1. Right testis, right groin နာနေတယ်။
2. အသက်က သုံးဆယ့်နှစ်ပါ။ အိမ်ထောင် မရှိပါ။
3.့။
4. အသက်က နောက် ၃ လဆို ၄ဝ ပြည့်တော့မှာပါ။
Mon, May 28, 2012 at 12:18 PM
Right testis, right groin နာနေတယ်။ ၂ဝ၁ဝ တုန်းက စာရေးပြီး မေးဘူးပါတယ်။ Hydrocele နဲ့ဆိုင်တယ်ဆိုတာကို ဆရာကို ပြောဖူးပါတယ်။ သက်သာနေတာ ကြာပါပြီ။ ပြဖူးတဲ့ ဆရာက Operation လုပ်ရမယ်လို့ ပြောပါ တယ်။ Laptop ပေါင်ပေါ်တင်ပြီးသုံးရင် အပူရှိန်ကြောင့် နာလာတယ်။ ဒီရက်ပိုင်းအတွင်း ပြန်နာလာလို့ပါ။ အန္တရယ် ကြီးကြီးမားမား ဖြစ်နိုင်ပါသလား။ Cancer ဖြစ်နိုင်ပါသလား။
Hydrocele ဆိုရင် တချိန်မှာ ခွဲရမယ်။ ဒါပေမဲ့ နာနေတာက ဒီရောဂါမဟုတ်နိုင်ဘူး။ နာတာတွေက Epididymitis and Orchitis အစိရောင်တာ၊ အကျောရောင်တာဖြစ်တယ်။ ဒါမျိုးက မခွဲရဘူး။ မေးတဲ့သူရဲ့ အသက် မသိပါ။ ဒါပေမဲ့ ကင်ဆာ မဟုတ်လောက်ပါ။ Laptop ပေါင်ပေါ်တင်သုံးတဲ့အကြောင်း ရေးထားပါတယ်။
• Laptop computer ကို ပေါင်ပေါ်မှာ တင်ပြီးသုံးရင် http://dts-medicaleducation.blogspot.com/2012/01/laptop-computer.html
Mon, May 28, 2012 at 12:43 PM
အသက်က သုံးဆယ့်နှစ်ပါ။ အိမ်ထောင် မရှိပါ။ ကျွန်တော့်ကို ကုပေးတဲ့ ဆရာဝန်က ထိုးဆေးရော၊ စားဆေးရော၊ နှစ်ပတ်လောက်ထိ ကုပါတယ်။ အရှင်းမပျောက်ဘူး။ သူက Ultrasound resultကို ကြည့်ပြီး Hydroceleကြောင့် နာနေတာ ဖြစ်မယ်။ အခန့်မသင့်တဲ့ ချိန် ပြန်ပြီး နာလာတာဆိုတော့ Chronic ဖြစ်နေလား ခင်ဗျာ။
Ultrasound မှာ ဘာပြသလဲတော့ မသိပါ။ အဲဒီကဆရာဝန်ပြောတာလဲ စမ်းသပ်မှု၊ တွေ့ရှိချက်တွေအရ ပြောတာသာဖြစ်တယ်။ မုတ်ရောဂါနဲ့ အကျောရောင်တာလဲ တွဲပြီး ဖြစ်နေနိုင်သေးတယ်။
Mon, May 28, 2012 at 1:51 PM
ကျွန်တော့် အသက်က ၃၂ နှစ်ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။ အိမ်ထောင်မရှိသေးပါဘူး။ လိင်အင်္ဂါ ထိပ်ဖူးအရေပြား ဖြတ်ရာက ကျန်ခဲ့တဲ့ အမာရွတ်တွေ ပျောက်တဲ့ လိမ်းဆေး စားဆေး သိချင်ပါတယ်။ ဘယ်လိုနည်းက အကောင်းဆုံး ပျောက်အောင်ကုတဲ့နည်းလဲဆိုတာ သိချင်ပါတယ်။ နောက်ပြီး အသားဖြူသလောက်လိင်အင်္ဂါ အရမ်းမဲ နေပါတယ်။ ကြာလေ ပိုမဲလေ ဖြစ်နေပါတယ်။ အတတ်နိုင်ဆုံး ပြန်ဖြူအောင်ဘာဆေး သုံးရမလဲ။
ခွဲစိတ်ကုသခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိပါ။ ခွဲပြီး ပိုးဝင်သလား မသိပါ။ နာနေသေးလား မသိပါ။ ဒီနေရာကို ခွဲစိတ်ရင် အောက်ခြေ အလည်နေရာကို ချန်ထားရစ်တာ ကောင်းတယ်။ ခွဲပြီးပြီးချင်း အဖုအထစ်လို ရှိနေနိုင်တယ်။ နောင်ဆိုရင် ကောင်းလာတယ်။ အဲလိုချန်တာက အသုံးချတဲ့အခါ အားနည်းသွားတာ မရှိစေဘူး။
ခွဲစိတ်တာက အနာပေါက်သလို အမာရွတ်ကျန်တယ်။ ပုံမှန် ပိုးမဝင်၊ သွေးမယိုရင်လဲ အမာရွတ်ကျန်နေမယ်။ ကြာလေ ကောင်းလေဖြစ်လာမယ်။ ပိုးဝင်ခဲ့ရင်၊ သွေးယိုခဲ့ရင် ပျောက်တာ ပိုကြာမယ်။ အကြည့်ရ ပိုဆိုးနေနိုင်တယ်။ ဒါပေမဲ့ ကြာရင် ကောင်းတာပါဘဲ။ လိုအပ်သူတချို့ကိုတော့ အမာရွတ်ပိုလှအောင် ပြန်ခွဲစိတ်ပေးရတာ ရှိနိုင်တယ်။
ပုံမှန် ခွဲစိတ်နာကို ဆေးလိမ်းပေးဘို့ မလိုတတ်ပါ။ အပေါ်ယံအရေပြား စေ့မသွားသေခင် ပိုးသေဆေးတခုခု လိမ်းရတယ်။ နောက်ပိုင်း မလိုတော့ပါ။
သဘာဝတရားကနေ ကုစားတာကို စိတ်ရှည်ရှည်စောင့်နိုင်တာ ကောင်းတယ်။ ဒီလိုနေရာမှာ တခြားနေရာတွေထက် သတိပိုထားသင့်တယ်။ အမှားမခံသင့်ဘူး။
ဗီတာမင် စီ သောက်တာမျိုးက အကျိုးပေးနိုင်တယ်။ အနာသက်သာဆေးက ရောင်နေတာပါ သက်သာစေမယ်။ အရပ်နည်းတွေ၊ တချို့ ရမ်းကုနည်းတွေတော့ ကြားဘူးလိမ့်မယ်။ ခွဲစိတ်ဆေးပညာက အဲဒါမျိုးကို မညွှန်ပါ။
လူတွေမှာ အဲလိုဘဲ အပြင်မြင်သာတဲ့နေရာက အရောင်နဲ့ အတွင်းကအရောင် အတူတူ မဟုတ်တတ်ဘူး။ မိန်းမတွေလဲ အဲလိုပါဘဲ။ အရောင်ကိုလည်း ဆေးတွေနဲ့ မပြင်တာ ပိုကောင်းပါမယ်။
Mon, May 28, 2012 at 3:38 PM
Scan လုပ်တဲ့စာကို ခေါင်း ၉ဝ ဒီဂရီစောင်းပြီး အတော်ဖတ်ယူရတယ်။ ပန်းငုံတာက အဓိကပြဿနာတော့ မဟုတ်ပါ။ ဒါပေမဲ့ ခွဲစိတ်ပြုပြင်ရင် ပိုကောင်းပါမယ်။ ထိပ်ဖျားစပ်တာအတွက် အရင်ဆုံး ဆေးသောက်ပါ။
Azithromycin 1 gm or Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် သောက်ပါ။ ဒါမှမဟုတ် Co-trimoxazole (Septrin) ဖြစ်ဖြစ် Amoxacilin 500 mg ဖြစ်ဖြစ် Ciprofloxacin 500 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ပေါင်း ၄-၅ ရက် သောက်ပါ။
အမျိုးသမီးမှာပါ ဆီးပူစပ်တာ၊ အဖြူဆင်းတာရှိနေရင် ဆေးအတူသောက်စေပါ။ စိတ်ပူပင်တာ လျှော့ချပါ။ ကောင်းလာမှာ သေခြာပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါ မှန်သမျှ HIV ကလွဲရင် ကုလို့ လွယ်တာသာ ဖြစ်တယ်။
Mon, May 28, 2012 at 4:59 PM
အသက်က နောက် ၃ လဆို ၄ဝ ပြည့်တော့မှာပါ။ လက်ထပ်တာလဲ သိပ်မကြာသေးပါဘူး။ အသက်ကြီးတော့ ကလေးမရမှာစိုးလို့ မြန်မာပြည်မှာနေတုန်းက OG နဲ့ ပြခဲ့ပါတယ်။ ၂ ယောက်စလုံး စစ်ဆေးပြီး ဘယ်သူ့မှာမှ အပြစ်မရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ သမီးကို Riconia နဲ့ Faulic Acid တနေ့တလုံး သောက်ဖို့ပဲပြောပါတယ်။ ဒီနိုင်ငံက ဆရာဝန်တွေဆီ သွားပြရမလား။ ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးစေလိုပါတယ်ရှင့်။ ဆရာပြောသလို ကလေးရအောင်သောက်တဲ့ ဆေးက ဆရာဝန် ညွှန်ကြားမှ သောက်ရတာပါလားရှင်။ သမီးအရွယ်နဲ့ အမွှာကလေးမွေးလို့ရော အဆင်ပြေပါသလားရှင်။ ဆရာ့စာတွေဖတ်ပြီး ကလေးလိုချင်ရင် သောက်တဲ့ဆေးက အမွှာလဲ ရနိုင်ချေရှိတယ် ဆိုလို့ပါရှင့်။
အသက်ကြီးတာက ကလေးရဘို့အတွက် ခက်စေနိုင်တဲ့ အချက်ခုသာဖြစ်တယ်။ အသက်ကြီးတိုင်း ကလေး မရတာလို့ မဆိုလိုပါ။ ရာသီဆင်းနေရင် ရနိုင်ခြေရှိတယ်။ ပိုအရေးကြီးတာက လစဉ် မျိုးဥ ထွက်ရမယ်။ နောက် သားအိမ်ပြွန်လမ်း ပိတ်မနေရဘူး။ ဆေးစစ်လို့ ကောင်းတယ်ဆိုရင် အလားအလာ ရှိတယ်ပေါ့။ ရေးထားတဲ့ စာတွေက များတယ်။ အချိန်ယူဖတ်ပါ။ သဘာဝနည်း မဟုတ်ဘဲ ကြိုးစားနည်းတွေကနေ အမွှာရတတ်တယ်။ လိုသေးတာ မေးပါ။ ကျန်းမာ-ချမ်းသာကြပါစေ။ သား-သမီးရတနာတွေ ထွန်းကားပါစေ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
Ovulation Test မျိုးဥထွက်တာ သေခြာချင်တယ် http://dts-medicaleducation-adult.blogspot.in/2012/05/ovulation-test.html
Fertility and Weight ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/weight-and-fertility.html
Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://dts-medicaleducation-adult.blogspot.in/2012/03/facts-to-get-pregnant.html
Pregnancy - How she gets pregnant ကိုယ်ဝန်ရနိုင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/become-pregnant.html
Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-good-diet.html
ယမုန်နာဆေးခန်း - အမေးအဖြေ (၄၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




