1. သမီး May လက ရာသီသွေး မပေါ်ဘူး။
2. သမီးက အသက် ၂၈ နှစ်ပါ။ အခုသမီးခင်ပွန်းဖြစ်သူနဲ့ (့) နိုင်ငံ (့) မြို့မှာ နေထိုင်ပါတယ်။
3. ကိုယ်ဝန်ရှိတာ ၃ လကျော်ပါပြီ။
4. ကျနော်ပြန်ရင် အိမ်က မိန်းမပေးစားတော့မယ်။
5. သမီးက အိမ်ထောင်ကျတာ ၁ နှစ်ကျော်ပါပြီရှင်။
6. Currently I am working in (…..) and 34 years old.
7. ကျမက သားသမီးအရမ်းလိုချင်နေတဲ့သူပါ။
Tue, Jun 26, 2012 at 9:41 AM
သမီး May လက ရာသီသွေး မပေါ်ဘူး။ April လက ရာသီပြီးသွားတာက ၁၈-၂ဝ လောက်ကပါ။ အဲဒီနောက်ပိုင်း သမီးတို့တူတူမနေဖြစ်ပါဘူး။ တူတူစနေဖြစ်တာ 1st May ကပါ။ နောက်ပိုင်း ရာသီ မပေါ်တော့ဘူး။ May လကုန်ခါနီး လောက်ကျတော့ အန်တာတွေ ပင်ပန်းတာတွေ ရင်ဘတ်တွေ ကြီးလာပြီး နာတာတွေ အစာ မစားချင်တာတွေ ဖြစ်လာလို့ Pregnant Tester နဲ့စစ်လိုက်တော့ ရှိတယ်လို့ ပြတယ်။ သမီးတို့ နှစ်ရောက်လုံး ကလေးယူဖို့ အဆင်မပြေသေးလို့ သူများ ပြောတဲ့ဆေးတွေ သောက်မိပါတယ်။ Penorit နှစ်လုံးနဲ့ ပြီးတော့ ကေသီပန်နဲ့ အရက်ကိုတော့ မနက်တခါ ညတခါ၊ ၃ ရက်လောက် သောက်ဖြစ်တယ်။ ဒါပင်မဲ့ မထူးခြားဘူး။ အချိန်ကြာရင် ပိုဆိုးမှာစိုးလို့ ရန်ကုန်ပြန်ပြီး ပြကြည့်လိုက်ပါတယ်။ 16 June နေ့မှာ စမ်းသတ်ပြီး နှစ်လနီးပါးလို့ ပြောပါတယ်။ တောင်းပန်တော့ လုပ်ပေးလိုက်ပါတယ်။
သားအိမ်ထဲကို ဆေးထဲ့ပေးလိုက်တယ် ပြောပါတယ်။ ဆေးလဲ ထိုးပေးလိုက်တယ်။ ဘာဆေးလဲတော့ မသိဘူး။ နောက်ရက် သွေးဆင်းမယ်လို့လဲ ပြောပါတယ်။ မနက် 9:30 လောက်လုပ်ပြီး နေ့လည် 12:00 လောက် ကျတော့ သွေးတွေ ဆင်းပါတယ်။ အစကတော့ မဲမဲ ညိုညိုတွေ ဆင်းတယ်။ နောက်တော့ သွေးအနီရောင်တွေ ဆင်းတယ်။ အဖျားလဲ နဲနဲ ရှိတယ်။ အဲဒီနေ့ ညအထိကတော့ တော်တော်ဆင်းတယ်။ ရေတွေ သွန်သွန် ချသလိုကို ဆင်းတာ။ နောက်နေ့တော့ အရမ်းမဆင်းတော့ဘူး။ သုံးရက်မြောက်နေ့ ရောက်တော့ အညိုလေးတွေနဲနဲ ဆင်းတယ်။ နောက်ရက်တွေလဲ အဲလိုပဲ။ အခုတော့ အဖြူတွေပြန်ဆင်းနေပါတယ်။ ကိုယ်ဝန်ရှိ တုန်းက ဆင်းသလို အဖြူတွေပြန်ဆင်းနေတာပါ။ အခုထိ အစားလဲ စားချင်စိတ်မရှိသေးဘူး လေချင်တွေလဲ ခဏခဏ တက်တယ်။
အစာလဲမကျေဘူး။ လေချင်တတ်တာကလဲ ရှင်းရှင်း လင်းလင်းမရှိဘူး။ တခါတလေ အန်ရင် အဝါရောင်အရေ ခါးခါးတွေ အန်တယ်။ အန်ချင်သလိုလို လဲဖြစ်တယ်။ တံတွေးတွေလဲ ခဏခဏထွက်တယ်။ ဗိုက်ကလဲ ပူနေတုန်းပဲ ရင်ဘတ်ကလဲ တင်းပြီး နာနေတုန်းပဲ။ နေလို့ထိုင်လို့လဲ မကောင်းဘူး။ ဘာဖြစ်လို့ အဲလိုတွေ ဖြစ်နေရတာလဲ။ Pregnant Test လဲ မစစ်ရဲသေးဘူး။ ဘာကြောင့် ဒီလိုတွေ ခံစားနေရတာလဲ၊ Abortion လုပ်တာ Successful ဖြစ်လားမဖြစ်လား အချိန် ဘယ်လောက်လောက်ကျမှ စစ်ရင် အဖြေမှန်ကိုသိနိုင်မလဲ။
ဆေးသုံးပြီး ကိုယ်ဝန်ဖျက်တာ ပျက်သွားပါတယ်။ ခုအချိန် ဆီးစစ်ရင် အပေါင်းသာ ဆက်ပြအုံးမယ်။ သွေးထဲမှာ အဲဒီ ဟော်မုန်း ကုန်တော့မှသာ အနုတ်ပြမယ်။
ခံစားရတာတွေက ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေဖြစ်မယ်။ ကြာလေလေ သက်သာလေလေဖြစ်မယ်။ ဆင်းတာတွေက အရောင် အရေးမကြီးပါ။ ကုန်တဲ့အထိဆင်းနေမယ်။
အဖျားရှိတာနဲ့ ရေသွန်သလိုဆင်းတာ ၂ ခုအတွက် ဆေးလိုနိုင်တယ်။ ဖျားတာက ဒီလိုလုပ်ရာကနေဖြစ်တာသက်သက်ဆိုရင် (တခြားအကြောင်းခံ ဥပမာ အအေးမိ၊ ဗိုင်းရပ်စ်) ပိုးသေဆေး တခုခုလိုမယ်။ ကိုယ်ပူကျဆေးလိုမယ်။
Ampicillin/Amoxacillin 500 mg တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ် + Paracetamol/Ibuprofen တခါသောက် ၁ တောင့်၊ ပူချိန်၊ ကိုက်ချိန်မှာသောက်။ စုစုပေါင်း ၃-၄ ရက်သာလိုမယ်။
၁-၂ ရက်နဲ့ အဖျား ကျသွားရင် ဆေးမလိုတော့ပါ။
သွေးဆင်းတာ ရုတ်တရက် အများကြီးဆင်းလိုက်ချိန်မှာ သွေးဖိအား ရုတ်တရက်ကျတယ်။ လူက ခေါင်းမူးတာ၊ သတိလစ်ချင်တာ၊ မောတာတွေဖြစ်မယ်။ လုံးဝအိပ်ယာထဲမှာလှဲနေပါ။ ရေ-အရည်ပိုသောက်ပါ။ သွေးဖိအားတိုင်းလို့ အပေါ်ဂဏန်း ၁ဝဝ မပြည့်ရင် Drip တခုခုသွင်းပါ။ ဥပမာ Dextrose water/ 5D drip
နားလိုက်တာနဲ့ သွေးချိန်ပြန်တက်ပါမယ်။
နောင်မှာ ကိုယ်ဝန်တားနည်း စနစ်တကျသုံးပါ။ ရေးထားတာတွေရှိပါတယ်။
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://dts-medicaleducation-adultblogspotin/2012/03/different-methods-of-contraceptionhtml
Tue, Jun 26, 2012 at 12:24 PM
သမီးက အသက် ၂၈ နှစ်ပါ။ အခုသမီးခင်ပွန်းဖြစ်သူနဲ့ (့) နိုင်ငံ (့) မြို့မှာ နေထိုင်ပါတယ်။ အိမ်ထောင်သက်က တနှစ်ပါ။ ဒါပေမယ့် သမီးတို့ အမြဲတမ်း အတူပြန်နေရတာက ၃ လလောက်ပဲ ရှိပါသေးတယ်။ ကလေး မရှိသေးပါဘူးရှင့်။ ဘာတားဆေးမှလည်း မသုံးစွဲထားပါရှင့်။ အခုသမီးဖြစ်နေတာက ဒီလိုပါ။ ရာသီဆင်းတာ မရပ်ပဲဖြစ်နေပါတယ်။ နည်းနည်းလေးနဲ့ စွန်းယုံလေးတင်ပါ။
ရာသီပုံမှန်ဆင်းသလိုဆင်းပြီး ပြီးတော့မလိုရက်တွေမှာ မပြီးနိုင်ဖြစ်ပြီး ဆက်ဆင်းနေပါတယ်။ အဲလိုဖြစ်တာ တပတ်လောက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁၈၊ ၁၉ ရက်တွေမှာ ပြီးရမယ့်ဟာ မပြီးပဲ ဆက်ဆင်းနေတာပါ။ အဲလိုမျိုး အရင်က နှစ်ခါလောက်ဖြစ်ဖူးပါတယ်ဆရာ။ အဲဒါ OG နဲ့ သွားပြကြည့်တော့ Primolut N ၃ ရက်လောက် သောက်ခိုင်းတာ ပထမ ၁ ရက် ၂ ရက် မှာတင်ကောင်းသွားပါတယ်။ အဲဒီတုန်းက အောက်ပိုင်းကိုလည်း လက်နဲ့နှိုက်စမ်းပါတယ်။ ကောင်းပါတယ်တဲ့ ဘာမှအဖု အကျိတ် အလုံးမှလည်း မရှိပါဘူးတဲ့။ Primolut N သောက်ခိုင်းပြီး နောက်တကြိမ် ရာသီဆင်းပြီးရင် Melvon ၂၈ ကို ၃ ကဒ် သောက်ခိုင်းပါတယ်။ ရင်တုန်လို့ ၂ ကဒ်နဲ့ ဖြတ်လိုက်ပါတယ်။ အမျိုးသားနဲ့ အတူနေရင် နာတာကျင်တာ တခုမှမရှိပါဘူး။ ရာသီလာရင် အရမ်း ကိုက်တာခဲတာတွေလည်း မဖြစ်ပါဘူး။ တခြား ကျန်းမာရေး ပြဿနာလည်း ဘာတခုမှ မရှိပါဘူး။
အဲလိုပဲ တခါတလေဖြစ်နေတတ်တာပါ။ အဲဒါဘာကြောင့်ပါလဲ။ Primolut N သောက်လိုက်ရင်ကောင်းသွားမယ်ဆိုတာ သိပေမယ့် ဆရာဝန်ပြောတာ မဟုတ်သေးပဲနဲ့လည်း မသောက်ချင်သေးလို့ပါ။ သမီးက ကလေးလိုချင်ပါတယ်ရှင့်။ ဆေးကြောင့် ကလေးရမှာကို ထိခိုက်မှာလည်း စိုးရိမ်မိပါတယ်ရှင့်။ အဲလိုဖြစ်တတ်လို့ ဆေးတော့ယူလာပါတယ်။ သမီးကိုညွန်ကြားပေးပါဦးရှင့်။ အဲလိုဖြစ်တာကြောင့် စိတ်အနှောင့်အယှက်နှင့် ကသိကအောင့် ဖြစ်ပြီး စိတ်တွေလည်း ညစ်နေရလို့ပါ။ ကိုယ်ဝန်လည်း စစ်ထားတော့လည်း မရှိပါဘူး။ ဆရာ့ စာတွေထဲမှာ အဲဒီဆေးက ကိုယ်ဝန်ရှိရင် မသောက်ရဘူးဆိုတာ ဖတ်ထားရလို့ပါ။ ဆရာ့အဖြေရမှ ဆက်လုပ်ရမှာဖြစ်လို့ အမြန်ဆုံး ပြန်လည် ညွန်ကြားပေးစေလိုပါတယ်ရှင့်။
မစိုးရိမ်ပါနဲ့။ တားဆေး-တားနည်းတိုင်းကနေ ကလေးမရတာ ရာသက်ပန်ဖြစ်သွားစေတာ တခုမှမရှိပါ။
လက်ရှိဖြစ်နေတာက ရာသီဆင်းမရပ်တာဖြစ်လို့ ဆရာဝန်ကနေ ဆေးတွေညွှန်တာဖြစ်တယ်။
ပုံမှန်တားဆေးကို တချို့က အဲလိုဖြစ်တယ်။ ဆေး-နည်းပြောင်းလို့ရပါတယ်။ နီးစပ်ရာ ကုသနေကြ ဆရာဝန်ကို ပြောပါ။ ပြင်ပေးပါလိမ့်မယ်။
ရာသီမှန်နေမှသာ ကလေးရဘို့ ပိုနီးစပ်တယ်။ ရာသီရော၊ လလည်ရက် မျိုးဥထွက်တာပါ မှန်နေမှ ကလေးရတယ်။ ဒါတောင် အမျိုးသမီးဘက်က တဝက်ဘဲရှိသေးတယ်။ သားအိမ်ပြွန်လမ်းလဲ ကောင်းနေရမယ်။
ဒီတော့ အရင်ဟာ အရင်လုပ်တာကောင်းပါမယ်။ ရာသီ မှန်ပါစေ။ ဒိနောက် တားဆေးမသောက်ဘဲ နေပြီး ကိုယ်ဝန် စောင့်နိုင်ပါတယ်။ စောင့်ရမဲ့ ရက်-လ တယောက်နဲ့တယောက် မတူပါ။ ၂၈ နှစ်ဟာ အတော်ကောင်းတဲ့ အသက်အရွယ် ဖြစ်ပါတယ်။
Tue, Jun 26, 2012 at 6:35 PM
ကိုယ်ဝန်ရှိတာ ၃ လကျော်ပါပြီ။ ပြီးခဲ့တဲ့ ၁ ရက်လောက်က အဖြူဆင်းနေလို့ပါ။ အဲဒါဆရာဝန်ပြတော့ Premaston 5mg, Duvadilen, Ferofort အားဆေး နဲ Fungicip-100vg တွေပေးတယ်။ Premaston 5mg က ဘာအတွက် ပေးတာလဲ။ ပြီးတော့ Fungicip-100vg ကိုယ်ထဲ့ကို ဘယ်လောက်ထိထည့်ရမှာလဲ။ ထည့်ပြီးရင်ကော နေရမှာလား။
Premaston 5mg ဆေးကို အင်္ဂလိပ်လို ရှာမရသေးပါ။ ဆေးနာမည်သိမှ ပြောလို့ရမယ်။ ဆေးရောင်းဘို့ ပေးတဲ့နာမည်က နိုင်ငံတကာမှာ အသုံးနည်းရင် အရှာရခက်တယ်။ Fungicip-100vg မွေးလမ်းထဲထည့်ဆေးကို လက်တဆုံးထည့်ပါ။ အိပ်ယာမှလဲနေရင် ကိုယ်တိုင်ထည့်နိုင်တယ်။
Premaston 5mg (Allylestrenol) ဆိုပြီး ရေးထားပါတယ်။ ဆေး Company က Kalbe ပါ။
Allylestrenol ဆေးဟာ ဓါတ်ခွဲခန်းမှာ လုပ်ထားတဲ့ Progestogen (ပရိုဂျက်စတိုဂျင်) ဟော်မုန်းဆေးဖြစ်တယ်။ အမျိုးသမီးတွေအတွက်ဆိုရင် Threatened miscarriage ကိုယ်ဝန်ပျက်ချင်သလိုဖြစ်တာ၊ Recurrent pregnancy loss ခဏခဏကိုယ်ဝန်ပျက်တာ ကာကွယ်ဘို့ နဲ့ Premature labor အချိန်စောမွေးတာ ကာကွယ်ဘို့အတွက် သုံးတယ်။
Thu, Jun 28, 2012 at 8:12 AM
ဆရာ့စာတွေ တော်တော်များများ ကျနော် ဖတ်ဖြစ်ပါတယ်။ ကျနော်က (့) နိုင်ငံမှာပါ။ အသက်က ၂၉ ပါ။ သုက်လွှတ်တာ အရမ်းမြန်ပါတယ်။ ပြီးတော့ (့) ကလည်း အရင်လို အားမရှိတော့ပါ။ အပျော်အပါး လိုက်စားတာ သိပ်မရှိပါဘူး။ တခါတလေ သွားပြန်ရင်လည်းဘာမှ မလုပ်လိုက်ရခင် သုတ်ကထွက်သွားပါတယ်။ အခုဆိုရင် လုံးဝ ဆက်ဆံလို့ မရတော့သလိုဖြစ်နေပါတယ်။ စိတ်ဓာတ်လည်း တော်တော်ကျသွားပါတယ်။ အရင်က တယောက်တည်း စိတ်ဖြေနည်းကို အလွန်အကျွံ လုပ်ခဲ့ဖူးပါတယ်။ အခုက ကျနော်ပြန်ရင် အိမ်က မိန်းမပေးစားတော့မယ်။ ကောင်မလေးက အသက် ၂ဝ ပဲ ရှိသေးတယ်။ ဒီအတိုင်းဆို အိမ်ထောင်ရေးက လုံးဝ အဆင်ပြေမှာ မဟုတ်လောက်ဘူးထင်တယ်။ ပြန်ရင်တော့ ဆေးခန်းပြဖို့ စိတ်ကူးထားပါတယ်။ ပန်းသေပန်းညိုး ဖြစ်နေသလိုဖြစ်နေတယ်။ ပြီးတော့ သုတ်ရည်က အရည်ကြည်ပါများများလည်း မထွက်ပါ။ အချိန်မှီဘယ်လို ကုသသင့်တယ်၊ ဘယ်ဆေးကို ရေရှည် စားသုံးသင့်တယ်၊ ဘယ်လို ကုသသင့်တယ်၊ အစားအစာက အစပေါ့။ ကျနော် ယောက်ကျားပီသချင်ပါတယ်။
လုံးဝ မစိုးရိမ်ပါနဲ့။ အာသောဖြေလို့ ပန်းညှိုးစေတာ မဖြစ်ပါ။ သုက်လွှတ်စောတာ ဖြစ်တတ်ပါတယ်။ စာတွေ ဖတ်ထားတယ် ဆိုပေမဲ့ ထပ်ပို့ပါတယ်။ အားလုံးက ကိုယ့်အတွက် မဟုတ်ပါ။ သိဘို့သာ ရေးထားပါတယ်။ ဆိုင်တာကိုသာ ယူပါ၊ ပြုပြင်ပါ။ ဒီအရွယ်မှာ ရုပ်ပိုင်းချို့ယွင်းမှု မဖြစ်ပါ။ အလေ့အကျင့်နည်းတာ၊ စိတ်ထက်သန်မှု များတာ၊ စိတ်စောတာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်တာတွေကနေသာ ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ကောင်းကောင်းထားပါ။ နောက်ဆုံး Viagra လိုဆေး တခုခုသောက်ရင် တကယ် ပန်းသေနေသူတွေတောင်မှ အဆင်ပြေတယ်။ Viagra အကြောင်းတော့ ထည့်မပို့လိုက်ပါ။
ဒီအဖြေကို မေးတဲ့ (အီးမေးလ်) နဲ့ ပြန်ပို့လို့ မရပါ။
Thu, Jun 28, 2012 at 9:56 AM
သမီးက အိမ်ထောင်ကျတာ ၁ နှစ်ကျော်ပါပြီရှင်။ ၁ လခံဆေးထိုးပါတယ်။ အပျိုတုန်းက ၁ လတစ်ခါပဲ ရာသီလာပါတယ်။ အိမ်ထောင်ကျကတည်းက ၁ လဆေးထိုးကတည်းက ရာသီ ၅ ရက်လာပါတယ်။ ရာသီလာပီး ၁၅ ရက်ဆို နောက်တစ်ခါ လာတယ်။သမီးမှာ ၁ လခံဆေးကို ၁ လ နှစ်ခါ ထိုးနေရပါတယ်။ ဘာဆက်လုပ်ရမလဲ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ အမြန်ဆုံးလေး ပြောပြပေးပါရှင်။
၁ လခံဆေးကို ၁ လတခါ၊ ၃ လခံဆေးကို ၃ လတခါသာ ထိုးသင့်ပါတယ်။ အများဆုံးသုံးကြတာက ၃ လခံ ထိုးဆေး ဖြစ်တယ်။ ထိုးဆေး၊ စားဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးတွေအပြင် ရာသီအပေါ်မှာ သက်ရောက်ကြတယ်။ နည်းတာ၊ များတာ၊ မလာတာတွေ ဖြစ်နိုင်တယ်။ သတ်မှတ် ရက်-လတွေကိုတော့ ကာကွယ်စေတယ်။ နည်းတွေ အများကြီးရှိတယ်။ ကိုယ်နဲ့ အဆင်ပြေတာ၊ လက်လှမ်းမီတာ ရွေးနိုင်ပါတယ်။
စာ ၂ ပုဒ်သာ ပို့ပါတယ်။ (ဘလော့ခ်) ကိုတွေ့ရင် အောက်ဆုံးမှာ မာတိကာရှိတယ်။ သိချင်တာ ရှာဖတ်နိုင်ပါတယ်။
• Contraceptive Injections ကိုယ်ဝန်တား ထိုးဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/contraceptive-injections.html
• Different Methods of Contraception ပဋိသန္ဓေတားနည်းများ http://dts-medicaleducation-adult.blogspot.in/2012/03/different-methods-of-contraception.html
Thu, Jun 28, 2012 at 6:41 AM
Currently I am working in (…..) and 34 years old. I've been married for 6 months already. My menstruation stopped since April last week till June 25 and when I tested with pregnancy test kit, it showed I am pregnant. But last night, blood came out a lot just like menstruation. These 2 daya felt my stomach not comfortable like a little bit of pain. Do I need to see doctor and need to do operation? Please kindly advise me. I am afraid that I can’t get children in future.
Sorry! I can be a miscarriage. You should see an OG.
It depends on the cause of this bleeding during early pregnancy to get next pregnancies. It is good to know that (1) your ovaries ovulate and (2) your uterine tubes are not blocked. These are two major reasons of infertility.
• Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
• Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး
Mon, Jun 25, 2012 at 6:23 AM
ကျမက သားသမီးအရမ်းလိုချင်နေတဲ့သူပါ။ ဒါပေမဲ့ သားသမီးမရဘူးဖြစ်နေပါတယ်။ ကျမအိမ်ထောင်ကျတာတော့ ၆ လ လောက်ရှိပါပြီ။ ကျမအမျိုးသား အသက်က ၃၉ နှစ်ပါ။ ကျမကတော့ ၂၈ ပါ။ ကျမ အိမ်ထောင် မကျခင်က တီဘီဆေး သောက်ထာပါတယ်။ အခုမှ တီဘီဆေးသက်တမ်းပြည့်တာ ၄ လလောက်ပဲ ရှိပါသေးတယ်။ အိမ်ထောင်ကျပြီး ၂ လ လောက်ထိ တီဘီဆေး သောက်ပါသေးတယ်။ အသိဆရာဝန် တယောက် ဆီကတော့ ကျမအိမ်ထောင်မကျခင် ရက်ပိုင်း အလိုက မေးဖူးပါတယ်။ သူကပြောတယ်။ တီဘီဆေးက သားအိမ်ကျဉ်းစေတဲ့ အတွက် ကလေးရဖို့ခက်ခဲမယ်တဲ့။ ဟုတ်ပါသလား။ ကျမရော ကျမယောက်ကျား ပါ ကလေးအရမ်းလိုချင်ပါတယ်။ နိုင်ငံရပ်ခြားဆိုတော့ ဆေးခန်းသွားရတာလဲ အဆင်မပြေသလို ခံစားရတယ်။ အခုထိတော့ နှစ်ယောက်လုံးမှာ ကလေးရှိ-မရှိဆိုတာ မစစ်ရသေးပါဘူး။ ဆရာပြောတဲ့ မျိုးဥကြွေဆေး ဆိုတာလေ Clomiphene Citrate ဆိုတာလေ ဒီအတိုင်း ဆရာဝန် မညွန်ကြားပဲ သောက်လို့ရပါသလား။ သောက်လို့ရမယ်ဆိုရင် ဘယ်အချိန်တွေမှာ သောက်ရမလဲဆိုတာ ညွန်ကြားပေးပါနော်။ နောက်တခုဆရာ ဆရာပြောတဲ့ ကိုယ်ဝန်ရစေမဲ့ဆေးဆိုတာလေ Fertility Drugs ဆိုတာကရော ဘယ်လိုအချိန်မှာသောက်ရပါသလဲဆရာ။
စာ (၅) ပုဒ် ပို့လိုက်ပါတယ်။ ကျန်းမာ-ချမ်းသာပြီး သားသမီးရတာနာတွေ ထွန်းကာပါစေ။
• Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁)
• Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂)
• Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁)
• Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂)
• Infertility Treatments (3) ကလေးရအောင် ကုသနည်းများ (၃)
ယမုန်နာဆေးခန်း - အမေးအဖြေ (၅၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)




