight loss. I am losing weight bit by bit. A year ago, I went to general doc in Yangon, but doctor said there is no need to worry because a young girl can lose weight for many reasons like stress, study, sleep late, etc. So he said I will be just fine. It's been 2 years already. I keep losing weight and I'm like only 84 pounds right now and I can even feel my bones. Probably it is psychological thinking, I even feel hurt sometime when I sleep on the side, feel my bones are hurting since no fat on it. I never go for diet in my life. Eat a lot and many times, almost at all the time. Even before bed if i feel like eating, I would find something to eat.

Last October, I was sick badly, had high fever, tummy pain as well. So I went to hospital, got ultrasound as well, then found out I have right ovary cyst which is 3.7 x 2.9cm (+). The doc said it was not important and advised to see specific field of doc. Do I really need to see doctor now for cyst?

Another question is, about my body shape. I just got married and decided to get a kid in 2 or 3 year time. But these days I am so desperate about my breast. I have such a tiny breast. I feel not happy about my size of breast. I heard there are some people taking hormone pills which have estrogen and works. I tired breast cream for certain period of time already when I got married. But it doesn't work. So I am willing to go for hormone pills. Can you recommend me any good hormone pills for my breast enhancement? We live in …. When I tired online search about estrogen pills shop, cannot find any good source. Is that estrogen pills illegal thing? Is that required doctor prescription?

(1) Weight loss: Have you checked Chest X-ray? Do you have any contact history of a TB patient?

(2) Ovarian cyst usually does not cause weight loss. But an OG can give you the best advice. Have you read and tried what I wrote in the article? Please try out.

(3) Breast size: Be advised not to try hormone pills without prescription by a qualified doctor. I am sending three articles of mine.

I guess after marriage the size will increase. Sexual changes (desire, activities) can initiate hormonal changes which will help primary sexual organs (vagina etc.) and Secondary sex characteristics (breast etc.) to increase size and shape.
• Weight gain လှယုံမက ဝချင်သေးရင်
• Breast Massage ရင်သား နှိပ်နယ်ခြင်း
• Breast enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ
• Nipples နို့သီးခေါင်း အကြောင်း

ယမုန်နာဆေးခန်း - အမေးအဖြေ (၄၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top