3
Jul

အမေးအဖြေ (၅၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1. ကလေးဖျက်တာကို မိရင် ထောင်ဒဏ် အပြစ်ပေးပါတယ်။
2. ကျွန်တော့်အတွက် ကုထုံးမရှိတော့ဘူးလား။
3. ဟိုအရင် အပျိုဖော်ဝင်စ အချိန်ကတည်းက ညာဘက်ရင်အုံမှာ
4. ကျွန်တော့် မိန်းမ IUCD ထည့်ထားတာ ၂ နှစ်ကျော်ပါပြီ။
5. သမီးအသက်က ၁၉ နှစ်ပါ။
6. ကျွန်တော့် ဇနီးသည်ဟာ HBs Antigen positive, HBe Antigen negative, Anti HBe Antigen positive ဖြစ်ပါတယ်
7. I want to know certainly about treatment of genital warts.

Sun, Jul 1, 2012 at 2:47 AM
ကျွန်တော်တို့ အိမ်းထောက်သက် ၄ နှစ်ကျော်ကြာပါပြီ။ အမျိုးသမီးက ကလေး မလိုချင်သေးလို့ ဆိုတာနဲ့ ကျွန်တော် သုတ်ကို အပြင်မှာ ထုတ်ပါတယ်။ ဒီလိုနဲ့ပဲ နေလာတာ ပြီးခဲ့တဲ့လက သူမ ရာသီမပေါ်တော့ တာနဲ့ ဆေးစစ်တဲ့အခါ ကိုယ်ဝန်ရှိနေတာကို သိရပါတယ်။ ဒါနဲ့ သူက ကလေးကို မလိုချင်ဘူဆိုပြီး ကလေးဖျက်ဖို့ကို လုပ်ခဲ့ပါတယ်။ ဆေးရုံတွေမှာ မလုပ်ပေးတဲ့အတွက် (ယခုကျွန်တော်တို့ ရောက်ရှိ အလုပ်လုပ် ကိုင်နေသော နိုင်ငံမှာ ကလေးဖျက်တာကို မိရင် ထောင်ဒဏ် အပြစ်ပေးပါတယ်။) ဒါကြောင့် တိတ်တဆိတ် ဆေးများဖြင့် လုပ်နေရပါတယ်။ ဒါပေမဲ့ မအောင်မြင်ပဲ အခု ဇနီးသည်မှာ ဗိုက်အောင့်နေပါတယ်။ စာရရချင်း ကျွန်တော် အီးမေးလ်ပါ ဖုန်းကိုသို့ ဆရာနဲ့ တိုက်ရိုက်ပြောနိုင်မယ့် ဖုန်းကို ပို့ပေးပါနော်။

ရေးထားတာတွေ ဖတ်ဖြစ်မယ်ထင်ပါတယ်။ လိုတာ ရွေးဖတ်နိုင်အောင် စာရင်း ပို့လိုက်ပါတယ်။ ဒီလိုဖြစ်လို့ ဗိုက်နာတာအတွက် အကြောင်း အမျိုးမျိုးကို စဉ်းစားရတယ်။ သွေးဆင်းချင်လို့ လဲဖြစ်နိုင်တယ်။ ရောဂါ ပိုးဝင်တာ ဆေးသုံးနည်းကနေ မဖြစ်တတ်ပေမဲ့ ထည့်စဉ်းစားရမယ်။ (အာလ်ထွာဆောင်း) လုပ်မထားရင် ကိုယ်ဝန်ဟာ သားအိမ်ပြင်ပမှာ တည်တာကနေ ပျက်-ပေါက်ချင်တာကိုလဲ ခေါင်းထဲထည့်ရမယ်။ ဒီလို ရှိနေတာကို ဆေးသုံးပြီးဖျက်လို့တော့ မပျက်တတ်ပါ။ ဗိုက်နာတာ ခံစားရမှုသက်သာဘို့ Ibuprofen အနာသက်သာဆေး တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်နိုင်ပါတယ်။ ဒိထက်တော့ အဝေးကနေ ကူညီလို့ မသင့်ပါ။

• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/medical-abortion-1.html
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-2.html
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/medical-abortion-3.html
• Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
• Abortion pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
• Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html

ဆရာ ပေးပို့သော စာကို အကုန်ဖတ်ပါတယ်။ အဲဒီမှာ ကိုယ်ဝန်ဆေးသုံးဖျက်ခြင်း နံပါတ် (၂) နဲ့ တစ်ထပ်တည်း တိုက်ဆိုင်နေပါတယ်။ ဆေးရုံးကို သွားပါတယ်။ ဓါတ်မှန်နဲ့ လိုအပ်တဲ့ ဆေးစစ်ချက်တွေကို အကုန်းလုပ် ပါတယ်။ ကိုယ်ဝန်က ပုံမှန်အတိုင်ပဲရှိပါတယ်။ ဆရာရဲ့ ဆောင်ပုဒ်အရ မြန်မာနိုင်ငံသားတိုင်း မည်သည့်နေရာတွင်မဆို ကျန်းမာရမည်ဟု ရေသားထာပါတယ်။ အခုလည်းပဲ့ ဆရာချစ်တဲ့ မြန်မာနိုင်ငံသား ကျွန်တော်တို့ ဇနီးမောင်နှံက ဆရာ့ အကူအညီကို လိုအပ်နေပါတယ်။ သို့ပါသောကြောင့် ဆရာနဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ပြုပါခင်ဗျာ။ ကျွန်တော်နေထိုင်တဲ့ တိုင်ပြည်းက (့) နိုင်ငံပါခင်ဗျာ။ အရေကြီးလို့ပါဆရာ။

မူးတာစသခြင့်ဖြစ်တာက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်မယ်။ ကိုယ်ဝန်ရှိ-မရှိစစ်ရင်လဲ ကိုယ်ဝန်ဆက်ရှိတာရော ပျက်တာ-ဖျက်တာမှာပါ အပေါင်းဆက်ပြနေမယ်။

Sun, Jul 1, 2012 at 8:02 PM
ဆရာရေးထားတဲ့ အိပ်နေစဉ်သုတ်ထွက်ခြင်း စာပိုဒ်ကိုဖတ်ပြီးပါပြီ။ ဒါပေမယ့် အိပ်နေစဉ် သုတ်ထွက်တာက ကျွန်တော် အခုဆို ငါးနှစ်လောက်ရှိနေပြီ။ သုံးလေးရက်တစ်ခါ ဆက်တိုက်အမြဲထွက်ပါတယ်။ ဒူးတွေက အရမ်းကိုချောင်ပါတယ်။ အဆစ်တွေက လုံးဝအားမရှိသလိုခံစားရပါတယ်။ ကြွက်သားတွေက အားနည်းတဲ့အချိန်တွေဆို သူဟာသူ တုန်ခါပါတယ်။ မျက်စိတွေကလဲ အဲ့ဒါဖြစ်ပြီးရင် တစ်နေကုန် မှေးနေပါတယ်။ စကားပြောရင်တောင် ဖွင့်လို့မနိုင်ဘူး။ နောက်ခေါင်းမူးတယ်။ လုံးဝအားမရှိပါဘူး။ အဲ့ဒါတွေက ရောဂါတစ်ခုဖြစ်သလို နေ့တိုင်းဖြစ်နေပါတယ်။ အဲဒါတွေသာ မဖြစ်ဘူးဆိုရင် ကြိုက်သလောက်ထွက်ပေါ့။ အခုအဲ့လိုမျိုး အရမ်းခံစားနေရတဲ့ကြားထဲက အမြဲထွက်နေတယ်။ ကျွန်တော် အဲ့ဒီအားနည်းတဲ့ ဝေဒနာကို ပျောက်ချင်တယ်။ ကျောင်းသွားရတာ အဆင်မပြေဘူး။ ကျွန်တော့်အတွက် ကုထုံးမရှိတော့ဘူးလား။

• ပက်လက်မအိပ်ပါနဲ့။
• ညအချိန် နို့မသောက်ပါနဲ့။
• အစာစားတာ သိပ်မများစေနဲ့။
• ညစာကို မအိပ်ခင် ၃ နာရီစောစားထားပါ။
• အပူ-အစပ်၊ အသား၊ ကြက်ဥ၊ ဝိုင်၊ လျှော့ပါ။
• ဟင်းသီးဟင်ရွက်၊ အသီးအနှံများများစားပါ။
• လဘက်ရည်၊ ဒိန် ရှောင်ပါ။
• အစာကို ကျေညက်အောင် ဝါးစားပါ။
• ညစာစားပြီး အရည်သောက်တာ မများစေနဲ့။
• နေ့ခင်းမှာသာ ရေ မကြာမကြာသောက်ပါ။
• မအိပ်ခင် ဆီးသွားပါ။
• မနက်အိပ်ရာ စောစောထပါ။
• မြင်းစီးတာ၊ ဘီးစီးတာ အပြင်းအထံမလုပ်ပါနဲ့။
• လေသန့်ရာနေရာတွေမှာ အသက်ပြင်းပြင်ရှူပြီး လမ်းလျှောက်ပါ။
• စိတ်ကူးယဉ်အတွေးတွေ ဝင်လာရင် ရပ်ပြစ်ပါ။
• နေ့ခင်းမှာ မပြင်းထံတဲ့ ကိုယ်လက်လှုတ်ရှားမှုလုပ်ပါ။
• မျိုးပွါးအင်္ဂါကို နေ့တိုင်းသန့်ရှင်းပါ။

Mon, Jul 2, 2012 at 5:52 AM
အလုပ်က သူငယ်ချင်းက သူ့မှာ email မရှိလို့ ကျမကို အကူအညီတောင်းခိုင်းပါတယ်ဆရာ။ သူအခု (့) မှာပါ။ အသက်က ၂၁ နှစ်လို့ပြောပါတယ်။ ဒါပေမယ့် အရမ်းထွားတယ် မထင်ရဘူး။ သူက ဟိုအရင် အပျိုဖော်ဝင်စ အချိန်ကတည်းက ညာဘက်ရင်အုံမှာ အကျိတ်လိုမျိုး အစေ့လေးရှိနေခဲ့တယ်ပြောပါတယ်။ ဒါပေမယ့် ဂရုမစိုက်ပဲထားခဲ့ပြီး၊ ၁၇ နှစ်လောက်မှာ (့) မှာ အလုပ်သွားလုပ်နေတုန်း အဲဒီအကျိပ်က နာလာတယ် ပြောတယ်။ ဆရာဝန်သွားပြတော့ ခွဲရမယ်ပြောလို့ မြန်မာပြည် (့) ဆေးခန်းမှာ ၂ဝဝ၉ ခုနှစ်မှာ ခွဲခဲ့တယ်လိုရ ပြောတယ်။ ခွဲပြီးမကြာခင် ၃ လ ၄ လလောက်မှာ နောက်ထပ်အကြိပ် ထပ်ပေါ် လာတယ်လို့ ပြောတယ်။ ဒါပေမယ့် သူ (့) ကို ထွက်လာခဲ့တယ်လို့ ပြောတယ်။ အခုဆို ညာဘက်မှာ ၄ ခု၊ ဘယ်ဘက်မှာ ၂ ခု ထပ်ပွားလာပြီ။ အဲဒီထဲက တလုံးက ၃ ရက်ခြားတခါလောက် ကျင်ပြီးနာတယ် လို့ ပြောတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲလို့ မေးခိုင်းတယ်။ သူဘာဆေးမှလဲ မသောက်ခဲ့ဘူးပြောတယ်။ ဆေးရုံဆင်းဆင်းချင်းတော့ မောရိယမန်းဆေး သောက်ဖူးတယ်တဲ့။ အခုဘာဆေးမှ မသောက်ဘူး တဲ့။ သောက်ဆေးဖြစ်ဖြစ် ညွန်ကြားပေးပါလို့ အကူအညီတောင်းခိုင်းတယ်။ ပြီးတော့ ဘာတွေရှောင်ရမယ်ဆိုတာတွေလဲ သိချင်ပါတယ်လို့ ပြောတယ်ဆရာ။

အသက်အရ ရင်သား ကင်ဆာ ဖြစ်ဘို့အခွင့်အလမ်း နည်းပါတယ်။ ခွဲစိတ်တုံးက ဆရာဝန်တွေကနေ ကင်ဆာလို့ မပြောလိုက်တာလဲ ကောင်းတဲ့အချက်တခုဖြစ်သေးတယ်။

ဒါပေမဲ့ ဒီအချက် ၂ ခုလုံးက ရာနှုန်းပြည့် ကင်ဆာ မဟုတ်ပါလို့ အာမခံချက်မရှိပါ။ သောက်ဆေး၊ လိမ်းဆေး၊ တိုင်းရင်းဆေး တခုကိုမှ အားမကိုးပါနဲ့။ ဆရာဝန်ပြန်ပြရမယ်။ လိုအပ်ရင် ခွဲစိတ်ရင်း Biopsy အသား စဖြတ်ယူစစ်ဆေးတာပါ လုပ်ရမယ်။ အဖြေအရ ဆက်ဆေးကုသဘို့လိုရင် လိုနိုင်တယ်။ မြန်လေကောင်းလေဖြစ်ပါတယ်။ လိုက်နာအောင် အကြံကောင်းကောင်းပေးစေချင်ပါတယ်။

သူ့ကိုခွဲပေးတုန်းက ဆရာဝန်က အဆီကျိတ်  လို့ပြောတယ်လို့ပြောတယ်။ အခုပြန်ပွားလာတာ စိုးရိမ်ရလားလို့ မေးတယ်။ ဆေးက ဆရာပြောပြလို့ ရလားဆရာ။ အကျိတ်ထပ်မပွားဘို့ ဆေးမျိုးလေးညွန်းပေး ပါလို့ ပြောတယ်ဆရာ။

ထိုးဆေး၊ စားဆေး၊ လိမ်းဆေး၊ ဘာတခုကိုမှ အားမကိုးပါနဲ့။ သူများပြောလဲ မယုံပါနဲ့။ အချိန်မကုန်စေပါနဲ့။ • Breast lump (ကင်ဆာ) မဟုတ်တဲ့ ရင်သား-အကျိတ် http://dts-medicaleducation.blogspot.com/2011/01/breast-lump.html
• Breast Conditions ရင်သား ကျန်းမာရေး http://dts-medicaleducation-adult.blogspot.in/2012/03/breast-conditions.htmlတွေကို ဖတ်စေပါ။

Mon, Jul 2, 2012 at 1:18 PM
ကျွန်တော့် မိန်းမ IUCD ထည့်ထားတာ ၂ နှစ်ကျော်ပါပြီ။ အခု ခေါင်း ခဏခဏ ကိုက်နေလို့ အဲဒါနဲ့ ဆိုင်လား။ ပြီးတော့ ပြန်ထုတ်ပြီး ပြန်ထည်ရမှာလား။ သက်တမ်းကုန်တာ များရှိလား။ ပြီးတော့ အတူနေရင် အခုတလော ကျွန်တော် နာကျင်တယ်လို့ ခံစားရတယ်ဆရာ။

IUD မှာ ဟော်မုန်း မပါတာကို အများဆုံးသုံးတယ်။ အဲဒါမျိုးက ဟော်မုန်းကရတဲ့ ဘေးထွက်-ဆိုးကျိုးတွေ မရစေပါ။ သက်တမ်းကုန်တာ ရှိပါတယ်။ နာတယ်ဆိုရင် နိုင်လွန်ကြိုးစကြောင့် ဖြစ်နိုင်တယ်။ ပြန်စစ်ပြီး ရှည်နေရင် ဖြတ်ပြစ်လို့ရတယ်။ ခေါင်းကိုက်စေတဲ့ တခြားအကြောင်း ရှာရမယ်။
IUD for Birth Control ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း ကိုပို့လိုက်ပါတယ်။

2012/7/1
သမီးအသက်က ၁၉ နှစ်ပါ။ ဆရာပြောတဲ့ ဆေးညွှန်း
• Clotrimazole Vaginal suppositories မွေးလမ်းထည့်ဆေး 100 mg ၆ ည၊ 200 mg ၃ ည။
• Miconazole ointment or 2% cream or 100-200 mg suppository မွေးလမ်းထည့်ဆေး၊ ၃ ည။
• Nystatin 100,000 units vaginal tablets မွေးလမ်းထည့်ဆေး ၁၄ ရက်။
• Fluconazole 150 mg ပြန်ပြန်ဖြစ်နေသူတွေကို တပါတ်တခါ ပေးတယ်။ ဆိုတာက အကုန်လုပ်ရမှာလားဆရာ ဆရာပြောထားတဲ့ ၄ ခုလုံး လုပ်ရမှာလား။ ဒါမှမဟုတ် တစ်ခုလုပ်ရုံနဲ့ ရပါသလားရှင့်။
သမီးရဲ့ခင်ပွန်းရဲ့ အင်္ဂါမှာလည်း အနီစက်တွေပေါ်ပြီး ယားတယ်တဲ့။ အဲ့ဒါ အွန်လိုင်းမှာ ရှာကြည့်တော့ Yeast/Candidiasis လို့ ပြောတယ်။ အဲ့ဒီအတွက်ကော ဘယ်ဆေးတွေသုံးလို့ ရပါသလဲ။ အိမ်မှာပဲ ဆေးသုံးလို့ ပျောက်နိုင်ပါသလားရှင့်။ သမီးခင်ပွန်း အသက်ကလည်း ၁၉ ပါပဲဆရာ။

Mail က Spam ထဲဝင်လာလို့ တိုက်ရိုက်ဖြေမရပါ။ ဘယ်သူဆီကနေ ဘယ်သူ့ကိုကူးသလဲ မပြောတတ်ပါ။ မိန်းကလေးက စဖြစ်တာဆိုရင် မွေးလမ်းထဲ ထည့်ဆေး တမျိုးတည်းနဲ့ရနိုင်ပါတယ်။ Metronodazole တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်တာနဲ့လဲရမယ်။ သောက်ဆေး + လိမ်းလေးလဲ ရတယ်။ ယောက်ျားလေးက စတာထင်ရင် Doxicycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html တွေကိုဖတ်ပါ။

Tue, Jul 3, 2012 at 7:21 PM
ကျွန်တော့် ဇနီးသည်ဟာ HBs Antigen positive, HBe Antigen negative, Anti HBe Antigen positive ဖြစ်ပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့ ဘီပိုး မရှိပါ။ ဒါပေမဲ့ HBs Antibody <2 negative ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခု ကလေးရယူလိုပါသဖြင့် မည်သို့ပြုလုပ်ဆောင်ရွက်နိင်မည်ကို သိပါရစေ။

Hepatitis B surface antigen (HBsAG) ဆိုတာ ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်မှာ ရှိနေတယ်။ Acute HBV infection ချက်ချင်းဖြစ်တာရော Chronic HBV infection နာတာရှည်ဖြစ်နေသူတွေရဲ့ သွေးထဲမှာ ရှိနေမယ်။ HBV infections ကူးစက်ခံထားရတာ ဟုတ်-မဟုတ် စစ်ဆေးနည်းအဖြစ် သုံးတယ်။ ပိုးဝင်ခံထားရပေမဲ့ ရောဂါလက္ခဏာ မရှိသေးသူတွေမှာလဲ တွေ့မယ်။ ချက်ချင်းဖြစ်တာကနေ သက်သာလာချိန်မှာ ဒါကိုမတွေ့တော့ဘူး။

Hepatitis B e-antigen (HBeAG) ဆိုတာ Hepatitis B virus ပိုးတွေ တက်ကြွပြီး ထပ်တူပွါးများလာတာကိုပြတဲ့ (ပရိုတင်း) တွေဖြစ်တယ်။ ဆေးကုသမှု ခံယူနေတာ ဆိုရင် ဆေးရဲ့ထိရောက်မှုကို တိုင်းတာနိုင်တယ်။ တချို့ HBV အမျိုးအစားတွေက e-antigen မျိုးထုတ်မပေးဘူး။ အထူးသဖြင့် အရှေ့အလည်ပိုင်းဒေသနဲ့ အာရှမှာ အဲလိုတွေ့တတ်တယ်။

Anti-hepatitis Be antibody (Anti-HBe) ဆိုတာ Hepatitis Be antigen ကြောင့်ဖြစ်လာတဲ့ (အင်တီဘော်ဒီ) ဖြစ်တယ်။ Acute hepatitis B infection ချက်ချင်းပိုးဝင်လာတာကို သက်သာလာပြီးနောက် ဒါတွေဖြစ်ပေါ်လာတယ်။ Anti-HBc နဲ့ anti-HBs တွေနဲ့ပါ တွဲဖြစ်လာတယ်။ Chronic hepatitis B နာတာရြှ် ဖြစ်နေသူတွေဆိုရင် Anti-HBe ကို ရောဂါ အခြေအနေ နဲ့ ကုသမှု အခြေအနေတွေကို အကဲဖြတ်နိုင်တယ်။

• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html • Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html တွေကို ဖတ်ပါ။

Tue, Jul 3, 2012 at 4:24 PM
I want to know certainly about treatment of genital warts. Please tell me if you can. I live in Yangon, Myanmar.

Genital Warts လိင်အင်္ဂါကြွက်နို့
Genital Warts (2) လိင်လမ်း ကြွက်နို့

ယမုန်နာဆေးခန်း - အမေးအဖြေ (၅၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top