1. ကျွန်တော်ချစ်သူက (့) မှာနေပါတယ်။
2. ပြဿနာက ကျနော့် သူငယ်ချင်းပါ။
3. ကျွန်တော့်ရဲ့ မိန်းကလေးသူငယ်ချင်း သူ့အသက်က ၄၁ နှစ်ပါ။
4. ကျွန်တော် (့) နိုင်ငံသူတစ်ယောက်နဲ့ (Condom) မပါဘဲ ဆက်ဆံခဲ့မိပါတယ်။
5. ကျွန်တော့် ကောင်မလေးက ရာသီလာတာ သွေးလိုအနီရောင် မဆင်းပဲနဲ့ အမဲအခဲတွေဆင်းနေတာ ၃ ရက်ရှိပြီတဲ့။
6. အသက်က ၂၃ ပါ။ အိမ်ထောင်ကတော့ မရှိသေးပါ။
7. ကျနော်နှင့် ကျနော်ကောင်မလေး နယ်ကျွံမိပါတယ်။
8. ကျွန်မအသက် ၂၂ ပါ။ ချစ်သူနဲ့ တခါတရံ အတူနေပါတယ်။
9. မိန်းကလေးတစ်ယောက် အသက်က (၁၈)၊ မြန်မာနိုင်ငံကပါ။
Sun, Jun 3, 2012 at 11:14 AM
ကျွန်တော်ချစ်သူက (့) မှာနေပါတယ်။ ကျွန်တော်က ယခု (့) မှာနေပါတယ်။ လူငယ် သဘာဝအရ အိမ်ထောင်ရေး အကြောင်းပြော sex အကြောင်းပြောဖြစ်ကြပါတယ်။ ကျွန်တော် ချစ်သူက ရိုးသားပွင့်လင်းသူဖြစ်တာကြောင့် အဲဒီလို ပြောတိုင်း သူ့ရဲ့ အင်္ဂါက အဖြူရောင် အချွဲရည်တွေ တကြိမ်မက ထွက်လာတက်ပါတယ်။ ဒါဟာ ဖြစ်တက်တဲ့ သဘာဝလား ဒါမှမဟုတ် ရောဂါတခုကြောင့်လားဆိုတာပါ။ ရောဂါကြောင့်ဆို ဘယ်လို ကာကွယ်ရမလဲ။
ပုံမှန်ဖြစ်စဉ်သာ ဖြစ်ပါတယ်။ ယောက်ျားလေးရော မိန်းကလေးတွေပါ လိင်စိတ်ဖြစ်လာတာနဲ့ လိင်အင်္ဂါတွေက စိုစွပ်လာတယ်။ တကယ်တန်း ဆက်ဆံမှုဖြစ်လာရင် ပိုအဆင်ပြေစေအာင် ဖန်းတီးပေးတဲ့ သဘော ဖြစ်တယ်။ ဒီလို ဖြစ်အောင် စိတ်ကစားတာ၊ ထိကိုင်-ပွတ်သပ်မှုလုပ်တာတွေကနေ ရလာစေတယ်။ အနည်း-အများ တယောက်နဲ့ တယောက်မတူပါ။ တယောက်ထဲမှာလဲ တခါနဲ့တခါမတူပါ။ နည်းလိုလဲ ရောဂါမဟုတ်ပါ။ များတာလဲ ဆေးကုစရာ မလိုပါ။ သွေးဆုံးပြီး အမျိုးသမီးတွေမှာတော့ ဆေးကူမထားရင် ခြောက်သွေ့နေမယ်။ ဒီဖြစ်စဉ်ကို လိင်ဆက်ဆံမှုဖြစ်စဉ် အပိုင်း (၃) ပိုင်းထဲက ပဌမဆုံးအပိုင်းလို့ သတ်မှတ်တယ်။ စိုစွပ်မှုကနေ လိင်ဆန္ဒ ပြည့်ဝသွားတဲ့အထိလဲ ရောက်နိုင်တယ်။ ဒီလိုရောက်အောင်ကတော့ (မာစတာဘေးရှင်း) လုပ်မှသာ ဖြစ်မယ်။ ယောက်ျားသားတွေကတော့ သုက်ရည်ပန်းထွက်တယ်။ မိန်းကလေးတွေက လိင်ဆန္ဒ ပြည့်ဝသွားတဲ့အထိ ရောက်ပေမဲ့ အရည်ပန်းထွက်တာ မဖြစ်ဘူး။ အရည်ပိုပြီးများလာတော့ အသေအခြာဖြစ်တယ်။ ရှားရှားပါးပါး ပန်းထွက်တာမျိုးနဲ့ တကယ့် ရှားရှားပါးပါး ဆီးသွားချလိုက်တာမျိုးလဲ ရှိနိုင်တယ်။ တကယ်လို့ မိန်းကလေးမှာ အဖြူဆင်းရောဂါရှိနေရင်တော့ သာမန်ထက် ပိုများနေနိုင်သေးတယ်။ အဖြူဆင်းတာမှာလဲ ဆေးကုစရာ လိုတာနဲ့ မလိုတာရှိတယ်။
Mon, Jun 4, 2012 at 11:06 PM
ပြဿနာက ကျနော့် သူငယ်ချင်းပါ။ သူတို့ လင်-မယားက ညားတာ ၅န နှစ်လောက်ရှိပြီ။ ခုထိကလေးမရဘူးပေါ့။ မိန်းမက ၃ နှစ်လောက် ကိုယ်ဝန်တားဆေးတွေ ထိုးဘူးတယ်။ ဆေးခန်းတခုကို ပြကြည့်တော့ မိန်းမမှာ ပြဿနာမရှိဘူး ယောက်ျားက သုတ်အား နည်းလို့လို့ ပြောပါတယ်။ နောက်ထပ်ဆေးခန်း တစ်ခုကို ထပ်ပြဖို့ကို ပြောထားပါတယ်။ သုတ်အားနည်းတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလည်း ဘယ်လိုနေထိုင်ပြီး ဘာတွေကိုစားသောက်ရမလည်း ဘယ်လို ဆေးတွေကို မှီဝဲရမလည်းပေါ့။
• Sperm Count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html
• Sperm Viability and Motility သုက်ပိုးအားနည်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-viability-and-motility.html
• Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-1html
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/04/infertility-2html
• Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adultblogspotin/2012/04/fallopian-tube-procedures-forhtml
• Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adultblogspotin/2012/05/infertility-and-tbhtml
• Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adultblogspotin/2012/03/tb-and-infertilityhtml
• Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adultblogspotin/2012/03/infertility-treatmentshtml
• Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adultblogspotin/2012/05/infertility-treatments-2html
Tue, Jun 5, 2012 at 8:34 PM
ကျွန်တော့်ရဲ့ မိန်းကလေးသူငယ်ချင်း သူ့အသက်က ၄၁ နှစ်ပါ။ ကျွန်တော်က (့) မှာ နေပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ဇွန်လ ၁ ရက်နေ့က ဆက်ဆံမိပါတယ်။ ပထမဆုံး အကြိမ်ပါ။ ဆက်ဆံတဲ့အချိန်မှာ Condom သုံးပါတယ်။ ဆက်ဆံတဲ့နေ့က ရာသီလာပြီး ၅ ရက်မြောက်နေ့မှာပါ။ ဒါပေမဲ့ စိတ်ချရအောင်လည်း ဆက်ဆံပြီးတော့ ၂၄ နာရီအတွင်းမှာ Postinor 2 ဆေးကို နှစ်လုံးသောက်ပါတယ်။ Postinor 2 ဆေးက တစ်ကဒ်ထဲမှာ ဆေးနှစ်လုံးဘဲပါတယ်။ တစ်လုံးကို သောက်ပြီးတော့ ၁၂ နာရီ အကြာမှာ နောက်တစ်လုံး သောက်ပါတယ်။ အဲဒီဆေးကဒ်မှာပါတဲ့ နှစ်လုံးက အတူတူဘဲလား။ ဒီဆေးနှစ်လုံးမှာ အရင်သောက် ရမယ်ဆိုတာရှိလား။ အခုဆိုရင် ဆက်ဆံပြီးတာ ၅ ရက်နီးပါးရှိသွားပါပြီ။ တကယ်လို့ ဆေးကို မှားပြီးသောက်မိရင် အကျိုးသက်ရောက်မှု မရှိတော့ဘူးဆိုတော့ ကိုယ်ဝန်မရှိစေအောင်တားဖို့ ဘယ်လို နည်းလမ်းမျိုး၊ ဘယ်လို ဆေးမျိုးကို ထပ်သောက်လို့ ရပါသလဲ။
Postinor 2 ထဲမှာ ပါတဲ့ဆေး ၂ လုံးက အတူတူဖြစ်တယ်။ လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်တယ်။ ဆက်ဆံအပြီး ၅ ရက်အတွင်း သုံးနိုင်တယ်။ ၂၄ နာရီ အတွင်း သောက်ရင် ၉၅%၊ ၂၄-၄၈ နာရီအတွင်းသောက်ရင် ၈၅%၊ ၄၈-၇၂ နာရီအတွင်းသောက်ရင် ၅၈% စိတ်ချရတယ်။ ၅ ရက်အတွင်းလဲ သောက်နိုင်တယ်။ % မရှိသေးဘူး။ Progestin (Levonorgestrel) 15 mg တလုံး တကြိမ်တည်း ဒါမှမမဟုတ် 750 μg နှစ်ခါခွဲ သောက်နိုင်တယ်။ ဘေးထွက် ဆိုးကျိုးတွေက ပျို့တာ၊ အန်တာ၊ ရင်သား တင်းတာ။ တချိ့ အမျိုးသမီးတွေက နေမကောင်းတာ ဖြစ်တတ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ်မပေးနိုင်ပါ။ ဆက်ပြီး ကာကွယ်လိုရင် အခြားနည်းတွေကို သုံးရပါမယ်။ ဘယ်သူ့ကိုမှ ကိုယ်ဝန်ဖျက်နည်း ဆေးမညွှန်းပါ။ သုတအနေနဲ့ဖတ်နိုင်အောင်သာ စာရေးပါတယ်။
Wed, Jun 6, 2012 at 12:35 AM
ကျွန်တော် (့) နိုင်ငံသူတစ်ယောက်နဲ့ (Condom) မပါဘဲ ဆက်ဆံခဲ့မိပါတယ်။ ၁ ပါတ်လောက်အကြာမှာ သူ့ဆီကနေ ဂနိုရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အဲ့ဒါနဲ့ ဆေးခန်းသွားပြီး ဆေးထိုးတော့ ၁ ခါတည်းနဲ့ ကောင်းသွားပါတယ်။ ကျွန်တော် အရမ်း ကြောက်နေရပါတယ် HIV ပိုးကူးစက်ခံခဲ့ရမှာကိုတွေးပြီး စိတ်ဖိစီးမှုတွေ ခံစားနေရပါတယ်။ အခု ကာလသား ရောဂါ ကူးစက်ခံခဲ့ရပြီဆိုတော့ HIV ပိုးကူးစက်ဖို့က သေချာသလောက်ရှိနေပြီလားဆိုတာကို သိချင်လို့ပါ။ ဆေးစစ်ရင်ရော ဘယ်အချိန်မှာ စစ်ရမလဲဆိုတာကိုေ ပြာပြပေးပါ။ လိင်ဆက်ဆံခဲ့မိတဲကရက်က (6-5-2012) ပါ။ ဂနိုရောဂါ စဖြစ်တာက(13-5-2012)ပါ။
• HIV - How to live with a positive person အတူနေမယ် မကူးစေရ http://dts-medicaleducation-adultblogspotin/2012/05/hiv-how-to-live-with-positive-personhtml
• HIV Acute infection ချက်ချင်းဖြစ်လာသော HIV ကူးစက်ခြင်း http://dts-medicaleducationblogspotcom/2011/11/acute-hiv-infection-hivhtml
• HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://dts-medicaleducationblogspotcom/2012/01/hiv-and-aids-drug-treatmenthtml
• HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://dts-medicaleducationblogspotcom/2012/01/hiv-medicines-arthtml
• HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ http://dts-medicaleducationblogspotcom/2008/10/human-immunodeficiency-virus-hiv-and_27html
• HIV and CD4 စီ-ဒီ-ဖိုး http://dts-medicaleducation-adultblogspotin/2012/05/hiv-and-cd4-and-viral-loadhtml
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ) http://dts-medicaleducation-adultblogspotin/2012/03/hiv-and-oral-sexhtml
• HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://dts-medicaleducation-adultblogspotin/2012/03/hiv-faqhtml
• HIV latest news သတင်းများ http://dts-medicaleducation-adultblogspotin/2012/05/hiv-latest-newshtml
• HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducationblogspotcom/2012/01/hiv-medicines-side-effects-1-arthtml
• HIV medicines Side effects (2) ART ဆေး ဘေးထွက်-ဆိုးကျိုးတွေ နည်းအောင်နေခြင်း http://dts-medicaleducationblogspotcom/2012/01/hiv-medicines-side-effects-2-arthtml
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://dts-medicaleducationblogspotcom/2011/11/hiv-opportunistic-infectionshtml
• HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://dts-medicaleducation-adultblogspotin/2012/04/hiv-sexual-transmission-hivhtml
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ် http://dts-medicaleducationblogspotcom/2011/11/hiv-summaryhtml
• HIV testing kits စစ်ဆေးနည်း သတိပေးချက် http://dts-medicaleducationblogspotcom/2011/11/warning-over-hiv-home-test-kitshtml
• HIV Tests (1) စမ်းသပ်နည်းများ http://dts-medicaleducationblogspotcom/2011/11/hiv-tests_27html
• HIV Tests (2) အမေး-အဖြေ http://dts-medicaleducationblogspotcom/2011/11/hiv-testshtml
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducationblogspotcom/2011/03/hiv-testshtml
• HIV vaccine reduces infection အားတက်ဖွယ် HIV ကာကွယ်ဆေး သုတေသနအဖြေတခု http://dts-medicaleducationblogspotcom/2009/09/24-9-09-hiv-vaccine-reduces-infectionhtml
• HIV victims in Myanmar မြန်မာ့ HIV-AIDS တိုက်ဖျက်ရေး၏ သားကောင်များ http://dts-medicaleducationblogspotcom/2011/12/victims-of-myanmars-hivaids-strugglehtml
• HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ http://dts-medicaleducationblogspotcom/2012/01/hivhtml
• HIV အတွက် တနေ့တခါ သောက်ရမဲ့ ဆေးသစ် http://dts-medicaleducation-adultblogspotin/2012/05/hivhtml
• HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://dts-medicaleducationblogspotcom/2011/05/hiv-edurant-fdahtml
• HIV/AIDS Myths and Facts (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) အထင်မှား နဲ့ အမှန်တရား http://dts-medicaleducationblogspotin/2012/04/hivaids-myths-and-factshtml
Wed, Jun 6, 2012 at 2:13 AM
ကျွန်တော့် ကောင်မလေးက ရာသီလာတာ သွေးလိုအနီရောင် မဆင်းပဲနဲ့ အမဲအခဲတွေဆင်းနေတာ ၃ ရက်ရှိပြီတဲ့။ အဲဒါ ဘာဖြစ်လို့ ဖြစ်တာလဲ။ အရင်က တခါမှအဲလို မဖြစ်ခဲ့ဘူးတဲ့။ အခဲလည်းပါတတ်ပေမယ့် နဲနဲပါးပါးပဲ ပါတတ်တယ်လို့ ပြောတယ်။ အဲဒီလိုလဲဖြစ်တတ်သလား။ အရင်လက မသိလို့ ရာသီနောက်ဆုံးရက်လောက်မှာ ဆက်ဆံမှု ပြုမိပါတယ်။ ဒါပေမယ့် ဒီလကျတော့ စောပြီးလာတယ် ပြီးတော့ အထက်မှာပြောခဲ့သလိုပဲ အမဲအခဲတွေပဲဆင်းနေတယ်တဲ့ သွေးလည်း မဆင်းဘူးတဲ့။
ရာသီသွေးဟာ အနီရောင် အရည်-အခဲ၊ ညိုမဲမဲ အရည်-အခဲ၊ စသလို ဆင်းနိုင်ပါတယ်။ သွေးဆိုတာ သွေးကြောကနေ ထွက်ရင် အရောင်ရော ပုံပန်းပါ ပြောင်းပြောင်းလာတယ်။ သွေးကြောထဲကနေထွက်ပြီးနောက် အချိန်ကြာလေ အရောင် ရင့်လာတယ်။ သွေးဟာ အရည်၊ အခဲ၊ အခဲကနေအရည်ပြန်ဖြစ်သေးတယ်။ ရာသီသွေးဟာ သားအိမ် အတွင်းဆုံးအလွှာက သွေးကြောတွေထဲကနေ ထွက်ပြီး သားအိမ်အခေါင်း ထဲမှာရောက်လာမယ်။ အောင်းချင် အောင်းနေသေးတယ်။ ပြီးမှ သားအိမ်ဝ ကတဆင့် ဗဂျိုင်းနားထဲ ဆင်းလာတယ်။ ဗဂျိုင်းနားကနေ အပြင်ထွက်လာမှ မြင်ကြရတယ်။ ဒါတောင် အခုအခံကို ခွါထုတ်၊ ဆွဲထုတ်တော့မှ သတိထားမိကြရတယ်။ ဆိုလိုတာက သွေးကြောထဲက ထွက်လာပြီး အချိန်တွေကြာနေနိုင်တယ်။ ဒါကြောင့် အရောင်နဲ့ ပုံပန်း မတူနိုင်တော့ဘူး။
နောက်ပြီး ရာသီသွေးဆင်းတယ်ဆိုတာ အနာ-ဒဏ်ရာလို တခါတည်းထွက်တာမဟုတ်ဘဲ တလ တလမှာ ၃-၄-၅ ရက်ကြာတာမို့ အရင်ထွက်တာ၊ နောက်ထွက်တာတွေ ရောနေသေးတယ်။ ဒီတော့ အရောင်နဲ့ ပုံပန်း မတူတာတွေ ပိုပြီးရောနေနိုင်တယ်။ အရောင်နဲ့ ပုံပန်းတွေက ရောဂါကိုပြနေတာ မဟုတ်ပါ။ ရာသီရက် မမှန်တာ၊ ရာသီမလာဘဲနေတာ၊ ရာသီလာရင် အတော်နာတာ၊ အနံ့ဆိုးဆိုးဝါးဝါးနံတာ၊ သွေးနဲ့အတူ တခြားအရည်ရောပြီးဆင်းတာ စတာတွေ အတွက်သာ ဆေးလိုနိုင်တယ်။ ရာသီလာရက် စောတာ၊ နောက်ကျတာ မတူဖြစ်နိုင်တယ်။ မိန်းကလေးမှာ ဟော်မုန်းနဲ့ဆိုင်တာ၊ လိင်အရေးနဲ့ဆိုင်တာ၊ တခြားရောဂါအခံရှိနေတာ စတာတွေကြောင့် ပြောင်းလဲမှု ရှိနိုင်တယ်။
Wed, Jun 6, 2012 at 9:25 AM
အသက်က ၂၃ ပါ။ အိမ်ထောင်ကတော့ မရှိသေးပါ။ ကျွန်တော့် နာမည်က (့) ပါ။ ကျွန်တော့် ကောင်မလေးနဲ့ ဆက်ဆံတိုင်း ကျွန်တော် အထဲမှာ မပြီးပါ။ ဘာပြသာနာမှလည်း မရှိပါ။ အခုတခေါက် ဆက်ဆံပြီး ကောင်မလေး Period လာရမယ့်ရက်ကျော်နေပြီ။ April 25th ကျော်ကျော်က လာင်္ပြီးတာ အခုအချိန်အထိ မလာသေးဘူး။ urine pregnancy test တော့ မလုပ်ရသေးပါ။ အဲ့ဒါ ကိုယ်ဝန်ရှိတဲ့ Sign လား။ Period နောက်ကျနေတာလား သိချင်လို့ပါ။
Family Planning Handbook for Providers, 2007 ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာ သုတေသန
- အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမည်။
- သုက်ပိုးသေဆေးနည်း = ၁၈-၂၉% ကိုယ်ဝန်ရမည်။
- သုက်ရည် ပြင်ပစွန့်ထုတ်နည်း = ၁၅-၂၈% ကိုယ်ဝန်ရမည်။
- ရက်ရှောင်နည်း = ၅-၁၂% ကိုယ်ဝန်ရမည်။
- ကွန်ဒွမ်နည်း = ၂-၁၅% ကိုယ်ဝန်ရမည်။
- နေ့စဉ်သောက်ရသည့်ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမည်။
- ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမည်။
• Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
Mon, Jun 4, 2012 at 10:41 PM
ကျနော်နှင့် ကျနော်ကောင်မလေး နယ်ကျွံမိပါတယ်။ ယူဖို့လဲ ၂ ယောက်အတူ ကြိုးစားနေပါတယ်။ ကျနော်တို့ နောက် ၂ နှစ်လောက်၊ ၂ ယောက်လုံး စီးပွားရေးအဆင်ပြေမှ ယူဖို့ သဘောတူထားပါတယ်။ အခု ကျနော်တို့ ပြသာနာ တက်နေတာက ကျနော့်ကောင်မလေး ရာသီမလာတာ ၁ လကျော်သွားပါပြီ။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ သူကတော့ ကေသီပန် သောက်နေပါတယ်။ ဒါတောင် မလာသေးပါဘူး။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ ဆရာဝန်နဲ့ပြတော့ ဆရာဝန်က ပေါ်ဆေး ထိုးပေးလိုက်ပါတယ်။ ဆေးထိုးပြီးနောက်တရက်မှာ ရာသီ စလာပါတယ်။ ခါတိုင်း ရာသီလာရင် ၄ ရက်လောက်ကြာပါတယ်။ ခုတခါလာတာ ၃ ရက်ပဲ ရှိပါတယ်။ မေလတလလုံး ရာသီ မလာတာ ခု ဇွန် ၅ ရက်တောင် ကူးသွားပါပြီ။ ခုထိ မလာသေးပါဘူး။ ဒီကြားထဲလဲ ကျနော်တို့ အတူမနေပါဘူး။ ဘယ်လိုလုပ်ရမလဲ၊ ဘာဖြစ်လို့လဲဆိုတာ ကူညီပေးပါ။ ပေါ်ဆေးထိုးတုန်းက ပထမတခါ ထိုးပြီး ရာသီလာတော့ နောက်တလုံးကို ထပ်မထိုးတော့ပါဘူး။ ဆရာဝန်ကလဲ မထိုးလဲ ရတယ်ဆိုလို့ပါ။ အဲလိုမထိုးလို့ တကယ်လို့ ကိုယ်ဝန် ရှိရင်တောင် မကျသွားလို့ ခုမပေါ်တော့တာ များလား။ (တခြားလူနဲ့လဲ သူမပတ်သက်ပါဘူး။) သူ့ကိုဆေးခန်း ခေါ်သွားမယ် ဆိုတာကိုလဲ အတင်းပဲ ငြင်းနေလို့ ဘာလုပ်ရကိုင်ရမှန်း မသိတော့ပါဘူး။
၁-၅-၂ဝ၁၂ နေ့က ရာသီလာခဲ့ပြီးနောက် အတူမနေကြရင် ကိုယ်ဝန်မဟုတ်လောက်ပါ။ သေခြာအောင် ဆီးစစ်လိုက်ပါ။ စစ်နည်းရေးထားတာ ဖတ်နိုင်ပါတယ်။
Date: 2012/6/4
ကျွန်မအသက် ၂၂ ပါ။ ချစ်သူနဲ့ တခါတရံ အတူနေပါတယ်။ ၁ နှစ်လောက်တော့ရှိပါပြီ။ အကာအကွယ်မပါဘဲ နေမိတိုင်း အဖြူအဖတ်လေးတွေ ဆင်းတတ်ပါတယ်။ မနေတာကြာရင် ပြန်ပျောက်သွားပါတယ်။ အခုတစ်ခါ နေပြီးတော့ ရာသီ လာသလို အရောင်မဟုတ်ဘဲ နီကျင်ကျင်အရည်နဲနဲ ဆင်းလာလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်မှာ အရမ်း ကြောက်ပါတယ်။ ဘယ်လို ဆက်လက်ကုသသင့်ပါသလဲရှင့်။
အဖြူဆင်းတာက ယားသလား။ အဖြူဖတ်ဆိုတာနဲ့ အဖြူရည် မတူပါ။ မတူတာ နဲ့ ယား-မယားတွေ ရှိပေမဲ့ ဖြစ်စေတတ်တဲ့ ပိုးမတူလို့သာ ကွဲပြားတယ်။ လိင်လမ်းက ကူးစက်တာတွေသာဖြစ်ဘို့များတယ်။ ဆေး ကုရတာလဲ သိပ်မကွာခြားလှပါ။ အများဆုံးဖြစ်နိုင်တဲ့ ၅ မျိုးကို ရေးပါရစေ။
၁။ Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်းရောင်ခြင်း
STD/STI ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်း အင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာ မပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက် များသူတွေမှာ ဖြစ်တယ်။
• Azithromycin 1 Gm သောက်ပါ။ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ်
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ ဒါမှမဟုတ်
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin = 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
၂။ Gonorrhea ဂနိုးရီးယား
ဒုတိယအများဆုံး STD/STI ဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ် ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 125 mg IM ထိုးပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg သောက်ပါ။ ဒါမှမဟုတ်
• Ofloxacin 400 mg သောက်ပြီး Azithromycin 1 g ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် နဲ့တွဲပါ။
၃။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ခြင်း
အဖြူရောင် ပျစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ ဒါမှမဟုတ်
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ ဒါမှမဟုတ်
• Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ ဒါမှမဟုတ်
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။
၎။ Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း
ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ် ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်၊ ဒါမှမဟုတ်
• Metronidazole 2 g တခါတည်းသောက်။ ဒါမှမဟုတ်
• Clindamycin cream 2% ညအချိန်၊ ၇ ရက်ထည့်ပါ။ ဒါမှမဟုတ်
• Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
၅။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝ အနာ
STD/STI လိင်ကတဆင့် ကူးစက်ရောဂါ အနာဖြစ်တယ်။ အနာရဲ့ နုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။
မိန်းကလေးဟာ အတူနေဘက် ယောက်ျားလေး ရှိနေရာက ဖြစ်တာဆိုရင်၊ သူကနေကိုယ့်ကို ကိုယ်ကနေသူ့ကို အပြန် အလှန် ကူးစက်နိုင်တယ်။ ဒါကြောင့် (၁) နှစ်ယောက်လုံး တပြိုင်နက်တည်း ဆေးကုသပါ။ (၂) အကာအကွယ် မပါဘဲ အတူမနေပါနဲ့။ (၃) အဲလို ခဏခဏမဖြစ်အောင် သတိထားပါ။ မဟုတ်ရင် တချိန်မှာ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ နိုင်တယ်။ နာတာရှည်သာ အဲလိုဖြစ်လာရင် ကလေးမရတာအထိ ဖြစ်သွားနိုင်တယ်။
တွဲဖတ်နိုင်တာတွေရှိပါတယ်။
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adultblogspotin/2012/04/vaginal-dischargehtml
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adultblogspotin/2012/03/vaginal-infectionshtml
• Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adultblogspotin/2012/04/vaginal-itchinghtml တွေကိုဖတ်နိုင်ပါတယ်။
Thu, Jun 7, 2012 at 9:38 AM
မိန်းကလေးတစ်ယောက် အသက်က (၁၈)၊ မြန်မာနိုင်ငံကပါ။ သူ့ချစ်သူ ကောင်လေးနဲ့ လိင်ဆက်ဆံ ဖူးပါတယ်။ အရင် လိင်ဆက်ဆံတုန်းက အီးဇီး-တူး တိုက်ပါတယ်။ အခု အိုကေ စီအီး-တူး ဆိုတဲ့ဆေးတိုက်ပါတယ်။ ဆေးမှာပါတာက ဆေးသောက်ပြီး ၂ နာရီအတွင်းမှာ အန်ရင် နောက် ၂လုံးသောက်ရမယ်၊ ၂ နာရီကျော်မှအန်ရင် သောက်စရာမလိုဘုးလို့ ပါပါတယ်။ ကောင်မလေးက ဆေးသောက်ပြီး ၂ နာရီ အတွင်းလည်း မအန်ပါဘူး။ ၂ နာရီကျော်မှာလဲ မအန်ပါဘူး။ ဆေးသောက်ပြီး နောက်တစ်နေ့ ညမှာ ဆီးသွားရင် အရမ်းနာကျင်ပါတယ်။ ၃ ရက်လောက်ရှိနေပါပြီ။ ဆီးသွားရင် အရမ်း နာကျင်တာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ရမလဲ။
အရေးပေါ်တားဆေးထဲမှာပါတဲ့ ဟော်မုန်းကြောင့်ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ဖြစ်ဖြစ် အန်တာဖြစ်တတ်လို့ ဆေးညွှန်းစာမှာ ထည့်ရေးတာဖြစ်တယ်။ လူတိုင်းမအန်ပါ။ မအန်ရင် ဆေးထပ်သောက် စရာမလိုပါ။ဆီးအောင့်တယ်ဆိုတာ မိန်းကလေးတိုင်းလိုလို ခဏခဏဖြစ်တယ်။ ဆီးလမ်း (ဆီးအိမ်) ပိုးဝင်လို့ဖြစ်တာ များတယ်။ အပျိုလေးတွေလဲ နည်းနည်းဖြစ်တယ်။ ဆက်ဆံဖူးကာစမှာ အထူးသဖြင့် မင်္ဂလာဦးမှာ ပိုဖြစ်ကြ တယ်။ ဒီနောက်လဲ ဖြစ်ပါသေးတယ်။
ဆီးလမ်းပိုးသေဆေးသောက်တာနဲ့ ပျောက်တယ်။ ထပ်ဖြစ်ရင် ထပ်သောက်ရမယ်။ ခဏခဏမဖြစ်အောင် ရေးထားတဲ့ စာထဲကအတိုင်း လိုက်နာသင့်တယ်။ ပိုးဟာ တခြားပိုရော လိင်ကတဆင့် ကူးတာရောဖြစ်နိုင် သလို တခြား အတူနေတာနဲ့ မဆိုင်တဲ့နည်းလမ်းတွေကနေလဲ ဝင်နိုင်တယ်။
ဒေါက်တာတင့်ဆွေ - အမေးအဖြေ (၄၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




