28
May

အမေးအဖြေ (၄၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်မ အသက်က ၃ဝ ပါရှင့်။ အိမ်ထောင်ကျတာ (့) ပဲ ရှိပါသေးတယ်ရှင့်။
2. မင်္ဂလာ မဆောင်ခင်တုန်းကတော့ ရာသီရက်က ၆-၇-၈ ပါ။
3. ကျွန်တော့်ဇနီးဟာ အသက် ၃ဝ ဖြစ်ပြီး ယခုကိုယ်ဝန် ၅ လကျော်ရှိပါပြီ။
4. ဆရာ့စာတွေကိုလဲ ဖတ်ပေမယ့်စိတ်ထဲမှာ တစ်မျိုးဖြစ်နေလို့ပါ။
5. ကျွန်တော့် အလုပ်က ခွင့်ရလို့ အမျိုးသမီးဆီကို တစ်လလောက် အလည်ပြန်မှာပါ။
6. ကိုယ်ဝန်တာဆေး ကပ်ခွါအကြောင်းလည်း ပြည့်စုံစွာ သိပါရစေ။
7. သုတ်ကြောရောင်(သို့) သုတ်ပြွန်ရောင် ရောဂါအကြောင်းသိပါရစေခင်ဗျာ။
8. ကိုယ်ဝန်ပျက်ကျရင် ရာသီသွေးဆင်းတာ ဘယ်နှစ်ရက်လောက်ထိ ဆင်းတတ်ပါသလည်းရှင့်။
9. ကျွန်မ Contraceptive patch ၃ ခုကို တစ်ပတ်တစ်ကြိမ် အချိန်မှန်မှန် ကပ်အပြီး
10. ကျွန်တော် ၂၅ နှစ်ပါ။ မကြာခင် လက်ထက်တော့မှာပါ။

Thu, May 24, 2012 at 2:28 PM
ကျွန်မ အသက်က ၃ဝ ပါရှင့်။ အိမ်ထောင်ကျတာ (့) ပဲ ရှိပါသေးတယ်ရှင့်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ကျွန်မရဲ့  ဝမ်းဗိုက်အောက်နားနဲ့ ဆီးခုံအထက်ဘက် ဆက်စပ်နေတဲ့ နေရာလောက်ကစပြီး အောင့်ပါတယ်။ အမြဲတမ်းကြီး တော့လည်း မဟုတ်ပါ။ အထိုင်အထဆိုပိုပြီး မနေနိုင်လောက်အောင် မဟုတ်ပေမဲ့ တချက်တချက် အတော်ကို အောင့်ပါတယ်။ ဟန်းနီးမွန်းကာလမှာဖြစ် တတ်တဲ့ရောဂါ အကြောင်းတွေ ဖတ်ကြည့်ပြန်တော့လည်း ဆီးကျင်တာ ဆီးအောင့်တာလို့ ရေးထားတော့။ ကျွန်မက ဆီးသွားရင် ကျင်တာ အောင့်တာတော့ မရှိပါဘူး။ ဆီးအိမ်အောင့်တာလား သားအိမ်ကများ အောင့်တာလားဆိုပြီး စိုးရိမ်ပါတယ်။ ဆရာဝန်ကို သွားပြရမှာပါလားရှင့်။ ကျွန်မဆီးအိမ် ပိုးဝင်တာမျိုး ဖြစ်တာများလားဆိုပြီး Amoxacilin 500mg ကို မနက်တစ်လုံး ညနေတလုံး သောက်နေတာ ၃ ရက်ရှိပါပြီ ၅ ရက် လောက်သောက် မလို့ပါ။ အဲဒါလည်းသောက်ပြီးမှ ရောဂါတခြား ဆေးတခြားဖြစ် နေပြီလားဆိုပြီး မေးလိုက်တာပါ။

ရာသီရက် သိချင်ပါတယ်။ အိမ်ထောင်ကျပြီး ရာသီမှန်ပါသလား။ တားနည်း-တားဆေး သုံးသလား။ အဖြူဆင်းသလား။ နာတယ်ဆိုတာ ကိုယ်တိုင်ခံစားရတာလား၊ အဲဒီနေရာကို ဖိကြည့်မှ နာတာလား။ နှစ်မျိုးလုံးလား။ Ibuprofen/Diclofenic/Paracetamol/Meferenic acid အနားသက်သာဆေး တမျိုးမျိုးလဲ သောက်နိုင်ပါတယ်။ မေးတာတွေ ထပ်သိရမှ လိုသေးရင် ပြောပါမယ်။

Thu, May 24, 2012 at 2:49 PM
မင်္ဂလာ မဆောင်ခင်တုန်းကတော့ ရာသီရက်က ၆-၇-၈ ပါ။ တားဆေး Microgynon ED တရက်တလုံး သောက်ရတဲ့ ဆေးကဒ်ကို ရာသီစလာတဲ့နေ့ ကစပြီး သောက်ပါတယ်။ ကျွန်မက လတိုင်း ရက်မမှန်တတ်ပါဘူး။ ဖိမကြည့်ပဲ အထိုင်အထ လုပ်ရင်သိသာပြီး နာတာပါ။ အဖြူမဆင်းပါဘူးရှင့်။ Amoxacilin သောက်နေတာကော မှန်ပါသလားရှင့်။

မစိုးရိမ်ပါနဲ့။ ဆီးအိမ်မဟုတ်လောက်ပါ။ ဆီးအိမ်ကဖြစ်တာဆိုရင် ဆီးအောင့်မယ်။ သားအိမ်ကဖြစ်ရင် အဖြူဆင်းတာ ရှိနိုင်တယ်။ လိင်ကတဆင့်ကူးစက်ရောဂါလဲ မဟုတ်လောက်ပါ။ ရာသီနဲ့လဲ မဆိုင်လောက်ပါ။ တားဆေးသောက်နည်း မှန်ပါတယ်။ ဒီဆေးမျိုးသောက်နေရင် ရာသီလ မှန်လာလိမ့်မယ်။ တားဆေးကြောင့် နာတာလဲ ထည့်စဉ်းစားရတယ်။ အနာသက်သာဆေး တခုခုသောက်ကြည့်ပါ။ မသက်သာရင်တော့ OG ပြပါ။ ဝမ်းသွားမှန်ဘို့လဲ ဂရုစိုက်ပေါ့။

Thu, May 24, 2012 at 7:48 PM
ကျွန်တော့်ဇနီးဟာ အသက် ၃ဝ ဖြစ်ပြီး ယခုကိုယ်ဝန် ၅ လကျော်ရှိပါပြီ။ ယခုရက်ပိုင်းအတွင်းမှာ ဗိုက်ဘယ်ဘက်ခြမ်း အောင့်နေပါသည်။ မခံနိုင်လောက်အောင်ထိမဟုတ်ပါ။ ဆိုင်ကယ်စီးလို့ ဖြစ်နိုင်လား၊ အခြားအကြောင်းရှိရင်လဲ ဖြေပေးစေချင်ပါတယ်။

ကိုယ်ဝန် ၅ လ ဆိုရင် ကလေးလှုတ်ပြီ။ ဖြစ်တဲ့သူမှာ ကလေးလှုတ်တာသိပြီလား။ ဗိုက်နာနာတဲ့နောက် ကလေး ဆက်လှုတ်သလား လှုတ်ရင် မစိုးရိမ်ပါနဲ့။ သွေးမဆင်းရင်လဲ မစိုးရိမ်ပါနဲ့။ ဗိုက်ဘယ်ဘက်မှာဖြစ်တာ သိပ်စိုးရိမ်စရာမရှိလှပါ။ ဝမ်းသွားမှန်ပါစေ။ တခုခု (သွေး၊ အရည်) ဆင်းရင်၊ ကလေးမလှုတ်ရင် ဆရာဝန်ပြပါ။ လောလောဆယ် နားနေပါ။

Fri, May 25, 2012 at 10:36 AM
ဆရာ့စာတွေကိုလဲ ဖတ်ပေမယ့်စိတ်ထဲမှာ တစ်မျိုးဖြစ်နေလို့ပါ။ အကြောင်းကတော့ ကလေးလိုချင်တဲ့အကြောင်းပါပဲ။ အသက်က ၃၂ နှစ်ပါ။ တစ်ခါမှ ကလေးမမွေးဖူးပါဘူး။ ကလေး ရဖူးပေမယ့် မွေးလို့ မဖြစ်နိုင်သေးတဲ့ အခြေအနေမို့ ဖျက်ခဲ့ဖူးပါတယ်။ အဲဒါကလဲ ဆေးရုံမှာ သွားလုပ်တာပါ။ ကျမရဲ့ရာသီကပုံမှန်ကို ၁ဝ ရက်လောက်လဲ နောက်ကျတတ်ပါတယ်။ အခုလဲနောက်ကျနေပါတယ်။ ပြီးခဲ့တဲ့လ ၂ဝ ရက်နေ့ကရာသီလာပါတယ်။ ကျမတို့ကြားရက် ၉ ရက်နေ့မှာ အတူတူနေဖြစ်ပါတယ်။ အခုရာသီနောက်ကျတယ် ရင်သားတွေ တင်းနေတယ်ဆိုတော့ ကျမ ဝမ်းသာအားရနဲ့ ဒီနေ့ဆီးစစ်တဲ့အချိန်မှာ အနှုတ်ပဲပြပါတယ်။ အဲဒီတော့ကျမမှာ အခုကိုယ်ဝန်ရှိနေနိုင်သလား မရှိနေဘူးလား ဆိုတာကို အရမ်းသိချင်နေပါတယ်။

စာတွေဖတ်ထားရင် သိမှာပါ။ ဆီးစစ်တာ စောရင်လဲ မမှန်တဲ့ အနုတ်ပြနိုင်လို့ တ ပါတ်နေတခါ ထပ်စစ်ပါ။ ရင်သားတင်းတာက ရာသီကြောင့်လဲ ဖြစ်တတ်တယ်။ ကိုယ်ဝန်ရစေမဲ့ အကြောင်း စာတွေလဲ ဖတ်ဖြစ်မယ်ထင်ပါတယ်။

• Pregnancy - How she gets pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
• Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-good-diet.html
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ) http://dts-medicaleducation-adult.blogspot.in/2012/03/pregnancy-signs.html
• Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
• Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
• Infertility Treatments ကလေးရအောင် ကုသနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
• Fertility and Weight ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/weight-and-fertility.html
• Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-1.html
• Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html

Fri, May 25, 2012 at 1:38 PM
ကျွန်တော့် အလုပ်က ခွင့်ရလို့အမျိုးသမီးဆီကို တစ်လလောက် အလည်ပြန်မှာပါ။ ကိုယ်ဝန်တားဆေးအတွက် ဆေးခန်း ကြိုပြခိုင်းထားပါတယ်။ ဆရာဝန်က စားဆေးရော ထိုးဆေးရော ဓမ္မတာလာပြီး သုံးရက်တွင်းမှ သုံးလို့ရမယ် ပြောပါတယ်။ အဲဒါရော ဟုတ်ပါသလား။ အရင်ညားခါစတုန်းကပဲ အရေးပေါ်တားဆေးတွေလောက်ပဲ သုံးဖူးပါတယ်။ ဓမ္မတာ လာနေစဉ်နဲ့ ဓမ္မတာလာပြီး တားဆေးမသုံးခင် သုံးလေးရက်တွင်းမှာ အတူတူ နေရင် ကိုယ်ဝန်ရနိုင်ပါသလား။ နောက်ပြီး အရေးပေါ် တားဆေးအပါဝင်၊ ပုံမှန်စားဆေးပဲဖြစ်ဖြစ် ထိုးဆေးပဲဖြစ်ဖြစ် ဓမ္မတာလာစဉ်နဲ့ မလာခင်မှာ သုံးလို့ ရပါသလား။ ပုံမှန်ကိုယ်ဝန်တာဆေးတွေကို သုံးပြီ အချိန်ဘယ်လောက်အကြာမှာ အမျိုးသမီးနဲ့ အတူနေနိုင်ပါသလဲ။

အများသုံး (ဟော်မုန်း ၂ မျိုးတွဲ၊ ၂၈ လုံးပါ) တားဆေးကို ရာသီစလာတဲ့နေ့မှာ သောက်တာက ပိုစိတ်ချရမယ်။ အရေးပေါ်ကို အရေးပေါ်မှာသာ သုံးသင့်ပါတယ်။

Fri, May 25, 2012 at 1:42 PM
ကိုယ်ဝန်းတာဆေး ကပ်ခွါအကြောင်းလည်း ပြည့်စုံစွာ သိပါရစေ။ အခြားဆေးတွေနဲ့ စာရင် ကပ်ခွါဆေးက ပိုပြီး side effect နည်းမလားလို့ပါ။

Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
Ortho Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။ တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ်။ Birth control pill သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။ မျိုးဥအိမ်မှ လစဉ် မမျိုးဥ မထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုက်ပိုးနှင့် တွေ့ရန် ခက်ခဲစေပြီး၊ သားအိမ် အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေသည် သားအိမ်၌မကပ်စေနိုင်။ ၉၉% ထိရောက်သည်။ ရာသီစဆင်းပြီး (၅)ရက်မြောက်နေ့မှ စကပ်ရမည်။ လစဉ်ရက်သတ္တ (၃)ပါတ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းသော (ရင်သားမှအပ) မည်သည့် အရေပြားမှာမဆို ကပ်ထားရသည်။ ထို့နောက် တပါတ်နားထားစဉ် ရာသီဆင်းမည်။ ရာသီ အဆင်း နည်းမည်။ ရက်လည်း တိုနိုင်သည်။ စားဆေးများကဲ့သို့ ဆေးကြောင်း ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် အခြား အလုံး-အကျိတ်ဖြစ်မည့် အန္တရာယ်ပို၍နည်းသည်။

အမည်းငယ်ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတတ်သည်။ ဖြစ်နိုင်ခဲသော ဘေးထွက် ဆိုးကျိုးများမှာ သွေးဖိအား တက်တတ်သည်။ သွေးခဲခြင်း ဖြစ်နိင်သည်၊ ၅ နှစ်ထက် ကြာကြာ သုံးလျင် သားအိမ်အဝကင်ဆာ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ရှိနေပြီဆိုလျင် မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အဝလွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။ ကောင်းစွာစေးကပ်သဖြင့် ရေချိုး-ရေကူးလျင်လည်း ကွာမကျတတ်ချေ။ မတော်တဆ ကွာကျလျင် ၄၈ နာရီ အတွင်း သိပါက ၄င်းကိုပင် ပြန်ကပ်နိုင်သည်။ ၄၈ နာရီ ကျော်သွားပါက အသစ်တခုကို၎င်း၊ အခြားနည်းကို၎င်း သုံးပါ။

Thu, May 24, 2012 at 8:39 PM
သုတ်ကြောရောင်(သို့) သုတ်ပြွန်ရောင် ရောဂါအကြောင်းသိပါရစေခင်ဗျာ။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း

Sat, May 26, 2012 at 1:30 AM
ကိုယ်ဝန်ပျက်ကျရင် ရာသီသွေးဆင်းတာ ဘယ်နှစ်ရက်လောက်ထိ ဆင်းတတ်ပါသလည်းရှင့်။ ကျွန်မ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ကိုယ်ဝန်ပျက်သွားပါတယ်။ အဲ့နေ့ ကထဲက သွေးဆင်းပါတယ်။ ခုဒီနေ့အထိ မရပ်သေးပါဘူး။ ပျက်ခါစ ရက်တွေက ခါးကပုံမှန်ရာသီလာသလို ကိုက်တာရယ် သားအိမ်ကနာတာကလွဲပြီး ခုဘာမှမခံစားရပါဘူး။ သွေးက အခဲတွေရော ဒီတိုင်းပါဆင်းပါတယ်။ အန္တရာယ်များရှိပါသလား။ ဒီလိုသွေးဆင်းတာ ပုံမှန်ဘဲလား။ ဆေး သောက်ဖို့ရော လိုပါသေးလား။ ဒါလောက် သွေးတွေဆင်းနေရင် ကိုယ်ဝန်ပျက်ကျတာ သေခြာပါသလား။

ဆီးမစစ်ဘဲ ရာသီထိန်ပြီးနောက် သွေးဆင်းရင်လဲ ကိုယ်ဝန်ပျက်တာဖြစ်နိုင်တယ်။ Abortion ခေါ်တယ်။ ဆီးမစစ်ဘဲ ရာသီပုံမှန်ရက်ကနေ သွေးဆင်းရင်လဲ ကိုယ်ဝန်ပျက်တာဖြစ်နိုင်တယ်။ Miscarriage ခေါ်တယ်။ တမင်တကာ ပျက်အာင် ဆေးသောက်-ဆေးထည့်တာလုပ်ပြီး သွေးဆင်းရင်လဲ ကိုယ်ဝန်ပျက်တာ (ဖျက်တာ) ဖြစ်နိုင်တယ်။ Abortion/Induced abortion ခေါ်တယ်။

ဘယ်နည်းကနေဖြစ်ဖြစ်ဆင်းတဲ့သွေးဟာ ရက်တိုတာ-ရှည်တာ၊ အဆင်းများတာ-နည်းတာ မတူနိုင်ဘူး။ ရာသီ ဘယ်လောက် ထိန်ခဲ့သလဲ၊ ကိုယ်ဝန် ဘယ်လောက်အထိ ရင့်သလဲ အပေါ်မူတည်တယ်။ ဆင်းတဲ့သွေးဟာ သွေးနီရဲရဲ အရည် နဲ့ သွေးအဟောင်း ခပ်ရင့်ရင့်-ခပ်မဲမဲ၊ အတုံးအခဲတွေ ပါနိုင်တယ်။ သေခြာကြည့်ရင် သွေးမဟုတ်တဲ့ (တစ်ရှူး) သန္ဓေသား အစိတ်အပိုင်းတွေနဲ့ အချင်း အစိတ်အပိုင်းတွေလဲ ရောပါနေတာမြင်နိုင်တယ်။
ခါးကိုက်တာနဲ့ ဗိုက်နာတာလဲ ရှိမယ်။ သားအိမ်ညှစ်အား များရင် ပိုနာမယ်။ ရာသီလာလို့ နာတတ်တာမျိုးနဲ့ တူတယ်။ ပိုးဝင်ရင် ကိုယ်ပူ-ခေါင်းကိုက်တာတွေ ပါဖြစ်မယ်။ လူတိုင်းတော့ မဖြစ်ပါ။ ဖြစ်ရင် ဆေးလိုတယ်။ သွေးဆင်းတာများရင်၊ ရုတ်တရက် အများကြီးဆင်းရင် BP သွေးဖိအား ကျမယ်။ ခေါင်းမူးမယ်။ ခဏဘဲဖြစ်ပါတယ်။ နားလိုက်ရင်၊ လှဲနေလိုက်ရင် သက်သာလာမယ်။

တော်တော်တန်တန်ဖြစ်သူတွေက နားတာ-လဲလျှောင်းတာ အပြင် ရေ-အရည်ပိုသောက်တာနဲ့ သက်တောင့်သက်သာ နေတာနဲ့ ရမယ်။ ဒါပေမဲ့ မိန်းကလေးဟာ နဂိုအခံက Anemia သွေးအားနည်းနေရင် ပိုခံရမယ်။ အဲလိုဖြစ်သူတွေ အနည်းဆုံး Drip လိုမယ်။ ဖြစ်နိုင်ရင် Blood သွေးသွင်းရမယ်။

Sat, May 26, 2012 at 4:08 AM
ကျွန်မ Contraceptive patch ၃ ခုကို တစ်ပတ်တစ်ကြိမ် အချိန်မှန်မှန် ကပ်အပြီး နောက်ဆုံး ၃ ပတ်ပြည့်အပြီးမှာ ခွာခဲ့ပါတယ်။ ခွာပြီးပြီးချင်း ကပ်ထားတဲ့ ဘေးနံရံတွေက ယားလို့ လက်သည်းနဲ့ကုပ်မိပါတယ်။ ကုပ်အပြီး ၁ နာရီ လောက်မှာ အဲဒီနေရာက လက်သည်းပူလောင်ပြီး စပ်လာပြီး အနာဖြစ်လာပါတယ်။ ကပ်တဲ့နေရာက ဆီးခုံရဲ့ ညာဖက် ပေါင်ခြံရဲ့ အပေါ်နားမှာပါ။ ဘာဆေးမှလည်း မလိမ်းဖြစ်သေးပါဘူး။ အနာသွေးနည်းနည်း စို့နေတဲ့အချိန်မှာ တစ်ရျှုးနဲ့တော့ သပ်သပ်ယပ်ယပ် ကပ်ထားပါတယ်။ အနာကခုတော့ နီပြီးခြောက်နေပါတယ်။ အရမ်းမဆိုးဝါးပေမယ့် စိတ်ပူလာလို့ ဘာဆေး အမျိုးအစားများ လိမ်းသင့်ပါလဲ။ ခုလို Patch ခွာပြီးနောက် ကပ်ထားခဲ့တဲ့ နေရာမှာ အနာဖြစ်တာဟာ ကိုယ်ဝန် တားဆီးနိုင်နှုန်းကို ထိခိုက်နိုင်ပါသလားရှင်။

ဖြစ်နိုင်တာက ကော်နဲ့ကိုယ်နဲ့ သိပ်မသင့်တာဖြစ်မယ်။ အထဲက ဟော်မုန်းကြောင့်မဟုတ်လောက်ပါ။ တားဆီးနိုင်စွမ်းကို မထိခိုက်လောက်ပါ။ (အလာဂျီ) သဘောပါဘဲ။ သူ့အလိုလို သက်သာလာမယ်။ ယားတာကုပ်မိလို့ ရဲတာ၊ ရောင်တာ ဖြစ်နိုင်တယ်။ ပိုးပါဝင်ရင်တော့ အနာလိမ်းဆေးတခုခု ဥပမာ ရှေးဦးသူနာပြုသုံးပိုးသေဆေး ဥပမာ Savlon, Burnol. Betadine, Neomycin တခုခုလိမ်းပေးနိုင်တယ်။ ယားတာပိုဆိုးရင် ညအချိန် Cetrizine tablet တပြား သောက်နိုင်တယ်။ ပိုးဝင်တဲ့အထိမဖြစ်ဘဲ ယားပြီး အနေရခက်တာအတွက် Calamine lotion မျိုး လိမ်းနိုင်တယ်။ အင်းဆက်ကိုက်လို့ လိမ်းရတာမျိုးဖြစ်တယ်။

Sat, May 26, 2012 at 11:41 AM
ကျွန်တော် ၂၅ နှစ်ပါ။ မကြာခင် လက်ထက်တော့မှာပါ။ Genati 35 ကိုယ်ဝန်တားဆေးက တခြားကိုယ်ဝန်တားဆေးတွေ သုံးတာထက်စာရင် အမျိုးသမီးတွေကို မဝစေတာ ဟုတ်ပါသလား။ Genati 35 က ကိုယ်ဝန်တားဆေး ဟုတ်ပါသလား။ ၁ လသုံး ဆေးကတ်တွေက ဘယ်လိုသုံးရပါသလဲ။ ဒီနေ့ အိမ်ထောင်ကျရင် ဒီနေ့ စသောက်လို့ ရပါသလား။ ဘယ်အချိန်မှာ စပြီး အသုံးပြုရမလဲဆိုတာ သေသေချာချာလေး သိချင်ပါတယ်။ ကျွန်တော်တို့က အတွေ့အကြုံလည်းမရှိ Overseas မှာ ဆိုတော့ ကလေးယူလို့ မဖြစ်သေးလို့ပါ။

Genati 35 ဆိုတာ မသိသေးပါ။ (ဝက်ဘ်ဆိုက်) မှာလဲ မတွေ့သေးပါ။
• Pills and Pregnancy Q and A (1) တားဆေး အမေး-အဖြေ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/q-and-pills.html
• Pills and Pregnancy Q and A (2) တားဆေး အမေး-အဖြေ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/pills-and-pregnancy-q-and.html
• Pills and Pregnancy Q and A (3) တားဆေး အမေး-အဖြေ (၃) http://dts-medicaleducation-adult.blogspot.in/2012/03/pills-update.html
• Pills and Side effects တားဆေးရဲ့ ဘေးထွက်-ဆိုးကျိုး ရှောင်နည်း http://dts-medicaleducation-adult.blogspot.in/2012/05/pills-and-side-effects.html
• Pills and Weight Gain တားဆေးကြောင့် လူကိုဝစေသလား http://dts-medicaleducation-adult.blogspot.in/2012/03/pills-and-weight-gain.html
• Pills lower ovarian cancer risk ကိုယ်ဝန်တားဆေး နှင့် မျိုးဥအိမ်-ကင်ဆာ http://dts-medicaleducation-adult.blogspot.in/2012/05/pills-lower-ovarian-cancer-risk.html
• Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-fertility.html
• Contraception and nonmedical view ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား http://dts-medicaleducation-adult.blogspot.in/2012/03/contraception-and-nonmedical-view.html
• Contraceptive implant (1) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-implant-1.html
• Contraceptive implant (2) ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ပစ္စည်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-implant-2.html
• Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
• Contraceptive pills ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး http://dts-medicaleducation-adult.blogspot.in/2012/04/contraceptive-pills.html
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/contraceptives-and-breastfeeding.html
• Birth Control How Decide ကိုယ်ဝန် တားနည်း-တားဆေး ဘယ်လိုရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-how-decide.html
• Birth Control Pill Types ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-pill-types.html
• Birth Control pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု http://dts-medicaleducation-adult.blogspot.in/2012/05/birth-control-pills-faqs.html
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/birth-control-risk.html

ယမုန်နာဆေးခန်း - အမေးအဖြေ (၄၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top