19
Jun

အမေးအဖြေ (၅၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကျွန်တော်တို့ ကိုယ်ဝန်ရှိမရှိ စမ်းတော့ မရှိဘူးလို့ ပြပါတယ်။
2. ကျွန်တော်တို့က သိပ်မဆက်ဆံဖြစ်ပါဘူး။
3. ကျွန်တော့် အမျိုးသမီးမှာ အခုဒုက္ခတွေ့နေရလို့ပါ။
4. I am 22 years old and live in Yangon.
5. ကျွန်မကတော့ (့) ရက်နေ့ အိမ်ထောင်ပြုထားသော အမျိုးသမီးတယောက်ပါ။
6. ကျွန်မက (့) မှ အိမ်ထောင်ကျတာပါ။
7. (စကင်) လုပ်ထားတဲ့ လက်ရေးနဲ့ စာတစောင်။
8. အိမ်ထောင်သည်တစ်ဦးပါ၊ အသက် (၄ဝ) ရှိပါပြီ။
9. သမီးမေးတဲ့မေးခွန်းက ရင်သားနဲ့ပါတ်သက်တဲ့မေးခွန်းပါ။
10. I am currently living here in (့).

Mon, Jun 11, 2012 at 10:32 PM
ကျွန်တော်တို့ ကိုယ်ဝန်ရှိမရှိ စမ်းတော့ မရှိဘူးလို့ ပြပါတယ်။ ခုချိန်ထိ ရာသီ မလာသေးပါဘူး။ ဘာဖြစ်လို့လဲခင်ဗျာ။ ကျွန်တော်တို့ ဘာဆက်လုပ်ရမှာပါလဲ။

စောင့်နိုင်ပါတယ်။ တပါတ်နေလို့ မလာသေးရင် ဆီးထပ်စစ်နိုင်တယ်။ မနက်ခင်း သွားတဲ့ဆီးကိုစစ်ပါ။ ကိုယ်ဝန်မဟုတ်ဘဲ ရာသီမလာသေးတာ စိုးရိမ်စရာမလိုတတ်ပါ။

Tue, Jun 12, 2012 at 10:59 PM
ကျွန်တော်တို့က သိပ်မဆက်ဆံဖြစ်ပါဘူး။ ကျွန်တော်က နယ်မှာပဲနေရတာ များပါတယ်။ ၁ နှစ်မှ ၁ ကြိမ် ၂ ကြိမ်လောက် ပြန်ရတာပါ။ ဒါကြောင့် တစ်ခါသုံး တားဆေးတွေကိုပဲ သုံးဖြစ်ပါတယ်။ ဒီတစ်ခါ သုံးတာ က ဆေးဆိုင်မှာ ecee2 ကနေပဲ အသစ်ရောက်တဲ့ Marry pink ဆိုတဲ့တံဆိပ်နဲ့ပါ။ သူ့ရဲ့ ရာသီအစက ၄-၆-၁၂ ပါ။ အခုလိုဖြစ်တာ ဆေးရဲ့ Side effect ကြောင့်လား။ အခုဆို တင်ပဆုံရိုးတွေ နာနေပြီး လေးပင်နေ တယ်။ သူကပြောတယ်။ ယားလဲမယား နာလဲမနာဘူးတဲ့။ ဒါပေမယ့် အရည်ကြည်တွေက ခဏခဏဆင်းနေတယ်။ ဘာဆေးတွေသောက်ရမလဲဆရာ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.htmlကိုဖတ်ပါ။

Tue, Jun 12, 2012 at 7:43 PM
ကျွန်တော့် အမျိုးသမီးမှာ အခုဒုက္ခတွေ့နေရလို့ပါ။ ကျွန်တော်တို့ ဆက်ဆံကြပြီးတော့ အခုဆို ဆက်ဆံပြီးတဲ့ နောက်နေ့မှာ အရည်အကြည် အဖြူ သိပ်တော့ မပျစ်ဘူး။ အနံ့အသက်လဲ ရှိတယ်။ ပြင်းတော့ သိပ်မပြင်း ဘူး။ အဲဒါတွေ ဆင်းနေတယ်။ အထဲမှာတော့ မနာဘူးတဲ့။ ဗိုက်လဲအောင့်နေတယ်။ သိပ်နေလို့မကောင်းဘူးတဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ အနာတွေ ဘာတွေများ အထဲမှာ ဖြစ်လားမသိဘူး။ ကျွန်တော်တို့ ဆက်ဆံပြီးတော့မှ ဖြစ်တာပါ။ ဒီနေ့ပါဆို ၂ ရက်ရှိပြီ။

Vaginitis မွေးလမ်း-ရောဂါ http://dts-medicaleducation-adult.blogspot.in/2012/04/vaginitis.html
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html

Wed, Jun 13, 2012 at 11:17 AM
I am 22 years old and live in Yangon. I would like to ask you some questions as follows, 1. My pens long Arr 6 inch. But its long only and dick body is thin. When I feel horny, my cock is Nt harder than past. 2. Regarding this matter; I can't have anal sex. Did you have any idea concern with this? I look forward to receive some idea from you.

Though I can't understand your writing very well, it looks normal. Be advised not to seek treatment which may cause problem because unnecessary treatment may ruin your sex life. When it comes to health and medical matters, also be advised to write clearly and directly without exclamations and etc. Q and A with a professional is not a chat with friends.
မေးတာကို နားလည်သလောက် သဘောပေါက်တာအရ ပုံမှန်ဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေတာကို အဆန်းမလုပ်ဘို့ အကြံပေးပါရစေ။ ကျန်းမာရေး၊ ဆေးအကြောင်းမေး-ရေးတဲ့အခါ သူငယ်ချင်းချင်း (ချတ်) လုပ်သလို အာမေဍိတ်တွေ မပါသင့်ပါ။

Wed, Jun 13, 2012 at 4:42 PM
ကျွန်မကတော့ (့) ရက်နေ့ အိမ်ထောင်ပြုထားသော အမျိုးသမီးတယောက်ပါ။ အသက် ၃ဝ ရှိပါပြီ။ ရန်ကုန်ကပါ။ အခု ၂ ပတ်လောက်မှာ အမျိုးသားနဲ့ အတူနေပြီးတိုင်း ဆီးခဏခဏ သွားချင်နေပါတယ်။ ညဘက်ဆို ၂ ခါလောက် သွားဖြစ်ပါတယ်။ ယခုလိုဖြစ်တာဟာ ရောဂါကြောင့်ပါလား။ အသိတယောက်ကတော့ Dazolic ဆိုတဲ့ ဆေးတမျိုးကို ညွှန်းပါတယ်။ တနေ့ ၂ ကြိမ်သောက်ရမယ်ဆိုလို့ တစ်ကဒ်တော့ ကုန်သွားပါပြီ။ သိပ်မထူးခြားဘူး ဖြစ်နေပါတယ်။ နောက်ထပ်ဆေးရှိရင် ကျေးဇူးပြုပြီး ညွှန်ကြားပေးစေလိုပါတယ်။

Dazolic ဆေးဟာ မြန်မာနိုင်ငံနဲ့ ရုရှားမှာရောင်းနေတဲ့ Ornidazole ဆေးဖြစ်တယ်။
- Anaerobic infections လေမကြိုက်တဲ့ပိုးဝင်ခြင်း၊
- Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်နားရောင်ခြင်း၊
- Amoebic dysentery အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်း၊
- Amoebic liver abscess အမီးဘားပိုးကြောင့် အသဲပြည်တည်ခြင်း၊
- Hepatic and intestinal amoebiasis အစာလမ်း အမီးဘားပိုးဝင်ခြင်း၊
- Giardiasis, Trichomoniasis ပိုးတွေဝင်ခြင်းရောဂါတွေအတွက်သုံးတယ်။

Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ ကိုဖတ်ပါ။

Wed, Jun 13, 2012 at 5:06 PM
ကျွန်မက (့) မှ အိမ်ထောင်ကျတာပါ။ အမျိုးသားက လိင်ဆက်ဆံတာကို စအိုဝကိုပါ ဆက်ဆံပါသည်။ ကျွန်မက နာသဖြင့် လက်မခံပါ။ ခင်ပွန်းသည်မှလည်း နာလျှင် နောက်၎င်းပုံစံကဲ့သို့ မဆက်ဆံပါ ဟုပြောပါသည်။ ကျွန်မမိတ်ဆွေ သူငယ်ချင်း အိမ်ထောင်သည် အမျိုးသမီးမှ ကိုယ့်ခင်ပွန်း မဖောက်ပြန်စေချင်လျှင် သူတို့လိုချင်သည့် ဆက်ဆံရေး မှန်သမျှ ပေးသင့်သည်ဟု အကြံပေးပါသည်။ ကျွန်မအနေဖြင့် ထိုကဲ့သို့နေပါက ကျွန်မအနေဖြင့် စအိုဝကင်ဆာဆိုတာမျိုး ဖြစ်မှာ စိုးရိမ်မိပါသည်။ ခင်ပွန်းဖြစ်သူဧ။်အလိုကိုလည်း ဖြည့်ဆည်းပေးချင်ပါသည်။ ထို့ကြောင့် ၄င်းစအိုဝဖြင့် လိင်ဆက်ဆံခြင်းသည် အန္တရာယ် ရှိမရှိကို ကျေးဇူးပြုပြီးဖြေပေးစေချင်ပါသည်။

1. Anal Practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း
2. Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများတွေကိုဖတ်ပါ။

Thu, Jun 14, 2012 at 7:48 PM
(စကင်) လုပ်ထားတဲ့ လက်ရေးနဲ့ စာတစောင်။

ကျားအဂ်ါ ထိပ်ဖျားက ကျန်တာထက် ကားနေတာ ပုံမှန်ပါ။ ဒါပေမဲ့ ရောင်နေလို့လဲ ပိုသိသာနေနိုင်တယ်။ နာတာ၊ ဆက်ဆံတဲ့အခါ အရင်လို မဟုတ်တာတွေက တခုခုဖြစ်နေလို့ဖြစ်မယ်။ အမျိုးသမီးမှာ ဘာမမဖြစ်ရင်တော့ ကိုယ့်ကို ပိုကြည့်ရမယ်။ ဘာဘဲဖြစ်ဖြစ် လိင်ကတဆင့် ကူးစက်ပိုးကို အရင်စဉ်းစားရမယ်။
• Azithromycin 1 Gm တခါထဲ သောက်ပါ။ ဒါမှမဟုတ်
• Doxycycline 100 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ခါ၊ ၇ ရက်သောက်ပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg တနေ့ ၂ ခါ၊ ၃ ရက်သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ခါ၊ ၇ ရက်သောက်ပါ။

တကယ်လို့ အမျိုးသမီးက စိုစွပ်မှု နည်းနေရင် (ကွန်ဒွမ်) သုံးပါ။ (ကွန်ဒွမ်) မှာ ချောဆီပါမယ်။ KY jelly ကိုလဲ သုံးနိုင်ပါတယ်။ စိတ်ဓါတ် မကျပါနဲ့။ တကယ်လို့ ကိုယ့်မှာ နာတာက အဓိကကျနေရင် Xylocainr cream ထုံဆေးသုံးနိုင်ပါတယ်။ ထိပ်နေရာ (နာမဲ့နေရာ) ကို အတူမနေခင် ၅-၁ဝ မိနစ်ကြိုတင် လိမ်းပေးပါ။ ဆက်ဆံချိန်လဲ ပိုကြာစေနိုင်တယ်။ ယောက်ျားမှာ ခံစားမှုတော့ လျှော့နိုင်တယ်။ အမျိုးသမီးကိုလဲ ပိုးသေဆေးသောက်စေသင့်ပါတယ်။

Wed, Jun 13, 2012 at 10:02 PM
အိမ်ထောင်သည်တစ်ဦးပါ၊ အသက် (၄ဝ) ရှိပါပြီ။ ကျွန်တော့် လိင်တံထိပ်အရေပြားအစပ်နေရာမှ သွေး တစ်စက် နှစ်စက် ကျပါသည်။ လိင်ဆက်ဆံချိန်တွင် မဟုတ်ပါ။ အပေါ့သွားရင်း သွေးစက်တွေ့သဖြင့် သတိ ထားမိခြင်း ဖြစ်ပါသည်။ (၃) ခါလောက်ရှိပါပြီ။ လိင်တံထိပ်မှအနံ့လည်း မကောင်းပါ။ ဘာရောဂါများဖြစ်မလဲ၊ ဘယ်လိုများ ကုသရမလဲ။

ဖြစ်တာရှားပါတယ်။ သွေးထွက်တဲ့နေရာကို အသေအခြာကြည့်ပါ။ သွေးကြောလေးတွေ ထူးခြားပြီး များနေသလား။ အနာလိုဟာ ရှိသလား။ အဖု-အကျိတ်ရှိသလား။ နှာခေါင်းသွေး၊ သွားဖုံးသွေး ယိုတတ်သလား။ ဗီတာမင် (စီ) ၅ဝဝ အား သောက်နိုင်တယ်။ အဖြူဆင်းတာ နဲ့ အနာအဆာ မရှိရင် သန့်ရှင်းရေးသာ ပိုလုပ်ပါ။ ပိုးဝင်တယ်ထင်ရင် ဆေးသောက်ပါ။ ရေးထားတာတွေ အများကြီးရှိပါတယ်။ ကုလို့လဲ လွယ်ပါတယ်။

Wed, Jun 13, 2012 at 9:17 PM
သမီးမေးတဲ့မေးခွန်းက ရင်သားနဲ့ပါတ်သက်တဲ့မေးခွန်းပါ။ သမီးအသက်က ၂၉ နှစ်ထဲမှာပါ။ အိမ်ထောင်မရှိပါ။ မြန်မာနိုင်ငံမှာပဲ နေတာပါ။

မိန်းကလေး ရင်သားအမေးအတွက် ဖတ်ပြီးပြီလားတော့ မသိပါ။
• Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation.blogspot.in/2012/03/breast-conditions.html
• Breast enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါ http://dts-medicaleducation.blogspot.com/2010/10/brest-enlargement.html
• Breast Massage ရင်သား နှိပ်နယ်ခြင်း http://dts-medicaleducation.blogspot.com/2010/12/breast-massage.html

ရင်သား တွဲကျနေတာကို ဆေးနဲ့၊ နှိပ်တာနဲ့ ပြင်ဘို့ အလွန်ခက်မယ်။ အရပ်ရှည်သူတွေက ရင်သား သူများထက် အောက်ကျနေတတ်တယ်။ ပြေးတာ၊ လှုတ်ရှားတာ စတာတွေကြောင့်လဲ ဖြစ်လာစေနိုင်တယ်။ အတွင်းခံ အဆင်မသင့်လို့လဲ ကျစေနိုင်တယ်။ သေးပြီး အောက်ကျတာနဲ့ မသေးဘဲ ကျတာ မတူဘူး။ မိန်းကလေးတိုင်း ရင်သားကို အမြဲတစေ အဝတ်အစားနဲ့ ဖုံးထားရလို့ ဖုံးထားတာကိုသူ သူများမြင်တယ်။ ဖုံးထားတာကို ဖြစ်စေချင်သလို အနီးစပ်ဆုံး အဝတ်အစား ရွေးသင့်တယ်။ ချွတ်ထားချိန်မှာ ကျနေတာကို မြင့်စေချင်ရင်တော့ ခွဲစိတ်ပြုပြင်နိုင်တယ်။ ခွဲစိတ်မှု မှန်သမျှ နောက်ဆက်တွဲဖြစ်နိုင်တာတွေကို သတိထားရမယ်။ အလှတခုတည်းအတွက်သာ လုပ်ကြတယ်။

မိန်းကလေးများ ရင်သားတွဲကျနေတာဖြစ်စေတဲ့အကြောင်းတွေကတော့ -
- Pregnancy ကိုယ်ဝန်ဆောင်ခြင်း၊
- Breastfeeding ကလေးနို့တိုက်ခြင်း၊
- Weight fluctuations ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်ခြင်း၊
- Aging အသက်ရလာခြင်း၊
- Gravity ကမ္ဘာမြေကြီးဆွဲအား နဲ့
- Heredity မျိုးရိုးတွေဖြစ်တယ်။
Breast Lift Surgery (Mastopexy) ရင်သားတင်ပေးခြင်း ခွဲစိတ်နည်းကို အချိန်ရတော့ ရေးပါအုံးမယ်။

Thu, Jun 14, 2012 at 11:32 PM
I am currently living here in (့). I found your email contact and very happy that i could get chance to express my current physical concern. These days I have pain in my left Testis. And as I went to check up in Hospital the Doctor said it is Epididymo-orchitis. So, I wonder what medicine would be the best medication for Epididymo-orchitis? Would you please advice me on that. Thank you so much in advance.

Scrotal swelling ကျား ကပ်ပယ်အိတ်ရောင်ခြင်း
ကျားအစိထိပ်နေရာ ရောင်တာကို Epididymitis ခေါ်တယ်။ တဖက်သာ ဖြစ်တာများတယ်။ ရုတ်တရက် နာမယ်။ နဲနဲ ရောင်နေမယ်။ Epididymis ကျားအစိထိပ် နဲ့ vas deferens သုက်ပြွန်တွေ ရောင်-နာနေမယ်။ Testis ရောင်နေတာကို Orchitis ခေါ်တယ်။ နှစ်ခုလုံးရောင်ရင် Epididymo-orchitis ခေါ်တယ်။ N. gonorrhoeae နဲ့ C. trachomatis တွေကနေ Epidiymitis ဖြစ်စေတာ များတယ်။ ဆေးသေခြာမကုလို့ အမာ ရွတ်ဖြစ်စဉ်ကြောင့် ကလေးမရတာ ဖြစ်သွားနိုင်တယ်။ Epididymitis ဖြစ်စေမဲ့ တခြားပိုးတွေကတော့ Tuberculosis တီဘီ၊ Filariasis ဆင်ခြေထောက်၊ E coli, Klebsiella spp., Pseudomonas aeruginosa ပိုးတွေဖြစ်တယ်။

လူရွယ်တွေမှာ ကပ်ပယ်အိတ်နေရာနာတိုင်း ဒီရောဂါမဟုတ်ပါ။ Testicular torsion အစိလိမ်ရောဂါဆိုတာ ဖြစ်နေ-မနေ စစ်ရမယ်။ ရုတ်တရက် တအားနာမယ်။ ခွဲစိတ်ကုသရတာမျိုးဖြစ်တယ်။ Trauma ထိခိုက် မိတာ နဲ့ Tumour ကင်ဆာကိုလဲ ထည့်စဉ်းစားရမယ်။ Hydrocele မုတ်ရောဂါ၊ Hernia အူကျတာ နဲ့ Varicocele အကျောထုံးတာတွေလဲ စစ်ရမယ်။

(Gonococcal infection အတွက် Ceftriaxone 250 mg တခါတည်းထိုးပါ။) + (Chlamydial infection အတွက် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်ပါ။) + (လူနာကို အနားခိုင်းရမယ်။ အနာ သက်သာဆေးတွေလဲ ပေးရမယ်။)

ယမုန်နာဆေးခန်း - အမေးအဖြေ (၅၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top